Episode - 0
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 16
Episode - 17
Episode - 18
Episode - 19
Episode - 20
Episode - 21
Episode - 22
Episode - 23
Episode - 24
Episode - 25
Episode - 26
Episode - 27
Episode - 11

"ကောင်းကောင်းပြန်"

ရှောင်းကျန့် ရိပေါ် ကိုနှုတ်ဆက်ပြီး ခြံထဲဝင်လာတယ်
ရိပေါ် အခုထိ ရပ်နေဆဲ

"ကော ကျွန်တော့်ကို ဂုဏ်ပြုစကားလည်းမပြောဘူး"

ရှောင်းကျန့်ခြေလှမ်းတို့ ရပ်တန့်သွားပြီး
ပြုံးလိုက်တယ် အနည်းငယ်ခုန်သွားတဲ့ ရင်ဘက်ကို
လျစ်လျုရူပြီး
ရိပေါ်နဲ့ မျက်နှာချင်းဆိုင်လိုက်တယ်

ပန်းစည်းကိုဇောက်ထိုးကိုင်ထားတဲ့ ရိပေါ်က
ဆူပုတ်ပုတ်မျက်နှာဘေးနဲ့

"ဂုဏ်ယူပါတယ် ရိပေါ်"

ရှောင်းကျန့် ယုန်သွားလေးတွေပေါ်တဲ့အထိ ပြုံးပြလိုက်တယ်...

ဒုတ်...ဒုတ်

ဝါး တကယ်ကို
မင်းသေတော့မှာလား ရိပေါ်

ရိပေါ် သူ့ရဲ့ ပရမ်းပတာခုန်နေတဲ့ ရင်ဘတ်ရှိရာကို
လက်နဲ့ဖိလိုက်တယ်

ခင်ဗျားရဲ့အပြုံးတွေက လှလိုက်တာ

ရိပေါ် ရှောင်းကျန့်ကို ကျောခိုင်းလိုက်တယ်
သူမြင်လို့မဖြစ်ဘူး

"ကျနော်သွားပြီနော် "

ရှောင်းကျန့်အိမ်လေးမီးလေးပိတ်တဲ့အထိ
စောင့်ကြည့်နေတဲ့ကောင်လေး
ရင်ဘတ်ကိုလည်းဖိပြီးစကားတစ်ခွန်းကိုရေရွတ်နေတယ်

"ရူးတော့မှာပဲ "

Yamahaအသင်းရဲ့အငယ်ဆုံးလေးပြန်ရောက်လာတယ်

အဖွဲ့သားတွေကပျော်ကြတာပေါ့
လာကမ်းလှမ်းတဲ့အလုပ်ရှင်တွေကိုလည်း
မျက်စိတွေနောက်နေကြတယ်

သူတို့ခမျာအနားလည်းမကပ်ရဲ
သိတဲ့သူဆီအကူအညီတောင်းလည်းအငြင်းခံရတယ်

ကာယကံရှင်ကိုကျတော့လည်းမပြောရဲမဆိုရဲ

ဝမ်ရိပေါ်ရဲ့လှုပ်ရှားမှုတွေနောက်
ကြော်ငြာရှင်တွေတကောက်ကောက်လိုက်နေရတယ်

FIAမှာထပ်ပြိုင်ဖို့ကမ်းလှမ်းခဲ့တယ်
ရိပေါ်ပျော်လွန်းလို့ထခုန်မတတ်ဘဲ

သူရဲ့အားလပ်နေတဲ့အချိန်မှာ
စားဖိုမှူးသင်တန်းတက်နေတယ်

တစ်ဖက်ကနေလည်းသူ့ဝါသနာပါရာ
စကိတ် ဆိုင်ကယ် အကပိုင်းတွေကိုလည်း
လေ့လာနေတယ်

ရူပ်ထွေးလှတဲ့မီဒီယာကိုသူစိတ်မဝင်စားတာကြောင့်
ကြော်ငြာအကုန်လုံးပယ်ချပစ်တယ်

အကိုရဲ့ရင်းနှီးငွေနဲ့ကုမ္ပဏီထောင်တယ်
ဆိုင်ကယ်တွေနှစ်သက်သူမို့
ဆိုင်ကယ်တွေဖန်တီး​တာနဲ့ပတ်သတ်တဲ့ကုမ္ပဏီပေါ့

ပြီးတော့ တစ်စုံတစ်ယောက်ရဲ့အနားကိုလည်း
အမြဲကပ်နေမိတယ်

ရှစ်ရွှင်းကတော့သူ့ညီကိုနှာတကစ်ကစ်နဲ့
ဆေးရုံကိုလာတိုင်းအမြင်ကပ်ကြောင်းပြောတယ်

အဲ့လောက်ဖြစ်နေရင်တစ်ခါတည်းခေါ်သွားတဲ့

အကိုရယ်လို့သာညည်းတွားလိုက်တယ်

သူ့ရဲ့ဒေါက်တာလေးကလူနာတွေကြား
ပြေးလွှားနေရတာကိုပဲသဘောကျတာ
ပြီးတော့တုံးတုံးအအလေး

ပြီးတော့ ဒီအ​ခြေအနေနဲ့လည်းမဆိုးဘူးပြောရမယ်
အဝေးကနေတစ်မျိုး အနီးကနေတစ်ဖုံ
လိုအပ်တာလေးလုပ်ပေးနေရတာကိုကျေနပ်နေတယ်

အရူပ်အရှင်းကင်းတဲ့ဒေါက်တာလေးကို
လိုက်နှောင့်ယှက်ချင်နေတဲ့အဖျက်သမားတွေကိုလည်း
ရှင်းပစ်ဖို့မမေ့ဘူး

လူနာယောင်ဆောင်ပြီးဒေါက်တာရှောင်ကိုပြဿနာရှာတဲ့
လူတွေရှိတယ်

သူများထက်ထင်ပေါ်နေရင်
သဘောမကျကျတာမဆန်းပါဘူး

ဆေးပေးနေရင်း ဒီဆေးကပြဿနာရှိတယ်
ဆိုပြီးရစ်နေတဲ့လူနာတွေကိုရိပေါ်အခန်းဝကနေပဲငေးကြည့်တယ်

ရှောင်းကျန့်ကတော့လေသံအေးအေးနဲ့စိတ်ရှည်ရှည်
ရှင်းပြနေတုန်းပဲ

"မင်းကငါ့အကြောင်းသိလို့လား."

ဂျုတီကုတ်ရဲ့ကော်လံစကိုဆွဲပြီးပြဿနာကို
စပြီးဖန်တီးနေသောလူ

ရှောင်းကျန့်အသက်ရူကျပ်မတတ်ပဲ
လက်တွေကိုဖြုတ်ချပေမဲ့
လူမိုက်တစ်ယောက်လိုသန်မာနေတဲ့လူရဲ့အားကို
သူမယှဉ်နိုင်ဘူး

"သူ့ကိုလွှတ်လိုက်"

ရုတ်ရုတ်သဲသဲဖြစ်နေပေမဲ့လူနာတစ်ယောက်မို့လို့
ဝင်ဆွဲခြင်းမပြုဘဲနေနေရတဲ့လက်ထောက်လေးတွေ

ဟိန်းထွက်လာတဲ့အသံကရိပေါ်ဆီက
သူရဲ့သည်းခံနိုင်စွမ်းကအစောကတည်းကတာကျိုးနေပြီးသား

ရှောင်းကျန့်ကိုပြဿနာရှာနေတဲ့သူကရိပေါ်ဆီလှည့်လာတယ်
အခုမှအသက်ပြန်ရူရတဲ့ရှောင်းကျန့်
ဘေးနားကလက်ထောက်လေးတွေကရရဲ့လားမေးနေတယ်

"သတ္တိရှိလား ရှိရင်အပြင်ထွက်ခဲ့"

ရိပေါ်ပြောပြီးဆေးရုံအပြင်ဘက်ထွက်လာတယ်
သူ့နောက်ထိုလူကလည်းလက်သီးတပြင်ပြင်နဲ့လိုက်လာတယ်
လိုက်သွားတဲ့သူနောက်လူနာယောင်ဆောင်နေတဲ့သူတွေပါ
ထပြီးလိုက်ကြတယ်

ရှစ်ရွှင်းအိမ်ပြန်ဖို့ပြင်နေတုန်း
သူ့ညီကိုလှမ်းတွေ့တယ်
လူနာဝတ်စုံတွေနဲ့ဆိုတော့ညီရဲ့သူငယ်ချင်းတွေထင်ပြီး
လှမ်းခေါ်မယ်ကြံသေး

နောက်ကလူ၅ယောက်ကရိပေါ်ကိုဝိုင်းပြီး
ထိုးဖို့ပြင်တယ်

သောက်ခွေးထဲမှ

ရှစ်ရွှင်းရိပေါ်ရှိရာပြေးလာပြီး
သူ့ညီဘက်ကကူတယ်

"မင်းပြဿနာရှာပြန်ပြီလား"

တိုက်ခိုက်ရေးမှာကျွမ်းကျင်တဲ့သူနှစ်ယောက်က
လမ်းဘေးကအမှိုက်လေးတွေကိုခဏလေးနဲ့ရှင်းထုတ်လိုက်တယ်

"အကိုလည်းကျနော့်ကိုဆိုအကောင်းမထင်ဘူး."

"မင်းကထင်ချင်စရာကို "

"အကို ဒေါက်တာရှောင်ကိုပြိုင်နေတဲ့သူတွေရှိလား
သူ့ကိုလာရန်စနေတာဒီလူတွေက"

"ငါမသိဘူး ဒီကိစ္စငါစုံစမ်းပေးထားမယ်
သူကနောက်တစ်ပတ်ဆိုနယ်ဘက်ကိုကုသရေးဆင်းပေးရမှာ"

"ဟုတ်လား ကျနော်ပါလိုက်သွားမယ်."

"သောက်ခွက်ကိုက "

"ကျနော်သူ့ဆီသွားလိုက်ဦးမယ် ဒီလူတွေကို
အကိုပဲကြည့်စီစဉ်လိုက်တော့."

ရှစ်ရွှင်းကတော့ခေါင်းတခါခါနဲ့

လုဟန်မှာရှစ်ရွှင်းကိုမတွေ့လို့လိုက်ရှာနေတာ
လဲနေတဲ့သူတွေကြားထဲခေါင်းတခါခါဖြစ်နေတဲ့သူကိုတွေ့လိုက်တယ်

"ရှစ်ရွှင်း ဒါတွေက "

"အာ ဟန် အိမ်ပြန်မယ် ဒါကသိပ်အရေးမကြီးဘူး."

"အေး အေး "

တိတ်ဆိတ်နေတဲ့အခန်းလေးထဲ
ရှောင်းကျန့် မျက်လုံးမှိတ်ပြီးငြိမ်ငြိမ်လေးနေနေတယ်
သူရဲ့အားငယ်မှုတွေပျောက်အောင်ပေါ့

တံခါးခေါက်သံကြားတော့
အခန်းတံခါးဝမှာခေါင်းလေးပြူပြီးသူ့ကိုကြည့်နေတဲ့သူ

"ရှောင်းကျန့်ကော ကျနော်ကော်ဖီဝယ်တိုက်မယ်
ဆေးရုံထဲကပန်းခြံဆီသွားရအောင်"

ကုတ်လေးကိုတစ်ချက်ဆန့်ပြီး
ရိပေါ်ဆီလာတယ်

"ငါကပြန်ပြီတောင်ထင်နေတာ"

"ကော်ဖီသောက်ချင်လို့မပြန်သေးတာ."

ဆေးရုံပန်းခြံလေးထဲထိုင်နေတဲ့သူနှစ်ယောက်
ရိပေါ်လက်ထဲကကော်ဖီခွက်လေးကတစ်စက်မှမလျော့
သူကော်ဖီမသောက်တတ်ဘူး

တုံးအတဲ့ယုန်လေးစိတ်တွေမငြိမ်မှာသိလို့
အာရုံပြောင်းနေတဲ့သဘော

"ကျနော်မေးစရာရှိတယ် "

"အင်း.."

ထွက်ခါစကြယ်လေးတွေကိုကြည့်နေတဲ့
ရှောင်းကျန့်
တိုက်ခတ်နေတဲ့လေညင်းလေးနဲ့အတူ
ဝဲနေတဲ့ဆံစလေးတွေ

"မြင်မြင်ချင်းအချစ်ကိုယုံလား."

"မယုံဘူး."

ရိ​ပေါ်​ခေါင်းလေးတညိမ့်ညိမ့်နဲ့

"ခင်ဗျားနှလုံးသားထဲမှာငါကဘယ်လိုလဲ"

ကောလို့စိတ်ကူးပေါက်ရင်ခေါ်မှန်းသိပြီးသားဖြစ်တဲ့
ရှောင်းကျန့်က ခင်ဗျားလို့ခေါ်တော့စိမ်းမနေခဲ့ဘူး

စိမ်းတာကမေးခွန်း

ခဏလောက်ငြိမ်သွားပြီးမှ
အသက်ကိုရူထုတ်လိုက်တယ်
ပြီးတော့

"ငါ့နှလုံးသားထဲမှာမင်းကအရမ်းကြင်နာတတ်တယ်
သန်မာပြီးယုံကြည်စိတ်ချရတယ်
မင်းကငါတမ်းတရှာဖွေနေတဲ့ရဲရင့်မှုပဲ"

ရိပေါ်မေးပြီးမှရှက်သလိုဖြစ်ပြီး
လည်ပင်းကိုအကြောင်းမဲ့ပွတ်နေမိတယ်.

"ကျနော်ကကြင်နာတတ်လို့လား
ဘယ်နားရဲရင့်လို့တုန်း "

"ငါ့ထက်စာရင်မင်းက ငါဖြစ်ချင်တဲ့ကြံခိုင်မှုပဲ"

"အင်းပါ ဟုတ်ပါပြီ.."

ဆေးရုံကားတွေကတဝီဝီအော်မြည်လာတယ်
အရေးပေါ်လူနာတွေရောက်လာပြီ

"ဒါဆို ကျနော်သွားတော့မယ်လေ "

"အင်း."

ပြေးသွားတဲ့ရှောင်းကျန့်ကိုကြည့်ပြီး
သူကတော့တွေဝေနေတယ်

"ဘာပဲဖြစ်ဖြစ် ခင်ဗျားရင်ထဲကျနော်ရှိနေတာပဲ
ငါလည်း ခေါ်ချင်သလိုတွေခေါ်နေမိတော့တာပဲ.

ကိုယ့်ကိုသတိပေးထားရဲ့သားနဲ့ ဒီလူကို
အသက်ကြီးတယ်လို့ဘာလို့မမြင်ရတာလဲ."








April 29 2020
© 梅花 白,
книга «DEFINE!».
Коментарі