အိတို
အိတို (၀၁)
အိတို (၀၂)
အိတို (၀၃)
အိတို (၀၄)
အိတို (၀၅)
အိတို (၀၆)
အိတို (၀၇)
အိတို (၀၈)
အိတို (၀၉)
အိတို (၁၀)
အိတို (၁၁)
အိတို (၁၂)
အိတို (၁၃)
အိတို (၁၄)
အိတို (၁၅)
အိတို (၁၆)
အိတို (၁၇)
အိတို (၁၈)
အိတို (၁၉)
အိတို (၂၀)
အိတို (၂၁)
အိတို (၂၂)
အိတို (၂၃)
အိတို (၂၄)
အိတို (၂၅)
အိတို (၂၆)
အိတို (၂၇)
အိတို (၂၈)
အိတို (၂၉)
အိတို (၃၀)
အိတို (၃၁)
အိတို (ဇာတ္သိမ္း)
အိတို (၂၃)
အိတိုေလးရဲ႕မာမား🐻အခန္း(၂၃)
Zawgyi

ညအိပ္ဝတ္စုံေလးသာဝတ္ထားတဲ့ ေကာင္းျမတ္လြန္းက ကြင္းထိုး ဖိနပ္အပါးေလး တစ္ရံကိုသာ စးီၿပီး တစ္ေနရာသို႔ အေလာတႀကီးသြားေနခဲ့သည္။

ထိုးေထာင္ၿပီးရႈပ္ပြေနတဲ့ ဆံပင္ေတြေလးေတြ တစ္လႈပ္လႈပ္ခါသည္အထိ တရစပ္ ေျပးလႊားေနတဲ့ ေကာင္းျမတ္လြန္းက သူ႕မ်က္လုံနက္နက္ေလးမ်ားျဖင့္ ေနရာစုံကို ေဝွ႕ဝဲၾကည့္ရင္း လူတစ္ေယာက္ကို ရွာေနသည္။

ေနာက္ဆုံးေတာ့သူရွာေနတဲ့သူကိုေတြ႕လိုက္ရပါၿပီ။

“အစ္ကို ….”

အထိတ္တလန႔္ေအာ္သံနဲ႕အတူ ေကာင္းျမတ္လြန္း ရင္ဘက္ထဲက ႏွလုံးသားဟာလည္း ေပါက္ကြဲထြက္သြားေတာ့မတက္ တဒိတ္ဒိတ္ျမည္ေအာင္ အဆက္မျပတ္ခုန္လႈပ္လာေတာ့သည္။

ျဖဴစြတ္စြတ္အကၤ်ီတစ္ထည္လုံး နီညိုေရာင္ေသြးကြက္မ်ားျဖင့္စြန္းေပေနသည့္ ကမာၻညိမ္းရဲ႕မ်က္ႏွာက ျဖဴဖပ္ျဖဴေရာ္ ျဖစ္လို႔ေနသည္။

အေရးေပၚလူနာခန္းထဲေရာက္ေနတဲ့ ကမၻာညိမ္းက ျမင္တာနဲ႕ ျပင္းထန္တဲ့ ဒဏ္ရထားမွန္းသိသာေလာက္ေအာင္ပင္။ ေျခေထာက္နဲ႕ ေခါင္းမွာ စည္းထားတဲ့ ပတ္တီးစေပၚမွာေတာင္ ေသြးကြက္ေတြကို အကြက္လိုက္ျမင္ေနရေသးသည္။

မိမိေခၚသံေၾကာင့္ မ်က္လုံးေထာင့္ကပ္ၾကည့္လာတဲ့ ကမာၻညိမ္းက ခႏၶာကိုယ္ကို လႈူပ္ရွားနိုင္စြမ္းရွိပုံမရ။

“အစ္ကို …”

ဝမ္းနည္းျခင္း စိတ္မေကာင္းျဖစ္ျခင္း မ်ားစြာျဖင့္ ေအာ္ေခၚမိတဲ့ အစ္ကိုဆိုတဲ့ အသံက ဆို႔နင့္ေနတဲ့ ရွိုက္သံေၾကာင့္ မပီသ။

“ေကာင္း … ျမတ္ … လြန္း”

ေကာင္းျမတ္လြန္းနာမည္ကို တစ္လုံးခ်င္းေခၚလာသည့္ ကမာၻညိမ္းရဲ႕ အနားသို႔ အေျပးေလးသြားကာ လက္ေလးတစ္ဖက္ကို ဆုပ္ကိုင္ဖို႔ ႀကိဳးစားလိုက္ေသာ္လည္း လက္ခုံေပၚက ျခစ္ရာရွရာေလးေတြေၾကာင့္ လက္ဖဝါးကိုသာ အသာ မယူ ျဖစ္လိုက္သည္။

“ဘယ္လိုျဖစ္ရတာလဲအစ္ကို”

အသံေကာ ခႏၶာကိုယ္တစ္ခုလုံးပါ တုန္ရီေနတဲ့ ေကာင္းျမတ္လြန္းက ခုတင္ထက္မွာ လဲေလွ်ာင္းေနတဲ့ ကမာၻညိမ္းကို ဂ႐ုဏာသက္ေသာ ေလသံေလးျဖင့္ အသံကို အတက္နိုင္ဆုံး ႀကိဳးစားထိန္းကာ ေမးလိုက္သည္။

“အိတို … အိတိုေလးကို ေစာင့္ေရွာက္ေပးပါ”

ေျခာက္ေသြ႕ကြဲအက္ေနတဲ့ ႏႈတ္ခမ္းပါထက္မွ ပထမဆုံးထြက္လာတဲ့စကားသံေလးက အိတိုေလးကို ဘယ္ေလာက္ စိတ္ပူေနေၾကာင္းကိုျပသည္။

“စိတ္ခ်ပါ အိတိုေလးကိုေကာ အစ္ကို႔ကိုပါ ကြၽန္ေတာ္ေစာင့္ေရွာက္ေပးမွာပါ အစ္ကို စိတ္မပူနဲ႕ေနာ္ အစ္ကိုလဲ အျမန္ဆုံးျပန္ေကာင္းလာမွာ အားမငယ္နဲ႕သိလား”

“မဟုတ္ဘူး … အိတိုေလးကို … တစ္သက္လုံး”

နာက်င္မႈကို ေအာင့္အည္းသည္းခံေနရတဲ့ ကမာၻညိမ္းက မ်က္ခုံးႏွစ္ဖက္လုံး တြန္းေကြးကာ ႀကဳံ႕သြားသည္အထိ အားယူကာ စကားတစ္လုံးထြက္လာဖို႔ကို မနည္းႀကိဳးစား ေျပာေနရေသာ္လည္း ေကာင္းျမတ္လြန္းက ေဒါသတႀကီးျဖင့္ စကားကို ဆုံးေအာင္ေျပာဖို႔အခြင့္မေပးခဲ့။

“အစ္ကို”

သူ မၾကားခ်င္တဲ့စကားအတြက္ “အစ္ကို” လို႔ေခၚၿပီး စကားကိုျဖတ္ခ်ပစ္ဖို႔ႀကိဳးစားသည္။

“မဟုတ္တာေတြမေျပာပါနဲ႕ အိတိုက အစ္ကို႔သားေလ အစ္ကိုပဲေစာင့္ေရွာက္ရမွာေပါ့ အဲ့တာေၾကာင့္ အျမန္ဆုံးေကာင္းေအာင္ႀကိဳးစား”

ေကာင္းျမတ္လြန္းတစ္ေယာက္ ကမာၻညိမ္းမ်က္ဝန္းေထာင့္ကေနစီးၾကလာတဲ့ မ်က္ရည္စေလးမ်ားကို ပြတ္သုတ္ေပးရင္း စိတ္မေလွ်ာ့ဖို႔အားေပးမိသည္။

သို႔ေသာ္

“ကတိေပး အိတိုေလးကို ေစာင့္  ေရွာက္ ….”

စကားကိုအဆုံးထိေအာင္ေတာင္ေျပာမသြားနိုင္ေတာ့တဲ့ ကမာၻညိမ္းက မ်က္ခြံမ်ားကို ကန႔္လန႔္ကာခ်လိဳ႕  ဘဝတစ္ခုကို ဇာတ္သိမ္းေၾကာင္း ျပခဲ့ေလၿပီ။

“အစ္ကို …”

မယုံနိုင္ျခင္းမ်ားစြာနဲ႕ ကမာၻညိမ္းပါေလးကိုကိုင္ၾကည့္မိေတာ့ …

“စိတ္မေကာင္းပါဘူးဗ်ာ။ လူနာက အသက္မရွိေတာ့ပါဘူး။ ေသဆုံးခ်ိန္ မနက္ခင္း သုံနာရီ သုံဆယ့္သုံမိနစ္ပါ။ ညီေလးလာတဲ့အထိကို သူ႕ခင္ဗ်ာ အသက္ကို မနည္းအားတင္းၿပီး ဆြဲဆန႔္ထားရရွာတာ။ ကြၽန္ေတာ္တို႔လည္း တကယ္စိတ္မေကာင္းပါဘူး။”

ဆရာဝန္၏ စိတ္မေကာင္းစရာ ေျပာစကားအဆုံး ေကာင္းျမတ္လြန္းတစ္ေယာက္ ကမာၻညိမ္းရင္ဘက္ေပၚ ပါးအပ္ၿပီး ငိုခ်လိဳက္မိသည္။

လႈပ္ရွားမႈမရွိတဲ့ ရင္ဘက္က မေတာ္တဆေလးမ်ား လႈပ္ရွားလာမလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႕ နားစြင့္ေနမိေသာ္လည္း ဘာမွထူးမျခားလာ။

“အစ္ကို … ကြၽန္ေတာ့္ကို လန႔္ေအာင္ မေျခာက္ပါနဲ႕ဗ်ာ။ အစ္ကိုက ဘယ္လိုလုပ္ၿပီး … ဘယ္လိုလုပ္ၿပီး … ျဖစ္မွမျဖစ္နိုင္တာ … အစ္ကိုက အခုမွငယ္ငယ္ေလးရွိေသးတာ။ ၿပီးေတာ့ အိတိုေလး …  အိတိုေလးက … ကေလးေလးပဲရွိေသးတာ။ အစ္ကိုတကယ္ပဲ စိတ္ခ်ၿပီး ထားသြားနိုင္လို႔လား။ ကြၽန္ေတာ္ အိတိုေလးကို အစ္ကိုမရွိေတာ့တဲ့ အေၾကာင္း ဘယ္လို ေျပာျပရမွာလဲဗ်ာ။ အစ္ကို …  ကြၽန္ေတာ့္ကို မသနားဘူးလားဗ်ာ။ ကြၽန္ေတာ္ အိတိုေလးကို ဘယ္လိုႏွစ္သိမ့္ေပးရမွာလဲ။ အစ္ကို … ကြၽန္ေတာ့္အေပၚေကာင္းေပးခဲ့သမွ် ကြၽန္ေတာ္ဘာမွျပန္မလုပ္ေပးရေသးဘူးေလး အစ္ကိုရဲ႕။ … ကြၽန္ေတာ္ …. ကြၽန္ေတာ္ … အစ္ကို႔ေပၚမွာတင္ေနတဲ့ ေမတၱာေႂကြးေတြအမ်ားႀကီးပဲအစ္ကိုရဲ႕။ ကြၽန္ေတာ္ဘယ္လိုမ်ား ျပန္ေပးဆပ္ရေတာ့မွလဲ ….”

ေကာင္းျမတ္လြန္း ခပ္တိုးတိုးေလးသာငိုရွိုက္ရင္း အသက္မရွိေတာ့တဲ့ လူတစ္ေယာက္ကို စကားေတြေျပာေနမိသည္။

မၾကားနိုင္ေတာ့မွန္းသိေပမယ့္ သူ႕ရင္ထဲစကားေတြကို ၿမိဳသိပ္မထားနိုင္ေတာ့တာေၾကာင့္ ဖြင့္ဟမိသည္။

“ညီေလးစိတ္ကို ထိန္းပါဗ်ာ ကြၽန္ေတာ္တို႔လည္း ေသဆုံးသူကို ေနရာေ႐ြ႕ရေတာ့မွာမို႔ ခြင့္ျပဳေပးပါ”

“မလုပ္ပါနဲ႕ …. ခဏေလး … ခဏေလး အနားမွာရွိေနေပးပါရေစ။ ကြၽန္ေတာ္ … အစ္ကို႔ကို ေက်းဇူးတင္စကားေလးေတာင္ ေသခ်ာမေျပာရေသးလိုပါ။ ကြၽန္ေတာ္ … အစ္ကို႔ရဲ႕ ဂ႐ုစိုက္မႈေတြကိုပဲခံယူေနခဲ့ၿပီး ကြၽန္ေတာ့ဘက္က ဂ႐ုစိုက္မႈေသးေသးေတာင္ ျပန္မေပးရေသးဘူး ကြၽန္ေတာ္ ….”

“ညီေလးခံစားခ်က္ကိုနားလည္ေပမယ့္ လူနာက မေတာ္တဆျဖစ္ခဲ့တဲ့ ဒဏ္ရာေတြေၾကာင့္ ေသြးယိုစိမ့္မႈမ်ားေနပါတယ္။ အဲ့တာေၾကာင့္ ကြၽန္ေတာ္တို႔ကိုခြင့္ျပဳေပးပါ။”

မ်က္ရည္ေတြၾကားထဲက ေခါင္းအတြင္တြင္ခါမိသည္။

“မလုပ္ပါနဲ႕ … အစ္ကို … အစ္ကို … အစ္ကို႔ကိုေခၚမသြားပါနဲ႕ … အစ္ကို …”

🐻🐻🐻

“အစ္ကို … အစ္ကို …”

“ေကာင္းျမတ္လြန္း … ေကာင္ေလး …”

အိမ္မက္ေယာင္ေနပုံရတဲ့ ေကာင္ေလးပုခုံးကို အသာေလးပုတ္ၿပီးႏွိုးလိုက္ေတာ့ အလန႔္တၾကားျဖင့္ မ်က္လုံမ်ားပြင့္လာကာ လူကို အတင္းဆြဲဖက္ထားေတာ့သည္။

မတ္တက္ရပ္အေနအထားျဖစ္ေနတဲ့ ကမာၻညိမ္းကို ဆိုဖာခုံေပၚမွာ ထိုင္ရက္သားေလး အိပ္ေပ်ာ္ေနတဲ့ ေကာင္းျမတ္လြန္းက ကမၻာညိမ္း၏ လည္တိုင္ကို တင္းက်ပ္စြာ ဖက္ထားတာတာေႀကာင့္ ကမာၻညိမ္းမွာ ကုန္းကုန္းႀကီးျဖစ္ေနေတာ့သည္။

“အစ္ကို .. အစ္ကို မေသဘူးေနာ္”

“အိပ္မက္ဆိုးေတြ မက္ေနတာလား”

“ဟင္ … အိပ္မက္ မက္ေနတာလား  … ဒါဆိုအိပ္မက္ေပါ့”

“ဘာလဲ ေကာင္းျမတ္လြန္း အိပ္မက္ထဲမွာ ကိုယ္ေသသြားလို႔လား”

“ဟုတ္တယ္ ….”

“ေတာ္ေသးတာေပါ့ ေကာင္းျမတ္လြန္းကယ္လို႔ မဟုတ္ရင္ ကိုယ္အျပင္မွာ ေသသြားေလာက္တယ္။”

“ဟင္ …”

ေကာင္းျမတ္လြန္းက အလန႔္တၾကားနဲ႕ ကမာၻညိမ္းကို ဖက္ထားတာကိုလြတ္ေပးၿပီး ကမာၻညိမ္းတစ္ကိုယ္လုံးကို ေျခဆုံးေခါင္းဆုံးလိုက္ၾကည့္ေတာ့သည္။

“အစ္ကို႔လက္က … ဒါဆို ကြၽန္ေတာ္ … ကြၽန္ေတာ္ အိပ္မက္ မက္တာမဟုတ္ဘူးေပါ့။ ဒါေပမဲ့ အိပ္မက္ထဲမွာက …”

အိပ္ခ်င္မူတူးနဲ႕ ဇေဝဇဝါေတြျဖစ္ေနတဲ့ ေကာင္းျမတ္လြန္းက ေၾကာင္ေတာင္ေတာင္ ႐ုပ္ေလးျဖစ္လာကာ စိတ္ရႈပ္သြားပုံရသည္။

ညကအိမ္အျပန္လမ္းမွာ မေတာ္တဆ ယာဥ္တိုက္မႈအေသးစားေလး တစ္ခုျဖစ္သြားတာေၾကာင့္ ကမာၻညိမ္းကိုယ္တိုင္း ဒဏ္ရာတစ္ခ်ိဳ႕ရရွိခဲ့သလို တစ္ဖက္ကားေပၚက လူႏွစ္ေယာက္ကလည္း ထိခိုက္ဒဏ္ရာအနည္းငယ္ရရွိသြားၾကတာေၾကာင့္ ရဲစခန္းေရာက္လိုက္ ေဆး႐ုံကူးလိုက္လုပ္ခဲ့ရသည္။

ကိစၥအားလုံးၿပီးစီးသြားေတာ့မွ သူ႕ဖုန္းကို ၾကည့္မိလိုက္ေတာ့ လြန္ခဲ့တဲ့ တစ္နာရီေက်ာ္ေလာက္က ေကာင္းျမတ္လြန္းပို႔ထားတဲ့ မက္ေဆ့ေလးတစ္ေစာင္ကို ေတြ႕လိုက္သည္။ ခ်က္ခ်င္းစာျပန္လိုက္ေသာ္လည္း ျပန္စာပို႔မလာေတာ့တဲ့ ေကာင္ေလးေၾကာင့္ အိပ္ေပ်ာ္သြားေလာက္ၿပီဟုေတြးၿပီး ဖုန္းမေခၚေတာ့ပဲ အိမ္ပဲျပန္လာခဲ့လိုက္ေတာ့သည္။

အိမ္ျပန္ေရာက္လို႔ ဧည့္ခန္းထဲဝင္ဝင္ခ်င္း ဆိုဖာခုံေပၚမွာ ထိုင္ရက္သားေလးအတိုင္အိပ္ေပ်ာ္ေနတဲ့ ေကာင္ေလးကိုေတြ႕လိုက္ရသည္။

အခါတိုင္းလိုပဲ ခ်ီၿပီး အခန္းထဲက အိပ္ရာေပၚတင္ေပးဖို႔ အနားသို႔သြားလိုက္ေတာ့ ငိုညည္းေနတဲ့အသံမ်ိဳးနဲ႕ အိပ္မက္ေယာင္ေနတဲ့ ေကာင္းျမတ္လြန္းက “အစ္ကို” ဆိုေသာ နမ္စားကို ထပ္ခါထပ္ခါ ေရ႐ြတ္ေနတာေၾကာင့္ မႏွိုးခ်င္ပဲႏွိုးလိုက္ရသည္။

နိုးလာေတာ့လည္း ေၾကာက္လန႔္တၾကား အတင္းဆြဲဖက္လာတဲ့ ေကာင္းျမတ္လြန္းက တကယ္ကို ကေလးတစ္ေယာက္လို သတိလက္လြတ္ျဖစ္ေနခဲ့သည္။

စိုးရိမ္တႀကီးနဲ႕ ၾကည့္လာတဲ့ မ်က္ဝန္းေတြထဲမွာ ေငြ႕ရည္ဖြဲ႔ေနတာကို ေတြ႕လိုက္ရသလို စိုးရိမ္တႀကီးေမးလားတဲ့ ေမးခြန္းထဲမွာ အံ့ႀသထိတ္လန႔္မႈေတြ ဝမ္းသာေပ်ာ္႐ႊင္မႈေတြ ေရာေထြးေနတာကို သိလိုက္ရသည္။

မီးဖိုေခ်ာင္ထဲဝင္လိုက္ၿပီး ပါတ္တီးပတ္ထားတဲ့လက္ကို သတိထားၿပီး ေရတစ္ခြက္ထည့္ကာ ေကာင္းျမတ္လြန္းဆီ ျပန္သြားလိုက္သည္။

“ေရာ့ … ေရအရင္ေသာက္လိုက္အုံး”

“ေက်းဇူး ..”

ေရခြက္ကိုင္ထားတဲ့လက္ေတြက မသိမသာတုန္ရီေနတာကို ျမင္လိုက္ရေတာ့ ကမာၻညိမ္းစိတ္ထဲမေကာင္း။ ဘယ္ေလာက္ေတာင္ဆိုးဝါးတဲ့ အိပ္မက္ဆိုးေတြမက္ေနခဲ့လို႔ အခုေလာက္ထိတုန္လႈပ္ေနရတာလဲဆိုတာကို သိခ်င္စိတ္ျဖစ္လာရသည္။

“ေကာင္းျမတ္လြန္းက ကိုယ့္ကို ေစာင့္ရင္းအိပ္ေပ်ာ္သြားတာလား”

“အင္း …”

“ေတာင္းပန္ပါတယ္ ကိုယ္ျပန္လာတာေနာက္က်သြားတယ္”

“မဟုတ္တာ အစ္ကို ျပန္လာေပးတာပဲေက်းဇူးတင္ေနပါၿပီ”

ကမာၻညိမ္းက အိမ္ျပန္ေနာက္က်ရတဲ့ အေၾကာင္းအရင္းကို ေသခ်ာရွင္းျပလိုက္ေတာ့ နားေထာင္ေနတဲ့ ေကာင္ေလးက သက္ျပင္းခ်ၿပီး “ေတာ္ေသးတာေပါ့” ဟုေျပာလာသည္။

အခုခ်ိန္ထိ မ်က္ႏွာမေကာင္းေသးတဲ့ ေကာင္းေလးရဲ႕ေဘးမွာေျပာင္းထိုင္လိုက္ျပီး ေက်ာကို အသာသပ္ေပးရင္း အိပ္မက္အေၾကာင္းကို ေမးလိုက္သည္။

“ဘာအိပ္မက္ေတြမက္ခဲ့လို႔လဲ”

“အိပ္မက္ထဲမွာ အစ္ကိုေသသြားတယ္ ဒဏ္ရာေတြလဲ အမ်ားႀကီးပဲ”

“ဒါဆို ကိုယ္ေတာ့ အသက္ရွည္အုံးမွာပဲ”

ကမာၻညိမ္း ခပ္ဖြဖြေလး ၿပဳံးရင္းေျပာလိုက္ေတာ့ ေကာင္းျမတ္လြန္းရဲ႕ စူးစမ္းသည့္ မ်က္ဝန္းမ်ားက ကမာၻညိမ္းရဲ႕ မ်က္ဝန္းမ်ားကို ေတ့ဆိုင္၍ ၾကည့္လာေတာ့သည္။

“ဒီလိုေလ အိပ္မက္နဲ႕ အျပင္လက္ေတြ႕က ေျပာင္းျပန္ယူရတယ္။ အိပ္မက္ထဲမွာ ေသသြားေတာ့ အျပင္မွာမေသေတာ့ဘူးေပါ့။”

“အဲ့လိုလား … အဲ့လိုဆိုေတာ္ေသးတာေပါ့။”

“ဘာလဲ ေကာင္းျမတ္လြန္းက ကိုယ္ ေသသြားတယ္ဆိုၿပီး ဝမ္းနည္းေနတာေပါ့ေလ”

“ဝမ္းနည္းတယ္ဆိုတာထက္ ေနာင္တရေနမိတာ”

“ဘာကိုေနာင္တရတာလဲ”

“ကြၽန္ေတာ္ မေျပာလို႔ရလား”

“ရပါတယ္။ အခု ေကာင္းျမတ္လြန္းစိတ္ထဲ အဆင္ေျပသြားၿပီလား”

“အင္း … အဆင္ေျပသြားပါၿပီ။ ဒါနဲ႕ အစ္ကို အျပင္မွာတကယ္ပဲ မေတာ္တဆျဖစ္ခဲ့တယ္မဟုတ္လား။ အဆင္ေျပရဲ႕လား။ လက္ကေကာ ဘာျဖစ္သြားတာလဲ။ ကြၽန္ေတာ္တို႔ ေဆး႐ုံသြားျပၾကမလား။”

“ကိုယ္ဘာမွမျဖစ္ဘူး။ လက္ေကာက္ဝတ္ပဲ နည္းနည္းနာသြားတာ။ ေဆးလည္း ထည့္ထားတယ္ စိတ္ပူစရာမလိုဘူး။”

“ဘာပဲျဖစ္ျဖစ္ အစ္ကိုေနာက္ဆို အစစအရာရာ သတိထားပါ အစ္ကို႔မွာ အိတိုေလးရွိေသးတယ္။”

“အင္း ကိုယ္သတိထားပါမယ္။ ေကာင္းျမတ္လြန္းကို စိတ္ပူေစခဲ့မိလို႔ေတာင္းပန္ပါတယ္။
အိပ္မက္ဆိုးေတြမက္ေနခဲ့ေတာ့ ေကာင္းေကာင္းအိပ္ေပ်ာ္မွာမဟုတ္ဘူး အဲ့တာေႀကာင့္ အခုအခန္းထဲျပန္ျပီး ျပန္အိပ္လိုက္ေတာ့။”

“မအိပ္ေတာ့ပါဘူး … ကြၽန္ေတာ္ စိတ္ထဲ တစ္ခုခုကို မတင္မက်ျဖစ္ေနတုန္းပဲ။”

“အိပ္မက္ဆိုး ထပ္မက္မွာဆိုးလို႔လား။”

“မေျပာတက္ဘူး”

“မင္းတကယ္အနားယူဖို႔လိုေနၿပီ။ ဒီလိုလုပ္ ဆိုဖာေပၚမွာပဲအိပ္လိုက္ ကိုယ္ေစာင့္ေနေပးမယ္”

“ေနပါေစ မိုးလည္းလင္ေတာ့မွာကို”

“ေျပာစကားနားေထာင္စမ္းပါ ေကာင္ေလးရာ”

ကမာၻညိမ္းတစ္ေယာက္ ေကာင္းျမတ္လြန္း ပုခုံးကို ဆြဲခ်ကာ သူ႕ေပါင္ေပၚ ေခါင္းအုံးေစလိုက္သည္။

“ေျခေထာက္ေတြ ခုံေပၚတင္လိုက္”

“ဟင့္အင္း …”

ေကာင္းျမတ္လြန္း ကုန္းထဖို႔ႀကိဳးစားလိုက္ေသာ္လည္း ကမာၻညိမ္းက  ေကာင္းျမတ္လြန္း ပုခုံေတြကို လက္နဲ႕ျပန္ဖိထားလိုက္သည္။

“ၿငိမ္ၿငိမ္ေလးေန … လက္နာေနတယ္ … အိပ္ေတာ့ … ကိုယ္လည္းပင္ပန္းေနၿပီ … အိပ္ေတာ့မွာ…”

ဆိုဖာေနာက္ေက်ာကို ေခါင္းေလးမွီၿပီး မ်က္လုံးေတြမွိတ္လိုက္တဲ့ ကမာၻညိမ္ေၾကာင့္ ေကာင္းျမတ္လြန္းလည္း အသာၿငိမ္ေနေပးလိုက္သည္။

ကမာၻညိမ္းမ်က္ႏွာကို ေငးၾကည့္ေနရာက မိနစ္တစ္ခ်ိဳ႕ကုန္ဆုံးသြားခ်ိန္းမွာေတာ့ ေကာင္းျမတ္လြန္းျပန္လည္အိပ္ေပ်ာ္သြားေတာ့သည္။

ေကာင္းျမတ္လြန္း အသက္ရႉသံမွန္မွန္ေလးျဖင့္ အိပ္ေပ်ာ္သြားေတာ့မွ ကမာၻညိမ္းက သူ႕မ်က္လုံးေတြကို ဖြင့္လိုက္သည္။

ထို႔ေနာက္ သူ႕ေပါင္ေပၚေခါင္းအုံးအိပ္ေနတဲ့ေကာင္ေလးကို ငုံ႕ၾကည့္ရင္း နဖူးေျပေျပေလးထက္သို႔ အနမ္းတစ္ပြင့္ေႁခြလိုက္သည္။

“အိပ္မက္လွလွမက္ပါေစ ကိုယ့္အခ်စ္ ..”

ထို႔ေနာက္ ကမာၻညိမ္းလည္း မ်က္လုံးမွိတ္လို႔ စိတ္ခ်လက္ခ်အနားယူ အိပ္စက္လိုက္ေတာ့သည္။

ဒီတစ္ခါ ေကာင္းျမတ္လြန္းရဲ႕ အိပ္မက္ထဲမွာေတာ့ ကမာၻညိမ္းက အိတိုေလးနဲအတူ စြန္လြတ္ကစားရင္း ေကာင္းျမတ္လြန္းကို ၿပဳံး႐ႊင္စြာနဲ႕ လွမ္းၾကည့္ေနခဲ့သည္။

ထို႔ေနာက္ ကမာၻညိမ္းက ေကာင္းျမတ္လြန္းကို သူတို႔နဲ႕အတူကစားဖို႔ လွမ္းေခၚေနတာကို ေတြ႕လိုက္ရသည္။

ေကာင္းျမတ္လြန္းလည္း ၿပဳံး႐ႊင္စြာနဲ႕ပဲ အိတိုေလးတို႕ သားအဖဆီေျပးသြားလိုက္သည္။

အဲ့ဒီေနာက္ သူတို႔သုံးေယာက္လုံးေပ်ာ္႐ႊင္စြာနဲ႕ စြန္လႊတ္ကစားခဲ့ၾကသည္။

(အရမ္းတိုသြားလို႕ စာလာျဖည့္ေပးတာ 😁)

T.B.C 🐻
Thanks 😘

07:36PM(Fri)
04.02.2022
G14

အိတိုလေးရဲ့မာမား🐻အခန်း(၂၃)
Unicode

ညအိပ်ဝတ်စုံလေးသာဝတ်ထားတဲ့ ကောင်းမြတ်လွန်းက ကွင်းထိုး ဖိနပ်အပါးလေး တစ်ရံကိုသာ စီးပြီး တစ်နေရာသို့ အလောတကြီးသွားနေခဲ့သည်။

ထိုးထောင်ပြီးရှုပ်ပွနေတဲ့ ဆံပင်တွေလေးတွေ တစ်လှုပ်လှုပ်ခါသည်အထိ တရစပ် ပြေးလွှားနေတဲ့ ကောင်းမြတ်လွန်းက သူ့မျက်လုံနက်နက်လေးများဖြင့် နေရာစုံကို ဝှေ့ဝဲကြည့်ရင်း လူတစ်ယောက်ကို ရှာနေသည်။

နောက်ဆုံးတော့သူရှာနေတဲ့သူကိုတွေ့လိုက်ရပါပြီ။

“အစ်ကို ….”

အထိတ်တလန့်အော်သံနဲ့အတူ ကောင်းမြတ်လွန်း ရင်ဘက်ထဲက နှလုံးသားဟာလည်း ပေါက်ကွဲထွက်သွားတော့မတက် တဒိတ်ဒိတ်မြည်အောင် အဆက်မပြတ်ခုန်လှုပ်လာတော့သည်။

ဖြူစွတ်စွတ်အင်္ကျီတစ်ထည်လုံး နီညိုရောင်သွေးကွက်များဖြင့်စွန်းပေနေသည့် ကမ္ဘာညိမ်းရဲ့မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်လို့နေသည်။

အရေးပေါ်လူနာခန်းထဲရောက်နေတဲ့ ကမ္ဘာညိမ်းက မြင်တာနဲ့ ပြင်းထန်တဲ့ ဒဏ်ရထားမှန်းသိသာလောက်အောင်ပင်။ ခြေထောက်နဲ့ ခေါင်းမှာ စည်းထားတဲ့ ပတ်တီးစပေါ်မှာတောင် သွေးကွက်တွေကို အကွက်လိုက်မြင်နေရသေးသည်။

မိမိခေါ်သံကြောင့် မျက်လုံးထောင့်ကပ်ကြည့်လာတဲ့ ကမ္ဘာညိမ်းက ခန္ဓာကိုယ်ကို လှုပ်ရှားနိုင်စွမ်းရှိပုံမရ။

“အစ်ကို …”

ဝမ်းနည်းခြင်း စိတ်မကောင်းဖြစ်ခြင်း များစွာဖြင့် အော်ခေါ်မိတဲ့ အစ်ကိုဆိုတဲ့ အသံက ဆို့နင့်နေတဲ့ ရှိုက်သံကြောင့် မပီသ။

“ကောင်း … မြတ် … လွန်း”

ကောင်းမြတ်လွန်းနာမည်ကို တစ်လုံးချင်းခေါ်လာသည့် ကမ္ဘာညိမ်းရဲ့ အနားသို့ အပြေးလေးသွားကာ လက်လေးတစ်ဖက်ကို ဆုပ်ကိုင်ဖို့ ကြိုးစားလိုက်သော်လည်း လက်ခုံပေါ်က ခြစ်ရာရှရာလေးတွေကြောင့် လက်ဖဝါးကိုသာ အသာ မယူ ဖြစ်လိုက်သည်။

“ဘယ်လိုဖြစ်ရတာလဲအစ်ကို”

အသံကော ခန္ဓာကိုယ်တစ်ခုလုံးပါ တုန်ရီနေတဲ့ ကောင်းမြတ်လွန်းက ခုတင်ထက်မှာ လဲလျှောင်းနေတဲ့ ကမ္ဘာညိမ်းကို ဂရုဏာသက်သော လေသံလေးဖြင့် အသံကို အတက်နိုင်ဆုံး ကြိုးစားထိန်းကာ မေးလိုက်သည်။

“အိတို … အိတိုလေးကို စောင့်ရှောက်ပေးပါ”

ခြောက်သွေ့ကွဲအက်နေတဲ့ နှုတ်ခမ်းပါထက်မှ ပထမဆုံးထွက်လာတဲ့စကားသံလေးက အိတိုလေးကို ဘယ်လောက် စိတ်ပူနေကြောင်းကိုပြသည်။

“စိတ်ချပါ အိတိုလေးကိုကော အစ်ကို့ကိုပါ ကျွန်တော်စောင့်ရှောက်ပေးမှာပါ အစ်ကို စိတ်မပူနဲ့နော် အစ်ကိုလဲ အမြန်ဆုံးပြန်ကောင်းလာမှာ အားမငယ်နဲ့သိလား”

“မဟုတ်ဘူး … အိတိုလေးကို … တစ်သက်လုံး”

နာကျင်မှုကို အောင့်အည်းသည်းခံနေရတဲ့ ကမ္ဘာညိမ်းက မျက်ခုံးနှစ်ဖက်လုံး တွန်းကွေးကာ ကြုံ့သွားသည်အထိ အားယူကာ စကားတစ်လုံးထွက်လာဖို့ကို မနည်းကြိုးစား ပြောနေရသော်လည်း ကောင်းမြတ်လွန်းက ဒေါသတကြီးဖြင့် စကားကို ဆုံးအောင်ပြောဖို့အခွင့်မပေးခဲ့။

“အစ်ကို”

သူ မကြားချင်တဲ့စကားအတွက် “အစ်ကို” လို့ခေါ်ပြီး စကားကိုဖြတ်ချပစ်ဖို့ကြိုးစားသည်။

“မဟုတ်တာတွေမပြောပါနဲ့ အိတိုက အစ်ကို့သားလေ အစ်ကိုပဲစောင့်ရှောက်ရမှာပေါ့ အဲ့တာကြောင့် အမြန်ဆုံးကောင်းအောင်ကြိုးစား”

ကောင်းမြတ်လွန်းတစ်ယောက် ကမ္ဘာညိမ်းမျက်ဝန်းထောင့်ကနေစီးကြလာတဲ့ မျက်ရည်စလေးများကို ပွတ်သုတ်ပေးရင်း စိတ်မလျှော့ဖို့အားပေးမိသည်။

သို့သော်

“ကတိပေး အိတိုလေးကို စောင့်  ရှောက် ….”

စကားကိုအဆုံးထိအောင်တောင်ပြောမသွားနိုင်တော့တဲ့ ကမ္ဘာညိမ်းက မျက်ခွံများကို ကန့်လန့်ကာချလို့  ဘဝတစ်ခုကို ဇာတ်သိမ်းကြောင်း ပြခဲ့လေပြီ။

“အစ်ကို …”

မယုံနိုင်ခြင်းများစွာနဲ့ ကမ္ဘာညိမ်းပါလေးကိုကိုင်ကြည့်မိတော့ …

“စိတ်မကောင်းပါဘူးဗျာ။ လူနာက အသက်မရှိတော့ပါဘူး။ သေဆုံးချိန် မနက်ခင်း သုံနာရီ သုံဆယ့်သုံမိနစ်ပါ။ ညီလေးလာတဲ့အထိကို သူ့ခင်ဗျာ အသက်ကို မနည်းအားတင်းပြီး ဆွဲဆန့်ထားရရှာတာ။ ကျွန်တော်တို့လည်း တကယ်စိတ်မကောင်းပါဘူး။”

ဆရာဝန်၏ စိတ်မကောင်းစရာ ပြောစကားအဆုံး ကောင်းမြတ်လွန်းတစ်ယောက် ကမ္ဘာညိမ်းရင်ဘက်ပေါ် ပါးအပ်ပြီး ငိုချလိုက်မိသည်။

လှုပ်ရှားမှုမရှိတဲ့ ရင်ဘက်က မတော်တဆလေးများ လှုပ်ရှားလာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ နားစွင့်နေမိသော်လည်း ဘာမှထူးမခြားလာ။

“အစ်ကို … ကျွန်တော့်ကို လန့်အောင် မခြောက်ပါနဲ့ဗျာ။ အစ်ကိုက ဘယ်လိုလုပ်ပြီး … ဘယ်လိုလုပ်ပြီး … ဖြစ်မှမဖြစ်နိုင်တာ … အစ်ကိုက အခုမှငယ်ငယ်လေးရှိသေးတာ။ ပြီးတော့ အိတိုလေး …  အိတိုလေးက … ကလေးလေးပဲရှိသေးတာ။ အစ်ကိုတကယ်ပဲ စိတ်ချပြီး ထားသွားနိုင်လို့လား။ ကျွန်တော် အိတိုလေးကို အစ်ကိုမရှိတော့တဲ့ အကြောင်း ဘယ်လို ပြောပြရမှာလဲဗျာ။ အစ်ကို …  ကျွန်တော့်ကို မသနားဘူးလားဗျာ။ ကျွန်တော် အိတိုလေးကို ဘယ်လိုနှစ်သိမ့်ပေးရမှာလဲ။ အစ်ကို … ကျွန်တော့်အပေါ်ကောင်းပေးခဲ့သမျှ ကျွန်တော်ဘာမှပြန်မလုပ်ပေးရသေးဘူးလေး အစ်ကိုရဲ့။ … ကျွန်တော် …. ကျွန်တော် … အစ်ကို့ပေါ်မှာတင်နေတဲ့ မေတ္တာကြွေးတွေအများကြီးပဲအစ်ကိုရဲ့။ ကျွန်တော်ဘယ်လိုများ ပြန်ပေးဆပ်ရတော့မှလဲ ….”

ကောင်းမြတ်လွန်း ခပ်တိုးတိုးလေးသာငိုရှိုက်ရင်း အသက်မရှိတော့တဲ့ လူတစ်ယောက်ကို စကားတွေပြောနေမိသည်။

မကြားနိုင်တော့မှန်းသိပေမယ့် သူ့ရင်ထဲစကားတွေကို မြိုသိပ်မထားနိုင်တော့တာကြောင့် ဖွင့်ဟမိသည်။

“ညီလေးစိတ်ကို ထိန်းပါဗျာ ကျွန်တော်တို့လည်း သေဆုံးသူကို နေရာရွေ့ရတော့မှာမို့ ခွင့်ပြုပေးပါ”

“မလုပ်ပါနဲ့ …. ခဏလေး … ခဏလေး အနားမှာရှိနေပေးပါရစေ။ ကျွန်တော် … အစ်ကို့ကို ကျေးဇူးတင်စကားလေးတောင် သေချာမပြောရသေးလိုပါ။ ကျွန်တော် … အစ်ကို့ရဲ့ ဂရုစိုက်မှုတွေကိုပဲခံယူနေခဲ့ပြီး ကျွန်တော့ဘက်က ဂရုစိုက်မှုသေးသေးတောင် ပြန်မပေးရသေးဘူး ကျွန်တော် ….”

“ညီလေးခံစားချက်ကိုနားလည်ပေမယ့် လူနာက မတော်တဆဖြစ်ခဲ့တဲ့ ဒဏ်ရာတွေကြောင့် သွေးယိုစိမ့်မှုများနေပါတယ်။ အဲ့တာကြောင့် ကျွန်တော်တို့ကိုခွင့်ပြုပေးပါ။”

မျက်ရည်တွေကြားထဲက ခေါင်းအတွင်တွင်ခါမိသည်။

“မလုပ်ပါနဲ့ … အစ်ကို … အစ်ကို … အစ်ကို့ကိုခေါ်မသွားပါနဲ့ … အစ်ကို …”

🐻🐻🐻

“အစ်ကို … အစ်ကို …”

“ကောင်းမြတ်လွန်း … ကောင်လေး …”

အိမ်မက်ယောင်နေပုံရတဲ့ ကောင်လေးပုခုံးကို အသာလေးပုတ်ပြီးနှိုးလိုက်တော့ အလန့်တကြားဖြင့် မျက်လုံများပွင့်လာကာ လူကို အတင်းဆွဲဖက်ထားတော့သည်။

မတ်တက်ရပ်အနေအထားဖြစ်နေတဲ့ ကမ္ဘာညိမ်းကို ဆိုဖာခုံပေါ်မှာ ထိုင်ရက်သားလေး အိပ်ပျော်နေတဲ့ ကောင်းမြတ်လွန်းက ကမ္ဘာညိမ်း၏ လည်တိုင်ကို တင်းကျပ်စွာ ဖက်ထားတာတာကြောင့် ကမ္ဘာညိမ်းမှာ ကုန်းကုန်းကြီးဖြစ်နေတော့သည်။

“အစ်ကို .. အစ်ကို မသေဘူးနော်”

“အိပ်မက်ဆိုးတွေ မက်နေတာလား”

“ဟင် … အိပ်မက် မက်နေတာလား  … ဒါဆိုအိပ်မက်ပေါ့”

“ဘာလဲ ကောင်းမြတ်လွန်း အိပ်မက်ထဲမှာ ကိုယ်သေသွားလို့လား”

“ဟုတ်တယ် ….”

“တော်သေးတာပေါ့ ကောင်းမြတ်လွန်းကယ်လို့ မဟုတ်ရင် ကိုယ်အပြင်မှာ သေသွားလောက်တယ်။”

“ဟင် …”

ကောင်းမြတ်လွန်းက အလန့်တကြားနဲ့ ကမ္ဘာညိမ်းကို ဖက်ထားတာကိုလွတ်ပေးပြီး ကမ္ဘာညိမ်းတစ်ကိုယ်လုံးကို ခြေဆုံးခေါင်းဆုံးလိုက်ကြည့်တော့သည်။

“အစ်ကို့လက်က … ဒါဆို ကျွန်တော် … ကျွန်တော် အိပ်မက် မက်တာမဟုတ်ဘူးပေါ့။ ဒါပေမဲ့ အိပ်မက်ထဲမှာက …”

အိပ်ချင်မူတူးနဲ့ ဇဝေဇဝါတွေဖြစ်နေတဲ့ ကောင်းမြတ်လွန်းက ကြောင်တောင်တောင် ရုပ်လေးဖြစ်လာကာ စိတ်ရှုပ်သွားပုံရသည်။

ညကအိမ်အပြန်လမ်းမှာ မတော်တဆ ယာဉ်တိုက်မှုအသေးစားလေး တစ်ခုဖြစ်သွားတာကြောင့် ကမ္ဘာညိမ်းကိုယ်တိုင်း ဒဏ်ရာတစ်ချို့ရရှိခဲ့သလို တစ်ဖက်ကားပေါ်က လူနှစ်ယောက်ကလည်း ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိသွားကြတာကြောင့် ရဲစခန်းရောက်လိုက် ဆေးရုံကူးလိုက်လုပ်ခဲ့ရသည်။

ကိစ္စအားလုံးပြီးစီးသွားတော့မှ သူ့ဖုန်းကို ကြည့်မိလိုက်တော့ လွန်ခဲ့တဲ့ တစ်နာရီကျော်လောက်က ကောင်းမြတ်လွန်းပို့ထားတဲ့ မက်ဆေ့လေးတစ်စောင်ကို တွေ့လိုက်သည်။ ချက်ချင်းစာပြန်လိုက်သော်လည်း ပြန်စာပို့မလာတော့တဲ့ ကောင်လေးကြောင့် အိပ်ပျော်သွားလောက်ပြီဟုတွေးပြီး ဖုန်းမခေါ်တော့ပဲ အိမ်ပဲပြန်လာခဲ့လိုက်တော့သည်။

အိမ်ပြန်ရောက်လို့ ဧည့်ခန်းထဲဝင်ဝင်ချင်း ဆိုဖာခုံပေါ်မှာ ထိုင်ရက်သားလေးအတိုင်အိပ်ပျော်နေတဲ့ ကောင်လေးကိုတွေ့လိုက်ရသည်။

အခါတိုင်းလိုပဲ ချီပြီး အခန်းထဲက အိပ်ရာပေါ်တင်ပေးဖို့ အနားသို့သွားလိုက်တော့ ငိုညည်းနေတဲ့အသံမျိုးနဲ့ အိပ်မက်ယောင်နေတဲ့ ကောင်းမြတ်လွန်းက “အစ်ကို” ဆိုသော နမ်စားကို ထပ်ခါထပ်ခါ ရေရွတ်နေတာကြောင့် မနှိုးချင်ပဲနှိုးလိုက်ရသည်။

နိုးလာတော့လည်း ကြောက်လန့်တကြား အတင်းဆွဲဖက်လာတဲ့ ကောင်းမြတ်လွန်းက တကယ်ကို ကလေးတစ်ယောက်လို သတိလက်လွတ်ဖြစ်နေခဲ့သည်။

စိုးရိမ်တကြီးနဲ့ ကြည့်လာတဲ့ မျက်ဝန်းတွေထဲမှာ ငွေ့ရည်ဖွဲ့နေတာကို တွေ့လိုက်ရသလို စိုးရိမ်တကြီးမေးလားတဲ့ မေးခွန်းထဲမှာ အံ့သြထိတ်လန့်မှုတွေ ဝမ်းသာပျော်ရွှင်မှုတွေ ရောထွေးနေတာကို သိလိုက်ရသည်။

မီးဖိုချောင်ထဲဝင်လိုက်ပြီး ပါတ်တီးပတ်ထားတဲ့လက်ကို သတိထားပြီး ရေတစ်ခွက်ထည့်ကာ ကောင်းမြတ်လွန်းဆီ ပြန်သွားလိုက်သည်။

“ရော့ … ရေအရင်သောက်လိုက်အုံး”

“ကျေးဇူး ..”

ရေခွက်ကိုင်ထားတဲ့လက်တွေက မသိမသာတုန်ရီနေတာကို မြင်လိုက်ရတော့ ကမ္ဘာညိမ်းစိတ်ထဲမကောင်း။ ဘယ်လောက်တောင်ဆိုးဝါးတဲ့ အိပ်မက်ဆိုးတွေမက်နေခဲ့လို့ အခုလောက်ထိတုန်လှုပ်နေရတာလဲဆိုတာကို သိချင်စိတ်ဖြစ်လာရသည်။

“ကောင်းမြတ်လွန်းက ကိုယ့်ကို စောင့်ရင်းအိပ်ပျော်သွားတာလား”

“အင်း …”

“တောင်းပန်ပါတယ် ကိုယ်ပြန်လာတာနောက်ကျသွားတယ်”

“မဟုတ်တာ အစ်ကို ပြန်လာပေးတာပဲကျေးဇူးတင်နေပါပြီ”

ကမ္ဘာညိမ်းက အိမ်ပြန်နောက်ကျရတဲ့ အကြောင်းအရင်းကို သေချာရှင်းပြလိုက်တော့ နားထောင်နေတဲ့ ကောင်လေးက သက်ပြင်းချပြီး “တော်သေးတာပေါ့” ဟုပြောလာသည်။

အခုချိန်ထိ မျက်နှာမကောင်းသေးတဲ့ ကောင်းလေးရဲ့ဘေးမှာပြောင်းထိုင်လိုက်ပြီး ကျောကို အသာသပ်ပေးရင်း အိပ်မက်အကြောင်းကို မေးလိုက်သည်။

“ဘာအိပ်မက်တွေမက်ခဲ့လို့လဲ”

“အိပ်မက်ထဲမှာ အစ်ကိုသေသွားတယ် ဒဏ်ရာတွေလဲ အများကြီးပဲ”

“ဒါဆို ကိုယ်တော့ အသက်ရှည်အုံးမှာပဲ”

ကမ္ဘာညိမ်း ခပ်ဖွဖွလေး ပြုံးရင်းပြောလိုက်တော့ ကောင်းမြတ်လွန်းရဲ့ စူးစမ်းသည့် မျက်ဝန်းများက ကမ္ဘာညိမ်းရဲ့ မျက်ဝန်းများကို တေ့ဆိုင်၍ ကြည့်လာတော့သည်။

“ဒီလိုလေ အိပ်မက်နဲ့ အပြင်လက်တွေ့က ပြောင်းပြန်ယူရတယ်။ အိပ်မက်ထဲမှာ သေသွားတော့ အပြင်မှာမသေတော့ဘူးပေါ့။”

“အဲ့လိုလား … အဲ့လိုဆိုတော်သေးတာပေါ့။”

“ဘာလဲ ကောင်းမြတ်လွန်းက ကိုယ် သေသွားတယ်ဆိုပြီး ဝမ်းနည်းနေတာပေါ့လေ”

“ဝမ်းနည်းတယ်ဆိုတာထက် နောင်တရနေမိတာ”

“ဘာကိုနောင်တရတာလဲ”

“ကျွန်တော် မပြောလို့ရလား”

“ရပါတယ်။ အခု ကောင်းမြတ်လွန်းစိတ်ထဲ အဆင်ပြေသွားပြီလား”

“အင်း … အဆင်ပြေသွားပါပြီ။ ဒါနဲ့ အစ်ကို အပြင်မှာတကယ်ပဲ မတော်တဆဖြစ်ခဲ့တယ်မဟုတ်လား။ အဆင်ပြေရဲ့လား။ လက်ကကော ဘာဖြစ်သွားတာလဲ။ ကျွန်တော်တို့ ဆေးရုံသွားပြကြမလား။”

“ကိုယ်ဘာမှမဖြစ်ဘူး။ လက်ကောက်ဝတ်ပဲ နည်းနည်းနာသွားတာ။ ဆေးလည်း ထည့်ထားတယ် စိတ်ပူစရာမလိုဘူး။”

“ဘာပဲဖြစ်ဖြစ် အစ်ကိုနောက်ဆို အစစအရာရာ သတိထားပါ အစ်ကို့မှာ အိတိုလေးရှိသေးတယ်။”

“အင်း ကိုယ်သတိထားပါမယ်။ ကောင်းမြတ်လွန်းကို စိတ်ပူစေခဲ့မိလို့တောင်းပန်ပါတယ်။
အိပ်မက်ဆိုးတွေမက်နေခဲ့တော့ ကောင်းကောင်းအိပ်ပျော်မှာမဟုတ်ဘူး အဲ့တာကြောင့် အခုအခန်းထဲပြန်ပြီး ပြန်အိပ်လိုက်တော့။”

“မအိပ်တော့ပါဘူး … ကျွန်တော် စိတ်ထဲ တစ်ခုခုကို မတင်မကျဖြစ်နေတုန်းပဲ။”

“အိပ်မက်ဆိုး ထပ်မက်မှာဆိုးလို့လား။”

“မပြောတက်ဘူး”

“မင်းတကယ်အနားယူဖို့လိုနေပြီ။ ဒီလိုလုပ် ဆိုဖာပေါ်မှာပဲအိပ်လိုက် ကိုယ်စောင့်နေပေးမယ်”

“နေပါစေ မိုးလည်းလင်တော့မှာကို”

“ပြောစကားနားထောင်စမ်းပါ ကောင်လေးရာ”

ကမ္ဘာညိမ်းတစ်ယောက် ကောင်းမြတ်လွန်း ပုခုံးကို ဆွဲချကာ သူ့ပေါင်ပေါ် ခေါင်းအုံးစေလိုက်သည်။

“ခြေထောက်တွေ ခုံပေါ်တင်လိုက်”

“ဟင့်အင်း …”

ကောင်းမြတ်လွန်း ကုန်းထဖို့ကြိုးစားလိုက်သော်လည်း ကမ္ဘာညိမ်းက  ကောင်းမြတ်လွန်း ပုခုံတွေကို လက်နဲ့ပြန်ဖိထားလိုက်သည်။

“ငြိမ်ငြိမ်လေးနေ … လက်နာနေတယ် … အိပ်တော့ … ကိုယ်လည်းပင်ပန်းနေပြီ … အိပ်တော့မှာ…”

ဆိုဖာနောက်ကျောကို ခေါင်းလေးမှီပြီး မျက်လုံးတွေမှိတ်လိုက်တဲ့ ကမ္ဘာညိမ်ကြောင့် ကောင်းမြတ်လွန်းလည်း အသာငြိမ်နေပေးလိုက်သည်။

ကမ္ဘာညိမ်းမျက်နှာကို ငေးကြည့်နေရာက မိနစ်တစ်ချို့ကုန်ဆုံးသွားချိန်းမှာတော့ ကောင်းမြတ်လွန်းပြန်လည်အိပ်ပျော်သွားတော့သည်။

ကောင်းမြတ်လွန်း အသက်ရှူသံမှန်မှန်လေးဖြင့် အိပ်ပျော်သွားတော့မှ ကမ္ဘာညိမ်းက သူ့မျက်လုံးတွေကို ဖွင့်လိုက်သည်။

ထို့နောက် သူ့ပေါင်ပေါ်ခေါင်းအုံးအိပ်နေတဲ့ကောင်လေးကို ငုံ့ကြည့်ရင်း နဖူးပြေပြေလေးထက်သို့ အနမ်းတစ်ပွင့်ခြွေလိုက်သည်။

“အိပ်မက်လှလှမက်ပါစေ ကိုယ့်အချစ် ..”

ထို့နောက် ကမ္ဘာညိမ်းလည်း မျက်လုံးမှိတ်လို့ စိတ်ချလက်ချအနားယူ အိပ်စက်လိုက်တော့သည်။

ဒီတစ်ခါ ကောင်းမြတ်လွန်းရဲ့ အိပ်မက်ထဲမှာတော့ ကမ္ဘာညိမ်းက အိတိုလေးနဲအတူ စွန်လွတ်ကစားရင်း ကောင်းမြတ်လွန်းကို ပြုံးရွှင်စွာနဲ့ လှမ်းကြည့်နေခဲ့သည်။

ထို့နောက် ကမ္ဘာညိမ်းက ကောင်းမြတ်လွန်းကို သူတို့နဲ့အတူကစားဖို့ လှမ်းခေါ်နေတာကို တွေ့လိုက်ရသည်။

ကောင်းမြတ်လွန်းလည်း ပြုံးရွှင်စွာနဲ့ပဲ အိတိုလေးတို့ သားအဖဆီပြေးသွားလိုက်သည်။

အဲ့ဒီနောက် သူတို့သုံးယောက်လုံးပျော်ရွှင်စွာနဲ့ စွန်လွှတ်ကစားခဲ့ကြသည်။

(အရမ်းတိုသွားလို့ စာလာဖြည့်ပေးတာ 😁)

T.B.C 🐻
Thanks 😘

07:36PM(Fri)
04.02.2022
G14

© G Fourteen,
книга «အိတိုေလးရဲ႕မာမား အိတိုလေးရဲ့မာမား».
အိတို (၂၄)
Коментарі