အိတို
အိတို (၀၁)
အိတို (၀၂)
အိတို (၀၃)
အိတို (၀၄)
အိတို (၀၅)
အိတို (၀၆)
အိတို (၀၇)
အိတို (၀၈)
အိတို (၀၉)
အိတို (၁၀)
အိတို (၁၁)
အိတို (၁၂)
အိတို (၁၃)
အိတို (၁၄)
အိတို (၁၅)
အိတို (၁၆)
အိတို (၁၇)
အိတို (၁၈)
အိတို (၁၉)
အိတို (၂၀)
အိတို (၂၁)
အိတို (၂၂)
အိတို (၂၃)
အိတို (၂၄)
အိတို (၂၅)
အိတို (၂၆)
အိတို (၂၇)
အိတို (၂၈)
အိတို (၂၉)
အိတို (၃၀)
အိတို (၃၁)
အိတို (ဇာတ္သိမ္း)
အိတို (၂၅)
အိတိုေလးရဲ႕မာမား 🐻 အခန္း(၂၅)
Zawgyi

“ဝိုင္ကေတာ္ေတာ္မ်ားျပင္းသြားလို႔လား”

ေကာင္းျမတ္လြန္တစ္ေယာက္ အခန္းထဲမွာ တစ္ေယာက္တည္း ေရ႐ြတ္ေနျခင္းျဖစ္သည္။

မၿငိမ္မသက္ျဖစ္ေနတဲ့ရင္ဘက္ကိုဖိၿပီး မ်က္ႏွာကို မႈန္ကုတ္ထားတဲ့ေကာင္းျမတ္လြန္းက စိတ္ရႈပ္ေထြးေနတာအသိသာႀကီးျဖစ္သည္။

ၿပီးခဲ့တဲ့အေၾကာင္းအရာေတြကို ေကာင္းျမတ္လြန္းက အစကေနျပန္ဆြဲထုတ္တယ္ ဘယ္ကေနစလြဲသြားတာလဲဆိုတာကို ျပန္စဥ္းစားတယ္။

စဥ္းစားေနရင္း ေကာင္းျမတ္လြန္းက ထပ္ၿပီးတစ္ေယာက္တည္း ေရ႐ြတ္ျပန္တယ္။

“သူအရမ္းမူးေနလို႔မ်ားလား။ ဒါမွမဟုတ္ ငါအရမ္းမူးသြားလို႔ ေသြးေလေျခာက္ျခားၿပီး ျမင္ခ်င္ရာ ျမင္ ၾကားခ်င္ရာ ၾကားေနမိတာလား။ လူကိုေနရခက္ေအာင္ ဘာလို႔ ဒီလိုေျပာရတာလဲ မနက္ျဖန္ ဘယ္လိုမ်က္ႏွာခ်င္းဆိုင္ရမလဲ မ်က္ႏွာပူလိုက္တာ”

ေကာင္းျမတ္လြန္းတစ္ေယာက္ တစ္ေယာက္တည္းစကားေျပာလိုက္ ေမြ႕ယာေပၚ လူးလိမ့္လိုက္ နဲ႕ ေတာ္ေတာ္ေလး ညည့္နက္မွ အိပ္ေပ်ာ္သြားတယ္။

နိုးလာျပန္ေတာ့လည္း ႏႈတ္ခမ္းစူၿပီး မ်က္လုံးႀကီးမွိတ္လ်က္သားအတိုင္း ငုတ္တုတ္ ထထိုင္ၿပီး ညကအေၾကာင္းကို ျပန္စဥ္းစားေနမိျပန္တယ္။

ေနာက္ဆုံး သူလုပ္မိတာက သူ႕ရဲ႕တိုတိုတုတ္တုတ္ဆံပင္ေတြကို ယခင္ ဆံပင္အရွည္ေတြနဲ႕ က်င့္သားရေနသည့္ အတိုင္းဆြဲဖြမိလိုက္တာပင္။

“က်စ္ … ဆံပင္ေတြက ဘယ္ေရာက္သြားတာလဲ”

လက္ေခ်ာင္းေတြၾကားထဲ ပါမလာေတာ့တဲ့ ဆံပင္ေတြကို ေဒါသေတြပုန္ခ်ပစ္လိုက္တဲ့ ေကာင္းျမတ္လြန္းက မၾကည္မလင္မ်က္ႏွာနဲ႕ပဲ သန႔္စင္ခန္းထဲဝင္သြားခဲ့တယ္။

သြားတိုက္ေနရင္း ျပန္ျမင္ေယာင္မိတာက သူ႕လက္ဖမိုးေပၚကို  ႏူးညံ့စြာက်ေရာက္လာတဲ့ ႏႈတ္ခမ္းပါးတစ္စုံရယ္ တိက်ျပတ္သားၿပီး ရွင္းလင္းေနတဲ့မ်က္ႏွာအမူအယာျဖင့္  ခ်စ္စကား ေျပာေနပုံမ်ား။

“မစဥ္းစားနဲ႕ေတာ့ အဲ့တာတကယ္မဟုတ္ဘူး။ အိပ္မက္ … ။ ဟုတ္တယ္ … ငါအိပ္မက္ မက္ေနတာ။”

ေကာင္းျမတ္လြန္းက သူ႕စိတ္ကို ေပါ့ပါးေအာင္ အတက္နိုင္ဆုံးေျဖေဖ်ာက္ပစ္ေနတယ္။ ဒါေပမဲ့ မေအာင္ျမင္ဘူး။

သုန္မႈန္ေနတဲ့မ်က္ႏွာနဲ႕ပဲ အခန္းျပင္ကိုထြက္လာခဲ့ရတယ္။

“မာမား … ေမာနင္းကစ္”

“မြ …”

အိတိုေလးက မနက္တိုင္း ေမာနင္းကစ္ေတာင္းေနၾကမို႔ ေကာင္းျမတ္လြန္းလည္း အိတိုေလးႏႈတ္ခမ္းကို ကစ္ေပးလိုက္တယ္။

“ေကာင္းျမတ္လြန္း ေနမေကာင္းဘူးလား။ မ်က္ႏွာလည္းမ႐ႊင္ပါလား။”

“ေမးတက္တယ္ေနာ္” လို႔ ေကာင္းျမတ္လြန္းစိတ္ထဲကေျပာလိုက္မိတယ္။ တကယ္တမ္းအျပင္မွာေတာ့

“ေနေကာင္းပါတယ္”

“ဒါဆို ညကအိပ္ေရးပ်က္သြားလို႔ျဖစ္မယ္။ ေခါင္းကိုက္ေနေသးလား။ မေန႕က ေလေအးေတြ တိုက္တာအၾကာႀကီးခံလိုက္ေတာ့ ေတာ္ၾကာဖ်ားေနပါအုံးမယ္ မွန္းစမ္း … ”

႐ုတ္တရက္နဖူးေပၚက်ေရာက္လာတဲ့ လက္ဖဝါးကို ေကာင္းျမတ္လြန္း ေရွာင္တိမ္းဖို႔ ႀကိဳးစားလိုက္ေသာ္လည္း အရာမထင္ခဲ့။ ေနာက္ထပ္ လက္ဖဝါးတစ္ဖက္က ေကာင္းျမတ္လြန္းရဲ႕ ေနာက္ေစ့ကို အုပ္ကိုင္ကာထိန္းေပးလာသည္။

“ကိုယ္ေတာ့မပူပါဘူး။ ေနအုံး ကိုယ္ ေရဆူေဆးျပားေဖ်ာ္တိုက္မယ္ ခဏေလးေစာင့္”

“ေနပါေစ ကြၽန္ေတာ္အဆင္ေျပပါတယ္”

“ကိုယ္ကေတာ့ အဆင္မေျပဘူး”

ကပ်ာကယာနဲ႕ ထြက္သြားတဲ့ ကမာၻညိမ္းကို ၾကည့္ရင္း ေကာင္းျမတ္လြန္း မ်က္ႏွာမဲတဲ့တဲ့နဲ႕ က်န္ရစ္ခဲ့ရတယ္။

“မာမား … ေဆးေသာက္ရမွာေၾကာက္လို႔လား”

“ဟမ္ … အင္း …”

“မာမားကလည္း အိတိုေလးရွိတယ္ေလ အိတိုေလးကိုယုံလိုက္ပါ မာမားက dad တိုက္တာေသာက္ၿပီးသြားတာနဲ႕ လန္းဆန္းသြားမွာ”

စိတ္ရႈပ္ေနတဲ့ၾကားက အိတိုေလး အေျပာေၾကာင့္ ၿပဳံးလိုက္မိသည္။

အိတိုေလးက သိလြယ္တက္လြယ္သည္။ လူတစ္ေယာက္ကို ဘယ္လိုႏွစ္သိမ့္ေပးရမလဲ ဆိုတာလည္း နားလည္ေနၿပီျဖစ္သည္။

“ဟုတ္ကဲ့ပါဗ်ာ”

“ေရာ့ ေသာက္လိုက္ ျဖည္းျဖည္းလဲ ေသာက္”

“ေက်းဇူးပဲ”

သူမ်ားသားသမီးကို ရည္းစားစကားေျပာထားၿပီး တည္ၿငိမ္ေနနိုင္လိုက္တာလို႔ ေကာင္းျမတ္လြန္း စိတ္ထဲက ခပ္႐ြတ္႐ြတ္ေျပာလိုက္မိတယ္။

“ညကေျပာထားတာေတြ ေမ့မသြားဖို႔ေမ်ာ္လင့္တယ္”

“အဟြတ္ … အဟြတ္…”

ေသာက္ေနတဲ့ ေရဆူအားျဖည့္ေဆးရည္ေတာင္ လည္ေခ်ာင္းထဲ ေျဖာင့္ေျဖာင့္တန္းတန္း မဝင္နိုင္ေတာ့။

“ကိုယ္သတိေပးပါတယ္ ျဖည္းျဖည္းေသာက္ပါလို႔”

ေကာင္းျမတ္လြန္း စိတ္ေပါက္ေပါက္နဲ႕ မ်က္ေစာင္းႀကီးႀကီး တစ္ခ်က္သာ ပစ္ထိုးလိုက္တယ္။

ကမာၻညိမ္းကေတာ့ ရယ္လို႔ေပါ့။

အဲ့လိုနဲ႕ ႐ုံးေရာက္သြားေတာ့လည္း အခါတိုင္းလို ကားကို ေျမေအာက္ကားပါကင္ထိမထိုးပဲ ကုမၸဏီဝင္ေပါက္ေရွ႕တည့္တည့္မွာသာရပ္ေစတယ္။

“ဦးေလးေက်းဇူးပဲေနာ္”

“ရပါတယ္ကြယ္”

“ကိုယ္တို႔ဆင္းၾကရေအာင္”

ဆင္းၾကရေအာင္ဆိုတာနဲ႕ေထြးထြးက အရင္ေျပးဆင္းသြားသည္။

ထို႔ေနာက္ ကမာၻညိမ္းနဲ႕အိတိုေလးတို႔ပါ လိုက္ဆင္းသြားသည္။

ေကာင္းျမတ္လြန္းကေတာ့ ကားေပၚမွာေက်ာက္႐ုပ္ႀကီးလိုထိုင္ေနဆဲျဖစ္သည္။

“မာမား .. .လာေလ…”

“ဟမ္ … ဟို မာမား ကားပါကင္နားေရာက္မွဆင္းေတာ့မယ္ သြားႏွင့္ေနာ္”

“ေကာင္းျမတ္လြန္း .. ဒီမွာပဲဆင္းလိုက္ပါ ႐ုံထဲတူတူဝင္ရေအာင္”

“အစ္ကို …”

ကမာၻညိမ္းက ကားေပၚမွာ ေပကပ္ၿပီး ထိုင္ေနတဲ့ ေကာင္းျမတ္လြန္း အနား ကပ္သြားလိုက္သည္။

“ဒီေန႕ကစၿပီး မင္းကကိုယ့္အပိုင္ဆိုတာကို ေၾကာ္ျငာေတာ့မွာ။ အဲ့တာေၾကာင့္ ဆင္းခဲ့ေတာ့။ မဟုတ္ရင္ ကိုယ္ခ်ီၿပီး႐ုံးခန္းထဲထိေခၚသြားရလိမ့္မယ္။”

“အစ္ကိုဘယ္လိုျဖစ္ေနတာလဲ။ ကြၽန္ေတာ္လည္း အေျဖ ျပန္မေပးရေသးပဲနဲ႕။ ဘာလို႔ … ”

“တစ္ … ႏွစ္ ….”

“ဆင္းၿပီဗ်ာ ဆင္းမယ္ တကယ္ပါပဲဗ်ာ”

စိတ္ဆိုးမာန္ဆိုးနဲ႕ ကားေပၚက ဆင္းသြားတဲ့ ေကာင္းျမတ္လြန္းက ကမာၻညိမ္းကိုတြန္းတိုက္ၿပီး ႐ုံးထဲကို လစ္ခနဲေနေအာင္ေျပးဝင္သြားသည္။

“dad … မာမား ဘာျဖစ္သြားတာလဲ”

“ရွက္သြားတာ”

“ဘာလို႔ရွက္သြားတာလဲ”

“အဲ့တာ ကေလးေတြသိစရာမလိုဘူး”

အိတိုေလး ႏွာေခါင္းကို လက္နဲ႕အသာဆြဲၿပီး ေျပာလိုက္ေတာ့ အိတိုေလးတစ္ေယာက္ ႏွာေခါင္းရႈံ႕ၿပီး မ်က္ေစာင္းထိုးကာ ေရွ႕ကအရင္ ေကာ့ေတာ့ေကာ့ေတာ့နဲ႕ ေျပးထြက္သြားေတာ့သည္။

႐ုံးကဝန္ထမ္းေတြကေတာ့ အိတိုေလး စိတ္ဆိုးၿပီး လုံးတုံးတုံးနဲ႕ ေျပးသြားတဲ့ ပုံေလးကို လိုက္ၾကည့္ရင္း ၿပဳံးေနမိၾကသည္။

“ငါတို႔ ဥကၠဌႀကီးက ငါတို႔အသည္းေလးအိတိုကို ဘာမ်ား စိတ္ဆိုးေအာင္ လုပ္လိုက္လဲ မသိပါဘူး။ ၾကည့္ပါအုံး မ်က္ႏွာေလး စူပုပ္ၿပီး ေျပးထြက္ သြားတာမ်ား လုံးေနတာပဲ။”

“ဟုတ္ပေအ ဒါနဲ႕ အိတိုေလး ဆရာက ဒီေန႕အိတိုေလးတို႔နဲ႕အတူလာတာေနာ္”

“ေအးဟုတ္တယ္ အေၾကာင္းရွိလို႔ျဖစ္မယ္။ စကားမဆက္ အဲ့တစ္ေယာက္ ဆံပင္ညွပ္လိုက္ေတာ့လဲ ၾကည့္ေကာင္းတာပဲေနာ္ ခ်စ္ခ်င္စရာေလး”

“ေကာင္းမ ညည္းရဲ႕ အကုသိုလ္ႀကီးမားတဲ့ စိတ္ေတြ အခု ခ်က္ခ်င္း ေဖ်ာက္လိုက္စမ္း သူတို႔မိသားစုၾကားထဲ ဝင္ဖို႔မစဥ္းစာနဲ႕ ငါကေတာ့ ဥကၠဌႀကီးနဲ႕ပဲ သေဘာတူတယ္။”

“နင္ကလည္း စကားအျဖစ္ေတာင္ေျပာလို႔မရေတာ့ဘူးလား”

“မရဘူး”

“ေအးပါဟာ ေအးပါေအးပါ”

“ဟဲ့ ကိုယ့္အလုပ္ကိုယ္မလုပ္ပဲ စကားမ်ားေနၾကျပန္ၿပီးလား”

မန္ေနဂ်ာ အပ်ိဳႀကီးမမ ေဟာက္လိုက္ေတာ့မွ ပါးစပ္ေလးေတြလက္နဲ႕အုပ္ၿပီး အလုပ္ျပန္လုပ္ေနၾကတဲ့ ဝန္ထမ္းေကာင္းမေလးေတြ။

ေန႕လည္စားစားခ်ိန္မွာေတာ့ ကမာၻညိမ္းက အိတိုေလးကိုခ်ီၿပီး ျခင္းေလးဆြဲကာ ေကာင္းျမတ္လြန္းရွိရာ ဌာနသို႔သြားဖို႔ ျပင္လိုက္သည္။

အဲ့ဒီအခ်ိန္မွာပဲ အတြင္းေရးမႉးေရာက္လာၿပီး

“ေကာင္းျမတ္လြန္းက ဒီေန႕ ဧည့္သည္တစ္ေယာက္နဲ႕ သြားေတြ႕ေနရလို႔ ထမင္းအတူတူ မစားနိုင္ေတာ့ပါဘူးတဲ့။”

“ဧည့္သည္ ဘယ္ကလဲ မိန္းကေလးလား ေယာက္်ားေလးလား”

“အဲ့တာေတာ့ ကြၽန္ေတာ့ကို မေျပာသြားဘူးဗ်”

ဒီေကာင္းေလး ငါကို စိတ္ဆိုးေနလို႔မ်ား ေရွာင္ခ်င္ေနတာလား။ ဒါေပမဲ့ အဲ့လိုဆိုရင္ေတာင္ အိတိုေလး နဲ႕ ထမင္းအတူမစားပဲေတာ့ေနမွာ မဟုတ္ဘူး။

ကမၻညိမ္းအေတြးလြန္ေနတာကို သိသြားတဲ့ အတြင္းေရးမႉးက အလိုက္ သိသည္။

“ကြၽန္‌ေတာ္ လိုက္ၾကည့္ေပးရမလား”

“လိုက္ၾကည့္လိုက္ပါ”

“ဟုတ္ကဲ့ ဒါဆို ကြၽန္ေတာ့ကို သြားခြင့္ျပဳပါအုံး”

တစ္ဖက္မွာေတာ့ ….

စားေသာက္ဆိုင္တစ္ခုသို႔ေရာက္ရွိေနတဲ့ ေကာင္းျမတ္လြန္း။

သူ႕အေရွ႕မွာေတာ့ သူ မသိတဲ့ အမ်ိဳးသမီးတစ္ေယာက္က မ်က္ႏွာေၾကာ ခပ္တင္းတင္းနဲ႕ ထိုင္ေနသည္။

“မင္းနဲ႕ ကမာၻညိမ္းကဘာလဲ”

“ဗ်ာ …”

“ဘာမွမဟုတ္ဘူးလို႔ေတာ့မေျပာနဲ႕ မင္းတို႔အတူေနတာသိတယ္”

“အဲ့တာက …”

“အေၾကာင္းျပခ်က္ အရွည္ႀကီးေတြမလိုခ်င္ဘူး လိုရင္းကိုပဲေျပာ ဘယ္လို ပတ္သတ္ေနတာလဲ”

“ကြၽန္ေတာ္က ဥကၠႀကီးနဲ႕ ဆိုတာထက္ အိတိုေလးနဲ႕ ပတ္သတ္တဲ့သူ တစ္ေယာက္ပါ ဥကၠဌႀကီးတို႔ အိမ္မွာ ေနတယ္ဆိုတာကလည္း အိတိုေလး ေၾကာင့္ပါ။”

“ဒါဆို မင္းက ကမာၻညိမ္းနဲ႕ ဘာမွ မဟုတ္ဘူးေပါ့”

“ေသခ်ာပါတယ္”

“ဘာလို႔လဲ ကမာၻညိမ္းက ႐ုပ္လည္းေခ်ာတယ္ အရည္အခ်င္းလည္းရွိတယ္ ခ်မ္းသာတယ္ မင္းမမက္ေမာဘူးလား”

“အဲ့လိုလူက သူတစ္ေယာက္တည္းရွိတာမွ မဟုတ္တာ။ ေမးခြန္းေတြ ေမးေနမဲ့အစား လိုရင္ကိုေျပာပါ။”

“ေကာင္းၿပီေလ မင္း အဲ့အိမ္ကေန ထြက္သြားေပးနိုင္မလား”

“မျဖစ္နိုင္ဘူး”

“ဘာျဖစ္လို႔”

“ကြၽန္ေတာ္က ဘာလို႔ရွင္းျပရမွာလဲ။ ဒီဘက္က အမ်ိဳးသမီးက ဘယ္သူဘယ္ဝါမွန္းေတာင္ မသိရေသးပဲ ဘာလို႔ ကြၽန္ေတာ္က ေမးသမွ် လိုက္ေျဖေပးေနရမွာလဲ”

“အိုေကေလ တို႔က အိတိုေလးရဲမာမား။ ကမာၻညိမ္းနဲ႕ ျပန္ေပါင္းထုတ္ဖို႔ စဥ္းစားထားတယ္။ အဲ့ေတာ့ မင္းထြက္သြားေပးဖို႔လိုတယ္။”

“အဲ့လိုဆို ကြၽန္ေတာ္အဲ့ဒီအိမ္မွာ ပိုၿပီးတြယ္ကပ္ေနသင့္တာေပါ့”

“ဘယ္လို …”

“ဦးကမာၻညိမ္းကို  လိုခ်င္ရင္ ကိုယ့္နည္းကိုယ့္ဟန္နဲ႕ ရေအာင္ႀကိဳးစား။ ကြၽန္ေတာ္ကေတာ့ အိတိုေလး အနားမွာ ရွိေနေပး ရလိမ့္မယ္။ ဒီထက္ ပိုၿပီးလဲ ေျပာစရာမရွိေတာ့တာေၾကာင့္ ကြၽန္ေတာ့ကို ခြင့္ျပဳပါအုံး”

“ေနပါအုံး … မင္း ကမာၻညိမ္းကို တကယ္မခ်စ္ဘူးလား”

“မမ .. မေနာက္နဲ႕ေတာ့”

ေစာပိုင္းက မ်က္ႏွာေၾကာတင္းတင္းနဲ႕ စကားေတြေျပာေနတဲ့ အမ်ိဳးသမီးက ကမာၻညိမ္းမ်က္ႏွာကိုလည္းျမင္ေကာ ခ်က္ခ်င္းမ်က္ႏွာကၿပဳံးသြားၿပီး

“ဟား ဟား … ကမာၻညိမ္းတို႔က တကယ္ကို မ်က္စိေအာက္က အေပ်ာက္မခံတာပဲ ေခြးေလးလား ဒီေလာက္အနံ႕ခံေကာင္းေနတာ”

ေကာင္းျမတ္လြန္းကေတာ့ ဘာကိုမွ နားမလည္ေတာ့တာေၾကာင့္ ႏွစ္ေယာက္လုံကို ေၾကာင္ေတာင္ေတာင္ေလးနဲ႕သာၾကည့္ေနမိသည္။

“ဒါဆိုမမ ကေကာ ႂကြက္မို႔လို႔ တြင္းလိုက္တူးေနတာလား”

“ဟား … ဟား… ပါပါမန္း လုပ္ပါ … ေကာင္ေလးကိုေခၚၿပီး ျပန္ထိုင္စမ္းပါ ငါေျပာစရာေတြရွိေသးတယ္။”

“က်စ္ … မမကလုပ္ၿပီဗ်ာ”

“ေကာင္းျမတ္လြန္း ဒါက ကိုယ့္အေမဘက္က ကိုယ့္အစ္မဝမ္ကြဲ”

ေကာင္းျမတ္လြန္း အေတြးေတြက ခ်ာခ်ာလည္သြားတာမွာ ဘယ္ႏွပတ္ မွန္းေတာင္မသိေတာ့။

ဦးကမာၻညိမ္းက အစ္မဝမ္းကြဲနဲ႕ ကေလးရခဲ့တာလား။ ဒါေပမဲ့ ဇင္မိုးျမင့္ဆိုတဲ့ အမ်ိဳးသမီးေျပာစကားအရဆိုရင္ အိတိုေလးက လူႀကီးရဲ႕ေသြးသားမဟုတ္ဘူး။ ဒါဆိုရင္ အိတိုေလးက ဦးကမာၻညိမ္း အစ္မဝမ္းကြဲရဲ႕ကေလးလား။ ဒါေပမဲ့ ဘာလို႔ ဒီအမ်ိဳးသမီးက ဦးကမၻညိမ္းနဲ႕ ျပန္ေပါင္းထုတ္မယ္လို႔ေျပာတာလဲ။ မဟုတ္မွ အဲ့ဒီအမ်ိဳးသမီးနဲ႕လက္ထပ္ၿပီးမွ သူနဲ႕မဟုတ္တဲ့ ကိုယ္ဝန္ပါလာမွန္းသိခဲ့ၾကတာလား။ ဘာေတြလဲ  … ရႈပ္ေနတာပဲ  …”

“ကမာၻညိမ္း .. မင္းေကာင္ေလး အသက္ေကာရႉေသးရဲလား ငါစတာလြန္းသြားတာမ်ားလား”

ဝိညာဥ္ လႊင့္ေနသူလို ဘာစကားမွျပန္မေျပာပဲ ငူငူႀကီး ရပ္ေနတဲ့ ေကာင္းျမတ္လြန္းေၾကာင့္ ကမာၻညိမ္းလည္း ပုခုံးပုတ္ၿပီး သတိျပန္ဝင္ေစလိုက္သည္။

“ေကာင္းျမတ္လြန္း …”

“ဗ်ာ …ဗ်ာ …”

“မမစကားေတြအတည္မယူနဲ႕ သူက ေကာင္းျမတ္လြန္းကို စေနတာ”

“ဗ်ာ …”

“ေတြ႕ရတာ ဝမ္းသာပါတယ္ ေမျမတ္လြန္း”

“ဗ်ာ …”

“ဟား ဟား ကမာၻညိမ္းေကာင္ေလးက တကယ္ခ်စ္စရာေလးကြာ”

“မမ မစနဲ႕ေတာ့ သူစိတ္ရႈပ္ေနၿပီ”

“ဟုတ္ပါၿပီ ေနာက္မွတရားဝင္ထပ္ၿပီးလာမိတ္ဆက္ေတာ့မယ္။ အခုေတာ့ ျပန္လိုက္ေတာ့မယ္။ ပါပါမန္းရဲ႕ေဒါသက ေႀကာက္ရတယ္။ ႀကာႀကာမေနရဲေတာ့ဘူး။”

“မမက တကယ္ပါဗ်ာ …”

“ဒါနဲ႔ ကမာၻညိမ္း …။ ေကာင္းျမတ္လြန္း စာေမးပြဲေအာင္တယ္သိလား။ ငါေတာ့ အမွတ္ျပည့္ေပးတယ္။”

“ဟက္ … ဂုဏ္ထူးေကာမပါဘူးလား”

“ေလာဘကလဲ ႀကီးလိုက္တာ ျပန္ၿပီ ျပန္ၿပီ”

မမျပန္သြားမွ ကမာၻညိမ္းလည္း အသက္ရႉျပန္ေခ်ာင္သြားေတာ့သည္။

အတြင္းေရးမႉး ဖုန္းဆက္အေၾကာင္းၾကားလာကတည္းက အျမန္ေျပးလိုက္လာခဲ့ရတာ။

ေရာက္လာေတာ့လည္း ထင္တဲ့အတိုင္း ႐ုပ္တည္ႀကီးနဲ႕ ေကာင္းျမတ္လြန္းကို စာေမးပြဲစစ္ေနေလတဲ့မမ။

“မမက ကိုယ္တို႔အေၾကာင္းေတြ အကုန္သိတယ္။ သူက ကိုယ့္ကို ေကာင္းျမတ္လြန္းနဲ႕ သေဘာတူေနတာေလ။ အခုလဲ အိတိုေလးနဲ႕ ပတ္သတ္ၿပီး ေကာင္းျမတ္လြန္းကို စာေမးပြဲလာစစ္တာ။”

“အဲ့တာေၾကာင့္ ေမျမတ္လြန္းလို႔ေခၚသြားတာကို”

“အင္ …”

“ဒါနဲ႕ အစ္ကို က ဘယ္လိုသိၿပီး ဒီကိုေရာက္လာတာလဲ”

“ကိုယ္က မင္းနဲ႕ပတ္သတ္လာရင္ အားလုံးသိနိုင္ေအာင္ ႀကိဳးစားေနတဲ့သူေလ”

“အစ္ကို … ကြၽန္ေတာ့ကို ေနာက္ေယာင္ခံလိုက္ေနတာေတာ့ မဟုတ္ပါဘူးေနာ္”

“ကိုယ္မျငင္းပါဘူး ေကာင္းျမတ္လြန္းကို စိတ္မခ်လိဳ႕ လိုက္ၾကည့္ခိုင္းထားတာ”

“အဲ့တာ ဥပေဒနဲ႕ ၿငိစြန္းေနတယ္ဆိုတာကိုေကာသိရဲ႕လား အစ္ကိုက တကယ္ေၾကာက္ဖို႔ေကာင္းတယ္”

“ဟား … ဟား … ဟုတ္တယ္ ကိုယ္က ေၾကာက္ဖို႔ေကာင္းတယ္။ အဲ့တာေၾကာင့္ ကိုယ့္အနားထြက္ေျပးဖို႔မႀကိဳးစားမိေစနဲ႕။”

ေကာင္းျမတ္လြန္းတစ္ကိုယ္လုံးက ေမႊးညင္းေလးမ်ား ေထာင္တက္လာသလိုခံစားလိုက္ရသည္။

“ဘာလို႔မေမးတာလဲ”

“ဘာကိုလဲ”

“အိတိုေလးအေၾကာင္းကို”

“သိဖို႔မလိုဘူးထင္လို႔ပါ။ အတိတ္က အတိတ္ပဲေလ။ အိတိုေလးအေၾကာင္းက ဘာပဲျဖစ္ေနျဖစ္ေန ကြၽန္ေတာ္ အိတိုေလးအေပၚ ေမတၱာပ်က္မွာမဟုတ္ဘူး။”

“ကိုယ့္ကိုေကာ ကိုယ့္အေပၚမွာေကာ”

“အစ္ကို႔ အတိတ္ကိုလည္း ကြၽန္ေတာ္မသိခ်င္ဘူး။ အစ္ကို အတိတ္မွာ ဘာပဲျဖစ္ခဲ့ျဖစ္ခဲ့ အခုလက္ရွိ ကြၽန္ေတာ္တို႔ ဆက္ဆံေရးကို ေျပာင္းလဲ သြားေစမွာ မဟုတ္ဘူး။”

“ဒါေပမဲ့ ကိုယ္ကေတာ့ ေျပာျပခ်င္တယ္။ ကိုယ္က အခုထိလူပ်ိဳပဲသိလား။ ကိုယ့္လူပ်ိဳဘဝကို ကိုယ့္အခ်စ္ မင္းဆီမွာ ေပးအပ္ဖို႔စဥ္းစားထားတယ္။ အဲ့တာလက္ခံေပးမွာလား။”

“အစ္ကို က တကယ္ … ကြၽန္ေတာ္သြားၿပီ”

ရွက္ကိုးရွက္ကန္းနဲ႕ထြက္သြားတဲ့ ေကာင္ေလးက ဖုန္းေကာ ပိုက္ဆံအိတ္ေတြကိုပါ စားပြဲေပၚေမ့ထားခဲ့တာေၾကာင့္ ကမာၻညိမ္းပဲ အကုန္ေကာက္သိမ္းၿပီး အေနာက္က ေျပးလိုက္ရေတာ့သည္။

"ရဲတင္းသလိုနဲ႕ ရွက္တက္လိုက္တာကြာ"

T.B.C🐻
Thanks😘

11:43PM(Tue)
08.02.2022
G14

အိတိုလေးရဲ့မာမား 🐻 အခန်း(၂၅)
Unicode

“ဝိုင်ကတော်တော်များပြင်းသွားလို့လား”

ကောင်းမြတ်လွန်တစ်ယောက် အခန်းထဲမှာ တစ်ယောက်တည်း ရေရွတ်နေခြင်းဖြစ်သည်။

မငြိမ်မသက်ဖြစ်နေတဲ့ရင်ဘက်ကိုဖိပြီး မျက်နှာကို မှုန်ကုတ်ထားတဲ့ကောင်းမြတ်လွန်းက စိတ်ရှုပ်ထွေးနေတာအသိသာကြီးဖြစ်သည်။

ပြီးခဲ့တဲ့အကြောင်းအရာတွေကို ကောင်းမြတ်လွန်းက အစကနေပြန်ဆွဲထုတ်တယ် ဘယ်ကနေစလွဲသွားတာလဲဆိုတာကို ပြန်စဉ်းစားတယ်။

စဉ်းစားနေရင်း ကောင်းမြတ်လွန်းက ထပ်ပြီးတစ်ယောက်တည်း ရေရွတ်ပြန်တယ်။

“သူအရမ်းမူးနေလို့များလား။ ဒါမှမဟုတ် ငါအရမ်းမူးသွားလို့ သွေးလေခြောက်ခြားပြီး မြင်ချင်ရာ မြင် ကြားချင်ရာ ကြားနေမိတာလား။ လူကိုနေရခက်အောင် ဘာလို့ ဒီလိုပြောရတာလဲ မနက်ဖြန် ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ မျက်နှာပူလိုက်တာ”

ကောင်းမြတ်လွန်းတစ်ယောက် တစ်ယောက်တည်းစကားပြောလိုက် မွေ့ယာပေါ် လူးလိမ့်လိုက် နဲ့ တော်တော်လေး ညည့်နက်မှ အိပ်ပျော်သွားတယ်။

နိုးလာပြန်တော့လည်း နှုတ်ခမ်းစူပြီး မျက်လုံးကြီးမှိတ်လျက်သားအတိုင်း ငုတ်တုတ် ထထိုင်ပြီး ညကအကြောင်းကို ပြန်စဉ်းစားနေမိပြန်တယ်။

နောက်ဆုံး သူလုပ်မိတာက သူ့ရဲ့တိုတိုတုတ်တုတ်ဆံပင်တွေကို ယခင် ဆံပင်အရှည်တွေနဲ့ ကျင့်သားရနေသည့် အတိုင်းဆွဲဖွမိလိုက်တာပင်။

“ကျစ် … ဆံပင်တွေက ဘယ်ရောက်သွားတာလဲ”

လက်ချောင်းတွေကြားထဲ ပါမလာတော့တဲ့ ဆံပင်တွေကို ဒေါသတွေပုန်ချပစ်လိုက်တဲ့ ကောင်းမြတ်လွန်းက မကြည်မလင်မျက်နှာနဲ့ပဲ သန့်စင်ခန်းထဲဝင်သွားခဲ့တယ်။

သွားတိုက်နေရင်း ပြန်မြင်ယောင်မိတာက သူ့လက်ဖမိုးပေါ်ကို  နူးညံ့စွာကျရောက်လာတဲ့ နှုတ်ခမ်းပါးတစ်စုံရယ် တိကျပြတ်သားပြီး ရှင်းလင်းနေတဲ့မျက်နှာအမူအယာဖြင့်  ချစ်စကား ပြောနေပုံများ။

“မစဉ်းစားနဲ့တော့ အဲ့တာတကယ်မဟုတ်ဘူး။ အိပ်မက် … ။ ဟုတ်တယ် … ငါအိပ်မက် မက်နေတာ။”

ကောင်းမြတ်လွန်းက သူ့စိတ်ကို ပေါ့ပါးအောင် အတက်နိုင်ဆုံးဖြေဖျောက်ပစ်နေတယ်။ ဒါပေမဲ့ မအောင်မြင်ဘူး။

သုန်မှုန်နေတဲ့မျက်နှာနဲ့ပဲ အခန်းပြင်ကိုထွက်လာခဲ့ရတယ်။

“မာမား … မောနင်းကစ်”

“မွ …”

အိတိုလေးက မနက်တိုင်း မောနင်းကစ်တောင်းနေကြမို့ ကောင်းမြတ်လွန်းလည်း အိတိုလေးနှုတ်ခမ်းကို ကစ်ပေးလိုက်တယ်။

“ကောင်းမြတ်လွန်း နေမကောင်းဘူးလား။ မျက်နှာလည်းမရွှင်ပါလား။”

“မေးတက်တယ်နော်” လို့ ကောင်းမြတ်လွန်းစိတ်ထဲကပြောလိုက်မိတယ်။ တကယ်တမ်းအပြင်မှာတော့

“နေကောင်းပါတယ်”

“ဒါဆို ညကအိပ်ရေးပျက်သွားလို့ဖြစ်မယ်။ ခေါင်းကိုက်နေသေးလား။ မနေ့က လေအေးတွေ တိုက်တာအကြာကြီးခံလိုက်တော့ တော်ကြာဖျားနေပါအုံးမယ် မှန်းစမ်း … ”

ရုတ်တရက်နဖူးပေါ်ကျရောက်လာတဲ့ လက်ဖဝါးကို ကောင်းမြတ်လွန်း ရှောင်တိမ်းဖို့ ကြိုးစားလိုက်သော်လည်း အရာမထင်ခဲ့။ နောက်ထပ် လက်ဖဝါးတစ်ဖက်က ကောင်းမြတ်လွန်းရဲ့ နောက်စေ့ကို အုပ်ကိုင်ကာထိန်းပေးလာသည်။

“ကိုယ်တော့မပူပါဘူး။ နေအုံး ကိုယ် ရေဆူဆေးပြားဖျော်တိုက်မယ် ခဏလေးစောင့်”

“နေပါစေ ကျွန်တော်အဆင်ပြေပါတယ်”

“ကိုယ်ကတော့ အဆင်မပြေဘူး”

ကပျာကယာနဲ့ ထွက်သွားတဲ့ ကမ္ဘာညိမ်းကို ကြည့်ရင်း ကောင်းမြတ်လွန်း မျက်နှာမဲတဲ့တဲ့နဲ့ ကျန်ရစ်ခဲ့ရတယ်။

“မာမား … ဆေးသောက်ရမှာကြောက်လို့လား”

“ဟမ် … အင်း …”

“မာမားကလည်း အိတိုလေးရှိတယ်လေ အိတိုလေးကိုယုံလိုက်ပါ မာမားက dad တိုက်တာသောက်ပြီးသွားတာနဲ့ လန်းဆန်းသွားမှာ”

စိတ်ရှုပ်နေတဲ့ကြားက အိတိုလေး အပြောကြောင့် ပြုံးလိုက်မိသည်။

အိတိုလေးက သိလွယ်တက်လွယ်သည်။ လူတစ်ယောက်ကို ဘယ်လိုနှစ်သိမ့်ပေးရမလဲ ဆိုတာလည်း နားလည်နေပြီဖြစ်သည်။

“ဟုတ်ကဲ့ပါဗျာ”

“ရော့ သောက်လိုက် ဖြည်းဖြည်းလဲ သောက်”

“ကျေးဇူးပဲ”

သူများသားသမီးကို ရည်းစားစကားပြောထားပြီး တည်ငြိမ်နေနိုင်လိုက်တာလို့ ကောင်းမြတ်လွန်း စိတ်ထဲက ခပ်ရွတ်ရွတ်ပြောလိုက်မိတယ်။

“ညကပြောထားတာတွေ မေ့မသွားဖို့မျော်လင့်တယ်”

“အဟွတ် … အဟွတ်…”

သောက်နေတဲ့ ရေဆူအားဖြည့်ဆေးရည်တောင် လည်ချောင်းထဲ ဖြောင့်ဖြောင့်တန်းတန်း မဝင်နိုင်တော့။

“ကိုယ်သတိပေးပါတယ် ဖြည်းဖြည်းသောက်ပါလို့”

ကောင်းမြတ်လွန်း စိတ်ပေါက်ပေါက်နဲ့ မျက်စောင်းကြီးကြီး တစ်ချက်သာ ပစ်ထိုးလိုက်တယ်။

ကမ္ဘာညိမ်းကတော့ ရယ်လို့ပေါ့။

အဲ့လိုနဲ့ ရုံးရောက်သွားတော့လည်း အခါတိုင်းလို ကားကို မြေအောက်ကားပါကင်ထိမထိုးပဲ ကုမ္ပဏီဝင်ပေါက်ရှေ့တည့်တည့်မှာသာရပ်စေတယ်။

“ဦးလေးကျေးဇူးပဲနော်”

“ရပါတယ်ကွယ်”

“ကိုယ်တို့ဆင်းကြရအောင်”

ဆင်းကြရအောင်ဆိုတာနဲ့ထွေးထွးက အရင်ပြေးဆင်းသွားသည်။

ထို့နောက် ကမ္ဘာညိမ်းနဲ့အိတိုလေးတို့ပါ လိုက်ဆင်းသွားသည်။

ကောင်းမြတ်လွန်းကတော့ ကားပေါ်မှာကျောက်ရုပ်ကြီးလိုထိုင်နေဆဲဖြစ်သည်။

“မာမား .. .လာလေ…”

“ဟမ် … ဟို မာမား ကားပါကင်နားရောက်မှဆင်းတော့မယ် သွားနှင့်နော်”

“ကောင်းမြတ်လွန်း .. ဒီမှာပဲဆင်းလိုက်ပါ ရုံထဲတူတူဝင်ရအောင်”

“အစ်ကို …”

ကမ္ဘာညိမ်းက ကားပေါ်မှာ ပေကပ်ပြီး ထိုင်နေတဲ့ ကောင်းမြတ်လွန်း အနား ကပ်သွားလိုက်သည်။

“ဒီနေ့ကစပြီး မင်းကကိုယ့်အပိုင်ဆိုတာကို ကြော်ငြာတော့မှာ။ အဲ့တာကြောင့် ဆင်းခဲ့တော့။ မဟုတ်ရင် ကိုယ်ချီပြီးရုံးခန်းထဲထိခေါ်သွားရလိမ့်မယ်။”

“အစ်ကိုဘယ်လိုဖြစ်နေတာလဲ။ ကျွန်တော်လည်း အဖြေ ပြန်မပေးရသေးပဲနဲ့။ ဘာလို့ … ”

“တစ် … နှစ် ….”

“ဆင်းပြီဗျာ ဆင်းမယ် တကယ်ပါပဲဗျာ”

စိတ်ဆိုးမာန်ဆိုးနဲ့ ကားပေါ်က ဆင်းသွားတဲ့ ကောင်းမြတ်လွန်းက ကမ္ဘာညိမ်းကိုတွန်းတိုက်ပြီး ရုံးထဲကို လစ်ခနဲနေအောင်ပြေးဝင်သွားသည်။

“dad … မာမား ဘာဖြစ်သွားတာလဲ”

“ရှက်သွားတာ”

“ဘာလို့ရှက်သွားတာလဲ”

“အဲ့တာ ကလေးတွေသိစရာမလိုဘူး”

အိတိုလေး နှာခေါင်းကို လက်နဲ့အသာဆွဲပြီး ပြောလိုက်တော့ အိတိုလေးတစ်ယောက် နှာခေါင်းရှုံ့ပြီး မျက်စောင်းထိုးကာ ရှေ့ကအရင် ကော့တော့ကော့တော့နဲ့ ပြေးထွက်သွားတော့သည်။

ရုံးကဝန်ထမ်းတွေကတော့ အိတိုလေး စိတ်ဆိုးပြီး လုံးတုံးတုံးနဲ့ ပြေးသွားတဲ့ ပုံလေးကို လိုက်ကြည့်ရင်း ပြုံးနေမိကြသည်။

“ငါတို့ ဥက္ကဌကြီးက ငါတို့အသည်းလေးအိတိုကို ဘာများ စိတ်ဆိုးအောင် လုပ်လိုက်လဲ မသိပါဘူး။ ကြည့်ပါအုံး မျက်နှာလေး စူပုပ်ပြီး ပြေးထွက် သွားတာများ လုံးနေတာပဲ။”

“ဟုတ်ပအေ ဒါနဲ့ အိတိုလေး ဆရာက ဒီနေ့အိတိုလေးတို့နဲ့အတူလာတာနော်”

“အေးဟုတ်တယ် အကြောင်းရှိလို့ဖြစ်မယ်။ စကားမဆက် အဲ့တစ်ယောက် ဆံပင်ညှပ်လိုက်တော့လဲ ကြည့်ကောင်းတာပဲနော် ချစ်ချင်စရာလေး”

“ကောင်းမ ညည်းရဲ့ အကုသိုလ်ကြီးမားတဲ့ စိတ်တွေ အခု ချက်ချင်း ဖျောက်လိုက်စမ်း သူတို့မိသားစုကြားထဲ ဝင်ဖို့မစဉ်းစာနဲ့ ငါကတော့ ဥက္ကဌကြီးနဲ့ပဲ သဘောတူတယ်။”

“နင်ကလည်း စကားအဖြစ်တောင်ပြောလို့မရတော့ဘူးလား”

“မရဘူး”

“အေးပါဟာ အေးပါအေးပါ”

“ဟဲ့ ကိုယ့်အလုပ်ကိုယ်မလုပ်ပဲ စကားများနေကြပြန်ပြီးလား”

မန်နေဂျာ အပျိုကြီးမမ ဟောက်လိုက်တော့မှ ပါးစပ်လေးတွေလက်နဲ့အုပ်ပြီး အလုပ်ပြန်လုပ်နေကြတဲ့ ဝန်ထမ်းကောင်းမလေးတွေ။

နေ့လည်စားစားချိန်မှာတော့ ကမ္ဘာညိမ်းက အိတိုလေးကိုချီပြီး ခြင်းလေးဆွဲကာ ကောင်းမြတ်လွန်းရှိရာ ဌာနသို့သွားဖို့ ပြင်လိုက်သည်။

အဲ့ဒီအချိန်မှာပဲ အတွင်းရေးမှူးရောက်လာပြီး

“ကောင်းမြတ်လွန်းက ဒီနေ့ ဧည့်သည်တစ်ယောက်နဲ့ သွားတွေ့နေရလို့ ထမင်းအတူတူ မစားနိုင်တော့ပါဘူးတဲ့။”

“ဧည့်သည် ဘယ်ကလဲ မိန်းကလေးလား ယောက်ျားလေးလား”

“အဲ့တာတော့ ကျွန်တော့ကို မပြောသွားဘူးဗျ”

ဒီကောင်းလေး ငါကို စိတ်ဆိုးနေလို့များ ရှောင်ချင်နေတာလား။ ဒါပေမဲ့ အဲ့လိုဆိုရင်တောင် အိတိုလေး နဲ့ ထမင်းအတူမစားပဲတော့နေမှာ မဟုတ်ဘူး။

ကမ္ဘညိမ်းအတွေးလွန်နေတာကို သိသွားတဲ့ အတွင်းရေးမှူးက အလိုက် သိသည်။

“ကျွန်‌တော် လိုက်ကြည့်ပေးရမလား”

“လိုက်ကြည့်လိုက်ပါ”

“ဟုတ်ကဲ့ ဒါဆို ကျွန်တော့ကို သွားခွင့်ပြုပါအုံး”

တစ်ဖက်မှာတော့ ….

စားသောက်ဆိုင်တစ်ခုသို့ရောက်ရှိနေတဲ့ ကောင်းမြတ်လွန်း။

သူ့အရှေ့မှာတော့ သူ မသိတဲ့ အမျိုးသမီးတစ်ယောက်က မျက်နှာကြော ခပ်တင်းတင်းနဲ့ ထိုင်နေသည်။

“မင်းနဲ့ ကမ္ဘာညိမ်းကဘာလဲ”

“ဗျာ …”

“ဘာမှမဟုတ်ဘူးလို့တော့မပြောနဲ့ မင်းတို့အတူနေတာသိတယ်”

“အဲ့တာက …”

“အကြောင်းပြချက် အရှည်ကြီးတွေမလိုချင်ဘူး လိုရင်းကိုပဲပြော ဘယ်လို ပတ်သတ်နေတာလဲ”

“ကျွန်တော်က ဥက္ကကြီးနဲ့ ဆိုတာထက် အိတိုလေးနဲ့ ပတ်သတ်တဲ့သူ တစ်ယောက်ပါ ဥက္ကဌကြီးတို့ အိမ်မှာ နေတယ်ဆိုတာကလည်း အိတိုလေး ကြောင့်ပါ။”

“ဒါဆို မင်းက ကမ္ဘာညိမ်းနဲ့ ဘာမှ မဟုတ်ဘူးပေါ့”

“သေချာပါတယ်”

“ဘာလို့လဲ ကမ္ဘာညိမ်းက ရုပ်လည်းချောတယ် အရည်အချင်းလည်းရှိတယ် ချမ်းသာတယ် မင်းမမက်မောဘူးလား”

“အဲ့လိုလူက သူတစ်ယောက်တည်းရှိတာမှ မဟုတ်တာ။ မေးခွန်းတွေ မေးနေမဲ့အစား လိုရင်ကိုပြောပါ။”

“ကောင်းပြီလေ မင်း အဲ့အိမ်ကနေ ထွက်သွားပေးနိုင်မလား”

“မဖြစ်နိုင်ဘူး”

“ဘာဖြစ်လို့”

“ကျွန်တော်က ဘာလို့ရှင်းပြရမှာလဲ။ ဒီဘက်က အမျိုးသမီးက ဘယ်သူဘယ်ဝါမှန်းတောင် မသိရသေးပဲ ဘာလို့ ကျွန်တော်က မေးသမျှ လိုက်ဖြေပေးနေရမှာလဲ”

“အိုကေလေ တို့က အိတိုလေးရဲမာမား။ ကမ္ဘာညိမ်းနဲ့ ပြန်ပေါင်းထုတ်ဖို့ စဉ်းစားထားတယ်။ အဲ့တော့ မင်းထွက်သွားပေးဖို့လိုတယ်။”

“အဲ့လိုဆို ကျွန်တော်အဲ့ဒီအိမ်မှာ ပိုပြီးတွယ်ကပ်နေသင့်တာပေါ့”

“ဘယ်လို …”

“ဦးကမ္ဘာညိမ်းကို  လိုချင်ရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရအောင်ကြိုးစား။ ကျွန်တော်ကတော့ အိတိုလေး အနားမှာ ရှိနေပေး ရလိမ့်မယ်။ ဒီထက် ပိုပြီးလဲ ပြောစရာမရှိတော့တာကြောင့် ကျွန်တော့ကို ခွင့်ပြုပါအုံး”

“နေပါအုံး … မင်း ကမ္ဘာညိမ်းကို တကယ်မချစ်ဘူးလား”

“မမ .. မနောက်နဲ့တော့”

စောပိုင်းက မျက်နှာကြောတင်းတင်းနဲ့ စကားတွေပြောနေတဲ့ အမျိုးသမီးက ကမ္ဘာညိမ်းမျက်နှာကိုလည်းမြင်ကော ချက်ချင်းမျက်နှာကပြုံးသွားပြီး

“ဟား ဟား … ကမ္ဘာညိမ်းတို့က တကယ်ကို မျက်စိအောက်က အပျောက်မခံတာပဲ ခွေးလေးလား ဒီလောက်အနံ့ခံကောင်းနေတာ”

ကောင်းမြတ်လွန်းကတော့ ဘာကိုမှ နားမလည်တော့တာကြောင့် နှစ်ယောက်လုံကို ကြောင်တောင်တောင်လေးနဲ့သာကြည့်နေမိသည်။

“ဒါဆိုမမ ကကော ကြွက်မို့လို့ တွင်းလိုက်တူးနေတာလား”

“ဟား … ဟား… ပါပါမန်း လုပ်ပါ … ကောင်လေးကိုခေါ်ပြီး ပြန်ထိုင်စမ်းပါ ငါပြောစရာတွေရှိသေးတယ်။”

“ကျစ် … မမကလုပ်ပြီဗျာ”

“ကောင်းမြတ်လွန်း ဒါက ကိုယ့်အမေဘက်က ကိုယ့်အစ်မဝမ်ကွဲ”

ကောင်းမြတ်လွန်း အတွေးတွေက ချာချာလည်သွားတာမှာ ဘယ်နှပတ် မှန်းတောင်မသိတော့။

ဦးကမ္ဘာညိမ်းက အစ်မဝမ်းကွဲနဲ့ ကလေးရခဲ့တာလား။ ဒါပေမဲ့ ဇင်မိုးမြင့်ဆိုတဲ့ အမျိုးသမီးပြောစကားအရဆိုရင် အိတိုလေးက လူကြီးရဲ့သွေးသားမဟုတ်ဘူး။ ဒါဆိုရင် အိတိုလေးက ဦးကမ္ဘာညိမ်း အစ်မဝမ်းကွဲရဲ့ကလေးလား။ ဒါပေမဲ့ ဘာလို့ ဒီအမျိုးသမီးက ဦးကမ္ဘညိမ်းနဲ့ ပြန်ပေါင်းထုတ်မယ်လို့ပြောတာလဲ။ မဟုတ်မှ အဲ့ဒီအမျိုးသမီးနဲ့လက်ထပ်ပြီးမှ သူနဲ့မဟုတ်တဲ့ ကိုယ်ဝန်ပါလာမှန်းသိခဲ့ကြတာလား။ ဘာတွေလဲ  … ရှုပ်နေတာပဲ  …”

“ကမ္ဘာညိမ်း .. မင်းကောင်လေး အသက်ကောရှူသေးရဲလား ငါစတာလွန်းသွားတာများလား”

ဝိညာဉ် လွှင့်နေသူလို ဘာစကားမှပြန်မပြောပဲ ငူငူကြီး ရပ်နေတဲ့ ကောင်းမြတ်လွန်းကြောင့် ကမ္ဘာညိမ်းလည်း ပုခုံးပုတ်ပြီး သတိပြန်ဝင်စေလိုက်သည်။

“ကောင်းမြတ်လွန်း …”

“ဗျာ …ဗျာ …”

“မမစကားတွေအတည်မယူနဲ့ သူက ကောင်းမြတ်လွန်းကို စနေတာ”

“ဗျာ …”

“တွေ့ရတာ ဝမ်းသာပါတယ် မေမြတ်လွန်း”

“ဗျာ …”

“ဟား ဟား ကမ္ဘာညိမ်းကောင်လေးက တကယ်ချစ်စရာလေးကွာ”

“မမ မစနဲ့တော့ သူစိတ်ရှုပ်နေပြီ”

“ဟုတ်ပါပြီ နောက်မှတရားဝင်ထပ်ပြီးလာမိတ်ဆက်တော့မယ်။ အခုတော့ ပြန်လိုက်တော့မယ်။ ပါပါမန်းရဲ့ဒေါသက ကြောက်ရတယ်။ ကြာကြာမနေရဲတော့ဘူး။”

“မမက တကယ်ပါဗျာ …”

“ဒါနဲ့ ကမ္ဘာညိမ်း …။ ကောင်းမြတ်လွန်း စာမေးပွဲအောင်တယ်သိလား။ ငါတော့ အမှတ်ပြည့်ပေးတယ်။”

“ဟက် … ဂုဏ်ထူးကောမပါဘူးလား”

“လောဘကလဲ ကြီးလိုက်တာ ပြန်ပြီ ပြန်ပြီ”

မမပြန်သွားမှ ကမ္ဘာညိမ်းလည်း အသက်ရှူပြန်ချောင်သွားတော့သည်။

အတွင်းရေးမှူး ဖုန်းဆက်အကြောင်းကြားလာကတည်းက အမြန်ပြေးလိုက်လာခဲ့ရတာ။

ရောက်လာတော့လည်း ထင်တဲ့အတိုင်း ရုပ်တည်ကြီးနဲ့ ကောင်းမြတ်လွန်းကို စာမေးပွဲစစ်နေလေတဲ့မမ။

“မမက ကိုယ်တို့အကြောင်းတွေ အကုန်သိတယ်။ သူက ကိုယ့်ကို ကောင်းမြတ်လွန်းနဲ့ သဘောတူနေတာလေ။ အခုလဲ အိတိုလေးနဲ့ ပတ်သတ်ပြီး ကောင်းမြတ်လွန်းကို စာမေးပွဲလာစစ်တာ။”

“အဲ့တာကြောင့် မေမြတ်လွန်းလို့ခေါ်သွားတာကို”

“အင် …”

“ဒါနဲ့ အစ်ကို က ဘယ်လိုသိပြီး ဒီကိုရောက်လာတာလဲ”

“ကိုယ်က မင်းနဲ့ပတ်သတ်လာရင် အားလုံးသိနိုင်အောင် ကြိုးစားနေတဲ့သူလေ”

“အစ်ကို … ကျွန်တော့ကို နောက်ယောင်ခံလိုက်နေတာတော့ မဟုတ်ပါဘူးနော်”

“ကိုယ်မငြင်းပါဘူး ကောင်းမြတ်လွန်းကို စိတ်မချလို့ လိုက်ကြည့်ခိုင်းထားတာ”

“အဲ့တာ ဥပဒေနဲ့ ငြိစွန်းနေတယ်ဆိုတာကိုကောသိရဲ့လား အစ်ကိုက တကယ်ကြောက်ဖို့ကောင်းတယ်”

“ဟား … ဟား … ဟုတ်တယ် ကိုယ်က ကြောက်ဖို့ကောင်းတယ်။ အဲ့တာကြောင့် ကိုယ့်အနားထွက်ပြေးဖို့မကြိုးစားမိစေနဲ့။”

ကောင်းမြတ်လွန်းတစ်ကိုယ်လုံးက မွှေးညင်းလေးများ ထောင်တက်လာသလိုခံစားလိုက်ရသည်။

“ဘာလို့မမေးတာလဲ”

“ဘာကိုလဲ”

“အိတိုလေးအကြောင်းကို”

“သိဖို့မလိုဘူးထင်လို့ပါ။ အတိတ်က အတိတ်ပဲလေ။ အိတိုလေးအကြောင်းက ဘာပဲဖြစ်နေဖြစ်နေ ကျွန်တော် အိတိုလေးအပေါ် မေတ္တာပျက်မှာမဟုတ်ဘူး။”

“ကိုယ့်ကိုကော ကိုယ့်အပေါ်မှာကော”

“အစ်ကို့ အတိတ်ကိုလည်း ကျွန်တော်မသိချင်ဘူး။ အစ်ကို အတိတ်မှာ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အခုလက်ရှိ ကျွန်တော်တို့ ဆက်ဆံရေးကို ပြောင်းလဲ သွားစေမှာ မဟုတ်ဘူး။”

“ဒါပေမဲ့ ကိုယ်ကတော့ ပြောပြချင်တယ်။ ကိုယ်က အခုထိလူပျိုပဲသိလား။ ကိုယ့်လူပျိုဘဝကို ကိုယ့်အချစ် မင်းဆီမှာ ပေးအပ်ဖို့စဉ်းစားထားတယ်။ အဲ့တာလက်ခံပေးမှာလား။”

“အစ်ကို က တကယ် … ကျွန်တော်သွားပြီ”

ရှက်ကိုးရှက်ကန်းနဲ့ထွက်သွားတဲ့ ကောင်လေးက ဖုန်းကော ပိုက်ဆံအိတ်တွေကိုပါ စားပွဲပေါ်မေ့ထားခဲ့တာကြောင့် ကမ္ဘာညိမ်းပဲ အကုန်ကောက်သိမ်းပြီး အနောက်က ပြေးလိုက်ရတော့သည်။

"ရဲတင်းသလိုနဲ့ ရှက်တက်လိုက်တာကွာ"

© G Fourteen,
книга «အိတိုေလးရဲ႕မာမား အိတိုလေးရဲ့မာမား».
အိတို (၂၆)
Коментарі