Episode - 10
"တောက်ခ်"
တောက်ခ်ခေါက်သံကတိတ်ဆိတ်နေသောအခန်းထဲ
ပျံ့လွင့်လာတယ်
"မုန့်ဘူးလေးတောင်မှလက်မခံနိုင်ဘူးပေါ့ "
ဒေါသတွေထွက်နေပေမဲ့လည်း
သူမ ပထမဆုံးချစ်မိတဲ့သူမို့
တော်တော်စိတ်လျော့ထားရတယ်
အသွားအပြန်မရှိတဲ့မေတ္တာဖြစ်လည်း
ဘာအရေးလဲ ပိုင်ဆိုင်နိုင်ဖို့ပဲအရေးကြီးတယ်
စီးပွားရေးမှာကွက်ကျော်မြင်တတ်ပေမဲ့
အချစ်ရေးမှာတော့ဖျက်ဆီးခြင်းနတ်ဘုရားဖြစ်နေခဲ့တယ်
ပထမဆုံးအချစ်မှာငါမရူံးချင်ဘူး
ငါမှမပိုင်ရင်ဘယ်သူမှမပိုင်စေရဘူး
ရှယ်ယာဝင်ဆိုတဲ့အာဏာနဲ့ဆေးရုံကိုခဏခဏလာနေခဲ့တယ်
စချစ်မိတဲ့လူကအရူံးတဲ့
ငါမနိုင်မှန်းသိတဲ့ပြိုင်ပွဲမှာဝင်ပါနေရတာ
အဓိကချစ်လို့ပါလေ
ဆင်စွယ်ရောင်ဂါဝန်အဖြူလေးကို
ဒေါက်အဖြူလေးနဲ့ လှပနေသောပိုင်မိန်ဟွာလေး
မြင်သူတကာငေးရပေမဲ့
တစ်စုံတစ်ယောက်ကတော့ ယောင်လို့တောင်မကြည့်ခဲ့ပါဘူး
ခုံတန်းလေးမှာကော်ဖီထိုင်သောက်နေတဲ့လူသား
ဖြာချနေတဲ့နေရောင်ခြည်နဲ့အတူ
နွေးထွေးမူအပြည့်ရှိတဲ့ရှောင်းကျန့်
ထိုလူသားကိုပိုင်ဆိုင်ဖို့ဘာလို့ခက်ခဲရတာလဲ
အနီးအနားကိုသွားပြီးစကားစဖို့ကြံတော့
နွေးထွေးတဲ့လူသားလေးကလူနာတွေဘက်ကိုကြည့်ဖို့
ထွက်သွားလေတယ်
ဒီဇာတ်မှာငါကဗီလိန်လုပ်ပြီး
မင်းကိုချစ်ရမလား
အချိန်တွေကတဖြည်းဖြည်းကုန်နေတယ်
ရိပေါ်ကလည်းဘွဲ့ယူဖို့တောင်ပြင်ဆင်နေတယ်
အားနေတဲ့အချိန်လေ့ကျင့်မှုတွေလုပ်တယ်
ပြိုင်ပွဲတစ်ချို့ကိုလည်းစိန်ခေါ်ထားတယ်
ရှောင်းကျန့်နဲ့ဆက်ဆံရေးကလည်း
အနည်းငယ်တိုးတက်လာတယ်
လုပ်ယူထားတဲ့တိုက်ဆိုင်မှုတွေကြားက
တွေ့ဆုံမှုတွေကို အနည်းငယ်တောင်ရိပ်မိခြင်းမရှိတဲ့
ရှောင်းကျန့်
ဒီလိုအေးချမ်းပြီးရိုးလှတဲ့လူကို
သူပဲပိုင်ချင်မိတာ
ကော ဆိုပြီးခေါ်တဲ့အခါ အပြုံးအေးအေးလေးနဲ့
ပြန်ကြည့်တဲ့အချိန်ကိုသဘောအကျဆုံးပဲ
ဘွဲ့ယူတဲ့နေ့လာဖို့ ကတိတောင်းခဲ့တယ်
လာမှာပါလို့ဆုတောင်းနေခဲ့ပေမဲ့
ရောက်မလာခဲ့ဘူး
ရှစ်ရွှင်းကတော့ ပြိုတော့မဲ့မိုးလိုဖြစ်နေတဲ့ရိပေါ်ကို
အရိပ်တကြည့်ကြည့်ပဲ
အချိန်တွေကညချမ်းကိုရောက်လာတယ်
ရိပေါ်စိတ်ဓာတ်တွေထိုးကျနေပြီ
အရေးပေါ်ခန်းထဲကကောင်လေးကလည်း
သေမင်းခံတွင်းဝလူနာကိုကယ်တင်ဖို့
လုံးပမ်းနေခဲ့ရတယ်
သူ့ရုံးခန်းလေးထဲမှာရှိတဲ့နှင်းဆီပန်းအဖြူလေးက
ညိုးနွမ်းလို့
ညဆယ့်တစ်နာရီ
နောက်ဆုံးတော့လူနာကိုကယ်တင်နိုင်ခဲ့တယ်
သက်ပြင်းအရှည်ကြီးချပြီးနာရီီကိုကြည့်မိတော့
ရှောင်းကျန့် ခေါင်းနပန်းတွေကြီးကုန်တယ်
သွားပြီ ကလေးဆီမသွားနိုင်တော့ဘူး
ဟုတ်တယ် သူရဲ့ကလေး ဒါကသူတိတ်တိတ်လေးပေးထားတဲ့နာမ်စား
စာတွေရဲ့ပိုင်ရှင်ကသူရဲ့ဝမ်ရိပေါ်
တုံးအပေမဲ့လည်း ဒီလက်ရေးတွေကိုသူအလွတ်ရတာပေါ့
သူသိကြောင်းလည်းဝန်မခံဘူး
မသိချင်ယောင်သာဆောင်နေခဲ့တယ်
ခေါင်းငိုက်စိုက်အခန်းထဲထိုင်နေခဲ့တယ်
ဖုန်းစဆက်ဖို့အင်အားတောင်မရှိဘူး
စိတ်ဆိုးသွားပြီလား
ဖုန်းဆက်ဖို့ပြင်တဲ့အချိန်
သောင်းကျန်းနေတဲ့လူနာရှိတယ်ဆိုလို့
သွားရသေးတယ်
ကြည့်လိုက်တော့ သူ့ကလေးလေးရိပေါ်
ဆိုင်ကယ်မှောက်လာတာလား
တမင်မှောက်ချခဲ့တာလားမသိပေမဲ့
ပွန်းရာပဲ့ရာတွေကတစ်ကိုယ်လုံးအပြည့်ပါပဲ
"ဒီလူနာကို တာဝန်ယူလိုက်မယ် ကိုယ့်အလုပ်ကိုယ်လုပ်ကြတော့"
"ဟုတ်ကဲ့ "
ဘယ်သူမှမရှိတော့မှ ရိပေါ်အနားကိုလာခဲ့တယ်
သက်ပြင်းတစ်ချချနဲ့ပေါ့
"ဘယ်လိုဖြစ်ရပြန်တာလဲကွာ"
ခေါင်းကိုငုံပြီးသာနေနေတယ် စကားပြန်ပြောခြင်းမရှိ
အရက်ပြန်တွေဂွမ်းတွေဆေးတွေယူပြီး
ဒဏ်ရာတွေကိုဂရုတစိုက်ဆေးထည့်ပေးတယ်
"ကော မလာခဲ့တာက ခွဲစိတ်ခန်းထဲဝင်နေရလို့ပါ
မင်းအတွက်ပန်းစည်းတောင်ဝယ်ထားသေးတယ်
အင်း..အခုတော့ညှိုးသွားပြီ"
"အဲ့ပန်းစည်းကျနော့်ကိုပေး.."
"ယူမလို့လား ဆေးထည့်ပြီးရင် ယူပေးမယ် "
"အင်း."
"ထမင်းစားပြီးပြီလား ".
"စောနကမှ ပြီးတာ အခုထိမစားရသေးဘူး"
"ဒါဆိုသွားစားမယ်လေ "
"အင်း အကျီလဲလိုက်ဦးမယ် စောင့်နေ"
ဆိုင်ကယ်နဲ့သွားဖို့ပြင်တော့ရှောင်းကျန့်က
မျက်မှောင်ကြုတ်တယ်
ဆိုင်ကယ်ကိုထားခဲ့ပြီးလမ်းလျောက်ကြတယ်
ပန်းဂျုံခေါက်ဆွဲဆိုင်လေးကအရင်လိုပဲ
အရင်ကတစ်ယောက်တည်းစားလေ့ရှိတဲ့
ဒေါက်တာဘေးမှာ
ကောင်လေးတစ်ယောက်တိုးလာတာကလွဲရင်ပေါ့
April 28 2020
Коментарі