အိတို
အိတို (၀၁)
အိတို (၀၂)
အိတို (၀၃)
အိတို (၀၄)
အိတို (၀၅)
အိတို (၀၆)
အိတို (၀၇)
အိတို (၀၈)
အိတို (၀၉)
အိတို (၁၀)
အိတို (၁၁)
အိတို (၁၂)
အိတို (၁၃)
အိတို (၁၄)
အိတို (၁၅)
အိတို (၁၆)
အိတို (၁၇)
အိတို (၁၈)
အိတို (၁၉)
အိတို (၂၀)
အိတို (၂၁)
အိတို (၂၂)
အိတို (၂၃)
အိတို (၂၄)
အိတို (၂၅)
အိတို (၂၆)
အိတို (၂၇)
အိတို (၂၈)
အိတို (၂၉)
အိတို (၃၀)
အိတို (၃၁)
အိတို (ဇာတ္သိမ္း)
အိတို (၁၁)
အိတို🐻11
Zawgyi

ကမၻာညိမ္းက ယာဥ္ေမာင္းသူထိုင္ခံုမွာ ထိုင္ျပီးကားေမာင္းေနသည္။ ကမၻာညိမ္းရဲ႕ေဘးခံုမွာေတာ့ ေကာင္းျမတ္လြန္းရွိေနျပီး ေကာင္းျမတ္လြန္းရင္ခြင္ထဲမွာေတာ့ ဝက္ဝံေပါက္ေလးအိတိုရွိေနသည္။

ကားစထြက္ကတည္းက တီတီတာတာစကားေတြေတာက္ေလ်ွာက္ေျပာလာတဲ့ အိတိုေလးက ႏွစ္နာရီအႀကာမွာေတာ့ ဗိုက္ကေလးပြတ္ျပီး ဗိုက္ဆာေႀကာင္းေျပာလာေတာ့သည္။

"dad ... မာမား အိတို ဗိုက္ဆာေနတယ္"

"အိတိုေလးက စကားေတြေျပာရတာမ်ားေတာ့ ဗိုက္ေတာင္ဆာလာျပီေပါ့။"

ကမၻာညိမ္းက အိတိုေလးကို စျပီးတာနဲ႕ ကားကိုအရွိန္ေလ်ွာ့ကာရပ္လိုက္ေတာ့သည္။

ထို႔ေနာက္ ကားေနာက္ခန္းထဲက ထူးထူးစီစဥ္ေပးလိုက္တဲ့ ညစာ ထမင္းခ်ိဳင့္အိတ္ေလးနဲ႕ မုန္႕တခ်ိဳ႕ထည့္ထားတဲ့ အထုပ္ေလးကိုယူျပီး ေကာင္းျမတ္လြန္းလက္ထဲထည့္ေပးကာ

"မာမားကိုပဲ ဒုကၡေပးပါရေစ"

"ရပါတယ္"

ေကာင္းျမတ္လြန္းလည္း ထမင္းခ်ိဳင့္အိတ္ေလးဖြင့္လိုက္ျပီး ႏွစ္ဆင့္ထပ္ထားတဲ့ဗူးေလးကိုဖြင့္ႀကည့္လိုက္သည္။

တစ္ဆင့္က ေရညွိထမင္းလိပ္ျဖစ္ျပီး တစ္ဆင့္က ႀကက္ဥအသားေခ်ာင္းလိပ္ျဖစ္သည္။

ႀကက္ဥအသားေခ်ာင္းလိပ္ထည့္ထားတဲ့ဗူးေလးကို အိတိုေလးကိုေပးကိုင္ထားလိုက္ျပီး ေကာင္းျမတ္လြန္းကေတာ့ ေရညွိထမင္းလိပ္ပါတဲ့ ဗူးေလးနဲ႕ ညွပ္တူတစ္စံုကိုကိုင္ထားသည္။

ကမၻာညိမ္ကေတာ့ ထိုင္ခံုမွာထိုင္ျပီး ခါးပတ္ပတ္ကာ ကားျပန္ေမာင္းဖို႔ျပင္ဆင္ေနသည္။

"ကြ်န္ေတာ့ကိုေျပာတာမဟုတ္ဘူး"

ေကာင္းျမတ္လြန္းက ေရညွိထမင္းလိပ္အေသးေလး တစ္ခုကိုအိတိုေလးအားခြံ႕ေပးျပီး ကမၻာညိမ္းကိုစကားလွမ္းေျပာလိုက္သည္။

"ဘာကိုလဲ"

"စားစရာေတြက ေနာက္ခန္းမွာဆိုတာကိုေလ ကြ်န္ေတာ္လွမ္းယူေပးမွာေပါ့ အဲ့ဒါဆို အစ္ကိုမပင္ပန္းေတာ့ဘူး"

"ကိုယ့္အတြက္အပန္းမႀကီးပါဘူး။ မင္းေနာက္ျပန္လွည့္ယူေနရင္ မေတာ္တဆခိုက္မိတာမ်ိဳးျဖစ္သြားမွာဆိုလို႔ တမင္မယူခိုင္းတာ"

"ကြ်န္ေတာ္ေယာက္်ားေလးပါဗ် အဲ့ေလာက္လည္းမနုပါဘူး"

အိတိုေလးက သူ႔ကိုခြံ႕ေပးလာတဲ့ ထမင္းလိပ္ေလးကို မစားပဲေကာင္းျမတ္လြန္းပါးစပ္ထဲျပန္ခြံေပးလာတာေႀကာင့္ ေကာင္းျမတ္လြန္းတစ္ေယာက္ ထမင္းလိပ္ကို တျမံဳ႕ျမံဳ႕ဝါးရင္း ႀကက္ဥလိပ္ေလးတစ္လိပ္ယူျပီး အိတိုေလးကိုျပန္ခြံ႕ေပးလိုက္သည္။

"စားလို႕အဆင္ေျပႀကရဲ႕လား"

"ေျပပါတယ္"

"မာမား ... dad ကိုလည္းခြံ႕ေပးလိုက္ဦးေလ dad လည္းဗိုက္ဆာေနမွာေပါ့"

"ဟုတ္သားပဲ အစ္ကိုေကာစားခ်င္လား"

"မင္းခြံ႕ေကြ်းမယ္ဆိုရင္ေပါ့"

ကမၻာညိမ္းက ကားကိုဂရုတစိုက္ေမာင္းေနရင္းနဲ႕မွ ေကာင္းျမတ္လြန္းကို တစ္ခ်က္ငဲ့ႀကည့္ကာ ျပံဳးျပီးေျပာလာသည္။

"အစ္ကို႕လက္မွမအားတာ ကြ်န္ေတာ္ပဲခြံ႕ေကြ်းရမွာေပါ့"

ေကာင္းျမတ္လြန္းသည္ ထမင္းလိပ္တစ္လိပ္ကို တူနဲ႕ညွပ္ျပီး ကမၻာညိမ္းကိုခြံ႕ေကြ်းလိုက္သည္။

"ေကာင္းလား အစ္ကို"

"ထမင္းလိပ္ကေတာ့ ပံုမွန္ပါပဲ"

"မာမားခြံ႕ေကြ်းလို႕ပိုေကာင္းတာမဟုတ္လား dad ... "

ဆီေပေနတဲ့ ႏႈတ္ခမ္းဝင္းဝင္းေလးေတြနဲ႕ ဝင္ေျပာလာတဲ့ အိတိုေလးစကားေႀကာင့္ ကမၻာညိမ္းသေဘာက်ကာ

"ဟုတ္ပါတယ္ဗ်ာ"

"ဟီး ... အိတိုေလးသိတာေပါ့။ မာမားသိလား။ dad က ေျပာတယ္။ ခ်စ္တဲ့သူေကြ်းတဲ့အစားအစာက ပိုစားလို႕ေကာင္းတယ္တဲ့။ အဲ့တာေႀကာင့္ တီတီထူးထူးလုပ္ေပးတဲ့မုန္႔ေတြကေလ ဒီတိုင္းစားရင္ သိပ္မေကာင္းဘူး dad နဲ႔ မာမားခြံ႕ေကြ်းေတာ့မွ ပိုစားလို႕ေကာင္းသြားတာ"

တကယ္ကိုပဲ ေကာင္းျမတ္လြန္းနဲ႕ေတြ႕ျပီးေနာက္ပိုင္းကတည္းက အိတိုေလးက သိသိသာသာသြက္လက္လာျပီး စကားေတြလည္းအမ်ားႀကီးေျပာတက္လာသည္။

တစ္ခါတစ္ေလမ်ားဆို သီခ်င္းေလးေတာင္ ေအာ္ညည္းတက္ေသးသည္။

ကမၻာညိမ္းမွာ အိတိုေလးကို အဲ့လိုပံုစံနဲ႕ျမင္ရေလ အိတိုေလးရဲ႕မာမားျဖစ္လာမယ့္သူကို လက္မလြတ္နိုင္ေလျဖစ္လာရသည္။

ကမၻာညိမ္းက စိတ္ကူးထဲမွာေတြးေနတုန္း ေကာင္းျမတ္လြန္းက အိတိုေလးရဲ႕ ေပေနတဲ့ႏႈတ္ခမ္းေတြကို တစ္ရွဴးနဲ႕သုတ္ေပးရင္း

"အိတိုေလးေတာင္ စကားကို ေသခ်ာစီကာပတ္ကံုးေျပာတက္လာျပီးပဲ" ဟုေျပာလာသည္။

" ကိုယ့္ကိုေကာ ..."

အစမရွိမဆံုးမရွိေျပာလာတဲ့ စကားေႀကာင့္ ေကာင္းျမတ္လြန္းတစ္ေယာက္ ကမၻာညိမ္းမ်က္ႏွာကို ေႀကာင္ႀကည့္ေနမိသည္။

ကမၻာညိမ္းက ရုတ္တရက္ မ်က္နွာကို ေကာင္းျမတ္လြန္းဘက္တိုးေပးလာသည္။ ထို႔ေနာက္ မ်က္လံုးေတြကိုေတာ့ ကားေမာင္းတဲ့ေနရာမွာအာရံုူစိုက္ထားျပီး ႏႈတ္ခမ္းကိုစူကာ

"သုတ္ေပးဦးေလ"

အခုမွပဲ ေကာင္းျမတ္လြန္းတစ္ေယာက္ ကမၻာညိမ္းရဲ႕ဆိုလိုရင္းကိုသေဘာေပါက္သြားျပီး တစ္ရွဴးယူကာ ႏႈတ္ခမ္းကို သုတ္ေပးေတာ့သည္။

အဲ့လိုနဲ႕ စားေသာက္ျပီးတဲ့ေနာက္ ဗိုက္ကားသြားျပီးျဖစ္တဲ့ အိတိုေလးက ေကာင္းျမတ္လြန္းကိုယ္ေပၚမွာ မွီထားရင္းအိပ္ေပ်ာ္သြားေတာ့သည္။

ေကာင္းျမတ္လြန္းက အိပ္ေပ်ာ္ေနတဲ့ အိတိုေလးကို သက္ေသာင့္သက္သာျဖစ္ေအာင္ ေသခ်ာေပြ႕ဖက္ထားေပးသည္။

အဲ့ဒီပံုစံေလးကို ျမင္လိုက္ရေတာ့ ကမၻာညိမ္းရဲ႕ မ်က္ဝန္းထဲမွာ ႀကည္ႏူးရိပ္ေလးမ်ားနဲ႔ ျပည့္ႏွက္လာေတာ့သည္။

ဂ်င္းေဘာင္ဘီတို အျဖဴေရာင္ေလးဝတ္ထားတဲ့ ေကာင္းျမတ္လြန္းကိုႀကည့္ျပီး

"ေဘာင္ဘီတိုနဲ႕အဆင္ေျပရဲ႕လား။ ေျခေထာက္ေတြေအးလာရင္ ကိုယ့္ကိုေျပာ။"

"ေျပပါတယ္ ... မေအးဘူး... "

"အင္း ... ေပါက္ေတာသြားခ်င္လည္း ကိုယ္ကိုေျပာေနာ္ အားမနာနဲ႕"

"ဟုတ္ ... ေျပာပါမယ္"

"အိပ္ခ်င္ရင္အိပ္ေလ မီးမွိတ္ေပးမယ္"

"ရတယ္ ကြ်န္ေတာ္မအိပ္ခ်င္ေသးဘူး။ ဒါေပမယ့္ မီးေတာ့မွိတ္ရင္မွိတ္လိုက္ပါ အိတိုေလးမ်က္စိစူးေနမွာဆိုးလို႕ "

"အင္း ......"

ကမၻာညိမ္းလည္း ေကာင္းျမတ္လြန္းေျပာတဲ့အတိုင္း ကားအတြင္းထဲက မီးကိုမွိတ္လိုက္ေတာ့သည္။

"ဟိုတယ္က အသစ္ဖြင့္တာလား"

"မဟုတ္ဘူး။ ဖြင့္တာက တစ္ႏွစ္ေလာက္ရွိျပီ။ အခုက တိုးခ်ဲ႕ေဆာင္သစ္ထပ္ေဆာက္တာ Garden view မွာကိုမွ ဇိမ္ခံ အခန္းက်ယ္ႀကီးေတြနဲ႕ ဖြဲ႕စည္းတည္ေဆာက္ထားတဲ့ အလႊာငါးလႊာပါတဲ့ တိုခ်ဲ႕ေဆာင္အသစ္ႀကီးေပါ့ အဲ့တာအတြက္ ဖြင့္ပြဲထပ္လုပ္မွာ"

"ကြ်န္ေတာ္တို႕တည္းရင္ အဲ့မွာတည္းရမွာလား"

"အင္း ဟုတ္တယ္။ အေပၚဆံုးလႊာမွာတည္းျဖစ္မယ္။ အဲ့ေနရာက ပင္လယ္ရႈခင္းႀကည့္လို႔သိပ္ေကာင္းတယ္။ ျပီးေတာ့ အဲ့အလႊာမွာပဲ ေရကူးကန္နဲ႕ ဘားတစ္ခုလည္းရွိတယ္ေလ"

"ဒါဆိုရင္ေတာ့ ဧည့္သည္ေတြ အေတာ္သေဘာက်ေနမွာပဲ။ အစ္ကိုက အဲ့ဟိုတယ္မွာ ရွယ္ယာပါတယ္ဆိုေတာ့ ကြ်န္ေတာ္ထင္တယ္ အစ္ကို႕စီပြားေရးက အေတာ္ေလး ေကာင္းလာမွာ"

"ကိုယ္က မိတ္ျဖစ္ေဆြျဖစ္နဲ႕ ႏွစ္ဆယ့္ငါးရာခိုင္ႏႈန္းပဲရွယ္ယာဝင္ထားတာပါ"

"ဘာပဲျဖစ္ျဖစ္ တကယ္ေကာင္းတဲ့အလုပ္ပဲမဟုတ္လား။ ကြ်န္ေတာ့လိုလူမ်ိဳးဆို တစ္ရာခိုင္နႈန္းေတာင္ပါဝင္နိုင္မွာမဟုတ္ဘူး။"

"ေကာင္းျမတ္လြန္းႀကည့္ရတာ စီးပြားေရးလုပ္ငန္းေတြကိုေတာ့ စိတ္ဝင္စားပံုပဲ။ မင္းသာ လိုခ်င္တယ္ဆို ကိုယ္ပိုင္တဲ့ ရွယ္ယာေတြအကုန္ မင္းကို ေပးလိုက္လို႔ရတယ္ ဘယ္လိုလဲ ယူခ်င္လား။"

"မယူခ်င္ပါဘူးဗ်ာ။ အလကားရတာေတြ မႀကိဳက္ဘူးဗ်။ အစ္ကိုကေတာ့ ပိုက္ဆံေပါတိုင္း ရက္ေရာေနေတာ့တာပဲ။"

"လူတိုင္အေပၚေတာ့ မရက္ေရာတက္ပါဘူးကြာ"

"ဒါနဲ႕ ဟိုအမ်ိဳးသမီးက ကြ်န္ေတာ္တို႔ကိုလြယ္လြယ္နဲ႕ယံုပါ့မလား။"

"ယံုမွာပါ။ ဘာလို႔ဆို ကိုယ္တို႔ႏွစ္ေယာက္က မထင္မွတ္ထားရေလာက္ေအာင္ကို လိုက္ဖက္ေနတာကို ျမင္ရမွာျဖစ္လို႔ပဲ။ ေႀသာ္ ... ဟိုတယ္မေရာက္ခင္ေတာ့ မင္းအဝတ္အစားလဲဖို႕လိုလိမ့္မယ္။ ျပီးေတာ့ အဲ့ကိုေရာက္တာနဲ႕ ကိုယ္မင္းကို "ခ်စ္" လို႕ပဲေခၚေတာ့မယ္ ခြင့္ျပဳမယ္မဟုတ္လား"

"အဲ့ေလာက္ထိလိုလို႔လား"

"သ႑ာန္လုပ္ သရုပ္တူရမယ္ေလ"

"ရပါတယ္ဗ်ာ။ ကူညီလက္စနဲ႕ကူညီရေတာ့မွာေပါ့။ ဒါနဲ႔ အဲ့ဒီအမ်ိဳးသမီးကို ဘာလို႕သေဘာမက်တာလဲ။ ရုပ္ဆိုးလို႕လား။"

"မဟုတ္ပါဘူး။ သူမက အရမ္းေခ်ာ အရမ္းလွျပီး ထက္ျမတ္တဲ႕မိန္းကေလးတစ္ေယာက္ပါ။"

"ဒါဆို ဘာလို႕လက္တြဲဖို႕မႀကိဳးစားႀကည့္ရတာလဲ။"

"မင္းမဟုတ္လို႔ ..."

"ဗ်ာ ..."

လူကိုျပဴတူးေႀကာင္ေတာင္ေလးနဲ႕ႀကည့္လာျပီး "ဗ်ာ" လို႔ေတာင္ တ လိုက္တဲ့ ေကာင္းျမတ္လြန္းရဲ႕ပံုစံေလးကို ႀကည့္ျပီး ကမၻာညိမ္း ခပ္ဟဟေလးရယ္လိုက္မိသည္။

"ဟား ... ဟား ... မလန္႔ပါနဲ႕ ကိုယ္ေျပာခ်င္တဲ့သေဘာက အိတိုေလးက မင္းကိုသေဘာက်သလိုမ်ိဳး သူမကိုသေဘာမက်ဘူးေလး"

"ေႀသာ္ ... အစ္ကိုက ဖခင္ေကာင္းပီသပါတယ္။ အိတိုေလးက ကံေကာင္းတယ္။ သူ႕ဒယ္ဒီက သူ႕အတြက္အမ်ားႀကီးစဥ္းစားေပးတယ္။"

အေမွာင္ထဲမွာေတာင္ ကမၻာညိမ္းလွမ္းျမင္ေနရတဲ့ ေကာင္းျမတ္လြန္းရဲ႕မ်က္ဝန္းေတြက သိသိသာသာရဲေနခဲ့တယ္။

ဝမ္းနည္းစိတ္ကိုျမိဳသိပ္လို႕ မငိုေအာင္းတင္းထားပံုရတဲ့ ေကာင္းျမတ္လြန္းကိုႀကည့္ျပီး စိတ္မေကာင္းျဖစ္မိေသာ္လည္း တစ္ဖက္ကလည္း ေကာင္းျမတ္လြန္းရဲ႕ ဖခင္က ဖခင္မပီသတဲ့ဖခင္တစ္ေယာက္ျဖစ္ေနလို႔ ေက်နပ္ေနမိတယ္။

အတၱစိတ္က လႊမ္းမိုးလာေလေတာ့ ကမၻာညိမ္းက ေကာင္းျမတ္လြန္းအနားမွ ဘယ္သူမွမရွိေလေကာင္းေလပဲလို႕ တိတ္တိတ္ေလးဆုေတာင္းမိတယ္။

"ေကာင္းျမတ္လြန္း ..."

"ဗ်ာ ..."

"တစ္ခါတစ္ေလ ေသြးသားေတာ္စပ္မႈထက္ ကိုယ့္ကိုတန္ဖိုးထားဂရုစိုက္ေပးတက္တဲ့သူေတြက ကိုယ္အတြက္ ပိုအေရးႀကီးျပီး ပိုတန္းဖိုးသင့္တဲ့လူေတြျဖစ္လာတက္တယ္"

ကမၻာညိမ္းအေျပာကို ေကာင္းျမတ္လြန္းက ဟန္ေဆာင္အျပံဳးယဲ့ယဲ့ေလးနဲ႔ ျပံဳးျပရင္း

" အစ္ကိုေျပာတာ မွန္ေလာက္ပါတယ္"ဟုျပန္ေျပာလာသည္။

"မအိပ္ခ်င္ေသးရင္ေတာင္ မ်က္လံုးမွိတ္ျပီးအနားယူလိုက္ေတာ့ ကားကေတာ္ေတာ္ေလးေမာင္းရဦးမွာ"

"အစ္ကိုတစ္ေယာက္တည္းကားေမာင္ေနရတာ ပ်င္းေနမွာေပါ့။ ကြ်န္ေတာ္ အေဖာ္လုပ္ျပီးစကားေျပာေပးမယ္။"

"အဲ့လိုဆိုရင္ေတာ့ ေက်းဇူးတင္တာေပါ့"

ဒါရိုက္ဘာ ဦးေလးႀကီးကိုေခၚမလာပဲ ကိုယ္တိုင္ကားေမာင္းဖို႕ဆံုးျဖတ္လိုက္တာ မွန္သြားသည္ဟု ကမၻာျငိမ္းေတြးလိုက္မိသည္။

အဲ့လိုနဲ႕ကမၻာညိမ္းနဲ႔ ေကာင္းျမတ္လြန္းတို႔ စကားစျမည္ေျပာျဖစ္ခဲ့ႀကျပီ တစ္နာရီေက်ာ္ေက်ာ္အႀကာမွာပဲ ေကာင္းျမတ္လြန္းလည္း ေလးလံလာတဲ့မ်က္ခြံေတြကို အံမတုနိုင္ေတာ့ပဲ အိပ္ေပ်ာ္သြားခဲ့ေတာ့သည္။

ကမၻာညိမ္းက ေကာင္းျမတ္လြန္းအိပ္ေပ်ာ္သြားတာနဲ႕ ကားကိုခဏရပ္ကာ ျခံဳေစာင္အပါးေလးယူျပီး အိတိုေလးကိုေကာ ေကာင္းျမတ္လြန္းကိုပါျခံဳေပးလိုက္သည္။

ထို႔ေနာက္ Good Night kiss ေလးအျဖစ္ ႏွစ္ေယာက္လံုးရဲ႕ ပါးေလးကို နမ္းလိုက္ျပီး

"အိပ္မက္မမက္ပဲ အိပ္ေရးဝေအာင္ အိပ္လိုက္ႀကပါ ကိုယ့္ကေလးေလးေတြ" လို႕ေျပာကာ ကားဆက္ေမာင္းေနေတာ့သည္။

( ဇာတ္လမ္းက အရမ္းေႏွးေနတာသိပါတယ္။ ဒါေပမယ့္ ေရးေနရင္း အဲ့လိုပဲျဖစ္ေနတာမို႕လို့ပါ။ အားလံုးပဲ Good Night par 😘။ ဒါနဲ႔ေလတစ္ခုေလာက္ request လုပ္ႀကည့္ခ်င္လို႔ပါ။ တစ္ခါမွေတာ့ G မေတာင္းဆိုဖူးပါဘူး။ ဒီလိုပါ။ တစ္ပိုင္းခ်င္းဆီမွာ vote ေပးတဲ့အေရအတြက္က မတူညီတာကို အျခား fic ေတြမွာကတည္းကသတိထားမိပါတယ္။ အဲ့တာကိုလည္း G ကသေဘာက်ပါတယ္။ တစ္ခ်ိဳ႕ အရမ္သေဘာက်တဲ့ အပိုင္းေလာက္ပဲ vote ေပးတက္ျပီး တစ္ခ်ိဳ႕ကေတာ့ သေဘာမက်တဲ့အပိုင္းေတြကို vote မေပးတာမ်ိဳးလည္း ျဖစ္ေကာင္းျဖစ္နိုင္ပါတယ္။ G ကေတာ့ vote နည္းတဲ့ အပိုင္းေတြဆို ျပန္ျပန္ဖတ္ျပီး အားနည္းခ်က္ေတြျပန္ရွာေလ့ရွိတယ္(တစ္ခါမွေတာ့ ျပန္ျပင္မေရးခဲ့ဖူူးပါဘူး စာဖတ္သူေတြစိတ္ စနိုးစေနာင့္ျဖစ္မွာဆိုးလို႔ပါ။) G အခုေတာင္ဆိုခ်င္တာက G မျမင္နိုင္တဲ့ အမွားေလးေတြ ျပစ္ခ်က္ေလးေတြ ဟို သိသိသာသာအရမ္းျဖစ္ေနတာမ်ိဳးေပါ့ အဲ့လိုေလးေတြေတြ႕ရင္ ေထာက္ျပ အႀကံေပးႀကပါလားဗ်။ G က ကြ်မ္းက်င္တဲ့ စာေရးဆရာတစ္ေယာက္မဟုတ္လို႕ အမွားမ်ားတာသိေပမယ့္ ေလ့လာရင္းပိုမိုေကာင္းမြန္ေအာင္ႀကိဳးစားေနတာျဖစ္လို႔ အခုလိုေတာင္းဆိုမိျခင္းျဖစ္ပါတယ္။ အဆံုးထိဖတ္ေပးတဲ့အတြက္ေက်းဇူးတင္ပါတယ္ဗ်😍😊။)

T.B.C🐻
11:20PM(Fri)
21.01.2021
G14


အိတို🐻11
Unicode

ကမ္ဘာညိမ်းက ယာဉ်မောင်းသူထိုင်ခုံမှာ ထိုင်ပြီးကားမောင်းနေသည်။ ကမ္ဘာညိမ်းရဲ့ဘေးခုံမှာတော့ ကောင်းမြတ်လွန်းရှိနေပြီး ကောင်းမြတ်လွန်းရင်ခွင်ထဲမှာတော့ ဝက်ဝံပေါက်လေးအိတိုရှိနေသည်။

ကားစထွက်ကတည်းက တီတီတာတာစကားတွေတောက်လျှောက်ပြောလာတဲ့ အိတိုလေးက နှစ်နာရီအကြာမှာတော့ ဗိုက်ကလေးပွတ်ပြီး ဗိုက်ဆာကြောင်းပြောလာတော့သည်။

"dad ... မာမား အိတို ဗိုက်ဆာနေတယ်"

"အိတိုလေးက စကားတွေပြောရတာများတော့ ဗိုက်တောင်ဆာလာပြီပေါ့။"

ကမ္ဘာညိမ်းက အိတိုလေးကို စပြီးတာနဲ့ ကားကိုအရှိန်လျှော့ကာရပ်လိုက်တော့သည်။

ထို့နောက် ကားနောက်ခန်းထဲက ထူးထူးစီစဉ်ပေးလိုက်တဲ့ ညစာ ထမင်းချိုင့်အိတ်လေးနဲ့ မုန့်တချို့ထည့်ထားတဲ့ အထုပ်လေးကိုယူပြီး ကောင်းမြတ်လွန်းလက်ထဲထည့်ပေးကာ

"မာမားကိုပဲ ဒုက္ခပေးပါရစေ"

"ရပါတယ်"

ကောင်းမြတ်လွန်းလည်း ထမင်းချိုင့်အိတ်လေးဖွင့်လိုက်ပြီး နှစ်ဆင့်ထပ်ထားတဲ့ဗူးလေးကိုဖွင့်ကြည့်လိုက်သည်။

တစ်ဆင့်က ရေညှိထမင်းလိပ်ဖြစ်ပြီး တစ်ဆင့်က ကြက်ဥအသားချောင်းလိပ်ဖြစ်သည်။

ကြက်ဥအသားချောင်းလိပ်ထည့်ထားတဲ့ဗူးလေးကို အိတိုလေးကိုပေးကိုင်ထားလိုက်ပြီး ကောင်းမြတ်လွန်းကတော့ ရေညှိထမင်းလိပ်ပါတဲ့ ဗူးလေးနဲ့ ညှပ်တူတစ်စုံကိုကိုင်ထားသည်။

ကမ္ဘာညိမ်ကတော့ ထိုင်ခုံမှာထိုင်ပြီး ခါးပတ်ပတ်ကာ ကားပြန်မောင်းဖို့ပြင်ဆင်နေသည်။

"ကျွန်တော့ကိုပြောတာမဟုတ်ဘူး"

ကောင်းမြတ်လွန်းက ရေညှိထမင်းလိပ်အသေးလေး တစ်ခုကိုအိတိုလေးအားခွံ့ပေးပြီး ကမ္ဘာညိမ်းကိုစကားလှမ်းပြောလိုက်သည်။

"ဘာကိုလဲ"

"စားစရာတွေက နောက်ခန်းမှာဆိုတာကိုလေ ကျွန်တော်လှမ်းယူပေးမှာပေါ့ အဲ့ဒါဆို အစ်ကိုမပင်ပန်းတော့ဘူး"

"ကိုယ့်အတွက်အပန်းမကြီးပါဘူး။ မင်းနောက်ပြန်လှည့်ယူနေရင် မတော်တဆခိုက်မိတာမျိုးဖြစ်သွားမှာဆိုလို့ တမင်မယူခိုင်းတာ"

"ကျွန်တော်ယောက်ျားလေးပါဗျ အဲ့လောက်လည်းမနုပါဘူး"

အိတိုလေးက သူ့ကိုခွံ့ပေးလာတဲ့ ထမင်းလိပ်လေးကို မစားပဲကောင်းမြတ်လွန်းပါးစပ်ထဲပြန်ခွံပေးလာတာကြောင့် ကောင်းမြတ်လွန်းတစ်ယောက် ထမင်းလိပ်ကို တမြုံ့မြုံ့ဝါးရင်း ကြက်ဥလိပ်လေးတစ်လိပ်ယူပြီး အိတိုလေးကိုပြန်ခွံ့ပေးလိုက်သည်။

"စားလို့အဆင်ပြေကြရဲ့လား"

"ပြေပါတယ်"

"မာမား ... dad ကိုလည်းခွံ့ပေးလိုက်ဦးလေ dad လည်းဗိုက်ဆာနေမှာပေါ့"

"ဟုတ်သားပဲ အစ်ကိုကောစားချင်လား"

"မင်းခွံ့ကျွေးမယ်ဆိုရင်ပေါ့"

ကမ္ဘာညိမ်းက ကားကိုဂရုတစိုက်မောင်းနေရင်းနဲ့မှ ကောင်းမြတ်လွန်းကို တစ်ချက်ငဲ့ကြည့်ကာ ပြုံးပြီးပြောလာသည်။

"အစ်ကို့လက်မှမအားတာ ကျွန်တော်ပဲခွံ့ကျွေးရမှာပေါ့"

ကောင်းမြတ်လွန်းသည် ထမင်းလိပ်တစ်လိပ်ကို တူနဲ့ညှပ်ပြီး ကမ္ဘာညိမ်းကိုခွံ့ကျွေးလိုက်သည်။

"ကောင်းလား အစ်ကို"

"ထမင်းလိပ်ကတော့ ပုံမှန်ပါပဲ"

"မာမားခွံ့ကျွေးလို့ပိုကောင်းတာမဟုတ်လား dad ... "

ဆီပေနေတဲ့ နှုတ်ခမ်းဝင်းဝင်းလေးတွေနဲ့ ဝင်ပြောလာတဲ့ အိတိုလေးစကားကြောင့် ကမ္ဘာညိမ်းသဘောကျကာ

"ဟုတ်ပါတယ်ဗျာ"

"ဟီး ... အိတိုလေးသိတာပေါ့။ မာမားသိလား။ dad က ပြောတယ်။ ချစ်တဲ့သူကျွေးတဲ့အစားအစာက ပိုစားလို့ကောင်းတယ်တဲ့။ အဲ့တာကြောင့် တီတီထူးထူးလုပ်ပေးတဲ့မုန့်တွေကလေ ဒီတိုင်းစားရင် သိပ်မကောင်းဘူး dad နဲ့ မာမားခွံ့ကျွေးတော့မှ ပိုစားလို့ကောင်းသွားတာ"

တကယ်ကိုပဲ ကောင်းမြတ်လွန်းနဲ့တွေ့ပြီးနောက်ပိုင်းကတည်းက အိတိုလေးက သိသိသာသာသွက်လက်လာပြီး စကားတွေလည်းအများကြီးပြောတက်လာသည်။

တစ်ခါတစ်လေများဆို သီချင်းလေးတောင် အော်ညည်းတက်သေးသည်။

ကမ္ဘာညိမ်းမှာ အိတိုလေးကို အဲ့လိုပုံစံနဲ့မြင်ရလေ အိတိုလေးရဲ့မာမားဖြစ်လာမယ့်သူကို လက်မလွတ်နိုင်လေဖြစ်လာရသည်။

ကမ္ဘာညိမ်းက စိတ်ကူးထဲမှာတွေးနေတုန်း ကောင်းမြတ်လွန်းက အိတိုလေးရဲ့ ပေနေတဲ့နှုတ်ခမ်းတွေကို တစ်ရှူးနဲ့သုတ်ပေးရင်း

"အိတိုလေးတောင် စကားကို သေချာစီကာပတ်ကုံးပြောတက်လာပြီးပဲ" ဟုပြောလာသည်။

" ကိုယ့်ကိုကော ..."

အစမရှိမဆုံးမရှိပြောလာတဲ့ စကားကြောင့် ကောင်းမြတ်လွန်းတစ်ယောက် ကမ္ဘာညိမ်းမျက်နှာကို ကြောင်ကြည့်နေမိသည်။

ကမ္ဘာညိမ်းက ရုတ်တရက် မျက်နှာကို ကောင်းမြတ်လွန်းဘက်တိုးပေးလာသည်။ ထို့နောက် မျက်လုံးတွေကိုတော့ ကားမောင်းတဲ့နေရာမှာအာရုံစိုက်ထားပြီး နှုတ်ခမ်းကိုစူကာ

"သုတ်ပေးဦးလေ"

အခုမှပဲ ကောင်းမြတ်လွန်းတစ်ယောက် ကမ္ဘာညိမ်းရဲ့ဆိုလိုရင်းကိုသဘောပေါက်သွားပြီး တစ်ရှူးယူကာ နှုတ်ခမ်းကို သုတ်ပေးတော့သည်။

အဲ့လိုနဲ့ စားသောက်ပြီးတဲ့နောက် ဗိုက်ကားသွားပြီးဖြစ်တဲ့ အိတိုလေးက ကောင်းမြတ်လွန်းကိုယ်ပေါ်မှာ မှီထားရင်းအိပ်ပျော်သွားတော့သည်။

ကောင်းမြတ်လွန်းက အိပ်ပျော်နေတဲ့ အိတိုလေးကို သက်သောင့်သက်သာဖြစ်အောင် သေချာပွေ့ဖက်ထားပေးသည်။

အဲ့ဒီပုံစံလေးကို မြင်လိုက်ရတော့ ကမ္ဘာညိမ်းရဲ့ မျက်ဝန်းထဲမှာ ကြည်နူးရိပ်လေးများနဲ့ ပြည့်နှက်လာတော့သည်။

ဂျင်းဘောင်ဘီတို အဖြူရောင်လေးဝတ်ထားတဲ့ ကောင်းမြတ်လွန်းကိုကြည့်ပြီး

"ဘောင်ဘီတိုနဲ့အဆင်ပြေရဲ့လား။ ခြေထောက်တွေအေးလာရင် ကိုယ့်ကိုပြော။"

"ပြေပါတယ် ... မအေးဘူး... "

"အင်း ... ပေါက်တောသွားချင်လည်း ကိုယ်ကိုပြောနော် အားမနာနဲ့"

"ဟုတ် ... ပြောပါမယ်"

"အိပ်ချင်ရင်အိပ်လေ မီးမှိတ်ပေးမယ်"

"ရတယ် ကျွန်တော်မအိပ်ချင်သေးဘူး။ ဒါပေမယ့် မီးတော့မှိတ်ရင်မှိတ်လိုက်ပါ အိတိုလေးမျက်စိစူးနေမှာဆိုးလို့ "

"အင်း ......"

ကမ္ဘာညိမ်းလည်း ကောင်းမြတ်လွန်းပြောတဲ့အတိုင်း ကားအတွင်းထဲက မီးကိုမှိတ်လိုက်တော့သည်။

"ဟိုတယ်က အသစ်ဖွင့်တာလား"

"မဟုတ်ဘူး။ ဖွင့်တာက တစ်နှစ်လောက်ရှိပြီ။ အခုက တိုးချဲ့ဆောင်သစ်ထပ်ဆောက်တာ Garden view မှာကိုမှ ဇိမ်ခံ အခန်းကျယ်ကြီးတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ အလွှာငါးလွှာပါတဲ့ တိုချဲ့ဆောင်အသစ်ကြီးပေါ့ အဲ့တာအတွက် ဖွင့်ပွဲထပ်လုပ်မှာ"

"ကျွန်တော်တို့တည်းရင် အဲ့မှာတည်းရမှာလား"

"အင်း ဟုတ်တယ်။ အပေါ်ဆုံးလွှာမှာတည်းဖြစ်မယ်။ အဲ့နေရာက ပင်လယ်ရှုခင်းကြည့်လို့သိပ်ကောင်းတယ်။ ပြီးတော့ အဲ့အလွှာမှာပဲ ရေကူးကန်နဲ့ ဘားတစ်ခုလည်းရှိတယ်လေ"

"ဒါဆိုရင်တော့ ဧည့်သည်တွေ အတော်သဘောကျနေမှာပဲ။ အစ်ကိုက အဲ့ဟိုတယ်မှာ ရှယ်ယာပါတယ်ဆိုတော့ ကျွန်တော်ထင်တယ် အစ်ကို့စီပွားရေးက အတော်လေး ကောင်းလာမှာ"

"ကိုယ်က မိတ်ဖြစ်ဆွေဖြစ်နဲ့ နှစ်ဆယ့်ငါးရာခိုင်နှုန်းပဲရှယ်ယာဝင်ထားတာပါ"

"ဘာပဲဖြစ်ဖြစ် တကယ်ကောင်းတဲ့အလုပ်ပဲမဟုတ်လား။ ကျွန်တော့လိုလူမျိုးဆို တစ်ရာခိုင်နှုန်းတောင်ပါဝင်နိုင်မှာမဟုတ်ဘူး။"

"ကောင်းမြတ်လွန်းကြည့်ရတာ စီးပွားရေးလုပ်ငန်းတွေကိုတော့ စိတ်ဝင်စားပုံပဲ။ မင်းသာ လိုချင်တယ်ဆို ကိုယ်ပိုင်တဲ့ ရှယ်ယာတွေအကုန် မင်းကို ပေးလိုက်လို့ရတယ် ဘယ်လိုလဲ ယူချင်လား။"

"မယူချင်ပါဘူးဗျာ။ အလကားရတာတွေ မကြိုက်ဘူးဗျ။ အစ်ကိုကတော့ ပိုက်ဆံပေါတိုင်း ရက်ရောနေတော့တာပဲ။"

"လူတိုင်အပေါ်တော့ မရက်ရောတက်ပါဘူးကွာ"

"ဒါနဲ့ ဟိုအမျိုးသမီးက ကျွန်တော်တို့ကိုလွယ်လွယ်နဲ့ယုံပါ့မလား။"

"ယုံမှာပါ။ ဘာလို့ဆို ကိုယ်တို့နှစ်ယောက်က မထင်မှတ်ထားရလောက်အောင်ကို လိုက်ဖက်နေတာကို မြင်ရမှာဖြစ်လို့ပဲ။ သြော် ... ဟိုတယ်မရောက်ခင်တော့ မင်းအဝတ်အစားလဲဖို့လိုလိမ့်မယ်။ ပြီးတော့ အဲ့ကိုရောက်တာနဲ့ ကိုယ်မင်းကို "ချစ်" လို့ပဲခေါ်တော့မယ် ခွင့်ပြုမယ်မဟုတ်လား"

"အဲ့လောက်ထိလိုလို့လား"

"သဏ္ဍာန်လုပ် သရုပ်တူရမယ်လေ"

"ရပါတယ်ဗျာ။ ကူညီလက်စနဲ့ကူညီရတော့မှာပေါ့။ ဒါနဲ့ အဲ့ဒီအမျိုးသမီးကို ဘာလို့သဘောမကျတာလဲ။ ရုပ်ဆိုးလို့လား။"

"မဟုတ်ပါဘူး။ သူမက အရမ်းချော အရမ်းလှပြီး ထက်မြတ်တဲ့မိန်းကလေးတစ်ယောက်ပါ။"

"ဒါဆို ဘာလို့လက်တွဲဖို့မကြိုးစားကြည့်ရတာလဲ။"

"မင်းမဟုတ်လို့ ..."

"ဗျာ ..."

လူကိုပြူတူးကြောင်တောင်လေးနဲ့ကြည့်လာပြီး "ဗျာ" လို့တောင် တ လိုက်တဲ့ ကောင်းမြတ်လွန်းရဲ့ပုံစံလေးကို ကြည့်ပြီး ကမ္ဘာညိမ်း ခပ်ဟဟလေးရယ်လိုက်မိသည်။

"ဟား ... ဟား ... မလန့်ပါနဲ့ ကိုယ်ပြောချင်တဲ့သဘောက အိတိုလေးက မင်းကိုသဘောကျသလိုမျိုး သူမကိုသဘောမကျဘူးလေး"

"သြော် ... အစ်ကိုက ဖခင်ကောင်းပီသပါတယ်။ အိတိုလေးက ကံကောင်းတယ်။ သူ့ဒယ်ဒီက သူ့အတွက်အများကြီးစဉ်းစားပေးတယ်။"

အမှောင်ထဲမှာတောင် ကမ္ဘာညိမ်းလှမ်းမြင်နေရတဲ့ ကောင်းမြတ်လွန်းရဲ့မျက်ဝန်းတွေက သိသိသာသာရဲနေခဲ့တယ်။

ဝမ်းနည်းစိတ်ကိုမြိုသိပ်လို့ မငိုအောင်းတင်းထားပုံရတဲ့ ကောင်းမြတ်လွန်းကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိသော်လည်း တစ်ဖက်ကလည်း ကောင်းမြတ်လွန်းရဲ့ ဖခင်က ဖခင်မပီသတဲ့ဖခင်တစ်ယောက်ဖြစ်နေလို့ ကျေနပ်နေမိတယ်။

အတ္တစိတ်က လွှမ်းမိုးလာလေတော့ ကမ္ဘာညိမ်းက ကောင်းမြတ်လွန်းအနားမှ ဘယ်သူမှမရှိလေကောင်းလေပဲလို့ တိတ်တိတ်လေးဆုတောင်းမိတယ်။

"ကောင်းမြတ်လွန်း ..."

"ဗျာ ..."

"တစ်ခါတစ်လေ သွေးသားတော်စပ်မှုထက် ကိုယ့်ကိုတန်ဖိုးထားဂရုစိုက်ပေးတက်တဲ့သူတွေက ကိုယ်အတွက် ပိုအရေးကြီးပြီး ပိုတန်းဖိုးသင့်တဲ့လူတွေဖြစ်လာတက်တယ်"

ကမ္ဘာညိမ်းအပြောကို ကောင်းမြတ်လွန်းက ဟန်ဆောင်အပြုံးယဲ့ယဲ့လေးနဲ့ ပြုံးပြရင်း

" အစ်ကိုပြောတာ မှန်လောက်ပါတယ်"ဟုပြန်ပြောလာသည်။

"မအိပ်ချင်သေးရင်တောင် မျက်လုံးမှိတ်ပြီးအနားယူလိုက်တော့ ကားကတော်တော်လေးမောင်းရဦးမှာ"

"အစ်ကိုတစ်ယောက်တည်းကားမောင်နေရတာ ပျင်းနေမှာပေါ့။ ကျွန်တော် အဖော်လုပ်ပြီးစကားပြောပေးမယ်။"

"အဲ့လိုဆိုရင်တော့ ကျေးဇူးတင်တာပေါ့"

ဒါရိုက်ဘာ ဦးလေးကြီးကိုခေါ်မလာပဲ ကိုယ်တိုင်ကားမောင်းဖို့ဆုံးဖြတ်လိုက်တာ မှန်သွားသည်ဟု ကမ္ဘာငြိမ်းတွေးလိုက်မိသည်။

အဲ့လိုနဲ့ကမ္ဘာညိမ်းနဲ့ ကောင်းမြတ်လွန်းတို့ စကားစမြည်ပြောဖြစ်ခဲ့ကြပြီ တစ်နာရီကျော်ကျော်အကြာမှာပဲ ကောင်းမြတ်လွန်းလည်း လေးလံလာတဲ့မျက်ခွံတွေကို အံမတုနိုင်တော့ပဲ အိပ်ပျော်သွားခဲ့တော့သည်။

ကမ္ဘာညိမ်းက ကောင်းမြတ်လွန်းအိပ်ပျော်သွားတာနဲ့ ကားကိုခဏရပ်ကာ ခြုံစောင်အပါးလေးယူပြီး အိတိုလေးကိုကော ကောင်းမြတ်လွန်းကိုပါခြုံပေးလိုက်သည်။

ထို့နောက် Good Night kiss လေးအဖြစ် နှစ်ယောက်လုံးရဲ့ ပါးလေးကို နမ်းလိုက်ပြီး

"အိပ်မက်မမက်ပဲ အိပ်ရေးဝအောင် အိပ်လိုက်ကြပါ ကိုယ့်ကလေးလေးတွေ" လို့ပြောကာ ကားဆက်မောင်းနေတော့သည်။

( ဇာတ်လမ်းက အရမ်းနှေးနေတာသိပါတယ်။ ဒါပေမယ့် ရေးနေရင်း အဲ့လိုပဲဖြစ်နေတာမို့လို့ပါ။ အားလုံးပဲ Good Night par 😘။ ဒါနဲ့လေတစ်ခုလောက် request လုပ်ကြည့်ချင်လို့ပါ။ တစ်ခါမှတော့ G မတောင်းဆိုဖူးပါဘူး။ ဒီလိုပါ။ တစ်ပိုင်းချင်းဆီမှာ vote ပေးတဲ့အရေအတွက်က မတူညီတာကို အခြား fic တွေမှာကတည်းကသတိထားမိပါတယ်။ အဲ့တာကိုလည်း G ကသဘောကျပါတယ်။ တစ်ချို့ အရမ်သဘောကျတဲ့ အပိုင်းလောက်ပဲ vote ပေးတက်ပြီး တစ်ချို့ကတော့ သဘောမကျတဲ့အပိုင်းတွေကို vote မပေးတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ G ကတော့ vote နည်းတဲ့ အပိုင်းတွေဆို ပြန်ပြန်ဖတ်ပြီး အားနည်းချက်တွေပြန်ရှာလေ့ရှိတယ်(တစ်ခါမှတော့ ပြန်ပြင်မရေးခဲ့ဖူးပါဘူး စာဖတ်သူတွေစိတ် စနိုးစနောင့်ဖြစ်မှာဆိုးလို့ပါ။) G အခုတောင်ဆိုချင်တာက G မမြင်နိုင်တဲ့ အမှားလေးတွေ ပြစ်ချက်လေးတွေ ဟို သိသိသာသာအရမ်းဖြစ်နေတာမျိုးပေါ့ အဲ့လိုလေးတွေတွေ့ရင် ထောက်ပြ အကြံပေးကြပါလားဗျ။ G က ကျွမ်းကျင်တဲ့ စာရေးဆရာတစ်ယောက်မဟုတ်လို့ အမှားများတာသိပေမယ့် လေ့လာရင်းပိုမိုကောင်းမွန်အောင်ကြိုးစားနေတာဖြစ်လို့ အခုလိုတောင်းဆိုမိခြင်းဖြစ်ပါတယ်။ အဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျ😍😊။)

T.B.C🐻
11:20PM(Fri)
21.01.2021
G14
















© G Fourteen,
книга «အိတိုေလးရဲ႕မာမား အိတိုလေးရဲ့မာမား».
အိတို (၁၂)
Коментарі