Episode - 0
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 16
Episode - 17
Episode - 18
Episode - 19
Episode - 20
Episode - 21
Episode - 22
Episode - 23
Episode - 24
Episode - 25
Episode - 26
Episode - 27
Episode - 12

ဒေါက်တာရှောင်လေးကလူနာတွေကြားထဲ
ပြေးလွှားနေတယ်

အလုပ်သင်ဆရာဝန်လေးကအပြေးအလွှားလာကာ
ဆေးရုံအုပ်ခေါ်ကြောင်းပြောတယ်

ထူးဆန်းလိုက်တာ
ငါဘာအပြစ်မှမလုပ်ထားပါဘူး ဘာကြောင့်ပါလိမ့်
ဆေးရုံအုပ်ဆိုတော့ဘေးမှာလုဟန်ကောရှိမှာပဲ

ငယ်ငယ်လေးနဲ့ထန်းယွဲ့ဆေးရုံကိုတည်ထောင်နိုင်သော
ဆေးရုံအုပ်ရှစ်ရွှင်းကိုသူတကယ်လေးစားပါတယ်

မျက်နှာထားတည်ပေမဲ့သဘောကောင်းတယ်လို့
လုဟန်ကောကအမြဲပြောတယ်
ထားပါတော့လေ ငါ့ကိုခေါ်တယ်ဆိုတော့သွားရမယ်

ဆေးရုံအုပ်ဖြစ်တဲ့ရှစ်ရွှင်းဆီ
ရှောင်းကျန့်လာနေတယ်..

အခန်းထဲရောက်တော့
အေးစက်တည်ငြိမ်တဲ့မျက်နှာနဲ့လူတစ်ယောက်ကိုတွေ့တယ်
သူ့ကိုမြင်ရတာ ဝမ်ရိပေါ်ကိုမြင်နေရသလိုပဲ

ဘေးနားကနွေဦးလိုမျက်နှာနဲ့လုဟန်ကောရှိတယ်

"ဆေးရုံအုပ် ကျနော့်ကိုခေါ်တယ်ဆိုတာ."

"ထိုင်ပါဦး..ကော်ဖီသောက်ဦးမလား"

"ရပါတယ်.."

"နောက်တစ်ပတ်နေရင်နယ်ဘက်ကို
ကုသရေးဆင်းမယ်အဖွဲ့ထဲမှာ ဒေါက်တာရှောင်နဲ့မတည့်တဲ့
သူများပါလား"

"ကျနော်နဲ့မတည့်တဲ့သူမရှိပါဘူး
အထင်လွဲနေတာဖြစ်ပါလိမ့်မယ်.."

"လောင်ဝမ် ဒီကိစ္စကဒီတိုင်းမေးလို့မှမရတာ
ဒေါက်တာရှောင်အခုလိုကြုံနေရတာအမြဲလိုပဲဟာကို"

"လုဟန်ကောပြောတာတော့ဟုတ်တယ်
ကျနော်ကိုဒါမျိုးအရင်ကလည်းကြုံခဲ့ဖူးပါတယ်"

"ဟုတ်ပါပြီ. ကျနော်ကခေါ်မေးကြည့်တာပါ
အခုတလောနားရက်လည်းမရသေးဘူးမလား
နားရက်ပါယူသွားနော် ဒေါက်တာရှောင်"

"ကျေးဇူးတင်ပါတယ် ဆေးရုံအုပ်"

"ဒါနဲ့မေ့တော့မလို့.."

"ဘာများလဲ လောင်ဝမ်."

"ဒီတစ်ခေါက်တွေ့ဆုံပွဲမှာဆရာဝန်တစ်ချို့ပါလိုက်ရမှာလေ
ဒေါက်တာရှောင်ကိုခေါ်သွားရင်အဆင်ပြေမလားလို့
ဒေါက်တာရွှမ်ကျသူအဆင်မပြေမှာစိုးရတယ် "

"ကျနော်အားပါတယ်..ဆေးရုံအုပ်သွားမယ့်နေ့ကိုသာ
ကျနော့်ကိုအကြောင်းကြားလိုက်ပါ."

စကားပြောနေတဲ့အချိန်အတွင်း
တံခါးခေါက်သံနဲ့အတူ

"အကို ကျနော်နဲ့ညစာစားဖို့"

ရိပေါ်ဝင်လာလေတယ်

ရှောင်းကျန့်မျက်မှောင်တွေကြုံကုန်တယ်

ဝမ်ရှစ်ရွှင်း ဝမ်ရိပေါ်
ညီအကိုတွေ
တုံးအပြန်ပြီ ငါတော့

"ဒါဆို သွားခွင့်ပြုပါဦး "

"ကောင်းပါပြီ"

ထွက်သွားတဲ့ရှောင်းကျန့်ကိုကြည့်ရင်း
ဝမ်ရိပေါ် ကြောင်တောင်တောင်ဖြစ်နေတယ်

"ရိပေါ် မင်းသူ့ကိုမပြောပြထားဘူးလား"

"အကိုလည်းသိရဲ့သားနဲ့ သူကငပိန်းလေးပါဆို"

လုဟန်ကောကတော့ပွဲကြည့်ပရိသတ်

"ဒါနဲ့ မင်းကငါနဲ့ညစာစားမလို့လား
ထူးထူးဆန်းဆန်း "

"အကိုရာနောက်မနေပါနဲ့
ပြိုင်ပွဲမပြိုင်ခင်အကိုနဲ့ညစာစားချင်လို့ကို"

"အခုတလောမင်းပျောက်နေတာ
ပြိုင်ပွဲအတွက်လား."

"ဒါပေါ့ နောက်၂ရက်နေရင်ပြိုင်ရတော့မှာ
ဘာပေးမှာလဲ"

"ငါကဘာပေးရမှာလဲ ကုမ္ပဏီထောင်ပေးထားတယ်လေ
ဘာလိုချင်သေးတာ​တုန်း"

"ဘာမှမလိုချင်ပါဘူး
ကျနော့်ရဲ့Chefအစွမ်းပြဖို့လာခေါ်တာ
လုဟန်ကောလိုက်ခဲ့ကျနော်နဲ့
အရသာလာမြည်းပေးဦး"

"အကိုကတော့အလုပ်ပြီးမှလာခဲ့
လာ လုဟန်ကော ဟင်းသွားချက်ကြအောင် အိမ်မှာ"

ရိပေါ် စားဖိုမှူးသင်တန်းတက်ကတည်းက
ဒိုင်ခံမြည်းပေးနေရသောလုဟန်လေး
ဆိုးဝါးတဲ့အရသာတွေကြောင့်
ပန်းကမ်ဘာတွေထဲအလည်ရောက်ရပေါင်းမနည်းတော့ဘူး

ရှစ်ရွှင်းကမနိုင်ဘူးဆိုတဲ့အကြည့်နဲ့ရယ်နေတယ်

ရိပေါ်နဲ့လုဟန်ထွက်သွားတာကို
ရှောင်းကျန့်ကြည့်နေတယ်

ဒါဆို Tracer85ကလည်း ရိပေါ်ပဲထင်တယ်
ငါမသိသေးတာတွေတော်တော်များတာပဲ
နားရက်ရတာနဲ့အိမ်ကိုပြန်လာတယ်

လုပ်စရာတွေသိမ်းကြုံးလုပ်ပြီးတော့
သူနဲ့မသက်ဆိုင်တဲ့webioအကောင့်ကိုဖွင့်ဖို့ကြိုးစားတယ်

ငါကဘယ်လိုနာမည်ပေးရမလဲ..
တစ်ညလုံးလူးလှိမ့်စဉ်းစားနေရင်း
ဟုတ်ပြီ..ဒီနာမည်ပဲကောင်းတယ်

肖战DAYTOY မဆိုးဘူး

Webio search listထဲဝင်ပြီး
Tracer 85ကိုရိုက်ရှာတယ်

ချစ်စဖွယ်ကောင်လေးရဲ့ပုံလေးတွေကအော်တိုကျလာတယ်

ချစ်စရာကလေးလေး
တော်တော်တော်တာပဲ

Shampooလည်းကြော်ငြာဖူးတာပဲ
မတော်တဲ့နေရာမရှိဘူး
ဘေးကtagတွဲထားတဲ့အကောင့်လေးကိုကြည့်တော့

@UNIQ王一博
Wallတစ်ခုလုံးကိုမွှေနှောက်ကြည့်တော့
ဆိုင်ကယ်ပုံစကိတ်ပုံတွေကလွဲပြီး
ဘာမှထွက်မလာဘူး.

Follow လေးကိုနှိပ်ပြီးရှောင်းကျန့်အိပ်ဖို့ပြင်တယ်
သူသတိမထားမိတဲ့ဝမ်ရိပေါ်ရဲ့ပထမဆုံးတင်ဖူးတဲ့ပို့စ်လေးကတော့ မျက်နှာငယ်နေတယ်

Chef ရိပေါ်ရဲ့ချက်ကျွေးမှုကဒီတစ်ခါ
အောင်မြင်တယ်ဆိုကမယ်
ရှစ်ရွှင်း နဲ့လုဟန်ကလက်မတစ်ထောင်ထောင်နဲ့ချီးကျူးတယ်

ကော်လံကိုဖြန့်ပြီးဂုဏ်ယူနေတဲ့ပုံမဲ့ဝမ်ရိပေါ်

"ပြိုင်ပွဲနေ့ကျရင်လာအားပေးမှာလား"

ဂရုမစိုက်ဘဲခေါင်းမဖော်တမ်းထမင်းစားနေကြ

"လုဟန်ကော.. အကို"

မကြား....

ဟင်းပန်းကန်တွေဆွဲသိမ်းမှ

"ငါ့ညီလေးကလည်းကြားပါတယ်
စားနေတဲ့ဟာကိုမသိမ်းပါနဲ့"

"ကြားရင်ပြီးတာပဲ..ဒါနဲ့
ရှောင်းကျန့်ကိုဘယ်ခေါ်သွားမလို့လဲ"

"ဒီတစ်ခေါက်ဆေးဝါးအသစ်မိတ်ဆက်ပွဲလေ
ဟန်ကိုခေါ်ဖို့အဆင်မပြေလို့
ဟန်ကဆေးရုံကိုကြည့်ရမယ်လေ"

လုဟန်ကကြားထဲကခေါင်းတညိမ့်ညိမ့်

"အင်း ကျနော်ပြိုင်ပွဲတော့လာကြည့်လေ
ပွဲကညနေမှမလား သူ့ပါခေါ်ခဲ့"

"ထမင်းစားနေတယ်စကားမပြောပါနဲ့.."

"အိုကေ.."

ရိပေါ်နို့တစ်ဘူးယူပြီး
အခန်းထဲတက်လာတယ်

Webioကိုဖွင့်တော့
肖战DAYTOY Follow youဆိုတဲ့စာတန်းကြီးက
အထင်းသား

ငါ့ရဲ့ယုန်ငပိန်းကသုံးလောက်လား
မသုံးလောက်ပါဘူး

အကောင့်ထဲမွှေတော့ဘာမှရှိမနေ
အထူးအဆန်းမလုပ်ဘဲဖုန်းပိတ်ပြီး
အိပ်စက်ခြင်းသို့....





May 3 2020
© 梅花 白,
книга «DEFINE!».
Коментарі