အိတို
အိတို (၀၁)
အိတို (၀၂)
အိတို (၀၃)
အိတို (၀၄)
အိတို (၀၅)
အိတို (၀၆)
အိတို (၀၇)
အိတို (၀၈)
အိတို (၀၉)
အိတို (၁၀)
အိတို (၁၁)
အိတို (၁၂)
အိတို (၁၃)
အိတို (၁၄)
အိတို (၁၅)
အိတို (၁၆)
အိတို (၁၇)
အိတို (၁၈)
အိတို (၁၉)
အိတို (၂၀)
အိတို (၂၁)
အိတို (၂၂)
အိတို (၂၃)
အိတို (၂၄)
အိတို (၂၅)
အိတို (၂၆)
အိတို (၂၇)
အိတို (၂၈)
အိတို (၂၉)
အိတို (၃၀)
အိတို (၃၁)
အိတို (ဇာတ္သိမ္း)
အိတို (၀၃)
အိတိုေလးရဲ႕မာမား🐻03
Zawgyi

ေကာင္းျမတ္လြန္း ဒီေန႕ေတာ္ေတာ္ေလးကံမေကာင္းဘူး။ ေဈးဝယ္ထြက္ေတာ့လည္း ဝက္ဝံေပါက္ေလးတစ္ေကာင္ေၾကာင့္ ေကာင္းေကာင္းမဝယ္လိုက္ရဘူး။ ေဘာလုံးပြဲေလာင္းထားတာကလည္း ရႈံး။

ေတာ္ေတာ္ေလးကို စိတ္ပ်က္စရာေကာင္းတဲ့ေန႕ပဲလို႔ေတြးေနတုန္း ဖုန္းသံျမည္လာတာေၾကာင့္ စိတ္မပါတပါနဲ႕ ဖုန္းကိုင္လိုက္တယ္။

“ေအး မင္းလြင္ေျပာ”

“သူငယ္ခ်င္း … ငါ … မင္းဆီက အကူညီလိုခ်င္လို႔”

“ဘာအကူညီလဲ မင္းအေမအေျခအေနမေကာင္းလို႔လား”

“ေအး ဟုတ္တယ္အေရးေပၚခြဲစိတ္ဖို႔အတြက္ေငြလိုေနလို႔”

“ေကာင္းၿပီေလ ငါေဆး႐ုံကိုလိုက္လာခဲ့မယ္”

မင္းလြင္ဆိုတာ ေကာင္းျမတ္လြန္းရဲ႕ အခ်စ္ဆုံးသူငယ္ခ်င္းတစ္ေယာက္ျဖစ္တယ္။

သူငယ္ခ်င္းက အဆင္မေျပျဖစ္ေနတာကို ေကာင္းျမတ္လြန္း ဒီအတိုင္း လက္ပိုက္ၾကည္မေနနိုင္။

လက္ထဲစုထားတဲ့ေငြေတြကလည္း ေဘာလုံးပြဲေလာင္းေၾကးရႈံးလို႔ကုန္သြားၿပီျဖစ္သည္။

ဘယ္လိုလုပ္ရင္ေကာင္မလဲေတြးေနတုန္း သူရဲ႕ခ်စ္လွစြာေသာ သူငယ္ခ်င္းေလးဆီကို အၾကည့္ေရာက္သြား၏။

အနီေရာင္ၿပိဳင္ကားေလး။

မႏွစ္ကသူ႕ေမြးေန႕မွာ သူ႕အေဖဆီက ေမြးေန႕လက္ေဆာင္အျဖစ္ ရထားတာျဖစ္သည္။

ဘယ္ေလာက္ပဲ ျမတ္နိုးတန္ဖိုးထားတဲ့အရာျဖစ္ေနပါေစ ေလာေလာဆယ္မွာေတာ့ လူ႕အသက္ကအေရးႀကီးေနတာေၾကာင့္ သူ႕ကားေလးကို မ်က္စိက်ေနတဲ့ သူေဌးသားေလး ေက်ာ္ထြန္းဆီကိုေရာင္းဖို႔ ဆုံးျဖတ္လိုက္သည္။

ေက်ာထြန္းလက္ထဲကို ကားေသာ့ေပးၿပီးတာနဲ႕ ေငြအိတ္ကို ဆြဲယူလိုက္သည္။

“ေကာင္းျမတ္လြန္း မင္းဘယ္လိုျဖစ္တာလဲ။ မင္းေဘာလုံးပြဲေတြေလာင္းတာသိေပမယ့္ အေပ်ာ္သေဘာေလာက္ပဲမဟုတ္ဘူးလား။ အခုေတာ့ ကားတစ္စီးလုံးေရာင္ရတဲ့အထိ မင္းဝါသနာႀကီးသြားၿပီပဲ။”

“ငါသြားၿပီ”

ေကာင္းျမတ္လြန္းစကားအပိုေတြရွင္းျပဖို႔ အခ်ိန္မရတာေၾကာင့္ ေငြထုတ္ယူၿပီး ေဆး႐ုံလိုက္သြားလိုက္သည္။

ေဆး႐ုံမွာ လိုအပ္တာေတြကူလုပ္ေပးၿပီးျပန္လာေတာ့ မနက္ေလးနာရီထိုးျဖစ္ေနၿပီ။

“ေကာင္းျမတ္လြန္း”

ေဒါသတႀကီးထြက္လာတဲ့အသံက မလြဲဧကန္ ေကာင္းျမတ္လြန္းရဲ႕ ဖခင္ဆီမွျဖစ္သည္။

ကိုယ္တိုင္က အျပစ္လို႕ေျပာရေအာင္ မွားတာမရွိေပမယ့္ မိဘဘက္ကၾကည့္ရင္ေတာ့ အမွားလို႕သတ္မွတ္လို႔ရတာေႀကာင့္ ေကာင္းျမတ္လြန္းေခါင္းကိုသာငုံ႕ထားလိုက္မိသည္။

“ကြၽန္ေတာ္ ကိစၥေလးရွိလို႔ အိမ္ျပန္ေနာက္က်သြားတာပါ”

“မင္းက အိပ္ျပန္ေနာက္က်တာမွမဟုတ္တာ ေန႕ကူးေနၿပီကြ ၿပီးေတာ့ ဘယ္မွာလဲမင္းကား”

“ကြၽန္ေတာ္ အေရးတႀကီးေငြလိုလို႔ အေဖ့ကိုမေျပာပဲ ေရာင္းလိုက္မိတယ္”

“မင္းေတာ္ေတာ္ဆိုးေနၿပီပဲ ေကာင္းျမတ္လြန္း။ ငါ့သားေလးေတာ္လွေတာ္လွနဲ႕ လြတ္ထားေပးမိတာ။ မင္းကတကယ္ကို ပ်က္စီးေနတဲ့ေကာင္ပဲ။”

“ကြၽန္ေတာ္ေတာင္းပန္ပါတယ္ ေနာက္မျဖစ္ေစရပါဘူး”

“ျဖစ္လို႔လည္းမရပါဘူး … ျဖစ္လာတာနဲ႕ မင္းဒီအိမ္မွာဆက္ေနဖို႔ မစဥ္းစားနဲ႕။ ဒီေန႕ကစျပီး ငါမင္းကိုမုန္႕ဖိုးျဖတ္လိုက္ၿပီ။ မင္းပုံစံကိုၾကည့္ၿပီး အခ်ိဳးေျပမွ ျပန္ေပးမယ္။ သြားေတာ့ … ဒီေန႕အလုပ္စဝင္ရမွာမဟုတ္လား”

“ဟုတ္ကဲ့ပါအေဖ”

ဘာမွထပ္မေမးပဲ ဒီေလာက္နဲ႔ျပီးသြားတာကိုပဲ ေကာင္းျမတ္လြန္းေက်းဇူးတင္ေနမိသည္။ ေငြးေရးေႀကးေရးကေတာ့ သူလည္းအလုပ္ဝင္ေတာ့မွာျဖစ္တာေႀကာင့္ အလုပ္ကရတဲ့လစာေလးနဲ႔ တစ္ကိုယ္ရည္သံုးစြဲဖို႕ေလာက္ကိုေျဖရွင္းနိုင္သည္။

သက္ျပင္းေမာႀကီးတစ္ခ်က္ခ်လိုက္ျပီးေနာက္ ေကာင္းျမတ္လြန္း ေရခ်ိဳး အဝတ္အစားလဲထားလိုက္သည္။ ပထမဆံုး အလုပ္ဝင္မည့္ရက္မွာ တက္ႀကြမႈရွိမေနတဲ့ ေကာင္းျမတ္လြန္ရဲ႕မ်က္ဝန္းေတြက အိပ္ေရးပ်က္ထားတာေႀကာင့္ နီရဲေနသည္။

ပထမဆံုးအႀကိမ္အျဖစ္ ဆံပင္ရွည္ေတြကိုေသေသသပ္သပ္ျဖစ္ေအာင္ စီးေႏွာင္ထားရတာေႀကာင့္  ေခါင္းေႀကာေတြေတာင္အနည္းငယ္တင္းေနသလိုခံစားလိုက္ရသည္။

မနက္စာစားဝိုင္းမွာ အေဖနဲ႔မ်က္ႏွာခ်င္းဆိုင္ဖို႔ရာ မ်က္ႏွာပူေနမိတဲ့ ေကာင္းျမတ္လြန္းက အိမ္ကေန ခပ္ေစာေစာထြက္ဖို႔ဆံုးျဖတ္လိုက္သည္။

အိမ္ျပင္ေရာက္တာနဲ႔ သူစီးေနက်ကားေလးမရွိေတာ့ကို သတိထားမိသြားသည္။

ဘတ္(စ္) ကားစီးျပီး အလုပ္သြားရေတာ့မည့္အေႀကာင္းေတြးမိသြားေတာ့ ေကာင္းျမတ္လြန္းသက္ျပင္းေတြႀကီးခ်ေနမိသည္။

ဒါေပမယ့္လည္း မင္းလြင္အေမရဲ႕အသက္ကို အခ်ိန္မီကယ္ေပးနိုင္ခဲ့တဲ့အေႀကာင္းျပန္ေတြးမိသြားေတာ့ ေကာင္းျမတ္လြန္းပါးေပၚမွာ အျပံဳးတစ္ခုျဖစ္ေပၚလာေတာ့သည္။

အိမ္ကေန ကားဂိတ္အထိ သီခ်င္းေလးညည္းရင္း လမ္းျဖည္းျဖည္းခ်င္းေလ်ွာက္သြားတဲ့ ေကာင္းျမတ္လြန္းက ဘတ္(စ္) ကားဂိတ္အေရာက္မွာ သူငယ္ခ်င္းေတြနဲ႔ ဘတ္(စ္) ပတ္စီးျပီးေလ်ွာက္လည္ခဲ့မိတာက ေတာ္ေတာ္မွန္ကန္တဲ့လုပ္ရပ္ကိုလုပ္ခဲ့တာပဲလို႔ ေတြးလိုက္မိတယ္။

မဟုတ္ရင္ သူက အခုခ်ိန္မွာ ဘယ္ကားေပၚတက္စီးျပီး အလုပ္ကိုေရာက္ေအာင္သြားရမွန္းသိမွာမဟုတ္ေတာ့ဘူး။

🐻🐻🐻

"အိတို ……"

"dad …… အာဘြား"

ကမၻာညိမ္းလက္ေပၚေရာက္သြားတာနဲ႔ မ်က္ႏွာကိုေမာ့ျပီး အာဘြားေတာင္းတဲ့အိတိုေလး။

ကမၻာညိမ္းက ခ်က္ခ်င္းပဲ အိတိုေလးရဲ႕ ပါးႏွစ္ဖက္လံုးကို ႏွာေခါင္းမ်ားနစ္ဝင္သည္အထိ ေမြးႀကဴေပးလိုက္သည္။

အိတိုေလးကလည္း တစ္ဖန္ ကမၻာညိမ္းရဲ႕ပါးႏွစ္ဖက္လံုးကို အာဘြားျပန္ေပးသည္။

"သြားႀကရေအာင္"

ကမၻာညိမ္းက အိတိုေလးကိုကားထဲအရင္ထည့္လိုက္ျပီး သူကေတာ့ေနာက္မွဝင္ထိုင္သည္။

"ဦးေလး သြားလို႔ရျပီ"

"ခဏေလးေနာ္ ေမာင္ကမၻာညိမ္း ေထြးေထြးက အိတိုေလးရဲ႕အသံုးအေဆာင္တစ္ခုက်န္ေနခဲ့လို႕သြားယူေနေသးလို႔"

"ရပါတယ္ အလ်ွင္မလိုပါဘူး"

ေထြးေထြးဆိုတဲ့ေကာင္မေလးက အိတိုေလးရဲ႕ အားေဆးဗူးေလးကိုင္ျပီး ကားနားသို႕အေျပးေရာက္လာသည္။

"ဘာေတြေလာေနတာလဲေထြးေထြး"

"အိတိုေလး အားေဆးဗူးကုန္ေနတာကို ဗူးသစ္မထည့္ေပးရေသးလို႔ပါ"

"ေနာက္ဆို ဘယ္ေလာက္အေရးႀကီးႀကီး ပ်ာယာခက္ေအာင္ေျပးလႊားမေနနဲ႔"

"ဟုတ္ကဲ့ ကိုကိုႀကီး ေထြးေထြးမွတ္ထားပါ့မယ္"

"ေအးပါ ငါနင့္ကိုဆူေနတာမဟုတ္ဘူး ေခ်ာ္လဲျပီးထိခိုက္မွာဆိုးလို႕သတိေပးေနတာ"

"ဟုတ္ကဲ့ပါကိုကိုႀကီး"

"ေအးေအး သြားေတာ့"

ေထြးေထြးအိမ္ထဲျပန္ဝင္သြားတာနဲ႕ ယာဥ္ေမာင္ဒရိုက္ဘာ ဦးေလးႀကီးလည္းကားကို ျဖည္းျဖည္းခ်င္းေမာင္းထြက္သြားေတာ့သည္။

"dad ……"

"ဗ်ာ …… "

"ဒီေန႔ … မာမားနဲ႔ေတြ႔ရမွာလား"

အိတိုေလးက ကမၻာညိမ္းလည္ပင္းကို လက္ႏွစ္ဖက္နဲ႔ လွမ္းဖက္ကာ ရင္ဘက္ေပၚပါးေလးအပ္ျပီးေမးလာသည္။

"တစ္ရက္ေနျပီးမွေတြ႔ရမယ္လို႔ေျပာထားတယ္ေလ"

"ညက အိတို အိပ္ျပီးသြားျပီေလ တစ္ရက္ျပီးသြားျပီ"

"မျပီးေသးဘူး အိတိုေလးႏွစ္ခါအိပ္ျပီးမွ တစ္ရက္ျပည့္မွာေလ"

ကမၻာညိမ္းစကားဆံုးတာနဲ႔ အိတိုေလးက ကမၻာညိမ္းကိုဖက္ထားရာက လြတ္လိုက္ျပီး ကမၻာညိမ္းေပါင္ေပၚ ေခါင္းတင္ျပီးလွဲအိပ္ေတာ့သည္။

"dad …… "

"ဗ်ာ ……"

"အိတိုေလး ခုပဲ အိပ္လိုက္ေတာ့မယ္ေနာ္ အဲ့တာဆို နိုးလာရင္ မာမားကို ေတြ႔ရမွာ ဟုတ္တယ္ေနာ္"

"အိတို ……"

ကမၻာညိမ္းသည္ အိတိုေလးနာမည္ကိုေခၚျပီးဘာဆက္ေျပာရမွန္းမသိျဖစ္ေနသည္။

အိတိုေလးရဲ႕ မ်က္ေတာင္စိတ္စိတ္ေလးေတြက အတင္းဖိမွိတ္ထားတဲ့ မ်က္ခြံေလးေတြေႀကာင့္ တဖ်တ္ဖ်တ္လႈပ္ေနသည္။

ကမၻာညိမ္းတစ္ေယာက္ အိတိုေလးကို ဂရုဏာသက္စြာနဲ႔ပဲ ေငးႀကည့္ရင္း ပါးေလးကို လက္ညိဳးနဲ႔ အသာအယာပြတ္သပ္ေပးေနမိသည္။

မိခင္ေမတၱာငတ္ေနရွာတဲ့ကေလးေလးအတြက္ သူဘယ္ေလာက္ပဲ ျပည့္စံုေအာင္ထားေပးထားေပး လစ္လပ္ေနတဲ့ ေနရာေလးတစ္ခုအတြက္ အျမဲလို တာဝန္မေက်ျဖစ္ေနခဲ့ရသည္။

အိတိုေလးကို အခုလိုပံုစံနဲ႔ျမင္လိုက္ရတိုင္း လူမဆန္တဲ့ သူငယ္ခ်င္းႏွစ္ေယာက္ကို သူရိုက္သတ္ပစ္ခ်င္မိသည္။

ေနာက္ဆံုးေတာ့ ကုမၸဏီသို႔ေရာက္လာခ့ဲျပီ။

Everest Company Limited ရဲ႕ Chairman ျဖစ္တဲ့ ဦးကမၻာညိမ္းက အေပၚကရွပ္အက်ီၤ ေကာ္လံကတံုးအျဖဴ ေအာက္ကအနီေရာင္ကြက္စိတ္ပုဆိုးနဲ႔ သန္႔ျပန္႕ကာႀကည္ေကာင္းေနသည္။

အသက္ ႏွစ္ဆယ္ရွစ္ႏွစ္သာရွိေသးေသာ္လည္း ကုမၸဏီႀကီးတစ္ခုလံုကို ဦးစီးဦးေဆာင္ျပဳ၍ စီမံအုပ္ခ်ဳပ္ေနတဲ့သူျဖစ္တာေႀကာင့္ ငယ္ငယ္ရြယ္ရြယ္ နာမည္ေရွ႕က ဦးတပ္ေခၚျခင္းကိုခံရသည္။

ဦးကမၻာညိမ္းရဲ႕ လက္ကိုတြဲျပီးပါလာတဲ့ ကေလးေလးကေတာ့ ဒီကုမၸဏီႀကီးမွာရွိတဲ့ ဝန္ထမ္းတိုင္းအတြက္ လာဘ္ေခၚရုပ္ေလးတစ္ရုပ္လိုပင္။

မနက္တိုင္းေတြ႔ရတက္တဲ့ လံုးအိတစ္တုတ္ေနတဲ့ အိတိုေလးရဲ႕ ပါးစံုမို႕မို႔ေလးေတြနဲ႔ အျပံဳးခ်ိဳခ်ိဳေလးေတြက ဝန္ထမ္းတိုင္းအတြက္ေတာ့ အႀကည္ဓာတ္ေလးတစ္ခုလို အင္အားျပည့္ေစသည္။

"အိတိုေလးေရ ေမာနင္းပါ"

ဝန္းထမ္းေတြက ဦးကမၻာညိမ္းတို႕သားအဖေရွ႕ကျဖတ္သြားတိုင္း ဦးကမၻာညိမ္းကို မျမင္ပဲ အိတိုေလးကိုသာ အေရးတယူႏႈတ္ဆက္သြားတက္ႀကတယ္။

အိတိုေလးကေတာ့ လက္ေလးတခါခါနဲ႕ ျပံဳးျပီး " ေမာနင္းပါ ခင္ဗ်" လို႔ျပန္ႏႈတ္တက္သည္။

ဒီေန႔ေတာ့ သူတို႔ရဲ႕ လာဘ္ေခၚအရုပ္ကေလး အိတိုက မ်က္ႏွာေလးမႀကည္မလင္ျဖစ္ေနတာေႀကာင့္ ဝန္ထမ္းေတြရဲ႕စိတ္ဟာလည္း အနည္းငယ္အံု႕မႈိင္းသြားသလို ခံစားလိုက္ႀကရသည္။

"အိတိုေလး ေနမေကာင္းဘူးလားကြယ္"

ကမၻာညိမ္ရဲ႕အတြင္းေရးမွဴးက အိတိုေလးကိုျမင္တာနဲ႕ အေျပးအလႊားေရာက္လာကာ ဒူးေထာက္ထိုင္ခ်လိုက္ျပီး အိတိုေလးလက္ဖဝါးကိုဆုပ္ကိုင္ျပီးေမးေတာ့သည္။

ကမၻာညိမ္းက သူ႕အတြင္းေရးမွဴးကို ဆက္မေမးဖို႕မ်က္ရိပ္မ်က္ကဲျပလိုက္ေသာ္လည္း ေနာက္က်သြားခဲ့ေလျပီ။

မာမားကို မေတြ႔ရေသးလို႕ စိတ္မေကာင္းျဖစ္ေနရွာတဲ့ အိတိုေလးက အတြင္းေရးမွဴးရဲ႕ ေခ်ာ့ျမဴမႈေႀကာင့္ ငိုခ်င္ရက္လက္တို႔ျဖစ္ကာ မ်က္ႏွာႀကီးခ်က္ခ်င္းမဲ့ကာ ေမးမ်ား တစ္ဆက္ဆက္တုန္ျပီး စငိုပါေတာ့သည္။

"အယ္ အိတို ကေလးရယ္ မငိုပါနဲ႕ကြယ္။
ဥကၠ႒ႀကီး ကေလးကေနမေကာင္းဘူးလားမသိဘူး လုပ္ပါဦး"

ဖခင္ျဖစ္သူထက္ကို စိုးရိမ္လြန္ေနတဲ့ အတြင္းေရးမွဴးေႀကာင့္ ကမၻာညိမ္းလည္း အိတိုေလးကို ေပြ႕ခ်ီျပီး ေက်ာကိုသပ္ကာ ေခ်ာ့ရေပးရေတာ့သည္။

အိတိုေလးက သူ႔ဒယ္ဒီပုခံုးေပၚေမးတင္ျပီးငိုေနရာက တစ္စံုတစ္ေယာက္ကိုရွာေဖြေတြ႔ရွိသြားခဲ့သည္။

"မာမား …… dad …… မာမား ေခၚေပး"

အိုတိုေလးက တစ္ေနရာကို လက္ညိဳးထိုးျပီး စူးစူးဝါးဝါးေအာ္ငိုေတာ့သည္။

တျဖည္းျဖည္းနဲ႔ေဝးကြာေပ်ာက္ကြယ္သြားေတာ့မယ့္ တစ္စံုတစ္ေယာက္ေနာက္ကိုလိုက္သြားခ်င္တဲ့ အိတိုေလးက ေျခေထာက္ႏွစ္ဖက္ကို တရစက္ခတ္ေနျပီး တစ္ကိုယ္လံုးေကာ့လန္ကာ ကမၻာညိမ္းလက္ေပၚက ခုန္ဆင္းဖို႕ႀကိဳးစားေတာ့သည္။

အိတိုေလးရဲ႕ ပံုစံကိုႀကည္ျပီး ကမၻာညိမ္း ေတာ္ေတာ္ေလးပ်ာယာခက္သြားသည္။

အိတိုေလးက တစ္ခါမွ အခုေလာက္ထိ ရုန္းရင္းဆန္ခက္ျဖစ္ေအာင္ မငိုေႀကြးခဲ့ဖူးတာေႀကာင့္ ကမၻာညိမ္းမ်က္နွာဟာ သိသိသာသာပ်က္လာျပီး တက္မတက္ခ်က္မတက္ငိုေနတဲ့ အိတိုေလးကိုျမင္ရေလ ကမၻာညိမ္းရင္ေတြပူေလာက္နာက်င္လာျပီး သူကိုယ္တိုင္ပင္ မ်က္လံုးမ်ားရဲတက္လာေတာ့သည္။

အဲ့ဒီအခ်ိ္န္မွာ ကမၻာညိမ္းရဲ႕့အတြင္းေရးမွဴးကေတာ့ အိတိုေလးလက္ညိဳးထိုးျပေနတဲ့ေနရာကို သတိျပဳမိသြားျပီး အဲ့ဒီေနရာသို႕ ေျပးထြက္သြားသြားေတာ့သည္။

T.B.C 🐻

11:28PM(Mon)
10.01.2022
G14





အိတိုလေးရဲ့မာမား🐻03
Unicode

ကောင်းမြတ်လွန်း ဒီနေ့တော်တော်လေးကံမကောင်းဘူး။ ဈေးဝယ်ထွက်တော့လည်း ဝက်ဝံပေါက်လေးတစ်ကောင်ကြောင့် ကောင်းကောင်းမဝယ်လိုက်ရဘူး။ ဘောလုံးပွဲလောင်းထားတာကလည်း ရှုံး။

တော်တော်လေးကို စိတ်ပျက်စရာကောင်းတဲ့နေ့ပဲလို့တွေးနေတုန်း ဖုန်းသံမြည်လာတာကြောင့် စိတ်မပါတပါနဲ့ ဖုန်းကိုင်လိုက်တယ်။

“အေး မင်းလွင်ပြော”

“သူငယ်ချင်း … ငါ … မင်းဆီက အကူညီလိုချင်လို့”

“ဘာအကူညီလဲ မင်းအမေအခြေအနေမကောင်းလို့လား”

“အေး ဟုတ်တယ်အရေးပေါ်ခွဲစိတ်ဖို့အတွက်ငွေလိုနေလို့”

“ကောင်းပြီလေ ငါဆေးရုံကိုလိုက်လာခဲ့မယ်”

မင်းလွင်ဆိုတာ ကောင်းမြတ်လွန်းရဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်တယ်။

သူငယ်ချင်းက အဆင်မပြေဖြစ်နေတာကို ကောင်းမြတ်လွန်း ဒီအတိုင်း လက်ပိုက်ကြည်မနေနိုင်။

လက်ထဲစုထားတဲ့ငွေတွေကလည်း ဘောလုံးပွဲလောင်းကြေးရှုံးလို့ကုန်သွားပြီဖြစ်သည်။

ဘယ်လိုလုပ်ရင်ကောင်မလဲတွေးနေတုန်း သူရဲ့ချစ်လှစွာသော သူငယ်ချင်းလေးဆီကို အကြည့်ရောက်သွား၏။

အနီရောင်ပြိုင်ကားလေး။

မနှစ်ကသူ့မွေးနေ့မှာ သူ့အဖေဆီက မွေးနေ့လက်ဆောင်အဖြစ် ရထားတာဖြစ်သည်။

ဘယ်လောက်ပဲ မြတ်နိုးတန်ဖိုးထားတဲ့အရာဖြစ်နေပါစေ လောလောဆယ်မှာတော့ လူ့အသက်ကအရေးကြီးနေတာကြောင့် သူ့ကားလေးကို မျက်စိကျနေတဲ့ သူဌေးသားလေး ကျော်ထွန်းဆီကိုရောင်းဖို့ ဆုံးဖြတ်လိုက်သည်။

ကျောထွန်းလက်ထဲကို ကားသော့ပေးပြီးတာနဲ့ ငွေအိတ်ကို ဆွဲယူလိုက်သည်။

“ကောင်းမြတ်လွန်း မင်းဘယ်လိုဖြစ်တာလဲ။ မင်းဘောလုံးပွဲတွေလောင်းတာသိပေမယ့် အပျော်သဘောလောက်ပဲမဟုတ်ဘူးလား။ အခုတော့ ကားတစ်စီးလုံးရောင်ရတဲ့အထိ မင်းဝါသနာကြီးသွားပြီပဲ။”

“ငါသွားပြီ”

ကောင်းမြတ်လွန်းစကားအပိုတွေရှင်းပြဖို့ အချိန်မရတာကြောင့် ငွေထုတ်ယူပြီး ဆေးရုံလိုက်သွားလိုက်သည်။

ဆေးရုံမှာ လိုအပ်တာတွေကူလုပ်ပေးပြီးပြန်လာတော့ မနက်လေးနာရီထိုးဖြစ်နေပြီ။

“ကောင်းမြတ်လွန်း”

ဒေါသတကြီးထွက်လာတဲ့အသံက မလွဲဧကန် ကောင်းမြတ်လွန်းရဲ့ ဖခင်ဆီမှဖြစ်သည်။

ကိုယ်တိုင်က အပြစ်လို့ပြောရအောင် မှားတာမရှိပေမယ့် မိဘဘက်ကကြည့်ရင်တော့ အမှားလို့သတ်မှတ်လို့ရတာကြောင့် ကောင်းမြတ်လွန်းခေါင်းကိုသာငုံ့ထားလိုက်မိသည်။

“ကျွန်တော် ကိစ္စလေးရှိလို့ အိမ်ပြန်နောက်ကျသွားတာပါ”

“မင်းက အိပ်ပြန်နောက်ကျတာမှမဟုတ်တာ နေ့ကူးနေပြီကွ ပြီးတော့ ဘယ်မှာလဲမင်းကား”

“ကျွန်တော် အရေးတကြီးငွေလိုလို့ အဖေ့ကိုမပြောပဲ ရောင်းလိုက်မိတယ်”

“မင်းတော်တော်ဆိုးနေပြီပဲ ကောင်းမြတ်လွန်း။ ငါ့သားလေးတော်လှတော်လှနဲ့ လွတ်ထားပေးမိတာ။ မင်းကတကယ်ကို ပျက်စီးနေတဲ့ကောင်ပဲ။”

“ကျွန်တော်တောင်းပန်ပါတယ် နောက်မဖြစ်စေရပါဘူး”

“ဖြစ်လို့လည်းမရပါဘူး … ဖြစ်လာတာနဲ့ မင်းဒီအိမ်မှာဆက်နေဖို့ မစဉ်းစားနဲ့။ ဒီနေ့ကစပြီး ငါမင်းကိုမုန့်ဖိုးဖြတ်လိုက်ပြီ။ မင်းပုံစံကိုကြည့်ပြီး အချိုးပြေမှ ပြန်ပေးမယ်။ သွားတော့ … ဒီနေ့အလုပ်စဝင်ရမှာမဟုတ်လား”

“ဟုတ်ကဲ့ပါအဖေ”

ဘာမှထပ်မမေးပဲ ဒီလောက်နဲ့ပြီးသွားတာကိုပဲ ကောင်းမြတ်လွန်းကျေးဇူးတင်နေမိသည်။ ငွေးရေးကြေးရေးကတော့ သူလည်းအလုပ်ဝင်တော့မှာဖြစ်တာကြောင့် အလုပ်ကရတဲ့လစာလေးနဲ့ တစ်ကိုယ်ရည်သုံးစွဲဖို့လောက်ကိုဖြေရှင်းနိုင်သည်။

သက်ပြင်းမောကြီးတစ်ချက်ချလိုက်ပြီးနောက် ကောင်းမြတ်လွန်း ရေချိုး အဝတ်အစားလဲထားလိုက်သည်။ ပထမဆုံး အလုပ်ဝင်မည့်ရက်မှာ တက်ကြွမှုရှိမနေတဲ့ ကောင်းမြတ်လွန်ရဲ့မျက်ဝန်းတွေက အိပ်ရေးပျက်ထားတာကြောင့် နီရဲနေသည်။

ပထမဆုံးအကြိမ်အဖြစ် ဆံပင်ရှည်တွေကိုသေသေသပ်သပ်ဖြစ်အောင် စီးနှောင်ထားရတာကြောင့်  ခေါင်းကြောတွေတောင်အနည်းငယ်တင်းနေသလိုခံစားလိုက်ရသည်။

မနက်စာစားဝိုင်းမှာ အဖေနဲ့မျက်နှာချင်းဆိုင်ဖို့ရာ မျက်နှာပူနေမိတဲ့ ကောင်းမြတ်လွန်းက အိမ်ကနေ ခပ်စောစောထွက်ဖို့ဆုံးဖြတ်လိုက်သည်။

အိမ်ပြင်ရောက်တာနဲ့ သူစီးနေကျကားလေးမရှိတော့ကို သတိထားမိသွားသည်။

ဘတ်(စ်) ကားစီးပြီး အလုပ်သွားရတော့မည့်အကြောင်းတွေးမိသွားတော့ ကောင်းမြတ်လွန်းသက်ပြင်းတွေကြီးချနေမိသည်။

ဒါပေမယ့်လည်း မင်းလွင်အမေရဲ့အသက်ကို အချိန်မီကယ်ပေးနိုင်ခဲ့တဲ့အကြောင်းပြန်တွေးမိသွားတော့ ကောင်းမြတ်လွန်းပါးပေါ်မှာ အပြုံးတစ်ခုဖြစ်ပေါ်လာတော့သည်။

အိမ်ကနေ ကားဂိတ်အထိ သီချင်းလေးညည်းရင်း လမ်းဖြည်းဖြည်းချင်းလျှောက်သွားတဲ့ ကောင်းမြတ်လွန်းက ဘတ်(စ်) ကားဂိတ်အရောက်မှာ သူငယ်ချင်းတွေနဲ့ ဘတ်(စ်) ပတ်စီးပြီးလျှောက်လည်ခဲ့မိတာက တော်တော်မှန်ကန်တဲ့လုပ်ရပ်ကိုလုပ်ခဲ့တာပဲလို့ တွေးလိုက်မိတယ်။

မဟုတ်ရင် သူက အခုချိန်မှာ ဘယ်ကားပေါ်တက်စီးပြီး အလုပ်ကိုရောက်အောင်သွားရမှန်းသိမှာမဟုတ်တော့ဘူး။

🐻🐻🐻

"အိတို ……"

"dad …… အာဘွား"

ကမ္ဘာညိမ်းလက်ပေါ်ရောက်သွားတာနဲ့ မျက်နှာကိုမော့ပြီး အာဘွားတောင်းတဲ့အိတိုလေး။

ကမ္ဘာညိမ်းက ချက်ချင်းပဲ အိတိုလေးရဲ့ ပါးနှစ်ဖက်လုံးကို နှာခေါင်းများနစ်ဝင်သည်အထိ မွေးကြူပေးလိုက်သည်။

အိတိုလေးကလည်း တစ်ဖန် ကမ္ဘာညိမ်းရဲ့ပါးနှစ်ဖက်လုံးကို အာဘွားပြန်ပေးသည်။

"သွားကြရအောင်"

ကမ္ဘာညိမ်းက အိတိုလေးကိုကားထဲအရင်ထည့်လိုက်ပြီး သူကတော့နောက်မှဝင်ထိုင်သည်။

"ဦးလေး သွားလို့ရပြီ"

"ခဏလေးနော် မောင်ကမ္ဘာညိမ်း ထွေးထွေးက အိတိုလေးရဲ့အသုံးအဆောင်တစ်ခုကျန်နေခဲ့လို့သွားယူနေသေးလို့"

"ရပါတယ် အလျှင်မလိုပါဘူး"

ထွေးထွေးဆိုတဲ့ကောင်မလေးက အိတိုလေးရဲ့ အားဆေးဗူးလေးကိုင်ပြီး ကားနားသို့အပြေးရောက်လာသည်။

"ဘာတွေလောနေတာလဲထွေးထွေး"

"အိတိုလေး အားဆေးဗူးကုန်နေတာကို ဗူးသစ်မထည့်ပေးရသေးလို့ပါ"

"နောက်ဆို ဘယ်လောက်အရေးကြီးကြီး ပျာယာခက်အောင်ပြေးလွှားမနေနဲ့"

"ဟုတ်ကဲ့ ကိုကိုကြီး ထွေးထွေးမှတ်ထားပါ့မယ်"

"အေးပါ ငါနင့်ကိုဆူနေတာမဟုတ်ဘူး ချော်လဲပြီးထိခိုက်မှာဆိုးလို့သတိပေးနေတာ"

"ဟုတ်ကဲ့ပါကိုကိုကြီး"

"အေးအေး သွားတော့"

ထွေးထွေးအိမ်ထဲပြန်ဝင်သွားတာနဲ့ ယာဉ်မောင်ဒရိုက်ဘာ ဦးလေးကြီးလည်းကားကို ဖြည်းဖြည်းချင်းမောင်းထွက်သွားတော့သည်။

"dad ……"

"ဗျာ …… "

"ဒီနေ့ … မာမားနဲ့တွေ့ရမှာလား"

အိတိုလေးက ကမ္ဘာညိမ်းလည်ပင်းကို လက်နှစ်ဖက်နဲ့ လှမ်းဖက်ကာ ရင်ဘက်ပေါ်ပါးလေးအပ်ပြီးမေးလာသည်။

"တစ်ရက်နေပြီးမှတွေ့ရမယ်လို့ပြောထားတယ်လေ"

"ညက အိတို အိပ်ပြီးသွားပြီလေ တစ်ရက်ပြီးသွားပြီ"

"မပြီးသေးဘူး အိတိုလေးနှစ်ခါအိပ်ပြီးမှ တစ်ရက်ပြည့်မှာလေ"

ကမ္ဘာညိမ်းစကားဆုံးတာနဲ့ အိတိုလေးက ကမ္ဘာညိမ်းကိုဖက်ထားရာက လွတ်လိုက်ပြီး ကမ္ဘာညိမ်းပေါင်ပေါ် ခေါင်းတင်ပြီးလှဲအိပ်တော့သည်။

"dad …… "

"ဗျာ ……"

"အိတိုလေး ခုပဲ အိပ်လိုက်တော့မယ်နော် အဲ့တာဆို နိုးလာရင် မာမားကို တွေ့ရမှာ ဟုတ်တယ်နော်"

"အိတို ……"

ကမ္ဘာညိမ်းသည် အိတိုလေးနာမည်ကိုခေါ်ပြီးဘာဆက်ပြောရမှန်းမသိဖြစ်နေသည်။

အိတိုလေးရဲ့ မျက်တောင်စိတ်စိတ်လေးတွေက အတင်းဖိမှိတ်ထားတဲ့ မျက်ခွံလေးတွေကြောင့် တဖျတ်ဖျတ်လှုပ်နေသည်။

ကမ္ဘာညိမ်းတစ်ယောက် အိတိုလေးကို ဂရုဏာသက်စွာနဲ့ပဲ ငေးကြည့်ရင်း ပါးလေးကို လက်ညိုးနဲ့ အသာအယာပွတ်သပ်ပေးနေမိသည်။

မိခင်မေတ္တာငတ်နေရှာတဲ့ကလေးလေးအတွက် သူဘယ်လောက်ပဲ ပြည့်စုံအောင်ထားပေးထားပေး လစ်လပ်နေတဲ့ နေရာလေးတစ်ခုအတွက် အမြဲလို တာဝန်မကျေဖြစ်နေခဲ့ရသည်။

အိတိုလေးကို အခုလိုပုံစံနဲ့မြင်လိုက်ရတိုင်း လူမဆန်တဲ့ သူငယ်ချင်းနှစ်ယောက်ကို သူရိုက်သတ်ပစ်ချင်မိသည်။

နောက်ဆုံးတော့ ကုမ္ပဏီသို့ရောက်လာခဲ့ပြီ။

Everest Company Limited ရဲ့ Chairman ဖြစ်တဲ့ ဦးကမ္ဘာညိမ်းက အပေါ်ကရှပ်အကျီင်္ ကော်လံကတုံးအဖြူ အောက်ကအနီရောင်ကွက်စိတ်ပုဆိုးနဲ့ သန့်ပြန့်ကာကြည်ကောင်းနေသည်။

အသက် နှစ်ဆယ်ရှစ်နှစ်သာရှိသေးသော်လည်း ကုမ္ပဏီကြီးတစ်ခုလုံကို ဦးစီးဦးဆောင်ပြု၍ စီမံအုပ်ချုပ်နေတဲ့သူဖြစ်တာကြောင့် ငယ်ငယ်ရွယ်ရွယ် နာမည်ရှေ့က ဦးတပ်ခေါ်ခြင်းကိုခံရသည်။

ဦးကမ္ဘာညိမ်းရဲ့ လက်ကိုတွဲပြီးပါလာတဲ့ ကလေးလေးကတော့ ဒီကုမ္ပဏီကြီးမှာရှိတဲ့ ဝန်ထမ်းတိုင်းအတွက် လာဘ်ခေါ်ရုပ်လေးတစ်ရုပ်လိုပင်။

မနက်တိုင်းတွေ့ရတက်တဲ့ လုံးအိတစ်တုတ်နေတဲ့ အိတိုလေးရဲ့ ပါးစုံမို့မို့လေးတွေနဲ့ အပြုံးချိုချိုလေးတွေက ဝန်ထမ်းတိုင်းအတွက်တော့ အကြည်ဓာတ်လေးတစ်ခုလို အင်အားပြည့်စေသည်။

"အိတိုလေးရေ မောနင်းပါ"

ဝန်းထမ်းတွေက ဦးကမ္ဘာညိမ်းတို့သားအဖရှေ့ကဖြတ်သွားတိုင်း ဦးကမ္ဘာညိမ်းကို မမြင်ပဲ အိတိုလေးကိုသာ အရေးတယူနှုတ်ဆက်သွားတက်ကြတယ်။

အိတိုလေးကတော့ လက်လေးတခါခါနဲ့ ပြုံးပြီး " မောနင်းပါ ခင်ဗျ" လို့ပြန်နှုတ်တက်သည်။

ဒီနေ့တော့ သူတို့ရဲ့ လာဘ်ခေါ်အရုပ်ကလေး အိတိုက မျက်နှာလေးမကြည်မလင်ဖြစ်နေတာကြောင့် ဝန်ထမ်းတွေရဲ့စိတ်ဟာလည်း အနည်းငယ်အုံ့မှိုင်းသွားသလို ခံစားလိုက်ကြရသည်။

"အိတိုလေး နေမကောင်းဘူးလားကွယ်"

ကမ္ဘာညိမ်ရဲ့အတွင်းရေးမှူးက အိတိုလေးကိုမြင်တာနဲ့ အပြေးအလွှားရောက်လာကာ ဒူးထောက်ထိုင်ချလိုက်ပြီး အိတိုလေးလက်ဖဝါးကိုဆုပ်ကိုင်ပြီးမေးတော့သည်။

ကမ္ဘာညိမ်းက သူ့အတွင်းရေးမှူးကို ဆက်မမေးဖို့မျက်ရိပ်မျက်ကဲပြလိုက်သော်လည်း နောက်ကျသွားခဲ့လေပြီ။

မာမားကို မတွေ့ရသေးလို့ စိတ်မကောင်းဖြစ်နေရှာတဲ့ အိတိုလေးက အတွင်းရေးမှူးရဲ့ ချော့မြူမှုကြောင့် ငိုချင်ရက်လက်တို့ဖြစ်ကာ မျက်နှာကြီးချက်ချင်းမဲ့ကာ မေးများ တစ်ဆက်ဆက်တုန်ပြီး စငိုပါတော့သည်။

"အယ် အိတို ကလေးရယ် မငိုပါနဲ့ကွယ်။
ဥက္ကဋ္ဌကြီး ကလေးကနေမကောင်းဘူးလားမသိဘူး လုပ်ပါဦး"

ဖခင်ဖြစ်သူထက်ကို စိုးရိမ်လွန်နေတဲ့ အတွင်းရေးမှူးကြောင့် ကမ္ဘာညိမ်းလည်း အိတိုလေးကို ပွေ့ချီပြီး ကျောကိုသပ်ကာ ချော့ရပေးရတော့သည်။

အိတိုလေးက သူ့ဒယ်ဒီပုခုံးပေါ်မေးတင်ပြီးငိုနေရာက တစ်စုံတစ်ယောက်ကိုရှာဖွေတွေ့ရှိသွားခဲ့သည်။

"မာမား …… dad …… မာမား ခေါ်ပေး"

အိုတိုလေးက တစ်နေရာကို လက်ညိုးထိုးပြီး စူးစူးဝါးဝါးအော်ငိုတော့သည်။

တဖြည်းဖြည်းနဲ့ဝေးကွာပျောက်ကွယ်သွားတော့မယ့် တစ်စုံတစ်ယောက်နောက်ကိုလိုက်သွားချင်တဲ့ အိတိုလေးက ခြေထောက်နှစ်ဖက်ကို တရစက်ခတ်နေပြီး တစ်ကိုယ်လုံးကော့လန်ကာ ကမ္ဘာညိမ်းလက်ပေါ်က ခုန်ဆင်းဖို့ကြိုးစားတော့သည်။

အိတိုလေးရဲ့ ပုံစံကိုကြည်ပြီး ကမ္ဘာညိမ်း တော်တော်လေးပျာယာခက်သွားသည်။

အိတိုလေးက တစ်ခါမှ အခုလောက်ထိ ရုန်းရင်းဆန်ခက်ဖြစ်အောင် မငိုကြွေးခဲ့ဖူးတာကြောင့် ကမ္ဘာညိမ်းမျက်နှာဟာ သိသိသာသာပျက်လာပြီး တက်မတက်ချက်မတက်ငိုနေတဲ့ အိတိုလေးကိုမြင်ရလေ ကမ္ဘာညိမ်းရင်တွေပူလောက်နာကျင်လာပြီး သူကိုယ်တိုင်ပင် မျက်လုံးများရဲတက်လာတော့သည်။

အဲ့ဒီအချိ်န်မှာ ကမ္ဘာညိမ်းရဲ့အတွင်းရေးမှူးကတော့ အိတိုလေးလက်ညိုးထိုးပြနေတဲ့နေရာကို သတိပြုမိသွားပြီး အဲ့ဒီနေရာသို့ ပြေးထွက်သွားသွားတော့သည်။

T.B.C 🐻

11:28PM(Mon)
10.01.2022
G14





© G Fourteen,
книга «အိတိုေလးရဲ႕မာမား အိတိုလေးရဲ့မာမား».
အိတို (၀၄)
Коментарі