Episode - 0
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 16
Episode - 17
Episode - 18
Episode - 19
Episode - 20
Episode - 21
Episode - 22
Episode - 23
Episode - 24
Episode - 25
Episode - 26
Episode - 27
Episode - 6
FIA GT CHAMPIONSHIP
ပြိုင်ပွဲနေ့..

အပျော်တမ်းစီးလာတဲ့ဆို်င်ကယ်က
တကယ့်ပြိုင်ပွဲတစ်ရပ်လိုဖြစ်လာတော့
ရိပေါ်စိတ်တွေလှုပ်ရှားနေမိတယ်..

Zhuhai Circuit တွေကသူနဲ့သိပ်မစိမ်းပေမဲ့
အနည်းငယ်တော့တုန်လှုပ်နေတယ်

အချိုးအကွေ့နည်းတဲ့ပတ်လမ်းဖြစ်တာကြောင့်
ဂီယာနံပါတ်၅ ၆နဲ့ထွက်လေ့ရှိတဲ့သူ့အတွက်အဆင်ပြေတယ်

ပြိုင်ပွဲဝင်တွေကိုတစ်ယောက်ချင်းမေးမြန်းနေတယ်
ရိပေါ်ကယုံကြည်မှုအပြည့်ဖြည့်ထားတယ်
အကိုနဲ့လုဟန်ကောကလည်း
ပွဲကြည့်စင်မှာရှိနေတယ်

ဒါကသူ့အတွက်အားဆေးလိုပဲ..
အင်း.သူကတော့ ထားလိုက်ပါ
ပြိုင်ပွဲကိုအာရုံစိုက်ရအောင်

အင်တာဗျူးကိုလိုရင်းပဲဖြေတယ်
သူကလူသစ်ဖြစ်နေပြီးအငယ်ဆုံးဖြစ်နေတာကြောင့်
လူအများအာရုံစိုက်နေမှန်းသိပေမဲ့လည်း
အရေးမပါတာတွေမေးရင်မဖြေဘူး

"ဝမ်ရိပေါ်ဒီပြိုင်ပွဲအတွက်စိတ်လှုပ်ရှားနေလား"

"အနည်းငယ်ပဲ အဲ့ထက်တော့မပိုပါဘူး"

မေးတဲ့သူကအင်တင်တင်ဖြစ်သွားပေမဲ့လည်း
နတ်သားလေးလိုချောနေတဲ့သူကြောင့်ခွင့်လွှတ်ပေးလိုက်တယ်

ရိပေါ်.သူနေရာမှာသူထိုင်နေတယ်
Helmetကိုပြောင်နေအောင်သုတ်ပြီး
ခပ်ဖွဖွနမ်းလိုက်ပြီး
သေချာဆောင်းလိုက်တယ်

Yamahaအသင်းကလူ​တွေကရိပေါ်ကို
အားပေးကြတယ်

စထွက်သွားတဲ့ဆိုင်ကယ်အသီးသီး
Round တစ်ခုပြီးတစ်ခုအေးဆေးဖြတ်ကျော်နေတဲ့
ရိပေါ်..

နောက်ဆုံးRound4 မတိုင်ခင်
Round3မှာဘေးဘက်ကိုထိုးရပ်လိုက်တဲ့ရိပေါ်
Helmetကိုမချွတ်ဘဲဆိုင်ကယ်ကိုသာငေးကြည့်နေတယ်

ဘေးမှာရှိနေတဲ့သူတွေကအပြေးလာကြတယ်
သေချာစစ်ဆေးတော့ဘီးပေါက်သွားတာ
ဒါကဖြစ်ခဲတဲ့ကိစ္စ
ဒီထက်စောမသိဘဲဆက်မောင်းနေမယ်ဆိုရင်
အသက်ပါပါနိုင်တယ်

ရိပေါ်.သူနေရာကိုသာဦးတည်ပြီးသွားနေတယ်
သူ့နေရာလည်းရောက်ရောHelmetကိုမချွတ်ဘဲ
ဆိတ်ဆိတ်နေနေတယ်

Yamahaအသင်းကလူတွေက
ရိပေါ်ဆီရောက်လာပေမဲ့
ခပ်တိုးတိုးကြားရတဲ့ငိုသံကြောင့်
ဆက်မတိုးဘဲအဝေးကနေကြည့်နေတယ်

ပွဲကြည့်စင်ကနေဆင်းလာတဲ့ရှစ်ရွှင်းက
ရိပေါ်ဆီရောက်လာတယ်
ဒီကလေးသူအရမ်းမျှော်လင့်ထားတဲ့အရာ
ပျက်သုန်းသွားလို့ကြေကွဲနေတာ

ရှစ်ရွှင်း ရိပေါ်နားရောက်လာပေမဲ့

"အကို..ကျနော့်ကိုခဏလောက်လွှတ်ထားပေးပါ.."

ပြိုင်ပွဲမှာ Tracer85ကဆက်လက်မပါခဲ့ဘူး
ရိပေါ်သူမျှော်လင့်ထားသမျှပျက်စီးသွားလို့
စိတ်တွေပြိုလဲနေပေမဲ့
ထပ်ပြီးယှဉ်ပြိုင်လို့ရသေးတာပဲဆိုပြီး
စိတ်ကိုတင်းလိုက်တယ်..

သူကစိတ်ဓာတ်ကျလွယ်တဲ့သူမဟုတ်ဘူး

အဝတ်အစားလဲပြီးပြိုင်ပွဲနေရာကနေထွက်လာတယ်
အကိုကိုစိတ်မပူဖို့ဖုန်းဆက်ထားတယ်

စိတ်ပြေလက်ပျောက်သူလျောက်သွားနေတာ
ဦးတည်ချက်မရှိဘဲနဲ့။

ရှောင်းကျန့် ဆေးရုံကနေပြန်လာနေတယ်
ဆေးရုံကနပ်စ်မလေးတွေကငိုနေကြတယ်
Tracer85လေးကိုသနားလို့တဲ့

သူလည်းသိချင်လို့မေးကြည့်ဖို့ကြံပေမဲ့လည်း
မေးရတာသူ့အကျင့်မဟုတ်တာကြောင့်
အသာလေးငြိမ်ပြီးနားထောင်နေခဲ့တယ်

ဘေးလွယ်အိတ်လေးလွယ်ပြီး
လမ်းလျောက်လာတဲ့သူ
သူအိမ်ကိုသွားဖို့ဘတ်စ်စီးရမှာ
မှတ်တိုင်မရောက်ခင်

ကောင်မလေးတစ်ယောက်ကိုအနိုင်ကျင့်နေတဲ့သူတွေ
ပိုက်ဆံအိတ်ကိုလုနေပုံရတယ်
ကောင်မလေးဘက်ကလည်းလျော့မပေး
ဝတ်စားပုံကခေတ်မှီပြီးတည်ငြိမ်တယ်
မိန်းမလှလေးပဲ

ရှောင်းကျန့်ကျော်သွားရမလား
ကူညီရမလားတွေဝေနေတယ်
သူကကူညီချင်ပေမဲ့ကြောက်ရွံနေတယ်

"ရှင်တို့လက်တွေဖယ်စမ်း"

ကြားလိုက်ရတဲ့မိန်းကလေးရဲ့ဒေါသသံ
ပိုက်ဆံအိတ်လုနေရာကနေဆွဲလားရမ်းလားလုပ်နေတယ်

ရှောင်းကျန့် ဝင်ကူညီဖို့ဆုံးဖြတ်လိုက်တယ်
မိန်းကလေးကိုသူ့ရဲ့အနောက်ကိုပို့လိုက်ရင်း
အရှေ့မှာဝင်ကာလိုက်တယ်

"မင်းကဘာလဲ"

"မိန်းကလေးတစ်ယောက်ကိုအခုလို
မပြုမူသင့်ဘူး"

"ဘာလဲဟ.ဒီကောင်က.."

ခပ်ထွားထွားလူကြီးတွေက
ရှောင်းကျန့်ကိုတွန်းထုတ်လိုက်တယ်

ယိုင်သွားတဲ့ကိုယ်ကိုပြန်မတ်ဖို့အချိန်ယူရတယ်
အားသန်လိုက်တဲ့လူတွေ
သူတို့နဲ့ ချရင်ငါအရိုးကျိုးမလားမသိ

"မင်းနဲ့ဘာဆိုင်လို့ဝင်ပါရတာလဲ "

"မသင့်တော်ဘူးထင်လို့.."

"သူရဲကောင်းကြီးပေါ့
သူရဲကောင်းကဘယ်လောက်တောင်
အစွမ်းအစတွေရှိနေလဲ"

ပြောပြီးတာနဲ့ရှောင်းကျန့်ထံရောက်လာတဲ့လက်သီးတစ်ချက်
ပုံခနဲလဲသွားတာပဲ
ဘာလို့ငါပဲအမြဲခံနေရတာလဲ

လဲကျသွားတဲ့သူကိုခြေထောက်တွေနဲ့ကန်ကျောက်ကြတယ်
ဗိုက်ကိုတစ်ချက်ပဲအကန်ခံလိုက်ရပြီး
ရှောင်းကျန့် မျက်လုံးတွေပြာသွားရတယ်

ဘာမှမစားရသေးပါဘူးဆို
ရှောင်းကျန့်မူးဝေလာရော

ပျံ့လွင့်နေတဲ့စိတ်တွေက
ဒီလူသားရှိရာမှာစုစည်းတယ်
မြင်တွေ့လိုက်ရတဲ့မြင်ကွင်းက
သူ့ရင်ဘတ်ကိုဓားနဲ့မွှန်းနေသလို

စိတ်ထက်ကိုယ်ကအရင်ရောက်သွားပြီး
အဲ့လူတွေကိုရှင်းပစ်လိုက်တယ်

ကိုယ့်ထက်အကောင်ကြီးတာလွဲရင်
ဘာမှမကျွမ်းတဲ့သူတွေကများ
ရိပေါ်တစ်ကိုယ်လုံးဒေါသစိတ်တွေ
ဖုံးလွှမ်းနေတယ်

လဲကျနေတဲ့ရှောင်းကျန့်ကို
မိန်းကလေးတစ်ယောက်ကပွေ့ထားတာတွေ့တော့
ရိပေါ်သူ့ကိုတွန်းထုတ်လိုက်တယ်

လဲကျနေတဲ့သူကထရောထနိုင်ရဲ့လား
တဟွတ်ဟွတ်အသံကိုကြားရတယ်
သတိမလစ်သွားတာကံကောင်းတယ်လို့ဆိုရမယ်

"အဆင်ပြေရဲ့လား"

ချိုင်းအောက်ကိုလက်လျိုလိုက်ပြီး
ရှောင်းကျန့်ရဲ့လက်ကိုပုခုံးပေါ်တင်လိုက်တယ်
အိတ်ကိုလည်ပင်းမှာစွပ်ပြီး
လက်တစ်ဖက်ကခါးကိုဖက်ထားတယ်

"အဟွတ်.."

"အိမ်ပြန်မှာမလား..ဆေးရုံပြမလား
အရိုးတွေရောထိသွားသေးလား"

"ငါ အဟွတ်.ဘာမှမဖြစ်ဘူး
အိမ်ပဲပြန်ချင်တယ်"

"ကျနော်တက္ကစီငှါးလိုက်မယ်
ကျနော့်ကိုမှီထား.မလဲစေနဲ့."

ရိပေါ်တက္ကစီကိုငှါးလိုက်ပြီး
ရှောင်းကျန့်ကိုသေချာထည့်ပေးပြီးသူပါ
လိုက်လာတယ်

ရှောင်းကျန့်အိမ်တံခါးလေးကိုဖွင့်လိုက်တယ်
သူနာနေတာလှုပ်တောင်မလှုပ်ချင်ဘူး
တွဲပေးနေတဲ့ကောင်လေးကြောင့်သာသွားနေနိုင်တာ
နောက်ဘယ်သူကိုမှမကူညီတော့ဘူး

ရိပေါ်ရှောင်းကျန့်ကိုသူ့အခန်းလေးထဲခေါ်သွားပေးတယ်
အကျႌတွေလဲဖို့မေးပြီး
အဝတ်အစားထုတ်ပေးလိုက်တယ်

သူဘာတွေလုပ်နေလဲသူသိပေမဲ့
ရိုးအေးလှတဲ့လူကတော့မသိဘူး

"ထမင်းစားပြီးပြီလား "

"ဟင့်အင်း.."

"ဆန်ပြုတ်သောက်မလား.ကျနော်မှာထားလိုက်မယ်"

"အွန်း.အွန်း."

အရိူက်ကိုထိသွားတာအီစိမ့်နေတာဘဲ
ဆန်ပြုတ်သောက်တာပဲကောင်းပါတယ်

ကောင်လေးထုတ်ပေးထားတဲ့အဝတ်အစားတွေကို
လဲဝတ်လိုက်တယ်
ခြေလက်ဆေးဖို့ကိုမေ့ပြီးအိပ်ရာပေါ်ခဏလှဲမိလိုက်တယ်

ခေါင်းအုံးနဲ့ခေါင်းထိတာနဲ့အိပ်ပျော်သွားတဲ့ရှောင်းကျန့်
သူဘာမှသတိမရတော့ဘူး
အိပ်မက်ကမ်ဘာလေးထဲလက်ပစ်ကူးနေတယ်

မှာထားတဲ့ဆန်ပြုတ်ရလို့
ပန်းကန်လေးထဲထည့်ပြီးယူလာတဲ့ရိပေါ်
ကုတင်သေးသေးလေးမှာစောင်ခြုံထားပြီး
မျက်နှာလေးပဲပေါ်တဲ့
အိပ်ပျော်သွားတဲ့ယုန်ဖြူလုံးကိုကြည့်ပြီး
ရယ်မိတယ်..

ပင်ပန်းနေတာပဲ..

ဖုန်တွေပေနေတဲ့လက်တွေရောဆေးရဲ့လားမသိ
ရိပေါ်ရေဇလုံလေးယူလာတယ်
ပုဝါတစ်ထည်လေးနဲ့အတူ

နှစ်ကြိမ်မျှသာရောက်ဖူးပေမဲ့
သူ့အိမ်လိုပဲရင်းနှီးကျွမ်းဝင်နေတယ်
စောင်အောက်ကလက်လေးနှစ်ဖက်ကို
ရေပတ်ဝတ်လေးနဲ့ဖွဖွလေးနဲ့သုတ်ပေးနေတယ်

သူ့လက်ထဲမှာအံဝင်ခွင်ကျဖြစ်နေတဲ့လက်လေး
လက်သည်းကိုတိတိရိရိညှပ်ထားတဲ့ပုံ
လက်ချောင်းသွယ်မယောင်ယောင်လေးတွေက
မြတ်နိုးမှုအတိ

ခြောက်တဲ့အမွှေးနုပုဝါလေးနဲ့ရေတွေသုတ်ပေးပြီး
လက်ဖမိုးထက်အနမ်းချွေမိတယ်

ဒီနေ့လိုအဖြစ်မျိုးဘယ်တော့မှထပ်မဖြစ်စေရဘူး




November 25 2019
© 梅花 白,
книга «DEFINE!».
Коментарі