Episode - 0
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 16
Episode - 17
Episode - 18
Episode - 19
Episode - 20
Episode - 21
Episode - 22
Episode - 23
Episode - 24
Episode - 25
Episode - 26
Episode - 27
Episode - 21
  • Side Story - 3
  • [မတော်တဆတွေ့ဆုံမှု]

ရိပေါ်လေးကလုဟန်ချက်တာစားချင်တယ်ဆိုလို့
မားကတ်မှာဈေးဝယ်နေတယ်

ဝယ်ရမယ့်ပစ္စည်းတွေစုံတော့
ကောင်တာမှာငွေရှင်းနေတယ်

ဘေးကကောင်မလေးတစ်ယောက်က
ဝိုင်တစ်ပုလင်းကိုငွေရှင်းပြီးထွက်သွားတယ်

ဒါပေမဲ့သူကပိုက်ဆံအိတ်ကျန်ခဲ့တာပဲ

လုဟန် ကောင်မလေးကိုပိုက်ဆံအိတ်ပေးတော့
ရှစ်ရွှင်းကကားကိုမှီပြီး
လူသေစေတဲ့အကြည့်တွေနဲ့ကြည့်နေတယ်

"သွားရအောင်လေ လောင်ဝမ်.."

စကားမဆိုဘဲတိတ်ဆိတ်နေခဲ့သည်

မိန်ဟွာစိတ်တွေညစ်နေတယ်
ခဏခဏBlind dateပဲသွားရလွန်းလို့
ဒေါသကထိပ်ဆုံးအထိရောက်နေတယ်

ဝိုင်တစ်ပုလင်းဝယ်ပြီးထွက်လာတော့
ပိုက်ဆံအိတ်ကကျန်ခဲ့ပြန်တယ်

တကူးတကလာပေးတဲ့သူကို
ကျေးဇူးတင်ကြောင်းပြောရင်း
ဝိုင်သောက်လို့ရမယ့်တစ်နေရာကိုရှာဖွေလိုက်တယ်

နောက်တစ်နေ့ မိန်ဟွာက
ထန်းယွဲ့ဆေးရုံနားက
ဆိုင်ခန်းကိုကြည့်ဖို့လာတယ်

ဆိုင်ခန်းတွေကြည့်နေရင်း
ဘယ်ကလူတွေမှန်းမသိတဲ့သူက
ပိုက်ဆံအိတ်လာလုတယ်

တော်တော်သတ္တိရှိတာပဲဆိုပြီး
ချီးကျုးမိတယ်

လက်တွေကပိုက်ဆံအိတ်ကနေ
မိန်ဟွာလက်ကိုလာထိတော့

"ရှင်တို့လက်တွေဖယ်စမ်း.."

အို ငါလေးသနားစရာမိန်းမပျိုလေးနဲ့တောင်
ဆင်သွားပြီ ရှင်တို့လို့ပြောမိတာပဲ

စိတ်တွေကရှည်မနေတော့တာကြောင့်
သမရန်ကြံတော့
လူတစ်ယောက်ကလာကာကွယ်တယ်

ငါအကူအညီလိုတယ်မပြောမိပါဘူး
စိတ်တိုပြီးအော်မိတာပါ အကူအညီမတောင်းရပါဘူး

သူရဲကောင်းကတော့ခံနေရပြီ
လက်ပိုက်မကြည့်ဘဲဝင်ကူမယ်ကြံပြန်တော့လည်း
နောက်ထပ်သူရဲကောင်းတစ်ဦးပေါ်လာပြန်တယ်

ငါလှတာသိပါတယ် အဲ့လောက်မဖြစ်ကြပါနဲ့

လဲကျနေတဲ့သူကိုပွေ့ထူပေးထားတော့
နူးညံအေးချမ်းနေတဲ့မျက်နှာလေးက
နာကျင်နေတောင်ချောမောနေတုန်းပဲ

အို ငါ့ရဲ့ဖူးစာရှင်လား

လဲကျနေလို့ပွေ့ထူထားတာကို
ဘလိုင်းကြီးတွန်းချသွားတဲ့
ကောင်လေး

မဟုတ်ဘူးလေ ငါလည်းချောမောလှတဲ့လူကို
ငေးကြည့်ချင်သေးတယ်
မင်းကဘလိုင်းကြီးမခေါ်သွားပါနဲ့

မိန်ဟွာမှာထိုလူကိုလိုက်ရှာနေရတယ်
အလုပ်တွေကိုပစ်ပြီးတော့
သူစိတ်ဝင်စားတဲ့အတွက်ကြောင့်
ချစ်မိတယ်လို့ဆိုနိုင်လား
ဒါဆိုလည်းချစ်တယ်ပေါ့

နောက်သူသိတာက
ထန်းယွဲ့ကဒေါက်တာရှောင်ဆိုတာ
ဆေးရုံသစ်ဆောက်နေတယ်ကြားတော့
အလျင်အမြန်ရှယ်ယာဝင်ရတယ်

ငါလည်းရှယ်ယာဝင်ချင်လို့ ヾ(〃^∇^)ノ

ဆေးရုံသစ်ဖွင့်ပွဲမှာ
ဖင်ဂနာမငြိမ်ဖြစ်နေတယ်

တည်ငြိမ်တဲ့ပုံစံကိုမနည်းဖမ်းထားပြီး
မြန်မြန်ပြီးပါစေလို့သာ
ရေရွတ်နေတယ်

တစ်ချက်တစ်ချက်မျက်စောင်းလှမ်းထိုးတဲ့
ဆေးရုံအုပ်ဝမ်ရှစ်ရွှင်းကိုမေ့ရင်းနဲ့ပေါ့

နောက်ဆုံးပြီးသွားပြီ
ခန်းမထဲကနေ
လေလိုထွက်သွားတယ်

ဆေးရုံကိုခြေနှံ့အောင်ပတ်နေတယ်
ရှာမတွေ့သေးဘူး

ဟော တွေ့ပြီ

ကောင်မလေးတစ်ယောက်နဲ့ကော်ဖီဝယ်နေတာ
အပြုံးတစ်ချက်နဲ့တင်
နှာခေါင်းသွေးတွေလျံလာသလိုပဲ

ဘေးကကောင်မလေးကခဏနေတော့
အလျင်စလိုနဲ့ထွက်သွားတယ်

ဒါဂွင်ပဲ

ဖုန်းကြည့်နေဟန်ဆောင်ပြီး
သူရှေ့တည့်တည့်ဝင်တိုက်တယ်

ကော်ဖီတွေက၂ယောက်စလုံးကိုစွန်းထင်းကုန်ပြီ

စကားစပြောတော့ခေါင်းငုံပြီးငြိမ်နေတယ်

"ကျွန်မကိုကော်ဖီတွေစွန်းကုန်ပြီ
ဘယ်လိုလုပ်မလဲ "

ငါလွန်သွားလို့လား

စကားထပ်ပြောဟန်ပြင်တော့
ဘယ်ချောင်ကနေထွက်လာမှန်းမသိတဲ့
ဟိုတစ်နေ့ကောင်လေးက
သူ့ကိုရင့်ရင့်သီးသီးတွေပြောသွားတယ်

"ဒီကဘာဖြစ်သွားလဲမသိပေမဲ့
ဒီဘက်ကလူကတော့လက်အပူလောင်နေပြီ
အဲ့တော့ကျနော်တို့ဆေးသွားထည့်လိုက်ဦးမယ်
ခင်ဗျားလည်းအပူလောင်သွားရင်
ဒီကဆရာဝန်တွေကကုပေးလိမ့်မယ်.ဟုတ်ပြီလား
ကျနော်တို့သွားရအောင်.."

မဟုတ်ဘူးလေ ငါလည်းကရင်နှီးချင်လို့လေ
ငါ့ခွက်ရှ်နဲ့ရင်းနှီးချင်တာမင်းကဘာကြောင့်
ခဏခဏငါ့ကိုမကောင်းတဲ့သူဖြစ်အောင်လုပ်နေတာလဲ

ထိုးထွက်လာတဲ့ဒေါသတွေနဲ့ပိုင်ဆိုင်မှုတွေ

ဗီလိန်လုပ်ရမလား..

ငါမှမပိုင်ရရင်ဘယ်သူမှမပိုင်ရဘူး

တစ်လနီးပါးအရိပ်လိုလိုက်နေလည်း
တုံ့ပြန်မှုကသုညပဲ

သူ့ရဲ့အပြုံးတွေက
သူ့ဘေးနားကကောင်လေးတွေဆီကိုပဲ

အေးပေါ့ ငါလည်းဗီလိန်မလုပ်ပါဘူး

ဘေးကနေဝိုင်သောက်ရင်းပွဲကြည့်ပရိသတ်လုပ်မယ်

ဝမ်ရိပေါ်ကတော့
ငါ့အကြောင်းသိမယ်ထင်တယ်

နဲနဲသွားခြိမ်းခြောက်ထားမှ

Clubတစ်ခုထဲမှာ ဝိုင်ကိုဇိမ်ကျကျသောက်နေတဲ့ရိပေါ်
ချိန်းထားတာကပိုင်လုပ်ငန်းစုကပိုင်မိန်ဟွာ

ဘာကြောင့်ချိန်းလဲမသိပေမဲ့
နည်းနည်းတော့မှန်းဆမိတယ်

"ဟေ့ စောင့်ရတာကြာသွားလား"

"ပြောစရာရှိတာပြော "

"ဒီလိုပေါ့ မင်းရှောင်းကျန့်ကိုချစ်လား"

"ဆိုင်လို့လား မင်းနဲ့"

"မဆိုင်ပါဘူး ငါကသူ့ကိုသဘောကျနေလို့
အိုခေ သတ်ဖြတ်ချင်တဲ့မျက်လုံးနဲ့လာမကြည့်နဲ့
မင်းသူ့ကိုသေချာကာကွယ်
မကာကွယ်နိုင်ရင်ငါကလုရလိမ့်မယ်"

"အဲ့လိုကိစ္စမျိုးရှိလာမှာမဟုတ်ဘူး"

"ရှိခဲ့ရင်ပေါ့.."

"ဒါပဲမလား."

"ရောက်တုန်းအလှအပတွေခံစားပါဦး.."

"မလိုဘူး...သူ့ကိုသွားကြိုရမယ်.."

သောက်လက်စဝိုင်တောင်သီးချင်သလိုဖြစ်သွားတယ်

ငါ့ကိုမကြွားပါနဲ့လား
ငါလည်းခံရခက်တယ်...





May 15 2020
© 梅花 白,
книга «DEFINE!».
Коментарі