Episode - 7
"ခင်ဗျားကရိုးအေးတဲ့သူ..ကျနော်က.."
ထားလိုက်ပါတော့
ဆုပ်ကို်င်ထားတဲ့လက်လေးကိုအသာပြန်ချပြီး
စောင်သေချာခြုံပေးလိုက်တယ်
အေးချမ်းတဲ့လူသားကသူ့ရဲ့အပူတွေကို
ငြိမ်းစေတယ်
နိုးလာတဲ့အထိဆက်စောင့်ရမလား
ဒီတိုင်းပြန်သွားရမလားတွေးနေဆဲ
အေးသွားတဲ့ဆန်ပြုတ်လေးကိုအပူခံအိုးလေးထဲ
ပြန်ထည့်လိုက်တယ်
တံခါးတွေကိုသေချာလိုက်ပိတ်ပြီး
သူထွက်လာခဲ့တယ်
အဖြူရောင်စာရွက်လေးပေါ်စာရေးခဲ့တယ်
"နိုးလာရင်ဆန်ပြုတ်သောက်လိုက်ဦး"
ရှောင်းကျန့်စာရွက်ကို
ကြည့်နေတာ..
ဟာနေတဲ့ဗိုက်ကိုအရင်ဖြည့်ပြီးမှဆက်စဉ်းစားမယ်
မိုးတွေကသည်းကြီးမည်းကြီးရွာလာတယ်
ပြတင်းပေါက်တွေပိတ်ဖို့ထတော့
အကုန်လုံးကပိတ်ပြီးသားတွေ
အအေးကြိုက်တဲ့ရှောင်းကျန့်က
နွေရာသီတစ်ခုလုံးမှာကမ်းပေါ်တင်နေတဲ့
ငါးလေးလိုခံစားနေရတာ..
မိုးရွာတော့သူအကြိုက်ပေါ့
ဆန်ပြုတ်ပူပူလေးကို
ပန်းကန်လုံးလေးထဲထည့်ပြီး
ဆေးစာအုပ်ဖတ်နေတယ်
စာရွက်ကိုသတိရတော့
ပြန်ယူကြည့်တယ်
လက်ရေးကတူတာလား
မဖြစ်နိုင်လောက်ပါဘူး
မိုးအေးအေးလေးနဲ့
ပြန်အိပ်ဖို့ပြင်နေတယ်
ဒီညကတော့နှစ်ခြိုက်စွာအိပ်ပျော်မှာပဲ
မအိပ်ခင်အကို်က်အခဲပျောက်ဆေးသောက်ရသေးတယ်
တော်တော်ဆိုးတာပဲ
နောက်ဘယ်သူကိုမှမကူညီဘူး..
ကူညီတိုင်းအမြဲခံရတာနဲ့မဖြစ်ဘူး
ဆရာဝန်တစ်ယောက်ဖြစ်ပြီး
အနာမခံရဲတာမဟုတ်ဘဲ
ရင်မဆိုင်ရဲတာ
ရန်ဖြစ်ဖို့.ပြန်ပြီးပြောဖို့ရှင်းပြဖို့
ကိုယ်မှန်နေရင်တောင်ပြောဖို့သူမရဲဘူး
အေးဆေးနေလာတဲ့သူက
ရက်စက်တဲ့လူ့အသိုင်းအဝိုင်းမှာမဝင်ဆံ့ဘူး
ရည်မှန်းချက်နဲ့ရှေ့ဆက်နေရပေမဲ့
အမှားတစ်ခုခုလုပ်မိရင်အကုန်လုံးက
ဝိုင်းအပြစ်ပြောမှာကိုသူကြောက်ရွံနေမိတယ်
လူနာတစ်ယောက်ကိုခွဲစိတ်ရင်
သူစိတ်တွေမတည်ငြိမ်ဘူး
တစ်ခုခုဖြစ်သွားမှာ.သူ့ကြောင့်
သူမကယ်လိုက်နိုင်လို့ဆိုတဲ့အတွေးတွေကကြီးစိုးနေတယ်
ဆရာဝန်စဖြစ်ခါစ
အရေးပေါ်ဖြစ်နေတဲ့
လူတစ်ယောက် ထန်းယွဲ့ကိုရောက်လာတယ်
ညဂျူတီကျတဲ့ရှောင်းကျန့်တို့ကလွဲရင်
စီနီယာတွေမရှိဘူး
အသည်းအသန်ဖြစ်နေတဲ့လူနာရောက်လာတော့
အငယ်တွေထက်ပိုအတွေ့အကြုံရှိတဲ့ရှောင်းကျန့်က
ကိုင်တွယ်ရတယ်
အကုန်လုံးကလည်းပျာယာခတ်နေတာ
နှလုံးခုန်ရပ်သွားတဲ့လူနာကို
မရမကနှလုံးပြန်ခုန်အောင်ကြိုးစားနေတယ်
အကူနပ်စ်လေးကအကူအညီလှမ်းတောင်းနေပေမဲ့
တစ်ယောက်မှရောက်မလာခဲ့ဘူး
တတီတီနဲ့တစ်ဖြောင့်တည်းဖြစ်သွားတဲ့မျဉ်းတန်း
ရှောင်းကျန့် ပထမဆုံးကုသရတဲ့လူနာ
သေဆုံးသွားတယ်ဆိုတာမယုံနိုင်ဘူး
သူမရမကကြိုးစားနေတယ်
နပ်စ်တွေရောဂျူနီယာလေးတွေပါဝင်ဆွဲရတယ်
ရှောင်းကျန့်သူတို့လက်ထဲကနေရုန်းထွက်ပြီး
သန့်စင်ခန်းကိုပြေးဝင်လာတယ်
ရေကိုဖွင့်လို့သူ့လက်တွေကိုအထပ်ထပ်ဆေးကြောနေတယ်
မှန်မှာပေါ်နေတဲ့သူ့ပုံစံကခြောက်ခြားစရာ
နီရဲနေတဲ့မျက်ဝန်းတွေမှာမျက်ရည်တွေဝဲသီလို့
အများတကာလေးစားအားကျရတဲ့
ဒေါက်တာရှောင်းကျန့်ရဲ့နှလုံးသားလေးမှာ
စိတ်ဒဏ်ရာတွေကအဆုံးအစမဲ့ပဲ.
ညကမိုးရွာထားတာကြောင့်
မိုးနံ့သင်းတဲ့မြေသင်းနံ့လေးကစိတ်ကိုအေးချမ်းစေတယ်
ရိပေါ်.ဆိုင်ကယ်ကိုထုတ်ဖို့ပြင်လိုက်ပြီးမှ..
ပြန်ထည့်ပြီးစက်ဘီးတစ်စီးကိုထုတ်လိုက်တယ်
အကိုကတော့စိတ်ညစ်မနေဖို့အားပေးနေတာပဲ
ကိုယ့်ညီအကြောင်းမသိတာလည်းမဟုတ်ဘဲနဲ့
စိတ်ပူလွန်ရော
မိုးရွာမယ်လို့ကြေညာချက်ထုတ်ထားပေမဲ့
ရိပေါ်ကစက်ဘီးစီးဖို့ကြံရွယ်နေတုန်းပါပဲ
သူမှာလတ်တလောလုပ်စရာမရှိဘူး
နည်းပြကလည်းအနားယူဖို့ပြောထားတယ်
အဲ့တော့ကာ..သူမှာလုပ်စရာက
မြစ်ကမ်းဘေးတစ်လျောက်စက်ဘီးပတ်စီးနေတာပဲ
ရွမ်ချင်းကျဲလမ်းညွှန်လို့
မြစ်ကမ်းဘေးနားကကော်ဖီဆိုင်လေးမှာ
သူထိုင်ပြီးစာဖတ်နေတယ်.
ကော်ဖီကခါးသက်သက်...
မြေသင်းနံ့သင်းသင်းလေးရယ်
လှုပ်ရှားသွားလာနေတဲ့လူတွေရယ်
ဖတ်လက်စစာအုပ်ကိုချလိုက်ပြီး
အပြင်ကိုငေးကြည့်နေတယ်
မိသားစုလေးတွေကိုမြင်တော့
ပါးနဲ့မားကိုသတိရသွားတယ်
ကောင်းကောင်းအနားယူနေလောက်မှာ..
မိုးတွေရွာလို့
ကော်ဖီဆိုင်လေးထဲလူတွေရောက်လာကြတယ်
ထီးမယူခဲ့လို့ရိပေါ်တွေ့တ့ဲဆိုင်ထဲပြေးဝင်လာတာ
တိုက်ဆိုင်မှုတွေကကျနော့်အတွက်ထင်တယ်
ရိပေါ်.ဝင်ထိုင်ဖို့ပြင်လိုက်ပေမဲ့
မိန်းကလေးတစ်ယောက်ကဦးသွားတယ်.
ကျောချင်းကပ်ရပ်ဝင်ထိုင်လိုက်ရတယ်
ကိစ္စတော့သိပ်မရှိဘူး
သူရှိနေတယ်ဆိုတဲ့အသိနဲ့တင်
အဆင်ပြေတာမို့လို့.
တစ်နေရာဆိုတစ်နေရာမှာပဲ
ငြိမ်ငြိမ်လေးနေနေတတ်တဲ့ရှောင်းကျန့်
သူအိမ်ပြန်ဖို့တောင်သတိရရဲ့လားမသိ
သူ့ရှေ့ကမိန်းကလေးကတော့ပြန်သွားရှာပြီ
ထွက်သွားတဲ့မိန်းကလေးနေရာမှာ
ကောင်လေးတစ်ယောက်လာထိုင်တယ်
ရှောင်းကျန့်ကရွာနေတဲ့မိုးရေစက်တွေကိုငေးကြည့်နေတုန်းပဲ
သူထီးမပါလာတော့
မိုးတိတ်တာကိုထိုင်စောင့်နေတာ..
ခဏကြာတော့ကောင်လေးလည်းထွက်သွားတာပဲ
ဒီမိုးကတိတ်မယ့်ပုံလည်းမပေါ်ဘူး
မတိတ်ရင်လည်းဒီတိုင်းပြန်ရမှာပေါ့
ဝိတ်တာကောင်လေးကသူ့ကိုထီးအနီရောင်လေး
လာပေးတယ်
"အကို့ကိုထီးပေးခိုင်းလို့ပါ.."
ဘယ်သူဘယ်ဝါဆိုတာလည်းမပြော
လက်ခံဖို့အင်တင်တင်ဖြစ်နေတုန်း
"ဒါလေးတော့ပေးခဲ့တယ်"
စာရွက်အနီရောင်လေး.
ရေးဆွဲထားတဲ့အသဲပုံအောက်နားမှာ
အစက်လေးတစ်စက်ရယ်
စာတစ်ကြောင်းရယ်
"မိုးမိမှာစိုးလို့."
မင်းကတကယ်ပဲဘယ်သူများလဲ..
ဆိုင်အပြင်ဘက်ကိုငေးကြည့်နေတယ်
မိုးရေထဲမှာပျော်ရွှင်နေတဲ့
ကောင်လေးတစ်ယောက်လည်းရှိတယ်
November 26 2019
ထားလိုက်ပါတော့
ဆုပ်ကို်င်ထားတဲ့လက်လေးကိုအသာပြန်ချပြီး
စောင်သေချာခြုံပေးလိုက်တယ်
အေးချမ်းတဲ့လူသားကသူ့ရဲ့အပူတွေကို
ငြိမ်းစေတယ်
နိုးလာတဲ့အထိဆက်စောင့်ရမလား
ဒီတိုင်းပြန်သွားရမလားတွေးနေဆဲ
အေးသွားတဲ့ဆန်ပြုတ်လေးကိုအပူခံအိုးလေးထဲ
ပြန်ထည့်လိုက်တယ်
တံခါးတွေကိုသေချာလိုက်ပိတ်ပြီး
သူထွက်လာခဲ့တယ်
အဖြူရောင်စာရွက်လေးပေါ်စာရေးခဲ့တယ်
"နိုးလာရင်ဆန်ပြုတ်သောက်လိုက်ဦး"
ရှောင်းကျန့်စာရွက်ကို
ကြည့်နေတာ..
ဟာနေတဲ့ဗိုက်ကိုအရင်ဖြည့်ပြီးမှဆက်စဉ်းစားမယ်
မိုးတွေကသည်းကြီးမည်းကြီးရွာလာတယ်
ပြတင်းပေါက်တွေပိတ်ဖို့ထတော့
အကုန်လုံးကပိတ်ပြီးသားတွေ
အအေးကြိုက်တဲ့ရှောင်းကျန့်က
နွေရာသီတစ်ခုလုံးမှာကမ်းပေါ်တင်နေတဲ့
ငါးလေးလိုခံစားနေရတာ..
မိုးရွာတော့သူအကြိုက်ပေါ့
ဆန်ပြုတ်ပူပူလေးကို
ပန်းကန်လုံးလေးထဲထည့်ပြီး
ဆေးစာအုပ်ဖတ်နေတယ်
စာရွက်ကိုသတိရတော့
ပြန်ယူကြည့်တယ်
လက်ရေးကတူတာလား
မဖြစ်နိုင်လောက်ပါဘူး
မိုးအေးအေးလေးနဲ့
ပြန်အိပ်ဖို့ပြင်နေတယ်
ဒီညကတော့နှစ်ခြိုက်စွာအိပ်ပျော်မှာပဲ
မအိပ်ခင်အကို်က်အခဲပျောက်ဆေးသောက်ရသေးတယ်
တော်တော်ဆိုးတာပဲ
နောက်ဘယ်သူကိုမှမကူညီဘူး..
ကူညီတိုင်းအမြဲခံရတာနဲ့မဖြစ်ဘူး
ဆရာဝန်တစ်ယောက်ဖြစ်ပြီး
အနာမခံရဲတာမဟုတ်ဘဲ
ရင်မဆိုင်ရဲတာ
ရန်ဖြစ်ဖို့.ပြန်ပြီးပြောဖို့ရှင်းပြဖို့
ကိုယ်မှန်နေရင်တောင်ပြောဖို့သူမရဲဘူး
အေးဆေးနေလာတဲ့သူက
ရက်စက်တဲ့လူ့အသိုင်းအဝိုင်းမှာမဝင်ဆံ့ဘူး
ရည်မှန်းချက်နဲ့ရှေ့ဆက်နေရပေမဲ့
အမှားတစ်ခုခုလုပ်မိရင်အကုန်လုံးက
ဝိုင်းအပြစ်ပြောမှာကိုသူကြောက်ရွံနေမိတယ်
လူနာတစ်ယောက်ကိုခွဲစိတ်ရင်
သူစိတ်တွေမတည်ငြိမ်ဘူး
တစ်ခုခုဖြစ်သွားမှာ.သူ့ကြောင့်
သူမကယ်လိုက်နိုင်လို့ဆိုတဲ့အတွေးတွေကကြီးစိုးနေတယ်
ဆရာဝန်စဖြစ်ခါစ
အရေးပေါ်ဖြစ်နေတဲ့
လူတစ်ယောက် ထန်းယွဲ့ကိုရောက်လာတယ်
ညဂျူတီကျတဲ့ရှောင်းကျန့်တို့ကလွဲရင်
စီနီယာတွေမရှိဘူး
အသည်းအသန်ဖြစ်နေတဲ့လူနာရောက်လာတော့
အငယ်တွေထက်ပိုအတွေ့အကြုံရှိတဲ့ရှောင်းကျန့်က
ကိုင်တွယ်ရတယ်
အကုန်လုံးကလည်းပျာယာခတ်နေတာ
နှလုံးခုန်ရပ်သွားတဲ့လူနာကို
မရမကနှလုံးပြန်ခုန်အောင်ကြိုးစားနေတယ်
အကူနပ်စ်လေးကအကူအညီလှမ်းတောင်းနေပေမဲ့
တစ်ယောက်မှရောက်မလာခဲ့ဘူး
တတီတီနဲ့တစ်ဖြောင့်တည်းဖြစ်သွားတဲ့မျဉ်းတန်း
ရှောင်းကျန့် ပထမဆုံးကုသရတဲ့လူနာ
သေဆုံးသွားတယ်ဆိုတာမယုံနိုင်ဘူး
သူမရမကကြိုးစားနေတယ်
နပ်စ်တွေရောဂျူနီယာလေးတွေပါဝင်ဆွဲရတယ်
ရှောင်းကျန့်သူတို့လက်ထဲကနေရုန်းထွက်ပြီး
သန့်စင်ခန်းကိုပြေးဝင်လာတယ်
ရေကိုဖွင့်လို့သူ့လက်တွေကိုအထပ်ထပ်ဆေးကြောနေတယ်
မှန်မှာပေါ်နေတဲ့သူ့ပုံစံကခြောက်ခြားစရာ
နီရဲနေတဲ့မျက်ဝန်းတွေမှာမျက်ရည်တွေဝဲသီလို့
အများတကာလေးစားအားကျရတဲ့
ဒေါက်တာရှောင်းကျန့်ရဲ့နှလုံးသားလေးမှာ
စိတ်ဒဏ်ရာတွေကအဆုံးအစမဲ့ပဲ.
ညကမိုးရွာထားတာကြောင့်
မိုးနံ့သင်းတဲ့မြေသင်းနံ့လေးကစိတ်ကိုအေးချမ်းစေတယ်
ရိပေါ်.ဆိုင်ကယ်ကိုထုတ်ဖို့ပြင်လိုက်ပြီးမှ..
ပြန်ထည့်ပြီးစက်ဘီးတစ်စီးကိုထုတ်လိုက်တယ်
အကိုကတော့စိတ်ညစ်မနေဖို့အားပေးနေတာပဲ
ကိုယ့်ညီအကြောင်းမသိတာလည်းမဟုတ်ဘဲနဲ့
စိတ်ပူလွန်ရော
မိုးရွာမယ်လို့ကြေညာချက်ထုတ်ထားပေမဲ့
ရိပေါ်ကစက်ဘီးစီးဖို့ကြံရွယ်နေတုန်းပါပဲ
သူမှာလတ်တလောလုပ်စရာမရှိဘူး
နည်းပြကလည်းအနားယူဖို့ပြောထားတယ်
အဲ့တော့ကာ..သူမှာလုပ်စရာက
မြစ်ကမ်းဘေးတစ်လျောက်စက်ဘီးပတ်စီးနေတာပဲ
ရွမ်ချင်းကျဲလမ်းညွှန်လို့
မြစ်ကမ်းဘေးနားကကော်ဖီဆိုင်လေးမှာ
သူထိုင်ပြီးစာဖတ်နေတယ်.
ကော်ဖီကခါးသက်သက်...
မြေသင်းနံ့သင်းသင်းလေးရယ်
လှုပ်ရှားသွားလာနေတဲ့လူတွေရယ်
ဖတ်လက်စစာအုပ်ကိုချလိုက်ပြီး
အပြင်ကိုငေးကြည့်နေတယ်
မိသားစုလေးတွေကိုမြင်တော့
ပါးနဲ့မားကိုသတိရသွားတယ်
ကောင်းကောင်းအနားယူနေလောက်မှာ..
မိုးတွေရွာလို့
ကော်ဖီဆိုင်လေးထဲလူတွေရောက်လာကြတယ်
ထီးမယူခဲ့လို့ရိပေါ်တွေ့တ့ဲဆိုင်ထဲပြေးဝင်လာတာ
တိုက်ဆိုင်မှုတွေကကျနော့်အတွက်ထင်တယ်
ရိပေါ်.ဝင်ထိုင်ဖို့ပြင်လိုက်ပေမဲ့
မိန်းကလေးတစ်ယောက်ကဦးသွားတယ်.
ကျောချင်းကပ်ရပ်ဝင်ထိုင်လိုက်ရတယ်
ကိစ္စတော့သိပ်မရှိဘူး
သူရှိနေတယ်ဆိုတဲ့အသိနဲ့တင်
အဆင်ပြေတာမို့လို့.
တစ်နေရာဆိုတစ်နေရာမှာပဲ
ငြိမ်ငြိမ်လေးနေနေတတ်တဲ့ရှောင်းကျန့်
သူအိမ်ပြန်ဖို့တောင်သတိရရဲ့လားမသိ
သူ့ရှေ့ကမိန်းကလေးကတော့ပြန်သွားရှာပြီ
ထွက်သွားတဲ့မိန်းကလေးနေရာမှာ
ကောင်လေးတစ်ယောက်လာထိုင်တယ်
ရှောင်းကျန့်ကရွာနေတဲ့မိုးရေစက်တွေကိုငေးကြည့်နေတုန်းပဲ
သူထီးမပါလာတော့
မိုးတိတ်တာကိုထိုင်စောင့်နေတာ..
ခဏကြာတော့ကောင်လေးလည်းထွက်သွားတာပဲ
ဒီမိုးကတိတ်မယ့်ပုံလည်းမပေါ်ဘူး
မတိတ်ရင်လည်းဒီတိုင်းပြန်ရမှာပေါ့
ဝိတ်တာကောင်လေးကသူ့ကိုထီးအနီရောင်လေး
လာပေးတယ်
"အကို့ကိုထီးပေးခိုင်းလို့ပါ.."
ဘယ်သူဘယ်ဝါဆိုတာလည်းမပြော
လက်ခံဖို့အင်တင်တင်ဖြစ်နေတုန်း
"ဒါလေးတော့ပေးခဲ့တယ်"
စာရွက်အနီရောင်လေး.
ရေးဆွဲထားတဲ့အသဲပုံအောက်နားမှာ
အစက်လေးတစ်စက်ရယ်
စာတစ်ကြောင်းရယ်
"မိုးမိမှာစိုးလို့."
မင်းကတကယ်ပဲဘယ်သူများလဲ..
ဆိုင်အပြင်ဘက်ကိုငေးကြည့်နေတယ်
မိုးရေထဲမှာပျော်ရွှင်နေတဲ့
ကောင်လေးတစ်ယောက်လည်းရှိတယ်
November 26 2019
Коментарі