အိတို
အိတို (၀၁)
အိတို (၀၂)
အိတို (၀၃)
အိတို (၀၄)
အိတို (၀၅)
အိတို (၀၆)
အိတို (၀၇)
အိတို (၀၈)
အိတို (၀၉)
အိတို (၁၀)
အိတို (၁၁)
အိတို (၁၂)
အိတို (၁၃)
အိတို (၁၄)
အိတို (၁၅)
အိတို (၁၆)
အိတို (၁၇)
အိတို (၁၈)
အိတို (၁၉)
အိတို (၂၀)
အိတို (၂၁)
အိတို (၂၂)
အိတို (၂၃)
အိတို (၂၄)
အိတို (၂၅)
အိတို (၂၆)
အိတို (၂၇)
အိတို (၂၈)
အိတို (၂၉)
အိတို (၃၀)
အိတို (၃၁)
အိတို (ဇာတ္သိမ္း)
အိတို (၂၀)
အိတိုေလးရဲ႕မာမား🐻အခန္း(၂၀)
Zawgyi

"ေနာက္ဆံုးေတာ့ သူထြက္သြားေတာ့မွာပဲ"

ကမၻာညိမ္းက အထပ္ျမင့္တိုက္ေပၚကတစ္ဆင့္ ျမင္ေနရတဲ့ ေရႊတိဂံုဘုရားကို ေငးႀကည့္ရင္းေျပာလိုက္သည္။

အတြင္းေရးမွဴးက သူ႕ရဲ႕ ဥကၠဌႀကီး စိတ္ပ်က္သြားျပီဟုထင္ျပီး

"ကြ်န္ေတာ္ ဘယ္လိုလုပ္ေပးရမလဲ ခိုင္းသာခိုင္းပါ" ဟု ျပာျပာသလဲေျပာေတာ့သည္။

ကမၻာညိမ္းက ေက်ာေပးထားမိတဲ့ သူ႔ရဲ႕အတြင္းေရမွဴးဘက္သို႕လွည့္ျပီး ျပံဳးျပလိုက္သည္။

"ေနပါေစ အရမ္းသိသာသြားလိမ့္မယ္ ေနာက္မွ အေႀကာင္းတစ္ခုခုျပျပီးျပန္ေခၚတာေပါ့"

"ေကာင္းျမတ္လြန္းက ေတာ္ေတာ္ေလးေခါင္းမာတယ္။ တကယ္ဆို သူ႕ေရွ႕မွာ အခြင့္ေရးေကာင္းေတြရွိေနတာကို ဘာလို႔မ်ား ဥကၠဌရဲ႕ကမ္းလွမ္းခ်က္ကိုလက္မခံရတာလဲမသိဘူး"

မေက်မနပ္ေျပာလာတဲ့ အတြင္းေရးမွဴးက ေကာင္းျမတ္လြန္းအေပၚ မေကာင္းျမင္စိတ္မရွိမွန္းသိတာေႀကာင့္ ကမၻာညိမ္းက ေအးေအးေဆးေဆးပဲ  ျပန္ရွင္းျပမိတယ္။

"ေကာင္းျမတ္လြန္းျဖစ္ေနလို႕ေပါ့။ သူက သူရဲ႕အခ်ိန္နဲ႕လြတ္လပ္မႈကို ေငြနဲ႕လဲလွယ္ပစ္မွာမဟုတ္ဘူး။ သူက ထင္ထားတာထက္ပိုျပီး အထင္ႀကီးဖို႕ေကာင္းတယ္။"

"ဥကၠဌက လက္မခံမွန္း သိရဲ႕သားနဲ႕ကမ္းလွမ္းခဲ့တာလား"

တအံ့တႀသေမးလာတဲ့အတြင္းေရးမွဴးက မ်က္လံုးေလးကို ဝိုင္းလို႔။

"ပိုေသခ်ာေအာင္အတည္ျပဳခ်င္လို႕စမ္းသပ္လိုက္တာ။ မေတာ္တဆ သူသာ ကမ္းလွမ္းခ်က္ကိုလက္ခံလိုက္ရင္ စဥ္းစားစရာေတြထပ္မ်ားလာေတာ့မွာ အခုေတာ့ စဥ္းစားစရာမလိုေတာ့ဘူး။"

"ဒါဆို …"

ကမၻာညိမ္းက သိလိုစိတ္ျပင္းျပစြာနဲ႔ စကားေထာက္ေပးလာတဲ့ အတြင္းေရးမွဴးကို မာန္ပါပါနဲ႔ ႏႈတ္ခမ္းစြန္းအနားတစ္ဖက္ေကာ့တက္သြားေအာင္ျပံဳးျပီး ျပန္ေျဖလိုက္သည္။

"တရားဝင္ဖြင့္ေျပာျပီး အပိုင္သိမ္းရမွာေပါ့"

ဥကၠဌႀကီးရဲ႕အေျဖက အားရေက်နပ္စရာေကာင္းလြန္းေနသည္။

အဲ့တာေႀကာင့္လည္း အတြင္းေရးမွဴးက

"ေကာင္းတယ္ အားေပးတယ္ ကြ်န္ေတာ္ကေတာ့ အျမဲတမ္း ဥကၠဌဘက္ကပဲ။ အေျခအေနေတြအျမန္ဆံုးတိုးတက္ဖို႔ဆုေတာင္းေပးေနပါမယ္။" ဟု ဝမ္းသာအားရနဲ႔ အပီအျပင္ေထာက္ခံေပးလာေတာ့သည္။

"ေက်းဇူးပါဗ်ာ"

"ဒါဆို ကြ်န္ေတာ့ကိုသြားခြင့္ျပဳပါအံုး"

အလာတုန္းကနဲ႔မတူပဲ တက္ႀကြစြာနဲ႔ အလုပ္ေတြျပန္လုပ္ဖို႔ထြက္သြားတဲ့ အတြင္းေရးမွဴးက တံခါးလက္ကိုင္ဘုကိုကိုင္ျပီး တံခါးဖြင့္လိုက္တဲ့အခ်ိန္မွာပဲ ခပ္ေခ်ာေခ်ာအမ်ိဳးသမီးတစ္ေယာက္ျပံဳးျပႏႈတ္ဆက္ေနတာကိုေတြကိုေတြ႕လိုက္ရသည္။

"ဟယ္လို မဂၤလာပါ"

"ဟုတ္ … ဟုတ္ကဲ့ … ဟယ္ … အယ္ … မဂၤလာပါ"

အေယာင္ေယာင္အမွားမွားနဲ႕ ျပန္ႏႈတ္ဆက္လာတဲ့ အတြင္းေရးမွဴးလူပ်ိဳႀကီးကိုႀကည့္ျပီး အဆိုပါ ခပ္ေခ်ာေခ်ာအမ်ိဳးသမီးက ခပ္ဟဟေလးရယ္သည္။

"ဘယ္မွာလဲ ပါပါမန္း"

"ဗ်ာ …"

"မမ မေနာက္ေနနဲ႕ ဝင္စရာရွိဝင္လာခဲ့"

ကမၻာညိမ္း ႀကားထဲကျဖတ္ေျပာမွ အခန္းထဲသို႕တည့္တည့္မတ္မတ္ဝင္လာေတာ့သည္။

အမ်ိဳးသမီးမွာကာ အျခားသူမဟုတ္ ကမၻာညိမ္းရဲ႕ အစ္မတစ္ဝမ္းကြဲသာျဖစ္သည္။ သူမနာမည္က ေႏြလင္းျဖဴ။

"ပါပါမန္း"

စူပါမန္းကို မပီမသနဲ႔ ပါပါမန္းလို႔ေအာ္ေအာ္ျပီး ကစားတက္တဲ့ ေမာင္တစ္ဝမ္းကြဲေလးကို စခ်င္၍တမင္ေခၚလိုက္ျခင္းျဖစ္သည္။

"အဲ့လိုႀကီးမေခၚပါနဲ႔ဗ်ာ လာရင္းကိစၥက"

"ဟိုေကာင္ေလးနဲ႔ေတြ႔ခ်င္လို႕ မိတ္ဆက္ေပးစမ္းပါ ျပီးေတာ့ ဝအိတိုေလးေကာ"

ကမၻာညိမ္းရဲ႕ မ်က္ခံုးႏွစ္ဖက္လံုး ပင့္တက္သြားသည္။

ဒီအစ္မက သူနဲ႔ပတ္သတ္ရင္အကုန္သိေနေတာ့တာပဲ။ အဲ့တာကလည္း ထူးဆန္းသည္ေတာ့မဟုတ္။ ျမန္မာေသြးတစ္ဝက္ ဂ်ပန္ေသြးတစ္ဝက္ေရာတဲ့ သူ႕ကို ဂရုစိုက္တဲ့သူက ဒီအစ္မတစ္ေယာက္သာရွိသည္။ ေသခ်ာေပါက္ မိုးငယ္ရဲ႕ သတင္းေပးပို႕မႈေတြေႀကာင့္လည္းပါတာေပါ။

"ဒါလည္းသိေနတာပဲလား။ အိတိုေလးကအိပ္ေပ်ာ္ေနတယ္။"

"ဒါဆို အိတိုေလးအိပ္ေနတာကို  မေႏွာက္ယွက္ေတာ့ဘူး။ ပါပါမန္းရဲ႕ ဟန္ေဆာင္သတို႕သမီးေလးနဲ႔ပဲမိတ္ဆက္ေပးေတာ့။"

"ဘာလို႕ ဂ်ပန္ကိုသတင္းမပို႕တာလဲ။"

ကမၻာညိမ္းက စကားလမ္းေႀကာင္းလြဲလိုက္သည္။

"ပို႔စရာလား။ ငါအေဒၚနဲ႕ ငါ့ဦးေလးက ဂ်ပန္နိုင္ငံကိုပဲခ်စ္ျပီး သူတို႕သားႀကီးေတြေလာက္ပဲအသက္ရွိတယ္ထင္ႀကတာ။ ျမန္မာျပည္ကိုခ်စ္တဲ့မင္းကိုေတာ့ သူတို႕က ဂရုစိုက္ဖို႕မစဥ္းစားပဲ ခ်ဳပ္ျခယ္ဖို႕ပဲႀကိဳးစားေနႀကတာ။"

ေႏြးလင္းျဖဴက ေျပာေနရင္း ေဒါသထြက္လာဟန္ရွိသည္။

"စိတ္ေလ်ွာ့ပါ။ ဘာပဲျဖစ္ျဖစ္ မမကေတာ့  ကြ်န္ေတာ့ဘက္ကမဟုတ္လား။"

"ေသခ်ာတာေပါ့။ ဒီအစ္မက ငါ့ေမာင္ေလးပါပါမန္းဘက္ကပဲ။ ဒါေပမဲ့ သူတို႔က ငါ့ေမာင္ေလးကို အေမြျဖတ္ဖို႔စီစဥ္ေနႀကျပီ။"

"ကြ်န္ေတာ္ကလဲ အဲ့တာကိုပဲေမ်ွာ္လင့္ေနတာ။ သူတို႔လည္း သူတို႔ေပ်ာ္တဲ့ေနရာမွာ ေပ်ာ္သလိုေနေနႀကသလို ကြ်န္ေတာ္လည္း ကြ်န္ေတာ္ေပ်ာ္တဲ့အရပ္မွာပဲ ေနာက္စံမတင္းပဲေနခဲ့ခ်င္တယ္။ သူတို႕ပိုင္ဆိုင္မႈေတြကိုလည္း ကြ်န္ေတာ္စိတ္မဝင္စားဘူး မက္လည္းမမက္ဘူး။"

"ေတာ္ေသးတာေပါ့ အစ္မက ေမာင္ေလးစိတ္မေကာင္းျဖစ္မွာစိုးရိမ္ေနတာ။"

"မျဖစ္ပါဘူး။ ကြ်န္ေတာ္နဲ႔ သူတို႔နဲ႔ဆက္ဆံေရးက ေအးခဲသြားတာႀကာခဲ့ျပီ။ ဘယ္အခ်ိန္ကစခဲ့တာလဲဆိုတာေတာင္မသိေတာ့ဘူး။ အစ္ကိုႀကီးက ဂ်ပန္ကအမ်ိဳးသမီးတစ္ေယာက္နဲ႕လက္ထပ္ျပီး အေဖနဲ႕အေမကိုပါ ဂ်ပန္မွာအေျခခ်ဖို႔ စည္းရံုးတဲ့အခ်ိန္ကလား။ ဒါမွမဟုတ္ အိတိုေလးကို ခြင့္ျပဳခ်က္မရပဲ ေမြးစားလိုက္တဲ့အခ်ိန္ကလား။ ဒါမွမဟုတ္ သူတို႔အားလံုး ဂ်ပန္ကိုအျပီးေျပာင္းသြားတဲ့အခ်ိန္တုန္းက ေပကပ္ျပီး ျမန္မာနိုင္ငံမွာက်န္ေနခဲ့တုန္းကလား။ ဒါမွမဟုတ္ စီးပြာေရးအရ ေစ့စပ္ေႀကာင္းလမ္းေပးခဲ့တဲ့ ေစ့စပ္ပြဲကိုျငင္းဆိုခဲ့တုန္းကလား။ ဒါမွမဟုတ္ ဘယ္တုန္းကမွ မေႏြးေထြးခဲ့တာမ်ားလား။ ကြ်န္ေတာ္ေသခ်ာမသိဘူး မမ။"

"အဲ့တာေတြးမေနနဲ႔ေတာ့။ အဓိကက ပါပါမန္းေလး လြတ္လြတ္လပ္လပ္နဲ႕ေပ်ာ္ရႊင္ေနဖို႕ပဲ။ က်န္တာအေရးမႀကီးပါဘူး။ ဒါနဲ႕ ဟိုေကာင္ေလးကိုေတြ႔ခ်င္ေနျပီ ဘယ္မွာလဲ"

မ်က္ဝန္းေတာက္ေတာက္ေလးေတြနဲ႔ေမးလာတဲ့ အစ္မျဖစ္သူကိုႀကည့္ရင္း မနိုင္ဘူးဆိုတဲ့ပံုစံျဖင့္ ကမၻာညိမ္း ေခါင္းခါမိလိုက္သည္။

"သူ႔ရံုးခန္းထဲမွာ အလုပ္လုပ္ေနတယ္။"

"ဟင္း … ေတြ႕ခ်င္ပါတယ္ဆိုမွပဲ။ ထားလိုက္ပါေတာ့ ပိတ္ရက္မွပဲ လာေတြ႔ေတာ့မယ္။ ဝအိတိုေလးေကာ ေတာ္ေတာ္ေတာင္ ထြားေနေလာက္ေကာေပါ့ ငါလည္း ကခ်င္ျပည္နယ္မွာ လပိုင္းေလာက္ပဲႀကာမယ္ထင္တာ တစ္ႏွစ္နီးပါးျဖစ္သြားတယ္။"

"အိတိုေလးက ထြားလာတယ္။ အရပ္လည္းရွည္လာတယ။္ စကားလည္းေတာ္ေတာ္ေျပာတက္ေနျပီ။"

အိတိုေလးအေႀကာင္းေျပာမွ ျပံဳးလာေတာ့တဲ့ကမၻာညိမ္းကိုႀကည့္ျပီး ေႏြးလင္းျဖဴပါျပံဳးလိုက္မိသည္။

ထို႔ေနာက္  ေႏြးလင္းျဖဴတစ္ေယာက္ အတိတ္ကအေႀကာင္းအရာတခ်ိဳ႕ကို ျပန္လည္သတိရမိသြားသည္။

အသက္၂၄ႏွစ္မွာ ကေလးတစ္ေယာက္ကိုေမြးစားမယ္လို႕ေျပာလာတဲ့ ကမၻာညိမ္းေႀကာင့္ ေဆြမ်ိဳးအားလံုး မ်က္ကလဲဆန္ပ်ာ ျဖစ္ခဲ့ႀကရသည္။

အစက ကေလးကို မိန္းကေလးတစ္ေယာက္နဲ႔မွားယြင္းျပီးရလာတယ္ဟုထင္ခဲ့ႀကေသာ္လည္း အမွန္တကယ္မွာေတာ့ အဲ့လိုမဟုတ္ခဲ့။

ကမၻာညိမ္း၏ အခ်စ္ဆံုးသူငယ္ခ်င္းႏွစ္ေယာက္ျဖစ္တဲ့ ေဒဇီေမာင္နဲ႕အံဖြယ္ထူးတို႔က ခ်စ္သူကိုယ္စီရွိေနႀကပါရက္နဲ႕ မွားယြင္းပတ္သတ္မိခဲ့ႀကသည္။

အဲ့ဒီအက်ိဳးဆက္အေနနဲ႕ ကမၻာညိမ္းရဲ႕ သူငယ္ခ်င္းမေလး ေဒဇီေမာင္မွာ ကိုယ္ဝန္ရွိလာခဲ့ေတာ့သည္။

ကမၻာညိမ္းရဲ႕ သူငယ္ခ်င္းေဒဇီေမာင္ နဲ႕ အံ့ဖြယ္ထူးတို႕က ႏွစ္ဦးသေဘာတူ ကေလးကို ဖ်က္ခ်ပစ္ဖို႔စီစဥ္ခဲ့ႀကသည္။

အဲ့တာကလည္း ကေလးရုပ္လံုးေတာင္ေပၚလာျပီး မဖံုးမဖိနိုင္ေတာ့တဲ့ အခ်ိန္ေရာက္မွျဖစ္သည္။

မိုက္မဲလြန္းတဲ့ သူငယ္ခ်င္းႏွစ္ေယာက္ကို စိတ္တိုမိေပမယ့္ လူေလာကထဲဝင္ေရာက္လာဖို႕ႀကိဳးစားေနတဲ့ ကေလးငယ္ေလးကို သနားမိတဲ့ကမၻာညိမ္းက  ကေလးကို သူပဲ တာဝန္ယူေမြးပါ့မယ္လို႔ အတင္းေဖ်ာင္းဖ်ျပီး အိတိုေလးကို မရမကေမြးဖြားေစခဲ့ျခင္းျဖစ္သည္။

ကေလးေမြးဖြားျပီးခ်ိန္မွာေတာ့ ကမၻာညိမ္းက သူ႕မိသားစုတစ္စုလံုးနဲ႔ အတိုက္အခံလုပ္ကာ ကေလးကို သူ႕ကေလးအျဖစ္ တရားဝင္စာခ်ဳပ္စာတမ္းနဲ႔တကြ ေမြးစားခဲ့သည္။

"မမ … ဘာေတြေတြးေနလို႔ ငိုင္သြားရတာလဲ"

"အိတိုေလးနဲ႕ပတ္သတ္ျပီး မင္းခက္ခဲခဲ့ရတဲ့အခ်ိန္ေတြ ျပန္သတိရသြားလို႔ပါ။"

"အဲ့တုန္းက မမက ကြ်န္ေတာ့ကို အမ်ားႀကီးကူညီေပးခဲ့တာ။ ကြ်န္ေတာ္ မမကို အရမ္းေက်းဇူးတင္ပါတယ္။"

"ေက်းဇူးတင္စရာမလိုပါဘူး။"

"ေန႕လယ္စာ မစားရေသးရင္ ကြ်န္ေတာ္နဲ႕အတူဆိုင္တစ္ဆိုင္ မွာသြားစားႀကမလား"

"ေနာက္တစ္ေခါက္မွစားေတာ့မယ္ အခုေတာ့ ခ်ိန္းထားတာေလးရွိလို႕ျပန္ေတာ့မယ္"

"ဒါဆိုလည္း ဂရုစိုက္ျပန္ပါ။"

"အင္းပါ။ ျပန္ျပီေနာ္တာ့တာ"

"ဟုတ္ကဲ့ပါဗ်ာ"

တနဂၤေႏြေန႕က ရံုးပိတ္ရက္ျဖစ္ေသာ္လည္း ေကာင္းျမတ္လြန္းက အေစာႀကီးနိုးေနခဲ့သည္။

ေစာေစာနိုးေနတယ္ဆိုတာထက္ တစ္ညလံုးအိပ္မေပ်ာ္ေသးတာလို႔ေျပာရင္ပိုမွန္ေပလိမ့္မည္။

အိပ္မေပ်ာ္ပဲ လွဲေနရတာ ခါးေညာင္းလွျပီမို႕ ကိုယ္လက္သန္႕စင္ဖို႕ သန္႕စင္ခန္းထဲဝင္လိုက္သည္။

ထို႔ေနာက္ သပ္သပ္ရပ္ရပ္ျဖစ္မယ့္ အဝတ္အစားကိုေရြးဝတ္လိုက္သည္။

ညကဝတ္အိတ္ထားတဲ့ အကီၤ်နဲ႕ေဘာင္းဘီကိုေတာ့ အဝတ္ထည့္တဲ့ ေလလံုအိတ္ေလးထဲထည့္လိုက္ျပီး ခရီးေဆာင္အိတ္ထဲထည့္လိုက္သည္။

အထုပ္အပိုးက ခရီးေဆာင္အိတ္တစ္လံုးသာရွိတာေႀကာင့္ ေထြေထြထူးထူးဘာမွသိပ္မျပင္ဆင္လိုက္ရ။

ေကာင္းျမတ္လြန္းက မနက္စာစားျပီးတာနဲ႔ မင္းလြင္ဆီေျပာင္းေနေတာ့မည့္အေႀကာင္းကို ကမၻာညိမ္းကိုေျပာျပျပီး အိတိုေလးတို႕အိမ္ကေနတစ္ခါတည္းထြက္လာလိုက္ေတာ့မယ္လို႕စဥ္းစားထားသည္။

T.B.C 🐻
THANKS 😘

01:57PM(Mon)
01.02.2022
G14

အိတိုလေးရဲ့မာမား🐻အခန်း(၂၀)
Unicode

"နောက်ဆုံးတော့ သူထွက်သွားတော့မှာပဲ"

ကမ္ဘာညိမ်းက အထပ်မြင့်တိုက်ပေါ်ကတစ်ဆင့် မြင်နေရတဲ့ ရွှေတိဂုံဘုရားကို ငေးကြည့်ရင်းပြောလိုက်သည်။

အတွင်းရေးမှူးက သူ့ရဲ့ ဥက္ကဌကြီး စိတ်ပျက်သွားပြီဟုထင်ပြီး

"ကျွန်တော် ဘယ်လိုလုပ်ပေးရမလဲ ခိုင်းသာခိုင်းပါ" ဟု ပြာပြာသလဲပြောတော့သည်။

ကမ္ဘာညိမ်းက ကျောပေးထားမိတဲ့ သူ့ရဲ့အတွင်းရေမှူးဘက်သို့လှည့်ပြီး ပြုံးပြလိုက်သည်။

"နေပါစေ အရမ်းသိသာသွားလိမ့်မယ် နောက်မှ အကြောင်းတစ်ခုခုပြပြီးပြန်ခေါ်တာပေါ့"

"ကောင်းမြတ်လွန်းက တော်တော်လေးခေါင်းမာတယ်။ တကယ်ဆို သူ့ရှေ့မှာ အခွင့်ရေးကောင်းတွေရှိနေတာကို ဘာလို့များ ဥက္ကဌရဲ့ကမ်းလှမ်းချက်ကိုလက်မခံရတာလဲမသိဘူး"

မကျေမနပ်ပြောလာတဲ့ အတွင်းရေးမှူးက ကောင်းမြတ်လွန်းအပေါ် မကောင်းမြင်စိတ်မရှိမှန်းသိတာကြောင့် ကမ္ဘာညိမ်းက အေးအေးဆေးဆေးပဲ  ပြန်ရှင်းပြမိတယ်။

"ကောင်းမြတ်လွန်းဖြစ်နေလို့ပေါ့။ သူက သူရဲ့အချိန်နဲ့လွတ်လပ်မှုကို ငွေနဲ့လဲလှယ်ပစ်မှာမဟုတ်ဘူး။ သူက ထင်ထားတာထက်ပိုပြီး အထင်ကြီးဖို့ကောင်းတယ်။"

"ဥက္ကဌက လက်မခံမှန်း သိရဲ့သားနဲ့ကမ်းလှမ်းခဲ့တာလား"

တအံ့တသြမေးလာတဲ့အတွင်းရေးမှူးက မျက်လုံးလေးကို ဝိုင်းလို့။

"ပိုသေချာအောင်အတည်ပြုချင်လို့စမ်းသပ်လိုက်တာ။ မတော်တဆ သူသာ ကမ်းလှမ်းချက်ကိုလက်ခံလိုက်ရင် စဉ်းစားစရာတွေထပ်များလာတော့မှာ အခုတော့ စဉ်းစားစရာမလိုတော့ဘူး။"

"ဒါဆို …"

ကမ္ဘာညိမ်းက သိလိုစိတ်ပြင်းပြစွာနဲ့ စကားထောက်ပေးလာတဲ့ အတွင်းရေးမှူးကို မာန်ပါပါနဲ့ နှုတ်ခမ်းစွန်းအနားတစ်ဖက်ကော့တက်သွားအောင်ပြုံးပြီး ပြန်ဖြေလိုက်သည်။

"တရားဝင်ဖွင့်ပြောပြီး အပိုင်သိမ်းရမှာပေါ့"

ဥက္ကဌကြီးရဲ့အဖြေက အားရကျေနပ်စရာကောင်းလွန်းနေသည်။

အဲ့တာကြောင့်လည်း အတွင်းရေးမှူးက

"ကောင်းတယ် အားပေးတယ် ကျွန်တော်ကတော့ အမြဲတမ်း ဥက္ကဌဘက်ကပဲ။ အခြေအနေတွေအမြန်ဆုံးတိုးတက်ဖို့ဆုတောင်းပေးနေပါမယ်။" ဟု ဝမ်းသာအားရနဲ့ အပီအပြင်ထောက်ခံပေးလာတော့သည်။

"ကျေးဇူးပါဗျာ"

"ဒါဆို ကျွန်တော့ကိုသွားခွင့်ပြုပါအုံး"

အလာတုန်းကနဲ့မတူပဲ တက်ကြွစွာနဲ့ အလုပ်တွေပြန်လုပ်ဖို့ထွက်သွားတဲ့ အတွင်းရေးမှူးက တံခါးလက်ကိုင်ဘုကိုကိုင်ပြီး တံခါးဖွင့်လိုက်တဲ့အချိန်မှာပဲ ခပ်ချောချောအမျိုးသမီးတစ်ယောက်ပြုံးပြနှုတ်ဆက်နေတာကိုတွေကိုတွေ့လိုက်ရသည်။

"ဟယ်လို မင်္ဂလာပါ"

"ဟုတ် … ဟုတ်ကဲ့ … ဟယ် … အယ် … မင်္ဂလာပါ"

အယောင်ယောင်အမှားမှားနဲ့ ပြန်နှုတ်ဆက်လာတဲ့ အတွင်းရေးမှူးလူပျိုကြီးကိုကြည့်ပြီး အဆိုပါ ခပ်ချောချောအမျိုးသမီးက ခပ်ဟဟလေးရယ်သည်။

"ဘယ်မှာလဲ ပါပါမန်း"

"ဗျာ …"

"မမ မနောက်နေနဲ့ ဝင်စရာရှိဝင်လာခဲ့"

ကမ္ဘာညိမ်း ကြားထဲကဖြတ်ပြောမှ အခန်းထဲသို့တည့်တည့်မတ်မတ်ဝင်လာတော့သည်။

အမျိုးသမီးမှာကာ အခြားသူမဟုတ် ကမ္ဘာညိမ်းရဲ့ အစ်မတစ်ဝမ်းကွဲသာဖြစ်သည်။ သူမနာမည်က နွေလင်းဖြူ။

"ပါပါမန်း"

စူပါမန်းကို မပီမသနဲ့ ပါပါမန်းလို့အော်အော်ပြီး ကစားတက်တဲ့ မောင်တစ်ဝမ်းကွဲလေးကို စချင်၍တမင်ခေါ်လိုက်ခြင်းဖြစ်သည်။

"အဲ့လိုကြီးမခေါ်ပါနဲ့ဗျာ လာရင်းကိစ္စက"

"ဟိုကောင်လေးနဲ့တွေ့ချင်လို့ မိတ်ဆက်ပေးစမ်းပါ ပြီးတော့ ဝအိတိုလေးကော"

ကမ္ဘာညိမ်းရဲ့ မျက်ခုံးနှစ်ဖက်လုံး ပင့်တက်သွားသည်။

ဒီအစ်မက သူနဲ့ပတ်သတ်ရင်အကုန်သိနေတော့တာပဲ။ အဲ့တာကလည်း ထူးဆန်းသည်တော့မဟုတ်။ မြန်မာသွေးတစ်ဝက် ဂျပန်သွေးတစ်ဝက်ရောတဲ့ သူ့ကို ဂရုစိုက်တဲ့သူက ဒီအစ်မတစ်ယောက်သာရှိသည်။ သေချာပေါက် မိုးငယ်ရဲ့ သတင်းပေးပို့မှုတွေကြောင့်လည်းပါတာပေါ။

"ဒါလည်းသိနေတာပဲလား။ အိတိုလေးကအိပ်ပျော်နေတယ်။"

"ဒါဆို အိတိုလေးအိပ်နေတာကို  မနှောက်ယှက်တော့ဘူး။ ပါပါမန်းရဲ့ ဟန်ဆောင်သတို့သမီးလေးနဲ့ပဲမိတ်ဆက်ပေးတော့။"

"ဘာလို့ ဂျပန်ကိုသတင်းမပို့တာလဲ။"

ကမ္ဘာညိမ်းက စကားလမ်းကြောင်းလွဲလိုက်သည်။

"ပို့စရာလား။ ငါအဒေါ်နဲ့ ငါ့ဦးလေးက ဂျပန်နိုင်ငံကိုပဲချစ်ပြီး သူတို့သားကြီးတွေလောက်ပဲအသက်ရှိတယ်ထင်ကြတာ။ မြန်မာပြည်ကိုချစ်တဲ့မင်းကိုတော့ သူတို့က ဂရုစိုက်ဖို့မစဉ်းစားပဲ ချုပ်ခြယ်ဖို့ပဲကြိုးစားနေကြတာ။"

နွေးလင်းဖြူက ပြောနေရင်း ဒေါသထွက်လာဟန်ရှိသည်။

"စိတ်လျှော့ပါ။ ဘာပဲဖြစ်ဖြစ် မမကတော့  ကျွန်တော့ဘက်ကမဟုတ်လား။"

"သေချာတာပေါ့။ ဒီအစ်မက ငါ့မောင်လေးပါပါမန်းဘက်ကပဲ။ ဒါပေမဲ့ သူတို့က ငါ့မောင်လေးကို အမွေဖြတ်ဖို့စီစဉ်နေကြပြီ။"

"ကျွန်တော်ကလဲ အဲ့တာကိုပဲမျှော်လင့်နေတာ။ သူတို့လည်း သူတို့ပျော်တဲ့နေရာမှာ ပျော်သလိုနေနေကြသလို ကျွန်တော်လည်း ကျွန်တော်ပျော်တဲ့အရပ်မှာပဲ နောက်စံမတင်းပဲနေခဲ့ချင်တယ်။ သူတို့ပိုင်ဆိုင်မှုတွေကိုလည်း ကျွန်တော်စိတ်မဝင်စားဘူး မက်လည်းမမက်ဘူး။"

"တော်သေးတာပေါ့ အစ်မက မောင်လေးစိတ်မကောင်းဖြစ်မှာစိုးရိမ်နေတာ။"

"မဖြစ်ပါဘူး။ ကျွန်တော်နဲ့ သူတို့နဲ့ဆက်ဆံရေးက အေးခဲသွားတာကြာခဲ့ပြီ။ ဘယ်အချိန်ကစခဲ့တာလဲဆိုတာတောင်မသိတော့ဘူး။ အစ်ကိုကြီးက ဂျပန်ကအမျိုးသမီးတစ်ယောက်နဲ့လက်ထပ်ပြီး အဖေနဲ့အမေကိုပါ ဂျပန်မှာအခြေချဖို့ စည်းရုံးတဲ့အချိန်ကလား။ ဒါမှမဟုတ် အိတိုလေးကို ခွင့်ပြုချက်မရပဲ မွေးစားလိုက်တဲ့အချိန်ကလား။ ဒါမှမဟုတ် သူတို့အားလုံး ဂျပန်ကိုအပြီးပြောင်းသွားတဲ့အချိန်တုန်းက ပေကပ်ပြီး မြန်မာနိုင်ငံမှာကျန်နေခဲ့တုန်းကလား။ ဒါမှမဟုတ် စီးပွာရေးအရ စေ့စပ်ကြောင်းလမ်းပေးခဲ့တဲ့ စေ့စပ်ပွဲကိုငြင်းဆိုခဲ့တုန်းကလား။ ဒါမှမဟုတ် ဘယ်တုန်းကမှ မနွေးထွေးခဲ့တာများလား။ ကျွန်တော်သေချာမသိဘူး မမ။"

"အဲ့တာတွေးမနေနဲ့တော့။ အဓိကက ပါပါမန်းလေး လွတ်လွတ်လပ်လပ်နဲ့ပျော်ရွှင်နေဖို့ပဲ။ ကျန်တာအရေးမကြီးပါဘူး။ ဒါနဲ့ ဟိုကောင်လေးကိုတွေ့ချင်နေပြီ ဘယ်မှာလဲ"

မျက်ဝန်းတောက်တောက်လေးတွေနဲ့မေးလာတဲ့ အစ်မဖြစ်သူကိုကြည့်ရင်း မနိုင်ဘူးဆိုတဲ့ပုံစံဖြင့် ကမ္ဘာညိမ်း ခေါင်းခါမိလိုက်သည်။

"သူ့ရုံးခန်းထဲမှာ အလုပ်လုပ်နေတယ်။"

"ဟင်း … တွေ့ချင်ပါတယ်ဆိုမှပဲ။ ထားလိုက်ပါတော့ ပိတ်ရက်မှပဲ လာတွေ့တော့မယ်။ ဝအိတိုလေးကော တော်တော်တောင် ထွားနေလောက်ကောပေါ့ ငါလည်း ကချင်ပြည်နယ်မှာ လပိုင်းလောက်ပဲကြာမယ်ထင်တာ တစ်နှစ်နီးပါးဖြစ်သွားတယ်။"

"အိတိုလေးက ထွားလာတယ်။ အရပ်လည်းရှည်လာတယ။် စကားလည်းတော်တော်ပြောတက်နေပြီ။"

အိတိုလေးအကြောင်းပြောမှ ပြုံးလာတော့တဲ့ကမ္ဘာညိမ်းကိုကြည့်ပြီး နွေးလင်းဖြူပါပြုံးလိုက်မိသည်။

ထို့နောက်  နွေးလင်းဖြူတစ်ယောက် အတိတ်ကအကြောင်းအရာတချို့ကို ပြန်လည်သတိရမိသွားသည်။

အသက်၂၄နှစ်မှာ ကလေးတစ်ယောက်ကိုမွေးစားမယ်လို့ပြောလာတဲ့ ကမ္ဘာညိမ်းကြောင့် ဆွေမျိုးအားလုံး မျက်ကလဲဆန်ပျာ ဖြစ်ခဲ့ကြရသည်။

အစက ကလေးကို မိန်းကလေးတစ်ယောက်နဲ့မှားယွင်းပြီးရလာတယ်ဟုထင်ခဲ့ကြသော်လည်း အမှန်တကယ်မှာတော့ အဲ့လိုမဟုတ်ခဲ့။

ကမ္ဘာညိမ်း၏ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ဒေဇီမောင်နဲ့အံဖွယ်ထူးတို့က ချစ်သူကိုယ်စီရှိနေကြပါရက်နဲ့ မှားယွင်းပတ်သတ်မိခဲ့ကြသည်။

အဲ့ဒီအကျိုးဆက်အနေနဲ့ ကမ္ဘာညိမ်းရဲ့ သူငယ်ချင်းမလေး ဒေဇီမောင်မှာ ကိုယ်ဝန်ရှိလာခဲ့တော့သည်။

ကမ္ဘာညိမ်းရဲ့ သူငယ်ချင်းဒေဇီမောင် နဲ့ အံ့ဖွယ်ထူးတို့က နှစ်ဦးသဘောတူ ကလေးကို ဖျက်ချပစ်ဖို့စီစဉ်ခဲ့ကြသည်။

အဲ့တာကလည်း ကလေးရုပ်လုံးတောင်ပေါ်လာပြီး မဖုံးမဖိနိုင်တော့တဲ့ အချိန်ရောက်မှဖြစ်သည်။

မိုက်မဲလွန်းတဲ့ သူငယ်ချင်းနှစ်ယောက်ကို စိတ်တိုမိပေမယ့် လူလောကထဲဝင်ရောက်လာဖို့ကြိုးစားနေတဲ့ ကလေးငယ်လေးကို သနားမိတဲ့ကမ္ဘာညိမ်းက  ကလေးကို သူပဲ တာဝန်ယူမွေးပါ့မယ်လို့ အတင်းဖျောင်းဖျပြီး အိတိုလေးကို မရမကမွေးဖွားစေခဲ့ခြင်းဖြစ်သည်။

ကလေးမွေးဖွားပြီးချိန်မှာတော့ ကမ္ဘာညိမ်းက သူ့မိသားစုတစ်စုလုံးနဲ့ အတိုက်အခံလုပ်ကာ ကလေးကို သူ့ကလေးအဖြစ် တရားဝင်စာချုပ်စာတမ်းနဲ့တကွ မွေးစားခဲ့သည်။

"မမ … ဘာတွေတွေးနေလို့ ငိုင်သွားရတာလဲ"

"အိတိုလေးနဲ့ပတ်သတ်ပြီး မင်းခက်ခဲခဲ့ရတဲ့အချိန်တွေ ပြန်သတိရသွားလို့ပါ။"

"အဲ့တုန်းက မမက ကျွန်တော့ကို အများကြီးကူညီပေးခဲ့တာ။ ကျွန်တော် မမကို အရမ်းကျေးဇူးတင်ပါတယ်။"

"ကျေးဇူးတင်စရာမလိုပါဘူး။"

"နေ့လယ်စာ မစားရသေးရင် ကျွန်တော်နဲ့အတူဆိုင်တစ်ဆိုင် မှာသွားစားကြမလား"

"နောက်တစ်ခေါက်မှစားတော့မယ် အခုတော့ ချိန်းထားတာလေးရှိလို့ပြန်တော့မယ်"

"ဒါဆိုလည်း ဂရုစိုက်ပြန်ပါ။"

"အင်းပါ။ ပြန်ပြီနော်တာ့တာ"

"ဟုတ်ကဲ့ပါဗျာ"

တနင်္ဂနွေနေ့က ရုံးပိတ်ရက်ဖြစ်သော်လည်း ကောင်းမြတ်လွန်းက အစောကြီးနိုးနေခဲ့သည်။

စောစောနိုးနေတယ်ဆိုတာထက် တစ်ညလုံးအိပ်မပျော်သေးတာလို့ပြောရင်ပိုမှန်ပေလိမ့်မည်။

အိပ်မပျော်ပဲ လှဲနေရတာ ခါးညောင်းလှပြီမို့ ကိုယ်လက်သန့်စင်ဖို့ သန့်စင်ခန်းထဲဝင်လိုက်သည်။

ထို့နောက် သပ်သပ်ရပ်ရပ်ဖြစ်မယ့် အဝတ်အစားကိုရွေးဝတ်လိုက်သည်။

ညကဝတ်အိတ်ထားတဲ့ အကီင်္ျနဲ့ဘောင်းဘီကိုတော့ အဝတ်ထည့်တဲ့ လေလုံအိတ်လေးထဲထည့်လိုက်ပြီး ခရီးဆောင်အိတ်ထဲထည့်လိုက်သည်။

အထုပ်အပိုးက ခရီးဆောင်အိတ်တစ်လုံးသာရှိတာကြောင့် ထွေထွေထူးထူးဘာမှသိပ်မပြင်ဆင်လိုက်ရ။

ကောင်းမြတ်လွန်းက မနက်စာစားပြီးတာနဲ့ မင်းလွင်ဆီပြောင်းနေတော့မည့်အကြောင်းကို ကမ္ဘာညိမ်းကိုပြောပြပြီး အိတိုလေးတို့အိမ်ကနေတစ်ခါတည်းထွက်လာလိုက်တော့မယ်လို့စဉ်းစားထားသည်။

T.B.C 🐻
THANKS 😘

01:57PM(Mon)
01.02.2022
G14

© G Fourteen,
книга «အိတိုေလးရဲ႕မာမား အိတိုလေးရဲ့မာမား».
အိတို (၂၁)
Коментарі