Episode - 0
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 16
Episode - 17
Episode - 18
Episode - 19
Episode - 20
Episode - 21
Episode - 22
Episode - 23
Episode - 24
Episode - 25
Episode - 26
Episode - 27
Episode - 26
  • Bonus Chapter - 4
  • [ကလေးယူကြမယ်]


"ကော ဈေးဝယ်ထွက်ရအောင်"

"မင်းအလုပ်မသွားဘူးလား"

စပ်ဖြဲဖြဲလုပ်ပြတဲ့ ရိပေါ်
သူ့အကိုကတော့ မျက်လုံးလှုပ်မလှုပ် ရှောင်းကျန့်မသိပေ ရိပေါ် အလုပ်သေချာမသွားတာ ကြာနေပြီ!!

ဒါကို ဘယ်သူမှသတိမထားကြဘူးလား

ရိပေါ်ဟာ အရမ်းအားယားနေတယ်...

"နော်လို့"

ရှောင်းကျန့် ဖတ်လက်စ စာအုပ်ကိုပိတ်
ရိပေါ်ကို မျက်နှာချင်းဆိုင်လိုက်ရင်း

"မင်း ငွေမရှာတေ့ာဘူးလား"

"အမ် ဘာကိုလဲ"

ကြောင်တိကြောင်တောင်ဖြစ်သွားတဲ့ ရိပေါ်ဟာ
စပ်ဖြဲဖြဲမျက်နှာတော့မပျောက်သွားသေးပဲ

"မင်းအလုပ်မသွားဘူးလား မေးနေတာ"

"အော် ဒါလား ဒါက ဒီလိုလေ ကျွန်တော်မရှိလည်း
ရတယ်"

" အော်"

"အော်မနေပါနဲ့ လာ အားလီနဲ့ အားယွမ်မရှိတုန်း
ဒိတ်ရအောင်"

အပြင်သွားဖို့ တက်ကြွနေတဲ့ ရိပေါ်ကတော့
အိမ်ရှေ့ပင်ရောက်နှင့်နေပြီ

" ငါ အဝတ်မလဲရသေးဘူးလေ"

ရိပေါ် ရှောင်းကျန့်ကို တစ်ချက်ကြည့်လိုက်တယ်
အိမ်နေရင်း T-shirt နဲ့ ဆင်စွယ်ရောင်ဘောင်းဘီ
ရှည်ဟာ ရှောင်းကျန့်နဲ့ လိုက်နေပြီးသားလေ

ဒိထက်ပိုဆင်ရင် လူကြည့်ခံရမယ်

ရှောင်းကျန့်လူကြည့်ခံရလို့ မဖြစ်ဘူး!!!

"အခုဝတ်ထားတာ ဘာဖြစ်လို့လဲ ဘာလဲ အိမ်ထောင်ကျပြီးမှ ရှိုးထုတ်ချင်နေတာလား"

"မဟုတ်ပါဘူး အိမ်နေရင်းအဝတ်စားနဲ့မို့ပါ"

"ဒီအတိုင်းလိုက်ခဲ့"

တစ်ယောက်တည်း ကြည့်တာတောင် ကြည့်မဝ
ဖြစ်နေတာကို တခြားသူတွေကို ချောမောလှပမှု
တွေ မခွဲပေးနိူင်ပါဘူးနော်

ရှောင်းကျန့် အလှက ရိပေါ်အတွက်ပဲ!!

ကုန်တိုက်ထဲရောက်တော့ ရိပေါ် ရှောင်းကျန့်ရဲ့
လက်ကိုကိုင်လိုက်တယ်

လူတွေကြားထဲ ဂုဏ်ဖော်ချင်တဲ့ ရိပေါ်လေးဟာ
ပုခုံးကိုဖြန့် ရှောင်းကျန့်ကို ရီပြလိုက်တယ်

"ရိုးရိုးသွားလည်းရပါတယ် ရိပေါ်ရယ်"

"ကောက ကျွန်တော့်အပိုင်လေ မရဘူး အခုလို
ပဲသွားမှာ"

ရှောင်းကျန့် ဘာမှဆက်မပြောတော့ပေ
သူလုပ်ချင်ရာ လုပ်နေတဲ့ ရိပေါ်လေး

ကုန်တိုက်ထဲရောက်တော့ ရှောင်းကျန့်
စားစရာတန်းဘက်ကိုလျှောက်သွားတယ်...

အိမ်ကရေခဲသေတ္တာထဲ ဘာလိုနေမှန်းမသိရလေ
အောင် ရေးကြီးသုတ်ပြာနေတဲ့ ရိပေါ်ကြောင့်
မှန်းသာဝယ်လိုက်တယ်

တဆိတ် ဝမ်ရိပေါ် ဘယ်ရောက်သွားတာလဲ

သူ့ဘေးမရှိတော့တဲ့ ရိပေါ်
စားစရာတန်းထိ ပါမလာတာလား
သူ့လက်ထဲရှောင်းကျန့်လက် ဆုပ်ကိုင်ထားတာ
တောင် ရိပေါ်ဘယ်ရောက်သွားသလဲ

ရှောင်းကျန့် လက်ထဲဝယ်ထားတာတွေပြန်ချ
ရိပေါ်ကို ရှာပုံတော်ဖွင့်ရအုန်းမည်

ဖုန်းဆက်ဖို့ကျလည်း ဖုန်းပါ ပါမလာ
လူကို ဒုက္ခရောက်အောင် လုပ်သွားတယ်

လှမ်းအော်ရမလား လုံခြုံရေးကို အော်ခိုင်း
လိုက်ရမလား

ရှောင်းကျန့် ထူပူနေပြီ
ဒီအရွယ်မှ လူပျောက်​ရှာခိုင်းရအောင်လည်း
သူများကြားရင် ရယ်ချင်စရာ

"ဝမ်ရိပေါ် လာပါစေအုန်း ဘယ်ရောက်သွားတာလဲ "

ရှောင်းကျန့် ကလေးပစ္စည်းတွေရောင်းတဲ့
နေရာကိုရောက်လာသည်

ဒီတစ်နေရာပဲ ဝမ်ရိပေါ်ကို ရှာစရာ
ဒီတစ်နေရာပဲ ကျန်တေ့ာတယ်

အခုချိန် ဘာကိုဒေါသအထွက်ဆုံးလည်းဆိူရင်
ဒီကုန်တိုက်ကိူ သူများထက်ကြီးအောင်
ဆောက်ခဲ့တဲ့ လူကိုပဲ

"အား ဝမ်ရိပေါ် မင်း တွေ့ပါစေအုန်း"

တကယ်လည်း ဝမ်ရိပေါ်ရယ်ပါ
ကလေး အာဟာရမှုန့်တန်းနား ဝေ့လည်ကြောင်
ပတ်လုပ်နေတဲ့ ဝမ်ရိပေါ်

နေပါအုန်း သူနဲ့ ဒီနေရာနဲ့ ဘာဆိုင်လို့လဲ

ရှောင်းကျန့် ဝမ်ရိပေါ်ဆီ လျှောက်သွားသည်။

"ဝမ်ရိပေါ် မင်းကို ငါဘယ်လောက်ရှာလိုက်ရလဲ
မင်းသိလား မင်း"

ရှောင်းကျန့် မျက်နှာရှေ့ ထိုးပြလာတဲ့ အရာတစ်ခု
ဝမ်ရိပေါ်လက်ထဲက နို့ဖူးလေး သေချာပြောရရင်
ကလေးတွေသောက်တဲ့နို့ဗူး

ဝမ်ရိပေါ် ဘာတွေလုပ်ပြန်ပြီလဲ

"ဘာလဲ"

"ကော ဒါကိုကြည့်စမ်း"

"နို့ဗူးလေ"

"အင်း သိတယ်လေ နို့ဗူး"

အတည်ကြီးပြောတော့မယ် ဝမ်ရိပေါ်
ဒီအရွယ်ရောက်မှ နိူ့ဗူးစိတ်ဝင်စားနေတာလား

ရှောင်းကျန့် ခေါင်းကုတ်မိတော့သည်။

"ရိပေါ်!"

နိုးဗူးအသေးလေးကို ဖင်တပြန် ခေါင်းတပြန်
စစ်ဆေးနေတဲ့ ရိပေါ် ဟာ ကမ်ဘာကြီးနဲ့ အဆက်သွယ်ပျက်နေသည့်အလား...။

ဘာလို့အဲ့လောက် စိတ်ဝင်စားသွားရတာလဲ

"ကော ဒါလေးဝယ်ရအောင်"

"ဝမ်ရိပေါ် မင်း အဲ့နို့ဗူးကို ဘာလုပ်အုန်းမလို့လဲ"

ရိပေါ်ဟာ ရှောင်းကျန့်မျက်နှာကို ကြည့်ပြီး
အတည်ကြီးပြောချတော့မယ်

"ကလေးယူရအောင်"

"ဘာ!!"

"အာ ဒီလိုလေ ကျွန်တော်တို့ ကလေးထပ်မွေးစား
ရအောင်"

"အဲ့ နို့ဗူးကို ပြန်ချထားလိုက်
မင်းနဲ့မဆိုင်ဘူး အခုချထား!"

ရှောင်းကျန့် ရိပေါ်ကြောင့် သွေးပါဆောင့်တက်ချင်
လာပြီ

" ဒါမှ မဟုတ် နို့ဗူးကို ရှောင်းကျန့်အတွက်
ဝယ်လိုက်မလား"

"မင်း စိတ်ကောမှန်သေးလား ရိပေါ်"

"အင်းလေ ကျွန်တော်က တိုက်ကြည့်ချင်လို့လေ"

"တော်တော့ မင်းလက်ထဲက နို့ဗူးကိုချလိုက်
ဝယ်စရာရှိတာဝယ်ရမယ်"

" ရှောင်းကျန့်ကလည်း"

"တော် နို့ဗူး ကိစ္စဒီမှာရပ် အခုရပ်"

ဘယ့်နှယ် သူလုပ်မှ ကိုယ်က ကလေးလို
နို့ဗူးစို့ပြရမယ့် ကိန်းဆိုက်နေပြီ

"ထားလိုက်လို့ပြောနေတယ်လေ"

နှမြောတသ ဖြစ်နေတဲ့ ရိပေါ်ဟာ နို့ဗူးလေးကို
စင်ပေါ် ပြန်ထားလိုက်တော့တယ်

"သွားမယ်"

" ရှောင်းကျန့်"

"ဘာလဲ ဘာလုပ်အုန်းမလို့လဲ"

"မဟုတ်ပါဘူး လာ သွားမယ်"

တစ်ဖန်ဆုပ်ကိုင်လာတဲ့ ရိပေါ်ရဲ့ လက်တွေ

ရှောင်းကျန့် ရိပေါ်ရဲ့ လက်ကို ပြန်ဆုပ်ကိုင်
လိုက်တယ်

ဒီတစ်သက် အိမ်တော့ ပြန်ရောက်မှာပါ...။

အခန်းထဲမှာဖုန်းဆက်နေတဲ့ရိပေါ်က
အခုထိထွက်မလာသေး

နို့ဗူးကိစ္စမေ့လောက်ပါပြီ

အခန်းတံခါးမခေါက်ဘဲဝင်သွားတော့

"အကို အကိုတို့ကလေးယူကြ "

သောက်ပလုတ်တုတ် !!

ရှစ်ရွှင်း ရှိသမျှ ဘုရားတွေတသွားမိတယ်

"ခွေးကောင် မင်းဘာတွေပြောနေတာလဲ"

"ကျနော် ကလေးကိုနို့ဗူးတိုက်ချင်လို့ "

"ဟ မင်းဘာသာယူပါလား
ဘာလို့ငါတို့ကိုဆွဲထည့်နေရတာလဲ "

စိတ်ဆိုးကာ ဖုန်းချသွားလေသည်

ရိပေါ်ကတော့ကြက်ကြီးလည်လိမ်နေသလို
မှိုင်နေသည်

"ရိပေါ် မင်းအခုထိနို့ဗူးကိုလက်မလျော့သေးတာလား"

"အားလီနဲ့အားယွမ် ကိုသွားတိုက်လို့မှမရတာ
သူတို့ကအလယ်တန်းတောင်ပြီးတော့မယ် "

"ကလေးထပ်မွေးစားကြမလား အဲ့ဒါဆိုလည်း"

"မမွေးစားချင်တော့ဘူး
ကျနော့်ရဲ့သား၃ယောက်နဲ့တင်တော်ပါပြီ"

"ဘယ်ကနေ၃ယောက်ဖြစ်သွားတာလဲ "

"ကောလည်းပါတယ်လေ "

"မင်း!!"

"စတာပါ နို့ဗူးကချစ်ဖို့ကောင်းလို့
ကလေးတွေဘယ်လိုသောက်လဲသိချင်တာပါ "

"မင်းသောက်ကြည့်လေ တော်တော်ချစ်ဖို့ကောင်းနေမှာပဲ
သွားရေခံပန်းရောင်လေးတပ်ပေးမယ်
ချိုလိမ်လေးရောပဲ ပြီးရင်ကလေးတွေအိပ်တဲ့ခြင်းထဲ
ထည့်ပေးထားမယ် မြင်ယောင်ကြည့် ငါ့ကလေးလေးချစ်ဖို့ကောင်းနေပြီ"




"ရှောင်းကျန့်!!!!"

"မြင်ယောင်ကြည့်ခိုင်းတာ အော်မနေနဲ့
ကလေးတွေအိပ်နေပြီ "

မကျေမချမ်းတဲ့အကြည့်တွေနဲ့
တစ်ဖက်ကိုလှည့်အိပ်သွားတဲ့ရိပေါ်

သူ့ရဲ့ကလေးကြီးကစိတ်ကောက်သွားလေပြီ

ရှောင်းကျန့်ရယ်ပြီး
အိပ်ဖို့ကုတင်ပေါ်တက်လာသည်

တစ်ဖက်ကိုလှည့်ထားတဲ့သူက
ရှောင်းကျန့်ဘက်ကိုမျက်နှာမူလာသည်

ရိပေါ်စိတ်ဆိုးနေပေမဲ့လည်း
ရှောင်းကျန့်ကိုရင်ခွင်ထဲထည့်သိပ်ဖို့ကိုတော့မမေ့ပေ။












May 21 2020 
© 梅花 白,
книга «DEFINE!».
Коментарі