Episode - 0
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 16
Episode - 17
Episode - 18
Episode - 19
Episode - 20
Episode - 21
Episode - 22
Episode - 23
Episode - 24
Episode - 25
Episode - 26
Episode - 27
Episode - 27
  • Bonus Chapter - 5
  • DO -911Band]
  • ပတ်လည်နေ့
  • e Me Down -Gryffin]
္ခဒိန်လေးအားငေးကြည့်ရင်း
ရှောင်းကျန့်ဝမ်းနည်းမိသလိုလိုဖြစ်လာသည်

ဒီနေ့နဲ့ဆိုရိပေါ်ရှန်ဟိုင်းကိုအလုပ်ကိစ္စနဲ့သွားတာ
၂ပတ်ပြည့်တော့မည်

အားလီနဲ့အားယွမ် လေးကတော့အလိုက်သိစွာနှင့်
ဝမ်းနည်းနေသောပါးပါးကို
အနှောင့်အယှက်မပြုပေ

သူတို့ရဲ့ပါးပါးရှောင်ကတည်ငြိမ်အေးချမ်းသလောက်
ပါးပါးဝမ်နဲ့ပတ်သတ်ရင်ဘာမှမစဉ်းစားတတ်တော့တဲ့
ကလေးသာသာပဲဖြစ်နေတော့သည်

ရှန်ဟိုင်းကသိပ်မနီးသလိုမဝေးသော်လည်း
စိတ်ရှိပါကလိုက်သွားနိုင်လည်း
အိမ်မှာသာထိုင်စောင့်နေသည်

ကြောင်လေးနဲ့ခွေးလေးကလည်း
သခင်မပျော်မှန်းသိတော့ ဘေးနားမှာ
ငြိမ်ငြိမ်လေးအိပ်နေသည်

"ပါးပါးရှောင် သားတို့ပါးပါးဝမ်နောက်လိုက်ကြမလား"

"သားတို့ကသွားချင်လို့လား "

"နွေရာသီကုန်တော့မယ်လေ ပါးပါးရှောင်
လိုက်သွားရအောင်လေ ကျောင်းတက်ရင် ပါးပါးဝမ် နောက်
သားတို့ခုလိုလိုက်လို့မရဘူးလေ"

"အားယွမ်လေးကစဉ်းစားတတ်တာပဲ
အခုပဲသွားကြမလား "

တက်တက်ကြွကြွရှိလာပြီး
ကလေးကြီး၃ယောက်ကတော့
ရှန်ဟိုင်းကိုချီတက်လာခဲ့ကြသည်

ဒီနေ့ကမေလ၁၉ရက်
ရိပေါ်ကတော့ သူရဲ့အစီအစဉ်တွေကို
ကြည့်ရင်းကျေနပ်နေသည်

"ဟဲလို အားလီ အခြေအနေဘယ်လိုလဲ
ပါးပါးရှောင် ရော
ဟုတ်ပြီ သားတို့ဆီ အခုလာမယ် "

ရိပေါ် ဟိုတယ်သို့ဝင်လာသော
ရှောင်းကျန့်တို့သားအဖတွေကိုမသိချင်ယောင်​ဆောင်နေသည်

ဘေးကနေမသိသလိုဖြတ်သွားသောအခါ
လှမ်းခေါ်မည်လုပ်တဲ့ရှောင်းကျန့်က
အနည်းငယ်တုန်လှုပ်သွားသည်

အားလီနဲ့အားယွမ် ကိုရိပေါ်ကတိတ်တိတ်လေး
လက်မထောင်ပြတယ်

မင်းတို့အဖေသရုပ်ဆောင်တာတော်တယ်မလား

ဘေးနားကအတွင်းရေးမှူးကိုတော့
ရှောင်းကျန့်တို့ကိုသေချာစောင့်ကြည့်ဖို့
ညွှန်ကြားထားသည်

ရှောင်းကျန့် ရိပေါ်ကိုဖုန်းဆက်ရမလား
တွေးနေပေမဲ့တစ်ချိန်တည်းမှာပဲ
သူ့ကြောင့်အနှောင့်အယှက်ဖြစ်မှာကိုလည်း
စိုးရိမ်နေသည်

နွေညကပူလောင်တယ်
ရှောင်းကျန့် ရင်ကပိုပြီးပူပြင်းတယ်

ရိပေါ် က မချစ်တော့ဘူးလားဆိုတဲ့အတွေးတွေက
တတိတိနှိပ်စက်တယ်

အဆက််အသွယ်မလုပ်ဘဲပစ်ထားတဲ့ရိပေါ်ကို
စိတ်ဆိုးချင်နေသည်
သို့သော်လည်းစိတ်မဆိုးရက် သူ့ရဲ့အချစ်ကိုစိတ်မဆိုးရက်ပေ

အိပ်ပျော်နေတဲ့ကလေးတွေကိုကြည့်ပြီး
ညတာကိုဖြတ်သန်းတယ်

မနက်ကျရင်တော့ရိပေါ်ဆီလိုက်သွားမည်ဟုတေးထားသည်

အားလီနဲ့အားယွမ် ကမလိုက်ဘူးဟုဘူးခံငြင်းနေသည်
ရိပေါ်ရဲ့အတွင်းရေးမှူးကလည်း
သူတို့ကိုထိန်းပေးထားမည်ဟုအာမခံသောအခါ
ရှောင်းကျန့် ရိပေါ်ရှိတဲ့နေရာဆီကို
တစ်ကိုယ်တော်ချီတက်လာခဲ့သည်

သူ့ကိုရုပ်ရှင်ရုံတစ်ရုံရှေ့ချပေးခဲ့သည်

ရှေ့မှာစောင့်နေတဲ့လူတစ်ယောက်က
ရှောင်းကျန့် ကိုခေါ်သွားပြီးနေရာပြသည်

ရုပ်ရှင်ရုံထဲမှာရှောင်းကျန့်တစ်ယောက်တည်း
တကယ်ကိုတစ်ယောက်တည်း!

ပိတ်ကားမှာစတင်ပြသသည်က
ဒေစီပန်းပေါ်တွင်ရေးထားသည့်စာ

  • "ဒေစီပန်းခင်းတွေကိုခင်ဗျားပိုင်သလိုပေါ့
  • ်လည်းခင်ဗျားကိုပိုင်တယ် "
လေးပြီးသွားတော့
ရှောင်းကျန့်နဲ့ရိပေါ်ပုံလေးတွေကတန်းစီပြီးပြသလာသည်

အများစုကရှောင်းကျန့်ပုံတွေ
မှတ်မိသလောက် သူဆေးတက္ကသိုလ်ဒုတိယနှစ်ကနေ
အခုလက်ရှိအချိန်ထိ ဘေးကနေ ရိုက်ကူးခဲ့သည့်
ပုံရိပ်တွေ

နှစ်ခါစဉ်းစားစရာမလိုဘူး
ထိုသူကဝမ်ရိပေါ်ပဲ

နောက်ဆုံးမှာ videoအတိုလေးတစ်ခုပါပါတယ်
အခုခေတ်စားနေတဲ့ douyinကို ရိပေါ်ဆော့ထားတာဖြစ်သည်

အရယ်အပြုံးတစ်ခုမှမပါဘဲ အသည်းပုံချည်းပဲဆက်တိုက်လုပ်ပြနေခြင်းဖြစ်သည်

သို့ပေမဲ့ နားရွက်ဖျားတွေကရဲတက်လို့

ရှောင်းကျန့် ၂ပတ်ကျော်ဝမ်းနည်းနေစိတ်က
အခုတော့အငွေ့ပျံသွားသလိုပင်

သူ့ရဲ့ပြုံးပျော်နေမှုကမျက်လုံးတွေပေါ်မှာ
ထင်ဟပ်နေသည့်အထိပင်

မျက်ဝန်းတွေပိတ်ကျသည့်အထိ
ပြုံးရယ်နေတဲ့သူကို

အမြင့်ဆုံးတစ်နေရာကနေငေးကြည့်နေတဲ့သူတစ်ယောက်
နောက်ကျောဘက်တွင်တော့နှင်းဆီပန်းအနီတစ်ပွင့်ကို
ကိုင်ဆောင်ထားသည်

မကြာခင် ရုပ်ရှင်ရုံအခန်းလေးကမီးတွေလင်းလာတယ်
ရှောင်းကျန့် ကထိုင်ခုံကနေထပြီး
ဘာလုပ်ရမလဲစဉ်းစားနေသည်

အနောက်ကိုလှည့်ကြည့်တော့
ခုံတွေကြားထဲကနေတစ်လှမ်းချင်းလှမ်းလာတဲ့ရိပေါ်

"ရိပေါ် "

​ရှောင်းကျန့်ခေါ်တော့ရိပေါ်ခြေလှမ်းတွေကပိုမြန်လာပြီး
ရှေ့ကိုရောက်လာသည်

"ဒီနေ့က ဘာနေ့လဲ "

"၅လပိုင်း၂၀ရက်နေ့"

ရိပေါ်ကပြုံးသည်

ရှောင်းကျန့်ကရိပေါ်ရဲ့အပြုံးနောက်ငေးမောလို့

"ကျနော်ခင်ဗျားကိုချစ်တယ် "

ရဲရဲနီသောနှင်းဆီပန်းတစ်ပွင့်ကို
ရှောင်းကျန့်ကိုပေးသည်

"တစ်ပွင့်တည်းသောနှင်းဆီနီရဲ့အဓိပ္ပါယ်က
ငါမင်းကိုချစ်တယ်
၅၂၀ရဲ့အဓိပ္ပါယ်ကလည်း ငါမင်းကိုချစ်တယ်
ဒီနေ့ကအချစ်တွေပြည့်နေတဲ့နေ့ပဲ"

ရှောင်းကျန့်က ဘာမှမပြောနိုင်လောက်အောင်
ဆွံ့အနေခဲ့သည်

အသိဝင်လာတော့မျက်ရည်တွေက
ပါးပေါ်မှာစိုစွတ်လို့

"ဘာဖြစ်တာလဲ ကျနော်ကငိုအောင်လုပ်မိတာလား"

"ပျော်လို့ ငါအရမ်းပျော်လို့ "

မျက်ရည်တွေသုတ်ပေးနေတဲ့ရိပေါ်လက်တွေကို
ဖယ်ကာ ရိပေါ်မျက်နှာလေးကိုလက်ဖြင့်ယုယုကိုင်ပြီး
ပထမဆုံးအကြိမ်အဖြစ် သူ့ဘက်ကနေစပြီး
နမ်းမိသည်

ခပ်ပါးပါးနှုတ်ခမ်းလေးကိုသူ့နှုတ်ခမ်းဖြင့်ထပ်တူကျစေပြီး
ချိုမြိန်သောအနမ်းကိုပုံဖော်ကြသည်

အစကကြောင်သွားပေမဲ့ ရိပေါ်ပြုံးပြီး
အနမ်းတွေအားရှေ့ဆက်သည်

ခဏကြာတော့မောဟိုက်လာသည်ထင်
အနမ်းတွေကိုရပ်လိုက်ကြသည်

ရှောင်းကျန့်ကတော့ရိပေါ်ပုခုံးပေါ်မျက်နှာအပ်ထားပြီး
ရှက်နေကြောင်းကိုဖော်ပြသည်

ရိပေါ်ကတော့သဘောကျစွာရယ်မောခဲ့သည်။

ဟိုတယ်သို့ရောက်သော်
သူ့အားမျက်နှာချင်းမဆိုင်ဘဲ
ရှောင်ဖယ်ရှောင်ဖယ်လုပ်နေသောရှောင်းကျန့်

"ရှောင်းကျန့် ကျန့်ကော ရှောင်းလောင်စင်း
ကော ကော ရှောင်းကျန့်! !!!!!!!!!!"

ရိပေါ်ခေါ်လည်းမထူးဘဲအိပ်ချင်ယောင်ဆောင်နေသည်

အားလီနဲ့အားယွမ် ကတော့ ခေါင်းလေးတစ်ခါခါနဲ့

"ပါးပါးဝမ် သားတို့နဲ့ဂိမ်းလာဆော့ "

"အေး လာပြီ "

နောက်ဆုံးတော့ရှောင်းကျန့်ကတစ်ကိုယ်တည်း
ဖြစ်သွားပြန်သည်

စောင်ထဲကနေထွက်ပြီးဂိမ်းကိုသာအာရုံရောက်နေသော
သားအဖ၃ယောက် အိပ်ဖို့ကိုမေ့လျော့နေသည်

ရှောင်းကျန့် ကတော့ လျစ်လျုရူပြီး
မရမကကြိုးစားအိပ်နေသည်

ရက်အတော်ကြာကောင်းကောင်းမအိပ်ရတာကြောင့်
ခဏတွင်းအိပ်မောကျလေသည်
အနားတွင်လည်းသူ့ရဲ့အချစ်ကရှိနေပြီမဟုတ်လား

ဂိမ်းဆော့ပြီးတဲ့သားအဖ၃ယောက်ကတော့
အစည်းအဝေးထိုင်နေသည်
အကြောင်းရင်းကတော့

"ငါ့သားတို့ မင်းတို့ပြော
ဒီတစ်ခါနှစ်ပတ်လည်နေ့မှာ ဘယ်လိုလုပ်သင့်လဲ"

"လက်စွပ်ပေးလေ "

"မဖြစ်ဘူး လက်စွပ်တွေများနေပြီ"

အားလီနဲ့အားယွမ် က မျက်မှောင်ကြုတ်ပြီးစဉ်းစားနေသလို
ရိပေါ်ကလည်း အကြိတ်အနယ်ကိုတွေးတောနေသည်

"ပါးပါးဝမ် တို့ မဂ်လာဆောင်တော့
ရိုးရိုးပဲဆောင်တာမလား အနောက်တိုင်းဝတ်စုံနဲ့"

"အင်း ယွမ်လေး မင်းပြောချင်တာ အဖေရိပ်မိလာသလိုပဲ"

"ရိပ်မိပြီမလား အဲ့နေ့ကျရင် သားတို့က
အိမ်မှာမနေရပြန်ဘူး တစ်ခုခုတော့ပေးသင့်တယ်နော်"

"စကိတ်လား ဂိမ်းစက်လား ကြိုက်တာပြော"

"ဂိမ်းစက်!!"

"ဖြည်းဖြည်းပြော မင်းတို့ပါးပါးနိုးမယ် "

"ပါးပါးရှောင်းက မအိပ်တာကြာနေပြီ
ခုမှကောင်းကောင်းအိပ်ပျော်တာ
ပါးပါးဝမ်နေနိုင်တယ် "

"ငါလည်းမခွဲချင်ဘူးလေ အလုပ်ကအရေးကြီးတာကို
ဒါပြီးရင်အိမ်မှာအေးဆေးနှပ်လို့ရပြီ"

"နက်ဖြန်ပြန်မှာမလား ဒါဆိုသားတို့သွားအိပ်တော့မယ်"

"အင်း ကောင်းကောင်းအိပ်"

အိပ်မောကျနေတဲ့ချစ်ရသူဆီလှမ်းလာသည်
အနည်းငယ်ချောင်ကျသွားတဲ့ပါးလေးကို
နမ်းရိူက်ပြီး
ရှောင်းကျန့်ရဲ့ခေါင်းကိုသူ့ရဲ့လက်မောင်းပေါ်သို့
တင်လိုက်သည်

အကျင့်ဖြစ်နေတဲ့ကိုယ်လေးက
ရိပေါ်ကိုချက်ချင်းလှမ်းဖက်သည်

အင်း.အဲ အသံပြုကာ အိပ်မောကျသွားပြန်သည်

ရိပေါ်ကတော့လွမ်းနေရတဲ့မျက်နှာအား
ငေးကြည့်ရင်းနောက်အိပ်ပျော်သွားသည်

ရှန်ဟိုင်းကပြန်လာပြီး
တကယ်ကိုထူးဆန်းနေသည်

အရင်ကဆိုအနားကမခွာတဲ့ရိပေါ်တို့သားအဖဟာ
အခုတလောကပ်ကိုမကပ်ပေ

ကြောင်လေးနဲ့ခွေးလေးကတော့
ရှောင်းကျန့် အနားကမခွာပေ

ငါတို့သခင်အနားအေးဆေးကပ်ရတုန်းလေး
ကပ်မယ်

အိမ်ရှေ့ကဘဲလ်သံကြောင့်
ဆွဲလက်စပန်းချီကားအားခဏချထားခဲ့ပြီး
အပြင်သို့ထွက်လာခဲ့သည်

ဘေးအိမ်သို့ပြောင်းလာတဲ့အိမ်နီးချင်းကောင်မလေးက
ဆန်မုန့်လာဝေခြင်းဖြစ်သည်

ကျေးဇူးတင်ပါတယ် ပြောမယ်ရှိသေး
ပုခုံးပေါ်လက်တင်ပြီး
အထဲသို့ဝင်ရန်ပြောနေသောရိပေါ်

အားလီနဲ့အားယွမ် ကတော့ မုန့်လာပေးတာ
ကျေးဇူးတင်ပါတယ် ဆိုပြီး ပြောသည်
နည်းနည်းလေးတောင်မရယ်ဘဲနဲ့

ခြံတံခါးကနေထွက်ခွာသွားတဲ့ကောင်မလေးက
ပိတ်သွားသောတံခါးလေးကိုကြည့်ပြီး
နှာခေါင်းသွေးလျံလို့

အမေရေ!!!! ဒီလိုပြီးပြည့်စုံတဲ့အတွဲလေးကို
တွေ့ခွင့်ရတာ ကံကောင်းလိုက်တာ!!!!!!!

"မင်းတို့သားအဖတွေဘယ်ကနေထွက်လာတာလဲ
ဘဲလ်သံကြားတုန်းက ကျ တစ်ယောက်မှမရှိပါဘူး"

သူ့ကိုလက်ပိုက်ပြီးကြည့်နေသော
ရိပေါ် အားလီ အားယွမ်

"မဟုတ်သေးပါဘူး ဘာဖြစ်နေတာလဲ"

"ပါးပါးရှောင်းက အသက်ကြီးတာတောင်စိတ်မချရဘူး"

"မင်းတို့အဖေပြောပါတယ် လူငယ်လေးလိုပဲလို့
အဖေစိတ်မချတာလွန်လား"

"ပါးပါးဝမ်မလွန်ဘူး အရွယ်တင်လွန်းတဲ့ပါးပါးရှောင်းအမှား"

"ဟေ "

"မဖြစ်ဘူး မဖြစ်ဘူး ငါတို့သားအဖတွေဒီထပ်ပိုတင်းကြပ်ရမယ်"

"ဟုတ်တယ် "

"ငါ့ကိုအကျယ်ချုပ်ချဖို့တွေးနေကြတာလား မင်းတို့!"

"ဒါပေါ့ ကြည့်ပါလား စပို့ရှပ်အဖြူလေးပဲဝတ်ထားတာတောင်
အရောင်အဝါတွေထွက်နေတာ"

"အော် အေး အေး ကြိုက်တာသာလုပ်ကြတော့
သားအဖတွေငြိမ်နေတယ်မှတ်နေတာ
လက်စသတ်တော့
ငါ့ကိုအကျယ်ချုပ်ချဖို့တိုင်ပင်နေကြတာကိုး"

"မဟုတ်ပါဘူး ပါးပါးရှောင်းကလည်း"

"သွား အကုန်လုံး ငါ့နားမကပ်နဲ့
ငါပန်းချီသွားဆွဲမလို့"

"ပါးပါးဝမ် ပါးပါးရှောင်းစိတ်ဆိုးသွားတော့
ဟိုကိစ္စကိုဘယ်လိုလုပ်မလဲ"

"ရပါတယ် မင်းတို့ပါးပါးဘယ်တုန်းကကြာကြာ
စိတ်ဆိုးဖူးလို့လဲ အော် ဂိမ်းစက်က မင်းတို့ဦးလေးအိမ်ရောက်နေပြီ​
ငြိမ်ငြိမ်ဆော့နော် ငါ့အကိုကိုဒုက္ခမပေးနဲ့"

"ဟုတ်ကဲ့ သားတို့ကိုဘယ်အချိန်လာခေါ်မှာလဲ"

"ညနေလောက်ထင်တယ် "

"သားတို့ကူပေးရဦးမလား "

"အိပ်ခန်းထဲပဲပြင်ရမှာ ကိစ္စမရှိဘူး "

"ဟုတ် "

တစ်ညနေလုံးရှောင်းကျန့်ကအခန်းထဲကမထွက်သလို
ရိပေါ်တို့သားအဖကလည်းအလုပ်ရူပ်နေသည်

"ပါးပါးဝမ် ကျားယို့!"

သွား သွား ဟူသောလက်ဟန်သာပြတော့သည်
ရှစ်ရွှင်း ကတော့သားအဖတွေကိုကြည့်ရင်း
ရယ်မောလို့

"ဒေါက် ဒေါက် "

"ဝင်ခဲ့ "

"ရှောင်းကျန့် ရေမချိုးဘူးလား ညတောင်ရောက်တော့မယ်"

"အင်း ပြီးပြီ ရေချိုးတော့မယ်"

ရှောင်းကျန့် မျက်လုံးအားပုဝါအနီဖြင့်စည်းလိုက်သောရိပေါ်

"ဟာ ဘာလုပ်တာလဲ"

ဘာမှမပြောပဲ ပွေ့ချီလိုက်သည်
အနောက်ကနေလိုက်ခိုင်းရင်ခလုတ်တိုက်တာနဲ့
ဒီလူကရင်ကျိုးရဦးမယ်

"ရေချိုးခန်းထဲခေါ်သွားမလို့ပါ ရှောင်းကျန့် ကလည်း"

"ဘာတွေထွင်နေပြန်ပြီလဲ ရိပေါ်ရာ"

"နောက်တော့သိရမှာပေါ့ "

ရေချိုးပြီးတော့ ဝတ်စရာအကျီကိုရှာမတွေ့

"ရိပေါ် ငါ့အကျီတွေကော "

"ဒီမှာ "

အနီရောင်တရုတ်ရိုးရာဝတ်စုံလေး

"ကျနော်ဝတ်ပေးမယ်"

ရှောင်းကျန့် ကတော့ပြောစရာမရှိ
စိတ်ချမ်းသာရင်ပြီးရောဟုနှလုံးသွင်းကာ
အကျီဝတ်ပေးတာကိုခံယူနေသည်

အိမ်ထဲမှာပဲနေရတာများသောကြောင့်
ဖြူဥနေသောအသားအရည်ပေါ်တွင်
အနီရောင်ဝတ်စုံကတော့ထင်ဟပ်နေသည်

"ကျန့်ကော အရမ်းလှတယ် "

ကြားရပါများလည်း အခုထိရှက်နေဆဲပင်

အနီရောင်ဝတ်စုံနှင့်အပြိုင်
မျက်နှာလေးကရဲရဲနီလို့

"ငါ့အသက်ကနောက်လေးငါးလနေရင်ပဲ
လေးဆယ့်သုံးနှစ်ဖြစ်တော့မယ် ဘယ်လိုလို့လှမှာလဲ"

"ကျနော့်မျက်လုံးထဲမှာတော့
အရင်တိုင်းပဲ ခဏစောင့် အကျီလဲလိုက်ဦးမယ် "

"အေး ငါ့ကိုမျက်လုံးစည်းထားလိုက်"

"ဖြည်ပေးမယ် ခဏလေးပဲ "

အနီရောင်ဝတ်စုံဝတ်ထားသောလူနှစ်ယောက်

စည်းထားသောပုဝါအားဖြုတ်လိုက်ပြီး
ရှောင်းကျန့် ခေါင်းပေါ်ပုဝါအနီလေးအုပ်လိုက်သည်

"ဒီနေ့ကဘာနေ့လဲသိလား ရှောင်းကျန့် "

"နှစ်ပတ်လည်နေ့ "

"အင်း ဟုတ်တယ် ကျနော်တို့ထပ်ပြီးတော့
လက်ထပ်ရအောင် "

ဇာပုဝါအနီလေးအောက်ရှက်သွေးဖြာနေသောပုံရိပ်လေးအား
မှန်းဆရင်းရိပေါ်ရင်တွေမငြိမ်မသက်ဖြစ်လာသည်

"ကျနော်တို့ဓလေ့ထုံးတမ်းတွေကျော်ပြီး
တစ်ဦးနဲ့တစ်ဦးပဲကန်တော့ရအောင်"

ဇာပုဝါအနီလေးအားလှန်တင်လိုက်သောအခါ
ရဲရဲနီသောမျက်နှာလေးကပေါ်ထွက်လာသည်

"ရိပေါ်."

"ချစ်လိုက်တာ ချစ်လိုက်ရတာ ရှောင်းကျန့် ရာ "

အဲ့စကားကိုသာရေရွတ်ပြီး
ရှောင်းကျန့် ကိုဖက်ထားလေသည်

"ငါလည်း ချစ်တယ် ရိပေါ် "

"ဒီည ကျနော့်ကိုခွင့်ပြုပေးမလား "

ခရမ်းချဉ်သီးတစ်လုံးလိုရဲတက်နေသောမျက်နှာလေးက
ပြုံးပြီးခေါင်းညိမ့်ပြသည်

အိပ်ခန်းတစ်ခုလုံးအနီရောင်ဖြစ်နေတာကို
ရှောင်းကျန့် အခုမှသတိထားမိသည်

အဲ့ဒါကြောင့် အလုပ်ရူပ်နေခဲ့တာကို

ရှောင်းကျန့် အတွေးတွေကကြာကြာမခံလိုက်

တစ်လွှာချင်းစီချွတ်ယူနေသောရိပေါ်လက်တွေကြောင့်
ရှက်ဖို့သတိရသွားပြန်သည်

ရိပေါ်ကိုယ်ပေါ်တွင်လည်း
အကျီများမရှိတော့ပေ

အသက်သုံးဆယ်ကျော်သော်လည်း
ကျန်းမာရေးလိုက်စားသောကြောင့်
ပေါင်မုန့်ခြောက်လုံးကမပျက်မယွင်းရှိနေသည်

ရှောင်းကျန့် အားကျသလိုမနာလိုသလိုအကြည့်တွေဖြင့်
အဖုအထစ်တွေပေါ်လက်လှမ်းရင်း

"ဘယ်ကောင်မလေးကိုမြူစွယ်မလို့တုန်း"

"ဒီကယုန်အိုကြီးကိုမြူစွယ်မလို့အတွက်"

ဆံစကနေခြေဖျားအထိအနမ်းတွေခြွေချသည်
မြတ်နိုးမှုကိုသာဖော်ပြသောအနမ်းတွေဖြင့်
သာယာသောအပြာရောင်ညကိုဖန်တီးသည်

ပြီးဆုံးသွားသောအခါ
ချွေးတွေရွဲနစ်နေသောရိပေါ်အား
ရှောင်းကျန့်ဖက်ထားပေးပြီး

"ငါ့မှာမင်းကိုပေးစရာရှိတယ်"

ရှောင်းကျန့် ရင်ခွင်ထဲကနေမထွက်ဘဲ
အိပ်ချင်နေသောအသံဖြင့်

"ဘာတွေလဲ "

"ငါ့ရဲ့အဆုံးမရှိတဲ့အချစ်တွေ. ယူမယ်မလား"

"အင်း ယူမယ် ရှောင်းကျန့် တစ်ကိုယ်လုံးက ရိပေါ်အပိုင်"

"မင်းကလည်းငါ့အပိုင် "

ချစ်ခြင်းကအပြုံးတစ်ချက်ကစခဲ့သည်။

ထိုအပြုံးအားမပျောက်မပျက်အောင်

ကာကွယ်စောင့်ရှောက်ကာ

သူ့ရဲ့အချစ်ကိုသက်သေပြခဲ့သော

ကောင်လေးတစ်ယောက်လည်းရှိခဲ့သည်။

[အမှတ်တရများစွာနဲ့ ဒေါက်တာရှောင်း နှုတ်ဆက်ခဲ့ပါတယ်။ ]

May 23 2020
© 梅花 白,
книга «DEFINE!».
Коментарі