Episode - 0
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 16
Episode - 17
Episode - 18
Episode - 19
Episode - 20
Episode - 21
Episode - 22
Episode - 23
Episode - 24
Episode - 25
Episode - 26
Episode - 27
Episode - 24
  • Bonus Chapter - 2
  • [အားလပ်ရက်ကိုဖြတ်သန်းပုံ]

ဒီနေ့ အားလပ်ရက်...

ရှောင်းကျန့် မနက်ကတည်းက အလုပ်တွေ
တန်းစီလုပ်နေတယ် သစ်ပင်ရေလောင်း
ပေါင်းသင် လျှော်ပြီးသား အဝတ်တွေ ကြိုးတန်း
ပေါ်တင်...

နေရောင်အောက်က အဖြူရောင်လွင့်လွင့်လေးနား
ကလေးနှစ်ယောက်

"ပါပါး ရှောင်း"

"အားလီ အားယွမ် ဖြေးဖြေးလာလေ"

ပြေးလာတဲ့ ကလေးနှစ်ယောက်ကို
ဖက်ဖို့ ရှောင်းကျန့် ထိုင်ချလိုက်တယ်
ကလေးနှစ်ယောက်အတွက် သူ့ရင်ခွင်ဟာ ကွက်တိ

" ပါပါးရှောင်း ပါပါးဝမ်ကလေ သားတို့ကိုအော်တယ်"

ရိပေါ်အကြောင်း အတင်းပြောတော့မယ့်
အားလီလေး

ရှောင်းကျန့် ရုတ်တရက်စိတ်ဝင်စားသွားတယ်
ဟန်ပါပါနဲ့ ပြောတော့မယ့် အားလီလေးက ချစ်စဖွယ် အားယွမ်ကတော့ မြက်ခင်းပေါ်ထိုင်ချကာ
အပင်နှုတ်နေသည်။

နေပါအုန်း
ရိပေါ် ကလေးတွေနဲ့ ဘာဖြစ်ပြန်ပြီလဲ

"သိလားလို့ ပါပါး"

"ဟေ အင်း ပြောပါအုန်း သားရဲ့"

" အားလီက ပါပါးဝမ်မနိုးသေးလို့ သွားနှိုးတာကို
သားကို ပြန်အော်လိုက်တယ်"

"ဟုတ်လား ပါပါး သွားဆုံးမပေးမယ်နော်"

ရှောင်းကျန့် အားလီလေး စိတ်ကျေနပ်အောင်
ပြောလိုက်တယ်

" အားယွမ်ကို ခဏနေခေါ်လာခဲ့နော် သား"

"ဟုတ် ပါပါးရှောင်း"

ရှောင်းကျန့် အိမ်ပေါ်ရောက်တော့ ရိပေါ်ကိုမတွေ့
အားလီကို အော်ပြီး ပြန်အိပ်ပျော်နေပြီထင်တယ်

အရင်က တစ်ယောက်တည်း အိပ်ခဲ့ရတဲ့ အခန်းလေးက အခုတော့ လူသစ်နဲ့ ပနံသင့်နေပြန်ရော

"ရိပေါ် ရိပေါ်"

ဝမ်းလျားထိုးအိပ်နေတဲ့ ရိပေါ်ကတော့
စူပုပ်နေပြီ

ရှောင်းကျန့်လက်တွေဟာ ရိပေါ်ခေါင်းပေါ်မှာ
သူ့အတွက် အလုပ်တစ်ခုတိုးလာသလိုပဲ

"ရိပေါ် ထတော့"

"ဟာ တစ်ယောက်ပြီးတစ်ယောက်"

ရိပေါ် ရှောင်းကျန့်ဘက်ကို လှည့်လိုက်တယ်
သူမြင်လိုက်ရတဲ့အရာဟာ သိပ်ကိုလှတယ်

အင်း ရှောင်းကျန့် ကျွန်တော့ရဲ့ရှောင်းကျန့်က
တကယ်လှတယ် သူ့အပြုံး

"နိုးရင်ထတော့"

"မနက်ခင်းအနမ်းမပေးချင်ဘူးလား"

"ရိပေါ်!"

ရှက်သွေးဖြာသွားတဲ့ လူပျိုကြီးက ရယ်ဖြဲဖြဲ
အင်း လူကြီးရှက်တော့ ရယ်တယ်...

"ဘာလဲ"

"ထတော့"

"ဟာ ဒါပဲ ပြောနေတယ်"

စောင်တွေနဲ့လုံးထွေးနေတဲ့ ရိပေါ်က တကယ်ကို
ချစ်ဖို့ကောင်းတယ်ဆိုတာ ရှောင်းကျန့်သိလိုက်တယ်

"နမ်းရင်ထမယ်"

"စောင်သေချာခေါက်ခဲ့နော်"

"ကော!!"

လိုချင်တာရှိတော့ ကော လို့ခေါ်တယ်

ရိပေါ်လက်ကိုဖြုတ်ချပြီး ရှောင်ပြေးလာရတဲ့
ခံစားချက်

သူနဲ့ပတ်သတ်ရင် အခုလိုအချိန်လေးကတောင်
ရင်ခုန်စရာကောင်းတယ်

"ကော"

စာအုပ်ဖတ်နေတဲ့ ရှောင်းကျန့်နား ရိပေါ် တဝဲလည်လည်လုပ်နေတယ် အလုပ်မသွားရတဲ့
​နေ့က ရိပေါ်အတွက် အချိန်ကောင်းပဲ

" ရှောင်းကျန့်!"

စာအုပ်ထဲစိတ်ရောက်နေတဲ့ ရှောင်းကျန့်
မျက်မှန်အောက်က မျက်လုံးလေးတွေ
တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်း

ဆရာရှောင်းက တကယ်လှတာ
ခံစားချက်တွေထုတ်ပြခဲ့လို့ ပိုင်ဆိုင်လိုက်ရတဲ့အချိန်က ဘဝမှာ ရည်မှန်းချက်တစ်ခု အောင်မြင်လိုက်သလိုပဲ

"ဒီနေ့ ကျွန်တော့်ကိုကော အချိန်ပေးအုန်းမှာလား"

ရိပေါ် ထိုင်နေတဲ့ရှောင်းကျန့်ကို အနောက်ကနေ
ဖွဖွလေးဖက်ထားတယ်

ရိပေါ်ရဲ့ မေးစေ့ဟာ ရှောင်းကျန့်ရဲ့ပုခုံးပေါ်မှာ

"ကျွန်တော်ကဘာလဲ"

"ကိုယ်ချစ်ရတဲ့သူ"

စာအုပ်ကို အကြည့်မပျက်တဲ့ ရှောင်းကျန့်က
ချက်ချင်းအဖြေပေးတယ်

ရိပေါ်ပြုံးလိုက်တယ် ရှောင်းကျန့်ရဲ့ ကိုယ်သင်းနံ့
သင်းသင်းလေးကို အလွတ်ရအောင် မှတ်သားနေ
တယ်

"ကော"

"အင်း"

"ချစ်တယ်"

"အင်း ငါလည်း ချစ်တယ်"

နားထင်စပ်နားကို ရိသဲ့သဲ့လုပ်နေတဲ့
ရိပေါ်ကြောင့် ရှောင်းကျန့် မျက်နှာတွေပူလာ
တယ်

ရိပေါ်ဆိုတာ ခံစားချက်အမျိူးမျိုးပေးနိုင်တဲ့သူ

" ပါပါး ရှောင်"

"ရိ ရိပေါ်"

ရှောင်းကျန့် ရိပေါ်ကို တွန်းထုတ်လိုက်တယ်
အခန်းထဲ လှစ်ခနဲ ပြေးလာတဲ့ အားယွမ်ဟာ
ရှောင်းကျန့်ပေါ် စွေ့ခနဲ

ရှောင်းကျန့်က အားယွမ်လေးခေါင်းကို
နမ်းလိုက်သလို အားယွမ်ကလည်း
ရှောင်းကျန့် လက်ဖမိုးလေးကို ပြန်နမ်းလိုက်တယ်

ရှောင်းကျန့် ကျွန်တော်မနာလိုဘူး!!!

အတွေးတွေထဲ သားနှစ်ယောက်ဟာ
ရိ​​ပေါ်အတွက် သိပ်ကို မနာလိုစရာကောင်းတယ်

အခုလည်း တမင်လုပ်ပြနေသလို
ရှောင်းကျန့်ကို နမ်းတယ်

အား!! ရှောင်းကျန့်

ရိပေါ် စိတ်ဆိုးနေတာကြောင့်
ရှောင်းကျန့်တို့သားအဖတွေကိုလျစ်လျူရူပြီး
ခွေးလေးရယ်ကြောင်လေးရယ်နဲ့သွားနေတယ်

မင်းတို့သိလား မင်းတို့သခင်က
ငါ့ကိုပစ်ထားပြီးသူ့သားတွေနဲ့ပျော်နေတယ်

သူပြောတာကိုထောက်ခံတဲ့သဘောအနေနဲ့
အစားစားရင်းခေါင်းတငြိမ့်ငြိမ့်

သူတို့သခင်ကအဲ့အတိုင်းပဲ
ကလေး၂ယောက်ထက်ပိုဆိုးတယ်

ငါတို့ကိုလည်းအားနေလာလာတိုင်ပြောနေတယ်

ညရောက်တော့ ရိပေါ်သည်းမခံနိုင်တာ့ဘူး
မယောင်မလည်နဲ့ဧည့်ခန်းထဲဝင်လာတယ်

သူပြောတာကိုနားထောင်ရတဲ့
ဟို၂ကောင်ကလည်းအခုကျအစရှာမရတော့ဘူး

ကြောက်လို့လားနားပူလို့လား
သွားပုန်းနေပြီထင်ပါရဲ့

"မအိပ်သေးဘူးလား"

"အင်း သူတို့နဲ့ ကာတွန်းကား ခဏကြည့်ပေးလိုက်အုန်းမယ်"

"အားလီ အားယွမ် မအိပ်သေးဘူးလား"

" ပါပါးဝမ် အိပ်ချင်သွားအိပ်လေ"

နောက်ဆုံးတော့ ရိပေါ်ကပဲ အရမ်းအိပ်ချင်နေတဲ့
သူ ဖြစ်ရပြီ

ရိပေါ် ကုတင်ပေါ်တက်ပြီး ရှောင်းကျန့်ကိုစောင့်နေတယ်

၁၁နာရီ ရှောင်းကျန့်  အခုထိဝင်မလာသေးဘူး

အခုမလာရင် တကယ်ကိုစိတ်ကောက်တော့မယ်

"ရိပေါ်"

မျှော်နေတာကို သိနေသလိုပဲ
ရှောင်းကျန့်ဟာ  ချက်ချင်းရောက်လာတယ်

အပြာရောင်ညအိပ်ဝတ်စုံနဲ့ အေးချမ်းလှတဲ့
သူ့ရဲ့ရှောင်းကျန့်

"အိပ်သွားပြီလား ဟိုနှစ်ယောက်"

"အင်း"

"အခုမလာရင်ကျနော်တကယ်စိတ်ဆိုးတော့မလို့"

"မင်းကလည်းကလေးတွေနဲ့အပြိုင်
စိတ်ကောက်မနေနဲ"

"နောက်ဆုံးတော့ကျနော့်အမှားပဲပေါ့"

ကလေးဗိုလ်ကိုကြည့်ရင်း
ရှောင်းကျန့်မှာခပ်ပြုံးပြုံးနဲ့
သဝန်တိုချက်ကသားတွေကိုတောင်မချန်ဘူး

"လာ ကျနော့်ရင်ခွင်ထဲ ဒါဆိုစိတ်ဆိုးပြေမယ်"

တစ်မနက်ခင်းလုံး သားတွေနဲ့ အလုပ်ရှုပ်နေတဲ့
ရှောင်းကျန့်ကို အခုချိန်မှပဲ ရင်ခွင်ထဲ ထည့်ထားရတယ်

ဒီလူသားနဲ့ အိပ်ယာထချိန်ကအစ အိပ်ယာဝင်တဲ့
အချိန်အထိ အတူရှိပေးချင်တာ

စောင့်ရှောက်ချင်တယ် ထွေးပွေ့ချင်တယ်
အနမ်းတွေပေးချင်တယ်

" ရှောင်းကျန့် ခင်ဗျား သိလား  ကျွန်တော့်အတွက်
ခင်​ဗျားက အမှားချင်ဆုံး အမှားတစ်ခုပဲ
ထပ်ခါ ထပ်ခါ ကျူးလွန်ချင်မိတဲ့အမှားမျိုး
ကျွန်တော့်အတွက် အကြိုက်ဆုံးအမှားတစ်ခုလို့
လည်း ပြောလို့ရတယ်"

"ချစ်တယ်"

ရိပေါ်ရဲ့ နှုတ်ခမ်းတွေ ကွေးညွတ်သွားတယ်

ဒီစကားတွေနဲ့ရိပေါ်ကအချိန်တိုင်း
ဒီလူသားပေါ်ကျရူံးနေရတယ်

"အိပ်မက်ထဲကျနော့်ကိုမက် "

အိပ်ချင်နေသော်လည်း
ဂျီကျနေတဲ့ကလေးကို
စိတ်ချမ်းသာအောင်ပြောရတယ်

"ငါ့မှာမင်းပဲရှိတာ.."

"ကျနော်သိသားပဲ"

ညတာလေးကတိတ်ဆိတ်နေတယ်

ပြီးတော့အိမ်လေးရဲ့နွေးထွေးမှုကလည်း
အတိုင်းအဆမရှိမေတ္တာတွေနဲ့ထုံလွှမ်းနေတယ်


May 17 2020
© 梅花 白,
книга «DEFINE!».
Коментарі