အိတို
အိတို (၀၁)
အိတို (၀၂)
အိတို (၀၃)
အိတို (၀၄)
အိတို (၀၅)
အိတို (၀၆)
အိတို (၀၇)
အိတို (၀၈)
အိတို (၀၉)
အိတို (၁၀)
အိတို (၁၁)
အိတို (၁၂)
အိတို (၁၃)
အိတို (၁၄)
အိတို (၁၅)
အိတို (၁၆)
အိတို (၁၇)
အိတို (၁၈)
အိတို (၁၉)
အိတို (၂၀)
အိတို (၂၁)
အိတို (၂၂)
အိတို (၂၃)
အိတို (၂၄)
အိတို (၂၅)
အိတို (၂၆)
အိတို (၂၇)
အိတို (၂၈)
အိတို (၂၉)
အိတို (၃၀)
အိတို (၃၁)
အိတို (ဇာတ္သိမ္း)
အိတို (၁၀)
အိတို🐻10
Zawgyi

အိတိုေလးတစ္ေယာက္ ဆိုဖာခံုေပၚမွာ လက္ကေလးပိုက္ကာ ထိုင္ေနျပီး ႏႈတ္ခမ္းေလးစူကာ သူ႔ဒယ္ဒီကို မ်က္ေစာင္းေတြႀကီးလိမ့္ထိုးေနသည္။

ကမၻာညိမ္းက အိတိုေလးျဖစ္ေနတဲ့ပံုစံကိုႀကည့္ျပီး ႏွာထိပ္ဖ်ားကို လက္ညိဳးေလးနဲ႔ပြတ္ကာ ဘယ္လိုျပန္ေခ်ာ့ရေကာင္မလဲေတြးေနသည္။

"အိတိုေလး …"

"ဟြန္႔ …"

ႏွာမႈတ္သံေလးေပးျပီးတာနဲ႔ မ်က္ႏွာလြဲသြားတဲ့အိတိုေလး။

"မာမားက ခဏေလးပဲစိတ္ဆိုးသြားတာပါ"

"ခဏေလးလည္း dad က မာမားကိုစိတ္ဆိုးေအာင္လုပ္တာပဲကို"

"အိတိုေလးရဲ႕မာမားကို dad က စိတ္မဆိုးေအာင္ျပန္ေခ်ာ့ေပးမွာပါ စိတ္မဆိုးနဲ႕ေတာ့ေနာ္"

"dad မေကာင္းဘူး မာမားစိတ္ဆိုးေအာင္လုပ္တယ္ အဟင့္ …"

စိတ္ဆိုးဆိုးနဲ႕ အခန္းထဲဝင္သြားကာ အခန္းတံခါးေစာင့္ပိတ္လိုက္တဲ့ ေကာင္းျမတ္လြန္းေႀကာင့္ အိတိုေလးမွာ သူ႔မာမားစိတ္ဆိုးသြားျပီဆိုျပီး ရႈိက္ႀကီးတငင္ထငိုေတာ့သည္။

"အယ္ … ဘာလို႔ငိုတာလဲ … dad ျပန္ေခ်ာ့ေပးမယ္ေျပာထားတယ္ေလ …"

"မာမားထြက္သြားရင္ဘယ္လိုလုပ္မလဲ"

လက္စသတ္ေတာ့ အိတိုေလးက သူ႔မာမားစိတ္ဆိုးျပီး သူ႕ကိုထားသြားမွာေႀကာက္ေနတာပင္။

အနားအကပ္မခံပဲ တြန္းထုတ္ေနတဲ့ အိတိုေလးရဲ႕ လံုးတစ္တစ္ကိုယ္လံုးေလးကို အတင္းဆြဲဖက္ထားလိုက္ျပီး

" dad … ရွိေနသ၍ မာမားက အိတိုေလးနားကေန ဘယ္ကိုမွ ထြက္သြားလို႔ရမွာမဟုတ္ဘူး"

"တကယ္လား"

"တကယ္ေပါ့"

အိတိုေလးရဲ႕ဒယ္ဒီ ကမၻာညိမ္းဆိုတဲ့လူက လိုခ်င္တာကိုရေအာင္ယူတက္ျပီး ျဖစ္ခ်င္တာကိုလည္း မျဖစ္ျဖစ္ေအာင္လုပ္တက္တယ္။

ေခါင္းမာျပီး ထင္ရာစိုင္တက္လြန္းလို႕လည္း မိဘေဆြမ်ိဳးသားခ်င္းေတြကပါ ကမၻာညိမ္းနဲ႔ပတ္သတ္လာရင္ ဘယ္ကိစၥမွ ဝင္မပါရဲပဲ လက္ေလ်ွာ့ထားရတယ္။

ဒါေပမယ့္ တစ္ေယာက္သူကိုေတာ့ ကမၻာညိမ္းတစ္ေယာက္ ေတာ္ေတာ္ေလးအေလ်ွာ့ေပးျပီး ႏူးနူးညံ့ညံ့ကိုင္တြယ္ေနမိတယ္။ နည္းလမ္းေျပာင္းသြားတာကလြဲရင္ အခ်ိန္ႀကန္႔ႀကာသြားတာကလြဲရင္ ကမၻာညိမ္းက သူလိုခ်င္ကိုေတာ့ရေအာင္ယူဦးမွာျဖစ္တယ္။

"ဒီမွာ ……"

အိတိုေလးကိုေခ်ာ့ေပးရင္း အေတြးမ်ားေနတုန္း ရွက္ဝဲဝဲအသံေလးတစ္ခုႀကားလိုက္တယ္ …

အဲ့ဒီအသံေလးေႀကာင့္ပဲ ကမၻာညိမ္းပုခံုးေပၚေခါင္းမွီတင္ထားတဲ့ အိတိုေလးရဲ႕ေခါင္းေလးကပါ ေထာင္လာေတာ့တယ္။

အဲ့ဒီေနာက္မွာေတာ့

"မာမား …"

အိတိုေလးရဲ႕ အသံစူးစူးေလးက ရႊင္ျပစြာနဲ႔ထြက္ေပၚလာေတာ့တယ္။ တဆက္တည္းမွာပဲ အိတိုေလးက သူ႕ဒယ္ဒီကိုယ္ေပၚက အတင္းေကာ့ဆင္းသြားေတာ့တယ္။

"ဟက္ … ကိုယ္ထင္တာက နတ္သမီးေတြက ေကာင္းကင္ေပၚမွာပဲေနႀကတာလို႔ေလ"

"အဲ့တာက ဘာစကားလဲ ကြ်န္ေတာ့ပံုကိုႀကည့္ဦး သိပ္ရယ္စရာေကာင္းေနျပီ"



ေကာင္းျမတ္လြန္းက ဂါဝန္အနားစကို မလံုမလဲနဲ႕ ဆြဲခ်ျပီး ေတာ္ေတာ္ေလးရွက္ေနပံုျဖင့္ ေျခႏွစ္ေခ်ာင္းကိုပါလိမ္ထားျပီး အႀကည့္ေတြကိုလည္း ႀကမ္းျပင္ေပၚသို႕သာပို႕ထားသည္။

ေကာင္းျမတ္လြန္းက အခုမိန္းကေလးဂါဝန္ဝတ္စံုကိုဝတ္ထားျခင္းျဖစ္သည္။

ဝတ္စံုက အျဖဴေရာင္နဲ႕ ပန္းေရာင္စပ္ထားတဲ့ ဂါဝန္ေလးျဖစ္သည္။ ဂါဝန္ရဲ႕အေပၚပိုင္း အက်ီၤက အျဖဴေရာင္ လက္ရွည္ျဖစ္ျပီး လည္ပင္းေနရာမွာလည္း ဖဲႀကိဳးမ်ွင္ေလးကို ဖဲျပားသ႑ာန္စီးထားသည္။ ရင္ေအာက္ပိုင္းရယ္ ပုခံုးႀကိဳးသိုင္းေနရာရယ္ နဲ႕ ဂါဝန္တိုေလးကေတာ့ ပန္းေဖ်ာ့ေရာင္ေလးျဖစ္သည္။ ဂါဝန္ေလးကလည္းကားကားေလးနဲ႔ အတြန္႔အထပ္ေလးေတြပါ ပါေသးတာေႀကာင့္ ႀကည့္လိုက္ရင္ ႀကြႀကြရြရြေလးျဖစ္ေနသည္။

အဲ့လို လွပတဲ့ဝတ္စံုေလးက ထူးဆန္းစြာနဲ႔ပဲ ေကာင္းျမတ္လြန္းရဲ႕ ေယာက်္ားဆန္လွတဲ့ကိုယ္ေပၚမွာ ေက်ာ့ရွင္းစြာတည္ရွိေနသည္။

က်စ္လစ္တဲ့ ခႏၶာကိုယ္ဖြဲ႔စည္းပံုရွိတဲ့ ေကာင္းျမတ္လြန္းအတြက္ေတာ့ ဒီဝတ္စံုက ေကာင္းျမတ္လြန္းနဲ႔ အေတာ္ေလးလိုက္ဖက္ကာ ႀကည့္ေကာင္းေနသည္။

"ခ်စ္စရာေကာင္းတယ္ … တကယ္လွတယ္ …မင္းရဲ႕လက္ေမာင္းႀကြက္သားေတြေႀကာင္ လက္ရွည္ခ်ဳပ္ခိုင္းလိုက္တာ။ ဒါေပမယ့္ မင္းေျခသလံုးေလးေတြကေတာ့ ရွင္းသန္႔ျပီးသြယ္လ်ွေနတာကို သတိထားမိလို႔ ဂါဝန္ကိုတိုခိုင္းလိုက္မိတယ္။ တကယ္ကိုပဲ ဒီဝတ္စံုက မင္းနဲ႕လိုက္တယ္။"

"ဟုတ္တယ္ မာမား … အရမ္းလွတယ္ … မာမားအလွဆံုးပဲ … ဟုတ္တယ္ေနာ္ dad … "

"ဟုတ္ပါ့ဗ်ာ … အိတုိေလးရဲ႕မာမားကသိပ္လွတာ အလွဆံုးပဲ"

သားအဖႏွစ္ေယာက္ေပါင္းျပီး ခ်ီးမြမ္းေနတဲ့စကားေတြေႀကာင့္ ေကာင္းျမတ္လြန္းတစ္ကိုယ္လံုး ယားယံလာျပီး တြန္႕လိမ္ပစ္ခ်င္လာေတာ့သည္။

"ေယာက်္ားေလးက ဂါဝန္ဝတ္ျပီး  ႀကည့္ေကာင္းတယ္ဆိုတာမ်ိဳးရွိလို႔လား … မျဖစ္နိုင္တာေတြ … မွန္မွန္ေျပာ ကြ်န္ေတာ့ပံုစံက လူရႊင္ေတာ္ေတြလို ရယ္စရာေကာင္းေနတယ္မဟုတ္လား"

ေကာင္းျမတ္လြန္းက စိတ္အလိုမက်စြာနဲ႕ ေလသံကို ျမင့္ျပီး ေစာင့္ေစာင့္ေဆာင့္ေအာင့္ေျပာလာသည္။ ေခါင္းကိုေတာ့ အခုထိမေမာ့ေသးပဲ မသိမသာငံု႔ထားဆဲျဖစ္သည္။

စိတ္ထဲမွာေတာ့ ခရီးသြားစဥ္တစ္ေလ်ွာက္လံုး မိန္းကေလးလိုဝတ္စားေပးရမည္ဟုဆိုကာ ဂါဝန္ေတြလက္ထဲထည့္ေပးလာတဲ့ ကမၻာညိမ္းရဲ႕ေတာင္ဆိုမႈႀကီးကို မေက်မနပ္နဲ႕ က်ိန္ဆဲေနမိသည္။

ကမၻာညိမ္းဘက္မွ ဘာမွျပန္တုန္႔ျပန္သံမႀကားရတာေႀကာင့္ ေကာင္းျမတ္လြန္းတစ္ေယာက္ သူ႔ေခါင္းကိုအသာေမာ့ႀကည့္မိေတာ့ သူ႔မ်က္ႏွာေရွ႕မွာ အနီးကပ္ႀကီး ရွိေနတဲ့ အျပံဳးမ်က္ႏွာတစ္ခုကိုျမင္လိုက္ရသည္။

ေကာင္းျမတ္လြန္းလည္း ရုတ္တရက္လန္႕သြားျပီး ေနာက္တစ္လွမ္းဆုတ္ဖို႕ ႀကိဳးစားလိုက္မိသည္။ သို႔ေသာ္ ကမၻာညိမ္းက သူ႔ေခါင္းကိုထိန္းကိုင္းကာ ေခါင္းစည္းကြင္းကိုေျဖခ်ပစ္လိုက္သည္။

ခ်က္ခ်င္းဆိုသလို မ်က္ႏွာေပၚနဲ႔ပုခံုးေပၚသို႕ဝဲက်လာတဲ့ဆံႏြယ္ေလးေတြက ကပိုကရိုနဲ႕ျဖစ္ေနခဲ့သည္။

အဲ့ဒီ ကပိုကရိုျဖစ္ေနတဲ့ ဆံႏြယ္ေလးေတြကိုပဲ ကမၻာညိမ္းက ေသသပ္ေအာင္ျပဳလုပ္ေပးေနျပန္သည္။

"dad … အရမ္းေတာ္တာပဲ မာမားကဆံပင္ေလးေတြခ်ထားရင္ ပိုလွတယ္"

အိတိုေလးက ေကာင္းျမတ္လြန္းလက္တစ္ဖက္ကို ကိုင္ျပီး ခါရမ္းကာ ေျခေထာက္ေလးကိုလည္း ေျမာက္ႀကြေျမာက္ႀကြလုပ္ေနေသးသည္။

ေသခ်ာတာက ေကာင္းျမတ္လြန္းရဲ႕ အခုပံုစံေလးကို အိတိုေလးအရမ္းကိုသေဘာက်ေနျပီဆိုတာပင္။

အိတိုေလးတင္မက ကမၻာညိမ္းဆိုသူႀကီးကလည္း ရႊန္းဆာေနတဲ့မ်က္ဝန္းေတြနဲ႔ ေကာင္းျမတ္လြန္းဆီက အႀကည့္မလြဲနိုင္ေအာင္ျဖစ္ေနသည္။

"ကြ်န္ … ကြ်န္ေတာ္ အထဲဝင္ေတာ့မယ္"

"ေနာက္တစ္စံုေလာက္ဝတ္ျပပါဦးလား"

ကမၻာညိမ္းက ေနာက္တစ္စံုနဲ႕ထပ္ျမင္ခ်င္ေသးပံုရသည္။

ေကာင္းျမတ္လြန္းမ်က္ႏွာေလးက သိသိသာသာစူပုပ္လာျပီး ျငင္းဖို႕ႀကံလိုက္ေသာ္လည္း

"မာမား …"

လက္ညိဳးေလးတစ္ေခ်ာင္းေထာင္ျပီး မသနား သနားေအာင္ လုပ္ထားတဲ့မ်က္ႏွာပံုစံေလးနဲ႕ ေတာင္းဆိုလာတဲ့ အိတိုေလးေႀကာင့္ ေကာင္းျမတ္လြန္း ေခါင္းႀကီးငံု႕ျပီး အခန္းထဲျပန္ဝင္သြားလိုက္ရေတာ့သည္။

အျပင္မွာက်န္ခဲ့တဲ့ သားအဖႏွစ္ေယာက္ကေတာ့ လက္ဖဝါးခ်င္းရိုက္ျပီး ျပံဳးေပ်ာ္ေနႀကသည္။

"dad … မာမားက အဲ့တာေတြမဝတ္ခ်င္လို႔စိတ္ဆိုးေနတာလား"

"ဟုတ္တယ္"

"ဒီ … တစ္ေခါက္ပဲ… ဝတ္ခိုင္းျပီး… ရင္ …အိတိုေလးနဲ႕ dad နဲ႕… အတူတူ … မာမားကို … ျပန္ေခ်ာ့လိုက္ႀကမယ္ေနာ္ … အခုေတာ့ … မာမားက… အရမ္းလွလို႔ … ဝတ္ခိုင္း… ထားတာ … ေကာင္းတယ္… ေနာ္ ဟုတ္… တယ္မလား dad …"

ငလည္ေလးအိတိုက သူ႕မာမားကို ဂါဝန္ေလးနဲ႕လည္းျမင္ခ်င္ေသး စိတ္ဆိုးမွာလည္းေႀကာက္ေသးနဲ႕ ျပန္ေခ်ာ့ဖို႕ကိုပါ အေဖာ္ညွိေနေလသည္။


ေနာက္တစ္ႀကိမ္ အခန္းထဲကျပန္ထြက္လာတဲ့ ေကာင္းျမတ္လြန္းကိုယ္ေပၚမွာေတာ့ အျပာနုေရာင္ေလးကိုမွ အျဖဴေရာင္ဇာအနားကြပ္ထားတဲ့ ဂါဝန္ကားကားေလးက လိုက္ဖက္စြာတည္ရွိေနျပန္သည္။



ဒီဂါဝန္ေလးကေတာ့ လက္ရွည္မဟုတ္
္ပဲ လက္တံေတာင္ေကြးထိရွည္တဲ့ အျဖဴေရာင္လက္ေဖာင္းေလးကိုမွ အနားစီးေလးနဲ႕ျဖစ္ျပီး ခ်စ္စရာေကာင္းတဲ့ ဖဲျပားလွလွေလးတစ္ခုက ေနာက္ေက်ာဘက္မွာအလွဆင္ထားေလသည္။

"မာမား … မာမားက အခုလည္းလွတာပဲ ေစာေစာနကလည္းလွတယ္ ႏွစ္ခုလံုးလွေနတယ္"

အိတိုေလးက ေကာင္းျမတ္လြန္းတစ္ကိုယ္လံုးကိုႀကည့္ကာ လက္ညိဳးေလးႏွစ္ေခ်ာင္းေထာင္ျပီး ႏႈတ္ခမ္းတေထာ္ေထာ္နဲ႔ေျပာလာသည္။

"ကေလးေတြက လိမ္မေျပာတက္ဘူး။ မင္းတကယ္ကိုလွေနတာ။ မင္းသာကိုယ့္အနားမွရွိေနရင္ ဘယ္လိုမိန္းကေလးကမွ အလွမာန္တက္ျပီး ကိုယ့္နားကပ္ရဲေတာ့မွာမဟုတ္ေတာ့ဘူး"

"ေတာ္ရံုပဲေျပာပါဗ်ာ မဟုတ္လည္းအစ္ကိုေတာင္းဆိုတာကို ကူညီေပးမွာပါဗ်"

ေကာင္းျမတ္လြန္းတစ္ေယာက္ စကားတေျပာေျပာနဲ႔ အခန္းထဲလစ္ခနဲေနေအာင္ျပန္ဝင္သြားျပန္သည္။

ေနာက္ထပ္ဝတ္စံုတစ္ခုကို အျမဲလဲျပီး ျပန္ထြက္လာေတာ့ ……

"ဝိုး ……… မာမား"

အိတိုေလးခင္ဗ်ာ ဘာေျပာရမလဲ စဥ္းစားမရေတာ့တာေႀကာင့္ ေခါင္းေလးေမာ့ျပီးသာတေမ့တေမာေငးႀကည့္ေနေတာ့သည္။

အျဖဴေရာင္နဲ႕ နို႔ႏွစ္ေရာင္ကိုေရာျပီး  ရိုးရွင္းစြာခ်ဳပ္ထားတဲ့ ဂါဝန္ေလးက ေတာ္ဝင္ဆန္တဲ့အလွမ်ိဳးကိုဖန္တီးေပးနိုင္စြမ္းရွိေနခဲ့သည္။

တည္ျငိမ္ျပီး က်က္သေရရွိလွသည့္ ဂါဝန္ရဲ႕ အသြင္ဒီဇိုင္ေႀကာင့္ ေကာင္းျမတ္လြန္းရဲ႕ အရွက္သည္းေနတဲ့ အခုပံုစံေလးနဲ႔တြဲဖက္လိုက္တဲ့အခါ တကယ္ကိုမွ ရိုးစင္းကာ အႀကည္ဓာတ္ေလးအျပည့္ျဖစ္ေနတဲ့ အပ်ိဳစင္ေလးတစ္ေယာက္နဲ႔ပင္တူေနသည္။



"ဝါးဂြမ္းေလးဆိုရင္ေတာင္ ကိုယ္ကထိေတြ႔မိအံုးမွာ အခုေတာ့မင္းက တိမ္စိုင္ျဖဴေလးျဖစ္ေနေတာ့ မထိရက္မကိုင္ရက္ေတြျဖစ္ေနျပီ အသက္ရွဴလိုက္ရင္ေတာင္ ေလနဲ႕အတူလႊင့္ပါသြားမွာဆိုးေနရတယ္ တကယ္ကို မင္းက မထိရက္မကိုင္ရကိေလာက္ေအာင္လွတယ္"

"အဲ့လိုေတြမေျပာပါနဲ႔ အဲ့လိုေတြေျပာရင္ တမင္သက္သက္ ကြ်န္ေတာ္ကိုေလွာင္ေနတယ္လို႕ခံစားရတယ္ ကြ်န္ေတာ္ေပ်ာ္မေနဘူးဗ်"

"ဟုတ္ပါျပီ ကိုယ္မေျပာေတာ့ပါဘူး။ ဒါနဲ႔ ေနာက္ဆံုးဝတ္စံုေလးကိုေတာ့ အခုဝတ္မျပနဲ႕ေတာ့ ေနာက္မွ … တကယ္ဝတ္ရမယ့္ အခ်ိန္က်မွ ႀကည့္ေတာ့မယ္"

"dad … အိတိုကႀကည့္ခ်င္ေသးတာကို"

"မာမားေမာေနေတာ့မယ္ေလ ျပီးေတာ့ ခဏေနခရီးသြားေတာ့မွာဆိုေတာ့ အခုျပင္ဆင္စရာရွိတာျပင္ဆင္ႀကမယ္ေလ"

"အဲ့တာဆိုလည္းျပီးေကာ မာမားေမာမွာဆိုးလို႕ အိတိုေလးကပဲ သည္းခံျပီးေနလိုက္ပါ့မယ္"

"ေက်းဇူးတင္ပါတယ္ အိတိုေလးရယ္"

အခုမွပဲ ေကာင္းျမတ္လြန္းရဲ႕ မ်က္ႏွာေလးျပန္လည္ဝင္းပလာေတာ့တယ္။

ဝတ္စံုသံုးစံုလံုးကို ခြ်တ္လိုက္ စြပ္လိုက္နဲ႕ ဝတ္ျပေပးျပီးေနာက္မွာပဲ မိန္းကေလးေတြ အဝတ္အစားလဲရတဲ့ ဒုကၡေတြကို ေကာင္းေကာင္းႀကီး နားလည္သြားေတာ့တယ္။

စကားမစပ္ ကမၻာညိမ္းဝယ္ေပးတဲ့ ဝတ္စံုေတြထဲမွာ မဂၤလာဝတ္စံုနဲ႔တူတဲ့ ဂါဝန္တစ္ထည္ပါလာေသးတယ္။

ဘယ္အခ်ိန္မွာ ဝတ္ရမလဲမသိေပမယ့္ ေကာင္းျမတ္လြန္းကေတာ့ အဲ့ဝတ္စံုဝတ္ဖို႕ကိုေတာ္ေတာ္ေလး တြန္႕ဆုတ္ေနမိတယ္။

အစတုန္းက မိန္းကေလးအက်ီၤေတြဝတ္ျပီး မိန္းကေလးလိုေနေပးဖို႔ေျပာခံရတာေႀကာင့္ စိတ္ဆိုးျပီးေဒါသထြက္ခဲ့ရေသာ္လည္း အေႀကာင္းျပခ်က္ေကာင္းေကာင္းေပးလာတဲ့ ဥကၠဌႀကီး ဦးကမၻာညိမ္းေႀကာင့္ အင္တင္တင္နဲ႔ပဲ ေတာင္းဆိုခ်က္ကို လက္ခံေပးလိုက္ရေတာ့တယ္။

ကမ္းေျခသြားရလို႕ေပ်ာ္ရေပမယ့္ ဂါဝန္ႀကီးတကားကားနဲ႕ ကမ္းစပ္မွာေျပးေဆာ့ေနရမည့္ပံုစံႀကီးကို ျမင္ေယာင္လာမိေတာ့ ေကာင္းျမတ္လြန္းရဲ႕ မ်က္ႏွာႀကီးက အလိုလိုရႈံ႕မဲ့လာေတာ့သည္။

T.B.C 🐻

11:48PM(Thu)
20.01.2022
G14




အိတို🐻10
Unicode

အိတိုလေးတစ်ယောက် ဆိုဖာခုံပေါ်မှာ လက်ကလေးပိုက်ကာ ထိုင်နေပြီး နှုတ်ခမ်းလေးစူကာ သူ့ဒယ်ဒီကို မျက်စောင်းတွေကြီးလိမ့်ထိုးနေသည်။

ကမ္ဘာညိမ်းက အိတိုလေးဖြစ်နေတဲ့ပုံစံကိုကြည့်ပြီး နှာထိပ်ဖျားကို လက်ညိုးလေးနဲ့ပွတ်ကာ ဘယ်လိုပြန်ချော့ရကောင်မလဲတွေးနေသည်။

"အိတိုလေး …"

"ဟွန့် …"

နှာမှုတ်သံလေးပေးပြီးတာနဲ့ မျက်နှာလွဲသွားတဲ့အိတိုလေး။

"မာမားက ခဏလေးပဲစိတ်ဆိုးသွားတာပါ"

"ခဏလေးလည်း dad က မာမားကိုစိတ်ဆိုးအောင်လုပ်တာပဲကို"

"အိတိုလေးရဲ့မာမားကို dad က စိတ်မဆိုးအောင်ပြန်ချော့ပေးမှာပါ စိတ်မဆိုးနဲ့တော့နော်"

"dad မကောင်းဘူး မာမားစိတ်ဆိုးအောင်လုပ်တယ် အဟင့် …"

စိတ်ဆိုးဆိုးနဲ့ အခန်းထဲဝင်သွားကာ အခန်းတံခါးစောင့်ပိတ်လိုက်တဲ့ ကောင်းမြတ်လွန်းကြောင့် အိတိုလေးမှာ သူ့မာမားစိတ်ဆိုးသွားပြီဆိုပြီး ရှိုက်ကြီးတငင်ထငိုတော့သည်။

"အယ် … ဘာလို့ငိုတာလဲ … dad ပြန်ချော့ပေးမယ်ပြောထားတယ်လေ …"

"မာမားထွက်သွားရင်ဘယ်လိုလုပ်မလဲ"

လက်စသတ်တော့ အိတိုလေးက သူ့မာမားစိတ်ဆိုးပြီး သူ့ကိုထားသွားမှာကြောက်နေတာပင်။

အနားအကပ်မခံပဲ တွန်းထုတ်နေတဲ့ အိတိုလေးရဲ့ လုံးတစ်တစ်ကိုယ်လုံးလေးကို အတင်းဆွဲဖက်ထားလိုက်ပြီး

" dad … ရှိနေသ၍ မာမားက အိတိုလေးနားကနေ ဘယ်ကိုမှ ထွက်သွားလို့ရမှာမဟုတ်ဘူး"

"တကယ်လား"

"တကယ်ပေါ့"

အိတိုလေးရဲ့ဒယ်ဒီ ကမ္ဘာညိမ်းဆိုတဲ့လူက လိုချင်တာကိုရအောင်ယူတက်ပြီး ဖြစ်ချင်တာကိုလည်း မဖြစ်ဖြစ်အောင်လုပ်တက်တယ်။

ခေါင်းမာပြီး ထင်ရာစိုင်တက်လွန်းလို့လည်း မိဘဆွေမျိုးသားချင်းတွေကပါ ကမ္ဘာညိမ်းနဲ့ပတ်သတ်လာရင် ဘယ်ကိစ္စမှ ဝင်မပါရဲပဲ လက်လျှော့ထားရတယ်။

ဒါပေမယ့် တစ်ယောက်သူကိုတော့ ကမ္ဘာညိမ်းတစ်ယောက် တော်တော်လေးအလျှော့ပေးပြီး နူးနူးညံ့ညံ့ကိုင်တွယ်နေမိတယ်။ နည်းလမ်းပြောင်းသွားတာကလွဲရင် အချိန်ကြန့်ကြာသွားတာကလွဲရင် ကမ္ဘာညိမ်းက သူလိုချင်ကိုတော့ရအောင်ယူဦးမှာဖြစ်တယ်။

"ဒီမှာ ……"

အိတိုလေးကိုချော့ပေးရင်း အတွေးများနေတုန်း ရှက်ဝဲဝဲအသံလေးတစ်ခုကြားလိုက်တယ် …

အဲ့ဒီအသံလေးကြောင့်ပဲ ကမ္ဘာညိမ်းပုခုံးပေါ်ခေါင်းမှီတင်ထားတဲ့ အိတိုလေးရဲ့ခေါင်းလေးကပါ ထောင်လာတော့တယ်။

အဲ့ဒီနောက်မှာတော့

"မာမား …"

အိတိုလေးရဲ့ အသံစူးစူးလေးက ရွှင်ပြစွာနဲ့ထွက်ပေါ်လာတော့တယ်။ တဆက်တည်းမှာပဲ အိတိုလေးက သူ့ဒယ်ဒီကိုယ်ပေါ်က အတင်းကော့ဆင်းသွားတော့တယ်။

"ဟက် … ကိုယ်ထင်တာက နတ်သမီးတွေက ကောင်းကင်ပေါ်မှာပဲနေကြတာလို့လေ"

"အဲ့တာက ဘာစကားလဲ ကျွန်တော့ပုံကိုကြည့်ဦး သိပ်ရယ်စရာကောင်းနေပြီ"



ကောင်းမြတ်လွန်းက ဂါဝန်အနားစကို မလုံမလဲနဲ့ ဆွဲချပြီး တော်တော်လေးရှက်နေပုံဖြင့် ခြေနှစ်ချောင်းကိုပါလိမ်ထားပြီး အကြည့်တွေကိုလည်း ကြမ်းပြင်ပေါ်သို့သာပို့ထားသည်။

ကောင်းမြတ်လွန်းက အခုမိန်းကလေးဂါဝန်ဝတ်စုံကိုဝတ်ထားခြင်းဖြစ်သည်။

ဝတ်စုံက အဖြူရောင်နဲ့ ပန်းရောင်စပ်ထားတဲ့ ဂါဝန်လေးဖြစ်သည်။ ဂါဝန်ရဲ့အပေါ်ပိုင်း အကျီင်္က အဖြူရောင် လက်ရှည်ဖြစ်ပြီး လည်ပင်းနေရာမှာလည်း ဖဲကြိုးမျှင်လေးကို ဖဲပြားသဏ္ဍာန်စီးထားသည်။ ရင်အောက်ပိုင်းရယ် ပုခုံးကြိုးသိုင်းနေရာရယ် နဲ့ ဂါဝန်တိုလေးကတော့ ပန်းဖျော့ရောင်လေးဖြစ်သည်။ ဂါဝန်လေးကလည်းကားကားလေးနဲ့ အတွန့်အထပ်လေးတွေပါ ပါသေးတာကြောင့် ကြည့်လိုက်ရင် ကြွကြွရွရွလေးဖြစ်နေသည်။

အဲ့လို လှပတဲ့ဝတ်စုံလေးက ထူးဆန်းစွာနဲ့ပဲ ကောင်းမြတ်လွန်းရဲ့ ယောက်ျားဆန်လှတဲ့ကိုယ်ပေါ်မှာ ကျော့ရှင်းစွာတည်ရှိနေသည်။

ကျစ်လစ်တဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံရှိတဲ့ ကောင်းမြတ်လွန်းအတွက်တော့ ဒီဝတ်စုံက ကောင်းမြတ်လွန်းနဲ့ အတော်လေးလိုက်ဖက်ကာ ကြည့်ကောင်းနေသည်။

"ချစ်စရာကောင်းတယ် … တကယ်လှတယ် …မင်းရဲ့လက်မောင်းကြွက်သားတွေကြောင် လက်ရှည်ချုပ်ခိုင်းလိုက်တာ။ ဒါပေမယ့် မင်းခြေသလုံးလေးတွေကတော့ ရှင်းသန့်ပြီးသွယ်လျှနေတာကို သတိထားမိလို့ ဂါဝန်ကိုတိုခိုင်းလိုက်မိတယ်။ တကယ်ကိုပဲ ဒီဝတ်စုံက မင်းနဲ့လိုက်တယ်။"

"ဟုတ်တယ် မာမား … အရမ်းလှတယ် … မာမားအလှဆုံးပဲ … ဟုတ်တယ်နော် dad … "

"ဟုတ်ပါ့ဗျာ … အိတိုလေးရဲ့မာမားကသိပ်လှတာ အလှဆုံးပဲ"

သားအဖနှစ်ယောက်ပေါင်းပြီး ချီးမွမ်းနေတဲ့စကားတွေကြောင့် ကောင်းမြတ်လွန်းတစ်ကိုယ်လုံး ယားယံလာပြီး တွန့်လိမ်ပစ်ချင်လာတော့သည်။

"ယောက်ျားလေးက ဂါဝန်ဝတ်ပြီး  ကြည့်ကောင်းတယ်ဆိုတာမျိုးရှိလို့လား … မဖြစ်နိုင်တာတွေ … မှန်မှန်ပြော ကျွန်တော့ပုံစံက လူရွှင်တော်တွေလို ရယ်စရာကောင်းနေတယ်မဟုတ်လား"

ကောင်းမြတ်လွန်းက စိတ်အလိုမကျစွာနဲ့ လေသံကို မြင့်ပြီး စောင့်စောင့်ဆောင့်အောင့်ပြောလာသည်။ ခေါင်းကိုတော့ အခုထိမမော့သေးပဲ မသိမသာငုံ့ထားဆဲဖြစ်သည်။

စိတ်ထဲမှာတော့ ခရီးသွားစဉ်တစ်လျှောက်လုံး မိန်းကလေးလိုဝတ်စားပေးရမည်ဟုဆိုကာ ဂါဝန်တွေလက်ထဲထည့်ပေးလာတဲ့ ကမ္ဘာညိမ်းရဲ့တောင်ဆိုမှုကြီးကို မကျေမနပ်နဲ့ ကျိန်ဆဲနေမိသည်။

ကမ္ဘာညိမ်းဘက်မှ ဘာမှပြန်တုန့်ပြန်သံမကြားရတာကြောင့် ကောင်းမြတ်လွန်းတစ်ယောက် သူ့ခေါင်းကိုအသာမော့ကြည့်မိတော့ သူ့မျက်နှာရှေ့မှာ အနီးကပ်ကြီး ရှိနေတဲ့ အပြုံးမျက်နှာတစ်ခုကိုမြင်လိုက်ရသည်။

ကောင်းမြတ်လွန်းလည်း ရုတ်တရက်လန့်သွားပြီး နောက်တစ်လှမ်းဆုတ်ဖို့ ကြိုးစားလိုက်မိသည်။ သို့သော် ကမ္ဘာညိမ်းက သူ့ခေါင်းကိုထိန်းကိုင်းကာ ခေါင်းစည်းကွင်းကိုဖြေချပစ်လိုက်သည်။

ချက်ချင်းဆိုသလို မျက်နှာပေါ်နဲ့ပုခုံးပေါ်သို့ဝဲကျလာတဲ့ဆံနွယ်လေးတွေက ကပိုကရိုနဲ့ဖြစ်နေခဲ့သည်။

အဲ့ဒီ ကပိုကရိုဖြစ်နေတဲ့ ဆံနွယ်လေးတွေကိုပဲ ကမ္ဘာညိမ်းက သေသပ်အောင်ပြုလုပ်ပေးနေပြန်သည်။

"dad … အရမ်းတော်တာပဲ မာမားကဆံပင်လေးတွေချထားရင် ပိုလှတယ်"

အိတိုလေးက ကောင်းမြတ်လွန်းလက်တစ်ဖက်ကို ကိုင်ပြီး ခါရမ်းကာ ခြေထောက်လေးကိုလည်း မြောက်ကြွမြောက်ကြွလုပ်နေသေးသည်။

သေချာတာက ကောင်းမြတ်လွန်းရဲ့ အခုပုံစံလေးကို အိတိုလေးအရမ်းကိုသဘောကျနေပြီဆိုတာပင်။

အိတိုလေးတင်မက ကမ္ဘာညိမ်းဆိုသူကြီးကလည်း ရွှန်းဆာနေတဲ့မျက်ဝန်းတွေနဲ့ ကောင်းမြတ်လွန်းဆီက အကြည့်မလွဲနိုင်အောင်ဖြစ်နေသည်။

"ကျွန် … ကျွန်တော် အထဲဝင်တော့မယ်"

"နောက်တစ်စုံလောက်ဝတ်ပြပါဦးလား"

ကမ္ဘာညိမ်းက နောက်တစ်စုံနဲ့ထပ်မြင်ချင်သေးပုံရသည်။

ကောင်းမြတ်လွန်းမျက်နှာလေးက သိသိသာသာစူပုပ်လာပြီး ငြင်းဖို့ကြံလိုက်သော်လည်း

"မာမား …"

လက်ညိုးလေးတစ်ချောင်းထောင်ပြီး မသနား သနားအောင် လုပ်ထားတဲ့မျက်နှာပုံစံလေးနဲ့ တောင်းဆိုလာတဲ့ အိတိုလေးကြောင့် ကောင်းမြတ်လွန်း ခေါင်းကြီးငုံ့ပြီး အခန်းထဲပြန်ဝင်သွားလိုက်ရတော့သည်။

အပြင်မှာကျန်ခဲ့တဲ့ သားအဖနှစ်ယောက်ကတော့ လက်ဖဝါးချင်းရိုက်ပြီး ပြုံးပျော်နေကြသည်။

"dad … မာမားက အဲ့တာတွေမဝတ်ချင်လို့စိတ်ဆိုးနေတာလား"

"ဟုတ်တယ်"

"ဒီ … တစ်ခေါက်ပဲ… ဝတ်ခိုင်းပြီး… ရင် …အိတိုလေးနဲ့ dad နဲ့… အတူတူ … မာမားကို … ပြန်ချော့လိုက်ကြမယ်နော် … အခုတော့ … မာမားက… အရမ်းလှလို့ … ဝတ်ခိုင်း… ထားတာ … ကောင်းတယ်… နော် ဟုတ်… တယ်မလား dad …"

ငလည်လေးအိတိုက သူ့မာမားကို ဂါဝန်လေးနဲ့လည်းမြင်ချင်သေး စိတ်ဆိုးမှာလည်းကြောက်သေးနဲ့ ပြန်ချော့ဖို့ကိုပါ အဖော်ညှိနေလေသည်။


နောက်တစ်ကြိမ် အခန်းထဲကပြန်ထွက်လာတဲ့ ကောင်းမြတ်လွန်းကိုယ်ပေါ်မှာတော့ အပြာနုရောင်လေးကိုမှ အဖြူရောင်ဇာအနားကွပ်ထားတဲ့ ဂါဝန်ကားကားလေးက လိုက်ဖက်စွာတည်ရှိနေပြန်သည်။



ဒီဂါဝန်လေးကတော့ လက်ရှည်မဟုတ်
်ပဲ လက်တံတောင်ကွေးထိရှည်တဲ့ အဖြူရောင်လက်ဖောင်းလေးကိုမှ အနားစီးလေးနဲ့ဖြစ်ပြီး ချစ်စရာကောင်းတဲ့ ဖဲပြားလှလှလေးတစ်ခုက နောက်ကျောဘက်မှာအလှဆင်ထားလေသည်။

"မာမား … မာမားက အခုလည်းလှတာပဲ စောစောနကလည်းလှတယ် နှစ်ခုလုံးလှနေတယ်"

အိတိုလေးက ကောင်းမြတ်လွန်းတစ်ကိုယ်လုံးကိုကြည့်ကာ လက်ညိုးလေးနှစ်ချောင်းထောင်ပြီး နှုတ်ခမ်းတထော်ထော်နဲ့ပြောလာသည်။

"ကလေးတွေက လိမ်မပြောတက်ဘူး။ မင်းတကယ်ကိုလှနေတာ။ မင်းသာကိုယ့်အနားမှရှိနေရင် ဘယ်လိုမိန်းကလေးကမှ အလှမာန်တက်ပြီး ကိုယ့်နားကပ်ရဲတော့မှာမဟုတ်တော့ဘူး"

"တော်ရုံပဲပြောပါဗျာ မဟုတ်လည်းအစ်ကိုတောင်းဆိုတာကို ကူညီပေးမှာပါဗျ"

ကောင်းမြတ်လွန်းတစ်ယောက် စကားတပြောပြောနဲ့ အခန်းထဲလစ်ခနဲနေအောင်ပြန်ဝင်သွားပြန်သည်။

နောက်ထပ်ဝတ်စုံတစ်ခုကို အမြဲလဲပြီး ပြန်ထွက်လာတော့ ……

"ဝိုး ……… မာမား"

အိတိုလေးခင်ဗျာ ဘာပြောရမလဲ စဉ်းစားမရတော့တာကြောင့် ခေါင်းလေးမော့ပြီးသာတမေ့တမောငေးကြည့်နေတော့သည်။

အဖြူရောင်နဲ့ နို့နှစ်ရောင်ကိုရောပြီး  ရိုးရှင်းစွာချုပ်ထားတဲ့ ဂါဝန်လေးက တော်ဝင်ဆန်တဲ့အလှမျိုးကိုဖန်တီးပေးနိုင်စွမ်းရှိနေခဲ့သည်။

တည်ငြိမ်ပြီး ကျက်သရေရှိလှသည့် ဂါဝန်ရဲ့ အသွင်ဒီဇိုင်ကြောင့် ကောင်းမြတ်လွန်းရဲ့ အရှက်သည်းနေတဲ့ အခုပုံစံလေးနဲ့တွဲဖက်လိုက်တဲ့အခါ တကယ်ကိုမှ ရိုးစင်းကာ အကြည်ဓာတ်လေးအပြည့်ဖြစ်နေတဲ့ အပျိုစင်လေးတစ်ယောက်နဲ့ပင်တူနေသည်။




"ဝါးဂွမ်းလေးဆိုရင်တောင် ကိုယ်ကထိတွေ့မိအုံးမှာ အခုတော့မင်းက တိမ်စိုင်ဖြူလေးဖြစ်နေတော့ မထိရက်မကိုင်ရက်တွေဖြစ်နေပြီ အသက်ရှူလိုက်ရင်တောင် လေနဲ့အတူလွှင့်ပါသွားမှာဆိုးနေရတယ် တကယ်ကို မင်းက မထိရက်မကိုင်ရကိလောက်အောင်လှတယ်"

"အဲ့လိုတွေမပြောပါနဲ့ အဲ့လိုတွေပြောရင် တမင်သက်သက် ကျွန်တော်ကိုလှောင်နေတယ်လို့ခံစားရတယ် ကျွန်တော်ပျော်မနေဘူးဗျ"

"ဟုတ်ပါပြီ ကိုယ်မပြောတော့ပါဘူး။ ဒါနဲ့ နောက်ဆုံးဝတ်စုံလေးကိုတော့ အခုဝတ်မပြနဲ့တော့ နောက်မှ … တကယ်ဝတ်ရမယ့် အချိန်ကျမှ ကြည့်တော့မယ်"

"dad … အိတိုကကြည့်ချင်သေးတာကို"

"မာမားမောနေတော့မယ်လေ ပြီးတော့ ခဏနေခရီးသွားတော့မှာဆိုတော့ အခုပြင်ဆင်စရာရှိတာပြင်ဆင်ကြမယ်လေ"

"အဲ့တာဆိုလည်းပြီးကော မာမားမောမှာဆိုးလို့ အိတိုလေးကပဲ သည်းခံပြီးနေလိုက်ပါ့မယ်"

"ကျေးဇူးတင်ပါတယ် အိတိုလေးရယ်"

အခုမှပဲ ကောင်းမြတ်လွန်းရဲ့ မျက်နှာလေးပြန်လည်ဝင်းပလာတော့တယ်။

ဝတ်စုံသုံးစုံလုံးကို ချွတ်လိုက် စွပ်လိုက်နဲ့ ဝတ်ပြပေးပြီးနောက်မှာပဲ မိန်းကလေးတွေ အဝတ်အစားလဲရတဲ့ ဒုက္ခတွေကို ကောင်းကောင်းကြီး နားလည်သွားတော့တယ်။

စကားမစပ် ကမ္ဘာညိမ်းဝယ်ပေးတဲ့ ဝတ်စုံတွေထဲမှာ မင်္ဂလာဝတ်စုံနဲ့တူတဲ့ ဂါဝန်တစ်ထည်ပါလာသေးတယ်။

ဘယ်အချိန်မှာ ဝတ်ရမလဲမသိပေမယ့် ကောင်းမြတ်လွန်းကတော့ အဲ့ဝတ်စုံဝတ်ဖို့ကိုတော်တော်လေး တွန့်ဆုတ်နေမိတယ်။

အစတုန်းက မိန်းကလေးအကျီင်္တွေဝတ်ပြီး မိန်းကလေးလိုနေပေးဖို့ပြောခံရတာကြောင့် စိတ်ဆိုးပြီးဒေါသထွက်ခဲ့ရသော်လည်း အကြောင်းပြချက်ကောင်းကောင်းပေးလာတဲ့ ဥက္ကဌကြီး ဦးကမ္ဘာညိမ်းကြောင့် အင်တင်တင်နဲ့ပဲ တောင်းဆိုချက်ကို လက်ခံပေးလိုက်ရတော့တယ်။

ကမ်းခြေသွားရလို့ပျော်ရပေမယ့် ဂါဝန်ကြီးတကားကားနဲ့ ကမ်းစပ်မှာပြေးဆော့နေရမည့်ပုံစံကြီးကို မြင်ယောင်လာမိတော့ ကောင်းမြတ်လွန်းရဲ့ မျက်နှာကြီးက အလိုလိုရှုံ့မဲ့လာတော့သည်။

T.B.C 🐻

11:48PM(Thu)
20.01.2022
G14




© G Fourteen,
книга «အိတိုေလးရဲ႕မာမား အိတိုလေးရဲ့မာမား».
အိတို (၁၁)
Коментарі