Episode - 0
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 16
Episode - 17
Episode - 18
Episode - 19
Episode - 20
Episode - 21
Episode - 22
Episode - 23
Episode - 24
Episode - 25
Episode - 26
Episode - 27
Episode - 16
Side Story - 1



ရှောင်းကျန့် ရိပေါ်ဖိတ်ထားလို့
FIAပွဲကိုသွားဖို့ပြင်နေတယ်

သူ့ကလေးလေးရိပေါ်သာပြိုင်ပွဲမှာနိုင်သွားရင်
ဂုဏ်ပြုဖို့ ပန်းစည်းလေးဝယ်ဖို့တွေးလိုက်တယ်

လာတဲ့လမ်းတစ်လျောက်မှာ
ပန်းဆိုင်တွေကိုရှာနေတယ်..

ပန်းဆိုင်ကိုတွေ့တော့
သူဘာပန်းဝယ်ရမလဲစဥ်းစားရပြန်တယ်

အရောင်စုံတဲ့ပန်းတွေကြား
ရှောင်းကျန့်ကပန်းခူးမယ့်လူတစ်ယောက်လို

ပန်းတွေကိုရပ်ကြည့်တာဘယ်လောက်ကြာသွားမှန်းမသိ
သူဘဘောကျတဲ့ပန်းမတွေ့ပေ

ပြန်ထွက်ဖို့ပြင်နေပေမဲ့
တံခါးထောင့်မှာရှိနေတဲ့ပန်းတွေက
သူ့အာရုံတွေကိုဖမ်းစားတယ်

"အကို ဒေစီပန်းတွေကိုသဘောကျလို့လား."

"ဒါကဒေစီလား.."

ဝတ်ဆံအဝါကိုမှဘေးကပွင့်ဖတ်တွေကအဖြူ
သူ့မျက်လုံးထဲရိုးရိုးရှင်းရှင်းလှနေတယ်

"ဟုတ်တယ် အကို ဒီပန်းလေးရဲ့အဓိပ္ပါယ်၃မျိုးရှိတယ်"

"အင်း.."

"သူက ဖြူစင်ခြင်း ရယ်
ငယ်ရွယ်ခြင်းကိုကိုယ်စားပြုတယ်လို့ဖွဲ့ဆိုလိုရတယ်
နောက်ဆုံးအဓိပ္ပါယ်ကတော့
နည်းနည်းလေးဝမ်းနည်းစရာတော့ကောင်းတယ်"

"ကျနော့်ကိုဒါလေးတစ်စည်းလောက်ထုတ်ပိုးပေးပါ.."

"ဟုတ်ကဲ့ အကို..
နောက်လည်းလာအားပေးပါဦး."

ရှောင်းကျန့်ပန်းစည်းကိုကြည့်ရင်း
နောက်ဆုံးအဓိပ္ပါယ်ကိုတွေးနေတယ်

"မင်းကိုဘယ်တော့မှပြောပြမှာမဟုတ်ဘူး..."

အဓိပ္ပာယ်ကဝမ်းနည်းစရာကောင်းလိုက်တာ
ဒါပေမဲ့သူနဲ့တိုက်ဆိုင်နေတယ်လို့ခံစားရတယ်

ပန်းစည်းလေးကိုတစ်လှည့်ရိပေါ်ကိုတစ်လှည့်
သူကြည့်နေမိတယ်

တကယ်လို့ငါ့ရဲ့​မြတ်နိုးမှုတွေကိုမပြောပြလည်း
အရာရာအဆင်ပြေတာပဲ

ဒီတိုင်းလေးကပိုပြီးတော့တန်ဖိုးရှိပါတယ်

အချစ်ရဲ့အဓိပ္ပါယ်ကိုမြတ်နိုးခြင်းလို့ဖွဲ့ဆိုမယ်
ဒေစီပန်းတွေနဲ့အတူပေါ့

ငါ့ရဲ့မြတ်နိုးခြင်းတွေကရပ်တန့်မှာမှမဟုတ်တာ
ဖွင့်မပြောရင်နှစ်ဦးနှစ်ဖက်အဆင်ပြေရတာပေါ့

လိင်တူလက်မခံတဲ့နိုင်ငံမှာလည်း
သူ့ရဲ့ကလေးကိုအရှက်မရစေချင်ဘူး

ခက်လိုက်တာရှောင်းကျန့်ရယ်
မင်းကိုဟိုကချစ်ပါတယ်လို့တောင်မပြောဖူးဘဲနဲ့

ရှောင်းကျန့်ပြုံးပြီးတော့သာ
ရိပေါ်​ပြိုင်ပွဲကိုသာကြည့်နေတယ်

နောက်ဆုံးသူ့ကလေးလေးနိုင်သွားတယ်..

ဒေစီပန်းတစ်စည်းကိုအပြုံးပန်းတွေနဲ့ပေးတယ်

"ပထမဆုရလို့ဂုဏ်ပြုပါတယ် ရိပေါ်"



May 6 2020
© 梅花 白,
книга «DEFINE!».
Коментарі