အိတို
အိတို (၀၁)
အိတို (၀၂)
အိတို (၀၃)
အိတို (၀၄)
အိတို (၀၅)
အိတို (၀၆)
အိတို (၀၇)
အိတို (၀၈)
အိတို (၀၉)
အိတို (၁၀)
အိတို (၁၁)
အိတို (၁၂)
အိတို (၁၃)
အိတို (၁၄)
အိတို (၁၅)
အိတို (၁၆)
အိတို (၁၇)
အိတို (၁၈)
အိတို (၁၉)
အိတို (၂၀)
အိတို (၂၁)
အိတို (၂၂)
အိတို (၂၃)
အိတို (၂၄)
အိတို (၂၅)
အိတို (၂၆)
အိတို (၂၇)
အိတို (၂၈)
အိတို (၂၉)
အိတို (၃၀)
အိတို (၃၁)
အိတို (ဇာတ္သိမ္း)
အိတို (၂၈)
အိတိုေလးရဲ႕မာမား🐻အခန္း(၂၈)
Zawgyi

“မာမား … ဘာေတြၾကည့္ေနတာလဲ”

အိတိုေလးက ေကာင္းျမတ္လြန္း ေနာက္ေက်ာဘက္ကေန လည္ပင္းကို သိုင္းဖက္ကာ ေမးလာသည္။

ေကာင္းျမတ္လြန္းက လက္ထဲမွရွိေနတဲ့ ဖုန္းစခရင္ေပၚက ေမာ္ဒယ္မေလးမ်ားရဲ႕ ပုံကိုအၾကည့္မလႊဲနိုင္ျဖစ္ေနပုံျဖင့္ ….

“ေကာင္မေလးေတြ ခ်စ္စရာေကာင္းလို႔ၾကည့္ေနတာ”ဟုေျဖေပးလိုက္သည္။

“မာမား …ေနာ္ ေကာင္မေလးေတြက ခ်စ္စရာေကာင္းလဲေကာင္းပဲနဲ႕ၾကည့္ေနတယ္ အိတိုေလးကိုပဲၾကည့္”

အိတိုေလးက ေကာင္းျမတ္လြန္းေမးေစ့ကို အတင္းဆြဲလွည့္ၿပီး သူ႕ကို ၾကည့္ခိုင္းသည္။

ေကာင္းျမတ္လြန္းကလည္း အိတိုေလးကို တမင္ စခ်င္တာေၾကာင့္ အိတိုေလးကို မၾကည့္ပဲ စခရင္ေပၚက ေမာ္ဒယ္မေလးပုံကို “ႁပြစ္” ခနဲ ျမည္ေအာင္ နမ္းျပလိုက္သည္။

“မာမားေနာ္ အိတိုေလးကိုပဲ ၾကည့္ပါလို႔ဆို”

“မာမား ေကာင္းမေလးေတြကို ၾကည္ေနတယ္ေလ ၾကည့္ပါအုံး ျမန္မာရင္ဖုံး ခါးတို ေလးေတြနဲ႕လွလိုက္တာ”

“ဘာမွလွဘူး ဗိုက္ႀကီးေတြကလဲေပၚေနေသးတယ္ ရွက္လဲရွက္ဘူး”

“လွပါတယ္ဆိုကြာ အသားေလးကလဲ ျဖဴလို႔ မ်က္ႏွာေလးကလဲ ခ်စ္စရာေလးေတြကြာ ”

“မာမား … ဟင့္ မာမားက အက်င့္မေကာင္းဘူး အိတိုေလးကိုပဲၾကည့္ပါလို႕ဆိုေနတာကို ဟင့္ …”

ေကာင္းျမတ္လြန္း အစလြန္သြားတာေၾကာင့္ အိတိုေလးတစ္ေယာက္ ထငိုပါေတာ့သည္။

“အယ္ … မငိုရဘူးေလ။ မာမားက အိတိုေလးကို ခ်စ္လိုစတာေလ။ အိတိုေလး စိတ္ဆိုးတာ ခ်စ္ဖို႔ေကာင္းလို႔ မာမားက စတာ။”

“ဟုတ္လို႔လား”

ခ်က္ခ်င္းကို ႏွာေလးရႈံ႕ျပီး မ်က္ရည္ေတြကို သုတ္ပစ္လိုက္တဲ့ အိတိုေလးက ထပ္ 'စ' ခ်င္စရာေကာင္းလြန္းေနသည္။ သို႔ေသာ္ အိတိုေလးမ်က္ရည္က်တာကို မျမင္ရက္တာေႀကာင့္ ေကာင္းျမတ္လြန္းက အိတိုေလးကို ထပ္ 'မစ' ျဖစ္ေတာ့။

“ဟုတ္ပါတယ္ဗ်ာ။ တကယ္ေျပာတာပါခင္ဗ်။ အိတိုေလးသာ ခ်စ္ဖို႔ေကာင္းတာပါခင္ဗ်။ အဲ့ ေကာင္မေလးေတြက အိတိုေလး အီအီး ညွစ္ေနတဲ့ပံုစံေလးေလာက္ေတာင္ ခ်စ္စရာမေကာင္းပါဘူးခင္ဗ်။ ကြ်န္ေတာ္မ်ိဳးႀကီး အိတိုေလးရဲ႕မာမားအေျဖကို သေဘာက်ေတာ္မူပါရဲ႕လားခင္ဗ်။”

“ခစ္ ..ခစ္.. မာမားကလဲ။ ဒါေပမဲ့ မာမားက နမ္းတယ္ေလ”

ရယ္ေနရင္း ခ်က္ခ်င္းမ်က္ႏွာတည္သြားတဲ့အိတိုးက ေမာ္ဒယ္မေလးကို နမ္းျပတာကို သတိရသြားၿပီး  ႏႈတ္ခမ္းေလးတေထာ္ေထာ္နဲ႕ ရန္ေတြ႕လာသည္။

“အဲ့တာ ေမာ္ဒယ္မေလးကို နမ္းတာမဟုတ္ပါဘူးခင္ဗ်။ ဖုန္းစခရင္ကိုနမ္းတာပါခင္ဗ်။”

“ဟုတ္ပဲနဲ႕”

“ေဟာဗ်ာ ဒီရစ္လုံးေလးက အရမ္းရစ္တာပဲဗ်ာ”

ေကာင္းျမတ္လြန္းက သူနားမွာရွိေနတဲ့ အိတိုေလးကို ရင္ခြင္ထဲဆြဲထည့္ၿပီး အတိုေလးရဲ႕ ပုခုံးနဲ႕ လည္တိုင္ ဆက္ၾကားေနရာေလးကို ေမးေစ့ေလးနဲ႕ ကလိထိုးေတာ့သည္။

“အား …မာမား …ယားတယ္ …”

“မာမားက ခ်စ္လို႔ေလ”

“ခ်စ္ …ခ်စ္ရင္ … အား … မာမား … ခ်စ္ရင္နမ္းေလ ….ကလိ .. ခစ္ ..ခစ္… ကလိ … မထိုးနဲ႕ …”

တခစ္ခစ္ရယ္ရင္း တြန႔္လိမ္ေနတဲ့ အိတိုေလးဆီက ေမာဟိုက္သံေလးေတြပါ ထြက္လာတာေၾကာင့္ ကလိမထိုးေတာ့ပဲ ပါးလုံးႀကီးမ်ားကိုသာ ပါးစပ္နဲ႕ဆြဲငုံးထားပစ္ လိုက္သည္။ အသည္းယားျပီသာ ဆြဲငံုပစ္လိုက္မိတာ အိတိုေလး နာသြားမွဆိုး၍ ခ်က္ခ်င္းျပန္လြတ္ေပးလိုက္ရသည္။

“မာ … မား …”

“ကဲ စိတ္ဆိုးေျပၿပီလား”

“ေျပသြားၿပီ”

“ေျပသြားၿပီဆို လာေတာ့”

ေကာင္းျမတ္လြန္းက အိပ္ရာေပၚလွဲခ်လိဳက္ၿပီး လက္ေမာင္းကို အိတိုေလး ေခါင္းအုံးလို႔ရေအာင္ ဆန္တန႔္ထားေပးလိုက္သည္။

အိတိုေလးက လုံးတစ္တစ္ ဖင္ေလးကို တစ္ပတ္လွည့္ၿပီး ေကာင္းျမတ္လြန္း လက္ေမာင္းေပၚမွာ ခ်က္ခ်င္းေခါင္းအုံး အိပ္ေတာ့သည္။

“မ်က္လုံးမွိတ္ေတာ့”

“မာမား ..”

“ဗ်ာ ….”

“ေကာင္မေလးေတြကို မခ်စ္နဲ႕ေနာ္”

“ေကာင္းမေလးေတြကို မခ်စ္ရရင္ ဘယ္သူ႕ကိုခ်စ္ရမွာလဲ”

“အိတိုေလးနဲ႕ dad ကိုပဲခ်စ္ေလ ေနာ္ … မာမားေနာ္ …”

“ဟုတ္ပါၿပီဗ်ာ”

“ပုံေတြဖ်က္လိုက္ေနာ္ မာမား …”

“ဟား .. ဟား … ဟုတ္ပါၿပီကြာ အူတိုလိုက္တာလဲ လြန္းပါေကာ”

“မာမား …”

“ဗ်ာ …”

“မာမား …မာမားက ျမန္မာအကၤ်ီခါးေပၚတာႀကိဳက္ရင္ အိတိုေလးက dad ကို ဝတ္ခိုင္းလိုက္မယ္ေလ မေကာင္းဘူးလား”

ေကာင္းျမတ္လြန္းတစ္ေယာက္ ရင္ဖုံးခါးတို အကၤ်ီနဲ႕  ကမာၻညိမ္းရဲ႕ပုံကို မ်က္လုံးထဲျမင္ေယာင္ၾကည့္ရင္း အသံထြက္၍ပင္ရယ္မိေတာ့သည္။

“ဟား .. ဟား …အေကာင္းဆုံးပဲ ေသခ်ာေပါက္ ဝတ္ခိုင္ရမယ္”

“ခစ္.. ခစ္.. အဲ့တာဆို dad ကို အိတိုေလးေျပာေပးမယ္”

“လိမၼာလိုက္တဲ့ ဝက္ဝံေပါက္ေလး”

“ဟီး … အဲ့တာဆို အိတိုေလး အိပ္ေတာ့မယ္”

အိတိုေလးက ေကာင္းျမတ္လြန္းလက္တစ္ဖက္ကို ဆြဲၿပီး သူ႕ရင္ဘက္ေပၚတင္းလိုက္သည္။ ထို႔ေနာက္ မ်က္လုံးေတြပါ မွိတ္ခ်လိဳက္သည္။

ေကာင္းျမတ္လြန္းက အိတိုေလး ရင္ဘက္ကို လက္ျဖင့္ အသာပုတ္ေပးရင္းေခ်ာသိပ္ေပးလိုက္ေတာ့ ခဏအၾကာမွာပဲ အိတိုေလး အိပ္ေပ်ာ္သြားေတာ့သည္။

အိတိုေလး အိပ္ေပ်ာ္သြားေတာ့မွ ေကာင္းျမတ္လြန္းက ေကာ္ဖီတစ္ခြက္နဲ႕ ကိတ္မုန႔္ တစ္ခ်ိဳ႕ယူၿပီး ကမာၻညိမ္းရဲ႕ အလုပ္ခန္းဆီသို႕သြားသည္။

အခန္းတံခါးကို သုံးခ်က္ေခါက္ၿပီးမွ

“အစ္ကို ကြၽန္ေတာ္ပါ”

“ဝင္လာခဲ့ေလ ကိုယ့္အခ်စ္"

“ကိုယ့္အခ်စ္” ဆိုတဲ့ အေခၚအေဝၚေလးေၾကာင့္ ေကာင္းျမတ္လြန္း တစ္ေယာက္  ဟန္မေဆာင္နိုင္ေအာင္ ၿပဳံးမိသြားသည္။

အခန္းထဲဝင္လာတဲ့ ေကာင္းျမတ္လြန္းရဲ႕လက္ထဲမွာေတာ့ ေကာ္ဖီဗန္းေလးရွိေနခဲ့သည္။ အျမဲတမ္း ပီေကလိုကပ္ေနတက္တဲ့ ဝက္ဝံေပါက္ေလးကို မျမင္ရတာေႀကာင့္

"အိတိုေလးေကာ”

“အိတိုေလးကို ေန႕လည္ခင္းတစ္ေရးသိပ္ထားတယ္။ အခု အစ္ကို႔အတြက္ ေကာ္ဖီနဲ႕မုန႔္လာပို႔တာ”

“ပင္ပန္းေအာင္လို႔ကြာ”

“မပင္ပန္းပါဘူး။ အစ္ကို အလုပ္ေတြ အရမ္းမ်ားေနတာလား”

“ဆိုပါေတာ့”

“ကြၽန္ေတာ္ကူေပးခ်င္တယ္။ ကူလို႔ရတာရွိလား။”

“ေသခ်ာေပါက္ရွိတာေပါ့”

ေကာင္းျမတ္လြန္းက သူ ကူလုပ္ေပးခြင့္ရသြားတာမို႔ ေက်နပ္မိသြားသည္။

အခ်ိန္တိုင္းလို ေကာင္းျမတ္လြန္းဘက္ကပဲ အကူအညီေတြ ယူေနခဲ့တာေၾကာင့္ ဒီတစ္ခါသူ႕ဘက္က ကူညီေပးခြင့္ ရေတာ့မွာမို႔ စိတ္ထဲမွာေတာ္ေတာ္ေလး တက္ႂကြေနမိသည္။

“လာေလ”

ေကာင္းျမတ္လြန္း အလုပ္စားပြဲနားကေန ကမာၻညိမ္းရဲ႕ေဘး သို႔ ခပ္သြက္သြက္ပဲ ေလွ်ာက္သြား လိုက္သည္။

ကမာၻညိမ္းက ေကာင္းျမတ္လြန္း သူ႕အနားေရာက္လာတာနဲ႕ လက္ေကာက္ဝတ္ကို အသာဆြဲၿပီး သူ႕ေပါင္ေပၚမွာထိုင္ေစလိုက္သည္။

“အစ္ကို …”

“ခဏေလးဖက္ထားပါရေစ အင္အားေတြရယူခ်င္လို႔”

ေကာင္းျမတ္လြန္းလည္း သူ႕ခါးထက္မွာ ေနရာယူလာတဲ့ သန္မာတဲ့လက္တစ္စုံကို ထပ္ကိုင္ေပးၿပီး ၿငိမ္ေနေပးလိုက္သည္။

“အိတိုေလးက ကိုယ့္အခ်စ္ကို အရမ္းကပ္ေနတာ။ အဲ့အတြက္ အဆင္ေျပရဲ႕လား”

“အဆင္ေျပပါတယ္။ ကြၽန္ေတာ္ ေပ်ာ္ပါတယ္။”

“အခုေနာက္ပိုင္း အိတိုေလးက ကိုယ့္အနားေတာင္ သိပ္မကပ္ေတာ့ဘူး”

“ဘာလဲ စိတ္မေကာင္းျဖစ္ေနတာလား”

ေကာင္းျမတ္လြန္းက ကမာၻညိမ္းလက္ဖမိုးကို ပြတ္သတ္ေပးရင္း ေမးလိုက္သည္။

“နည္းနည္းေပါ့။ အရင္ကေလာက္ အေနမနီးေတာ့သလိုပဲ။ အရင္တုန္းကဆို သြားတိုက္တာပဲျဖစ္ျဖစ္ ေရခ်ိဳးတာပဲျဖစ္ျဖစ္ dad ….ဆိုၿပီး အားကိုးေနက်ေလ။ အခုေတာ့ သူက မာမားကိုပဲ ရွာေနေတာ့တာ။  ကိုယ့္ဘက္က အိတိုေလးကို အခ်ိန္မေပးနိုင္တာလဲ ပါသလို ကိုယ့္အခ်စ္ ရွိေနတယ္ဆိုၿပီး စိတ္ခ် ေနမိတာလဲ ပါတယ္။”

“အိတိုေလးက အစ္ကို႔ကိုခ်စ္ပါတယ္။ အိတိုေလးက အစ္ကို႔နား မကပ္ေတာ့ဘူးဆိုတာ အိတိုေလးက လိမၼာတဲ့ ကေလးေလးျဖစ္ေနလို႔ပါ။ အစ္ကို႔ သားေလးက အစ္ကို သူ႕ကို အခ်ိန္မေပးနိုင္ဘူးဆိုတာ နားလည္ေနၿပီေလ အဲ့တာေၾကာင့္ သူ႕ဘာသာ အဆင္ေျပေအာင္ ေနေနတာပါ။”

ေကာင္းျမတ္လြန္းဆိုတဲ့ ေကာင္ေလးက လူတစ္ေယာက္ကို စိတ္သက္သာရာ ရေအာင္ သိပ္ေျပာတက္သည္။

ကမာၻညိမ္းက ေကာင္းျမတ္လြန္းရဲ႕ ႏွစ္သိမ့္ စကားေၾကာင့္ သူ႕ကိုယ္သူ အျပစ္ရွိသလို ေလးေလးပင္ပင္ ခံစားေနရတာေတြ အားလုံး  ခ်က္ခ်င္းေပါ့ပါးသြားသလိုခံစားလိုက္ရသည္။

“အိတိုေလးက တကယ္ကို လိမၼာတဲ့ကေလးေလးပါ။ သူငယ္ငယ္ေလး ကတည္းက အေမမရွိတာ သိလို႔လားမသိဘူး နို႔ဆာရင္ေတာင္ လက္မေလးစုပ္ၿပီး ၿငိမ္ေနတက္တာ။ အိမ္မွာဆိုလည္း သူ႕အခန္းေလးထဲမွာပဲ အ႐ုပ္ကေလးေတြနဲ႕ ကစားၿပီး ၿငိမ္ေနတက္သလို ကိုယ့္အလုပ္က အခန္းေလးထဲမွာဆိုလဲ ႐ုပ္ျပပုံျပင္ စာအုပ္ေလးေတြဖတ္ၿပီး ၿငိမ္ေနတာပဲ။ ကိုယ္ အလုပ္အားလို႔ တစ္ခါတစ္ေလမ်ား အျပင္ လိုက္ပို႔ေပးတာတို႔ အတူ ကစားေပးတာတို႔ဆို သိပ္ေပ်ာ္ေနတက္တာ။ အိတိုးေလး ဆိုးဆိုးဝါးဝါး ပူဆာဖူးတာဆိုလို႔ ေဟာ့ဒီက ကိုယ့္အခ်စ္ ကိုပဲ မာမားအျဖစ္ အိမ္ကိုအပါ ေခၚခိုင္းတာေလးတစ္ခုပဲ ရွိခဲ့ဖူးတာ။"

ကမာၻညိမ္းအေျပာမွာ ေကာင္းျမတ္လြန္း ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ၿပဳံးမိသြားသည္။

ထို႔ေနာက္ မေနတက္သလိုပုံစံျဖင့္ မ်က္လႊာေတြကို ခ်ထားလိုက္ၿပီး နည္းနည္းရွက္စရာေကာင္းတဲ့ ခံစားခ်က္ကို ထုတ္ေဖာ္ေျပာမိသည္။

"အမွန္းတိုင္းဝန္ခံရရင္ ကြၽန္ေတာ္ ကေလးမခ်စ္တက္ဘူး။ အိတိုေလးနဲ႕ စေတြ႕တဲ့ေန႕တုန္းကဆို ကြၽန္ေတာ္ စိတ္ရႈပ္ၿပီး ေဒါသေတြထြက္ေနခဲ့တာ။ ဒါေပမဲ့ အိတိုေလး ကြၽန္ေတာ့္အေပၚထားတဲ့ သံေယာဇဥ္ေတြ  ေမတၱာေတြကို ျမင္လာရေတာ့ ကြၽန္ေတာ္ကိုယ္တိုင္ေတာင္ သတိမထားမိခင္မွာပဲ အိတိုေလးကို ကြၽန္ေတာ္ သံေယာဇဥ္ျဖစ္သြားခဲ့တာ။ အခုလဲ မရွက္တမ္းဝန္ခံရရင္ ကြၽန္ေတာ့္ကိုယ္ ကြၽန္ေတာ္ အိတိုေလးရဲ႕ မာမားအျဖစ္ ေနရတာကို ေတာ္ေတာ္ေလး အသားက်ေနၿပီ။ ကြၽန္ေတာ္က ေယာက္်ားတစ္ေယာက္ ျဖစ္ေနတာေတာင္ "မာမား" ဆိုတဲ့ နမ္စားကို ေတာ္ေတာ္ေလး သေဘာက်ေနမိၿပီ။"

"ေက်းဇူးတင္ပါတယ္ ကိုယ့္သားေလးကို ခ်စ္ေပးလို႔ ၿပီးေတာ့ ကိုယ့္ကိုျပန္ခ်စ္ေပးလို႔"

ကမာၻညိမ္းက ေကာင္းျမတ္လြန္းကိုယ္ေလးကို ပိုမိုတင္းၾကပ္စြာဖက္ထားလိုက္ၿပီး လည္တိုင္ေက်ာ့ေက်ာ့ေလးကို ခပ္ဖြဖြေလး လွမ္းနမ္းလိုက္သည္။

ေကာင္းျမတ္လြန္းရဲ႕ ကိုယ္ေလးက အလိုအေလွ်ာက္တုန္ျပန္သည့္အေနျဖင့္ အနည္းငယ္ တြန႔္သြားေသာ္လည္း ျငင္းဆန္သည့္အမူအရာမ်ိဳးေတာ့မရွိ။

"ကြၽန္ေတာ္ကသာ ေက်းဇူးတင္ရမွာပါ။"

"ကိုယ္တို႔မိသားစု ညက်ရင္ အျပင္ထြက္ၾကမလား"

မိသားစုဆိုတဲ့ စကားလုံးေလးက ေကာင္းျမတ္လြန္း၏ ႏွလုံးသားကို ေႏြးေထြးသြားေစသည္။ မိသားစုဆိုတဲ့ စကားလုံးက ေကာင္းျမတ္လြန္းရဲ႕ ဘဝစာမ်က္ႏွာမွာ ေပ်ာက္ဆုံးေနခဲ့တာ ၾကာခဲ့ၿပီျဖစ္သည္။ အခုမွ ျပန္လည္ အသက္ဝင္လာတဲ့ မိသားစုဆိုတဲ့ စကားလုံးကို ေကာင္းျမတ္လြန္း သိပ္သေဘာက်သည္။ ေသခ်ာသည္။ သူ႕အတြက္ အခုလက္ရွိ ပိုင္ဆိုင္ထားတဲ့ မိသားစုေလးက ကမာၻေလာကတစ္ခြင္က ဖန္ဆင္းရွင္ေတြခ်ီးျမႇင့္ ေပးထားတဲ့ ေကာင္းခ်ီးမဂၤလာတစ္ပါးပင္ျဖစ္သည္။

"ထြက္ၾကမယ္ေလ ကြၽန္ေတာ္ေကာ အိတိုေလးေကာ အျပင္ ထြက္မလည္ရတာ ၾကာလွေနၿပီ။ အဲ့တာေၾကာင့္ ညမွ မဟုတ္ပဲ ဒီညေနပဲ အျပင္ထြက္လည္လို႔ မရဘူးလား"

ေကာင္းျမတ္လြန္း စိတ္ထဲမွာ တားထားတဲ့ စည္းတစ္ခ်ိဳ႕က အလိုအေလွ်ာက္ က်ိဳးပ်က္သြားခ်ိန္မွာေတာ့ ေကာင္းျမတ္လြန္းအေနနဲ႕ ကမာၻညိမ္းဆိုတဲ့ လူအေပၚမွာ ပိုမို ပြင့္လင္းလာနိုင္ခဲ့ၿပီ ျဖစ္သည္။ အဲ့တာေၾကာင့္လည္း ေကာင္းျမတ္လြန္းက ကမာၻညိမ္းကို ခပ္ခြၽဲခြၽဲေလး ေတာင္းဆိုမိသည္။

"ဒါဆို ကိုယ္ အလုပ္ေတြ အျမန္ဆုံး လက္စသတ္လိုက္မယ္။ အိတိုေလးအိပ္ရာက နိုးလာတာနဲ႕ ေလွ်ာက္လည္ၾကတာေပါ့။"

ေကာင္းျမတ္လြန္း ေခါင္းတဆက္ဆက္ၿငိတ္ၿပီး ကမာၻညိမ္းကို ၿပဳံးျပလိုက္သည္။

"ဒါဆို ကြၽန္ေတာ္ သြားေတာ့မယ္"

"ေနပါဦး .. အခု ကိုယ္က သုံးဆေလာက္ပိုၿပီး အလုပ္ကို အျမန္ၿပီးေအာင္လုပ္ရေတာ့မွာ။ အဲ့တာေၾကာင့္ နဖူးေလး ပါးေလးနဲ႕ ႏႈတ္ခမ္းေလးေတာ့ နမ္းခြင့္ေပးပါဦး"

ကမာၻညိမ္းရဲ႕ ေပါင္ေပၚမွာ ထိုင္ေနဆဲျဖစ္တဲ့ ေကာင္းျမတ္လြန္းက မ်က္ႏွာေလးကို အလိုက္တသိငုံ႕ေပးလိုက္သည္။

ကမာၻညိမ္းကလည္း မ်က္ႏွာေလးေမာ့လို႔ ျမတ္နိုးၾကင္နာမိတဲ့ ခ်စ္သူေလးရဲ႕ နဖူးေလး ပါးေလး နဲ႕ ႏႈတ္ခမ္းေလးမ်ားေပၚသို႔ ၾကင္ၾကင္နာနာ အနမ္းေလးမ်ား ေပးအပ္လိုက္သည္။

T.B.C 🐻
Thanks 😘

10:38PM(Fri)
11.02.2022
G14


အိတိုလေးရဲ့မာမား🐻အခန်း(၂၈)
Unicode

“မာမား … ဘာတွေကြည့်နေတာလဲ”

အိတိုလေးက ကောင်းမြတ်လွန်း နောက်ကျောဘက်ကနေ လည်ပင်းကို သိုင်းဖက်ကာ မေးလာသည်။

ကောင်းမြတ်လွန်းက လက်ထဲမှရှိနေတဲ့ ဖုန်းစခရင်ပေါ်က မော်ဒယ်မလေးများရဲ့ ပုံကိုအကြည့်မလွှဲနိုင်ဖြစ်နေပုံဖြင့် ….

“ကောင်မလေးတွေ ချစ်စရာကောင်းလို့ကြည့်နေတာ”ဟုဖြေပေးလိုက်သည်။

“မာမား …နော် ကောင်မလေးတွေက ချစ်စရာကောင်းလဲကောင်းပဲနဲ့ကြည့်နေတယ် အိတိုလေးကိုပဲကြည့်”

အိတိုလေးက ကောင်းမြတ်လွန်းမေးစေ့ကို အတင်းဆွဲလှည့်ပြီး သူ့ကို ကြည့်ခိုင်းသည်။

ကောင်းမြတ်လွန်းကလည်း အိတိုလေးကို တမင် စချင်တာကြောင့် အိတိုလေးကို မကြည့်ပဲ စခရင်ပေါ်က မော်ဒယ်မလေးပုံကို “ပြွစ်” ခနဲ မြည်အောင် နမ်းပြလိုက်သည်။

“မာမားနော် အိတိုလေးကိုပဲ ကြည့်ပါလို့ဆို”

“မာမား ကောင်းမလေးတွေကို ကြည်နေတယ်လေ ကြည့်ပါအုံး မြန်မာရင်ဖုံး ခါးတို လေးတွေနဲ့လှလိုက်တာ”

“ဘာမှလှဘူး ဗိုက်ကြီးတွေကလဲပေါ်နေသေးတယ် ရှက်လဲရှက်ဘူး”

“လှပါတယ်ဆိုကွာ အသားလေးကလဲ ဖြူလို့ မျက်နှာလေးကလဲ ချစ်စရာလေးတွေကွာ ”

“မာမား … ဟင့် မာမားက အကျင့်မကောင်းဘူး အိတိုလေးကိုပဲကြည့်ပါလို့ဆိုနေတာကို ဟင့် …”

ကောင်းမြတ်လွန်း အစလွန်သွားတာကြောင့် အိတိုလေးတစ်ယောက် ထငိုပါတော့သည်။

“အယ် … မငိုရဘူးလေ။ မာမားက အိတိုလေးကို ချစ်လိုစတာလေ။ အိတိုလေး စိတ်ဆိုးတာ ချစ်ဖို့ကောင်းလို့ မာမားက စတာ။”

“ဟုတ်လို့လား”

ချက်ချင်းကို နှာလေးရှုံ့ပြီး မျက်ရည်တွေကို သုတ်ပစ်လိုက်တဲ့ အိတိုလေးက ထပ် 'စ' ချင်စရာကောင်းလွန်းနေသည်။ သို့သော် အိတိုလေးမျက်ရည်ကျတာကို မမြင်ရက်တာကြောင့် ကောင်းမြတ်လွန်းက အိတိုလေးကို ထပ် 'မစ' ဖြစ်တော့။

“ဟုတ်ပါတယ်ဗျာ။ တကယ်ပြောတာပါခင်ဗျ။ အိတိုလေးသာ ချစ်ဖို့ကောင်းတာပါခင်ဗျ။ အဲ့ ကောင်မလေးတွေက အိတိုလေး အီအီး ညှစ်နေတဲ့ပုံစံလေးလောက်တောင် ချစ်စရာမကောင်းပါဘူးခင်ဗျ။ ကျွန်တော်မျိုးကြီး အိတိုလေးရဲ့မာမားအဖြေကို သဘောကျတော်မူပါရဲ့လားခင်ဗျ။”

“ခစ် ..ခစ်.. မာမားကလဲ။ ဒါပေမဲ့ မာမားက နမ်းတယ်လေ”

ရယ်နေရင်း ချက်ချင်းမျက်နှာတည်သွားတဲ့အိတိုးက မော်ဒယ်မလေးကို နမ်းပြတာကို သတိရသွားပြီး  နှုတ်ခမ်းလေးတထော်ထော်နဲ့ ရန်တွေ့လာသည်။

“အဲ့တာ မော်ဒယ်မလေးကို နမ်းတာမဟုတ်ပါဘူးခင်ဗျ။ ဖုန်းစခရင်ကိုနမ်းတာပါခင်ဗျ။”

“ဟုတ်ပဲနဲ့”

“ဟောဗျာ ဒီရစ်လုံးလေးက အရမ်းရစ်တာပဲဗျာ”

ကောင်းမြတ်လွန်းက သူနားမှာရှိနေတဲ့ အိတိုလေးကို ရင်ခွင်ထဲဆွဲထည့်ပြီး အတိုလေးရဲ့ ပုခုံးနဲ့ လည်တိုင် ဆက်ကြားနေရာလေးကို မေးစေ့လေးနဲ့ ကလိထိုးတော့သည်။

“အား …မာမား …ယားတယ် …”

“မာမားက ချစ်လို့လေ”

“ချစ် …ချစ်ရင် … အား … မာမား … ချစ်ရင်နမ်းလေ ….ကလိ .. ခစ် ..ခစ်… ကလိ … မထိုးနဲ့ …”

တခစ်ခစ်ရယ်ရင်း တွန့်လိမ်နေတဲ့ အိတိုလေးဆီက မောဟိုက်သံလေးတွေပါ ထွက်လာတာကြောင့် ကလိမထိုးတော့ပဲ ပါးလုံးကြီးများကိုသာ ပါးစပ်နဲ့ဆွဲငုံးထားပစ် လိုက်သည်။ အသည်းယားပြီသာ ဆွဲငုံပစ်လိုက်မိတာ အိတိုလေး နာသွားမှဆိုး၍ ချက်ချင်းပြန်လွတ်ပေးလိုက်ရသည်။

“မာ … မား …”

“ကဲ စိတ်ဆိုးပြေပြီလား”

“ပြေသွားပြီ”

“ပြေသွားပြီဆို လာတော့”

ကောင်းမြတ်လွန်းက အိပ်ရာပေါ်လှဲချလိုက်ပြီး လက်မောင်းကို အိတိုလေး ခေါင်းအုံးလို့ရအောင် ဆန်တန့်ထားပေးလိုက်သည်။

အိတိုလေးက လုံးတစ်တစ် ဖင်လေးကို တစ်ပတ်လှည့်ပြီး ကောင်းမြတ်လွန်း လက်မောင်းပေါ်မှာ ချက်ချင်းခေါင်းအုံး အိပ်တော့သည်။

“မျက်လုံးမှိတ်တော့”

“မာမား ..”

“ဗျာ ….”

“ကောင်မလေးတွေကို မချစ်နဲ့နော်”

“ကောင်းမလေးတွေကို မချစ်ရရင် ဘယ်သူ့ကိုချစ်ရမှာလဲ”

“အိတိုလေးနဲ့ dad ကိုပဲချစ်လေ နော် … မာမားနော် …”

“ဟုတ်ပါပြီဗျာ”

“ပုံတွေဖျက်လိုက်နော် မာမား …”

“ဟား .. ဟား … ဟုတ်ပါပြီကွာ အူတိုလိုက်တာလဲ လွန်းပါကော”

“မာမား …”

“ဗျာ …”

“မာမား …မာမားက မြန်မာအင်္ကျီခါးပေါ်တာကြိုက်ရင် အိတိုလေးက dad ကို ဝတ်ခိုင်းလိုက်မယ်လေ မကောင်းဘူးလား”

ကောင်းမြတ်လွန်းတစ်ယောက် ရင်ဖုံးခါးတို အင်္ကျီနဲ့  ကမ္ဘာညိမ်းရဲ့ပုံကို မျက်လုံးထဲမြင်ယောင်ကြည့်ရင်း အသံထွက်၍ပင်ရယ်မိတော့သည်။

“ဟား .. ဟား …အကောင်းဆုံးပဲ သေချာပေါက် ဝတ်ခိုင်ရမယ်”

“ခစ်.. ခစ်.. အဲ့တာဆို dad ကို အိတိုလေးပြောပေးမယ်”

“လိမ္မာလိုက်တဲ့ ဝက်ဝံပေါက်လေး”

“ဟီး … အဲ့တာဆို အိတိုလေး အိပ်တော့မယ်”

အိတိုလေးက ကောင်းမြတ်လွန်းလက်တစ်ဖက်ကို ဆွဲပြီး သူ့ရင်ဘက်ပေါ်တင်းလိုက်သည်။ ထို့နောက် မျက်လုံးတွေပါ မှိတ်ချလိုက်သည်။

ကောင်းမြတ်လွန်းက အိတိုလေး ရင်ဘက်ကို လက်ဖြင့် အသာပုတ်ပေးရင်းချောသိပ်ပေးလိုက်တော့ ခဏအကြာမှာပဲ အိတိုလေး အိပ်ပျော်သွားတော့သည်။

အိတိုလေး အိပ်ပျော်သွားတော့မှ ကောင်းမြတ်လွန်းက ကော်ဖီတစ်ခွက်နဲ့ ကိတ်မုန့် တစ်ချို့ယူပြီး ကမ္ဘာညိမ်းရဲ့ အလုပ်ခန်းဆီသို့သွားသည်။

အခန်းတံခါးကို သုံးချက်ခေါက်ပြီးမှ

“အစ်ကို ကျွန်တော်ပါ”

“ဝင်လာခဲ့လေ ကိုယ့်အချစ်"

“ကိုယ့်အချစ်” ဆိုတဲ့ အခေါ်အဝေါ်လေးကြောင့် ကောင်းမြတ်လွန်း တစ်ယောက်  ဟန်မဆောင်နိုင်အောင် ပြုံးမိသွားသည်။

အခန်းထဲဝင်လာတဲ့ ကောင်းမြတ်လွန်းရဲ့လက်ထဲမှာတော့ ကော်ဖီဗန်းလေးရှိနေခဲ့သည်။ အမြဲတမ်း ပီကေလိုကပ်နေတက်တဲ့ ဝက်ဝံပေါက်လေးကို မမြင်ရတာကြောင့်

"အိတိုလေးကော”

“အိတိုလေးကို နေ့လည်ခင်းတစ်ရေးသိပ်ထားတယ်။ အခု အစ်ကို့အတွက် ကော်ဖီနဲ့မုန့်လာပို့တာ”

“ပင်ပန်းအောင်လို့ကွာ”

“မပင်ပန်းပါဘူး။ အစ်ကို အလုပ်တွေ အရမ်းများနေတာလား”

“ဆိုပါတော့”

“ကျွန်တော်ကူပေးချင်တယ်။ ကူလို့ရတာရှိလား။”

“သေချာပေါက်ရှိတာပေါ့”

ကောင်းမြတ်လွန်းက သူ ကူလုပ်ပေးခွင့်ရသွားတာမို့ ကျေနပ်မိသွားသည်။

အချိန်တိုင်းလို ကောင်းမြတ်လွန်းဘက်ကပဲ အကူအညီတွေ ယူနေခဲ့တာကြောင့် ဒီတစ်ခါသူ့ဘက်က ကူညီပေးခွင့် ရတော့မှာမို့ စိတ်ထဲမှာတော်တော်လေး တက်ကြွနေမိသည်။

“လာလေ”

ကောင်းမြတ်လွန်း အလုပ်စားပွဲနားကနေ ကမ္ဘာညိမ်းရဲ့ဘေး သို့ ခပ်သွက်သွက်ပဲ လျှောက်သွား လိုက်သည်။

ကမ္ဘာညိမ်းက ကောင်းမြတ်လွန်း သူ့အနားရောက်လာတာနဲ့ လက်ကောက်ဝတ်ကို အသာဆွဲပြီး သူ့ပေါင်ပေါ်မှာထိုင်စေလိုက်သည်။

“အစ်ကို …”

“ခဏလေးဖက်ထားပါရစေ အင်အားတွေရယူချင်လို့”

ကောင်းမြတ်လွန်းလည်း သူ့ခါးထက်မှာ နေရာယူလာတဲ့ သန်မာတဲ့လက်တစ်စုံကို ထပ်ကိုင်ပေးပြီး ငြိမ်နေပေးလိုက်သည်။

“အိတိုလေးက ကိုယ့်အချစ်ကို အရမ်းကပ်နေတာ။ အဲ့အတွက် အဆင်ပြေရဲ့လား”

“အဆင်ပြေပါတယ်။ ကျွန်တော် ပျော်ပါတယ်။”

“အခုနောက်ပိုင်း အိတိုလေးက ကိုယ့်အနားတောင် သိပ်မကပ်တော့ဘူး”

“ဘာလဲ စိတ်မကောင်းဖြစ်နေတာလား”

ကောင်းမြတ်လွန်းက ကမ္ဘာညိမ်းလက်ဖမိုးကို ပွတ်သတ်ပေးရင်း မေးလိုက်သည်။

“နည်းနည်းပေါ့။ အရင်ကလောက် အနေမနီးတော့သလိုပဲ။ အရင်တုန်းကဆို သွားတိုက်တာပဲဖြစ်ဖြစ် ရေချိုးတာပဲဖြစ်ဖြစ် dad ….ဆိုပြီး အားကိုးနေကျလေ။ အခုတော့ သူက မာမားကိုပဲ ရှာနေတော့တာ။  ကိုယ့်ဘက်က အိတိုလေးကို အချိန်မပေးနိုင်တာလဲ ပါသလို ကိုယ့်အချစ် ရှိနေတယ်ဆိုပြီး စိတ်ချ နေမိတာလဲ ပါတယ်။”

“အိတိုလေးက အစ်ကို့ကိုချစ်ပါတယ်။ အိတိုလေးက အစ်ကို့နား မကပ်တော့ဘူးဆိုတာ အိတိုလေးက လိမ္မာတဲ့ ကလေးလေးဖြစ်နေလို့ပါ။ အစ်ကို့ သားလေးက အစ်ကို သူ့ကို အချိန်မပေးနိုင်ဘူးဆိုတာ နားလည်နေပြီလေ အဲ့တာကြောင့် သူ့ဘာသာ အဆင်ပြေအောင် နေနေတာပါ။”

ကောင်းမြတ်လွန်းဆိုတဲ့ ကောင်လေးက လူတစ်ယောက်ကို စိတ်သက်သာရာ ရအောင် သိပ်ပြောတက်သည်။

ကမ္ဘာညိမ်းက ကောင်းမြတ်လွန်းရဲ့ နှစ်သိမ့် စကားကြောင့် သူ့ကိုယ်သူ အပြစ်ရှိသလို လေးလေးပင်ပင် ခံစားနေရတာတွေ အားလုံး  ချက်ချင်းပေါ့ပါးသွားသလိုခံစားလိုက်ရသည်။

“အိတိုလေးက တကယ်ကို လိမ္မာတဲ့ကလေးလေးပါ။ သူငယ်ငယ်လေး ကတည်းက အမေမရှိတာ သိလို့လားမသိဘူး နို့ဆာရင်တောင် လက်မလေးစုပ်ပြီး ငြိမ်နေတက်တာ။ အိမ်မှာဆိုလည်း သူ့အခန်းလေးထဲမှာပဲ အရုပ်ကလေးတွေနဲ့ ကစားပြီး ငြိမ်နေတက်သလို ကိုယ့်အလုပ်က အခန်းလေးထဲမှာဆိုလဲ ရုပ်ပြပုံပြင် စာအုပ်လေးတွေဖတ်ပြီး ငြိမ်နေတာပဲ။ ကိုယ် အလုပ်အားလို့ တစ်ခါတစ်လေများ အပြင် လိုက်ပို့ပေးတာတို့ အတူ ကစားပေးတာတို့ဆို သိပ်ပျော်နေတက်တာ။ အိတိုးလေး ဆိုးဆိုးဝါးဝါး ပူဆာဖူးတာဆိုလို့ ဟော့ဒီက ကိုယ့်အချစ် ကိုပဲ မာမားအဖြစ် အိမ်ကိုအပါ ခေါ်ခိုင်းတာလေးတစ်ခုပဲ ရှိခဲ့ဖူးတာ။"

ကမ္ဘာညိမ်းအပြောမှာ ကောင်းမြတ်လွန်း နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိသွားသည်။

ထို့နောက် မနေတက်သလိုပုံစံဖြင့် မျက်လွှာတွေကို ချထားလိုက်ပြီး နည်းနည်းရှက်စရာကောင်းတဲ့ ခံစားချက်ကို ထုတ်ဖော်ပြောမိသည်။

"အမှန်းတိုင်းဝန်ခံရရင် ကျွန်တော် ကလေးမချစ်တက်ဘူး။ အိတိုလေးနဲ့ စတွေ့တဲ့နေ့တုန်းကဆို ကျွန်တော် စိတ်ရှုပ်ပြီး ဒေါသတွေထွက်နေခဲ့တာ။ ဒါပေမဲ့ အိတိုလေး ကျွန်တော့်အပေါ်ထားတဲ့ သံယောဇဉ်တွေ  မေတ္တာတွေကို မြင်လာရတော့ ကျွန်တော်ကိုယ်တိုင်တောင် သတိမထားမိခင်မှာပဲ အိတိုလေးကို ကျွန်တော် သံယောဇဉ်ဖြစ်သွားခဲ့တာ။ အခုလဲ မရှက်တမ်းဝန်ခံရရင် ကျွန်တော့်ကိုယ် ကျွန်တော် အိတိုလေးရဲ့ မာမားအဖြစ် နေရတာကို တော်တော်လေး အသားကျနေပြီ။ ကျွန်တော်က ယောက်ျားတစ်ယောက် ဖြစ်နေတာတောင် "မာမား" ဆိုတဲ့ နမ်စားကို တော်တော်လေး သဘောကျနေမိပြီ။"

"ကျေးဇူးတင်ပါတယ် ကိုယ့်သားလေးကို ချစ်ပေးလို့ ပြီးတော့ ကိုယ့်ကိုပြန်ချစ်ပေးလို့"

ကမ္ဘာညိမ်းက ကောင်းမြတ်လွန်းကိုယ်လေးကို ပိုမိုတင်းကြပ်စွာဖက်ထားလိုက်ပြီး လည်တိုင်ကျော့ကျော့လေးကို ခပ်ဖွဖွလေး လှမ်းနမ်းလိုက်သည်။

ကောင်းမြတ်လွန်းရဲ့ ကိုယ်လေးက အလိုအလျှောက်တုန်ပြန်သည့်အနေဖြင့် အနည်းငယ် တွန့်သွားသော်လည်း ငြင်းဆန်သည့်အမူအရာမျိုးတော့မရှိ။

"ကျွန်တော်ကသာ ကျေးဇူးတင်ရမှာပါ။"

"ကိုယ်တို့မိသားစု ညကျရင် အပြင်ထွက်ကြမလား"

မိသားစုဆိုတဲ့ စကားလုံးလေးက ကောင်းမြတ်လွန်း၏ နှလုံးသားကို နွေးထွေးသွားစေသည်။ မိသားစုဆိုတဲ့ စကားလုံးက ကောင်းမြတ်လွန်းရဲ့ ဘဝစာမျက်နှာမှာ ပျောက်ဆုံးနေခဲ့တာ ကြာခဲ့ပြီဖြစ်သည်။ အခုမှ ပြန်လည် အသက်ဝင်လာတဲ့ မိသားစုဆိုတဲ့ စကားလုံးကို ကောင်းမြတ်လွန်း သိပ်သဘောကျသည်။ သေချာသည်။ သူ့အတွက် အခုလက်ရှိ ပိုင်ဆိုင်ထားတဲ့ မိသားစုလေးက ကမ္ဘာလောကတစ်ခွင်က ဖန်ဆင်းရှင်တွေချီးမြှင့် ပေးထားတဲ့ ကောင်းချီးမင်္ဂလာတစ်ပါးပင်ဖြစ်သည်။

"ထွက်ကြမယ်လေ ကျွန်တော်ကော အိတိုလေးကော အပြင် ထွက်မလည်ရတာ ကြာလှနေပြီ။ အဲ့တာကြောင့် ညမှ မဟုတ်ပဲ ဒီညနေပဲ အပြင်ထွက်လည်လို့ မရဘူးလား"

ကောင်းမြတ်လွန်း စိတ်ထဲမှာ တားထားတဲ့ စည်းတစ်ချို့က အလိုအလျှောက် ကျိုးပျက်သွားချိန်မှာတော့ ကောင်းမြတ်လွန်းအနေနဲ့ ကမ္ဘာညိမ်းဆိုတဲ့ လူအပေါ်မှာ ပိုမို ပွင့်လင်းလာနိုင်ခဲ့ပြီ ဖြစ်သည်။ အဲ့တာကြောင့်လည်း ကောင်းမြတ်လွန်းက ကမ္ဘာညိမ်းကို ခပ်ချွဲချွဲလေး တောင်းဆိုမိသည်။

"ဒါဆို ကိုယ် အလုပ်တွေ အမြန်ဆုံး လက်စသတ်လိုက်မယ်။ အိတိုလေးအိပ်ရာက နိုးလာတာနဲ့ လျှောက်လည်ကြတာပေါ့။"

ကောင်းမြတ်လွန်း ခေါင်းတဆက်ဆက်ငြိတ်ပြီး ကမ္ဘာညိမ်းကို ပြုံးပြလိုက်သည်။

"ဒါဆို ကျွန်တော် သွားတော့မယ်"

"နေပါဦး .. အခု ကိုယ်က သုံးဆလောက်ပိုပြီး အလုပ်ကို အမြန်ပြီးအောင်လုပ်ရတော့မှာ။ အဲ့တာကြောင့် နဖူးလေး ပါးလေးနဲ့ နှုတ်ခမ်းလေးတော့ နမ်းခွင့်ပေးပါဦး"

ကမ္ဘာညိမ်းရဲ့ ပေါင်ပေါ်မှာ ထိုင်နေဆဲဖြစ်တဲ့ ကောင်းမြတ်လွန်းက မျက်နှာလေးကို အလိုက်တသိငုံ့ပေးလိုက်သည်။

ကမ္ဘာညိမ်းကလည်း မျက်နှာလေးမော့လို့ မြတ်နိုးကြင်နာမိတဲ့ ချစ်သူလေးရဲ့ နဖူးလေး ပါးလေး နဲ့ နှုတ်ခမ်းလေးများပေါ်သို့ ကြင်ကြင်နာနာ အနမ်းလေးများ ပေးအပ်လိုက်သည်။

T.B.C 🐻
Thanks 😘

10:38PM(Fri)
11.02.2022
G14

© G Fourteen,
книга «အိတိုေလးရဲ႕မာမား အိတိုလေးရဲ့မာမား».
အိတို (၂၉)
Коментарі