အိတို (၂၉)
Zawgyi
“အိတို ….”
“နိုး ….”
“အစ်ကို”
“တွေ့လား။ ကလေးတောင်ရယ်နေပြီ။”
“အစ်ကိုနော် …”
“မာမား .. dad …ခိုချင်တယ်”
“ဟားဟား ခိုပါဗျ”
“ဝမ် … တူ …. သရီ …”
“ရေး ….” လို့အော်ပြီး
“dad … ဟိုမှာ …”
“တန်းမအိပ်နဲ့နော်”
“ဟင် …. အစ်ကို”
“ဟုတ် …”
“အိပ်ပါဗျာ”
“အစ်ကို …”
“ကဲ … အိပ်လို့ရပြီ”
“dad …ဂွတ်နိုက်”
“အစ်ကို … ဂွတ်နိုက်”
“ဥက္ကဌကြီး …”
“သတင်းတွေတက်လာလို့”
“ကောင်းပါပြီ ….”
“မာမား တာ့တာ …”
“ကောင်းမြတ်လွန်း”
“ကိုယ့်ကိုယုံပေး”
“ဥက္ကဌကြီး”
“မလိုဘူး”
“ဗျာ”
“မာမား …”
“ဗျာ …”
“dad .. အဆင်ပြေမှာပါနော်”
“ဟုတ်ကဲ့မာမား”
“ဟုတ်”
(တရားခံဘယ်သူလဲဟေ့ 😁။
T.B.C🐻
Thanks😘
06:27PM(Sun)
13.02.2022
G14
အိတိုလေးရဲ့မာမား🐻အခန်း(၂၉)
Unicode
“အိတို ….”
“နိုး ….”
ကမ္ဘာညိမ်းက ကောင်းမြတ်လွန်လက်ပေါ်က အိတိုလေးကို ပြောင်းချီပေးဖို့ တောင်းနေသော်လဲ အိတိုလေးက လုံးဝမလိုက်။
အိတိုလေးက ကောင်းမြတ်လွန်းလည်တိုင်ကို လက်လေးနှစ်ဖက်ဖြင့် သိုင်းဖက်ထားသည့်အပြင် လုံးတစ်ခြေတံတိုလေးတွေနဲ့ ကောင်းမြတ်လွန်း ခါးမှာပါ မြဲနေအောင် တွယ်ချိတ်ထားသည်။
အိတိုလေးတစ်ယောက် ဟော့ပေါ့စားပြီး ဗိုက်လေးနေတာကြောင့် တမင် ကောင်းမြတ်လွန်းကိုယ်ပေါ်မှာ ဇိမ်ခံရင်း လေညှင်းခံနေခြင်းဖြစ်သည်။
အခု သူတို့သုံးယောက် တံတားဖြူကန်ဘောင်ပေါ်မှာ လမ်းလျှောက်နေခြင်းပင်။
ညနေစောင်းအချိန်မို့ လူက နည်းနည်းတော့များသည်။ အတွဲများ ကလေးငယ်များ လေ့ကျင့်ခန်းလုပ်သူများ ခွေးကျောင်းထွက်လာကြသူများ နဲ့ ဈေးသည် တစ်ချို့လည်း ရှိနေသည်။
ရာသီဉတုကောင်းမွန်တာကြောင့် လေပြေလေညှင်းလေးများကလည်း အေးအေးစိမ့်စိမ့် ရှိလှသည်။
ကောင်းမြတ်လွန်းက အိတိုလေးကို ချီထားရပေမဲ့ နည်းနည်းလေးမှ ပင်ပန်းတယ်လို့ မခံစားရပဲ သူဟာ အနွေးဓာတ်လေးတစ်ခုကို ထွေးပိုက်ထားရသလိုမျိုးသာ ခံစား နေရသည်။
“အစ်ကိုရယ်ထားလိုက်ပါ ကလေးက ကျွန်တော် ချီ ချင်လို့ ချီထားတာပါ”
“ကိုယ်က ကိုယ့်အချစ်… ပင်ပန်းနေမှာဆိုးလို့”
“အစ်ကို”
"ကိုယ့်အချစ်" ဆိုတဲ့ အသုံးအနှုန်းကြောင့် ကောင်းမြတ်လွန်း ကမ္ဘာညိမ်းလက်မောင်းကိုရိုက်ပြီးသတိပေးလိုက်သည်။
အဲ့တာကို အိတိုလေးက တခစ်ခစ်ထရယ်ပြီး
“ကိုယ်အချစ်တဲ့ မာမား .. dad က မာမားကို ကိုယ့်ချစ်တဲ့ ခစ်ခစ်”
“တွေ့လား။ ကလေးတောင်ရယ်နေပြီ။”
“ဘာဖြစ်လဲ ကိုယ်ခေါ်ချင်လိုခေါ်တာ။”
“အစ်ကိုနော် …”
“မာမား … ရှက်ပါနဲ့ အိတိုလေးက အသည်းယားလို့ရယ်လိုက်မိတာပါ။”
အိတိုလေး ပြောမှ ကောင်းမြတ်လွန်းမျက်နှာပိုပူလာရသည်။
“အိတိုလေးက အခုတလော တော်တော်လေး ထွားလာပြီ ကိုယ့်အချစ်လက်မောင်းတွေ အောင့်နေတော့မယ်”
“မာမား အိတိုလေး လမ်းလျှောက်တော့မယ်”
“မလျှောက်ရပါဘူး။ မာမားက ဒီလိုလေးပဲချီထားမှာ။”
အောက်ဆင်းပြီး လမ်းလျှောက်ဖို့ပြင်နေတဲ့အိတိုလေးကို ကောင်းမြတ်လွန်းက ဆင်းမရအောင်ဖက်ထားလိုက်သည်။
“အိတိုလေးက မာမားရယ် dad ရယ် လက်အတူတူတွဲပြီးလျှောက်ချင်လို့ နော် မာမား … အာဘွားပေးမယ်လေ အိတိုလေးကို အောက်ချပေးတော့”
စကားတက်လေးကြောင့် ကောင်းမြတ်လွန်းလည်း အိတိုလေးကို အောက်ချပေးလိုက်တော့သည်။
အောက်မရောက်ခင် အိတိုလေးက ကောင်းမြတ်လွန်းကို အာဘွားပေးလိုက်သေးသည်။
အခုတော့ အိတိုလေးကို အလယ်မှာထားပြီး ဘေးတစ်ဖက်တစ်ချက်ဆီမှာတော့ ကောင်းမြတ်လွန်း နဲ့ ကမ္ဘာညိမ်းက အိတိုလေးရဲ့ လက်သေးသေးလေးကို လက်ဖဝါးထဲထည့်ပြီး ကိုင်ပေးထားသည်။
“မာမား .. dad …ခိုချင်တယ်”
“ဟားဟား ခိုပါဗျ”
“ဝမ် … တူ …. သရီ …”
တိုင်ပင်ခေါ်ပြီးတာနဲ့
“ရေး ….” လို့အော်ပြီး
အိတိုလေးက ချက်ချင်းကိုပဲ သူ့မာမားနဲ့ dad ရဲ့ လက်နှစ်ဖက်ကို အားပြုပြီး တွဲလျားခိုစီးတော့သည်။
ချစ်စရာကောင်းတဲ့ ကလေးလေးရယ် ချောမောလှတဲ့ ကောင်လေးရယ် အလွန်စမတ်ကျနေတဲ့ အမျိုးသားရယ် အတူတွဲပြီး ကန်ဘောင်ပေါ်မှာ လမ်းလျှောက်နေတာကို မြင်သူတိုင်းက ငေးကြည့်နေကြသော်လည်း ထိုသူ သုံးယောက်လုံးကတော့ ကမ္ဘာပေါ်မှာ သူ့တို့ သုံးယောက်တည်း ရှိနေသည့်အတိုင်း လွတ်လွတ်လပ်လပ် ပျော်ရွှင်နေခဲ့ကြသည်။
“dad … ဟိုမှာ …”
အိတိုလေးက လက်လေးလွှဲရမ်းကာ ကစားနေရင်း ကမ္ဘာညိမ်းကို ခေါ်ကာ တစ်နေရာကို လက်ညိုးထိုးပြလာသည်။
ကန်ဘောင်အောက်ဘက်က မြက်ခင်းပြင်တစ်နေရာမှာ ချစ်ကြည်နူးလို့ အနမ်းခြွေနေကြတဲ့ သမီးရည်းစားနှစ်ယောက်ကို မြင်လိုက်ရတော့ ကမ္ဘာညိမ်းက အိတိုလေးကို ကောက်ချီလိုက်ပြီး ရုတ်တရက်ကြီး ကောင်းမြတ်လွန်းပါးတစ်ဖက်ကို လှမ်းနမ်းလိုက်တော့သည်။
ကောင်မြတ်လွန်းခင်ဗျာ ထင်မှတ်မထားတဲ့ အခြေအနေတွေကြောင့် မျက်လုံးလေးများဝိုင်းစက်လာပြီး အသက်ရှူပင်အောင့်ထားလိုက်မိသည်။
အဲ့ဒီအချိန်မှာပဲ အိတိုလေးက သူ့ဒယ်ဒီကို အားကျမခံ ကောင်မြတ်လွန်းပါးတစ်ဖက်ကို လှမ်းနမ်းတော့သည်။
အခုဆိုရင် ကောင်းလွန်းမျက်နှာလေးက ကမ္ဘာညိမ်းတို့ သားအဖနှုတ်ခမ်းလေးတွေ ကြားထဲမှာ ညှပ်နေလေပြီ။
အစက ရင်တွေခုန်ပြီး အရမ်းရှက်သွားခဲ့တဲ့ ကောင်းမြတ်လွန်းလည်း ချစ်စရာကောင်းတဲ့ သားအဖနှစ်ယောက်ကို အပြစ်မဆိုရက်တာကြောင့် ရှက်ဝဲဝဲလေးပြုံးပြီးတော့သာ သူ့မျက်နှာကို အနမ်းတွေအောက်က ရုန်းထွက်လိုက်တော့သည်။
“အစ်ကို့တို့နော် လူကြားထဲမှာကို အရမ်းပဲ …”
“ဘာဖြစ်လဲ။ သူများတွေလဲ နမ်းနေတာပဲကို။”
“ဟုတ်တယ်လေ မာမားရဲ့။ သူများတွေလည်း နမ်းနေတာပဲကို။”
“အစ်ကိုနော် ကလေးကို ဘာတွေလျှောက်သင်နေတာလဲမသိဘူး။ တော်ပြီပြန်တော့မယ် သူများတွေဝိုင်းကြည့်နေပြီ။”
တကယ်လည်း ဘေးပတ်လည်က လူတွေက သူတို့သုံးယောက်ကို ငေးကြည့်နေကြတာကြောင့် အခုမှပဲ လူကြီးလူကောင်းကြီး ဦးကမ္ဘာညိမ်းတစ်ယောက် သူ့လည်ဂုတ်ကို ပွတ်သတ်ပြီး ရှက်ကိုးရှက်ကန်းဖြစ်နေတော့သည်။
အိတိုလေးကတော့ ကလေးပီပီ ဘာမှမသိတာကြောင့် ပြုံးလို့ရွှင်လို့။
တစ်ညနေလုံးလျှောက်သွားပြီး အိမ်ပြန်ရောက်ကြတော့ ကောင်းမြတ်လွန်းနဲ့ အိတိုလေးတို့နှစ်ယောက်မှာ ပင်ပန်းပြီး ငိုက်မျဉ်းနေကြပြီဖြစ်သည်။
“တန်းမအိပ်နဲ့နော်”
ကမ္ဘာညိမ်းက သတိပေးသလိုလေးပြောလိုက်တော့ နှစ်ယောက်လုံးက ပြိုင်တူခေါင်းငြိတ်ပြလာသည်။
ကြည့်ရတာ စကားတောင် ပြောဖို့တောင် အားမရှိတော့ဘူးထင်သည်။
လက်တွဲပြီး အခန်းထဲကို ငိုက်စိုက်ငိုက်စိုက်ဝင်သွားတဲ့ အိတိုလေးနဲ့ ကောင်းမြတ်လွန်းကို ကြည့်ပြီး ကမ္ဘာညိမ်းစိတ်မချတာနဲ့ပဲ နောက်ကလိုက်သွားမိသည်။
သန့်စင်ခန်းထဲ ဝင်သွားတဲ့ အိတိုလေးနဲ့ အိတိုလေးရဲ့မာမားတို့ဆီကနေ အခါတိုင်းလို ပလုံစီအောင်အသံများပင် ထွက်မလာတော့။
ကမ္ဘာညိမ်းက နှစ်ခန်းတစ်ခန်းပေါင်းနေသလိုဖြစ်နေပြီဖြစ်တဲ့ ကောင်းမြတ်လွန်းအခန်းထဲကနေ ကောင်းမြတ်လွန်းအတွက်ကော အိတိုလေးအတွက်ပါ ညအိတ်ဝတ်စုံလေတွေကို အဆင်သင့်ထုတ်ပေးထားလိုက်သည်။
ထို့နောက် တဘက်တစ်ထည်ကိုင်ပြီး အပြင်မှာရပ်စောင့်နေလိုက်သည်။
“ဟင် …. အစ်ကို”
“လာ .. နှစ်ယောက်လုံးကို မျက်နှာသုတ်ပေးမယ်”
ရေစက်တွေတင်ကျန်နေတဲ့ မျက်နှာနုနုလေးတွေကို ကမ္ဘာညိမ်း ညင်ညင်သာသာပဲ သုတ်ပေးလိုက်သည်။
“အင်္ကျီလဲလိုက်ကြအုံး”
“ဟုတ် …”
အိတိုလေးကို ကမ္ဘာညိမ်းက အင်္ကျီလဲဝတ်ပေးလိုက်သည်။
ကောင်းမြတ်လွန်းကတော့ ရေချိုးခန်းထဲပြန်ဝင်ပြီး လဲဝတ်နေသည်။
ကောင်းမြတ်လွန်းသန့်စင်ခန်းထဲက ထွက်လာတာနဲ့ ခုတင်ပေါ်မှာ ပက်လက်လေးဖြစ်နေတဲ့ အိတိုလေးက
“မာမား .. အိတိုလေး မာမားနဲ့အိမ်ချင်တယ်”
“အိပ်ပါဗျာ”
ကောင်းမြတ်လွန်းလည်း ခုတင်ပေါ်တက်ပြီး အိတိုလေးဘေးမှာ ဝင်လှဲလိုက်သည်။
ကမ္ဘာညိမ်းက လက်ထဲမှာဗူးတစ်ဗူးကိုင်ပြီး အိတိုလေးတို့ကြားထဲဝင်ထိုင်လိုက်သည်။
“အစ်ကို …”
ကောင်းမြတ်လွန်းတစ်ယောက်မျက်လုံးပြူးမျက်ဆံပြူးနဲ့ ကုန်ထလိုက်သည်။
သို့သော် ကမ္ဘာညိမ်းက ပြန်လှဲအိပ်စေလိုက်ပြီး
“လိုးရှင်းလူးပေးမလို့” ဟုဆိုတာ လက်ဖဝါးထဲသို့ လိုးရှင်းအရည်များထည့်နေသည်။
အရင်ဆုံး အိုတိုးလေးရဲ့ မျက်နှာ နဲ့ လက်လေးတွေကို လိုးရှင်းလူးပေးလိုက်သည်။
ထို့နောက် ကောင်းမြတ်လွန်းကိုပါ် တစ်ခါတည်း လိုးရှင်းလူးပေးပြန်သည်။
“ကဲ … အိပ်လို့ရပြီ”
“dad …ဂွတ်နိုက်”
“အစ်ကို … ဂွတ်နိုက်”
“ဂွတ်နိုက်ပါ ကိုယ့်ကလေးလေးတွေ”
ကမ္ဘာညိမ်းက အိတိုလေးနဲ့ ကောင်းမြတ်လွန်းရဲ့ ပါးနှစ်ဖက်လုံးကိုမွှေးကြူပြီးမှ ခုတင်ပေါ်ကဆင်းလိုက်သည်။
ထို့နောက် စောင်သေချာခြုံပေး မီးမှိတ်ပေးပြီးမှ တံခါးအသာစေ့က အခန်းထဲကထွက်လာလိုက်သည်။
စေ့စေ့ပိတ်သွားတဲ့ တံခါးချပ်လေးကိုကြည့်ရင်း ကမ္ဘာညိမ်းတစ်ယောက် အချိန် အတော်ကြာအောင် ပြုံးနေမိသည်။
သူ့ရင်ထဲမှာ ကြည်နူးမှုတွေ ပိတိတွေ အချစ်တွေက ပြောမပြတက်အောင် ပြည့်လျှံနေလေပြီ။
သွေးသားမတော်စပ်ပါသော်လည်း ရင်းနှီးလှသည့် သူစိမ်းလူသားလေး နှစ်ယောက်က သူ့အတွက် နွေးထွေးတဲ့ မိသားစုဘဝလေးကို ဖန်တီးပေးခဲ့သည်။ သူ့ဘဝရဲ့အချိန်တွေထဲကို ပျော်ရွှင်မှုတွေ ကံကောင်းမှုတွေကို ဆောင်ကြဉ်းလာပေးခဲ့သည်။
“ကျေးဇူးတင်ပါတယ်။ ချစ်တယ် … ကိုယ့်ကလေးလေးတွေ။ ”
မနက်ခင်းမှာတော့ အိတိုလေးတို့တွေ ဆူဆူညံညံနဲ့ပဲ ကုမ္ပဏီကိုရောက်လာကြသည်။
ကမ္ဘာညိမ်း၏ အလိမ္မာတုံးအတွင်းရေးမှူးဆိုသူက အလုပ်ရှင်၏ ခွင့်ပြုမိန့်နှင့်အတူ ကမ္ဘာညိမ်း နဲ့ ကောင်းမြတ်လွန်းရဲ့ ဆက်ဆံရေးကို တစ်ရုံးလုံးသိအောင် တစ်ဖက်လှည့် အတင်းပြောသလိုနဲ့ သတင်းဖွပေးထားတာကြောင့် တစ်ရုံးလုံးက ဝန်ထမ်းတွေကလည်း ကောင်းမြတ်လွန်းအကြောင်းကို သိထားကြပြီးဖြစ်သည်။
အဆိုပါသတင်းက ဝန်ထမ်းတွေကြားထဲ အထူးအဆန်းဖြစ်သွားသော်လည်း မည်သူကမျှတော့ ဆိုးဆိုးဝါးဝါး မလိုလားဟန် မပြကြပေး။ ခြောက်နှစ်လောက် သူတို့ကို အုပ်ချုပ်လမ်းညွှန်ပေးခဲ့တဲ့ သူတို့ ဥက္ကဌက ဘယ်လိုလူစားလဲဆိုတာ သိပြီးသားဖြစ်သလို သူတို့အသည်းကျော် အိတိုလေးရဲ့ အချစ်ကို ရရှိထားတဲ့ ကောင်းမြတ်လွန်းကလည်း လူကောင်းတစ်ယောက်ဖြစ်နေမှာ သေချာတာမို့ သူတို့က သူ့တို့ ဥက္ကဌကြီးရဲ့ အချစ်ရေးအပေါ် အဆိုးမြင်တာမျိုးမရှိကြ။
ဒီကနေ့မှာတော့ ထူးဆန်းစွာပဲ ဝန်ထမ်းတွေက ကမ္ဘာညိမ်းတို့ကို သိသိသာသာကော မသိမသာပါ ဝိုင်းကြည့်နေကြတာကြောင့် စိတ်ထဲအနည်းငယ် မလုံခြုံသလို ခံစားလိုက်ရသည်။
“ဥက္ကဌကြီး …”
အမောတကောပြေးလာတဲ့ အတွင်းရေးမှူးကို ကမ္ဘာညိမ်းက တည်တည်ငြိမ်ငြိမ်ပဲကြည့်နေလိုက်သည်။
“မလောနဲ့ ဘာကိစ္စလဲပြော”
“သတင်းတွေတက်လာလို့”
အတွင်းရေးမှူးက ပြောနေရင်းပင် ဖုန်းထဲက သတင်းကို လှမ်းပြလာသည်။
တရားဝင်း သတင်းစာတိုက်က မဟုတ်ပဲ။ facebook မှာ နာမည်ကြီး လူသိများတဲ့ သတင်းစုံရပ်ကွက် ဆိုတဲ့ page ကတင်းထားတဲ့သတင်းတစ်ပုဒ်ဖြစ်သည်။
ဦးဆုံး မြင်လိုက်ရတာက ကမ္ဘာညိမ်းနဲ့ ကောင်းမြတ်လွန်းတို့ ကမ်းခြေမှာ ကျင်းပခဲ့တဲ့ မင်္ဂလာပွဲက ဓါတ်ပုံ နဲ့ မနေ့ညက တံတားဖြူကန်ဘောင်မှာလမ်းလျှောက်တဲ့အချိန် ကောင်းမြတ်လွန်းကို အိတိုလေးနဲ့ ကမ္ဘာညိမ်းတို့ နမ်းနေကြတဲ့ပုံကို ယှဉ်ပြထားတဲ့ ပုံတွေဖြစ်သည်။
ဆက်လက်ပြီးအမြင်အာရုံထဲထင်းခနဲ ပေါ်လာတာက စာလုံးအနီရောင်နဲ့ ထင်ထင်ရှားရှားရေးထားတဲ့ သတင်းခေါင်းစဉ်ဖြစ်သည်။
“Everest Company Limitd မှ ဥက္ကဌဖြစ်သူ ဦးကမ္ဘာညိမ်းက အခြောက်တစ်ယောက်နဲ့ လက်ထပ်ထား”
ခေါက်စဉ်အောက်မှာပါတဲ့ အကြောင်းအရာတွေကတော့ ဦးကမ္ဘာညိမ်းက အခြောက်တစ်ယောက်ဖြစ်နေကြောင်း။ ယောက်ျားတစ်ယောက်ကို မိန်းမပုံစံဟန်ဆောင် ခိုင်းပြီး လူတွေကို အလိမ်အညာဇာတ်ခင်းကာ မင်္ဂလာပွဲကို တိတ်တဆိတ် ကျင်းပခဲ့ကြောင်း။ ဦးကမ္ဘာညိမ်းနဲ့ လက်ထပ်ခဲ့တဲ့ အခြောက်ကောင်လေးက ဦးကမ္ဘာညိမ်းရဲ့ ပိုင်ဆိုင်မှုတွေကိုမက်ပြီး ခြူစားရတာမဝလို့ အကြပ်ကိုင်ပြီး လက်ထပ်ရန်စေခိုင်းခဲ့ပုံပေါ်ကြောင်း။ အချစ်ရေးနဲ့ အိမ်ထောင်ရေးမှာ ပွင့်လင်းမှုမရှိတဲ့ Everest Company Limitd မှ ဥက္ကဌဖြစ်သူ ဦးကမ္ဘာညိမ်းမှာ ဘယ်သူနဲ့ရတာမှန်းမသိတဲ့ ကလေးတစ်ယောက်ပါရှိနေသေးကြောင်း စသဖြင့် အောက်ဖဲလှန် အပုတ်ချသည့် သတင်းပေါင်းစုံကို စုံစီနေအောင်ထည့်ရေးထားတဲ့သတင်းတစ်ပုဒ်ဖြစ်သည်။
ကမ္ဘာညိမ်းက သတင်းကို အကြမ်းဖျင်းသာဖတ်ကြည့်လိုက်ပြီး ခပ်ဟဟလေးရယ်က ဖုန်းကို အတွင်းရေးမှူးဆီသို့ပြန်ပေးလိုက်သည်။
အတွင်းရေးမှူးကတော့ မျက်စိပျက် မျက်နှာပျက်ဖြင့် နားထင်မှာတောင် ချွေးစို့နေလေပြီ။
ကောင်းမြတ်လွန်းကလည်း ဘေးကနေ သိချင်းစိတ်ဖြင့် ကမ္ဘာညိမ်းမျက်နှာကို လိုက်ကြည့်နေခဲ့ သော်လည်း တစ်စုံတစ်ရာကိုတော့ ထုတ်မမေးခဲ့။
သူ့အနေဖြင့် ဝင်ပါသင့်တဲ့ကိစ္စ ဟုတ်မဟုတ် မသေချာတာကြောင့် နှုတ်ဆိတ်၍သာ စောင့်နေမိသည်။
“ဘာမှမဟုတ်ဘူး။ အချိန်တန်ရင်အဆင်ပြေသွားမယ့် ပြဿနာအသေးစားလေးတစ်ခုပါပဲ။”
ကမ္ဘာညိမ်းက သူ့အချစ် စိတ်ပူနေမှန်းသိတာကြောင့် အနည်းငယ်ရှင်းပြပေးလိုက်သည်။
ကမ္ဘာညိမ်းမျက်နှာက တော်တော်လေး တည်ငြိမ်နေတာကြောင့် ကောင်းမြတ်လွန်း အဲ့သည်စကားကို ယုံကြည်လိုက်မိသည်။
“အဲ့တာဆို ကျွန်တော် အလုပ်သွားလုပ်တော့မယ်”
“ကောင်းပါပြီ ….”
“အိတို မာမား… သွားပြီနော်”
“မာမား တာ့တာ …”
အိတိုလေးကို နမ်းပြီးတာနဲ့ ကောင်းမြတ်လွန်းလည်း သူအလုပ်လုပ်ရမည့် ဌာနရှိရာသို့ သွားရန်ပြင်လိုက်သည်။
“ကောင်းမြတ်လွန်း”
ထွက်သွားတော့မည့် အချိန်မှာပဲ ကမ္ဘာညိမ်းရဲ့ခေါ်သံကြောင့် ကောင်းမြတ်လွန်း ကျောခိုင်းနေရာက ပြန်လှည့်ကြည့်လိုက်သည်။
“ကိုယ့်ကိုယုံပေး”
“အင်း … ကျွန်တော် အစ်ကို့ကို ယုံပါတယ်”
ကောင်းမြတ်လွန်းအဖြေကြောင့် ကမ္ဘာညိမ်းက ကျေကျေနပ်နပ်ကြီး ပြုံးလိုက်မိသည်။
ကမ္ဘာညိမ်းရဲ့ မျက်နှာပေါ်က အပြုံးတွေကို မြင်လိုက်ရတာကြောင့် ကောင်းမြတ်လွန်းလည်း လိုက်ပြုံးလာသည်။
ထို့နောက် သူတို့အကြည့်ချင်းစကားပြောကာ နှုတ်ဆက် လမ်းခွဲလိုက်ကြသည်။
“အိတို … dad ..တို့လဲ သွားကြရအောင်”
“ဥက္ကဌကြီး”
မျောက်မီးခဲကိုင်ထားရသလိုဖြစ်နေတဲ့ အတွင်းမှူးကတော့ လှုပ်လှုပ်ရွရွနဲ့ပဲ ကမ္ဘာညိမ်းနောက်က ကပ်ပါလာသည်။
ကမ္ဘာညိမ်းက သူ့အတွင်းရေးမှူးဖြစ်ပျက်နေတဲ့ပုံကို ကြည့်ပြီး အနည်းငယ်တောင် သနားစိတ်ဝင်လာမိသည်။
“ဘာမှစိတ်မပူနဲ့ အဆင်ပြေသွားလိမ့်မယ်”
“ကျွန်တော် ဘာလုပ်ရမလဲ page admin ကိုသွားပြီး သတင်းပိတ်ပေးဖို့ ပြောလိုက်ရမလား ငွေနည်းနည်းလောက်ပေးလိုက်ရင်တော့ …”
“မလိုဘူး”
“ဗျာ”
နေ့လယ်ခင်း ထမင်းစားချိန်ရောက်ခါနီးမှ ကောင်းမြတ်လွန်းက ပြဿနာတွေကို သိခွင့်ရလိုက်သည်။
သတင်းကို မြင်မြင်းချင်း သူစိတ်တိုမိသည်။
ကိုယ့်အလုပ်ကိုယ်လုပ် ကိုယ်ထမင်းကိုယ်စားပြီး တကူးတက အချိန်ပေးကာ အကုသိုလ် အလကားယူနေကြတဲ့သူတွေကို ကြည့်ပြီး စိတ်ပျက်မိသည်။
လူတစ်ယောက် အကြောင်း အတွင်းကျကျသိနေရင်တောင် အဲ့လူကို လက်လွန်စပယ် မဝေဖန်သင့်ဘူးဆိုတာ လူတွေဘာကြောင့်မသိရတာလဲ။
လူကျင့်ဝတ်ဖောက်ပြားတဲ့ သူတွေကို အားပေးအားမြှောက်လုပ် နောက်ကလိုက်ပြီး အကုသိုလ်တွေကို မျှဝေယူနေကြတဲ့သူတွေကိုလည်း ကောင်းမြတ်လွန်းနားမလည်နိုင်တော့။
ကောင်းမြတ်လွန်းရဲ့ စိတ်ရှုပ်မှုတွေက နာရီဝက်တောင်မကြာလိုက်
“မာမား” ဆိုတဲ့ခေါ်သံလေးကြောင့် ပျောက်ပျက်သွားရသည်။
“မာမား .. dad က အလုပ်ရှိလို့တဲ့ အိတိုလေးနဲ့မာမားပဲ အတူစားလိုက်ပါတဲ့”
“ဟုတ်ပါပြီဗျာ ဒါဆို ဒီနေ့က အိတိုလေးနဲ့ မာမားတို့ နှစ်ယောက်တည်း အတူစားရမှာပေါ့”
“မာမားက dad … ကို လွမ်းလို့လား”
“မဟုတ်ပါဘူးဗျာ လာပါ စားကြရအောင်”
ဒီနေ့ ထူးထူးချက်ပေးလိုက်တဲ့ အာလူးဟင်းက တော်တော်လေးစားလို့ကောင်းသည်။
အာလူးကစေးစေးလေးမို့ အိတိုလေးအကြိုက်တွေ့ကာ ပလုပ်ပလောင်းစားနေတော့သည်။
“မာမား …”
“ဗျာ …”
“dad .. အဆင်ပြေမှာပါနော်”
အရိပ်အကဲနားလည်တဲ့ အိတိုလေးက သူ့ဒယ်ဒီ ပြဿနာရှိနေတာကိုသိပြီး စိတ်ပူနေပုံရသည်။
“ပြေမှာပါ။ အိတိုလေးရဲ့ dad က ကောင်းကောင်း ဖြေရှင်းနိုင်တယ်ဆိုတာ မာမားတို့ ယုံပေးရမယ်လေ။”
“ဟုတ်ကဲ့မာမား”
“အိတိုလေးက ဒယ်ဒီ့ကို စိတ်ပူနေတာလား”
“ဟုတ်”
“အိတိုလေးက လိမ္မာလိုက်တာ။ ဖြစ်နိုင်ရင်လေ မာမားက အိတိုလေးကို မာမားဗိုက်လေးထဲထည့်ထားပြီး မာမားကိုယ်တိုင်ပြန်မွေးပေးလိုက်ချင်တာ”
“အိတိုလေးလဲ မာမား ဗိုက်ထဲဝင်နေချင်တယ် ဟီ …”
ပြုံးလိုက်တာကြောင့် ဖောင်းကားတက်လာတဲ့ ပါးလုံးကြီးတွေ ညှပ်ပစ်ချင်စရာ။ ပါးလုံးမို့မို့ကြီးတွေနဲ့ ချစ်စရာကောင်းတဲ့ အိတိုလေးပါးကို အသာပွတ်ပေးလိုက်ပြီး ခေါင်းပေါ်က ဆံပင်လေးတွေကိုပါ အသည်းတယားဆွဲဖွပေးလိုက်မိသည်။
ကောင်းမြတ်လွန်းအတွက် ဘာတွေပဲဖြစ်လာဖြစ်လာ သူဂရုစိုက်ရမည့်သူ နှစ်ယောက်သာ ရှိသည်။ အဲ့တာက အစ်ကို နဲ့ အိတိုလေး ပင်ဖြစ်သည်။ အစ်ကို နဲ့ အိတိုလေး အဆင်ပြေနေသေးသ၍ သူ့အတွက်လည်း အဆင်ပြေသည်။
သတင်းထဲမှာ အိတိုလေး အကြောင်းတွေပါ ပါနေတာကြောင့် သူဒေါသထွက်မိသော်လည်း အစ်ကို့ကို ယုံကြည်တဲ့စိတ်ကြောင့်ပဲ သူစိတ်ကို အတက်နိုင်ဆုံးလျှော့ ချလိုက်သည်။
အစ်ကိုနဲ့ အိတိုလေးကို ထိခိုက်စေခဲ့မယ်ဆိုရင်တော့ သူ့ဘက်က သေချာပေါက် တစ်ခုခုကို ပြင်းပြင်းထန်ထန် တုန့်ပြန်မှာဖြစ်သည်။
အခုလောလောဆယ်တော့ အစ်ကိုစကားကို ယုံပြီး သူကိုယ်တိုင်လည်း စိတ်အေးလက်အေးပဲနေနေမိသည်။
(တရားခံဘယ်သူလဲဟေ့ 😁။
သိပ်ကြာကြာမပျင်းရတော့ပါဘူး ပြီးတော့မှာပါ။
အိတိုလေးက နှုတ်ဆက်ဖို့အသင့်ဖြစ်နေပါပြီဗျ။)