Episode - 0
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 16
Episode - 17
Episode - 18
Episode - 19
Episode - 20
Episode - 21
Episode - 22
Episode - 23
Episode - 24
Episode - 25
Episode - 26
Episode - 27
Episode - 22
[ဇာတ်သိမ်း]


ပျော်ရွှင်မှုဆိုတာဘာလဲ
ရှောင်းကျန့်အတွက်ကတော့ပျော်ရွှင်မှုဆိုတာ ကံကောင်းခြင်းတခုပါပဲ။

စတင်တွေ့ဆုံတဲ့အချိန်ကစလို့
အခုထိဟာကံကောင်းခြင်းပဲ

စတွေ့ခဲ့တဲ့ကလေးသေးသေးလေးက
အောင်မြင်ကျော်ကြားတဲ့လူတစ်ယောက်ဖြစ်နေပြီ

အင်း လက်တွဲဖော်လည်းရှိလောက်မယ်ထင်တယ်

ခြံသေးသေးလေးထဲစိုက်ထားတဲ့ဒေစီပန်းလေးတွေကို
ရေဖျန်းတယ်..

ပြီးတော့နေ့စဉ်တာဝန်တစ်ခုဖြစ်တဲ့
ရွာလေးကလူတွေရဲ့ကျန်းမာရေးကို
လိုက်စစ်ပေးရမယ်

အားလီနဲ့အားယွမ်ကို
ရွာသူကြီးဆီကနေမွေးစားလိုက်ကသေးတယ်
သူတို့ရဲ့မိဘတွေမတော်တဆသေဆုံးသွားခဲ့တာကြောင့်

ကလေးလေးနှစ်ယောက်နဲ့လူပျိုသိုးကြီး

စားသောက်ကတာမခက်ခဲပေမဲ့
တစ်နေကုန်အိမ်မှာမကပ်တဲ့ရှောင်းကျန့်ကြောင့်
အခက်အခဲကြုံနေရပြီ

ဘေးအိမ်ကအဘွားက ကလေးတွေကိုနေ့ဘက်ကြည့်ပေးပေမဲ့
ကြာတော့အားနာလာရတယ်

မိဘမဲ့ဂေဟာလည်းမပို့ရက်
စတွေ့ကတည်းကချစ်ဖို့ကောင်းတဲ့ကလေးလေးတွေ
နောက်တစ်ကြိမ်ပြန်တွေ့ရတဲ့အခါ
မစွန့်လွှတ်ရက်ပေဘူး

တစ်နေ့အရေးကြီးလူနာရှိလို့
ရွာထဲသွားရတယ်
အားလီနဲ့အားယွမ်ကို
အိမ်မှာငြိမ်ငြိမ်လေးနေဖို့
မှာခဲ့ပြီးတော့ပေါ့

ပြန်ရောက်တဲ့အခါကလေးနှစ်ယောက်မရှိတော့ပေ

"အားလီ!!!! အားယွမ်!!!!!"

"အဘွားကလေးတွေကိုတွေ့မိလား.."

"ကောင်လေးတစ်ယောက်ကလာခေါ်သွားတယ် "

"ဟော ဟိုမှာပြန်လာနေပြီ"

"ရှောင်ဦးဦး"

ပြေးလာနေတဲ့ကလေးနှစ်ယောက်ကို
ဖက်ထားလိုက်တယ်

"ဘယ်ကိုသွားနေကြတာလဲ"

"ဝမ်ဦးဦးက ရှောင်ဦးဦးဆီခေါ်သွားမယ်ဆိုလို့"

"ဘယ်သူလဲ ဝမ်ဦးဦးက"

"ကျနော်လေ ရှောင်းကျန့် "

"ရိပေါ်!! ဘယ်လို ဘယ်လိုရောက်လာတာလဲ"

"ဒီမှာဘယ်လိုဈေးကွက်လုပ်နိုင်မလဲ
လာကြည့်တာပါ "

"ဒါဆို  မင်းကပြန်မှာပေါ့ "

"အင်း..ဒါပေမဲ့ ကျနော်အခုတည်းစရာမရှိလို့
ခင်ဗျားအိမ်မှာတည်းလို့ရမလား."

"ရပါတယ်"

ကျောပိုးအိတ်တစ်လုံးနဲ့
ဈေးကွက်လာကြည့်တယ်ဆိုတဲ့ရိပေါ်
ဒီကလေးဘာတွေအလျင်လိုနေပါလိမ့်

မကျဉ်းမကျယ်အိမ်လေး
ဘေးတစ်ဖက်တစ်ချက်မှာဒေစီပန်းတွေရှိတယ်

ကလေးလေးနှစ်ယောက်ကို
လက်ဆွဲပြီးဝင်သွားတဲ့ရှောင်းကျန့်ကို
ရိပေါ်ငေးကြည့်နေတယ်

ဒီနှစ်နှစ်ကျော်အတွင်း
ရိပေါ်ကရှောင်းကျန့်လုပ်သမျှကိစ္စအားလုံးကို
သိပြီးသား

ဒီယုန်ငတုံးလေးက အမြဲတမ်းတုံးနေဆဲပဲ
စထွက်သွားတုန်းက
လိုက်စုံစမ်းဖို့စိတ်ကူးမရှိပေမဲ့

မမြင်ရရင်မနေနိုင်တဲ့စိတ်ကြောင့်
နောက်ကနေအရိပ်လိုလိုက်ရပြန်တယ်

နယ်လေးတစ်မြို့မှာအိမ်လေးဝယ်တယ်

ဆေးဝါးပစ္စည်းတွေကိုဝယ်ရင်း
ပိုက်ဆံမလုံလောက်တဲ့အခါ
လှည့်ထွက်သွားတဲ့မျက်နှာလေးကိုမြင်တိုင်း
လက်သီးတွေဆုပ်မိတယ်

ရွာသူကြီးကိုပြောပြီး
ကုမ္ပဏီတစ်ခုကထောက်ပံ့ကြောင်း
ဇာတ်ကပြရသေးတယ်

ဒါတွေလည်းသိပုံမရပေဘူး

တစ်ယောက်တည်းစားသောက်နေတဲ့အချိန်
ဘေးကနေငေးကြည့်နေခဲ့တယ်

ကလေးလေးနှစ်ယောက်ကိုမွေးစားဖို့
ကြံနေတဲ့လူပျိုကြီး

သူ့ကိုယ်သူတောင်သေချာဂရုမစိုက်ဘဲ
ကလေးတွေကိုမွေးစားချင်နေသေးတယ်

ဘေးအိမ်ကအဘွားအိမ်ကိုခဏခဏအပ်ခဲ့တယ်

အဘွားနဲ့ရင်းနှီးအောင်အရင်လုပ်တယ်
ကလေးနှစ်ယောက်ကိုနေ့ဘက်မှာသူထိန်းပေးရသေးတယ်

ကလေးကြိုက်လောက်တဲ့မုန့်တွေလုပ်ကျွေးရင်းနဲ့ပေါ့

နောက်ဆုံးတော့
ပင်ပန်းနေတာမကြည့်ရက်တဲ့အခါ
အခုလိုအရှေ့ကိုလူကိုယ်တိုင်ထွက်လာရပြီ

ညအိပ်တဲ့အခါကလေးလေးတွေကို
ဖက်ပြီးအိပ်နေတဲ့ရှောင်းကျန့်

အိပ်ခန်းတစ်ခန်းသာရှိတဲ့အိမ်လေးမှာ
ရိပေါ်ဘေးကနေထိုင်ကြည့်နေတယ်

လွမ်းနေရတဲ့မျက်နှာလေးက
အရင်အတိုင်းပဲမပြောင်းလဲဘူး

ခပ်ဖွဖွထိတွေ့မိတဲ့ပါးလေး
အရင်လိုနူးညံ့နေတုန်း

အားယွမ်လေးဘက်ကနေဝင်လှဲလိုက်တယ်
အားလီနဲ့အားယွမ်လေးအပေါ်ဖက်ထားတဲ့လက်ကို
ရိပေါ်ကထပ်ပြီးအုပ်ကိုင်လိုက်တယ်

အခုဆို အားလီနဲ့အားယွမ်က
ရှောင်းကျန့်နဲ့ရိပေါ် တို့ရဲ့အလယ်မှာ

ဒီညတာကတော့
ရှည်လျားပြီးကြည်နူးစရာပဲ

ကြက်တွန်သံလေးကိုကြားနေရတယ်
ပြီးတော့အနံ့မွှေးတဲ့မနက်စာ
ငါပဲယောင်ပြီးဟင်းချက်မိတာလား

အားလီနဲ့အားယွမ်တို့ရဲ့ရယ်သံ
ဒီကလေးတွေအစောကြီးနိုးနေတာပဲ
သူကတော့ရိပေါ်ကိုမေ့နေဟန်

ကလေးတွေဆော့နေတာကိုကြည့်ရင်း
သူပြုံးမိတယ်
ဒီနေ့ကဘာအလုပ်မှမရှိဘူး

အိမ်ရှေ့မှာမျက်နှာသစ်နေတယ်
မျက်နှာသုတ်ပုဝါယူဖို့မေ့ခဲ့ပြန်ပြီ

ထိုးပေးလာတဲ့မျက်နှာသုတ်ပုဝါအဖြူလေး

"ကျေးဇူးပဲ အားယွမ်"

"ကျနော်ပါ "

"အာ.ရိပေါ် မင်းကိုမေ့နေတာ"

"မနက်စာပြင်ထားတယ်
လာစား."

ဆာလောင်နေတဲ့ဗိုက်က
ဟင်းတွေကိုမြင်တော့ပိုပြီးဆန္ဒပြလာတယ်

ရိပေါ်ရဲ့လက်ရာကအိမ်ထမင်းဟင်းအတိုင်းပဲ
စားနေရင်းလက်မထောင်ပြီးချီးကျုးမိတယ်

"မင်းတကယ်တော်တာပဲ"

"ဖြည်းဖြည်းစား..ဒီမှာနွားနို့ "

ရိပေါ်ကတော့ကလေး၃ယောက်ကို
ထိန်းနေရသလိုပဲ

ရက်တွေကကြာလာတယ်
ရှောင်းကျန့် ကရိပေါ်ကိုပြန်ဖို့အစကမေးနေခဲ့ပေမဲ့
နောက်ကျပြန်သွားမှာကို
စိုးရိမ်နေမိတယ်

တစ်ခါ ရိပေါ်တစ်ပတ်လောက်ပျောက်သွားတယ်

တက်တက်ကြွကြွရှိနေတဲ့ဆရာဝန်လေးက
မှိုင်ထွေထွေဖြစ်သွားတော့
ရွာသားတွေကစိုးရိမ်ကြတယ်

အားလီနဲ့အားယွမ်လေးတို့ကလည်း
ဝမ်ဦးဦးကိုမေးနေတယ်

ဆောင်းရာသီမှာအရိုးကွဲမတတ်ပဲ
အအေးကြိုက်ပေမဲ့လည်း
အေးတဲ့ဒဏ်ကိုအသက်ကြီးလာတဲ့ရှောင်းကျန့်က
မခံနိုင်တော့ဘူး

ကန်းစွန်းဥပြုတ်ပူပူလေးကို
ကလေးတွေနဲ့ထိုင်စားနေတယ်

ဗိုက်ကားသွားတော့အိပ်ပျော်သွားတဲ့ကလေးတွေကို
ကြည့်ပြီးပြုံးမိတယ်

အေးချမ်းလိုက်တာ
ကလေးတွေကိုသေချာသိပ်ပြီး
အိမ်တံခါးဝလေးမှာရှောင်းကျန့်က
ငုတ်တုတ်လေးထိုင်စောင့်နေတယ်

ရိပေါ်ထွက်သွားတာတစ်ပတ်ပြည့်ပြီ
သူပြန်မလာတော့ဘူးလား

ဝမ်းနည်းမှုတွေကရင်ထဲတိုးဝင်လာတယ်
အသက်ကြီးလာလို့စိတ်ကအားငယ်တတ်နေတာလား

ဒူးတွေပိုက်ပြီးခေါင်းကိုငုံ့ထားတယ်

"ရိပေါ်..."

"ဒီမှာဘာလုပ်နေတာလဲဒီလောက်အေးနေတာကို"

တိတ်တိတ်လေးပြန်လာတဲ့ရိပေါ်က
အိမ်တံခါးဝမှာနှင်းလူသားဖြစ်နေတဲ့
ရှောင်းကျန့်ကိုမြင်တော့အထိတ်ထိတ်အပျာပျာတွေ
ဖြစ်ကုန်တယ်

အေးစက်နေတာပဲ

"ရှောင်းကျန့် ခင်ဗျား.."

"ရိပေါ် တကယ်ပဲရိပေါ်လား"

ပိုက်ထားတဲ့လက်တွေကဆန့်တန်းပြီး
ရိပေါ်ကိုသိုင်းဖက်တယ်

"ထပ်ပြီးမထားသွားပါနဲ့ "

မျိုသိပ်ထားတဲ့စကားတစ်ခွန်းကိုပြောပြီး
ရှောင်းကျန့် အိပ်ပျော်သွားတယ်

ကုမ္ပဏီမှာအရေးကြီးကိစ္စရှိလို့
ပြန်သွားတဲ့ရိပေါ်

အခုလိုပုံစံနဲ့ဆို ကုမ္ပဏီကိုအကို့ကိုလွှဲခဲ့ရတော့မယ်
သူကရှယ်ယာဝင်ပဲလုပ်ပြီးအမြတ်ပဲထိုင်စားတော့မယ်

အိပ်ပျော်သွားတဲ့သူကို
အခန်းထဲသေချာခေါ်ပြီးနွေးထွေးအောင်စောင်တွေခြုံပေးတယ်

ဒါပေမဲ့အေးနေဆဲပဲ
ဘယ်လောက်ကြာအောင်ထိုင်နေခဲ့တာလဲ

အားလီနဲ့အားယွမ်ကိုသေချာစောင်ခြုံပေးပြီး
အပူပေးစက်ကိုမြှင့်လိုက်တယ်

ရှောင်းကျန့်ကိုပေါင်ပေါ်ပွေ့တင်ပြီးဖက်ထားပေးတယ်

နွေးထွေးလောက်ပါရဲ့

နောက်နေ့ကျတော့ရှောင်းကျန့်အအေးမိပြီးဖျားလေတယ်

ကျောင်းတက်ရမယ့်အရွယ်ရောက်နေတဲ့
အားလီနဲ့အားယွမ်
သို့ပေမဲ့ မိဘနေကလစ်လပ်နေတယ်

ဝမ်ရိပေါ်ကသူ့မျိုးရိုးကိုကလေးတွေရဲ့နာမည်ရှေ့တပ်ပေးလိုက်တယ် သူပဲပါးပါးလုပ်ရတာပေါ့

တစ်နေ့လုံးဟိုပြေးဒီပြေးနဲ့
နောက်ဆုံးတော့ကျောင်းအပ်လို့ပြီးစီးခဲ့တယ်

အိမ်ကကလေးလူကြီးကိုသတိရတော့
ခေါက်ဆွဲလုပ်ဖို့လိုအပ်တာတွေကို
အားလီလေးကိုတစ်ဖက်ကချီပြီး
တစ်ဖက်ကအားယွမ်လက်ကိုကိုင်ပြီး
ဝယ်နေတယ်

သုံးဘီးလေးငှားပြီးအိမ်ကိုပြန်လာတယ်

အိပ်ရာထဲကခွေနေတဲ့ရှောင်းကျန့်က
ထမလာသေးဘူး

သူ့စိတ်ထဲရိပေါ်ပြန်သွားပြီပဲထင်နေတယ်

ရိပေါ် ကလေးနှစ်ယောက်ကို
ရေချိုးညစာကျွေးပြီးတော့
ရှောင်းကျန့်ဆီလာတယ်

အခုဆိုသူတို့အိမ်လေးက
အိပ်ခန်း၃ခန်းနဲ့ဧည့်ခန်းတစ်ခန်း
ပိုပြီးနေရာကျယ်သွားတယ်

ဒါတွေကရိပေါ်ပြင်ဆင်လိုက်တာ

အားလီနဲ့အားယွမ်ကိုမနက်မူကြိုတက်ဖို့
လိုအပ်တာတွေပြောပြီးအိပ်ဖို့ပြောတယ်

နာခံတတ်တဲ့ကလေးလေးတွေက
အိပ်ရာဝင်သွားကြတယ်

ကလေးလူကြီးဆီ
ရိပေါ်ရောက်လာတယ်

ခုထိအိပ်ရာထဲခွေနေတုန်းပဲ

"ရှောင်းကျန့်..အင်း
အဖျားမရှိတော့ဘူး ကျနော်ရေချိုးခန်းထဲချီသွားရမလား"

"ရတယ်..ငါ့ဘာသာသွားတတ်တယ်.."

"အင်း.."

နွေးနွေးထွေးထွေးဖြစ်စေမယ့်အကျီထုတ်ပေးပြီး
ရှောင်းကျန့်ကြိုက်တဲ့ခေါက်ဆွဲကိုပန်းကန်ထဲထည့်နေတယ်

ထမင်းစားခန်းထဲမှာ
Laptopအသေးလေးကိုကိုင်ပြီး
အလုပ်ကိစ္စတွေကိုကြည့်နေတဲ့ရိပေါ်

ရှောင်းကျန့် ပြန်စဉ်းစားတယ်
သူနဲ့ရိပေါ်နဲ့ကဘာတွေလဲ

နွားနို့သောက်နေရင်းမြင်မိတဲ့လူကြောင့်

"လာထိုင်စားလေ ဘာလို့ရပ်နေတာလဲ
နေလို့မကောင်းလို့လား"

"မဟုတ်ပါဘူး "

ခေါက်ဆွဲပန်းကန်လေးကိုထိုးစွပြီးစားနေတယ်

"ရိပေါ် "

"ဟင်.."

လက်ထဲကlaptopအသေးလေးကိုချပြီး
ရှောင်းကျန့် ကိုကြည့်တယ်

"မင်း..မင်းနဲ့ငါကဘာတွေလဲ"

"ဘယ်လိုထင်လဲ "

"ငါ.. ငါ ငါမသိဘူး "

"မသိရင်လျောက်စဉ်းစားမနေနဲ့
ခင်ဗျားကခင်ဗျားပဲ
ဒါပေမဲ့ခင်ဗျားကိုကျနော်ပိုင်တယ်"

"ဒေစီပန်းခင်းတွေကိုခင်ဗျားပိုင်သလိုပေါ့
ကျနော်လည်းခင်ဗျားကိုပိုင်တယ်
အနာဂတ်ကိုကြိုတွေးမနေနဲ့
အခုခင်ဗျားရယ်ကျနော်ရယ် အားလီနဲ့အားယွမ် ရယ်
ကျနော်တို့လေးယောက်အသက်တွေကြီးပြင်းတဲ့အထိနေကြမယ်"

"မင်း.မင်းနဲ့စေ့စပ်ထားတဲ့သူကရော"

"သူလား..ကျနော်ပြောရမှာမေ့နေတာ
သူကရွှမ်ချင်းကျဲနဲ့လက်ထပ်ထားတယ်"

"ဟမ်.."

"အင်း.မနှစ်ကမှလက်ထပ်လိုက်ကြတာ "

"သူတို့နေရတာအဆင်မှပြေရဲ့လား"

"စိတ်မပူနဲ့သူတို့ကလန်ဒန်မှာကဲနေကြပြီ
ခင်ဗျားသာနယ်မှာပုန်းနေတာ"

ခပ်စူစူဖြစ်သွားတဲ့နှုတ်ခမ်းတွေ
သူစိတ်ဆိုးသွားတယ်ဆိုတဲ့သဘော

"ရှေ့ဆက်မယ့်လမ်းတွေမှာ
ခင်ဗျားအနားကျနော်ရှိပေးပါရစေ"

"ရိပေါ် ငါ "

"ဘာမှမတောင်းဆိုဘူး ခင်ဗျားအနားပဲနေချင်လို့ပါ"

"ငါလည်း ငါ ပြောစရာရှိတယ်"

"အင်း.."

"မင်းကိုချစ်တယ် ငါ့ရဲ့ကလေးလေးရိပေါ် "

"ရှောင်းကျန့်.. "

"မပြောဖို့ထိန်းချုပ်ထားပေမဲ့
ငါမင်းမရှိဘဲမနေတတ်တော့ဘူးထင်တယ် "

လည်ပင်းကိုအရှက်ပြေပွတ်ရင်း
စကားတွေထစ်အနေတဲ့ရှောင်းကျန့်

ရိပေါ်ကိုကြည့်တော့
မျက်ရည်တွေကျနေတယ်

ရှောင်းကျန့်ထိုင်နေတဲ့ထိုင်ခုံဘေး
ဒူးထောက်ချပြီးဖက်လိုက်တယ်
မျက်နှာကိုရှောင်းကျန့်ဗိုက်ထဲနှစ်ထားတယ်

"ကျနော်အဲ့စကားကိုဘယ်လောက်ထိ
မျှော်လင့်ခဲ့ရလဲ"

"အခုကစပြီးအများကြီးပြောပေးမယ်"

ခပ်အိအိဆံစတွေကိုပွတ်သပ်ပြီး
ကျောကိုခပ်ဖွဖွပုတ်ပေးတယ်

အခန်းလေး၂ခန်းထဲကလေးလေး၂ယောက်က
ပြေးထွက်လာတယ်

"ပါးပါးဝမ် ပါးပါး"

ကလေးတွေကရှောင်းကျန့်ကိုဖက်ထားတဲ့ရိပေါ်ဆီကို
ပြေးလာတယ်

လေးယောက်သားပွေ့ဖက်ထားရင်း
သူတို့ကပျော်ရွှင်ဖွယ်မိသားစုလေးလို

"ပါးပါးရှောင်..အိပ်မနေနဲ့
ဆက်အိပ်ရင်ပါးပါးဝမ်ကို
အန်တီတွေမသွားလိမ့်မယ်"

အိပ်နေရင်းငေါက်ခနဲထလာသောရှောင်းကျန့်
သူ့အသက်ကလေးဆယ်နားကပ်နေပြီ
သုံးဆယ်ကျော်နေတဲ့သူ့ကလေးလေးက
လူကြီးဆန်ဆန်ချောမောနေဆဲ

အားလီနဲ့အားယွမ် ကိုကျောင်းပို့တဲ့အခါ
ပျိုမဒီတွေငေးတဲ့အကြောင်းကို
အားလီနဲ့အားယွမ်ကဖောက်သည်ချကြတော့
စိုးရိမ်စိတ်အနည်းငယ်ဝင်ပြီး
ကျောင်းပို့ရင်သူလည်းလိုက်မယ့်အကြောင်းကိုပြောထားတာ

ညကအရမ်းချမ်းတယ်
အသက်ကြီးလာလေအိပ်ချိန်နည်းလာတဲ့ရှောင်းကျန့်က
ညဘက်တရေးနိုးပြီးရင်အိပ်မပျော်တော့ဘူး

ရိပေါ်ကခပ်တင်းတင်းဖက်ထားပေးမှာပြန်ပြီး
အိပ်ပျော်သွားတယ်

ရှောင်းကျန့် အကျီလဲပြီး
အားလီနဲ့အတူတူ
မနက်စာထမင်းဝိုင်းဆီထွက်လာတယ်

"အိပ်ရေးဝရဲ့လား.."

"အင်း ငါလည်းကျောင်းလိုက်မယ်နော်"

"လိုက်ခဲ့လေ ကျနော်လည်းအပြင်သွားစရာရှိတယ်"

ကျောင်းကိုရောက်တော့
အားလီနဲ့အားယွမ် ပြောသလိုပင်
ရေလာမြောင်းပေးရုံမက
ဆည်ပါကျိုးနေသောပျိုမဒီများ

ရိပေါ်ကတော့ရှိတယ်လို့တောင်မထင်

"ကျနော်တို့တစ်နေရာကိုသွားရအောင်"

"ဘယ်နေရာလဲ "

"ရောက်ရင်သိလိမ့်မယ်.."

လူစည်ကားတွေနဲ့မြစ်ကမ်းဘေး
ဒါကရိပေါ်နဲ့သူထိုင်ဖူးတဲ့နေရာတွေထဲကတစ်ခု

"ကော်ဖီမတိုက်ချင်ပေမဲ့ဒီတစ်ခါတော့
အလိုလိုက်ပေးမယ် ဒီမှာအမေရီကာနို"

ညနေခင်းလေးကတိုက်ခတ်နေတယ်
ရှေးဟောင်းနှောင်စဖြစ်တွေကို
ပြန်ပြောနေတဲ့လူနှစ်ယောက်

ဒေစီပန်းတစ်ပွင့်ကိုရှောင်းကျန့်နားထဲညှပ်ပေးလိုက်တယ်

"ခင်ဗျားကိုအဲ့ကတည်းကဒီလိုမျိုးလုပ်ပေးချင်တာ
ဒေစီပန်းလေးပန်ထားတဲ့ခင်ဗျားရယ်
ညနေဆည်းဆာရယ်
ပြီးတော့ကျနော်ရယ် "

ရှောင်းကျန့်ကမျက်ဝန်းတွေမှိတ်ကျတဲ့အထိပြုံးတယ်

"ချစ်တယ် ရိပေါ် "

"ကျနော်လည်းချစ်တယ် "

အချိန်တွေကရပ်တန့်နေရိုးထုံးစံမရှိခဲ့ပါဘူး
ထို့အတူထိုလူနှစ်ဦးရဲ့ချစ်ခြင်းတွေကလည်း
အချိန်တွေလိုတရွေ့ရွေဆက်သွားနေခဲ့တယ် 


May 15 2020
© 梅花 白,
книга «DEFINE!».
Коментарі