အိတို (၀၇)
အိတို🐻07
Zawgyi
“ကိုကိုကြီး …”
“ဟုတ်ကဲ့ကိုကိုကြီး”
“ဟမ် …”
“အစ်ကို …”
“ဗျာ …”
“dad … သွားကြမယ်လေ”
“ဟုတ်တယ် …။”
“dad …”
“ဗျာ…”
"မာမား ……"
"အိ … အိတို …"
"မာမား အိတိုကိုချီ"
အိတိုလေးနဲ့အတူပါလာတဲ့ ထမင်းချိုင့်ကိုကော သူ့ဆီမှာရှိနေတဲ့ ထမင်းချိုင့်ကိုပါဖွင့်ပြီး စားပွဲပေါ်မှာ အစီအရီတင်ထားလိုက်သည်။
T.B.C 🐻
11:16PM(Mon)
17.01.2022
G14
အိတို🐻07
Unicode
ထွေးထွေးတစ်ယောက် မနေ့ကလိုပဲ ပြေးလာပြန်ပါသည်။
သို့သော် လမ်းတစ်ဝက်ရောက်မှာပဲ ကမ္ဘာညိမ်းမျက်နှာကိုကြည့်ပြီး ခြေလှမ်းနှုန်းကို လျှော့ချပစ်လိုက်သည်။
“ကိုကိုကြီး …”
“အေး ဘာမေ့ကျန်ခဲ့ပြန်ပြီလဲ”
“ဟိုဟာလေ မမထူးထူးက အိတိုလေးရဲ့မာမား … အယ် .. ဟို အစ်ကိုလေ … ကိုကိုကြီးရဲ့ အစ်ကိုကြီး အတွက် … အဲ့တာ …”
“ငါသိပြီ ကောင်းမြတ်လွန်းအတွက် ငါ ထူးထူးကို နေ့လည်စာထမင်းချိုင့် ထည့်ခိုင်းထားတာ အဲ့တာကျန်ခဲ့လို့မဟုတ်လား”
“ဟုတ် … ဟုတ်ကဲ့ကိုကိုကြီး”
“ပေးပေး ထူးထူးကိုပြောလိုက် ကျေးဇူးပဲလို့”
“ဟုတ်ကဲ့ကိုကိုကြီး”
ကမ္ဘာညိမ်း ထွေးထွေးလက်ထဲက ထမင်းချိုင့်ဗူးလေးကိုလှမ်းယူလိုက်သည်။
ထို့နောက် ကားမှန်ကို ပြန်ပိတ်ချလိုက်သည်။
“ကောင်းမြတ်လွန်း … ဒါက မင်းအတွက် နေ့လည်စာ”
“ဗျာ … ဟို … အဲ့လိုလုပ်ပေးဖို့မလိုပါဘူး။ ကျွန်တော်က အခုထိလည်း အစ်ကိုကမ်းလှမ်းထားတဲ့ အလုပ်ကို လက်ခံရသေးတာ မဟုတ်သေးဘူးလေ”
“ကိုယ်ထည့်ပေးချင်လို့ထည့်ပေးတာ။”
“မာမား … ယူလိုက်လေ။ ပြီးရင် အိတိုလေးနဲ့တူတူစားကြမယ်လေ။ အဲ့တာကောင်းတယ်လေနော်”
အိတိုလေးက နှုတ်ခမ်းလေး တထော်ထော်နဲ့ ကြားထဲက ဝင်ပြောရုံသာမက ကမ္ဘာညိမ်းလက်ထဲက ထမင်းချိုင့်ကိုပါ မနိုင်တနိုင် လှမ်းဆွဲပြီး ကောင်းမြတ်လွန်းလက်ထဲအရောက် ထည့်ပေးနေတာကြောင့် ကောင်းမြတ်လွန်းလည်း မနေသာတော့ပဲလက်ခံလိုက်ရတော့သည်။
ကုမ္ပဏီကိုရောက်တော့ တစ်လမ်းလုံး အာပေါက်မတက်ရှင်းပြပြီး ချော့ထားတဲ့ အကျိုးကျေးဇူးကြောင့် အိတိုလေးက ကောင်းမြတ်လွန်းကို အလွယ်တကူလမ်းခွဲခွင့်ပေးခဲ့သည်။
ဒါတောင် နှုတ်ဆက်အနမ်းကို မမေ့မလျှော့ယူခဲ့သေးသည်။
“မာမား …. အိတိုကို အာဘွားပေးသွားဦးလေ”
မျက်တောင်လေး ပေကလတ်ပေကလတ်လုပ်ပြီး အနမ်းတောင်နေတဲ့ကလေးကြောင့် ကောင်းမြတ်လွန်းမှာ မနေတက်မထိုင်တက်တွေကိုဖြစ်လို့။
အသက်နှစ်ဆယ်ကျော်ထိ အမေကလွဲပြီး ဘယ်သူကိုမှ မနမ်းခဲ့ဖူးတာကြောင့် ကောင်းမြတ်လွန်း တော်တော်လေးအကျပ်ရိုက်ရသည်။
အထူးသဖြင့် မျှော်လင့်ချက်အပြည့်နဲ့ စိုက်ကြည့်နေတဲ့ ကလေးအဖေကြီးရဲ့ မျက်စိရှေ့မှာဖြစ်နေလို့ ပိုလို့ပင် နေမထိထိုင်မသာဖြစ်နေမိသည်။
“မာမား … အိတိုလေးကို အာဘွားမပေးချင်လို့လားဟင်”
ငိုတော့မလိုဖြစ်နေတဲ့အိတိုလေးကိုကြည့်ပြီး ကောင်းမြတ်လွန်းဘာပြန်ပြောရမလဲပင်မသိတော့
“အိတို …. Dad က အာဘွားအများကြီးပေးမယ်လေ အဲ့လိုဆိုမရဘူးလား”
“ဟင့် … မာမား ဆီကလိုချင်တာ”
ချက်ချင်းကိုနှာထိပ်လေးရဲတက်လာပြီး မျက်ဝန်းအိမ်ထဲမှာပါ မျက်ရည်ကြည်လေးတွေဝှေ့တက်လာတဲ့ အိတိုလေးကြောင့် ..
“အစ်ကို … ဟိုဘက်ခဏလှည့်ပေး”
“ဟမ် …”
ရုတ်တရက်ကြီး လူကိုကျောခိုင်း နေခိုင်းတဲ့ကောင်လေးကြောင့် ကမ္ဘာညိမ်း ကြောင်အမ်းသွားရသည်။
“ဟိုးဘက် ခဏလှည့်လို့ဆို မြန်မြန်လှည့်”
ပြောပြောလည်းပြော စိတ်မရှည်တဲ့ပုံစံနဲ့ ကမ္ဘာညိမ်းကိုယ်ကိုပါ တွန်းလှည့်လိုက်တဲ့ ကောင်းမြတ်လွန်းကြောင့် ကမ္ဘာညိမ်းမှာ နေခိုင်းတဲ့အတိုင်း တောင့်တောင့်ကြီး နေနေမိသည်။
အဲ့ဒီနောက်မှာတော့ စက္ကန့်အပိုင်းအခြားလေးတစ်ခုအတွင်းမှာပဲ အိတိုလေးရဲ့ တခစ်ခစ်ရယ်သံလေးတွေ ပလုံစီအောင်ထွက်လာသည်။
“ရသေးဘူး ဒီနားလေ ..ခစ် ခစ် … ရသေးဘူး …. ရသေးဘူး … ဒီနားလေးကော…”
ကမ္ဘာညိမ်းမှာ အသံလေးတွေကြားနေရရုံနဲ့ အူတွေယားလာပြီး လှည့်ကြည့်ချင်စိတ်တွေတဖွားဖွားဖြစ်လာသော်လည်း သူ့ကြောင့်နဲ့ သာယာနာပျော်ဖွယ်အသံလေးတွေ တိတ်ဆိတ်သွားမှာကြောက်တာကြောင့် ပြုံးပြုံးကြီးပဲကျောခိုင်းနေပေးနေလိုက်မိသည်။
“အစ်ကို …”
“ဗျာ …”
“ဟာ … အစ်ကိုကလည်း ဒီဘက်လှည့်လို့ရပြီလို့ပြောမလို့ပါ ဘာလိုအဲ့လိုကြီးထူးတာလဲဗျ”
“ကိုယ်က အဲ့လိုမထူးလို့ ဘယ်လိုထူးရမှာလဲ”
“အဲ့လိုက အရမ်းရိုသေနေသလိုကြီးပဲလေ။ ထားလိုက်ပါ။ မနေ့ကအတွက်ကော ဒီနေ့အတွက်ပါကျေးဇူးတင်ပါတယ်။ နေ့လည်စာအတွက်ကောပဲ။ ကျွန်တော် အဆောင်ငှားနေဖို့ကို အမြန်ဆုံးစုံစမ်းလိုက်ပါမယ်။ အခုတော့ ကျွန်တော့ကို သွားခွင့်ပြုပါဦး။”
နှုတ်ဆက်စကားပြောပြီးတာနဲ့ ခပ်သုတ်သုတ်လေးပြေးထွက်သွားတဲ့ ကောင်လေးကိုကြည့်ပြီး ကမ္ဘာညိမ်းသက်ပျင်းချလိုက်မိသည်။
“dad … သွားကြမယ်လေ”
“အိုကေ … သွားကြမယ်။ ဒါနဲ့ အိတိုလေးက မာမားဆီက အာဘွားတွေ ဘယ်လောက်တောင်ရခဲ့တာလဲ ပြန်ကြွားပါဦး”
“အဲ့တာက မာမားက dad …ကို ပြောပြရဘူးတဲ့။ dad … သိချင်ရင် dad လည်း မာမားဆီက အာဘွားတောင်းလိုက်လေ”
“ဟား … ဟား … ဟုတ်ပါပြီဗျာ။ အခုတော့ dad …ရဲ့ အိတိုလေးက အိတိုလေးရဲ့မာမားနဲ့ လျို့ဝှက်ချက်တွေတောင် ထားနေပြီပေါ့ ဟုတ်လား။”
“ဟုတ်တယ် မာမားက အိတိုလေးကို အများကြီးနမ်းသွားတာ dad …ကို ပြန်မပြောရဘူးတဲ့”
“ဪ … ဟုတ်ပါပြီ ဟုတ်ပါပြီ အဲ့တာကြောင့် အိတိုလေးက dad …ကို လုံးဝပြန်မပြောပြတာပဲ”
“ဟုတ်တယ် …။”
ပြုံးပါ ဝအိတိုလေးရယ်။ အဲ့လိုလေး အမြဲပြုံးနေပေးပါ။ အိတိုလေးက ဒယ်ဒီ အချစ်တွေနဲ့မှ မလုံလောက်သေးရင် လိုအပ်နေတဲ့ အချစ်တွေကိုပါ ပြည့်ဝလာအောင် ဒယ်ဒီဖန်တီးပေးမှာ။ ဒယ်ဒီ့ကိုပဲ ယုံလိုက်ပါ။
“dad …”
“ဗျာ…”
“dad …ကိုလည်းအများကြီးချစ်တယ်နော် မာမားက အခုမှတွေ့ရလို့သိလား။”
အိတိုလေးက အတွေးများသွားတဲ့ သူ့ဒယ်ဒီမျက်နှာလေးကိုကြည့်ပြီး သူက မာမားကိုပိုချစ်ပြနေလို့ ဒယ်ဒီတစ်ယောက် စိတ်မကောင်းဖြစ်သွားပြီလားဆိုတဲ့ အထင်နဲ့ မရှင်းပြတက်ရှင်းပြတက်နဲ့ရှင်းပြလာရှာသည်။
“dad … နားလည်ပါတယ် dad …က လည်း အိတိုလေးကို အများကြီးချစ်တယ်နော်”
သားအဖနှစ်ယောက် စကားတပြောပြောနဲ့ နမ်းလိုက်ရှုံ့လိုက်လုပ်ရင်း ကုမ္ပဏီထဲ ဝင်လာတာကို မြင်တော့ ဝန်ထမ်းတွေမှာလည်း
“ငါတို့ ဒီနေ့ထွက်မယ့် တင်ဒါအောင်စာရင်းသွားကြည့်စရာမလိုလောက်တော့ဘူး ကြည့်စမ်းပါဦး ငါတို့ လာဘ်ခေါ်အရုပ်လေးက ပြုံးလို့ရွှင်လို့”
“ဟုတ်ပ ဟုတ်ပ မနေ့က တစ်ခါမှ မငိုစဖူး တအားတွေငိုနေလို့ ငါ့တို့မှာစိတ်မကောင်းတွေဖြစ်လိုက်ရတာ အခုတော့ကြည့်ပါဦး ပြုံးနေလိုက်တာများ ပါးလေးတွေကိုဖောင်းအိလို”
“နေ့လည်ခင်းကျရင်တော့ အိတိုလေးအတွက် မုန့်သွားပို့ပေးဦးမှပဲ”
“အေး အေး နင်သွားရင်ပြောဦး ငါလည်း လမ်းကြုံထည်ပေးလိုက်မလို့”
“ဟဲ့ ငါလည်းထည့်ပေးလိုက်ဦးမယ်နော်”
တစ်ယောက်တစ်ပေါက်နဲ့ ပလုံစီအောင်ပြောနေကြတာများ ကိုရီးယားမင်းသားကြောင်းလည်းမဟုတ် ထိုင်းမင်းသားအကြောင်းလည်းမဟုတ်တဲ့ အိတိုလေးအကြောင်းများပင်။
ကောင်းမြတ်လွန်းရဲ့ ပထမဆုံးအလုပ်တက်ရက်က အတော်လေးရင်ခုန်စရာကောင်းခဲ့သည်။
ကုမ္ပဏီပိုင်ရှင် ဥက္ကဌကြီး ဦးကမ္ဘာညိမ်းရဲ့ သားနဲ့ ရုတ်ရုတ်သဲသဲတွေဖြစ်ခဲ့တဲ့အပြင် ပထဆုံးအလုပ်တက်ရက်မှာကိုပဲ အိမ်ပြန်နားခဲ့ရသလို ဒီနေ့မှာလည်း ဥက္ကဌကြီး နဲ့အတူ ကားတစ်စီးထဲမှာ အတူစီးလာတာကို လူတွေမြင်မှာဆိုး၍ သူမှာခိုးကြောင်ခိုးဝှက်နဲ့ ပြေးလွှားခဲ့ရသေးသည်။
လူတွေရဲ့ သို့လောသို့လော အထင်တွေနဲ့ အထင်လွဲခံရမှာတွေးကြောက်နေခဲ့ပေမယ့် သူ့အတွေးနဲ့ဆန့်ကျင်စွာပဲ လူတိုင်းကသူ့အပေါ်မှာဖော်ဖော်ရွေရွေဆက်ဆံပေးကြသည်။
ပထမဆုံး အဖွဲခေါင်းဆောင်ဖြစ်တဲ့သူနဲ့ စကားခဏပြောခဲ့ရပြီး နောက်ပိုင်းမှာတော့ စီနီယာအင်ဂျင်နီယာ အစ်ကိုတစ်ယောက်က အလုပ်နဲ့ပတ်သတ်တာတွေကို စိတ်ရှည်လက်ရှည် ရှင်းပြသင်ကြားပေးခဲ့သည်။
မနေ့က အလုပ်မဆင်းဖြစ်ပဲ အိမ်ပြန်ခဲ့တာနဲ့ပတ်သတ်ပြီးလည်းတစ်ခွန်းမှမဟခဲ့ကြ။
အဲ့တာကြောင့်လည်း စိတ်ထဲမှာ အနည်းငယ် စိတ်သက်သာရာရသွားသလိုရှိသော်လည်း တစ်ခုခုကို မတင်င်မကျဖြစ်နေတဲ့ စိတ်ကတော့ရှိနေသေးပြန်သည်။
ဘာလိုလိုနဲ့ နေ့တစ်ဝက်စာ အလုပ်တာဝန်ပြီးဆုံးချိန်မှာတော့ နေ့လည်စားစားဖို့အချိန်ရောက်ရှိလာတော့သည်။
စားပွဲခုံထောင့်စွန်းမှာ အဆင်သင့်ရှိနေတဲ့ ထမင်းချိုင့်လေးကို လက်လှမ်းလိုက်ချိန်မှာပဲ ……
"မာမား ……"
"အိ … အိတို …"
ကောင်းမြတ်လွန်း တော်တော်လေး ပျာယာခက်သွားမိသည်။
ဒါကိုရိပ်မိသွားတဲ့သူကတော့ ကမ္ဘာညိမ်းရဲ့ အတွင်းမှူးပင်ဖြစ်သည်။
"ညီလေးကောင်းမြတ်လွန်း … ။ ဘာမှစိတ်မပူပါနဲ့။ ကောင်းမြတ်လွန်းကို အိတိုလေးရဲ့ ဆရာတစ်ယောက်အဖြစ်နဲ့ အားလုံးကသိထားပြီးဖြစ်တာကြောင့် အခြားအထင်လွဲစရာ ကိစ္စတွေရှိမလာနိုင်ပါဘူး။ အခု အိတိုလေးက ကောင်းမြတ်လွန်းနဲ့ နေ့လည်စာအတူစားချင်တယ်ဆိုလို လာပို့ပေးတာပါ။ ခဏနေ အိတိုလေးကိုပြန်လာခေါ်ပါမယ်။ ဒါဆို သွားခွင့်ပြုပါဦး။"
ပြောစရာရှိတာအကုန်လုံး တရစက်ပြောပြီးတာနဲ့ တန်းနေအောင်ပြေးထွက်သွားတဲ့ အတွင်းရေးမှူးကိုကြောင်ကြည့်နေတုန်းမှာပဲ ကောင်းမြတ်လွန်းပေါင်ကို လာကုတ်တဲ့ လက်လေးတစ်ဖက်ကြောင့် အကြည့်တွေက ဝတ်ဝံပေါက်လေးအိတိုဆီရောက်သွားရသည်။
"မာမား အိတိုကိုချီ"
မျက်နှာလေးမော့ပြီး လက်နှစ်ဖက်မြှောက်ပေးထားတဲ့ ကလေးလေးကို ကောင်းမြတ်လွန်းအသာချီမလိုက်သည်။
ထို့နောက်စာရေးစားပွဲခုံမှာထိုင်စေလိုက်သည်။
ကောင်းမြတ်လွန်းကတော့ ထိုင်ခုံမှာသာဝင်ထိုင်လိုက်သည်။
အိတိုလေးနဲ့အတူပါလာတဲ့ ထမင်းချိူင့်ကိုကော သူ့ဆီမှာရှိနေတဲ့ ထမင်းချိုင့်ကိုပါဖွင့်ပြီး စားပွဲပေါ်မှာ အစီအရီတင်ထားလိုက်သည်။
ကောင်းမြတ်လွန်း ထမင်းချိုင့်ရဲ့ ပထမအဆင့်ထဲမှာတော့ ထမင်းဖြူပေါ်မှာ ကြက်ဥကာကျက်တစ်လုံးအုပ်ထားထားပြီး ဒုတိယအဆင့်ထဲမှာတော့ အာလူးဟင်းနဲ့ ကြက်သားကို အသားတွေကြီးနွှင်ထည့်ထားပေးသည်။ တတိယအဆင့်မှာတော့ ပန်းဂေါ်ဖီစိမ်းနဲ့မုန်လာဥနီကို ပုစွန်နဲ့ရောကြော်ထားတဲ့ စားချင်စဖွယ် အရောင်အသွေးလှပတဲ့ ဟင်းတစ်ခွက်ကိုတွေ့လိုက်ရသည်။
အရံဘူးအသေးလေးထဲမှာတော့ လိမ္မော်သီး နဲ့ စပျစ်သီးလေးများကို စီရီကာ ထည့်ထားသေးသည်။
အိတိုလေးရဲ့ ဝက်ဝံဦးခေါင်းပုံစံထမင်းချိုင့်လေးရဲ့ အဖုံးကိုဖွင့်လိုက်တော့လည်း အထဲမှာပါတဲ့ ဟင်းတွေက ကောင်းမြတ်လွန်းထမင်းချိုင့်ထဲကနည်းတူပင်။
"မာမား အိတိုကို ခွံကျွေးမှလား"
အိတိုလေးက စာရေးစာပွဲအစွန်းကနေတွဲလျားကျနေတဲ့ ခြေထောက်လေးနှစ်ဖက်ကို လှုပ်ခါရင်းမေးလာသည်။
"အိတို … ကိုကို့ နာမည်က ကောင်းမြတ်လွန်းလို့ခေါ်တယ်။ ကိုကိုက အိတိုလေး နဲ့ အိတိုလေးရဲ့ဒယ်ဒီလိုပဲ ယောက်ျားလေးတစ်ယောက်ပဲလေ အဲ့တာကြောင့်အိတိုက ကိုကို့ကို ကိုကိုလို့ပဲခေါ်ပါလား"
"အိတိုက မာမားကို အိတိုလေးရဲ့ မာမားဖြစ်စေချင်တာ။ dad ရယ် မာမားရယ် အိတိုလေးရယ် သုံးယောက်တူတူနေချင်တာ။ သူများတွေက အိတိုလေးမှာ မာမားမရှိလို့တဲ့ အိတိုလေးကသနားစရာကောင်းတယ်တဲ့ ဟင့် …။ အဲ့တာ … အိတိုလေးက သနားစရာမကောင်းချင်ဘူး …။ အိတိုလေးမှာ မာမားရှိတယ်လို့ပြောချင်တာ …ဟင့် … ။ အိတိုက မာမားကိုပဲချစ်လို့ … ။ မာမားလို့ခေါ်ချင်တာ …။ မာမားကိုပဲ …… အိတိုရဲ့မာမားလို့သူများတွေကိုပြောပြချင်တာ ……။ မာမားက အိတိုကို မချစ်လို့လား …… ။ ဟင့် … ဟုတ်လား ……။ အဲ့တာကြောင့် ဟင့် … မာမားလို့မခေါ်ခိုင်းတာလား။ အိတိုက မာမားကို ကိုကိုလို့မခေါ်ချင်ဘူး … မာမားလို့ပဲခေါ် … "
"သိပြီ မာမားသိပြီ … မငိုနဲ့တော့။"
ကောင်းမြတ်လွန်း … ဝတ်ဝံပေါက်လေးအိတိုကို သူ့ ပေါ်ပေါ်တင်ပြီး ပွေ့ဖက်ထားကာ ချော့မြူပေးနေမိသည်။
ဝမ်းနည်းပက်လက်ငိုကြွေးရင်း ပြောလာတဲ့ အိတိုလေးရဲ့ စကားတွေထဲကနေ အိတိုလေးရဲ့စိတ်ခံစားချက်တွေကို သိရှိနားလည်သွားတဲ့နောက်မှာတော့ ကောင်းမြတ်လွန်းတစ်ယောက် သူ့ကိုယ်သူ အိတိုလေးရဲ့ မာမားဖြစ်ပေးဖို့ ကျေကျေနပ်နပ်လက်ခံပေးခဲ့လိုက်မိသည်။
ငိုနေတဲ့ကလေးကို မကြည်ရက်တော့လို့ ဖြည့်ဆည်းပေးလိုက်မိတယ် ဆိုတာထက် ငယ်စဉ်ဘဝက မိခင်မေတ္တာကို ငတ်မွတ်ခဲ့ဖူးတဲ့ မျှော်လင့်တောင်းတခဲ့ဖူးတဲ့ သူ့ကိုယ်သူစာနာမိတဲ့စိတ်ကြောင့်လို့ဆိုရင်ပိုမှန်ပေလိမ့်မည်။
လူကြားထဲမှာ မာမားလို့ အခေါ်ခံရပြီး အရှက်ကွဲမှာ ကြောက်တဲ့စိတ်ကို ကလေးငယ်တစ်ယောက်အပေါ် ကိုယ်ချင်းစာမိတဲ့ အကြင်နာတရားရှိတဲ့စိတ်က အနိုင်ယူလိုက်တဲ့အခါမှာ ကောင်းမြတ်လွန်းက အိတိုလေးရဲ့ မာမားတစ်ယောက်ဖြစ်လာရတော့တယ်။