အိတို
အိတို (၀၁)
အိတို (၀၂)
အိတို (၀၃)
အိတို (၀၄)
အိတို (၀၅)
အိတို (၀၆)
အိတို (၀၇)
အိတို (၀၈)
အိတို (၀၉)
အိတို (၁၀)
အိတို (၁၁)
အိတို (၁၂)
အိတို (၁၃)
အိတို (၁၄)
အိတို (၁၅)
အိတို (၁၆)
အိတို (၁၇)
အိတို (၁၈)
အိတို (၁၉)
အိတို (၂၀)
အိတို (၂၁)
အိတို (၂၂)
အိတို (၂၃)
အိတို (၂၄)
အိတို (၂၅)
အိတို (၂၆)
အိတို (၂၇)
အိတို (၂၈)
အိတို (၂၉)
အိတို (၃၀)
အိတို (၃၁)
အိတို (ဇာတ္သိမ္း)
အိတို (၀၉)
အိတို🐻09
Zawgyi

စာရင္းအင္းဌာနက ေပးပို႕လာတဲ့ သံုးလပတ္စာရင္းေတြကို စစ္ေဆးႀကည့္ရႈေနစဥ္ …

"ကိုကို …"

အခန္းတံခါးဖြင့္ျပီးတန္းဝင္မလာပဲ ေခါင္းေလးပဲျပဴထြက္ကာ အသံျပဳတဲ့မိုးငယ္ေႀကာင့္ ကမၻာညိမ္း အလုပ္ေတြရပ္ျပီး ဝင္လာခဲ့ဖို႔ေျပာလိုက္သည္။

"ဝင္လာခဲ့ေလ …"

"ဟီး … မိုးငယ္က ကိုကိုအလုပ္ေတြရႈပ္ေနလားလို႕ အရ္ေခ်ာင္းႀကည့္တာ"

"အပိုေတြေျပာျပီ အေႀကာင္းမသိရင္ခက္မယ္ မွာထားတာပါလာလား"

"ပါလာတယ္"

မိုးငယ္က ဧည့္ေတြ႔ခံုမွာဝင္ထိုင္ျပီး အထုပ္ေလးတစ္ထုက္ကို စားပြဲေပၚအသာေလးတင္ကာ ျပန္ေျဖေပးလာသည္။

"ငါမွာသလို အတိအက်ဟုတ္ပါတယ္ေနာ္"

"ဟုတ္ပါတယ္ မိုးငယ္ကိုသာယံုလိုက္ပါ။ ဒါနဲ႔ အိတိုေလးေကာ"

"အိတိုက သူ႕အခန္းထဲမွာ ေထြးေထြးနဲ႕ကစားေနတယ္"

"ဒီေန႔ ေထြးေထြးပါရံုးလိုက္လာတယ္ေပါ့"

"ဟုတ္တယ္ ဒီေန႔အလုပ္ရႈပ္မွာမို႕လို႔ ေထြးေထြးပါေခၚလာလိုက္တာ"

"ဒါဆို မိုးငယ္ အိတိုေလးကို သြားႏႈတ္ဆက္လိုက္ဦးမယ္"

"ေအးေအး … "

မိုးငယ္က အိတိုေလးအခန္းထဲဝင္ခါနီမွ ေနာက္ျပန္လွည့္ျပီးကမၻာညိမ္းကို လွမ္းေမးလာသည္။

"ကိုကို … အဲ့တာက ဘယ္ေကာင္မေလးအတြက္လဲ အရမ္းကို ဂရုတစိုက္နဲ႔ေစ့ေစ့စပ္စပ္ရွိလြန္းေနလို႔ ဘယ္လိုမွကို သိခ်င္စိတ္ေတြေအာင့္မထားနိုင္ေတာ့လို႕ပါ ေျပာျပပါ အဲ့တာ ဘယ္ေကာင္မေလးအတြက္လဲ"

"ကေလးေတြသိစရာမလိုဘူး"

"ကိုကို …  ရတယ္ေလ … ေနာက္တစ္ခါဆို မိုးငယ္ ကိုကို႕ကို ဘာမွ ကူညီျပီးမလုပ္ေပးေတာ့ဘူး"

" ဘဏ္ အေကာင့္ နံပါတ္က"

"မက္ေဆ့ပို႕ေပးမယ္ကိုကို ေနာက္လည္းအကူညီလိုရင္ေျပာေနာ္"

မိနစ္ပိုင္းအႀကာမွာေတာ့ မိုးငယ္ဆိုတဲ့ ကေလးမေလးက မ်ားျပားလွေသာ ဂဏန္း အေရအတြက္တစ္ခ်ိဳ႕ကို ျမင္ျပီး အိတိုေလးအခန္းထဲမွာ ကခုန္ေအာ္ဟစ္ေနေတာ့သည္။

ကမၻာညိမ္းက ေခါင္းတခါခါနဲ႔ျပံဳစိိျပံဳးစိလုပ္ေနရင္း မိုငယ္နဲ႔အတူပါလာတဲ့ သူ႔ရဲ႕အဖိုးတန္ ပစၥည္းတစ္ခ်ိဳ႕ကို ေသခ်ာသိမ္းထားလိုက္သည္။

ေဒါက္ေဒါက္ ……

တံခါးသံုးခ်က္ေခါက္ျပီးေနာက္ အခန္းထဲဝင္လာတဲ့ အတြင္းေရးမွဴးက သူ႔လက္ထဲမွာပါလာတဲ့ စာရြက္စာတမ္း တခ်ိဳ႕ကို ကမၻာညိမ္းရဲ႕ အလုပ္စားပြဲခံုေပၚကိုတင္ေပးလာသည္။

" ဒီတစ္ခါကေတာ့ သူ႔ဘက္ကႀကိဳတင္ျပင္ဆင္တဲ့အေနနဲ႕ စာခ်ဳပ္ပါတစ္ခါတည္း ခ်ဳပ္ထားခဲ့တာေႀကာင့္ ငါးဆေပးျပီး ဖ်က္ခိုင္းလိုက္ရပါတယ္"

" ေကာင္းပါျပီ"

"ဒီလိုနည္းနဲ႔ပဲ အေခါက္တိုင္းေျဖရွင္းလိုက္ဖို႕က ေရရွည္မွာအဆင္ေျပပါ့မလား မေတာ္တဆရိပ္မိသြားရင္"

"သူမႀကာခင္ ကမ္းလွမ္းခ်က္ကို လက္ခံလာေတာ့မွာပါ ဒါနဲ႕ သူ႔ကားအနီေရာင္ေလးျပန္ရျပီလား"

"ဟုတ္ကဲ့ရပါျပီ။ ကားကိုေတာ့ မွာထားတဲ့အတိုင္း အပန္းေျဖစံအိမ္မွာပဲ ယာယီသိမ္းဆည္းထားပါတယ္"

"ေကာင္းတယ္။ အခုလိုအားလံုးအဆင္ေျပေအာင္ အလုပ္ရႈပ္ခံေဆာင္ရြက္ေပးလို႕ေက်းဇူးတင္ပါတယ္။"

"မဟုတ္တာပဲ။ အတြင္းေရးမွဴးတစ္ေယာက္အေနနဲဲ႕ ကြ်န္ေတာ္လုပ္ေပးရမယ့္တာဝန္ေတြပါ"

"ဟုတ္ကဲ့ပါ။ ဒါဆိုလုပ္စရာရွိတာသြားလုပ္ေတာ့ေလ စာရြက္စာတမ္းေတြကေတာ့ ညက်မွပဲႀကည့္လိုက္ေတာ့မယ္"

"ဟုတ္ကဲ့"

အတြင္းေရးမွဴးထြက္သြားတာနဲ႕ စားပြဲေပၚက ဖိုင္ေလးကိုယူျပီး အံဆြဲထဲထည့္ကာ ေသာ့ခတ္ထားလိုက္သည္။

"ေကာင္းျမတ္လြန္း … ေကာင္းျမတ္လြန္း … မင္း … ကိုယ့္ဘဝထဲေရာက္လာျပီဆိုကတည္းက ျပန္ထြက္သြားဖို႔အခြင့္အေရးမရွိေတာ့ဘူး။ ကမၻာညိမ္းရဲ႕ ဝကၤပါထဲမွာ ေကာင္းျမတ္လြန္းဆိုတဲ့ လူသားေလးအတြက္ ထြက္ေပါက္မရွိဘူး"

ကမၻာညိမ္က စားပြဲေပၚကို လက္ညိဳးနဲ႕ တေတာက္ေတာက္ျမည္ေအာင္ေခါက္ရင္း ပဥၥလတ္ဆန္တဲ႔အျပံဳးတစ္ခုနဲ႕အတူ ခပ္တိုးတိုးေလးေရရြတ္ကာ ႀကံဳးဝါးလိုက္သည္။

အလုပ္ေတြလက္မလည္ေအာင္ရႈပ္ေနတဲ့ႀကားက အႀကိမ္ေရခပ္စိပ္စိပ္နဲ႔ မႀကာခဏဝင္လာေနတဲ့ဖုန္းကို စိတ္မရွည္စြာနဲ႕ က်စ္တစ္ခ်က္သတ္ျပီး ဆြဲယူႀကည့္လိုက္သည္။

ဖုန္းမ်က္ႏွာျပင္မွာေပၚေနတဲ့ အေဆာင္ပိုင္ရွင္ဆိုတဲ့ အမည္ေလးေႀကာင့္ ခပ္သြက္သြက္ပဲ ဖုန္းအဝင္ကို လက္ခံလိုက္သည္။

"ဟယ္လို …"

"ေမာင္းေကာင္းျမတ္လြန္းေရ အေဒၚပါ။ စိတ္မေကာင္းေပမယ့္ ေမာင္ေကာင္းျမတ္လြန္းေနမယ့္ အေဆာင္အခန္းမွာ မေမ်ွာ္လင့္ထားတဲ့ျပသနာေလးျဖစ္သြားလို႔ အေဒၚတို႕ဘက္က စာခ်ဳပ္ဖ်က္သိမ္းရလိမ့္မယ္ အဲ့ဒီအတြက္ ေလ်ွာ္ေႀကးႏွစ္ဆကိုလည္း မနက္ျဖန္ခ်က္ခ်င္းအျပီး ျပန္အမ္းေပးပါမယ္။"

ေကာင္းျမတ္လြန္း တစ္ေယာက္ အင္းလည္းမလုပ္ ဟင့္အင္းလည္းမလုပ္ပဲ ဖုန္းကိုသာစိတ္ပ်က္လက္ပ်က္ပိတ္ခ်လိုက္ေတာ့သည္။

ဒီၤရက္ပိုင္းေတြမွာ ေကာင္းျမတ္လြန္းသည္ သူ႔ကိုယ္သူ ကံဆိုးတာလား ကံေကာင္းတာလားပင္မသဲကြဲေတာ့။

အေဆာင္ငွားလည္းအဆင္မေျပ အခန္းငွားလည္းအဆင္မေျပတာေႀကာင့္ ကံဆိုးလိုက္တာလို႕ ညည္းျငဴဖို႔ရာကလည္း ကံေကာင္းစြာနဲ႕ လမ္းေဘးမွာအိမ္ရေတာ့မည့္ အျဖစ္ကေန ကယ္တင္ေပးထားတဲ့ အလုပ္ရွင္နဲ႕ ဝမ္းမနာသား ဝက္ဝံေပါက္ေလးအိတိုေလး တို႔ရဲ႕ ကူညီေဖးမမႈေႀကာင့္ ေျခဆန္႕လက္ဆန္႕နဲ႕ ေကာင္းေကာင္းအိပ္ ေကာင္းေကာင္းစားေနရျပန္သည္။

ဒီႀကားထဲ ေဘာလံုးပြဲကလည္းရႈံးထားေသးတာေႀကာင့္ ဦးကမၻာညိမ္းေတာင္းဆိုတာကို လိုက္လုပ္ေပးရဦးမည္။

ေကာင္းျမတ္လြန္းသည္ မျမင္နိုင္တဲ့ အနာဂါတ္အတြက္ ႀကိဳျပီး ဘုရားသာတေနမိသည္။

အျပန္ရံုးဆင္ခ်ိန္မွာေတာ့

"မာမား ……"

လြယ္အိတ္အဝါေရာင္ေလးလြယ္ျပီး ေျပးလာတဲ့ အိတိုေလးကို ေကာင္းျမတ္လြန္းေပြ႕ခ်ီေပးလိုက္သည္။

အိတိုေလးက ေကာင္းျမတ္လြန္းလည္တိုင္ကိုဖက္တြယ္ျပီး ပါးကို အနမ္းေပးသည္။

ထို႔ေနာက္

"မာမား … အလုပ္ေတြပင္ပန္းေနျပီလား" ဟုေမးလာသည္။

"အိတိုေလးနမ္းလိုက္လို႔ မပင္ပန္းေတာ့ပါဘူးဗ်ာ"

"ဟီး … dad … ကလည္း အိတိုေလးေမးရင္ အဲ့လိုပဲျပန္ေျဖတယ္ သိလား။ dad နဲ႕မာမားက … တူတယ္ေနာ္။ အဲ့တာေႀကာင့္ … dad နဲ႕ မာမားက … အိတိုေလးရဲ႕ … dad နဲ႔ မာမား… ျဖစ္လာတာေနမွာ"

ေျပာလည္းေျပာခ်င္ ေျပာလည္းမေျပာတက္ျဖစ္ေနတဲ့ အိတိုေလးက စကားတစ္ခြန္းေျပာတိုင္း ေမးေလးေငာ့ေငာ့ျပီး အသက္ကိုလည္း ခပ္ျပင္းျပင္းရႈိက္ယူလိုက္ေသးသည္။

ျပတ္ေတာင္း ျပတ္ေတာင္းနဲ႔ အဆင္မေခ်ာျဖစ္ေနတဲ့ အိတိုေလးရဲ႕ ခ်စ္စဖြယ္ စကားေျပာပံုေလးကိုႀကည့္ျပီး ရွက္ျပံဳေလး ျပံဳးေနသူ တစ္ဦးရွိသလို ႀကည္ႏူးေက်နပ္ေနတဲ့ အျပံဳးႀကီးနဲ႕ ျပံဳးေနတဲ့ လူတစ္ေယာက္လည္းရွိေနသည္။

"ကားေပၚတက္ႀကေတာ့ ဒီညအစီအစဥ္ေတြအမ်ားႀကီးရွိေနတယ္"

ကမၻာညိမ္းက ေကာင္းျမတ္လြန္းနဲ႔ အိတိုေလးကို ကားထဲအရင္ဝင္ေစသည္။

အိတိုေလးကို ခ်ီထားရတဲ့ ေကာင္းျမတ္လြန္းကို ကမၻာညိမ္းက အရိပ္တႀကည့္ႀကည့္လုပ္ကာ လက္ေမာင္းကို ထိန္းကိုင္ေပးထားသည့္အျပင္ ကားထဲအဝင္ ကားတံခါးေဘာင္နဲ႔ မေစာင့္မိေအာင္လက္ကိုကာထားေပးျပန္သည္။

ကားေခါင္းခန္းမွာ ထိုင္ေနတဲ့ ေထြးေထြးကေတာ့ ႀကက္ႀကီးလည္လိမ္ထားသလားမွတ္ရေအာင္ ကားေနာက္ခန္းကို လွည့္ႀကည္ေနသည္မွာ ဒါရိုက္ဘာဦးေလးႀကီးတားယူရသည္အထိပင္။

ကမၻာညိမ္း ေကာင္းျမတ္လြန္းနဲ႕ အိတိုေလးတို႕သံုးေယာက္ကေတာ့ ကားေနာက္ခန္းထဲမွာ စလိုက္ေနာက္လိုက္ စကားေျပာလိုက္ ရယ္ေမာလိုက္ျဖင့္ အိမ္ေရာက္သည္အထိ လိုက္ပါလာႀကသည္။

"ေကာင္းျမတ္လြန္း"

"ဗ်ာ …"

"ဒီည ခရီးထြက္မွာ မင္းကိုပါလိုက္ခဲ့ေစခ်င္တယ္"

"ဘယ္ကိုလဲ …"

"ကမ္းေျခကို ေငြေဆာင္ကမ္းေျခကို ႏွစ္ညအိပ္ေလာက္ပါပဲ လိုက္မယ္မဟုတ္လား"

ကမ္းေျခဆိုတဲ့ အသံႀကားေတာ့ ေကာင္းျမတ္လြန္း၏ မ်က္လံုးအေရာင္မ်ား သိသိသာသာေတာက္ပလာတယ္။

သို႕ေသာ္ အခုခ်ိန္မွာ ေကာင္းျမတ္လြန္းရဲ႕ အေျခအေနက ခရီးထြက္ရေလာက္တဲ့အထိ ေငြးေရးေႀကးေရးအေျခအေနက ေကာင္းမြန္ေနသည္မဟုတ္ေတာ့ မ်က္ႏွာေလးက သိသိသာသာျငိဳးက်သြားေတာ့သည္။

"လိုက္ျဖစ္ေအာင္လိုက္ခဲ့ပါ။ အိတိုေလးအတြက္ မင္းရွိေနမွျဖစ္မွာ ခရီးစရိတ္အားလံုး ကိုယ္တာဝန္ယူမွာမို႕လို႕ လူပဲလိုက္ခဲ့ေပးပါ please …"

ကမၻညိမ္းသည္ please ဆိုတဲ့ အသံကို စြဲစြဲငင္ငင္ေျပာလိုက္ျပီး လက္အုပ္ေလးခ်ီကာ ေတာင္းဆိုသလိုေလးေျပာလာသည္။

သြားျဖဴျဖဴေလးမ်ား ေပၚလာသည္အထိ ျပံဳးျပီး မ်က္ေတာင္မ်ား ပုတ္ခတ္ပုတ္ခတ္လုပ္ကာ လူႀကမ္းအသည္းနုသေယာင္ဟန္ဖမ္းေနတဲ့ လူႀကီေႀကာင့္ ေကာင္းျမတ္လြန္းစိတ္ထဲက်ိတ္ရယ္ေနကာ အျပင္မွာေတာ့ ႏႈတ္ခမ္းႏွစ္လႊာဟမသြားေအာင္ တင္းတင္းစိလို႕ ရုပ္တည္ႀကီးနဲ႕ ေခါင္းညိတ္ပစ္လိုက္သည္။

"ဒါနဲ႕ ေလာင္းေႀကးအတြက္ ေတာင္းဆိုမယ္ဆိုတာက"

ကမၻာညိမ္းဘက္က မ်က္ခံုးႏွစ္ဖက္လံုးကိုပင့္ျပျပီး ျပီတီတီရုပ္ႀကီးနဲ႕ ျပံဳးျပလာတာေႀကာင့္ ေကာင္းျမတ္လြန္း တစ္ကိုယ္လံုး ႀကက္သီးမ်ားထလာျပီး ေခါင္းထဲမွာလည္း ေမးခြန္းေတြနဲ႔ျပည္ႏွက္သြားသည္။

ဘာလဲ … အဲ့တာ ဘယ္လိုရုပ္ႀကီးလဲ … ဘာလို႔ေႀကာက္စရာေကာင္းေအာင္ျပံဳးျပေနတာလဲ …… မဟုတ္မွလြဲေရာ …… ဘာမဟုတ္တာေတြ လုပ္ခိုင္မလို႕လဲ …… ဘာလို႕ ငါ့စိတ္ထဲ မသက္မသာျဖစ္လာရတာလဲ …… ဘာလဲ … ဘာမို႔လို႔ အႏၲရာယ္အေငြ႕အသက္ေတြရေနရတာလဲ …

"ေမးေနတာမေျဖပဲ ဘာလို႔ျပံဳးေနရတာလဲ"

"ကိုယ္ေတာင္းဆိုမွာက ……"

"ဘာလဲ … ေျပာေလ …  ျမန္ျမန္ေျပာလိုက္ …… က်စ္ ရင္ခုန္ေအာင္မလုပ္စမ္းပါနဲ႔ဗ်ာ … ေျပာစရာရွိတာေျပာလိုက္စမ္းပါဗ်" ဟု ေကာင္ျမတ္လြန္း စိတ္ထဲက ဆက္တိုက္ေျပာေနေသာ္လည္း အျပင္မွာေတာ့ ေက်ာက္ရုပ္ႀကီးလို ေတာင့္ေတာင့္ႀကီးရပ္ေနျပီး လက္ႏွစ္ဖက္ကို တင္းတင္းက်ပ္က်ပ္ဆုပ္ကာ တံေတြးကိုသာ မဲျပီ လိမ့္ပိတ္ မ်ိဳခ်ပစ္ေနသည္။

"ကိုယ္ေတာင္းဆိုမွာက ……"

ေကာင္းျမတ္လြန္းသည္ သူ႕စိတ္ကို မတရားေတြဆြဲဆန္႔ျပီး ကမၻာညိမ္းေျပာလာမည့္ စကားေတြကို ဆက္ျပီးနားစြင့္ေနလိုက္သည္။

"ကိုယ္ေတာင္းဆိုမွာက ……"

(အိတိုေလးကို အပိုင္းသစ္ေတြ ေစာေစာတင္ေပးခ်င္ေပမယ့္ G ကေလ ည ကိုးနာရီေနာက္ပိုင္းမွ စာေရးဖို႕အခ်ိန္ရတာေႀကာင့္ ေနာက္က်မွတင္ေပးနိုင္ေတာ့တာပါ။ တစ္ရက္တစ္ပိုင္းတင္ေပးနိုင္ဖို႔ အေတာ္ႀကိဳးစားေနရပါတယ္။ အဲ့တာေႀကာင့္ up တာ ေနာက္က်ရင္ comment ေလးေတြ ခ်က္ခ်င္း reply မျပန္နိုင္ခဲ့ရင္ စိတ္မဆိုးႀကပါနဲ႔ေနာ္။ အိတိုေလးကို ခ်စ္ေပးႀကလို႔ စာဖတ္သူေတြအားလံုးကိုေက်းဇူးအမ်ားႀကီးတင္ပါတယ္။ G က social media ေတြလည္းသိပ္မသံုး ေစ်းဗန္းလည္းမခင္းျဖစ္ေတာ့ အခု G နဲ႕ အတူရွိေနေပးတဲ့ စာဖတ္သူအနည္းငယ္ကို အရမ္းတန္ဖိုးထားပါတယ္ အဲ့တာေႀကာင္ G ဘက္ကပ်က္ကြက္တာ မွားယြင္းတာမ်ိဳးရွိခဲ့ရင္လည္း စိတ္မကြက္ပဲ နားလည္ေပးက်ပါလို႔ေျပာခ်င္ပါတယ္။ အားလံုးပဲေကာင္းေသာညေလးျဖစ္ပါေစ။ I 💛 U 😘)

T.B.C🐻

11:12PM(Wed)
19.01.2022
G14







အိတို🐻09
Unicode

စာရင်းအင်းဌာနက ပေးပို့လာတဲ့ သုံးလပတ်စာရင်းတွေကို စစ်ဆေးကြည့်ရှုနေစဉ် …

"ကိုကို …"

အခန်းတံခါးဖွင့်ပြီးတန်းဝင်မလာပဲ ခေါင်းလေးပဲပြူထွက်ကာ အသံပြုတဲ့မိုးငယ်ကြောင့် ကမ္ဘာညိမ်း အလုပ်တွေရပ်ပြီး ဝင်လာခဲ့ဖို့ပြောလိုက်သည်။

"ဝင်လာခဲ့လေ …"

"ဟီး … မိုးငယ်က ကိုကိုအလုပ်တွေရှုပ်နေလားလို့ အရ်ချောင်းကြည့်တာ"

"အပိုတွေပြောပြီ အကြောင်းမသိရင်ခက်မယ် မှာထားတာပါလာလား"

"ပါလာတယ်"

မိုးငယ်က ဧည့်တွေ့ခုံမှာဝင်ထိုင်ပြီး အထုပ်လေးတစ်ထုက်ကို စားပွဲပေါ်အသာလေးတင်ကာ ပြန်ဖြေပေးလာသည်။

"ငါမှာသလို အတိအကျဟုတ်ပါတယ်နော်"

"ဟုတ်ပါတယ် မိုးငယ်ကိုသာယုံလိုက်ပါ။ ဒါနဲ့ အိတိုလေးကော"

"အိတိုက သူ့အခန်းထဲမှာ ထွေးထွေးနဲ့ကစားနေတယ်"

"ဒီနေ့ ထွေးထွေးပါရုံးလိုက်လာတယ်ပေါ့"

"ဟုတ်တယ် ဒီနေ့အလုပ်ရှုပ်မှာမို့လို့ ထွေးထွေးပါခေါ်လာလိုက်တာ"

"ဒါဆို မိုးငယ် အိတိုလေးကို သွားနှုတ်ဆက်လိုက်ဦးမယ်"

"အေးအေး … "

မိုးငယ်က အိတိုလေးအခန်းထဲဝင်ခါနီမှ နောက်ပြန်လှည့်ပြီးကမ္ဘာညိမ်းကို လှမ်းမေးလာသည်။

"ကိုကို … အဲ့တာက ဘယ်ကောင်မလေးအတွက်လဲ အရမ်းကို ဂရုတစိုက်နဲ့စေ့စေ့စပ်စပ်ရှိလွန်းနေလို့ ဘယ်လိုမှကို သိချင်စိတ်တွေအောင့်မထားနိုင်တော့လို့ပါ ပြောပြပါ အဲ့တာ ဘယ်ကောင်မလေးအတွက်လဲ"

"ကလေးတွေသိစရာမလိုဘူး"

"ကိုကို …  ရတယ်လေ … နောက်တစ်ခါဆို မိုးငယ် ကိုကို့ကို ဘာမှ ကူညီပြီးမလုပ်ပေးတော့ဘူး"

" ဘဏ် အကောင့် နံပါတ်က"

"မက်ဆေ့ပို့ပေးမယ်ကိုကို နောက်လည်းအကူညီလိုရင်ပြောနော်"

မိနစ်ပိုင်းအကြာမှာတော့ မိုးငယ်ဆိုတဲ့ ကလေးမလေးက များပြားလှသော ဂဏန်း အရေအတွက်တစ်ချို့ကို မြင်ပြီး အိတိုလေးအခန်းထဲမှာ ကခုန်အော်ဟစ်နေတော့သည်။

ကမ္ဘာညိမ်းက ခေါင်းတခါခါနဲ့ပြုံစိပြုံးစိလုပ်နေရင်း မိုငယ်နဲ့အတူပါလာတဲ့ သူ့ရဲ့အဖိုးတန် ပစ္စည်းတစ်ချို့ကို သေချာသိမ်းထားလိုက်သည်။

ဒေါက်ဒေါက် ……

တံခါးသုံးချက်ခေါက်ပြီးနောက် အခန်းထဲဝင်လာတဲ့ အတွင်းရေးမှူးက သူ့လက်ထဲမှာပါလာတဲ့ စာရွက်စာတမ်း တချို့ကို ကမ္ဘာညိမ်းရဲ့ အလုပ်စားပွဲခုံပေါ်ကိုတင်ပေးလာသည်။

" ဒီတစ်ခါကတော့ သူ့ဘက်ကကြိုတင်ပြင်ဆင်တဲ့အနေနဲ့ စာချုပ်ပါတစ်ခါတည်း ချုပ်ထားခဲ့တာကြောင့် ငါးဆပေးပြီး ဖျက်ခိုင်းလိုက်ရပါတယ်"

" ကောင်းပါပြီ"

"ဒီလိုနည်းနဲ့ပဲ အခေါက်တိုင်းဖြေရှင်းလိုက်ဖို့က ရေရှည်မှာအဆင်ပြေပါ့မလား မတော်တဆရိပ်မိသွားရင်"

"သူမကြာခင် ကမ်းလှမ်းချက်ကို လက်ခံလာတော့မှာပါ ဒါနဲ့ သူ့ကားအနီရောင်လေးပြန်ရပြီလား"

"ဟုတ်ကဲ့ရပါပြီ။ ကားကိုတော့ မှာထားတဲ့အတိုင်း အပန်းဖြေစံအိမ်မှာပဲ ယာယီသိမ်းဆည်းထားပါတယ်"

"ကောင်းတယ်။ အခုလိုအားလုံးအဆင်ပြေအောင် အလုပ်ရှုပ်ခံဆောင်ရွက်ပေးလို့ကျေးဇူးတင်ပါတယ်။"

"မဟုတ်တာပဲ။ အတွင်းရေးမှူးတစ်ယောက်အနေနဲ့ ကျွန်တော်လုပ်ပေးရမယ့်တာဝန်တွေပါ"

"ဟုတ်ကဲ့ပါ။ ဒါဆိုလုပ်စရာရှိတာသွားလုပ်တော့လေ စာရွက်စာတမ်းတွေကတော့ ညကျမှပဲကြည့်လိုက်တော့မယ်"

"ဟုတ်ကဲ့"

အတွင်းရေးမှူးထွက်သွားတာနဲ့ စားပွဲပေါ်က ဖိုင်လေးကိုယူပြီး အံဆွဲထဲထည့်ကာ သော့ခတ်ထားလိုက်သည်။

"ကောင်းမြတ်လွန်း … ကောင်းမြတ်လွန်း … မင်း … ကိုယ့်ဘဝထဲရောက်လာပြီဆိုကတည်းက ပြန်ထွက်သွားဖို့အခွင့်အရေးမရှိတော့ဘူး။ ကမ္ဘာညိမ်းရဲ့ ဝင်္ကပါထဲမှာ ကောင်းမြတ်လွန်းဆိုတဲ့ လူသားလေးအတွက် ထွက်ပေါက်မရှိဘူး"

ကမ္ဘာညိမ်က စားပွဲပေါ်ကို လက်ညိုးနဲ့ တတောက်တောက်မြည်အောင်ခေါက်ရင်း ပဉ္စလတ်ဆန်တဲ့အပြုံးတစ်ခုနဲ့အတူ ခပ်တိုးတိုးလေးရေရွတ်ကာ ကြုံးဝါးလိုက်သည်။

အလုပ်တွေလက်မလည်အောင်ရှုပ်နေတဲ့ကြားက အကြိမ်ရေခပ်စိပ်စိပ်နဲ့ မကြာခဏဝင်လာနေတဲ့ဖုန်းကို စိတ်မရှည်စွာနဲ့ ကျစ်တစ်ချက်သတ်ပြီး ဆွဲယူကြည့်လိုက်သည်။

ဖုန်းမျက်နှာပြင်မှာပေါ်နေတဲ့ အဆောင်ပိုင်ရှင်ဆိုတဲ့ အမည်လေးကြောင့် ခပ်သွက်သွက်ပဲ ဖုန်းအဝင်ကို လက်ခံလိုက်သည်။

"ဟယ်လို …"

"မောင်းကောင်းမြတ်လွန်းရေ အဒေါ်ပါ။ စိတ်မကောင်းပေမယ့် မောင်ကောင်းမြတ်လွန်းနေမယ့် အဆောင်အခန်းမှာ မမျှော်လင့်ထားတဲ့ပြသနာလေးဖြစ်သွားလို့ အဒေါ်တို့ဘက်က စာချုပ်ဖျက်သိမ်းရလိမ့်မယ် အဲ့ဒီအတွက် လျှော်ကြေးနှစ်ဆကိုလည်း မနက်ဖြန်ချက်ချင်းအပြီး ပြန်အမ်းပေးပါမယ်။"

ကောင်းမြတ်လွန်း တစ်ယောက် အင်းလည်းမလုပ် ဟင့်အင်းလည်းမလုပ်ပဲ ဖုန်းကိုသာစိတ်ပျက်လက်ပျက်ပိတ်ချလိုက်တော့သည်။

ဒီင်္ရက်ပိုင်းတွေမှာ ကောင်းမြတ်လွန်းသည် သူ့ကိုယ်သူ ကံဆိုးတာလား ကံကောင်းတာလားပင်မသဲကွဲတော့။

အဆောင်ငှားလည်းအဆင်မပြေ အခန်းငှားလည်းအဆင်မပြေတာကြောင့် ကံဆိုးလိုက်တာလို့ ညည်းငြူဖို့ရာကလည်း ကံကောင်းစွာနဲ့ လမ်းဘေးမှာအိမ်ရတော့မည့် အဖြစ်ကနေ ကယ်တင်ပေးထားတဲ့ အလုပ်ရှင်နဲ့ ဝမ်းမနာသား ဝက်ဝံပေါက်လေးအိတိုလေး တို့ရဲ့ ကူညီဖေးမမှုကြောင့် ခြေဆန့်လက်ဆန့်နဲ့ ကောင်းကောင်းအိပ် ကောင်းကောင်းစားနေရပြန်သည်။

ဒီကြားထဲ ဘောလုံးပွဲကလည်းရှုံးထားသေးတာကြောင့် ဦးကမ္ဘာညိမ်းတောင်းဆိုတာကို လိုက်လုပ်ပေးရဦးမည်။

ကောင်းမြတ်လွန်းသည် မမြင်နိုင်တဲ့ အနာဂါတ်အတွက် ကြိုပြီး ဘုရားသာတနေမိသည်။

အပြန်ရုံးဆင်ချိန်မှာတော့

"မာမား ……"

လွယ်အိတ်အဝါရောင်လေးလွယ်ပြီး ပြေးလာတဲ့ အိတိုလေးကို ကောင်းမြတ်လွန်းပွေ့ချီပေးလိုက်သည်။

အိတိုလေးက ကောင်းမြတ်လွန်းလည်တိုင်ကိုဖက်တွယ်ပြီး ပါးကို အနမ်းပေးသည်။

ထို့နောက်

"မာမား … အလုပ်တွေပင်ပန်းနေပြီလား" ဟုမေးလာသည်။

"အိတိုလေးနမ်းလိုက်လို့ မပင်ပန်းတော့ပါဘူးဗျာ"

"ဟီး … dad … ကလည်း အိတိုလေးမေးရင် အဲ့လိုပဲပြန်ဖြေတယ် သိလား။ dad နဲ့မာမားက … တူတယ်နော်။ အဲ့တာကြောင့် … dad နဲ့ မာမားက … အိတိုလေးရဲ့ … dad နဲ့ မာမား… ဖြစ်လာတာနေမှာ"

ပြောလည်းပြောချင် ပြောလည်းမပြောတက်ဖြစ်နေတဲ့ အိတိုလေးက စကားတစ်ခွန်းပြောတိုင်း မေးလေးငော့ငော့ပြီး အသက်ကိုလည်း ခပ်ပြင်းပြင်းရှိုက်ယူလိုက်သေးသည်။

ပြတ်တောင်း ပြတ်တောင်းနဲ့ အဆင်မချောဖြစ်နေတဲ့ အိတိုလေးရဲ့ ချစ်စဖွယ် စကားပြောပုံလေးကိုကြည့်ပြီး ရှက်ပြုံလေး ပြုံးနေသူ တစ်ဦးရှိသလို ကြည်နူးကျေနပ်နေတဲ့ အပြုံးကြီးနဲ့ ပြုံးနေတဲ့ လူတစ်ယောက်လည်းရှိနေသည်။

"ကားပေါ်တက်ကြတော့ ဒီညအစီအစဉ်တွေအများကြီးရှိနေတယ်"

ကမ္ဘာညိမ်းက ကောင်းမြတ်လွန်းနဲ့ အိတိုလေးကို ကားထဲအရင်ဝင်စေသည်။

အိတိုလေးကို ချီထားရတဲ့ ကောင်းမြတ်လွန်းကို ကမ္ဘာညိမ်းက အရိပ်တကြည့်ကြည့်လုပ်ကာ လက်မောင်းကို ထိန်းကိုင်ပေးထားသည့်အပြင် ကားထဲအဝင် ကားတံခါးဘောင်နဲ့ မစောင့်မိအောင်လက်ကိုကာထားပေးပြန်သည်။

ကားခေါင်းခန်းမှာ ထိုင်နေတဲ့ ထွေးထွေးကတော့ ကြက်ကြီးလည်လိမ်ထားသလားမှတ်ရအောင် ကားနောက်ခန်းကို လှည့်ကြည်နေသည်မှာ ဒါရိုက်ဘာဦးလေးကြီးတားယူရသည်အထိပင်။

ကမ္ဘာညိမ်း ကောင်းမြတ်လွန်းနဲ့ အိတိုလေးတို့သုံးယောက်ကတော့ ကားနောက်ခန်းထဲမှာ စလိုက်နောက်လိုက် စကားပြောလိုက် ရယ်မောလိုက်ဖြင့် အိမ်ရောက်သည်အထိ လိုက်ပါလာကြသည်။

"ကောင်းမြတ်လွန်း"

"ဗျာ …"

"ဒီည ခရီးထွက်မှာ မင်းကိုပါလိုက်ခဲ့စေချင်တယ်"

"ဘယ်ကိုလဲ …"

"ကမ်းခြေကို ငွေဆောင်ကမ်းခြေကို နှစ်ညအိပ်လောက်ပါပဲ လိုက်မယ်မဟုတ်လား"

ကမ်းခြေဆိုတဲ့ အသံကြားတော့ ကောင်းမြတ်လွန်း၏ မျက်လုံးအရောင်များ သိသိသာသာတောက်ပလာတယ်။

သို့သော် အခုချိန်မှာ ကောင်းမြတ်လွန်းရဲ့ အခြေအနေက ခရီးထွက်ရလောက်တဲ့အထိ ငွေးရေးကြေးရေးအခြေအနေက ကောင်းမွန်နေသည်မဟုတ်တော့ မျက်နှာလေးက သိသိသာသာငြိုးကျသွားတော့သည်။

"လိုက်ဖြစ်အောင်လိုက်ခဲ့ပါ။ အိတိုလေးအတွက် မင်းရှိနေမှဖြစ်မှာ ခရီးစရိတ်အားလုံး ကိုယ်တာဝန်ယူမှာမို့လို့ လူပဲလိုက်ခဲ့ပေးပါ please …"

ကမ္ဘညိမ်းသည် please ဆိုတဲ့ အသံကို စွဲစွဲငင်ငင်ပြောလိုက်ပြီး လက်အုပ်လေးချီကာ တောင်းဆိုသလိုလေးပြောလာသည်။

သွားဖြူဖြူလေးများ ပေါ်လာသည်အထိ ပြုံးပြီး မျက်တောင်များ ပုတ်ခတ်ပုတ်ခတ်လုပ်ကာ လူကြမ်းအသည်းနုသယောင်ဟန်ဖမ်းနေတဲ့ လူကြီကြောင့် ကောင်းမြတ်လွန်းစိတ်ထဲကျိတ်ရယ်နေကာ အပြင်မှာတော့ နှုတ်ခမ်းနှစ်လွှာဟမသွားအောင် တင်းတင်းစိလို့ ရုပ်တည်ကြီးနဲ့ ခေါင်းညိတ်ပစ်လိုက်သည်။

"ဒါနဲ့ လောင်းကြေးအတွက် တောင်းဆိုမယ်ဆိုတာက"

ကမ္ဘာညိမ်းဘက်က မျက်ခုံးနှစ်ဖက်လုံးကိုပင့်ပြပြီး ပြီတီတီရုပ်ကြီးနဲ့ ပြုံးပြလာတာကြောင့် ကောင်းမြတ်လွန်း တစ်ကိုယ်လုံး ကြက်သီးများထလာပြီး ခေါင်းထဲမှာလည်း မေးခွန်းတွေနဲ့ပြည်နှက်သွားသည်။

ဘာလဲ … အဲ့တာ ဘယ်လိုရုပ်ကြီးလဲ … ဘာလို့ကြောက်စရာကောင်းအောင်ပြုံးပြနေတာလဲ …… မဟုတ်မှလွဲရော …… ဘာမဟုတ်တာတွေ လုပ်ခိုင်မလို့လဲ …… ဘာလို့ ငါ့စိတ်ထဲ မသက်မသာဖြစ်လာရတာလဲ …… ဘာလဲ … ဘာမို့လို့ အန္တရာယ်အငွေ့အသက်တွေရနေရတာလဲ …

"မေးနေတာမဖြေပဲ ဘာလို့ပြုံးနေရတာလဲ"

"ကိုယ်တောင်းဆိုမှာက ……"

"ဘာလဲ … ပြောလေ …  မြန်မြန်ပြောလိုက် …… ကျစ် ရင်ခုန်အောင်မလုပ်စမ်းပါနဲ့ဗျာ … ပြောစရာရှိတာပြောလိုက်စမ်းပါဗျ" ဟု ကောင်မြတ်လွန်း စိတ်ထဲက ဆက်တိုက်ပြောနေသော်လည်း အပြင်မှာတော့ ကျောက်ရုပ်ကြီးလို တောင့်တောင့်ကြီးရပ်နေပြီး လက်နှစ်ဖက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကာ တံတွေးကိုသာ မဲပြီ လိမ့်ပိတ် မျိုချပစ်နေသည်။

"ကိုယ်တောင်းဆိုမှာက ……"

ကောင်းမြတ်လွန်းသည် သူ့စိတ်ကို မတရားတွေဆွဲဆန့်ပြီး ကမ္ဘာညိမ်းပြောလာမည့် စကားတွေကို ဆက်ပြီးနားစွင့်နေလိုက်သည်။

"ကိုယ်တောင်းဆိုမှာက ……"

(အိတိုလေးကို အပိုင်းသစ်တွေ စောစောတင်ပေးချင်ပေမယ့် G ကလေ ည ကိုးနာရီနောက်ပိုင်းမှ စာရေးဖို့အချိန်ရတာကြောင့် နောက်ကျမှတင်ပေးနိုင်တော့တာပါ။ တစ်ရက်တစ်ပိုင်းတင်ပေးနိုင်ဖို့ အတော်ကြိုးစားနေရပါတယ်။ အဲ့တာကြောင့် up တာ နောက်ကျရင် comment လေးတွေ ချက်ချင်း reply မပြန်နိုင်ခဲ့ရင် စိတ်မဆိုးကြပါနဲ့နော်။ အိတိုလေးကို ချစ်ပေးကြလို့ စာဖတ်သူတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။ G က social media တွေလည်းသိပ်မသုံး ဈေးဗန်းလည်းမခင်းဖြစ်တော့ အခု G နဲ့ အတူရှိနေပေးတဲ့ စာဖတ်သူအနည်းငယ်ကို အရမ်းတန်ဖိုးထားပါတယ် အဲ့တာကြောင် G ဘက်ကပျက်ကွက်တာ မှားယွင်းတာမျိုးရှိခဲ့ရင်လည်း စိတ်မကွက်ပဲ နားလည်ပေးကျပါလို့ပြောချင်ပါတယ်။ အားလုံးပဲကောင်းသောညလေးဖြစ်ပါစေ။ I 💛 U 😘)

T.B.C🐻

11:12PM(Wed)
19.01.2022
G14







© G Fourteen,
книга «အိတိုေလးရဲ႕မာမား အိတိုလေးရဲ့မာမား».
အိတို (၁၀)
Коментарі