အိတို
အိတို (၀၁)
အိတို (၀၂)
အိတို (၀၃)
အိတို (၀၄)
အိတို (၀၅)
အိတို (၀၆)
အိတို (၀၇)
အိတို (၀၈)
အိတို (၀၉)
အိတို (၁၀)
အိတို (၁၁)
အိတို (၁၂)
အိတို (၁၃)
အိတို (၁၄)
အိတို (၁၅)
အိတို (၁၆)
အိတို (၁၇)
အိတို (၁၈)
အိတို (၁၉)
အိတို (၂၀)
အိတို (၂၁)
အိတို (၂၂)
အိတို (၂၃)
အိတို (၂၄)
အိတို (၂၅)
အိတို (၂၆)
အိတို (၂၇)
အိတို (၂၈)
အိတို (၂၉)
အိတို (၃၀)
အိတို (၃၁)
အိတို (ဇာတ္သိမ္း)
အိတို (၂၆)
အိတိုေလးရဲ႕မာမား🐻အခန္း(၂၆)
Zawgyi

“dad …”

ႏႈတ္ခမ္းေလးကို စူေထာ္ထားတဲ့ အိတိုေလးက တစ္ခုခုကို ေတာ္ေတာ္ေလးမေက်မနပ္ျဖစ္ေနပုံရသည္။

ၾကည့္ရတာေတာ့ ဒီေန႕လည္စာကို အတူမစားေပးလို႔ ေကာက္ေနတာျဖစ္ရမည္လို႔ပဲ ကမာၻညိမ္းထင္လိုက္မိသည္။

“အိတို … ဘာေတြ အလိုမက်ျဖစ္ေနတာလဲ dad က ထမင္းအတူ မစားေပးလို႔လား”

“မဟုတ္ဘူး …”

“ဒါျဖင့္ ဘာေတြအလိုမက်ျဖစ္ေနတာတုန္း”

ကမၻာညိမ္းက အိတိုေလးရဲ႕ စူထြက္ေနတဲ့ႏႈတ္ခမ္းေလးကို လက္မေလးနဲ႕ဖိျပီးေမးလိုက္ေတာ့ မ်က္ေတာင္ေလး ေပကလပ္ ေပကပ္လုပ္ကာ လက္မကိုဆြဲဖယ္ျပီး ႏႈတ္ခမ္းကို ပိုစူေထာ္ျပလာသည္။

“dad .. အိတိုေလးေလ ဂ်ာဂ်ာအပ်ိဳးႀကီး ေဒၚပိုးအတင္းေျပာေနတာ ၾကားလာတယ္သိလား။ dad … အလုပ္ထဲက အမ်ိဳးသမီးေတြက မာမားကို ႀကိတ္ႀကိဳက္ေနၾကတာတဲ့”

“ဟုတ္လား ဂ်ာဂ်ာအပ်ိဳႀကီးက အဲ့လိုပဲေျပာတာလား”

“ဟုတ္ပါတယ္ဆို။ အိတိုေလးေသခ်ာၾကားလာတာ။ မာမားကို သူတို႔လုယူသြားရင္ ဘယ္လိုလုပ္မလဲဟင္။”

“dad … တစ္ေယာက္လုံးရွိတာပဲ လုလို႔ရမလား။ အခု မာမားဆီသြားၾကမလား။”

“dad … တကယ္ေျပာတာလား။ dad ေျပာေတာ့ အလုပ္ခ်ိန္ မာမားဆီသြားလို႔မရဘူးဆို”

“အခုက dad ပါတယ္ေလ။ သြားလို႔ရတယ္။ သြားၾကမယ္။ အိတိုေလးရဲ႕မာမားက အိတိုေလးအပိုင္ဆိုတာသြားႂကြားၾကမယ္။”

“ေရး … dad က အရမ္းခ်စ္ဖို႔ေကာင္းတာပဲ အာဘြားအမ်ားႀကီးေပးမယ္”

သားအဖႏွစ္ေယာက္ လက္ဖဝါးခ်င္းရိုက္ၿပီး ေရာက္သြားတဲ့ေနရာက ေကာင္းျမတ္လြန္းအလုပ္လုပ္ေနတဲ့ ဌာနကို ျဖစ္သည္။

႐ုတ္တရက္ႀကီး ေရာက္ခ်လာတဲ့ ဥကၠဌကို ျမင္ေတာ့ ႐ုံးဝန္းထမ္းေတြအားလုံး ႐ုတ္႐ုတ္သည္းသည္းေတြျဖစ္ကုန္ၾကသည္္။

ကမာၻညိမ္းက ဝန္ထမ္းေတြကို လုပ္စရာရွိတာ ဆက္လုပ္ၾကဖို႔ကို မ်က္ႏွာအရိပ္အကဲျဖင့္ ျပလိုက္သည္။

ဝန္ထမ္းေတြကလည္း တိတ္တိတ္ဆိတ္ဆိတ္ပဲ ဟန္မပ်က္အလုပ္ဆက္လုပ္ေနႀကသည္။

အလုပ္ထဲ အာရံုစိုက္ေနတဲ့ ေကာင္းျမတ္လြန္းကေတာ့ အခုခ်ိန္ထိ႐ုံးခန္းထဲက အေျခအေနကို ရိပ္မိေသးပံုမရ။

“အဟမ္း …. ေကာင္းျမတ္လြန္း”

“ဗ်ာ … ဟမ္ … ဘယ္လိုလုပ္ၿပီး”

“ညေန႐ုံးဆင္းရင္ ညစာကိုအျပင္မွာ သြားစားမယ္ အဲ့တာလာေျပာတာ”

မလိုအပ္ပဲ လိုအပ္တာထက္ပိုၿပီး အသံျမႇင့္ကာေျပာလိုက္တဲ့ ကမာၻညိမ္းေၾကာင့္ ေကာင္းျမတ္လြန္းခင္ဗ်ာ မ်က္စိပ်က္ မ်က္ႏွာပ်က္ျဖင့္ စိုးရိမ္တႀကီး ပတ္ဝန္းက်င္းေလ့လာကာ ကမာၻညိမ္းကို အသံတိတ္ျဖင့္ မေက်မနပ္ၾကည့္ကာ အျပစ္တင္ေတာ့သည္။

“မာမား …  ဒီည အိတိုေလး မာမားနဲ႕အတူလာအိပ္မယ္ေနာ္”

ေကာင္ျမတ္လြန္းတစ္ေယာက္ ထိုင္ငိုလို႔ရရင္း ငိုလိုက္ခ်င္ေနၿပီျဖစ္သည္။ သားအဖ ႏွစ္ေယာက္ေပါင္းၿပီး သူ႕ကို တမင္တကာမ်ား အၾကပ္ရိုက္ေအာင္ လုပ္ေနသလား ထင္မွတ္ရသည္။

ေကာင္းျမတ္လြန္း သူ႕တစ္ကိုယ္လုံးကို ႀကဳံ႕နိုင္းသမွ် ႀကဳံ႕ထားလိုက္မိသည္။ အခုခ်ိန္မွာ သူဟာ လိပ္တစ္ေကာင္ ျဖစ္ခဲ့မယ္ကို ေခါင္းဝွက္ၿပီး အခြံနဲ႕လိမ့္ကာ ဒီ႐ုံးခန္းထဲက ထြက္သြားလိုက္မွာ ျဖစ္သည္။

အခုေတာ့ သူ႕တစ္ကိုယ္လုံးထူပူၿပီး ဆြံ႕အ ေန႐ုံမွအပ သူဘယ္လို တုန႔္ျပန္ရမွန္း ပင္မသိေတာ့။

ေျပာခ်င္တာေျပာၿပီးတာနဲ႕ ေျမာက္ႀကြ ေျမာက္ႀကြျဖစ္ေနတဲ့ ပံုစံျဖင့္  ျပန္ထြက္သြားတဲ့ ဥကၠဌႀကီးတို႕သားအဖေတြ။

သားအဖႏွစ္ေယာက္လံုး ျမင္ကြင္းထဲက ေပ်ာက္သြားတာနဲ႕ ႐ုံးခန္းထဲက ဝန္ထမ္းအားလုံးရဲ႕စူးစမ္းတဲ့အၾကည့္ေတြက ေကာင္းျမတ္လြန္းထံ စုၿပဳံေရာက္ရွိလာေတာ့သည္။

သို႔ေသာ္ ဘာမွေတာ့ ေမးခြန္းမထုတ္လာၾက။ ျဖစ္နိုင္တာကေတာ့ ဥကၠဌႀကီးနဲ႕ ပတ္သတ္တဲ့သူမို႔ မဝံ့ရဲၾကတာျဖစ္လိမ့္မည္။

ညစာစားခ်ိန္အေရာက္မွာေတာ့ …

စိတ္ဆိုးစိတ္ေကာက္ေနတဲ့ ေကာင္ေလးတစ္ေယာက္အေရွ႕မွာ ကေလးငယ္ေလးတစ္ေယာက္ နဲ႕ အေကာင္ထြားထြားလူႀကီးတစ္ေယာက္က မ်က္ႏွခ်ိဳေသြးကာ ဟင္းေတြအၿပိဳင္ထည့္ေပးေနၾကသည္။

“မာမား .. စကားေျပာေလ”

“ဟုတ္သားပဲ စကားေလး ဘာေလးေျပာပါအုံး”

“မေျပာဘူးဗ်ာ တကယ္ပဲ ဘာေျပာရမွန္းကို မသိေတာ့တာ”

“စိတ္မဆိုးပါနဲ႕ကြာ။ ကိုယ္ႀကိဳေျပာထားသားပဲ ေကာင္းျမတ္လြန္းက ကိုယ့္အပိုင္ဆိုတာကို ေၾကာ္ျငာေတာ့မွာလို႔။ အဲ့တာမွ ေကာင္းျမတ္လြန္းကို ဘယ္သူကမွမေမွ်ာ္မွန္းရဲေတာ့မွာ။”

“အစ္ကို ကေလးရွိေနတယ္ေလ”

“ဘာျဖစ္လို႔လဲ အိတိုေလးလဲ သေဘာတူတယ္။ မယုံရင္ေမးၾကည့္ပါလား။”

“ဟုတ္တယ္ မာမား အိတိုေလးလဲ သေဘာတူးတယ္။ မာမားက အိတိုေလးရဲ႕မာမား။ ဘယ္သူကမွလုယူလို႔မရဘူး။ ဟြန႔္ …။”

“ဟာဗ်ာ …။ ခင္ဗ်ားတို႔ သားအဖနဲ႕ေတာ့ ႐ူးေတာ့မွပဲဗ်ာ။ ေတာ္ၿပီ။ ကြၽန္ေတာ္ ျပန္ႏွင့္ေတာ့မယ္။”

“အဲ့လို မရဘူးေလ။ မင္း ဘာမ ွမစားရေသးဘူး။”

“မာမားကလဲ … အိတိုေလးတို႔ကို စိတ္မဆိုးပါနဲ႕။ အိတိုေလးတို႔က မာမားကို ခ်စ္လို႔ပါ။ ေနာ္ … မာမားေနာ္ … ။ စိတ္မဆိုးနဲ႕ေနာ္ … ။ အိတိုေလးကို ညစာေကြၽးေပးအုံးေလေနာ္။ မာမား …. ။ ေနာ္လို႔ …။”

“ကြၽန္ေတာ္ တကယ္ ငိုခ်င္လာၿပီဗ်ာ …”

ငိုမဲ့မဲ့႐ုပ္ေလးနဲ႕ထိုင္ခုံမွာ ျပန္ထိုင္လိုက္တဲ့ ေကာင္းျမတ္လြန္းကို ၾကည့္ၿပီး ကမာၻညိမ္းတို႔သားအဖေတြ ၿပဳံးမိသြားသည္။

“မာမား .. အာဘြားေပးမယ္ေလ။ စိတ္မဆိုးနဲ႕ေတာ့ေနာ္။ dad …မာမားကို ခြံေကြၽးလိုက္အံုးေလ။”

“အား …”

ပုစြန္ကင္တစ္ေကာင္ကို တူနဲ႕ညွပ္ၿပီး တကယ္ႀကီးလာခြံေပးတဲ့ ကမာၻညိမ္းဆိုတဲ့လူႀကီးေၾကာင့္ ေကာင္းျမတ္လြန္း ေတာ္ေတာ္ေလး စိတ္ေလမိသည္။

“အစ္ကို … ။ အစ္ကိုက လူႀကီးျဖစ္ၿပီး ဘယ္လိုျဖစ္ေနတာလဲဗ်ာ။”

“ခ်စ္လို႔ေလ”

အခုေတာ့ ကေလးေရွ႕ေတာင္ မေရွာင္ ရိသဲ့သဲ့လုပ္လြန္းတဲ့ ဥကၠဌႀကီးေၾကာင့္ ေကာင္းျမတ္လြန္း အရိုအေသေတာင္မဲ့ခ်င္လာသည္။

“ခင္ဗ်ား …”

“ႀကိဳက္တယ္ …”

“ဘာလဲ ဘာကိုႀကိဳက္ျပန္တာလဲ”

“ခင္ဗ်ားလို႔ေခၚတာႀကိဳက္တယ္။ ပိုရင္းႏွီးသြားသလိုပဲ။”

“က်စ္ … တကယ္ ေျပာမရဆိုမရဗ်ာ။ ေတာ္ၿပီဘာမွ မေျပာနဲ႕ေတာ့။ စားစရာရွိတာ စားေတာ့။ ကြၽန္ေတာ္လဲ စားေတာ့မယ္။”

ႏႈတ္ခမ္းစူၿပီး မ်က္ေမွာင္ႀကီးႀကံဳ႕ကာ စိတ္ေကာက္ေနတဲ့ ေကာင္းျမတ္လြန္းက အိတိုေလးကို ထမင္းခြံေပးဖို႔ကိုေတာ့မေမ့။

ကမာၻညိမ္းက မထိတထိစလိုက္ ေကာင္းျမတ္လြန္းက စိတ္ဆိုးျပီးေအာ္လိုက္ အိတိုေလးက ၾကားထဲက ၾကည့္ၿပီး တခစ္ခစ္ရယ္လိုက္နဲ႕ ဆူဆူညံညံ ညစားစားဝိုင္းေလးက အရင္ေန႕ေတြနဲ႕မတူပဲ ပိုၿပီးအသက္ဝင္ေနသလို။

အိမ္ျပန္ေရာက္လို႔ အိတိုေလးအိပ္ေပ်ာ္သြားမွ ေကာင္းျမတ္လြန္းက ကမာၻညိမ္းကို ရန္ေတြ႕ဖို႕ ေမာင္းတင္ေတာ့သည္။

“ဒီမွာ ….”

ထမင္းစားခန္းထဲမွာ ေရေသာက္ေနတဲ့ ကမာၻညိမ္းက ေကာင္းျမတ္လြန္းရဲ႕ အသံေၾကာင့္ ေရသီးမလိုေတာင္ျဖစ္သြားရသည္။

“ဘာေျပာမလို႔လဲ”

“အိမ္ေရွ႕ခဏထြက္ခဲ့”

“ကိုယ့္ကို အေျဖျပန္ေပးေတာ့မလို႔လား”

“ခင္ဗ်ားဘယ္တုန္းက အေျဖေတာင္းဖူးလို႔လဲ”

“ကိုယ္ႀကိဳက္တယ္ဆိုတိုင္း ခင္ဗ်ားလို႔ေခၚေပးစရာမလိုပါဘူး။ အခါတိုင္းလို အစ္ကိုလို႔ေခၚလည္းရပါတယ္”

“ခင္ဗ်ားဘယ္လိုျဖစ္ေနတာလဲ”

ေနာက္ဆုံးေတာ့ ေကာင္းျမတ္လြန္း လက္ပါလာခဲ့ၿပီ။ စိတ္ဆိုးဆိုးနဲ႕ ကမာၻညိမ္းလက္ေမာင္းကို အားနဲ႕ ရိုက္ခ်လိဳက္သည္။

ကမာၻညိမ္းကေတာ့ ပန္းနဲ႕အေပါက္ခံရသလို ၿပဳံးရယ္ေနေလရဲ႕။

ေျခလွမ္းက်ဲႀကီးေတြနဲ႕ အိမ္ေရွ႕ကို ေလွ်ာက္သြားတဲ့ ေကာင္းျမတ္လြန္းေနာက္ကို ကမာၻညိမ္း ကပ္လိုက္သြားသည္။

“ဘာျဖစ္လို မဆင္မျခင္ေတြလုပ္ေနတာလဲ”

“ခ်စ္လို႔ …”

“ကြၽန္ေတာ္မွ ျပန္မခ်စ္တာ။”

“ကိုယ္ကလဲ ျပန္ခ်စ္ပါလို႔ မေျပာမိပါဘူး။”

“ဒါဆို ဘာလို႔ ပိုင္ဆိုးပိုင္နင္းေတြလုပ္ေနတာလဲ”

“မင္းက ကိုယ့္ခ်စ္သူေလ”

“ဟာ … ခင္ဗ်ားကိုမွ ကြၽန္ေတာ္ျပန္မခ်စ္ေသးတာ။”

“ကိုယ္ခ်စ္တယ္ေလ။ ကိုယ္မင္းကို ခ်စ္တယ္။ အဲ့ေတာ့ မင္းကကိုယ့္ခ်စ္သူပဲ။”

ေကာင္းျမတ္လြန္း ဘယ္လိုျပန္ေျပာၿပီး ဘယ္လိုနားခ်ရမွန္းကို မသိေတာ့တာေၾကာင့္ သက္ျပင္းေတြသာခ်ေနမိသည္။

“ကိုယ့္အနားမွာေနၿပီး ကိုယ့္အခ်စ္ေတြ ခံယူေပးေနရင္လုံေလာက္ၿပီ။ ေကာင္းျမတ္လြန္း ကိုယ့္ကို ျပန္ခ်စ္သည္ျဖစ္ေစ ျပန္မခ်စ္သည္ျဖစ္ေစ ေနာက္ဆုံးမုန္းေနရင္ေတာင္ ကိုယ္က မရ မက အတင္းဖက္တြယ္ၿပီး ခ်စ္ေပးေနအုံးမွာမို႔လို႔ ကိုယ့္နည္းကိုယ့္ဟန္နဲ႕ ခ်စ္တက္သေလာက္ ခ်စ္နိုင္သေလာက္ အစြမ္းကုန္ခ်စ္ေပးေနတာကို မတားပါနဲ႕။ ကိုယ္က အတၱႀကီးတယ္။ ကိုယ္ခ်စ္တဲ့သူကို ဘယ္ေတာ့မွ စြန႔္လႊတ္မွာမဟုတ္သလို ပိုင္ဆိုင္ဖို႔လည္း အၿမဲႀကိဳးစားေနမွာ။”

ကမၻာညိမ္းရဲ႕ ခ်စ္စကားေတြက  ေကာင္းျမတ္လြန္းရဲ႕ ႏွလံုးသားထဲကို အရွိန္ျပင္းျပင္းနဲ႔ထိုးေဖာက္ဝင္ေရာက္လာသည္။

ေကာင္းျမတ္လြန္းက ကမၻာညိမ္းရဲ႕ "ကိုယ္က အတၱႀကီးတယ္" ဆိုတဲ့ အေျပာမွာ မရႈမလွက်ဆံုးသြားခဲ့ရသည္။

သူ႕ရင္ထဲကုိ စူးနစ္ဝင္ေရာက္လာတဲ့ အဲ့ဒီစကားတစ္ခြန္းေႀကာင့္ပဲ ေကာင္းျမက္လြန္းရဲ႕ မ်က္ရည္ဝဲရသည္။

“အစ္ကို ကြၽန္ေတာ့္ကို တကယ္ခ်စ္တာလား။ အစ္ကို႕လိုပဲ ကြၽန္ေတာ္ကလဲ အတၱႀကီးတယ္။ ကြၽန္ေတာ့္အပိုင္လို႔ သတ္မွတ္ၿပီးသြားရင္ အဲ့ဒီအရာကို  ဘယ္လိုနည္းန႔ဲမွာ အဆုံးရႈံးခံမွာ မဟုတ္ဘူး။ အကယ္၍ ဆုံးရႈံးလိုက္ရရင္ ကြၽန္ေတာ္ ေသရလိမ့္မယ္။”

“ရႉး … အဲ့လိုမေျပာရဘူး။ မင္းပိုင္ဆိုင္ထားတဲ့အရာေတြကို ဘယ္ေတာ့မွဆုံးရႈံးမွာ မဟုတ္ဘူး။ ကိုယ္က မရရေအာင္ကာကြယ္ေပးမွာ …။”

“ဒါေပမဲ့ …”

စိုးရိမ္စိတ္ေတြ လြန္ကဲေနတဲ့ ေကာင္ေလးကို မၾကည့္ရက္ေတာ့တာေၾကာင့္ ကမာၻညိမ္းက အနမ္းေတြနဲ႕ ႏွစ္သိမ့္ေပးလိုက္တယ္။

နူးညံ့ညင္သာတဲ့ အနမ္းေတြက ႏႈတ္ခမ္းသားနုနုေလးေတြကို ေခ်ာ့ျမဴေပးေနသလိုပင္။ ထိေတြ႕ရံုေလာက္ေလးဆိုေပမယ့္ ရင္ခုန္ရျခင္းက အတိုင္းေအာင္ပင္။

အနမ္းေတြရဲ႕အဆုံးသတ္မွာေတာ့ ေကာင္းျမတ္လြန္းပါးေပၚက မ်က္ရည္စေတြကို ေနာက္ထပ္ ခပ္ဖြဖြအနမ္းေလးေတြနဲ႕ထပ္ၿပီး ဖယ္ရွားေပးျပန္တယ္။

“ကြၽန္ေတာ္ မယုံရဲဘူး။ ကြၽန္ေတာ္နဲ႕ မထိုက္တန္မွာေၾကာက္တယ္။”

“ကိုယ္ … ပိုႀကိဳးစားေပးမယ္။ အဲ့လိုေၾကာက္စိတ္ေတြ မရွိေတာ့ေအာင္ ကိုယ္အခ်စ္ေတြနဲ႕ ႀကိဳးစားၿပီး ေျဖေဖ်ာက္ေပးမယ္။”

“ကြၽန္ေတာ့ကို ကတိေပး။ ဘယ္ေတာ့မွ မစြန႔္ပစ္မပါဘူးလို႔။”

“မင္းက ကိုယ့္ႏွလုံးသား ကိုယ့္အခ်စ္ ကိုယ့္အသက္ပါ။ အဲ့ဒီအရာေတြမရွိပဲ ကိုယ္ဆိုတာလဲ မရွိနိုင္ဘူး။ ကိုယ့္အခ်စ္ကို ကိုယ္ဘယ္ေတာ့မွ စြန႔္ပစ္မွာမဟုတ္ဘူး။ ခ်စ္ကို … ကိုယ္ အရမ္းခ်စ္တယ္။”

"ကြ်န္ေတာ္လဲ … ကြ်န္ေတာ္လဲ … အစ္ကို႕ကို ခ်စ္တယ္"

( ဒီမွာပဲ ဇာတ္သိမ္းလိုက္ရေတာ့မလား ခ်စ္ႀကည္ႏူး တစ္တီတူးရအံုးမလား 😁)

T.B.C 🐻
Thanks 😘

10:52PM(Tue)
08.02.2022
G14

အိတိုလေးရဲ့မာမား🐻အခန်း(၂၆)
Unicode

“dad …”

နှုတ်ခမ်းလေးကို စူထော်ထားတဲ့ အိတိုလေးက တစ်ခုခုကို တော်တော်လေးမကျေမနပ်ဖြစ်နေပုံရသည်။

ကြည့်ရတာတော့ ဒီနေ့လည်စာကို အတူမစားပေးလို့ ကောက်နေတာဖြစ်ရမည်လို့ပဲ ကမ္ဘာညိမ်းထင်လိုက်မိသည်။

“အိတို … ဘာတွေ အလိုမကျဖြစ်နေတာလဲ dad က ထမင်းအတူ မစားပေးလို့လား”

“မဟုတ်ဘူး …”

“ဒါဖြင့် ဘာတွေအလိုမကျဖြစ်နေတာတုန်း”

ကမ္ဘာညိမ်းက အိတိုလေးရဲ့ စူထွက်နေတဲ့နှုတ်ခမ်းလေးကို လက်မလေးနဲ့ဖိပြီးမေးလိုက်တော့ မျက်တောင်လေး ပေကလပ် ပေကပ်လုပ်ကာ လက်မကိုဆွဲဖယ်ပြီး နှုတ်ခမ်းကို ပိုစူထော်ပြလာသည်။

“dad .. အိတိုလေးလေ ဂျာဂျာအပျိုးကြီး ဒေါ်ပိုးအတင်းပြောနေတာ ကြားလာတယ်သိလား။ dad … အလုပ်ထဲက အမျိုးသမီးတွေက မာမားကို ကြိတ်ကြိုက်နေကြတာတဲ့”

“ဟုတ်လား ဂျာဂျာအပျိုကြီးက အဲ့လိုပဲပြောတာလား”

“ဟုတ်ပါတယ်ဆို။ အိတိုလေးသေချာကြားလာတာ။ မာမားကို သူတို့လုယူသွားရင် ဘယ်လိုလုပ်မလဲဟင်။”

“dad … တစ်ယောက်လုံးရှိတာပဲ လုလို့ရမလား။ အခု မာမားဆီသွားကြမလား။”

“dad … တကယ်ပြောတာလား။ dad ပြောတော့ အလုပ်ချိန် မာမားဆီသွားလို့မရဘူးဆို”

“အခုက dad ပါတယ်လေ။ သွားလို့ရတယ်။ သွားကြမယ်။ အိတိုလေးရဲ့မာမားက အိတိုလေးအပိုင်ဆိုတာသွားကြွားကြမယ်။”

“ရေး … dad က အရမ်းချစ်ဖို့ကောင်းတာပဲ အာဘွားအများကြီးပေးမယ်”

သားအဖနှစ်ယောက် လက်ဖဝါးချင်းရိုက်ပြီး ရောက်သွားတဲ့နေရာက ကောင်းမြတ်လွန်းအလုပ်လုပ်နေတဲ့ ဌာနကို ဖြစ်သည်။

ရုတ်တရက်ကြီး ရောက်ချလာတဲ့ ဥက္ကဌကို မြင်တော့ ရုံးဝန်းထမ်းတွေအားလုံး ရုတ်ရုတ်သည်းသည်းတွေဖြစ်ကုန်ကြသည်။

ကမ္ဘာညိမ်းက ဝန်ထမ်းတွေကို လုပ်စရာရှိတာ ဆက်လုပ်ကြဖို့ကို မျက်နှာအရိပ်အကဲဖြင့် ပြလိုက်သည်။

ဝန်ထမ်းတွေကလည်း တိတ်တိတ်ဆိတ်ဆိတ်ပဲ ဟန်မပျက်အလုပ်ဆက်လုပ်နေကြသည်။

အလုပ်ထဲ အာရုံစိုက်နေတဲ့ ကောင်းမြတ်လွန်းကတော့ အခုချိန်ထိရုံးခန်းထဲက အခြေအနေကို ရိပ်မိသေးပုံမရ။

“အဟမ်း …. ကောင်းမြတ်လွန်း”

“ဗျာ … ဟမ် … ဘယ်လိုလုပ်ပြီး”

“ညနေရုံးဆင်းရင် ညစာကိုအပြင်မှာ သွားစားမယ် အဲ့တာလာပြောတာ”

မလိုအပ်ပဲ လိုအပ်တာထက်ပိုပြီး အသံမြှင့်ကာပြောလိုက်တဲ့ ကမ္ဘာညိမ်းကြောင့် ကောင်းမြတ်လွန်းခင်ဗျာ မျက်စိပျက် မျက်နှာပျက်ဖြင့် စိုးရိမ်တကြီး ပတ်ဝန်းကျင်းလေ့လာကာ ကမ္ဘာညိမ်းကို အသံတိတ်ဖြင့် မကျေမနပ်ကြည့်ကာ အပြစ်တင်တော့သည်။

“မာမား …  ဒီည အိတိုလေး မာမားနဲ့အတူလာအိပ်မယ်နော်”

ကောင်မြတ်လွန်းတစ်ယောက် ထိုင်ငိုလို့ရရင်း ငိုလိုက်ချင်နေပြီဖြစ်သည်။ သားအဖ နှစ်ယောက်ပေါင်းပြီး သူ့ကို တမင်တကာများ အကြပ်ရိုက်အောင် လုပ်နေသလား ထင်မှတ်ရသည်။

ကောင်းမြတ်လွန်း သူ့တစ်ကိုယ်လုံးကို ကြုံ့နိုင်းသမျှ ကြုံ့ထားလိုက်မိသည်။ အခုချိန်မှာ သူဟာ လိပ်တစ်ကောင် ဖြစ်ခဲ့မယ်ကို ခေါင်းဝှက်ပြီး အခွံနဲ့လိမ့်ကာ ဒီရုံးခန်းထဲက ထွက်သွားလိုက်မှာ ဖြစ်သည်။

အခုတော့ သူ့တစ်ကိုယ်လုံးထူပူပြီး ဆွံ့အ နေရုံမှအပ သူဘယ်လို တုန့်ပြန်ရမှန်း ပင်မသိတော့။

ပြောချင်တာပြောပြီးတာနဲ့ မြောက်ကြွ မြောက်ကြွဖြစ်နေတဲ့ ပုံစံဖြင့်  ပြန်ထွက်သွားတဲ့ ဥက္ကဌကြီးတို့သားအဖတွေ။

သားအဖနှစ်ယောက်လုံး မြင်ကွင်းထဲက ပျောက်သွားတာနဲ့ ရုံးခန်းထဲက ဝန်ထမ်းအားလုံးရဲ့စူးစမ်းတဲ့အကြည့်တွေက ကောင်းမြတ်လွန်းထံ စုပြုံရောက်ရှိလာတော့သည်။

သို့သော် ဘာမှတော့ မေးခွန်းမထုတ်လာကြ။ ဖြစ်နိုင်တာကတော့ ဥက္ကဌကြီးနဲ့ ပတ်သတ်တဲ့သူမို့ မဝံ့ရဲကြတာဖြစ်လိမ့်မည်။

ညစာစားချိန်အရောက်မှာတော့ …

စိတ်ဆိုးစိတ်ကောက်နေတဲ့ ကောင်လေးတစ်ယောက်အရှေ့မှာ ကလေးငယ်လေးတစ်ယောက် နဲ့ အကောင်ထွားထွားလူကြီးတစ်ယောက်က မျက်နှချိုသွေးကာ ဟင်းတွေအပြိုင်ထည့်ပေးနေကြသည်။

“မာမား .. စကားပြောလေ”

“ဟုတ်သားပဲ စကားလေး ဘာလေးပြောပါအုံး”

“မပြောဘူးဗျာ တကယ်ပဲ ဘာပြောရမှန်းကို မသိတော့တာ”

“စိတ်မဆိုးပါနဲ့ကွာ။ ကိုယ်ကြိုပြောထားသားပဲ ကောင်းမြတ်လွန်းက ကိုယ့်အပိုင်ဆိုတာကို ကြော်ငြာတော့မှာလို့။ အဲ့တာမှ ကောင်းမြတ်လွန်းကို ဘယ်သူကမှမမျှော်မှန်းရဲတော့မှာ။”

“အစ်ကို ကလေးရှိနေတယ်လေ”

“ဘာဖြစ်လို့လဲ အိတိုလေးလဲ သဘောတူတယ်။ မယုံရင်မေးကြည့်ပါလား။”

“ဟုတ်တယ် မာမား အိတိုလေးလဲ သဘောတူးတယ်။ မာမားက အိတိုလေးရဲ့မာမား။ ဘယ်သူကမှလုယူလို့မရဘူး။ ဟွန့် …။”

“ဟာဗျာ …။ ခင်ဗျားတို့ သားအဖနဲ့တော့ ရူးတော့မှပဲဗျာ။ တော်ပြီ။ ကျွန်တော် ပြန်နှင့်တော့မယ်။”

“အဲ့လို မရဘူးလေ။ မင်း ဘာမ ှမစားရသေးဘူး။”

“မာမားကလဲ … အိတိုလေးတို့ကို စိတ်မဆိုးပါနဲ့။ အိတိုလေးတို့က မာမားကို ချစ်လို့ပါ။ နော် … မာမားနော် … ။ စိတ်မဆိုးနဲ့နော် … ။ အိတိုလေးကို ညစာကျွေးပေးအုံးလေနော်။ မာမား …. ။ နော်လို့ …။”

“ကျွန်တော် တကယ် ငိုချင်လာပြီဗျာ …”

ငိုမဲ့မဲ့ရုပ်လေးနဲ့ထိုင်ခုံမှာ ပြန်ထိုင်လိုက်တဲ့ ကောင်းမြတ်လွန်းကို ကြည့်ပြီး ကမ္ဘာညိမ်းတို့သားအဖတွေ ပြုံးမိသွားသည်။

“မာမား .. အာဘွားပေးမယ်လေ။ စိတ်မဆိုးနဲ့တော့နော်။ dad …မာမားကို ခွံကျွေးလိုက်အုံးလေ။”

“အား …”

ပုစွန်ကင်တစ်ကောင်ကို တူနဲ့ညှပ်ပြီး တကယ်ကြီးလာခွံပေးတဲ့ ကမ္ဘာညိမ်းဆိုတဲ့လူကြီးကြောင့် ကောင်းမြတ်လွန်း တော်တော်လေး စိတ်လေမိသည်။

“အစ်ကို … ။ အစ်ကိုက လူကြီးဖြစ်ပြီး ဘယ်လိုဖြစ်နေတာလဲဗျာ။”

“ချစ်လို့လေ”

အခုတော့ ကလေးရှေ့တောင် မရှောင် ရိသဲ့သဲ့လုပ်လွန်းတဲ့ ဥက္ကဌကြီးကြောင့် ကောင်းမြတ်လွန်း အရိုအသေတောင်မဲ့ချင်လာသည်။

“ခင်ဗျား …”

“ကြိုက်တယ် …”

“ဘာလဲ ဘာကိုကြိုက်ပြန်တာလဲ”

“ခင်ဗျားလို့ခေါ်တာကြိုက်တယ်။ ပိုရင်းနှီးသွားသလိုပဲ။”

“ကျစ် … တကယ် ပြောမရဆိုမရဗျာ။ တော်ပြီဘာမှ မပြောနဲ့တော့။ စားစရာရှိတာ စားတော့။ ကျွန်တော်လဲ စားတော့မယ်။”

နှုတ်ခမ်းစူပြီး မျက်မှောင်ကြီးကြုံ့ကာ စိတ်ကောက်နေတဲ့ ကောင်းမြတ်လွန်းက အိတိုလေးကို ထမင်းခွံပေးဖို့ကိုတော့မမေ့။

ကမ္ဘာညိမ်းက မထိတထိစလိုက် ကောင်းမြတ်လွန်းက စိတ်ဆိုးပြီးအော်လိုက် အိတိုလေးက ကြားထဲက ကြည့်ပြီး တခစ်ခစ်ရယ်လိုက်နဲ့ ဆူဆူညံညံ ညစားစားဝိုင်းလေးက အရင်နေ့တွေနဲ့မတူပဲ ပိုပြီးအသက်ဝင်နေသလို။

အိမ်ပြန်ရောက်လို့ အိတိုလေးအိပ်ပျော်သွားမှ ကောင်းမြတ်လွန်းက ကမ္ဘာညိမ်းကို ရန်တွေ့ဖို့ မောင်းတင်တော့သည်။

“ဒီမှာ ….”

ထမင်းစားခန်းထဲမှာ ရေသောက်နေတဲ့ ကမ္ဘာညိမ်းက ကောင်းမြတ်လွန်းရဲ့ အသံကြောင့် ရေသီးမလိုတောင်ဖြစ်သွားရသည်။

“ဘာပြောမလို့လဲ”

“အိမ်ရှေ့ခဏထွက်ခဲ့”

“ကိုယ့်ကို အဖြေပြန်ပေးတော့မလို့လား”

“ခင်ဗျားဘယ်တုန်းက အဖြေတောင်းဖူးလို့လဲ”

“ကိုယ်ကြိုက်တယ်ဆိုတိုင်း ခင်ဗျားလို့ခေါ်ပေးစရာမလိုပါဘူး။ အခါတိုင်းလို အစ်ကိုလို့ခေါ်လည်းရပါတယ်”

“ခင်ဗျားဘယ်လိုဖြစ်နေတာလဲ”

နောက်ဆုံးတော့ ကောင်းမြတ်လွန်း လက်ပါလာခဲ့ပြီ။ စိတ်ဆိုးဆိုးနဲ့ ကမ္ဘာညိမ်းလက်မောင်းကို အားနဲ့ ရိုက်ချလိုက်သည်။

ကမ္ဘာညိမ်းကတော့ ပန်းနဲ့အပေါက်ခံရသလို ပြုံးရယ်နေလေရဲ့။

ခြေလှမ်းကျဲကြီးတွေနဲ့ အိမ်ရှေ့ကို လျှောက်သွားတဲ့ ကောင်းမြတ်လွန်းနောက်ကို ကမ္ဘာညိမ်း ကပ်လိုက်သွားသည်။

“ဘာဖြစ်လို မဆင်မခြင်တွေလုပ်နေတာလဲ”

“ချစ်လို့ …”

“ကျွန်တော်မှ ပြန်မချစ်တာ။”

“ကိုယ်ကလဲ ပြန်ချစ်ပါလို့ မပြောမိပါဘူး။”

“ဒါဆို ဘာလို့ ပိုင်ဆိုးပိုင်နင်းတွေလုပ်နေတာလဲ”

“မင်းက ကိုယ့်ချစ်သူလေ”

“ဟာ … ခင်ဗျားကိုမှ ကျွန်တော်ပြန်မချစ်သေးတာ။”

“ကိုယ်ချစ်တယ်လေ။ ကိုယ်မင်းကို ချစ်တယ်။ အဲ့တော့ မင်းကကိုယ့်ချစ်သူပဲ။”

ကောင်းမြတ်လွန်း ဘယ်လိုပြန်ပြောပြီး ဘယ်လိုနားချရမှန်းကို မသိတော့တာကြောင့် သက်ပြင်းတွေသာချနေမိသည်။

“ကိုယ့်အနားမှာနေပြီး ကိုယ့်အချစ်တွေ ခံယူပေးနေရင်လုံလောက်ပြီ။ ကောင်းမြတ်လွန်း ကိုယ့်ကို ပြန်ချစ်သည်ဖြစ်စေ ပြန်မချစ်သည်ဖြစ်စေ နောက်ဆုံးမုန်းနေရင်တောင် ကိုယ်က မရ မက အတင်းဖက်တွယ်ပြီး ချစ်ပေးနေအုံးမှာမို့လို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ချစ်တက်သလောက် ချစ်နိုင်သလောက် အစွမ်းကုန်ချစ်ပေးနေတာကို မတားပါနဲ့။ ကိုယ်က အတ္တကြီးတယ်။ ကိုယ်ချစ်တဲ့သူကို ဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်သလို ပိုင်ဆိုင်ဖို့လည်း အမြဲကြိုးစားနေမှာ။”

ကမ္ဘာညိမ်းရဲ့ ချစ်စကားတွေက  ကောင်းမြတ်လွန်းရဲ့ နှလုံးသားထဲကို အရှိန်ပြင်းပြင်းနဲ့ထိုးဖောက်ဝင်ရောက်လာသည်။

ကောင်းမြတ်လွန်းက ကမ္ဘာညိမ်းရဲ့ "ကိုယ်က အတ္တကြီးတယ်" ဆိုတဲ့ အပြောမှာ မရှုမလှကျဆုံးသွားခဲ့ရသည်။

သူ့ရင်ထဲကို စူးနစ်ဝင်ရောက်လာတဲ့ အဲ့ဒီစကားတစ်ခွန်းကြောင့်ပဲ ကောင်းမြက်လွန်းရဲ့ မျက်ရည်ဝဲရသည်။

“အစ်ကို ကျွန်တော့်ကို တကယ်ချစ်တာလား။ အစ်ကို့လိုပဲ ကျွန်တော်ကလဲ အတ္တကြီးတယ်။ ကျွန်တော့်အပိုင်လို့ သတ်မှတ်ပြီးသွားရင် အဲ့ဒီအရာကို  ဘယ်လိုနည်းနဲ့မှာ အဆုံးရှုံးခံမှာ မဟုတ်ဘူး။ အကယ်၍ ဆုံးရှုံးလိုက်ရရင် ကျွန်တော် သေရလိမ့်မယ်။”

“ရှူး … အဲ့လိုမပြောရဘူး။ မင်းပိုင်ဆိုင်ထားတဲ့အရာတွေကို ဘယ်တော့မှဆုံးရှုံးမှာ မဟုတ်ဘူး။ ကိုယ်က မရရအောင်ကာကွယ်ပေးမှာ …။”

“ဒါပေမဲ့ …”

စိုးရိမ်စိတ်တွေ လွန်ကဲနေတဲ့ ကောင်လေးကို မကြည့်ရက်တော့တာကြောင့် ကမ္ဘာညိမ်းက အနမ်းတွေနဲ့ နှစ်သိမ့်ပေးလိုက်တယ်။

နူးညံ့ညင်သာတဲ့ အနမ်းတွေက နှုတ်ခမ်းသားနုနုလေးတွေကို ချော့မြူပေးနေသလိုပင်။ ထိတွေ့ရုံလောက်လေးဆိုပေမယ့် ရင်ခုန်ရခြင်းက အတိုင်းအောင်ပင်။

အနမ်းတွေရဲ့အဆုံးသတ်မှာတော့ ကောင်းမြတ်လွန်းပါးပေါ်က မျက်ရည်စတွေကို နောက်ထပ် ခပ်ဖွဖွအနမ်းလေးတွေနဲ့ထပ်ပြီး ဖယ်ရှားပေးပြန်တယ်။

“ကျွန်တော် မယုံရဲဘူး။ ကျွန်တော်နဲ့ မထိုက်တန်မှာကြောက်တယ်။”

“ကိုယ် … ပိုကြိုးစားပေးမယ်။ အဲ့လိုကြောက်စိတ်တွေ မရှိတော့အောင် ကိုယ်အချစ်တွေနဲ့ ကြိုးစားပြီး ဖြေဖျောက်ပေးမယ်။”

“ကျွန်တော့ကို ကတိပေး။ ဘယ်တော့မှ မစွန့်ပစ်မပါဘူးလို့။”

“မင်းက ကိုယ့်နှလုံးသား ကိုယ့်အချစ် ကိုယ့်အသက်ပါ။ အဲ့ဒီအရာတွေမရှိပဲ ကိုယ်ဆိုတာလဲ မရှိနိုင်ဘူး။ ကိုယ့်အချစ်ကို ကိုယ်ဘယ်တော့မှ စွန့်ပစ်မှာမဟုတ်ဘူး။ ချစ်ကို … ကိုယ် အရမ်းချစ်တယ်။”

"ကျွန်တော်လဲ … ကျွန်တော်လဲ … အစ်ကို့ကို ချစ်တယ်"

( ဒီမှာပဲ ဇာတ်သိမ်းလိုက်ရတော့မလား ချစ်ကြည်နူး တစ်တီတူးရအုံးမလား 😁)

T.B.C 🐻
Thanks 😘

10:52PM(Tue)
08.02.2022
G14

© G Fourteen,
книга «အိတိုေလးရဲ႕မာမား အိတိုလေးရဲ့မာမား».
အိတို (၂၇)
Коментарі