Episode - 0
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 16
Episode - 17
Episode - 18
Episode - 19
Episode - 20
Episode - 21
Episode - 22
Episode - 23
Episode - 24
Episode - 25
Episode - 26
Episode - 27
Episode - 2
"ရန်ဖြစ်ပြန်လာပြီ."

ပျံဝဲလာတဲ့စာရင်းစာအုပ်တွေ
အကိုကတော့လုပ်ပြီ
ပြီးရင်ပြန်ကောက်ပေးရဦးမယ်.

"စိတ်လျော့လေနော်.
ကိုယ့်ဘာသာနေတာ.အနိုင်ကျင့်ခံရတာပါဆို"

"ဘယ်သူလဲ. "

ပြန့်ကျဲနေတဲ့စာရင်းစာရွက်တွေရောစာအုပ်တွေ
သေချာပြန်ကောက်ပေးနေတဲ့ရိပေါ်

"ညီလည်းမသိဘူး
ဆိုင်ကယ်ပေါ်ကနေဆွဲချပြီးအရို်က်ခံရတာ
ဒီမှာကြည့်ပါလား.ဒဏ်ရာတွေ"

ရှစ်ရွှင်းအံတကြိတ်ကြိတ်နဲ့
ဒေါသတွေကိုမျိုချနေတယ်

"နောက်တစ်ခါအဲ့ကောင်တွေကိုတွေ့ရင်
ငါ့ကိုဖုန်းဆက် "

နက်ခ်တိုင်ကိုဆွဲလျော့ပြီး
ထိုင်ခုံပေါ်လျော့တိလျော့ရဲပြင်ထိုင်လိုက်တယ်

"အကို.ပင်ပန်းနေပြီလား."

"မင်းရန်မဖြစ်ရင်မပင်ပန်းဘူး
ဟိုဘက်ကကောင်တွေကိုစိတ်ပူလို့မဟုတ်ဘူး
သေသေကြေကြေ.မင်းထိခိုက်မှာစိုးလို့"

ကျေနပ်တဲ့အပြုံးကြီးနဲ့
သူဘာပဲဖြစ်ဖြစ်အကိုက
သူ့ဘက်ကရပ်တည်တယ်

အသက်ငယ်ငယ်လေးနဲ့ဆေးရုံတစ်ခုလုံးကို
အုပ်ချုပ်နေတဲ့ဝမ်ရှစ်ရွှင်း

သူဖြစ်ချင်ခဲ့တာကခွဲစိတ်ဆရာဝန်

မားမားကညီမွေးပြီးကတည်းကဆုံးပါးသွားပြီး
ပါးပါးကလည်းကျန်းမာရေးမကောင်းဖြစ်ခဲ့တယ်
သူ့ထက်၄နှစ်ငယ်တဲ့ညီလေးကိုလည်း
မျက်စိအောက်ကအပျောက်မခံနိုင်အောင်ချစ်သည်

ကျန်းမာရေးသိပ်မကောင်းတဲ့ပါးက
ရှစ်ရွှင်းအထက်တန်းပြီးခါးနီးကျ
အရေးပေါ်အခြေအနေထိဆိုးဝါးခဲ့တယ်

ဆေးရုံကိုဦးစီးရင်းနဲ့ကျောင်းတက်တယ်
ဆေးမှတ်မှီပေမဲ့စီးပွားရေးကျောင်းကိုသာတက်ခဲ့တယ်

ညီလေးကိုတော့သူစိတ်ဝင်စားတဲ့အရာတွေကိုသာ
လုပ်စေတယ်..

အသက်၂၂နှစ်လေးနဲ့ဆေးရုံကိုဦးစီးနိုင်ပါ့မလား
တာဝန်ယူနိုင်ပါ့မလားဆိုပြီး
ဝေဖန်ကြတယ်

ဘယ်သူကိုမှဂရုမစိုက်တတ်တဲ့အကျင့်ကြောင့်
အပြောနဲ့မဟုတ်ဘဲလက်တွေ့နဲ့သက်သေပြတယ်

အခုသူ၂၅နှစ်.ထန်းယွဲ့ဆေးရုံဟာ
ပေကျင်းမှာအကောင်းဆုံးဆေးရုံအဖြစ်
ရပ်တည်နေတယ်

သူ့ကိုဝေဖန်သံတွေကြားရလည်း
ဂရုမစိုက်ဘူး.ညီကိုထိရင်တော့
တစ်မျိုးလုံးကိုသုတ်သင်တတ်တယ်

တစ်ခါမှရဲစခန်းမရောက်ဖူးတဲ့ညီက
ရန်ဖြစ်တဲ့အမှုကြောင့်စခန်းရောက်နေတယ်ဆိုလို့
အစည်းအဝေးလုပ်နေရင်းကနေ
ပြေးသွားခဲ့တယ်

အကိုနဲ့ညီရဲ့အကျင့်ကအတူတူပဲ
သူ့အကိုရှေ့မှာမဟုတ်ရင်
သူကကျားတစ်ကောင်လိုပဲ
ခက်ထန်ပြီးရဲရင့်တယ်

အခုလည်းစခန်းထဲမှာထိုင်နေတာ
နှုတ်ခမ်းကသွေးအနည်းငယ်ထွက်နေပေမဲ့
မျက်နှာထားကသူ့လခယူထားရတဲ့သူတွေကို
ကြည့်တဲ့အကြည့်နဲ့ကြည့်နေတာ

လက်ကိုပိုက်ခြေချိတ်ထိုင်ပြီး
စခန်းမှူးကိုခပ်ပေပေကြည့်နေတယ်

စခန်းထဲပြေးဝင်လာတဲ့အကိုရဲ့မျက်နှာကလည်း
ခက်ထန်နေတယ်
ညီကိုကြည့်လိုက်တော့သွေးထွက်နေတဲ့နှုတ်ခမ်းကြောင့်
လက်သီးကတင်းခနဲ

"ဝမ်ရိပေါ်ရဲ့အုပ်ထိန်းသူ...."

"ညီ.ဘယ်လိုဖြစ်တာလဲ. "

"သူတို့စတာ.ညီကကိုယ့်ဘာသာနေတာ."

ရိပေါ်ကကျောင်းသွားနေတာ
စကိတ်စီးပြီးအေးအေးလူလူသွားနေတာ
ရှေ့ကပိတ်ရပ်တဲ့လူတစ်စု

သူတို့ကိုရိပေါ်မသိဘူး
အကိုကလွဲရင်တစ်လောကလုံးကိုသူချေတယ်
ကိုယ့်ဘာသာရှေ့ကိုဆက်သွားတယ်
ထပ်ပိတ်ထားတယ်

"စကိတ်ပြိုင်ပွဲမှာအနိုင်ရသွားတာမင်းလား."

အပျော်တမ်းကစားတဲ့ပြိုင်ပွဲမှာ
ရိပေါ်အနိုင်ရခဲ့တာ.ထူးဆန်းလို့လား

"ထူးဆန်းလို့လား."

"ငါတို့နေရာကိုမင်းလုသွားတာလေ."

မကျေနပ်ချက်တွေနဲ့ရိပေါ်ကိုဝိုင်းထိုးကြတယ်
သူတို့ကလူ၅ယောက်
ရိပေါ်ကတစ်ယောက်တည်း
မကြောက်ပါဘူး

တရုတ်ရိုးရာသင်တန်းကျောင်းကအငယ်ဆုံး
ကွန်ဖူးဆက်ခံတဲ့သူပဲ.ဒီလောက်ကတော့
ပမွှားလေး

၅ယောက်တစ်ယောက်ချနေရင်းက
စီးထားတဲ့စကိတ်လေးကို
တစ်ယောက်ကကန်မိသွားတယ်

လွင့်ထွက်သွားတဲ့စကိတ်လေးကြောင့်
သူသတိလွတ်သွားမိတယ်
တစ်ချက်ဆော်ခံထိမိတယ်
အီစိမ့်သွားတာပဲ

ငါ့အကိုပေးထားတဲ့စကိတ်ကို
မင်းကကန်ရဲတယ်ပေါ့
ခြေထောက်ကိုဖြတ်ကန်မယ့်အချိန်
ရဲဦးလေးကြီးတွေကစခန်းကိုခေါ်သွားတယ်

ရှစ်ရွှင်းဟိုဘက်ကလူတွေကိုကြည့်မိတော့
အကွဲကွဲအပြဲပြဲ.မသနားဘူး
ထပ်လုပ်ချင်သေးတယ်

"လျော်ကြေးပေးရင်ရပြီမလား
ကျနော့်ညီကိုခေါ်သွားလို်က်တော့မယ်."

ထန်းယွဲ့ရဲ့ပိုင်ရှင်ကိုဘာမှမပြောရဲဘူး
ကြောက်ဖို့ကောင်းတယ်

အိတ်ထဲကပို်က်ဆံတွေကိုထုတ်ပေးလိုက်တယ်.
ဟိုဘက်အုပ်စုကိုတစ်ချက်စီကျွေးခဲ့သေးတယ်
ငါ့ညီကိုထိချင်ဦး

ရှစ်ရွှင်းမျက်လုံးမှိတ်ပြီးထိုင်နေရင်းမှ
သတိရသွားတယ်

"ညီ.
ARRC Round 4.Race 2မှာပြိုင်ရမယ်ဆို"

"ဟုတ်တယ်လေ.အဲ့ဒါလာပြောတာကို
စာရွက်တွေနဲ့ပစ်ပေါက်တာ.ဘယ်အကိုလဲ"

"မင်းကရန်ဖြစ်လာတာကိုး"

"အငိုက်မိသွားလို့ပါဆိုဗျာ
ပြီးတော့."

"ဘာလဲ.ဟိုလူလား."

"ကြည့်ကျပ်လုပ်.."

"အကိုကလည်း.."

ကြောင်လေးတွေလိုအကိုကိုချွဲနေတဲ့ရိပေါ်လေး
အခုပုံကိုသာ.Yamahaအသင်းကလူတွေမြင်ရင်
သွေးအန်သေမှာ

"ညီ.သွားတော့မယ်
အခုရက်ပိုင်း.အိမ်ပြန်မလာဖြစ်လောက်ဘူး.
ထင်တယ်.."

"အင်း.ကိုယ့်ကိုဂရုစိုက်ဦး"

"အကိုကောပဲ.ညီ.သွားပြီ."

အခန်းထဲကထွက်လာတော့
အကိုရဲ့အတွင်းရေးမှူးဖြစ်တဲ့
အကိုလုဟန်ကိုအကူအညီတောင်းရသေးတယ်

"အကိုကို့နည်းနည်းကြည့်ပေးပါဦး."

"အိုခေ."

လက်ညိုးနဲ့လက်မလေးကိုဝိုင်းပြတယ်
စာရင်းစာအုပ်တွေသယ်ထားရတဲ့
ကြားထဲကနေမရမကလုပ်ပြနေတာ
ပြုတ်ကျမှဖြင့်.

လုဟန်စာရင်းတွေသယ်လာပြီး
အခန်းထဲဝင်လာတယ်
ထမင်းစားချိန်ရောက်တော့မယ်..

"လောင်ဝမ်..ထမင်းကိုဒီမှာပဲစားမှာလား"

"ဒီနေ့ဒီမှာပဲစားဖြစ်တော့မယ်
သွားမဝယ်နဲ့တစ်ယောက်ယောက်ကိုမှာလို်က်"

"အင်း.."

တစ်ယောက်ယောက်ကိုလာပို့ပေးဖို့ပြောလိုက်တယ်
မိမိလည်းစာရင်းတွေကိုကူလုပ်ပေးနေလိုက်တယ်

ငယ်ငယ်ကလေးတည်းကအတူတူကြီးပြင်းလာခဲ့တဲ့
ရှစ်ရွှင်းနဲ့လုဟန်
လုဟန်အဖေကဝမ်သခင်ကြီးရဲ့လက်ထောက်
လုဟန်ကရှစ်ရွှင်းထက်၂နှစ်ကြီးတယ်.
စီးပွားရေးနဲ့ကျောင်းပြီးထားတဲ့လုဟန်က
ရှစ်ရွှင်းဆေးရုံကိုဦးစီးရတော့
ဘေးကနေကူညီပေးခဲ့တယ်

အဲ့တာနဲ့ပဲအခုချိန်ထိရှစ်ရွှင်းရဲ့ဘေးမှာ
အတွင်းရေးမှူးဖြစ်လာတော့တာပဲ

သိပ်ချစ်ကြတဲ့ညီအကိုနှစ်ယောက်ကိုလည်း
စောင့်ရှောက်ရသေးတယ်
ညီရန်ဖြစ်ရင်အကိုပါပါလို့
ညကြီးမင်းကြီးစခန်းကိုပြေးရတာတွေက

အိမ်း..အခုတော့တည်ငြိမ်ပြီထင်ပါရဲ့

ကောင်လေးနှစ်ယောက်ကတော့
ရုံးခန်းလေးထဲမှာစာရင်းတွေပြီးဖို့
လက်စသတ်နေကြတယ်

အကိုရှေ့မဟုတ်တော့တာနဲ့
တည်သွားတဲ့မျက်နှာ
တစ်ကိုယ်လုံးအနက်ရောင်ဝတ်ဆင်ထားပေမဲ့
Helmetအစိမ်းရောင်လေးကထင်းလို့

နပ်စ်မလေးတွေက
တိုးတိုးတစ်ဖုံကျယ်ကျယ်တစ်ဖုံ
ကျွတ်စီကျွတ်စီနဲ့အတင်းပြောနေတယ်

"Tracer 85လေး.

တကယ်သေးသေးလေးဟယ်

အသားအရည်ကဖွေးဥနေတာပဲကြည်ကြည်လေး

မောင်လေး.အဟိဟိ"

ဘာဖြစ်နေကြတာလဲအတွင်းတက်နေကြတာလား
တကယ်ပဲ.စိတ်ပျက်ဖို့ကောင်း
ငါချောတာငါသိတယ်
အဲလောက်မဖြစ်ကြနဲ့

မျက်လုံးတွေကဝေ့ဝဲရှာကြည့်ပေမဲ့မတွေ့ဘူး
မတွေ့တော့ပြန်မယ်လေ

ခြေထောက်ကိုဝင်တိုက်လာတဲ့ဘာကြီးလဲ
အော်.ကလေးမလေး

ဝင်တိုက်မိလို့လဲသွားတဲ့ကလေးမလေးကို
ထူပေးလိုက်တယ်
လက်တစ်ဖက်တည်းနဲ့
တစ်ဖက်က helmetကိုင်ထားတယ်လေ

"လမ်းလျောက်ရင်အရှေ့ကြည့်လျောက်လေ
ရှောင်မိန်မိန်လေးရဲ့"

"လီလီကဒေါက်တာကိုကိုကိုရှာနေလို့"

မျက်ရည်တွေဝဲတော့မလိုပဲ
သူပြောတဲ့ ဒေါက်တာကိုကို ကို
မတွေ့ရင်ငိုတော့မှာလားမသိဘူး

"ယွင့်လီလေး."

နပ်စ်လေး၃ယောက်နဲ့သူက
ကလေးမလေးကိုလှမ်းခေါ်တယ်.

ပြုံးပြလိုက်တဲ့အပြုံးက
ရင်ထဲအေးခနဲပဲ.

ပွေ့ချီခံလိုက်ရတဲ့ကလေးမလေး
ငါသာကလေးလေးဖြစ်ရင်ရောပွေ့ချီမှာလား
ဟမ်..

ထွက်သွားတဲ့ကလေးမနဲ့ကိုကိုဆိုတဲ့သူကို
ကြည့်နေတယ်
ကလေးမလေးကလက်သေးသေးလေးတွေနဲ့
နှုတ်ဆက်နေသေးတယ်

တကယ်ပဲ.သတိထားမိအောင်
ဘယ်လိုလုပ်ရမလဲ

ပျော်နေတဲ့စိတ်လေးကဟုတ်ခနဲငြိမ်းသွားတယ်
စိတ်ညစ်သွားပြီ
ဆိုင်ကယ်ကိုဆီမကုန်မချင်း
ကွင်းထဲပတ်စီးနေတယ်

အသင်းထဲကလူတွေကရိပေါ်ကိုကြည့်ပြီး
ဘာဖြစ်နေလဲခေါင်းစားနေကြတယ်

နားလည်ရခက်တဲ့ကောင်လေး
ဒါပေမဲ့ စိတ်ရင်းကတော့ကောင်းတယ်
စကားဆယ်ခွန်းလောက်ပြောရင်
တစ်ခွန်းလောက်ပဲအဖက်လုပ်တာကလွဲရင်ပေါ့

မှတ်မိသေးတယ်
အသင်းထဲပထမဆုံးရောက်ခါစအချိန်ကို
၁၄နှစ်ပဲရှိသေးတယ်
မထုံတတ်တေးမျက်နှာလေးနဲ့လက်ပေါက်ကပ်မယ်ထင်ခဲ့တာ
အကိုဖြစ်တဲ့သူဆိုပိုဆိုး
ညီတစ်ခုခုဖြစ်ရင်ဓားနဲ့ထိုးမတတ်ပဲ

အမောမခံနိုင်ဘဲအသက်ရူခက်တဲ့ကောင်ငယ်လေး
နှလုံးနဲ့ပတ်သတ်တဲ့ရောဂါရှိလို့ဆိုပြီး
အကူအညီကိုခါးကျိုးမတတ်
ညီမသိအောင်.
နည်းပြတွေကိုအကူအညီတောင်းနေတဲ့ပုံစံကိုသာ
မမြင်မိရင်.
ထန်းယွဲ့ပိုင်ရှင်ကတော်တော်မာနကြီးတာပဲလို့ထင်မိမှာ

ကြီးလည်းကြီးသင့်ပါတယ်
အသက်ငယ်ငယ်လေးတွေနဲ့ထိုးနှက်ချက်ပြင်းတဲ့
လောကကြီးမှာလျှမ်းလျှမ်းတောက်အောင်မြင်လာတာပဲ

ဝမ်ရိပေါ်ကအသစ်အဆန်းတွေကို
အမြဲစိန်ခေါ်နေတဲ့ကောင်လေး

နည်းပြတွေကတစ်ခါပဲသင်ပြပေးရင်တောင်
သူကမှတ်မိတယ်

Motorcycle racingမှာခက်ခဲတဲ့
Off-road racingကို
အောင်မြင်လာတဲ့သူတစ်ယောက်
ဒါပေမဲ့သူက Road Racingကိုသာ
အမြဲယှဉ်ပြိုင်တယ်.

သူ့အကိုကိုမစိုးရိမ်စေချင်လို့တဲ့
အော်.Road Racingကလည်း
Drag ဆွဲရင်slipမဖြစ်နိုင်တာကျလို့

Racingမှာတခြားအမျိုးအစားဖြစ်တဲ့
hill climbs.land speed record trials
တို့ကိုလည်းအပိုင်ရသေးတယ်

သူကYamahaအသင်းမှာ
Youngest Racer (Tracer 85)
ဆိုပြီးနာမည်ကြီးလာတယ်

စီနီယာတွေကလည်းမထုံတတ်တေးကောင်လေးကို
ချစ်ကြတယ်..
အမြဲချေတတ်တဲ့ကောင်လေးကသူတို့ကိုဆို
လေးလေးစားစားဆက်ဆံတယ်
ထမင်းတူတူစားရတဲ့အချိန်တွေဆို
ကလေးရုပ်မပျောက်ဘူးပလုပ်ပလောင်းနဲ့စားနေတာ

ဘယ်လောက်ပဲခပ်ချေချေနေပါစေ
အစားအသောက်မြင်ရင်ကြောင်ဖားလေးလိုဖြစ်ပြီး
သွားရည်တွေကျနေတတ်တယ်
မကျွေးရင်ငိုတော့မလိုပဲ

ရင်းနှီးတဲ့သူတွေဆိုရင်ရိပေါ်လေးက
ကလေးလေးလိုပဲနေတတ်တယ်
သူမသိတဲ့သူတွေဆိုရင်
လှည့်တောင်မကြည့်ဘူး
အကူအညီလိုရင်တော့ဝင်ကူညီပေးတတ်တယ်

ရိပေါ်ကပြိုင်ပွဲအသေးစားလေးတွေကိုပဲ
ပြိုင်ဖူးတယ်.

တိုင်းသိပြည်သိပြိုင်ပွဲတွေမဝင်ပြိုင်ဘူးပေမဲ့
ဆိုင်ကယ်စီးရင်သေသပ်တဲ့ပုံစံကြောင့်
Tracer85ကိုလူသိလာကြတယ်

သူကအခု
ARRC(Asia Road Racing Championship)
မှာကျင်းပတဲ့FIA GT CHAMPIONSHIP
Round4.Race2မှာ.ပြိုင်ဖို့ဖိတ်ကြားခံရတယ်

Racing circuit က တရုတ်မှာနာမည်ကြီးတဲ့
Zhuhai international circuit နှစ်ခုထဲကတစ်ခုဖြစ်တဲ့
Bejing Golden Park မှာ
အဲ့အတွက်သူကအရမ်းစိတ်လှုပ်ရှားနေတယ်

လှုပ်ရှားနေတဲ့စိတ်တွေကအချေခံလိုက်ရခြင်းမှာ
ရေငွေ့တွေလိုပဲပျောက်ကွယ်သွားတယ်
တကယ်ပဲ..

ပြိုင်ပွဲကနီးနေပါပြီဆို
စိတ်တွေကယောက်ယက်ခတ်နေပြီ

ဒီပြိုင်ပွဲကအရေးကြီးတဲ့ပြိုင်ပွဲ
နိုင်ငံအရပ်ရပ်ကစောင့်ကြည့်နေမှာ
သူအမှားလုပ်လို့မဖြစ်ဘူး

မီဒီယာပေါင်းစုံကလည်းစိတ်ဝင်စားနေကြတယ်

သူကရော သတင်းစာတောင်ဖတ်ရဲ့လားမသိ
ဘာတွေမျှော်လင့်နေမှန်းမသိဘူး

ပြိုင်ပွဲကိုပဲအာရုံစို်က်ရအောင်
အဲ့ခါကျသတိထားမိရင်လည်းထားမိမှာပေါ့

ဆီကုန်သွားတဲ့ဆိုင်ကယ်ကို
ပတ်လမ်းကနေပြန်တွန်းလာတယ်
အသင်းသားတွေကချွေးတွေရွှဲနေတဲ့ရိပေါ်ကိုကြည့်ပြီး
ဖျားမှာကိုစိုးရိမ်နေကြတယ်

"ရတယ်.ကျနော်ဘာမှမဖြစ်ဘူး.."

အဝတ်အစားလဲပြီးဆိုင်ကယ်တစ်စီးကိုထပ်ထုတ်တယ်
စက်နှိုးလို်က်ပြီးမှသတိရသွားတယ်

ဘာကြောင့်ထပ်တွေ့ချင်နေရတာလဲ...

ဆိုင်ကယ်ကိုပြန်သိမ်းတယ်
အသင်းသားတွေအတွက်ပေးထားတဲ့
တိုက်ခန်းလေးထဲဝင်ပြီးပစ်လှဲချလိုက်တယ်

စိတ်ရောကိုယ်ရောအနားပေးလိုက်ပြီ
ခင်ဗျားလည်းကျနော့်အတွေးထဲဝင်မလာနဲ့

လူနာတွေကိုလိုက်စစ်ဆေးနေတဲ့ရှောင်းကျန့်က
နှာချေတယ်..

"အယ်..ဒေါက်တာရှောင်နေမကောင်းဘူးလား."

"ကောင်းပါတယ်"

"သွားနားရင်နားလိုက်ပါလား.ကျွန်မဆက်ကြည့်လို်က်မယ်"

"တကယ်ရတာလား."

"တကယ်ရတာရှင့်အရေးပေါ်လူနာမှမရှိတာပဲရှင်
သွားနားတော့.."

"အပင်ပန်းခံလိုက်ပါဦး.ရွှမ်းချင်းကျဲ.."

"ဟုတ်ပါပြီ.."

ကုတ်အကျႌထဲလက်လေးထည့်ပြီး
ကိုယ်ပိုင်အခန်းလေးထဲဝင်လာတယ်
ထိုင်ခုံမှာထိုင်ပြီးခဏမှေးလိုက်တယ်

လှဲလိုက်ရင်တကယ်ကြီးအိပ်ပျော်သွားမှာ
ခဏပဲမှေးမယ်ခဏပဲ

မှေးခါနီလေးမှာအရေးပေါ်လူနာတင်ယာဉ်သံ
ကြားလို့ထပြေးရတယ်

ဒါကသူ့ရဲ့တစ်နေ့တာပဲ.....






November 12 2019

(Side CP:Shixun & Luhan)
© 梅花 白,
книга «DEFINE!».
Коментарі