အိတို
အိတို (၀၁)
အိတို (၀၂)
အိတို (၀၃)
အိတို (၀၄)
အိတို (၀၅)
အိတို (၀၆)
အိတို (၀၇)
အိတို (၀၈)
အိတို (၀၉)
အိတို (၁၀)
အိတို (၁၁)
အိတို (၁၂)
အိတို (၁၃)
အိတို (၁၄)
အိတို (၁၅)
အိတို (၁၆)
အိတို (၁၇)
အိတို (၁၈)
အိတို (၁၉)
အိတို (၂၀)
အိတို (၂၁)
အိတို (၂၂)
အိတို (၂၃)
အိတို (၂၄)
အိတို (၂၅)
အိတို (၂၆)
အိတို (၂၇)
အိတို (၂၈)
အိတို (၂၉)
အိတို (၃၀)
အိတို (၃၁)
အိတို (ဇာတ္သိမ္း)
အိတို (၂၁)
အိုတိုေလးရဲ႕မာမား🐻အခန္း(၂၁)
Zawgyi

“မ်က္ႏွာသိပ္မလန္းဘူး။ ဘာကိစၥမ်ားအခက္အခဲရွိေနလို႔လဲ။”

မနက္စာစားခ်ိန္တစ္ေလွ်ာက္လုံး မ်က္ႏွာမေကာင္းတဲ့ ေကာင္းျမတ္လြန္း။
မ်က္ႏွာမေကာင္းရတဲ့ အေၾကာင္းအရင္းကို သိေသာ္ျငားလည္း စကားစရန္ခက္ခဲေနေသာ ေကာင္ေလးကို စကားလမ္းေၾကာင္းဖြင့္ေပးခ်င္တာေၾကာင့္ မသိဟန္ေဆာင္၍ ေမးလိုက္သည္။

အိတိုေလးက ကာတြန္းကားကိုစိတ္ဝင္တစားၾကည့္ေနရာက သူ႕ဒယ္ဒီအသံေၾကာင့္ နား႐ြက္ေထာင္ကာ နားစြင့္ေတာ့သည္။

ထို႔ေနာက္
“မာမားေနမေကာင္းလို႔လား” ဟု လည္ျပန္တေစာင္းလွည့္ၾကည့္ရင္းေမးလာသည္။

“ေနေကာင္းပါတယ္။ တကယ္ေတာ့ ကြၽန္ေတာ္ အစ္ကို႔ကိုေကာ အိတိုေလးကိုပါေျပာစရာရွိတယ္။”

“ေျပာေလ နားေထာင္ေပးမယ္။”

“အိတိုေလးလဲ နားေထာင္ေပးမယ္။”

ဆိုဖာခုံေပၚမွာ တင္ပ်ဥ္ေခြထိုင္ေနတဲ့ ေကာင္းျမတ္လြန္းေပါင္းေပၚကို ေဆြ႕ခနဲခုန္တက္လာတဲ့ အိတိုေလးကို ေကာင္းျမတ္လြန္းက အလိုက္သင့္ေလး ေပြ႕ဖက္ထားေပးလိုက္သည္။

“ကြၽန္ေတာ္ … ေနစရာရွာေတြ႕ၿပီ အစ္ကို။ အဲ့တာ ကြၽန္ေတာ္ ဒီေန႕ပဲေျပာင္းသြားလိုက္ေတာ့မယ္။ ဒီအေတာအတြင္း ေနစရာေနရာေကာ စားစရာေကာ စီစဥ္ေပးၿပီး ေစာင့္ေရွာက္ေပးခဲ့တဲ့အတြက္ ေက်းဇူးတင္ပါတယ္။”

“dad … မာမား ဘာေျပာတာလဲဟင္”

ငိုမဲ့မဲ့ေလးနဲ႕ေမးလာတဲ့ အိတိုေလးက ေကာင္းျမတ္လြန္း ဘာေျပာတာလဲဆိုးတာကို နားလည္ေသာ္လည္း လက္မခံခ်င္၍ ထပ္ေမးလာသည္။

“မာမားက ဒီမွာမေနေတာ့ဘူး။ အိမ္ျပန္ေတာ့မွာ။ အဲ့တာေၾကာင့္ dad နဲ႕ အိတိုေလးကို ႏႈတ္ဆက္ေနတာ။”

“မရပါဘူး။ မာမားက အိတိုေလးနဲ႕ပဲေနရမွာ။ ဘယ္မွမသြားရဘူး။ ေနာ္… မာမား ေနာ္…။ အိတိုေလးနဲ႕ပဲေနေနာ္ …။ အိတိုေလး လိမၼာပါ့မယ္ အိတိုေလးနဲ႕ပဲေနေနာ္ … မသြားပါနဲ႕ …။ dad … မာမားကို ကူေျပာေပးပါ။”

ေကာင္းျမတ္လြန္းကို တင္းေနေအာင္ ဖတ္ထားၿပီး ထားမသြားဖို႔ေျပာကာ ရွိုက္ငိုေနတဲ့ အိတိုေလးေၾကာင့္ ေကာင္းျမတ္လြန္းပါ မ်က္ရည္ဝဲလာရသည္။

သို႔ေသာ္ သူတကယ္ပဲ ဆုံးျဖတ္ထားၿပီးသားကိစၥျဖစ္ေနတာေၾကာင့္ အိုတိုေလး ဝမ္းမနည္းေအာင္ အတက္နိုင္ဆုံးေဖ်ာင္းဖ်ေပးဖို႔ႀကိဳးစားလိုက္သည္။

“အိတို … ကိုကိုက အိတိုေလးကို ပိတ္ရက္ေတြၾကရင္ ခဏခဏ လာေတြ႕မွာပါ။ ေန႕လည္က်ရင္လဲ ထမင္းအတူတူ စားေပးမယ္ေလ။”

“ဟင့္အင္း … အဲ့လို … အဲ့လိုဆို …အိတိုေလးက မာမား… မာမားဆီက ... ေမာနင္းကစ္ နဲ႕ ဂြတ္နိုက္ကစ္ …  မရေတာ့ပဲေနမွာ…။ ၿပီးေတာ့ကိုကိုမဟုတ္ဘူး … မာမား …။ မာမားက အိတိုေလးရဲ႕မာမား… ။ မာမားက …. အိတိုေလးနဲ႕ပဲ … ေနရမွာ… ။ အိတိုေလးကို ထား … ထားမသြားပါနဲ႕ေနာ္ …။ အိတိုေလးကို မခ်စ္ေတာ့လို႔လာဟင္ …။ မာမား … အိတိုေလးကို မခ်စ္ … မခ်စ္ေတာ့လို႔လားဟင္ ….။ အိတို … အိတိုေလးက ဆိုးလို႔လား …။ အဲ့တာဆို မာမားက အိတိုေလးကို ရိုက္ပါ။ ဘယ္မွမသြားပါနဲ႕။”

အဆက္မပ်က္က်ေနတဲ့ မ်က္ရည္ေတြကို လက္ခုံးေလးသုတ္ဖယ္ကာ ငိုငိုၿပီးေျပာေနတဲ့ အိတိုေလးက တကယ္ကို သနားစရာေကာင္းလွသည္။

ငိုရလြန္းလို႔ ရွိုက္ေနတဲ့ၾကားက စကားကို အသံမနည္းထြက္ေအာင္ အားယူၿပီးေျပာေနတဲ့  အိတိုေလးက ေခ်ာင္းမ်ားတဟြတ္ဟြတ္ဆိုးလာသည္အထိပင္။

“အိတို … အိတိုအဲ့လိုငိုေနရင္ ကိုကို စိတ္မေကာင္းျဖစ္ၿပီး ဝမ္းနည္းသြားလိမ့္မယ္။ ကိုကို႔ကို စိတ္ညစ္ေအာင္လုပ္မလို႔လား။ ၿပီးေတာ့ ကိုကိုက အိတိုေလး မာမားမဟုတ္ဘူး။ ကေလးဆန္ဆန္နားပူနားဆာလုပ္ေနတာေတြရပ္ေတာ့။”

ကမၻညိမ္းက ေအးစက္စက္မ်က္ႏွာထားနဲ႕ အိတိုးေလးကို ဆူသလိုေလးေျပာလိုက္သည္။

တစ္ခါမွ မဆူခဲ့ဖူးေပမယ့္ ဒီေလာက္ရွိုက္ငိုေနတဲ့ သူ႕သားငယ္ေလးကို မၾကည့္ရက္ေတာ့တာေၾကာင့္ အငိုရပ္သြားမလားဆိုတဲ့ စိတ္နဲ႕ ဟန႔္လိုက္မိသည္။

သို႔ေသာ္ အေျခအေနက ပို၍ ဆိုးသြားခဲ့သည္။

ေကာင္းျမတ္လြန္း ဖက္ထားေပးတာေတာင္ တစ္ကိုယ္လုံးတုန္ရီေနတဲ့ အိတိုေလးက သူ႕ဒယ္ဒီ စိတ္ဆိုးေနတာေၾကာင့္ အသံမထြက္ေအာင္ႀကိဳစားရင္း ႏႈတ္ခမ္းႏွစ္လႊာကိုအတင္ေစ့ကာ  ဆက္ျပီးႀကိတ္ငိုေနခဲ့သည္။

“အစ္ကို ကေလးကို မဆူပါနဲ႕ ကေလးအျပစ္မဟုတ္ပါဘူး”

“ကိုယ္တို႔ကို အားနာမေနပါနဲ႕။ ျပန္စရာရွိတာျပန္ပါ။ ကေလးေတြတိုင္းက အဲ့လိုပဲ။ ဧည့္သည္ျပန္ရင္ ငိုတက္ၾကတယ္။ ကိုယ္ အိတိုေလးကို ေသခ်ာနားလည္ေအာင္းရွင္းျပျပီး ေခ်ာ့ေပးလိုက္မွာမို႔လို႔ မင္းသြားခ်င္သြားလို႔ရၿပီ။ ဘာပဲျဖစ္ျဖစ္ မင္းဘက္ကိုမေတြးပဲ ကိုယ့္အိမ္ မွာ အတင္း ေခၚထားမိလို႔ ေတာင္းပန္ပါတယ္။ ဒီအေတာအတြင္း အိတိုေလးကို ဂ႐ုစိုက္ၿပီး အေဖာ္လုပ္ေပးခဲ့တာအတြက္လဲ ေက်းဇူးတင္ပါတယ္။”

အိတိုေလးကို မ်က္ႏွာမလြဲရက္ေသာ္လည္း သူသာ ဒီအခ်ိန္မွာ မျပတ္သားရင္ ဒီသံေယာဇဥ္ႏြံထဲက တစ္သက္လုံးျပန္႐ုံးထြက္နိုင္ေတာ့မွာ မဟုတ္တာေၾကာင့္ ကမာၻညိမ္းစကားကိုေခါင္းညိတ္လက္ခံလိုက္သည္။

“ကြၽန္ေတာ့ကို နားလည္ေပးလို႔ေက်းဇူးတင္ပါတယ္။”

ေကာင္းျမတ္လြန္း စကားဆုံးတာနဲ႕ ကမာၻညိမ္းက အိတိုေလးကို ေကာင္းျမတ္လြန္းရင္ခြင္ထဲက ေခၚထုတ္လိုက္သည္။

“ဟင့္အင္း … မာမားနဲ႕ေနမွာ”

ေကာင္းျမတ္လြန္း အကၤ်ီစကိုမလြတ္တမ္းဆြဲထားတဲ့အိတိုေလး။

ပထမဆုံးစေတြ႕တုန္းက ေကာင္းျမတ္လြန္းေဘာင္းဘီအနားစကို ဆုပ္ကိုင္ထားတဲ့ ဝက္ဝံေပါက္ေလးအတိုင္းပင္။

ကမာၻညိမ္းက အိတိုေလးရဲ႕ ေကြးကုပ္ထားတဲ့ လက္ေခ်ာင္းေသးေသးေလးေတြကို လူႀကီးအာနဲ႕ ျဖန႔္လိုက္ၿပီး အိတိုေလးတစ္ကိုယ္လုံးကို ရင္ခြင္ထဲထည့္ၿပီး သိမ္းက်ဳံး ဖက္ထားေပးလိုက္သည္။

မ်က္ရည္မ်ားသြင္သြင္က်ရင္း ကမာၻညိမ္းလက္ထဲက ႐ုန္းထြက္ဖို႔ႀကိဳးစားေနတဲ့ အိတိုေလးက သူ႕မာမားကို ထြက္မသြားေအာင္ ဆြဲထားခ်င္စိတ္ျဖင့္ ကိုယ္ကိုေကာ့လန္ကာ ႐ုန္းကန္ေနခဲ့သည္။

ေကာင္းျမတ္လြန္းလည္း ႐ုန္းရင္ဆန္ခတ္ ျဖစ္ေနတဲ့ အိတိုေလးတို႔သားအဖကို မ်က္ႏွာလြဲၿပီး အခန္းထဲမွာ အသင့္ျပင္ထားတဲ့ ခရီးေဆာင္အိတ္ကို သြားယူလိုက္သည္။

ခရီးေဆာင္အိတ္ယူၿပီး အခန္းထဲက ျပန္ထြက္လာတဲ့ ေကာင္းျမတ္လြန္းက အိတိုေလးမ်က္ႏွာကို ဘယ္လိုမွမႀကည့္ရက္ေတာ့တာေၾကာင့္ ေခါင္းငုံၿပီးသာ အိတိုေလးကို သားအဖ ႏွစ္ေယာက္လုံးေရွ႕က ျဖတ္ေက်ာ္ကာ ခပ္သြက္သြက္ေလး ထြက္သြားဖို႔ ေျခလွမ္းေတြကို လႈပ္ရွားလိုက္သည္။

တစ္လွမ္း … ႏွစ္လွမ္း … သုံးလွမ္း … ေျခလွမ္းတိုင္းကို အိတိုေလးရဲ႕ငိုသံေတြေၾကာင့္ တုံ႕ဆိုင္းမသြာမိေအာင္ အေတာ္ေလးထိန္းခ်ဳပ္ထားရသည္။

ေျခတစ္လွမ္း လွမ္းလိုက္တိုင္း အိတိုေလးရဲ႕ "မာမား" ဆိုတဲ့ေခၚသံက သူ႕ႏွလုံးသားကိုထိုးႏွက္ေနသလို နာက်င္လာရသည္။

ထိန္းထားတဲ့ၾကားကပင္ သူကိုယ္တိုင္လည္းမ်က္ရည္က်မိသည္။

ေနာက္ဆုံး အိမ္ျပင္သို႔ေရာက္ရန္ ေျခတစ္လွမ္းအလိုမွာေတာ့ အိတိုေလးရဲ႕ငိုသံဟာ ႐ုတ္ခ်ည္းဆိုသလို ေပ်ာက္ကြယ္သြားၿပီး ကမာၻညိမ္းရဲ႕ စိုးရိမ္တႀကီးျဖစ္ေနတဲ့ အသံကိုသားၾကားလိုက္ရသည္။

“အိတို ….”

ေကာင္းျမတ္လြန္းတစ္ေယာက္ ခရီးေဆာင္အိတ္ကိုပစ္ခ်လိဳက္ၿပီး ေနာက္ျပန္လွည့္ကာ အိတိုေလးဆီသို႔ေျပးသြားမိသည္။

“အစ္ကို … အိတိုေလး …”

တက္ ေနတဲ့ အိတိုေလးကို ၾကည့္ရင္း ေကာင္းျမတ္လြန္း၏ ေျခဖ်ားလက္ဖ်ားမ်ား ေအးစက္လာၿပီး မ်က္ရည္မ်ားထိန္းမရေအာင္က်လာေတာ့သည္။

ကမာၻညိမ္းကလည္း မထင္မွတ္ထားတဲ့ အေျခအေနေၾကာင့္ ထိတ္ျပာကာ ဘာစကားမွေျပာမထြက္ေတာ့ပဲ အိတိုေလးသာခ်ီထားၿပီး လွ်ာမကိုက္မိေအာင္ ထိန္းေပးေနရသည္။

“အစ္ .. အစ္ကို … ေဆး႐ုံပို႔ရေအာင္”

“အင္ … ေဆး႐ုံသြားရမယ္”

ကမာၻညိမ္း မတ္တပ္ရပ္လိုက္တဲ့ အခ်ိန္မွာပဲ တက္ေနတဲ့အိတိုေလးက သတိလစ္သြားခဲ့ေလၿပီ။

ကမၻာညိမ္းေကာ ေကာင္းျမတ္လြန္းေကာ ႏွစ္ေယာက္လံုးရဲ႕ရင္ထဲမွာ ေခ်ာ္ရည္ပူေတြက်ဆင္းေနသလို ပူေလာင္ကာ ဆို႔နင့္မႈကိုခံစားလိုက္ရသည္။

တစ္စံုတစ္ခုကို မေတာ္တဆဆံုးရႈံူးလိုက္ရမွာ ေႀကာက္တဲ့ခံစားခ်က္က ေယာက္်ားရင့္မာႀကီးမ်ားျဖစ္ႀကတဲ့ ကမၻာညိမ္းနဲ႕ ေကာင္းျမတ္လြန္းကို အလြယ္တကူျပိဳလဲေအာင္လုပ္နိုင္ခဲ့သည္။

စိုးရိမ္ပူပန္စိတ္နဲ႔အတူ ေနာင္တ ဆိုတဲ့ အရာက ကပ္ပါလာေတာ့ သူတို႔ႏွစ္ေယာက္လံုးအတြက္ကေသြးပ်က္စရာျဖစ္ေနသည္။

အေစာပိုင္းကေလးတင္မွ ငိုေႂကြးေနတဲ့ကေလးေလးက ၿငိမ္သက္စြာျဖင့္မ်က္လုံးမ်ားမွိတ္ၾကသြားတာျမင္လိုက္ရေတာ့ ကမာၻညိမ္းတစ္ေယာက္ ကမာၻပ်က္သလိုခံစားလိုက္ရသည္။
ေကာင္းျမတ္လြန္းကလည္း ထိုနည္၎ပင္။

ကမာၻညိမ္းေကာ ေကာင္းျမတ္လြန္းပါ ဖိနပ္ေတာင္မပါပဲ ကေလးေဆး႐ုံသို႔ ေရာက္သြားၾကသည္။

ကေလးအထူးကုဆရာဝန္ႀကီးရဲ႕ အေသးစိတ္ ဂ႐ုစိုက္ကုသေပးမႈေၾကာင့္ အိတိုေလးဟာ ျပန္သတိရလာခဲ့ေသာ္လည္း စိတ္ပင္ပန္းမႈေတြမ်ားခဲ့တဲ့ ကေလးငယ္ေလးအိတိုေလးခင္ဗ်ာ အသက္ရႉသံမွန္မွန္ျဖင့္ ျပန္လည္အိပ္ေပ်ာ္သြားခဲ့သည္။

အိတိုေလးရဲ႕ လုံးအိေနတဲ့ ပါးလုံးအိအိေလးေပၚကို ႏႈတ္ခမ္းျဖင့္ အသာအယာဖြဖြေလးနမ္းလိုက္တဲ့ ကမာၻညိမ္း။

ေကာင္းျမတ္လြန္းကိုယ္တိုင္းလည္း ခ်စ္စရာေကာင္းလွတဲ့ အိတိုေလးကို နမ္းရွိုုက္ေပးခ်င္မိေပမဲ့  အပစ္ရွိတဲ့စိတ္ေၾကာင့္ အနားေတာင္မကပ္ဝံ့ပဲ ခမ္လွမ္းလွမ္း ကေနသာ ေငးၾကည့္ေနရသည္။

“ေကာင္းျမတ္လြန္း … လာေလ”

ကမာၻညိမ္းက ေကာင္းျမတ္လြန္းကို အလိုက္သိစြာျဖင့္ အိတိုေလး အနားလာဖို႔ ေခၚလိုက္သည္။

ေကာင္းျမတ္လြန္းလည္း တစ္ေ႐ြ႕ေ႐ြ႕နဲ႕ အိတိုေလးအနားသို႕ ေလွ်ာက္သြားလိုက္သည္။

အိတိုေလးရဲ႕မ်က္ႏွာကို အနီးကပ္ျမင္လိုက္ရေတာ့ သူကိုယ္တိုင္ေတာင္ မသိလိုက္ခင္မွာပဲ မ်က္ရည္ က်လာေတာ့သည္။

“အရမ္း စိုးရိမ္သြားတယ္ မဟုတ္လား။ အခု စိတ္ခ်ရပါၿပီ။”

ကမာၻညိမ္းက ေကာင္းျမတ္လြန္း ပုခုံးကို ကိုင္ၿပီး ႏွစ္သိမ့္ေပးသည္။

“ကြၽန္ေတာ္ ေတာင္းပန္ပါတယ္။ အဲ့ေလာက္ထိျဖစ္သြားမယ္လို႔ မထင္ခဲ့လိုပါ။”

ကေလးတစ္ေယာက္လိုပင္ နင့္နင့္သည္းသည္း စတင္ငိုေႂကြးလာတဲ့ ေကာင္းျမတ္လြန္းက အိတိုေလးတစ္ခုခုျဖစ္သြားမွာကို အရမ္းေၾကာက္ေနခဲ့တာျဖစ္သည္။

“မင္းအမွားမဟုတ္ပါဘူး။ အေဖျဖစ္တဲ့ ငါ့အမွားပါ။ ကိုယ္အလုပ္ကိစၥနဲ႕ ခရီးသြားရင္ေတာင္ အိမ္မွာက်န္ေနခဲ့တဲ့ အိတိုေလးက အျပင္းဖ်ားတက္တာကို သိရက္နဲ႕။ အားလုံးက ကိုယ့္ရဲ႕ေပါ့ဆမႈပါ။ ကိုယ္သူ႕ကို မဆူလိုက္သင့္ဘူး။”

“မဟုတ္ပါဘူး အစ္ကိုမမွားပါဘူး။ ကြၽန္ေတာ္မွားတာပါ ကြၽန္ေတာ့အမွား။ ကြၽန္ေတာ္က ကြၽန႔္ေတာ့အတြက္ပဲေတြးၿပီး အလွ်င္စလို လုပ္လိုက္မိတာ။ အိတိုေလးအတြက္ မေတြးေပးလိုက္မိဘူး။ ကြၽန္ေတာ္ တကိုယ္ေကာင္းဆန္မိလို႔ ကြၽန္ေတာ္ …။”

ေကာင္းျမတ္လြန္႔ရဲ႕ အသံေတြထပ္ထြက္မလာေတာ့။ ေခါင္းငံု႔ျပီးသာ ငိုေနေတာ့သည္။

“ေကာင္းျမတ္လြန္း …. ကိုယ္တစ္ခုေလာက္ေတာင္းဆိုခ်င္တယ္။”

“ဟုတ္ကဲ့ ေျပာပါ.”

“အကယ္၍ မင္းအေနနဲ႕ ကိုယ့္အိမ္မွာ ဒီအတိုင္းေနရတာ အဆင္မေျပဘူးဆို အိမ္ငွားအေနနဲ႕ ဆက္ေနေပးလို႔မရဘူးလား။ အဲ့လိုဆို မင္းလည္း အလကားေနသလိုမျဖစ္ေတာ့ဘူးေလ။ ၿပီးေတာ့ စိတ္ခ်ပါ ငါဘယ္လိုအေၾကာင္းနဲ႕မွ သံေယာဇဥ္ျဖစ္ေနၿပီးသား လူႏွစ္ေယာက္ကို ခြဲမွာမဟုတ္ဘူး။ မင္းအေနနဲ႕ မင္းကိုယ္မင္း တစ္ခ်ိန္ခ်ိန္ ထြက္သြားရမယ့္ သူစိမ္းတစ္ေယာက္ပါလို႔ ေတြးေနတဲ့ အေတြးေတြကို ထုတ္ပစ္လိုက္ပါ။ ကိုယ္တို႔အတြက္ ေကာင္းျမတ္လြန္းက မိသားစုဝင္တစ္ေယာက္လိုပါပဲ ဘယ္တုန္းကမွ သူစိမ္းလို႔မဟုတ္ခဲ့ဘူး အဲ့တာကိုယုံပါ။”

“ကြၽန္ေတာ္ အစ္ကို႔စကားနားေထာင္ပါ့မယ္။ ကြၽန္ေတာ္ အိတိုေလးကို ထပ္ၿပီး ဝမ္းမနည္းေစခ်င္ေတာ့ဘူး။ ကြၽန္ေတာ္ … အခု အိတိုေလးကို သနားလို႔ ေသမလိုပဲ ခံစားေနရတယ္။”

“စိတ္ကိုေလွ်ာ့ပါ။ မငိုနဲ႕ေတာ့။ မင္းပါတစ္ခုခုထပ္ျဖစ္သြားရင္ ကိုယ္႐ူးသြားလိမ့္မယ္။”

“ကြၽန္ေတာ္ …. ကြၽန္ေတာ္ ထိန္းလို႔မရဘူး။ မငိုခ်င္ေပမယ့္ ကြၽန္ေတာ္မ်က္ရည္ေတြကို ထိန္းလို႔မရဘူး။ အိတိုေလး တစ္ခုခုျဖစ္သြားမွာကို အရမ္းေၾကာက္ေနခဲ့တာ။ အခုထိ … အခုထိလဲ ေၾကာက္ေနတုန္းပဲ”

ကမာၻညိမ္း အငိုသန္လြန္းတဲ့ေကာင္ေလးကို ရင္ခြင္ထဲဆြဲသြင္းလိုက္သည္။

“ကေလးဆိုးေလးေတြက ကိုယ့္ကို စိတ္ပူေအာင္ သိပ္လုပ္ၾကတာပဲ။ မငိုနဲ႕ေတာ့။ မင္းတို႔က အဲ့လိုျဖစ္ေနေတာ့ ကိုယ့္က အျပစ္ပိုရွိသလိုခံစားရတယ္။”

T.B.C 🐻
THANKS 😘

02:30PM(Wed)
02.02.2022
G14



အိုတိုလေးရဲ့မာမား🐻အခန်း(၂၁)
Unicode

“မျက်နှာသိပ်မလန်းဘူး။ ဘာကိစ္စများအခက်အခဲရှိနေလို့လဲ။”

မနက်စာစားချိန်တစ်လျှောက်လုံး မျက်နှာမကောင်းတဲ့ ကောင်းမြတ်လွန်း။
မျက်နှာမကောင်းရတဲ့ အကြောင်းအရင်းကို သိသော်ငြားလည်း စကားစရန်ခက်ခဲနေသော ကောင်လေးကို စကားလမ်းကြောင်းဖွင့်ပေးချင်တာကြောင့် မသိဟန်ဆောင်၍ မေးလိုက်သည်။

အိတိုလေးက ကာတွန်းကားကိုစိတ်ဝင်တစားကြည့်နေရာက သူ့ဒယ်ဒီအသံကြောင့် နားရွက်ထောင်ကာ နားစွင့်တော့သည်။

ထို့နောက်
“မာမားနေမကောင်းလို့လား” ဟု လည်ပြန်တစောင်းလှည့်ကြည့်ရင်းမေးလာသည်။

“နေကောင်းပါတယ်။ တကယ်တော့ ကျွန်တော် အစ်ကို့ကိုကော အိတိုလေးကိုပါပြောစရာရှိတယ်။”

“ပြောလေ နားထောင်ပေးမယ်။”

“အိတိုလေးလဲ နားထောင်ပေးမယ်။”

ဆိုဖာခုံပေါ်မှာ တင်ပျဉ်ခွေထိုင်နေတဲ့ ကောင်းမြတ်လွန်းပေါင်းပေါ်ကို ဆွေ့ခနဲခုန်တက်လာတဲ့ အိတိုလေးကို ကောင်းမြတ်လွန်းက အလိုက်သင့်လေး ပွေ့ဖက်ထားပေးလိုက်သည်။

“ကျွန်တော် … နေစရာရှာတွေ့ပြီ အစ်ကို။ အဲ့တာ ကျွန်တော် ဒီနေ့ပဲပြောင်းသွားလိုက်တော့မယ်။ ဒီအတောအတွင်း နေစရာနေရာကော စားစရာကော စီစဉ်ပေးပြီး စောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။”

“dad … မာမား ဘာပြောတာလဲဟင်”

ငိုမဲ့မဲ့လေးနဲ့မေးလာတဲ့ အိတိုလေးက ကောင်းမြတ်လွန်း ဘာပြောတာလဲဆိုးတာကို နားလည်သော်လည်း လက်မခံချင်၍ ထပ်မေးလာသည်။

“မာမားက ဒီမှာမနေတော့ဘူး။ အိမ်ပြန်တော့မှာ။ အဲ့တာကြောင့် dad နဲ့ အိတိုလေးကို နှုတ်ဆက်နေတာ။”

“မရပါဘူး။ မာမားက အိတိုလေးနဲ့ပဲနေရမှာ။ ဘယ်မှမသွားရဘူး။ နော်… မာမား နော်…။ အိတိုလေးနဲ့ပဲနေနော် …။ အိတိုလေး လိမ္မာပါ့မယ် အိတိုလေးနဲ့ပဲနေနော် … မသွားပါနဲ့ …။ dad … မာမားကို ကူပြောပေးပါ။”

ကောင်းမြတ်လွန်းကို တင်းနေအောင် ဖတ်ထားပြီး ထားမသွားဖို့ပြောကာ ရှိုက်ငိုနေတဲ့ အိတိုလေးကြောင့် ကောင်းမြတ်လွန်းပါ မျက်ရည်ဝဲလာရသည်။

သို့သော် သူတကယ်ပဲ ဆုံးဖြတ်ထားပြီးသားကိစ္စဖြစ်နေတာကြောင့် အိုတိုလေး ဝမ်းမနည်းအောင် အတက်နိုင်ဆုံးဖျောင်းဖျပေးဖို့ကြိုးစားလိုက်သည်။

“အိတို … ကိုကိုက အိတိုလေးကို ပိတ်ရက်တွေကြရင် ခဏခဏ လာတွေ့မှာပါ။ နေ့လည်ကျရင်လဲ ထမင်းအတူတူ စားပေးမယ်လေ။”

“ဟင့်အင်း … အဲ့လို … အဲ့လိုဆို …အိတိုလေးက မာမား… မာမားဆီက ... မောနင်းကစ် နဲ့ ဂွတ်နိုက်ကစ် …  မရတော့ပဲနေမှာ…။ ပြီးတော့ကိုကိုမဟုတ်ဘူး … မာမား …။ မာမားက အိတိုလေးရဲ့မာမား… ။ မာမားက …. အိတိုလေးနဲ့ပဲ … နေရမှာ… ။ အိတိုလေးကို ထား … ထားမသွားပါနဲ့နော် …။ အိတိုလေးကို မချစ်တော့လို့လာဟင် …။ မာမား … အိတိုလေးကို မချစ် … မချစ်တော့လို့လားဟင် ….။ အိတို … အိတိုလေးက ဆိုးလို့လား …။ အဲ့တာဆို မာမားက အိတိုလေးကို ရိုက်ပါ။ ဘယ်မှမသွားပါနဲ့။”

အဆက်မပျက်ကျနေတဲ့ မျက်ရည်တွေကို လက်ခုံးလေးသုတ်ဖယ်ကာ ငိုငိုပြီးပြောနေတဲ့ အိတိုလေးက တကယ်ကို သနားစရာကောင်းလှသည်။

ငိုရလွန်းလို့ ရှိုက်နေတဲ့ကြားက စကားကို အသံမနည်းထွက်အောင် အားယူပြီးပြောနေတဲ့  အိတိုလေးက ချောင်းများတဟွတ်ဟွတ်ဆိုးလာသည်အထိပင်။

“အိတို … အိတိုအဲ့လိုငိုနေရင် ကိုကို စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းသွားလိမ့်မယ်။ ကိုကို့ကို စိတ်ညစ်အောင်လုပ်မလို့လား။ ပြီးတော့ ကိုကိုက အိတိုလေး မာမားမဟုတ်ဘူး။ ကလေးဆန်ဆန်နားပူနားဆာလုပ်နေတာတွေရပ်တော့။”

ကမ္ဘညိမ်းက အေးစက်စက်မျက်နှာထားနဲ့ အိတိုးလေးကို ဆူသလိုလေးပြောလိုက်သည်။

တစ်ခါမှ မဆူခဲ့ဖူးပေမယ့် ဒီလောက်ရှိုက်ငိုနေတဲ့ သူ့သားငယ်လေးကို မကြည့်ရက်တော့တာကြောင့် အငိုရပ်သွားမလားဆိုတဲ့ စိတ်နဲ့ ဟန့်လိုက်မိသည်။

သို့သော် အခြေအနေက ပို၍ ဆိုးသွားခဲ့သည်။

ကောင်းမြတ်လွန်း ဖက်ထားပေးတာတောင် တစ်ကိုယ်လုံးတုန်ရီနေတဲ့ အိတိုလေးက သူ့ဒယ်ဒီ စိတ်ဆိုးနေတာကြောင့် အသံမထွက်အောင်ကြိုစားရင်း နှုတ်ခမ်းနှစ်လွှာကိုအတင်စေ့ကာ  ဆက်ပြီးကြိတ်ငိုနေခဲ့သည်။

“အစ်ကို ကလေးကို မဆူပါနဲ့ ကလေးအပြစ်မဟုတ်ပါဘူး”

“ကိုယ်တို့ကို အားနာမနေပါနဲ့။ ပြန်စရာရှိတာပြန်ပါ။ ကလေးတွေတိုင်းက အဲ့လိုပဲ။ ဧည့်သည်ပြန်ရင် ငိုတက်ကြတယ်။ ကိုယ် အိတိုလေးကို သေချာနားလည်အောင်းရှင်းပြပြီး ချော့ပေးလိုက်မှာမို့လို့ မင်းသွားချင်သွားလို့ရပြီ။ ဘာပဲဖြစ်ဖြစ် မင်းဘက်ကိုမတွေးပဲ ကိုယ့်အိမ် မှာ အတင်း ခေါ်ထားမိလို့ တောင်းပန်ပါတယ်။ ဒီအတောအတွင်း အိတိုလေးကို ဂရုစိုက်ပြီး အဖော်လုပ်ပေးခဲ့တာအတွက်လဲ ကျေးဇူးတင်ပါတယ်။”

အိတိုလေးကို မျက်နှာမလွဲရက်သော်လည်း သူသာ ဒီအချိန်မှာ မပြတ်သားရင် ဒီသံယောဇဉ်နွံထဲက တစ်သက်လုံးပြန်ရုံးထွက်နိုင်တော့မှာ မဟုတ်တာကြောင့် ကမ္ဘာညိမ်းစကားကိုခေါင်းညိတ်လက်ခံလိုက်သည်။

“ကျွန်တော့ကို နားလည်ပေးလို့ကျေးဇူးတင်ပါတယ်။”

ကောင်းမြတ်လွန်း စကားဆုံးတာနဲ့ ကမ္ဘာညိမ်းက အိတိုလေးကို ကောင်းမြတ်လွန်းရင်ခွင်ထဲက ခေါ်ထုတ်လိုက်သည်။

“ဟင့်အင်း … မာမားနဲ့နေမှာ”

ကောင်းမြတ်လွန်း အင်္ကျီစကိုမလွတ်တမ်းဆွဲထားတဲ့အိတိုလေး။

ပထမဆုံးစတွေ့တုန်းက ကောင်းမြတ်လွန်းဘောင်းဘီအနားစကို ဆုပ်ကိုင်ထားတဲ့ ဝက်ဝံပေါက်လေးအတိုင်းပင်။

ကမ္ဘာညိမ်းက အိတိုလေးရဲ့ ကွေးကုပ်ထားတဲ့ လက်ချောင်းသေးသေးလေးတွေကို လူကြီးအာနဲ့ ဖြန့်လိုက်ပြီး အိတိုလေးတစ်ကိုယ်လုံးကို ရင်ခွင်ထဲထည့်ပြီး သိမ်းကျုံး ဖက်ထားပေးလိုက်သည်။

မျက်ရည်များသွင်သွင်ကျရင်း ကမ္ဘာညိမ်းလက်ထဲက ရုန်းထွက်ဖို့ကြိုးစားနေတဲ့ အိတိုလေးက သူ့မာမားကို ထွက်မသွားအောင် ဆွဲထားချင်စိတ်ဖြင့် ကိုယ်ကိုကော့လန်ကာ ရုန်းကန်နေခဲ့သည်။

ကောင်းမြတ်လွန်းလည်း ရုန်းရင်ဆန်ခတ် ဖြစ်နေတဲ့ အိတိုလေးတို့သားအဖကို မျက်နှာလွဲပြီး အခန်းထဲမှာ အသင့်ပြင်ထားတဲ့ ခရီးဆောင်အိတ်ကို သွားယူလိုက်သည်။

ခရီးဆောင်အိတ်ယူပြီး အခန်းထဲက ပြန်ထွက်လာတဲ့ ကောင်းမြတ်လွန်းက အိတိုလေးမျက်နှာကို ဘယ်လိုမှမကြည့်ရက်တော့တာကြောင့် ခေါင်းငုံပြီးသာ အိတိုလေးကို သားအဖ နှစ်ယောက်လုံးရှေ့က ဖြတ်ကျော်ကာ ခပ်သွက်သွက်လေး ထွက်သွားဖို့ ခြေလှမ်းတွေကို လှုပ်ရှားလိုက်သည်။

တစ်လှမ်း … နှစ်လှမ်း … သုံးလှမ်း … ခြေလှမ်းတိုင်းကို အိတိုလေးရဲ့ငိုသံတွေကြောင့် တုံ့ဆိုင်းမသွာမိအောင် အတော်လေးထိန်းချုပ်ထားရသည်။

ခြေတစ်လှမ်း လှမ်းလိုက်တိုင်း အိတိုလေးရဲ့ "မာမား" ဆိုတဲ့ခေါ်သံက သူ့နှလုံးသားကိုထိုးနှက်နေသလို နာကျင်လာရသည်။

ထိန်းထားတဲ့ကြားကပင် သူကိုယ်တိုင်လည်းမျက်ရည်ကျမိသည်။

နောက်ဆုံး အိမ်ပြင်သို့ရောက်ရန် ခြေတစ်လှမ်းအလိုမှာတော့ အိတိုလေးရဲ့ငိုသံဟာ ရုတ်ချည်းဆိုသလို ပျောက်ကွယ်သွားပြီး ကမ္ဘာညိမ်းရဲ့ စိုးရိမ်တကြီးဖြစ်နေတဲ့ အသံကိုသားကြားလိုက်ရသည်။

“အိတို ….”

ကောင်းမြတ်လွန်းတစ်ယောက် ခရီးဆောင်အိတ်ကိုပစ်ချလိုက်ပြီး နောက်ပြန်လှည့်ကာ အိတိုလေးဆီသို့ပြေးသွားမိသည်။

“အစ်ကို … အိတိုလေး …”

တက် နေတဲ့ အိတိုလေးကို ကြည့်ရင်း ကောင်းမြတ်လွန်း၏ ခြေဖျားလက်ဖျားများ အေးစက်လာပြီး မျက်ရည်များထိန်းမရအောင်ကျလာတော့သည်။

ကမ္ဘာညိမ်းကလည်း မထင်မှတ်ထားတဲ့ အခြေအနေကြောင့် ထိတ်ပြာကာ ဘာစကားမှပြောမထွက်တော့ပဲ အိတိုလေးသာချီထားပြီး လျှာမကိုက်မိအောင် ထိန်းပေးနေရသည်။

“အစ် .. အစ်ကို … ဆေးရုံပို့ရအောင်”

“အင် … ဆေးရုံသွားရမယ်”

ကမ္ဘာညိမ်း မတ်တပ်ရပ်လိုက်တဲ့ အချိန်မှာပဲ တက်နေတဲ့အိတိုလေးက သတိလစ်သွားခဲ့လေပြီ။

ကမ္ဘာညိမ်းကော ကောင်းမြတ်လွန်းကော နှစ်ယောက်လုံးရဲ့ရင်ထဲမှာ ချော်ရည်ပူတွေကျဆင်းနေသလို ပူလောင်ကာ ဆို့နင့်မှုကိုခံစားလိုက်ရသည်။

တစ်စုံတစ်ခုကို မတော်တဆဆုံးရှုံးလိုက်ရမှာ ကြောက်တဲ့ခံစားချက်က ယောက်ျားရင့်မာကြီးများဖြစ်ကြတဲ့ ကမ္ဘာညိမ်းနဲ့ ကောင်းမြတ်လွန်းကို အလွယ်တကူပြိုလဲအောင်လုပ်နိုင်ခဲ့သည်။

စိုးရိမ်ပူပန်စိတ်နဲ့အတူ နောင်တ ဆိုတဲ့ အရာက ကပ်ပါလာတော့ သူတို့နှစ်ယောက်လုံးအတွက်ကသွေးပျက်စရာဖြစ်နေသည်။

အစောပိုင်းကလေးတင်မှ ငိုကြွေးနေတဲ့ကလေးလေးက ငြိမ်သက်စွာဖြင့်မျက်လုံးများမှိတ်ကြသွားတာမြင်လိုက်ရတော့ ကမ္ဘာညိမ်းတစ်ယောက် ကမ္ဘာပျက်သလိုခံစားလိုက်ရသည်။
ကောင်းမြတ်လွန်းကလည်း ထိုနည်၎င်းပင်။

ကမ္ဘာညိမ်းကော ကောင်းမြတ်လွန်းပါ ဖိနပ်တောင်မပါပဲ ကလေးဆေးရုံသို့ ရောက်သွားကြသည်။

ကလေးအထူးကုဆရာဝန်ကြီးရဲ့ အသေးစိတ် ဂရုစိုက်ကုသပေးမှုကြောင့် အိတိုလေးဟာ ပြန်သတိရလာခဲ့သော်လည်း စိတ်ပင်ပန်းမှုတွေများခဲ့တဲ့ ကလေးငယ်လေးအိတိုလေးခင်ဗျာ အသက်ရှူသံမှန်မှန်ဖြင့် ပြန်လည်အိပ်ပျော်သွားခဲ့သည်။

အိတိုလေးရဲ့ လုံးအိနေတဲ့ ပါးလုံးအိအိလေးပေါ်ကို နှုတ်ခမ်းဖြင့် အသာအယာဖွဖွလေးနမ်းလိုက်တဲ့ ကမ္ဘာညိမ်း။

ကောင်းမြတ်လွန်းကိုယ်တိုင်းလည်း ချစ်စရာကောင်းလှတဲ့ အိတိုလေးကို နမ်းရှိုက်ပေးချင်မိပေမဲ့  အပစ်ရှိတဲ့စိတ်ကြောင့် အနားတောင်မကပ်ဝံ့ပဲ ခမ်လှမ်းလှမ်း ကနေသာ ငေးကြည့်နေရသည်။

“ကောင်းမြတ်လွန်း … လာလေ”

ကမ္ဘာညိမ်းက ကောင်းမြတ်လွန်းကို အလိုက်သိစွာဖြင့် အိတိုလေး အနားလာဖို့ ခေါ်လိုက်သည်။

ကောင်းမြတ်လွန်းလည်း တစ်ရွေ့ရွေ့နဲ့ အိတိုလေးအနားသို့ လျှောက်သွားလိုက်သည်။

အိတိုလေးရဲ့မျက်နှာကို အနီးကပ်မြင်လိုက်ရတော့ သူကိုယ်တိုင်တောင် မသိလိုက်ခင်မှာပဲ မျက်ရည် ကျလာတော့သည်။

“အရမ်း စိုးရိမ်သွားတယ် မဟုတ်လား။ အခု စိတ်ချရပါပြီ။”

ကမ္ဘာညိမ်းက ကောင်းမြတ်လွန်း ပုခုံးကို ကိုင်ပြီး နှစ်သိမ့်ပေးသည်။

“ကျွန်တော် တောင်းပန်ပါတယ်။ အဲ့လောက်ထိဖြစ်သွားမယ်လို့ မထင်ခဲ့လိုပါ။”

ကလေးတစ်ယောက်လိုပင် နင့်နင့်သည်းသည်း စတင်ငိုကြွေးလာတဲ့ ကောင်းမြတ်လွန်းက အိတိုလေးတစ်ခုခုဖြစ်သွားမှာကို အရမ်းကြောက်နေခဲ့တာဖြစ်သည်။

“မင်းအမှားမဟုတ်ပါဘူး။ အဖေဖြစ်တဲ့ ငါ့အမှားပါ။ ကိုယ်အလုပ်ကိစ္စနဲ့ ခရီးသွားရင်တောင် အိမ်မှာကျန်နေခဲ့တဲ့ အိတိုလေးက အပြင်းဖျားတက်တာကို သိရက်နဲ့။ အားလုံးက ကိုယ့်ရဲ့ပေါ့ဆမှုပါ။ ကိုယ်သူ့ကို မဆူလိုက်သင့်ဘူး။”

“မဟုတ်ပါဘူး အစ်ကိုမမှားပါဘူး။ ကျွန်တော်မှားတာပါ ကျွန်တော့အမှား။ ကျွန်တော်က ကျွန့်တော့အတွက်ပဲတွေးပြီး အလျှင်စလို လုပ်လိုက်မိတာ။ အိတိုလေးအတွက် မတွေးပေးလိုက်မိဘူး။ ကျွန်တော် တကိုယ်ကောင်းဆန်မိလို့ ကျွန်တော် …။”

ကောင်းမြတ်လွန့်ရဲ့ အသံတွေထပ်ထွက်မလာတော့။ ခေါင်းငုံ့ပြီးသာ ငိုနေတော့သည်။

“ကောင်းမြတ်လွန်း …. ကိုယ်တစ်ခုလောက်တောင်းဆိုချင်တယ်။”

“ဟုတ်ကဲ့ ပြောပါ.”

“အကယ်၍ မင်းအနေနဲ့ ကိုယ့်အိမ်မှာ ဒီအတိုင်းနေရတာ အဆင်မပြေဘူးဆို အိမ်ငှားအနေနဲ့ ဆက်နေပေးလို့မရဘူးလား။ အဲ့လိုဆို မင်းလည်း အလကားနေသလိုမဖြစ်တော့ဘူးလေ။ ပြီးတော့ စိတ်ချပါ ငါဘယ်လိုအကြောင်းနဲ့မှ သံယောဇဉ်ဖြစ်နေပြီးသား လူနှစ်ယောက်ကို ခွဲမှာမဟုတ်ဘူး။ မင်းအနေနဲ့ မင်းကိုယ်မင်း တစ်ချိန်ချိန် ထွက်သွားရမယ့် သူစိမ်းတစ်ယောက်ပါလို့ တွေးနေတဲ့ အတွေးတွေကို ထုတ်ပစ်လိုက်ပါ။ ကိုယ်တို့အတွက် ကောင်းမြတ်လွန်းက မိသားစုဝင်တစ်ယောက်လိုပါပဲ ဘယ်တုန်းကမှ သူစိမ်းလို့မဟုတ်ခဲ့ဘူး အဲ့တာကိုယုံပါ။”

“ကျွန်တော် အစ်ကို့စကားနားထောင်ပါ့မယ်။ ကျွန်တော် အိတိုလေးကို ထပ်ပြီး ဝမ်းမနည်းစေချင်တော့ဘူး။ ကျွန်တော် … အခု အိတိုလေးကို သနားလို့ သေမလိုပဲ ခံစားနေရတယ်။”

“စိတ်ကိုလျှော့ပါ။ မငိုနဲ့တော့။ မင်းပါတစ်ခုခုထပ်ဖြစ်သွားရင် ကိုယ်ရူးသွားလိမ့်မယ်။”

“ကျွန်တော် …. ကျွန်တော် ထိန်းလို့မရဘူး။ မငိုချင်ပေမယ့် ကျွန်တော်မျက်ရည်တွေကို ထိန်းလို့မရဘူး။ အိတိုလေး တစ်ခုခုဖြစ်သွားမှာကို အရမ်းကြောက်နေခဲ့တာ။ အခုထိ … အခုထိလဲ ကြောက်နေတုန်းပဲ”

ကမ္ဘာညိမ်း အငိုသန်လွန်းတဲ့ကောင်လေးကို ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။

“ကလေးဆိုးလေးတွေက ကိုယ့်ကို စိတ်ပူအောင် သိပ်လုပ်ကြတာပဲ။ မငိုနဲ့တော့။ မင်းတို့က အဲ့လိုဖြစ်နေတော့ ကိုယ့်က အပြစ်ပိုရှိသလိုခံစားရတယ်။”

T.B.C 🐻
THANKS 😘

02:30PM(Wed)
02.02.2022
G14

© G Fourteen,
книга «အိတိုေလးရဲ႕မာမား အိတိုလေးရဲ့မာမား».
အိတို (၂၂)
Коментарі