Episode - 0
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 16
Episode - 17
Episode - 18
Episode - 19
Episode - 20
Episode - 21
Episode - 22
Episode - 23
Episode - 24
Episode - 25
Episode - 26
Episode - 27
Episode - 14

မူးနေတဲ့လူကအိမ်ရှေ့လည်းရောက်ရော
တံခါးကိုသွားဖွင့်နေတယ်
ဘေးကလူကိုရယ်ပြပြီး
ငါ့ကိုသိလို့လားဆိုပြီးမေးတယ်

ရိပေါ်ရှေ့ကလူကိုကြည့်ပြီး
ပါးစပ်အဟောင်းသားပဲ

ဝတ်ထားတဲ့ပုံစံကကြည့်ကောင်းနေတာထက်
ပိုနေတယ်..

အိမ်ထဲယိုင်တိယိုင်တိုင်နဲ့ဝင်သွားတယ်
တစ်လှမ်းဟုတ်နေသေးတယ်
နှစ်လှမ်းရသေးတယ်
သုံးလှမ်း ဘုန်း!

ရိပေါ်ကြမ်းပြင်မှာကပ်နေတဲ့ရှောင်းကျန့်ကို
ထူလိုက်ရတယ်..

ဘယ်လိုတောင်သောက်ခဲ့တာလဲ

အိပ်ယာပေါ်သေချာခေါ်သွားတယ်
ဒါတောင်ရတယ် မတွဲနဲ့ဆိုပြီးပြောနေသေး

အပေါ်ကကုတ်ကိုချွတ်ပြီး
ကြယ်သီးသုံးလေးလုံးဖြုတ်ပေးလိုက်တယ်

လက်တွေခြေထောက်တွေကိုရေသုတ်ဝတ်နဲ့သုတ်ပေးပြီး
စောင်ခြုံပေးတယ်

သွားဖို့ပြင်နေတဲ့လက်ကိုလာကိုင်တဲ့လက်တစ်ဖက်

"ရိပေါ်လား.."

"အင်း ကျနော်"

လက်လေးကိုပြန်ကိုင်ပြီးဘေးမှာဝင်ထိုင်လိုက်တယ်

"ရိပေါ် ဟိဟိ.."

နာမည်ခေါ်ပြီး ရယ်နေတယ်
ဒါကဘယ်လိုမူးခြင်းမျိုးလဲ

ရိပေါ်လက်ကိုကိုင်ပြီး
ပါးနားကိုကပ်တယ်

"အင်း..ရိပေါ်.."

အိပ်ပျော်သွားပြီဖြစ်သောရှောင်းကျန့်..
ရိပေါ်ကတော့အိပ်ပျော်နေတဲ့လူကိုကြည့်ပြီး
မြတ်နိုးခြင်းလယ်ဗယ်တွေကတက်တက်နေတယ်

မိန်ဟွာကတော့ ရွှမ်ချင်းရဲ့ပြဿနာရှာခြင်းကိုခံနေရတယ်

နယ်ဘက်ကိုကုသရေးဆင်းတဲ့နေ့
ဆေးရုံကသွားဖို့အတွက်ဘတ်စ်တွေစီစဉ်ပေးထားတယ်

ရှောင်းကျန့်နဲ့ရွှမ်ချင်းကျဲကတစ်ခုံစီယူကြတယ်

ကားပေါ်မှာဘေးဘက်ကရူခင်းတွေကိုကြည့်နေရင်း
ဖုန်းထဲကိုစာလေးတစ်စောင်ဝင်လာတယ်

"ရှောင်းကျန့်ကော ဒီနေ့အားလား"

"နယ်ဘက်ကိုခဏဆင်းသွားတယ်.."

"ဟုတ်လား..ဒါဆိုလည်း ဒါပဲနော်"

ရိပေါ် ရှစ်ရွှင်းဆီဖုန်းဆက်မေးတယ်
အကြောင်းစုံသိရပြီးတော့ဘာဆက်လုပ်ရမလဲစဉ်းစားနေတယ်

နယ်ဘက်လေးကိုရောက်တော့
စိမ်းစိုနေတဲ့လယ်ကွင်း
ဝါထိန်နေသောနှမ်းခင်းတွေနဲ့
အရာအားလုံးကမြို့ပြထက်ပိုပြီးသာယာဖွယ်

မြို့ပေါ်ကဆရာဝန်တွေရောက်လာတယ်ဆိုတော့
ရွာသားတွေကဝမ်းပန်းတသာကြိုဆိုကြတယ်

ဆရာဝန်တွေအပြင်ကုမ္ပဏီတစ်ချို့က
လာလှူဒါန်းကြသေးတယ်

ထိုကုမ္ပဏီက ပိုင်မိန်ဟွာပိုင်တဲ့ကုမ္ပဏီ

အဘွားအိုတွေကိုကုသပေးနေတဲ့ရှောင်းကျန့်ကိုမြင်တော့
မိန်ဟွာအံ့သြသွားတယ်
သူတို့ကိုဒီကိုလုပ်အားလာပေးကြတာလား

မပြည့်စုံတဲ့ရွာငယ်လေးကဆေးပညာဆိုင်ရာအသိ
အားနည်းကြတယ်
နတ်သားလေးလိုချောလှတဲ့ဆရာဝန်လေးက
သေချာရှင်းပြတော့ရွာသားတွေက
ခေါင်းတညိမ့်ညိမ့်နဲ့ထောက်ခံကြတယ်

ပါလာတဲ့ဆရာဝန်လေးတွေကလည်း
ဒေါက်တာရှောင်ကိုကြည့်ပြီးပိုပြီးလေးစားလာကြတယ်

အကုန်လုံးအလုပ်တွေပြီးတော့
ရွာသားတွေကဒေါက်တာလေးတို့အုပ်စုနဲ့ပိုင်မိန်ဟွာတို့ကို
ရူခင်းတွေလိုက်ပြနေတယ်

တောဘက်နယ်ဘက်ဖြစ်တာကြောင့်
ဘယ်နေရာကြည့်ကြည့်တောအုပ်တွေ
လယ်ကွက်တွေကိုမြင်ရတယ်

အဖွဲ့နဲ့နေရင်းရှောင်းကျန့်ကသပ်သပ်ခွဲထွက်လာတယ်
ဒီနယ်လေးကသူ့မွေးရပ်မြေကို
သတိရစေတယ်..

တစ်ယောက်တည်းဘေးခွဲထွက်သွားလို့
စိတ်မချတဲ့ရွှမ်ချင်းကနောက်ကနေလိုက်လာတယ်
အင်း မိန်ဟွာကလည်းနောက်ကနေပါလာတယ်

အဝါရောင်နှမ်းခင်းတောထဲထိုင်ချလိုက်တာကြောင့်
နောက်ကလိုက်နေတဲ့ရွှမ်ချင်းကမျက်လုံးပြူးသွားတယ်
အားပြတ်ပြီးမေ့လဲသွားတာလား

နောက်ကနေလိုက်တဲ့အချိန်ဒေါက်ဝတ်ထားတဲ့ခြေထောက်က
ခေါက်သွားတယ်
သူသိလိုက်ပြီ ခြေချင်းဝတ်လည်သွားပြီဆိုတာ

မြေကြီးပေါ်ပြုတ်ကျမယ်ထင်ပေမဲ့
သူ့ကိုတွဲပေးထားတဲ့လက်တစ်စုံကရှိနေတယ်
သူကတော့ပြဿနာအိုးပိုင်မိန်ဟွာ

"လမ်းသွားတာငြိမ်ငြိမ်ကိုမသွားဘူး"

"နင်နဲ့ဘာဆိုင်လဲ"

"အို ဟုတ်သား မဆိုင်ဘူး "

တွဲထားတာကိုဖြုတ်ချလိုက်တော့
ရွှမ်ချင်းမြေကြီးပေါ်ဖုတ်ခနဲပြုတ်ကျသွားတယ်

"နင်.."

"ငါနဲ့မဆိုင်လို့လေ.."

"ပိုင်!!!မိန်!!!ဟွာ!!!!!!!"

"ဆရာဝန်ဘယ်လိုဖြစ်လာတာလဲ
အသံအောင်တာသီချင်းဆိုပါလား"

ပြောပြီးလှည့်ထွက်သွားဖို့ပြင်နေပေမဲ့
ယိုင်ထိုးနေတဲ့လူ၃ယောက်က
စပ်ဖြဲဖြဲအပြုံးတွေနဲ့သူတို့ဆီကိုလာနေတယ်

"ညီမလေးတို့...အကူအညီလိုလား"

"-ီးတောင်မလိုဘူး
ကိုယ့်လမ်းကိုယ်သွား"

တခြားကောင်မလေးတွေဆို
မလိုဘူး ရတယ်ပြောပေမဲ့
ရှေ့ကကောင်မလေးကတော့သူတို့ကိုအဆဲနဲ့ကြိုတယ်

"မင်း.."

"လာ သွားမယ်.."

ရွှမ်ချင်းကိုကောက်မပြီးထွက်သွားတယ်

လူ၃ယောက်က မျက်လုံးတွေပြူးကုန်တယ်
နေ့ခင်းကြောင်တောင်စွမ်းအားရှင်ကိုမြင်လိုက်ရတာလား

Suit အနက်ရောင်ကိုသေချာဝတ်ဆင်ထားတဲ့မိန်ဟွာ
၅ပေ၉လက်မအရပ်ကယောကျာ်းလေးတွေကိုတောင်
ယှဉ်နိုင်တယ်

၅ပေ၂စွန်းစွန်းသာရှိတဲ့ရွှမ်ချင်းကိုကောက်ချီတာက
သူ့အတွက်မပင်ပန်းပေဘူး

ဆရာဝန်လေးတွေကထူးထူးဆန်းဆန်းကြည့်နေကြတယ်

ယောကျာ်းဆန်တဲ့အလှတဲ့ထိုမိန်းမပျိုကို
စတွေ့ကတည်းကစပ်စုချင်နေတာ
ခုကျသူတို့ရဲ့စီနီယာကိုပွေ့ချီလာတယ်ဆိုတာက
ဘာတွေလဲ.....

ရှောင်းကျန့် နှမ်းခင်းထဲထိုင်ပြီး
ပါလာတဲ့noteအသေးလေးပေါ်
ဘောပင်နဲ့ပုံတွေဆွဲနေခဲ့တာ...

နာရီကိုကြည့်တော့ညနေတောင်ရောက်တော့မယ်

ထိုင်နေရာကထပြီးအညောင်းတွေပါဆန့်တယ်
သူတော်တော်ကြာထိုင်နေခဲ့တာ

နှမ်းခင်းထဲကနေထွက်ဖို့ပြင်နေတဲ့အချိန်
လူတစ်ယောက်ကသူ့ကိုလက်လှမ်းပြတယ်

"ရှောင်းကျန့်ကော."

Side Story:

"ငါ့ကိုချပေး "

"ဒီနေရာမှာလား.စောနကဟို၃ယောက်ရှေ့လား"

"နင်..."

"ဘာလဲ..လေးရကြားထဲစကားမပြောနဲ့
ဝက်ကိုသယ်နေရသလိုပဲ"

"ဘာ..."

သူတို့အုပ်စုရှိတဲ့နေရာကိုရောက်တော့
လူနာတွေစမ်းသပ်တဲ့ကုတင်ပေါ်ချပေးတယ်

"ခြေထောက်ခေါက်သွားတာ
ကုပေးလိုက်ဦး."

ပြောပြီးထွက်သွားတဲ့
အနက်ရောင်ကျောပြင်ကိုကြည့်ရင်း
ရွှမ်ချင်းစွေ့စွေ့ခုန်လို့....



May 4 2020
© 梅花 白,
книга «DEFINE!».
Коментарі