အိတို
အိတို (၀၁)
အိတို (၀၂)
အိတို (၀၃)
အိတို (၀၄)
အိတို (၀၅)
အိတို (၀၆)
အိတို (၀၇)
အိတို (၀၈)
အိတို (၀၉)
အိတို (၁၀)
အိတို (၁၁)
အိတို (၁၂)
အိတို (၁၃)
အိတို (၁၄)
အိတို (၁၅)
အိတို (၁၆)
အိတို (၁၇)
အိတို (၁၈)
အိတို (၁၉)
အိတို (၂၀)
အိတို (၂၁)
အိတို (၂၂)
အိတို (၂၃)
အိတို (၂၄)
အိတို (၂၅)
အိတို (၂၆)
အိတို (၂၇)
အိတို (၂၈)
အိတို (၂၉)
အိတို (၃၀)
အိတို (၃၁)
အိတို (ဇာတ္သိမ္း)
အိတို (၀၁)
အိတို🐻01
Zawgyi

"အိတို ...... ဝအိတို ..."

ေျခတံတို ျဖဴျဖဴတုတ္တုတ္ေလးေတြနဲ႕ ကေလးေလးတစ္ေယာက္က အိပ္ခန္းထဲမွာပတ္ေျပးေနတယ္။ လက္ထဲမွာ သူႀကိဳက္ ေလယာဥ္ပ်ံရုပ္ေလးကိုင္ထားျပီး ႏႈတ္ခမ္းေလးစူခြ်န္ျပီး ေလယာဥ္ေမာင္းတဲ့အသံေတြထုတ္လႊင့္ေနတယ္။

"အိတို ... dad ေခၚေနတယ္ေလ"

"dad ... ဝူး ... ဝူး ..."

ကေလးေလးက ေလယဥ္ပ်ံေလးကိုင္လ်က္သားနဲ႕ သူ႔ဒယ္ဒီဆီေျပးဝင္လိုက္တဲ့အခါ ႀကီးမားသန္မာတဲ့ လက္ေတြနဲ႔ အသင့္ေပြ႕ဖက္ျခင္းကိုခံလိုက္ရတယ္။

သံုးႏွစ္နဲ႔ရွစ္လရွိျပီျဖစ္တဲ့အိတိုေလးက စကားေျပာသိပ္မသြက္ေသးေပမယ့္ သူစိတ္ပါတဲ့အခါမ်ိဳးဆို စိတ္ပါလက္ပါနဲ႔တစ္လံုးခ်င္းေျပာတက္တဲ့အက်င့္ရွိတယ္။

အိတိုက သူ႔ဒယ္ဒီဝတ္ထားတဲ့ အက်ီၤအေရာင္ကိုႀကည့္ျပီး ေပ်ာ္ျမဴးကာ တခစ္ခစ္နဲ႔ထရယ္တယ္။ ျပီးတာနဲ႔ သူ႔ဒယ္ဒီမ်က္ႏွာကို ေဖာင္းေဖာင္းအိအိလက္ေလးမ်ားနဲ႕ကိုင္ျပီး ႏႈတ္ခမ္းေလစူကာ သူ႕ဒယ္ဒီႏႈတ္ခမ္းကို ျပြစ္ခနဲ ျမည္ေအာင္နမ္းျပန္တယ္။

"dad မုန္႕မုန္႔ ... ရုပ္ရုပ္ ...မာမား ... ဝယ္ေပးပါ"

အိတိုက သူ႔ပါးမို႔ႀကီးႏွစ္လံုးကို မနည္းအားျပဳျပီးလႈပ္ရွားကာ စကားကိုတစ္လံုးခ်င္းေျပာတယ္။

အိတိုေလးက ငလည္ေလး။

သူ႕ဒယ္ဒီ အက်ီၤအျဖဴမဝတ္ေတာ့တဲ့ရက္ဆို ေစ်းဝယ္ထြက္ႀကရေတာ့မယ္ဆိုတာကို အလိုလိုသိတယ္။

တစ္ခါတစ္ေလမ်ား အိတိုေလး ေစ်းဝယ္ထြက္ခ်င္ျပီဆို သူ႕ဒယ္ဒီဝတ္ထားတဲ့ အက်ီၤအျဖဴကို အတင္းခြ်တ္ခိုင္းေတာ့တာပဲ။

"အိတိုက ငလည္ေလးပါကြာ"

အိတိုေလးရဲ႕ဒယ္ဒီက အသည္းယားစရာေကာင္းေအာင္ မို႔အိလံုးတစ္ေနတဲ့ ပါးစံုႀကီးေတြကိုဆြဲညွစ္ပစ္လိုက္ခ်င္ေသာ္လည္း စိတ္ကိုမနည္းထိန္းကာ ႏွာေခါင္းျဖင့္သာ အားရပါးရနမ္းရွိုက္ပစ္လိုက္တယ္။

ေမြးကတည္းက ျပည့္ျပည့္ျဖိဳးျဖိဳးနဲ႕ အသားေလးေတြကလည္း အိစက္ျပီး နူးညံ့ေနတဲ့အျပင္ ခ်စ္စရာေကာင္းတဲ့ ေျခတံတိုေလးေတြနဲ႕ နီတာရဲေလးကို အသည္းယားလြန္းလို႕ အိတိုေလးရဲ႕ဒယ္ဒီက အိတိုေလးကို "ဝအိတို" ဆိုျပီး နာမည္ေပးခဲ့တာ။ အခုေတာ့ အလြယ္ေခၚရင္း အိတို ... အိတို ... ပဲေခၚျဖစ္ေတာ့တယ္။

အိတိုေလးရဲ႕ လံုးကစ္ကစ္ခႏၶာကိုယ္ေလးက ဒယ္ဒီျဖစ္သူရဲ႕လက္ေမာင္းထဲမွာ အံဝင္ခြင္က်ျဖစ္ေနတယ္။

အိတိုေလးကိုခ်ီျပီး အိမ္ေအာက္သို႕ဆင္းလိုက္တာနဲ႕ တစ္အိမ္လံုးက အလုပ္သမားေတြက အိတိုေလးကို ဝိုင္းႏႈတ္ဆက္ႀကေတာ့တာပဲ။

အိတိုေလးကျပန္ျပံဳးျပတာကိုျမင္လိုက္တိုင္း အားလံုးက မသိမသာနဲ႕ သူ႔တို႔လက္ကိုဆုပ္လိုက္မိႀကတယ္။

အဘယ့္ေႀကာင့္ဆိုေသာ္ စိတ္မထိန္းနိုင္ပဲ အိတိုေလးရဲ႕ပါးႀကီးေတြကို အသည္းတယားသြားဆြဲမိရင္ အိတိုေလးရဲ႕ ဒယ္ဒီ သူတို႕အလုပ္ရွင္ ကမၻာညိမ္းဆိုတဲ့လူရဲ႕ အေဟာက္အဟန္းကိုခံရမွာေသခ်ာတာေႀကာင့္ျဖစ္သည္။

"dad ... ခ်စ္ ... ခ်စ္တယ္ေနာ္"

ကားေနာက္ခန္းထဲမွာ အိတိုေလးရဲ႕အသံကခ်စ္စရာေကာင္းေအာင္ထြက္လာသည္။

ကားေခါင္းခန္းက ယာဥ္ေမာင္းဦးေလးႀကီးပင္ ထိုခ်စ္စဖြယ္အသံေလးကိုႀကားျပီး မျပံဳးပဲမေနနိုင္ေအာင္ျဖစ္ရသည္။

အိတိုေလးက သူ႔ဒယ္ဒီေပါင္ေပၚမွာ မတ္တက္ရပ္ေနရင္း မ်က္ႏွာကို လက္ႏွစ္ဖက္လံုးနဲ႕ကိုင္ကာ ပါးေတြေကာ နဖူးေတြေကာ နမ္းသည္။ ထို႔ေနာက္ ခ်စ္တယ္လို႔ေျပာသည္။

သိပ္မႀကာေတာ့တဲ့အခ်ိန္မွာ အခါတိုင္လိုပဲ အိတိုေလး ပူဆာလာေတာ့မည့္ အရာေႀကာင့္ အိတိုေလးရဲ႕ဒယ္ဒီခင္ဗ်ာ မ်က္ခံုးမ်ားလႈပ္လာသည္။

"dad ... မာမားလွလွလိုခ်င္တယ္ ... ဝယ္ေပး"

"မာမားလွလွေတြ႕တဲ့ခါ ဝယ္ေပးမယ္ ရုပ္ဆိုးႀကီးေတြေတာ့မရဘူးေနာ္"

"ဟုတ္ ... ကဲ့"

ဝမ္းသာအားရေခါင္းျငိတ္လိုက္တဲ့ အိတိုေလးက ေခါင္းကိုမနည္းျပန္ေထာင္ယူလိုက္ရတယ္။

ကားေပၚမွာေတာ့ အိတိုေလးရဲ႕ မာမားလွလွ ဆ္ိုတဲ့ အသံေလးက ပဲ့တင္ထပ္ေနခဲ့တယ္။

ကုန္တိုက္ႀကီးထဲေရာက္တဲ့အခါမွာေတာ့ အိတိုေလးက အခ်ီမခံေတာ့ပဲ သူ႔ဒယ္ဒီလက္ေပၚကေကာ့ဆင္းေတာ့သည္။

ဝက္ဝံရုပ္ဖိနပ္ေလးနဲ႔ ခ်စ္စရာေကာင္းေနတဲ့ ေျခေထာက္ေလးက ဦးတည္ခ်က္မသတ္မွတ္ထားပဲေျပးလႊားဖို႔သာ ျပင္ေနသည္။

အရပ္ရွည္လြန္းတဲ့ ကမၻာညိမ္းက အိတိုေလးလက္ကိုဆြဲဖို႔ ခါးကိုေတာ္ေတာ္ေလးကိုင္းေစာင္းေပးထားရတယ္။

လက္ဖဝါးျပင္ႀကီးထဲမွာ နစ္ျမုပ္ေနတဲ့လက္ေသးေသးေလးတစ္ဖက္က မႀကာခဏ ရုန္းထြက္ဖို႕ႀကိဳးစားေနတယ္။

"အိတို ေခ်ာ္လဲမယ္ေလ ျဖည္းျဖည္းေလ်ွာက္"

"dad ...... အိုက္ ခရင္ စားခ်င္တယ္"

အိတိုေလးစားခ်င္တဲ့ ေရခဲမုန္႕ဆိုင္ ေခၚသြားလိုက္ေတာ့ လက္ညိဳးေလးပုတိုေလးနဲ႕ မီႏူးထဲက ေရခဲမုန္႔ပံုေတြလက္ညိဳးထိုးျပေနတာ သံုးေလးခုမကေတာ့။

ေနာက္ဆံုး ကေတာ့နဲ႔ နို႔ေရခဲမုန္႔တစ္ခုလက္ထဲထည့္ေပးလိုက္တာေတာင္ေျခဖ်ားေလးေထာက္ျပီး ဆိုင္ထဲကို ထပ္ျပီးလွမ္းႀကည့္ေနေသးသည္။

အိတိုေလးကိုေရခဲမုန္႕ေကြ်းျပီးမွ အိတိုေလးအတြက္လိုအပ္တဲ့ ပစၥည္းေတြကို စတင္ဝယ္ယူလိုက္ႀကတယ္။

"အိတို ......"

အသံစူးစူးနဲ႕ အနားကိုေရာက္လာတဲ့မိန္းကေလးက အိတိုေလးပါးကိုဖ်တ္ခနဲလွမ္းဆြဲလာသည္။

"dad ...... "

နာက်င္သြားဟန္ရွိတဲ့ အိတိုေလးခင္ဗ်ာ မ်က္ႏွာေလးမဲ့က်လာျပီး သူ႕ဒယ္ဒီကိုအားကိုးတႀကီးေခၚေတာ့သည္။

"မိုးငယ္ ... ကေလးကိုအဲ့လိုမလုပ္ဖို႕ဘယ္ႏွစ္ခါေျပာရမလဲ"

"မိုးငယ္အသည္းယားလို႔ပါကိုကိုရဲ႕။
ဥံဳဖြေနာ္ တီတီေလးကခ်စ္လို႔ပါ အာဘြားျပန္ေပးမယ္ေနာ္"

အိတိုေလးပါးကို အသာအယာပြတ္ေပးျပီး အာဘြားေတြေပးကာျပန္ေခ်ာ့ေနတဲ့ ညီမတစ္ဝမ္းကြဲကိုႀကည့္ျပီး ကမၻာညိမ္းစိတ္ေလသြားသည္။

ဒီတူရီးႏွစ္ေယာက္ေပါင္းျပီး သူကို႔ႏွိပ္စက္ဦးမွာေသခ်ာသည္။

"တီတီ ... ေခ်ာ့ ... အိတို ... ပါး ... နာနာ"

လက္ေလးကို ဆုပ္လိုက္ျဖန္႕လိုက္လုပ္ျပေနတဲ့ အိတိုေလးက တီတီေလးနမ္းလို႕သူ႕ပါးနာသြားျပီ ျပန္ေခ်ာ့ပါေပါ့။

မိုးငယ္လည္း သူ႕တူေလးအေႀကာင္းအထာႏွပ္သည္။

"အမေလး တီတီေလးက အိတိုေလးကို ေခ်ာ့ရမွာေပါ့"

မိုးငယ္က ေျပာလည္းေျပာ တနင့္တပိုးလံုးကစ္ေနတဲ့ အိတိုေလးကိုေကာက္ခ်ီလိုက္သည္။

ထို႕ေနာက္ အရုပ္ဆိုင္သို႕ေခၚသြားေတာ့သည္။

ကမၻာညိမ္းတစ္ေယာက္ ညီမနဲ႕အိတိုေလး အေနာက္ကလိုက္သြားရင္း အလုပ္ကဖုန္းဝင္လာတာေႀကာင့္ မိုးငယ္ကို လက္ျပကာ ဖုန္းေျပာဖို႔ထြက္သြားခဲ့သည္။

မိုးငယ္နဲ႔အိတိုေလးကေတာ့ အရုပ္ဆိုင္ထဲကရွိသမ်ွအရုပ္ေတြကို တစ္ခုခ်င္းလိုက္ကိုင္ႀကည့္ရင္း အလုပ္ရႈပ္ေနသည္။

"မိုးငယ္ ..."

"ခြန္ ... ဒီကိုဘယ္လိုလုပ္ေရာက္ေနတာလဲ"

မိုးငယ္က သူရဲ႕အတန္းေဖာ္လည္းျဖစ္ သူတိတ္တခိုးခ်စ္မိေနသူလည္းျဖစ္တ့ဲ ခြန္ကိုျမင္ေတာ့ မ်က္ႏွာႀကီးက ဖံုးဖိမရေအာင္ျပံဳးျဖီးလာျပီးစကားေတြေဖာင္ဖြဲ႕ေတာ့သည္။

အဲ့ဒီအခ်ိန္မွာေတာ့ အိတိုေလးက သူ႔လက္ထဲမွာရွိေနတဲ့ ပင္ကြင္း အရုပ္ေလးကို ပစ္ခ်ျပီး တစ္ေနရာကို မ်က္ဝန္းေတာက္ေတာက္ေလးေတြနဲ႔ႀကည့္ကာ ပါးလံုးႀကီးမ်ားမို႔တက္လာေအာင္ျပံဳးျပီး ေျခတံတိုတိုတုတ္တုတ္ေလးေတြနဲ႔ အရုပ္ဆိုင္ထဲကေျပးထြက္သြားေတာ့သည္။

ေတာက္တက္ေတာက္တက္ေျပးေနတဲ့ ေျခေထာက္ေလးေတြက လူတစ္ေယာက္အနားေရာက္သြားခ်ိန္မွာ ခႏၶာကိုယ္ကိုမထိန္းနိုင္ေတာ့ပဲ အဲ့ဒီလူရဲ႕ေျခေထာက္နဲ႕ဝင္တိုက္မိေတာ့သည္။

အိတိုေလးက ဝင္တိုက္မိတဲ့ ေျခေထာက္တစ္ဖက္က အေပ်ာ့သားေဘာင္းဘီစကို လက္ႏွစ္ဖက္နဲ႕ဆြဲထားရင္း

"မာမား ...... Dad ... မာမားလွလွ"

"ကေလးေလး ဒယ္ဒီနဲ႕မာမီကိုလိုက္ရွာေနလား"

"မာမားလွလွ ... အိတိုခ်စ္ ...ခ်စ္"

အိတိုေလးက သူလိုခ်င္တဲ့အရုပ္ကေလးကိုေတြ႕သြားသလိုမ်ိဳး လက္မလြတ္တမ္းဆြဲကိုင္ထားကာ မာမားလို႕သာ တတြတ္တြတ္ဆိုေနသည္။

ေကာင္းျမတ္လြန္း တစ္ေယာက္ အလြန္တရာကိုမွႀကည္လင္ေနတဲ့စိတ္ေတြနဲ႕ ေစ်းဝယ္ထြက္ခဲ့တာကို အခုေတာ့ စိတ္ကနည္းနည္းေလးေတာင္မဟုတ္ ေတာ္ေတာ္ေလးကို မႀကည္မလင္ျဖစ္လာရသည္။

ဘယ္ကကေလးမွန္းမသိ ဘယ္သူ႕ကေလးမွန္းမသိနဲ႔ ေဘာင္းဘီစကိုဆြဲလို႕ မာမားလို႕ တအိအိေခၚေနရာက ငိုပါငိုလာတာေႀကာင့္ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိေအာင္ ျဖစ္ေနရသည္။

အနီးပတ္ဝန္းက်င္က လူတစ္ခ်ိဳ႕ကလည္း ကြက္ႀကည့္ကြက္ႀကည့္လုပ္ေနႀကတာမို႕ လူပ်ိဳနုနုထြတ္ထြတ္ေလး ေကာင္းျမတ္လြန္းတစ္ေယာက္ ကေလးနဲ႔အျပိဳင္ေအာ္ငိုခ်င္စိတ္ေတြပါေပါက္လာေတာ့သည္။

" မာမား ... ခ်ီေပး ... dad ဆီ သြားခ်င္ ဟင့္"

"မာမား"

မာမားက သူ႕အေမကိုေျပာေနတာ မဟုတ္ဘူးလား။ ငါက သူ႕အေမေပ်ာက္သြားလို႔ရွာေနတယ္ထင္တာေလ။ ဘာလဲ ဒီဝက္ဝံေပါက္က ငါ့ကို မာမားလို႕ေခၚေနတာလား ......

"မာမား ဟင့္ အိတို ကို ခ်စ္ ... ခ်စ္ ..."

"ေဟ့ ငါမင္းအေမ မဟုတ္ဘူး ငါ့ရဲ႕ဘယ္ေနရာက မိန္းမနဲ႔တူေနလို႔လဲ ..."

"ကေလးကိုမေအာ္ပါနဲ႕သူကမသိလို႕ပါ"

မ်က္စိေရွ႕မွာေပၚလာတဲ့ ခႏၶာကိုယ္ေတာင့္ေတာင့္ေျဖာင့္ေျဖာင့္လူႀကီးတစ္ေယာက္က ေအးတိေအးစက္အသံနဲ႔ဝင္ေျပာလာတာေႀကာင့္

"ခင္ဗ်ားက ကေလးအေဖလား"

"မာမား ... dad လာျပီ တူတူ အိမ္ ျပန္ႀကမယ္"

"ဟိတ္လူ ... ကိုယ့္ကေလးကိုယ္ထိန္းေလ ဘာေငးေနတာလဲ"

"ထိန္းမွာပါကြာ။ ကိုယ့္ ကေလးကလိမၼာပါတယ္။ အိတိုေလးက မင္းကို သူလိုခ်င္တဲ့မာမားအလွေလးနဲ႕တူလို႕ကပ္ေနတာပါ"

ကမၻာညိမ္းက အိတိုေလးကို တင္ပါးေအာက္ကပင့္ျပီးခ်ီဖို႔လုပ္ေသာ္လည္း အိတိုေလးက ေကာင္းျမတ္လြန္းေဘာင္းဘီစကို မလြတ္တမ္းဆြဲထားတာေႀကာင့္ အိတိုေလးနဲ႕အတူ ေဘာင္းဘီစကပါသြားေလသည္။

"ဟာ ေဟ့လူ ကြ်န္ေတာ့ ေျခသလံုးေတြေပၚကုန္ျပီဗ်"

ေဘာင္းဘီစေတြကို လံုးဝမလြတ္တမ္းဆြဲဆုပ္ထားတဲ့အိတိုေလးလက္ေတြကို မနည္းျဖန္႔ျပီးလြတ္ခိုင္းလိုက္ေတာ့ အိတိုေလးခင္ဗ်ာ အာေခါင္ကိုျခစ္ျပီးေအာ္ငိုေတာ့သည္။

"ကားနားထိပဲ ခဏေလာက္လိုက္ခဲ့ေပးလို႕ရမလား။ အကူညီေတာင္းတာပါ။ အီတိုေလးက အခုတေလာ မာမားအရမ္းလိုခ်င္ေနတဲ့ေရာဂါရေနလို႕ပါ။"

ေကာင္းျမတ္လြန္းမ်က္ေမွာင္ႀကီးႀကံဳ႕ျပီး ေမ့ေငါ့ကာ ကမၻာညိမ္းေတာင္းဆိုမႈကိုလက္ခံလိုက္တယ္။

လက္မခံလို႔ကလည္းမရေပ။ အခုေတာင္ သူ႕ပံုစံက ဒီနားကလူေတြမ်က္လံုးထဲမွာ ေတာ္ေတာ္ေလး ကိုးရို႕ကားယားနိုင္ျပီး ရွက္စရာေကာင္းေနျပီ။

မနက္ျဖန္အလုပ္စဆင္းရမွာမို႕ ဝတ္စံုသစ္ေလးတစ္စံုလာဝယ္တာ အခုလိုေတြျဖစ္လာမယ္လို႔ဘယ္ထင္ပါ့မလဲ။

အခုေတာ့ သူ႔ရဲ႕ႀကည္လင္ေနတဲ့စိတ္ေတြက ေရကန္ထဲခဲပစ္ခ်လိုက္သလို ေနွာက္က်ိေနေလျပီ။

ကံေကာင္းတာက သူ႔လက္ညိဳးတစ္ေခ်ာင္းကို မလြတ္တမ္းဆုပ္ကိုင္ထားတဲ့ ဝက္ဝံေပါက္ေလးက ငိုရတာေမာျပီး ကားနားမေရာက္ခင္မွာပဲ သူ႕ဒယ္ဒီလက္ေပၚမွာအိပ္ေပ်ာ္သြားျခင္းပင္။

"ကြ်န္ေတာ္ျပန္လို႕ရျပီမဟုတ္လား"

"အခုလို ကူညီတာ ေက်းဇူးတင္ပါတယ္။ မင္းကမိန္းကေလးလိုပဲ သိပ္လွလြန္းလို႔ အိတိုေလးက သူ႔မာမားအျဖစ္လိုခ်င္သြားတာပါ"

"ဘာဗ် ... က်ဳပ္ကဘယ္နားမွာ မိန္းကေလးနဲ႕တူသြားလို႕လဲ ရင္ဘက္ကႀကြက္သားေတြကိုမွအားမနာ ခင္ဗ်ားမ်က္လံုးေကာေကာင္းေသးရဲ႕လား"

"ဒါက ဒီလိုပါ မင္းကရင္ဟိုက္အက်ီၤဝတ္ထားေတာ့ တစ္စြန္းတစ္စေပၚေနတဲ့ မင္းရဲ႕ရင္အုပ္သံုးပံုတစ္ပံုက ဘယ္လိုေျပာရမလဲ ရုတ္တရက္ဆို အမ်ိဳးသမီးရင္သားေတြလို႕ထင္ရ ......"

"ဘာ ... ခင္ဗ်ား ......"

ေကာင္းျမတ္လြန္း စိတ္ဆိုးေဒါသထြက္ရလြန္းလို႔ ဆြံ႕အ ကာ လက္ညိဳးတထိုးထိုးသာလုပ္ေနျပီး ေနာက္ဆံုးေက်ာခိုင္းကာ ေစာင့္ႀကီးေအာင့္ႀကီးထြက္သြားေတာ့သည္။

စိတ္ပ်က္စရာေကာင္းတယ္ ... လူေတြအမ်ားႀကီးႀကားထဲမွာ ကေလးတစ္ေယာက္ ကြ်န္ေတာ့ေဘာင္းဘီစကိုဆြဲျပီး ငိုေနတယ္ ... ဒါကို ကေလးအေဖႀကီးက သူနဲ႕မဆိုင္သလိုလုပ္ေနတယ္ ေဒါသအထြက္ဆံုးကေတာ့ အဲ့လူေျပာျပတဲ့ ဝက္ဝံေပါက္က ကြ်န္ေတာ့္ကို မာမားလို႔ ဘာ့ေႀကာင့္ေခၚရသလဲဆိုတဲ့ ျဖစ္နိုင္ေျခရွိျပီး ယုတ္တိမရွိတဲ့ အေႀကာင္းျပခ်က္ပဲ။ ေသာကတလြဲေတြ တူေနလိုက္ ...

T.B.C 🐻

10:37PM(Sat)
08.01.2022
G14


အိတို🐻01
Unicode

"အိတို ...... ဝအိတို ..."

ခြေတံတို ဖြူဖြူတုတ်တုတ်လေးတွေနဲ့ ကလေးလေးတစ်ယောက်က အိပ်ခန်းထဲမှာပတ်ပြေးနေတယ်။ လက်ထဲမှာ သူကြိုက် လေယာဉ်ပျံရုပ်လေးကိုင်ထားပြီး နှုတ်ခမ်းလေးစူချွန်ပြီး လေယာဉ်မောင်းတဲ့အသံတွေထုတ်လွှင့်နေတယ်။

"အိတို ... dad ခေါ်နေတယ်လေ"

"dad ... ဝူး ... ဝူး ..."

ကလေးလေးက လေယဉ်ပျံလေးကိုင်လျက်သားနဲ့ သူ့ဒယ်ဒီဆီပြေးဝင်လိုက်တဲ့အခါ ကြီးမားသန်မာတဲ့ လက်တွေနဲ့ အသင့်ပွေ့ဖက်ခြင်းကိုခံလိုက်ရတယ်။

သုံးနှစ်နဲ့ရှစ်လရှိပြီဖြစ်တဲ့အိတိုလေးက စကားပြောသိပ်မသွက်သေးပေမယ့် သူစိတ်ပါတဲ့အခါမျိုးဆို စိတ်ပါလက်ပါနဲ့တစ်လုံးချင်းပြောတက်တဲ့အကျင့်ရှိတယ်။

အိတိုက သူ့ဒယ်ဒီဝတ်ထားတဲ့ အကျီင်္အရောင်ကိုကြည့်ပြီး ပျော်မြူးကာ တခစ်ခစ်နဲ့ထရယ်တယ်။ ပြီးတာနဲ့ သူ့ဒယ်ဒီမျက်နှာကို ဖောင်းဖောင်းအိအိလက်လေးများနဲ့ကိုင်ပြီး နှုတ်ခမ်းလေစူကာ သူ့ဒယ်ဒီနှုတ်ခမ်းကို ပြွစ်ခနဲ မြည်အောင်နမ်းပြန်တယ်။

"dad မုန့်မုန့် ... ရုပ်ရုပ် ...မာမား ... ဝယ်ပေးပါ"

အိတိုက သူ့ပါးမို့ကြီးနှစ်လုံးကို မနည်းအားပြုပြီးလှုပ်ရှားကာ စကားကိုတစ်လုံးချင်းပြောတယ်။

အိတိုလေးက ငလည်လေး။

သူ့ဒယ်ဒီ အကျီင်္အဖြူမဝတ်တော့တဲ့ရက်ဆို ဈေးဝယ်ထွက်ကြရတော့မယ်ဆိုတာကို အလိုလိုသိတယ်။

တစ်ခါတစ်လေများ အိတိုလေး ဈေးဝယ်ထွက်ချင်ပြီဆို သူ့ဒယ်ဒီဝတ်ထားတဲ့ အကျီင်္အဖြူကို အတင်းချွတ်ခိုင်းတော့တာပဲ။

"အိတိုက ငလည်လေးပါကွာ"

အိတိုလေးရဲ့ဒယ်ဒီက အသည်းယားစရာကောင်းအောင် မို့အိလုံးတစ်နေတဲ့ ပါးစုံကြီးတွေကိုဆွဲညှစ်ပစ်လိုက်ချင်သော်လည်း စိတ်ကိုမနည်းထိန်းကာ နှာခေါင်းဖြင့်သာ အားရပါးရနမ်းရှိုက်ပစ်လိုက်တယ်။

မွေးကတည်းက ပြည့်ပြည့်ဖြိုးဖြိုးနဲ့ အသားလေးတွေကလည်း အိစက်ပြီး နူးညံ့နေတဲ့အပြင် ချစ်စရာကောင်းတဲ့ ခြေတံတိုလေးတွေနဲ့ နီတာရဲလေးကို အသည်းယားလွန်းလို့ အိတိုလေးရဲ့ဒယ်ဒီက အိတိုလေးကို "ဝအိတို" ဆိုပြီး နာမည်ပေးခဲ့တာ။ အခုတော့ အလွယ်ခေါ်ရင်း အိတို ... အိတို ... ပဲခေါ်ဖြစ်တော့တယ်။

အိတိုလေးရဲ့ လုံးကစ်ကစ်ခန္ဓာကိုယ်လေးက ဒယ်ဒီဖြစ်သူရဲ့လက်မောင်းထဲမှာ အံဝင်ခွင်ကျဖြစ်နေတယ်။

အိတိုလေးကိုချီပြီး အိမ်အောက်သို့ဆင်းလိုက်တာနဲ့ တစ်အိမ်လုံးက အလုပ်သမားတွေက အိတိုလေးကို ဝိုင်းနှုတ်ဆက်ကြတော့တာပဲ။

အိတိုလေးကပြန်ပြုံးပြတာကိုမြင်လိုက်တိုင်း အားလုံးက မသိမသာနဲ့ သူ့တို့လက်ကိုဆုပ်လိုက်မိကြတယ်။

အဘယ့်ကြောင့်ဆိုသော် စိတ်မထိန်းနိုင်ပဲ အိတိုလေးရဲ့ပါးကြီးတွေကို အသည်းတယားသွားဆွဲမိရင် အိတိုလေးရဲ့ ဒယ်ဒီ သူတို့အလုပ်ရှင် ကမ္ဘာညိမ်းဆိုတဲ့လူရဲ့ အဟောက်အဟန်းကိုခံရမှာသေချာတာကြောင့်ဖြစ်သည်။

"dad ... ချစ် ... ချစ်တယ်နော်"

ကားနောက်ခန်းထဲမှာ အိတိုလေးရဲ့အသံကချစ်စရာကောင်းအောင်ထွက်လာသည်။

ကားခေါင်းခန်းက ယာဉ်မောင်းဦးလေးကြီးပင် ထိုချစ်စဖွယ်အသံလေးကိုကြားပြီး မပြုံးပဲမနေနိုင်အောင်ဖြစ်ရသည်။

အိတိုလေးက သူ့ဒယ်ဒီပေါင်ပေါ်မှာ မတ်တက်ရပ်နေရင်း မျက်နှာကို လက်နှစ်ဖက်လုံးနဲ့ကိုင်ကာ ပါးတွေကော နဖူးတွေကော နမ်းသည်။ ထို့နောက် ချစ်တယ်လို့ပြောသည်။

သိပ်မကြာတော့တဲ့အချိန်မှာ အခါတိုင်လိုပဲ အိတိုလေး ပူဆာလာတော့မည့် အရာကြောင့် အိတိုလေးရဲ့ဒယ်ဒီခင်ဗျာ မျက်ခုံးများလှုပ်လာသည်။

"dad ... မာမားလှလှလိုချင်တယ် ... ဝယ်ပေး"

"မာမားလှလှတွေ့တဲ့ခါ ဝယ်ပေးမယ် ရုပ်ဆိုးကြီးတွေတော့မရဘူးနော်"

"ဟုတ် ... ကဲ့"

ဝမ်းသာအားရခေါင်းငြိတ်လိုက်တဲ့ အိတိုလေးက ခေါင်းကိုမနည်းပြန်ထောင်ယူလိုက်ရတယ်။

ကားပေါ်မှာတော့ အိတိုလေးရဲ့ မာမားလှလှ ဆ်ိုတဲ့ အသံလေးက ပဲ့တင်ထပ်နေခဲ့တယ်။

ကုန်တိုက်ကြီးထဲရောက်တဲ့အခါမှာတော့ အိတိုလေးက အချီမခံတော့ပဲ သူ့ဒယ်ဒီလက်ပေါ်ကကော့ဆင်းတော့သည်။

ဝက်ဝံရုပ်ဖိနပ်လေးနဲ့ ချစ်စရာကောင်းနေတဲ့ ခြေထောက်လေးက ဦးတည်ချက်မသတ်မှတ်ထားပဲပြေးလွှားဖို့သာ ပြင်နေသည်။

အရပ်ရှည်လွန်းတဲ့ ကမ္ဘာညိမ်းက အိတိုလေးလက်ကိုဆွဲဖို့ ခါးကိုတော်တော်လေးကိုင်းစောင်းပေးထားရတယ်။

လက်ဖဝါးပြင်ကြီးထဲမှာ နစ်မြုပ်နေတဲ့လက်သေးသေးလေးတစ်ဖက်က မကြာခဏ ရုန်းထွက်ဖို့ကြိုးစားနေတယ်။

"အိတို ချော်လဲမယ်လေ ဖြည်းဖြည်းလျှောက်"

"dad ...... အိုက် ခရင် စားချင်တယ်"

အိတိုလေးစားချင်တဲ့ ရေခဲမုန့်ဆိုင် ခေါ်သွားလိုက်တော့ လက်ညိုးလေးပုတိုလေးနဲ့ မီနူးထဲက ရေခဲမုန့်ပုံတွေလက်ညိုးထိုးပြနေတာ သုံးလေးခုမကတော့။

နောက်ဆုံး ကတော့နဲ့ နို့ရေခဲမုန့်တစ်ခုလက်ထဲထည့်ပေးလိုက်တာတောင်ခြေဖျားလေးထောက်ပြီး ဆိုင်ထဲကို ထပ်ပြီးလှမ်းကြည့်နေသေးသည်။

အိတိုလေးကိုရေခဲမုန့်ကျွေးပြီးမှ အိတိုလေးအတွက်လိုအပ်တဲ့ ပစ္စည်းတွေကို စတင်ဝယ်ယူလိုက်ကြတယ်။

"အိတို ......"

အသံစူးစူးနဲ့ အနားကိုရောက်လာတဲ့မိန်းကလေးက အိတိုလေးပါးကိုဖျတ်ခနဲလှမ်းဆွဲလာသည်။

"dad ...... "

နာကျင်သွားဟန်ရှိတဲ့ အိတိုလေးခင်ဗျာ မျက်နှာလေးမဲ့ကျလာပြီး သူ့ဒယ်ဒီကိုအားကိုးတကြီးခေါ်တော့သည်။

"မိုးငယ် ... ကလေးကိုအဲ့လိုမလုပ်ဖို့ဘယ်နှစ်ခါပြောရမလဲ"

"မိုးငယ်အသည်းယားလို့ပါကိုကိုရဲ့။
ဥုံဖွနော် တီတီလေးကချစ်လို့ပါ အာဘွားပြန်ပေးမယ်နော်"

အိတိုလေးပါးကို အသာအယာပွတ်ပေးပြီး အာဘွားတွေပေးကာပြန်ချော့နေတဲ့ ညီမတစ်ဝမ်းကွဲကိုကြည့်ပြီး ကမ္ဘာညိမ်းစိတ်လေသွားသည်။

ဒီတူရီးနှစ်ယောက်ပေါင်းပြီး သူကို့နှိပ်စက်ဦးမှာသေချာသည်။

"တီတီ ... ချော့ ... အိတို ... ပါး ... နာနာ"

လက်လေးကို ဆုပ်လိုက်ဖြန့်လိုက်လုပ်ပြနေတဲ့ အိတိုလေးက တီတီလေးနမ်းလို့သူ့ပါးနာသွားပြီ ပြန်ချော့ပါပေါ့။

မိုးငယ်လည်း သူ့တူလေးအကြောင်းအထာနှပ်သည်။

"အမလေး တီတီလေးက အိတိုလေးကို ချော့ရမှာပေါ့"

မိုးငယ်က ပြောလည်းပြော တနင့်တပိုးလုံးကစ်နေတဲ့ အိတိုလေးကိုကောက်ချီလိုက်သည်။

ထို့နောက် အရုပ်ဆိုင်သို့ခေါ်သွားတော့သည်။

ကမ္ဘာညိမ်းတစ်ယောက် ညီမနဲ့အိတိုလေး အနောက်ကလိုက်သွားရင်း အလုပ်ကဖုန်းဝင်လာတာကြောင့် မိုးငယ်ကို လက်ပြကာ ဖုန်းပြောဖို့ထွက်သွားခဲ့သည်။

မိုးငယ်နဲ့အိတိုလေးကတော့ အရုပ်ဆိုင်ထဲကရှိသမျှအရုပ်တွေကို တစ်ခုချင်းလိုက်ကိုင်ကြည့်ရင်း အလုပ်ရှုပ်နေသည်။

"မိုးငယ် ..."

"ခွန် ... ဒီကိုဘယ်လိုလုပ်ရောက်နေတာလဲ"

မိုးငယ်က သူရဲ့အတန်းဖော်လည်းဖြစ် သူတိတ်တခိုးချစ်မိနေသူလည်းဖြစ်တဲ့ ခွန်ကိုမြင်တော့ မျက်နှာကြီးက ဖုံးဖိမရအောင်ပြုံးဖြီးလာပြီးစကားတွေဖောင်ဖွဲ့တော့သည်။

အဲ့ဒီအချိန်မှာတော့ အိတိုလေးက သူ့လက်ထဲမှာရှိနေတဲ့ ပင်ကွင်း အရုပ်လေးကို ပစ်ချပြီး တစ်နေရာကို မျက်ဝန်းတောက်တောက်လေးတွေနဲ့ကြည့်ကာ ပါးလုံးကြီးများမို့တက်လာအောင်ပြုံးပြီး ခြေတံတိုတိုတုတ်တုတ်လေးတွေနဲ့ အရုပ်ဆိုင်ထဲကပြေးထွက်သွားတော့သည်။

တောက်တက်တောက်တက်ပြေးနေတဲ့ ခြေထောက်လေးတွေက လူတစ်ယောက်အနားရောက်သွားချိန်မှာ ခန္ဓာကိုယ်ကိုမထိန်းနိုင်တော့ပဲ အဲ့ဒီလူရဲ့ခြေထောက်နဲ့ဝင်တိုက်မိတော့သည်။

အိတိုလေးက ဝင်တိုက်မိတဲ့ ခြေထောက်တစ်ဖက်က အပျော့သားဘောင်းဘီစကို လက်နှစ်ဖက်နဲ့ဆွဲထားရင်း

"မာမား ...... Dad ... မာမားလှလှ"

"ကလေးလေး ဒယ်ဒီနဲ့မာမီကိုလိုက်ရှာနေလား"

"မာမားလှလှ ... အိတိုချစ် ...ချစ်"

အိတိုလေးက သူလိုချင်တဲ့အရုပ်ကလေးကိုတွေ့သွားသလိုမျိုး လက်မလွတ်တမ်းဆွဲကိုင်ထားကာ မာမားလို့သာ တတွတ်တွတ်ဆိုနေသည်။

ကောင်းမြတ်လွန်း တစ်ယောက် အလွန်တရာကိုမှကြည်လင်နေတဲ့စိတ်တွေနဲ့ ဈေးဝယ်ထွက်ခဲ့တာကို အခုတော့ စိတ်ကနည်းနည်းလေးတောင်မဟုတ် တော်တော်လေးကို မကြည်မလင်ဖြစ်လာရသည်။

ဘယ်ကကလေးမှန်းမသိ ဘယ်သူ့ကလေးမှန်းမသိနဲ့ ဘောင်းဘီစကိုဆွဲလို့ မာမားလို့ တအိအိခေါ်နေရာက ငိုပါငိုလာတာကြောင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင် ဖြစ်နေရသည်။

အနီးပတ်ဝန်းကျင်က လူတစ်ချို့ကလည်း ကွက်ကြည့်ကွက်ကြည့်လုပ်နေကြတာမို့ လူပျိုနုနုထွတ်ထွတ်လေး ကောင်းမြတ်လွန်းတစ်ယောက် ကလေးနဲ့အပြိုင်အော်ငိုချင်စိတ်တွေပါပေါက်လာတော့သည်။

" မာမား ... ချီပေး ... dad ဆီ သွားချင် ဟင့်"

"မာမား"

မာမားက သူ့အမေကိုပြောနေတာ မဟုတ်ဘူးလား။ ငါက သူ့အမေပျောက်သွားလို့ရှာနေတယ်ထင်တာလေ။ ဘာလဲ ဒီဝက်ဝံပေါက်က ငါ့ကို မာမားလို့ခေါ်နေတာလား ......

"မာမား ဟင့် အိတို ကို ချစ် ... ချစ် ..."

"ဟေ့ ငါမင်းအမေ မဟုတ်ဘူး ငါ့ရဲ့ဘယ်နေရာက မိန်းမနဲ့တူနေလို့လဲ ..."

"ကလေးကိုမအော်ပါနဲ့သူကမသိလို့ပါ"

မျက်စိရှေ့မှာပေါ်လာတဲ့ ခန္ဓာကိုယ်တောင့်တောင့်ဖြောင့်ဖြောင့်လူကြီးတစ်ယောက်က အေးတိအေးစက်အသံနဲ့ဝင်ပြောလာတာကြောင့်

"ခင်ဗျားက ကလေးအဖေလား"

"မာမား ... dad လာပြီ တူတူ အိမ် ပြန်ကြမယ်"

"ဟိတ်လူ ... ကိုယ့်ကလေးကိုယ်ထိန်းလေ ဘာငေးနေတာလဲ"

"ထိန်းမှာပါကွာ။ ကိုယ့် ကလေးကလိမ္မာပါတယ်။ အိတိုလေးက မင်းကို သူလိုချင်တဲ့ မာမားအလှလေးနဲ့တူလို့ကပ်နေတာပါ"

ကမ္ဘာညိမ်းက အိတိုလေးကို တင်ပါးအောက်ကပင့်ပြီးချီဖို့လုပ်သော်လည်း အိတိုလေးက ကောင်းမြတ်လွန်းဘောင်းဘီစကို မလွတ်တမ်းဆွဲထားတာကြောင့် အိတိုလေးနဲ့အတူ ဘောင်းဘီစကပါသွားလေသည်။

"ဟာ ဟေ့လူ ကျွန်တော့ ခြေသလုံးတွေပေါ်ကုန်ပြီဗျ"

ဘောင်းဘီစတွေကို လုံးဝမလွတ်တမ်းဆွဲဆုပ်ထားတဲ့အိတိုလေးလက်တွေကို မနည်းဖြန့်ပြီးလွတ်ခိုင်းလိုက်တော့ အိတိုလေးခင်ဗျာ အာခေါင်ကိုခြစ်ပြီးအော်ငိုတော့သည်။

"ကားနားထိပဲ ခဏလောက်လိုက်ခဲ့ပေးလို့ရမလား။ အကူညီတောင်းတာပါ။ အီတိုလေးက အခုတလော မာမားအရမ်းလိုချင်နေတဲ့ရောဂါရနေလို့ပါ။"

ကောင်းမြတ်လွန်းမျက်မှောင်ကြီးကြုံ့ပြီး မေ့ငေါ့ကာ ကမ္ဘာညိမ်းတောင်းဆိုမှုကိုလက်ခံလိုက်တယ်။

လက်မခံလို့ကလည်းမရပေ။ အခုတောင် သူ့ပုံစံက ဒီနားကလူတွေမျက်လုံးထဲမှာ တော်တော်လေး ကိုးရို့ကားယားနိုင်ပြီး ရှက်စရာကောင်းနေပြီ။

မနက်ဖြန်အလုပ်စဆင်းရမှာမို့ ဝတ်စုံသစ်လေးတစ်စုံလာဝယ်တာ အခုလိုတွေဖြစ်လာမယ်လို့ဘယ်ထင်ပါ့မလဲ။

အခုတော့ သူ့ရဲ့ကြည်လင်နေတဲ့စိတ်တွေက ရေကန်ထဲခဲပစ်ချလိုက်သလို နှောက်ကျိနေလေပြီ။

ကံကောင်းတာက သူ့လက်ညိုးတစ်ချောင်းကို မလွတ်တမ်းဆုပ်ကိုင်ထားတဲ့ ဝက်ဝံပေါက်လေးက ငိုရတာမောပြီး ကားနားမရောက်ခင်မှာပဲ သူ့ဒယ်ဒီလက်ပေါ်မှာအိပ်ပျော်သွားခြင်းပင်။

"ကျွန်တော်ပြန်လို့ရပြီမဟုတ်လား"

"အခုလို ကူညီတာ ကျေးဇူးတင်ပါတယ်။ မင်းကမိန်းကလေးလိုပဲ သိပ်လှလွန်းလို့ အိတိုလေးက သူ့မာမားအဖြစ်လိုချင်သွားတာပါ"

"ဘာဗျ ... ကျုပ်ကဘယ်နားမှာ မိန်းကလေးနဲ့တူသွားလို့လဲ ရင်ဘက်ကကြွက်သားတွေကိုမှအားမနာ ခင်ဗျားမျက်လုံးကောကောင်းသေးရဲ့လား"

"ဒါက ဒီလိုပါ မင်းကရင်ဟိုက်အကျီင်္ဝတ်ထားတော့ တစ်စွန်းတစ်စပေါ်နေတဲ့ မင်းရဲ့ရင်အုပ်သုံးပုံတစ်ပုံက ဘယ်လိုပြောရမလဲ ရုတ်တရက်ဆို အမျိုးသမီးရင်သားတွေလို့ထင်ရ ......"

"ဘာ ... ခင်ဗျား ......"

ကောင်းမြတ်လွန်း စိတ်ဆိုးဒေါသထွက်ရလွန်းလို့ ဆွံ့အ ကာ လက်ညိုးတထိုးထိုးသာလုပ်နေပြီး နောက်ဆုံးကျောခိုင်းကာ စောင့်ကြီးအောင့်ကြီးထွက်သွားတော့သည်။

စိတ်ပျက်စရာကောင်းတယ် ... လူတွေအများကြီးကြားထဲမှာ ကလေးတစ်ယောက် ကျွန်တော့ဘောင်းဘီစကိုဆွဲပြီး ငိုနေတယ် ... ဒါကို ကလေးအဖေကြီးက သူနဲ့မဆိုင်သလိုလုပ်နေတယ် ဒေါသအထွက်ဆုံးကတော့ အဲ့လူပြောပြတဲ့ ဝက်ဝံပေါက်က ကျွန်တော့်ကို မာမားလို့ ဘာ့ကြောင့်ခေါ်ရသလဲဆိုတဲ့ ဖြစ်နိုင်ခြေရှိပြီး ယုတ်တိမရှိတဲ့ အကြောင်းပြချက်ပဲ။ သောကတလွဲတွေ တူနေလိုက် ...

T.B.C 🐻

10:37PM(Sat)
08.01.2022
G14


© G Fourteen,
книга «အိတိုေလးရဲ႕မာမား အိတိုလေးရဲ့မာမား».
အိတို (၀၂)
Коментарі