အိတို (၀၅)
အိတို🐻05
Zawgyi
“တော်သေးတာပေါ့။”
“နည်းနည်းပါ။”
“တောင်းပန်ပါတယ်ကွာ။ ငါ့ကြောင့်နဲ့ မင်းတော်တော်လေးဒုက္ခရောက်နေရတယ်။”
“မဟုတ်တာ။ မင်းအမေဆိုတာ ငါ့အမေလိုပါပဲ။ ငါလုပ်ပေးသင့်တဲ့အရာတွေပါ။ လိုအပ်တာရှိရင် ငါ့ကိုအားမနာပဲပြောပါ။ ပြီးတော့ ငွေရေးကြေးရေးကိုလည်း မင်းခေါင်းထဲထည့်မထားပါနဲ့။”
“ငါ အဆင်ပြေတာနဲ့ မင်းကူညီထားတဲ့ ပိုက်ဆံတွေကို မြန်မြန်ပြန်ဆပ်နိုင်အောင်ကြိုးစားပါ့မယ်။”
“ရပါတယ်ကွာ။ လာပါ … အန်တီ့ဆီသွားကြရအောင်”
မင်းလွင်ရဲ့အမေကို ခဏတဖြုတ်ကြည့်ပြီးသွားတာနဲ့ လမ်းကြောင်ရှည်မနေပဲ အိမ်ကိုသာပြန်ခဲ့လိုက်သည်။
လက်ထဲ ပိုက်ဆံပါးနေတဲ့အချိန် လမ်းပေါ်မှာ ကြာကြာမနေတာ အကောင်းဆုံးဖြစ်သည်။
အိမ်ပြန်ပြီး တရေးလောက်အိပ်လိုက်ရင် နောက်နေ့တွေ ဘာဆက်လုပ်ရမလဲ ကောင်းကောင်းစဉ်းစားလို့ရသွားမည်ဟု တွေးပြီး အိမ်ကိုပြန်ခဲ့ရာက မမျှော်လင့်ထားတဲ့ လူတွေကို တွေ့လိုက်ရသည်။
အိမ်ရဲ့ ဧည့်ခန်းမကြီးထဲမှာ အခန့်သားဝင်ထိုင်နေကြတာက အဖေ့ရဲ့နောက်မိန်းမ ဒေါ်ခင်မြချို နဲ့ ကောင်းမြတ်လွန်းနဲ့ အဖေတူအမေကွဲညီဖြစ်သူ ကောင်းထွန်းချို ဖြစ်သည်။
“မင်းအဖေပြောတော့ အလုပ်လုပ်နေပြီဆို ဘာလို့အိမ်ကိုပြန်ရောက်လာတာလဲ”
“ကျွန်တော့အိမ် ကျွန်တော်ပြန်လာတာ ဘယ်သူ့ကို တင်ပြရဉီးမှာလဲ”
“အိုး … မင်းမသိသေးဘူးထင်တယ်။ ဒီနေ့ကစပြီး ဒီအိမ်ကို ငါကပဲ အိမ်ရှင်မတစ်ယောက်အနေနဲ့တာဝန်ယူပြီး ကြီးကြပ်ရတော့မှာ။”
“ခင်ဗျား ဘာတွေလာပြောနေတာလဲ”
“ကျွန်တော်တို့က ဒီမှာပဲနေတော့မှာ”
ကောင်းမြတ်လွန်းသည် သားမိနှစ်ယောက်လုံးကို စကားဆက်မပြောချင်တော့တာကြောင့် မျက်နှာလွှဲကာ ကိုယ့်အခန်းထဲ ကိုယ်ဝင်နေလိုက်သည်။
အခန်းထဲရောက်တော့ ခုတင်ပေါ်မှာ ထိုင်လိုက်ပြီး နဘေးရှိ စားပွဲခုံအသေးလေးပေါ်မှာ တင်ထားတဲ့ မိသားစုဓာတ်ပုံလေးကိုယူကြည့်လိုက်သည်။
ထို့နောက် ကောင်းမြတ်လွန်းဟာ
“အမေ … သားကို အဖေက စွန့်ပစ်တော့မယ်ထင်တယ်။” ဟု မိခင်ကိုတ၍ ခပ်တိုးတိုးရေရွတ်မိသည်။
ကောင်မြတ်လွန်း လေးနှစ်သားအရွယ်မှာ ဖခင်ဖြစ်သူက အိမ်ထောင်ရေးဖောက်ပြန်ခဲ့သည်။
ကောင်းမြတ်လွန်း မိခင်ကလည်း ခင်ပွန်းဖြစ်သူရဲ့ သစ္စာမဲ့မှုကြောင့်ပဲ စိတ်ဒဏ်ရာအကြီးအကျယ်ရပြီး လုံးပါးပါးကာ အသက် သေဆုံးတဲ့အထိ ဖြစ်ခဲ့ရသည်။
ကောင်းမြတ်လွန်း၏ မိခင်ဆုံးပြီးတစ်နှစ်အကြာမှာပဲ ဖခင်ဖြစ်သူက နောက်မိန်းမတန်းယူပြီး နောက်ထပ်သားတစ်ယောက်ထွန်းကားခဲ့သည်။
သို့သော် မိခင်ကို မဆုံးရှုံးသင့်ပဲဆုံးရှုံးခဲ့ရတဲ့ သားဖြစ်သူ ကောင်းမြတ်လွန်းရဲ့မျက်နှာကို ထောက်ထားပြီး ကောင်းမြတ်လွန်း ဖခင်က နောက်အိမ်ထောင်ဖက်ကို အိမ်မကြီးပေါ်သို့ ခေါ်တင်ခြင်းမပြုခဲ့။
ကောင်းမြတ်လွန်း အရွယ်နည်းနည်းရောက်တဲ့အချိန်မှာမှ နောက်မိန်းမနဲ့ သားကို အိမ်ပေါ်ခေါ်တင်ဖို့ ကောင်းမြတ်လွန်းကို မကြာခဏ နားချခဲ့သည်။
ကောင်းမြတ်လွန်းကလည်း အကြိမ်တိုင်းမှာ ခါးခါးသီးသီးကိုငြင်းပယ်ခဲ့သည်။
ဒီတစ်ကြိမ်မှာတော့ ကောင်းမြတ်လွန်းဖခင်က ကောင်းမြတ်လွန်းကို နားချတော့မည်မဟုတ်ကြောင်းကို လူအရောက် အိမ်ပေါ်ခေါ်တင်ခဲ့တာကို ကြည့်ချင်းအားဖြင့်သိလိုက်သည်။
ကောင်းမြတ်လွန်းသည် ဓာတ်ပုံလေးကို စားပွဲပေါ်အသာပြန်ချလိုက်ပြီး ခရီးဆောင်အိတ်တစ်လုံးကို ထုတ်ယူလိုက်သည်။
သူ့အတွက် မဖြစ်မနေလိုအပ်မည့် စားရွက်စာတမ်းတစ်ချို့နဲ့ အဝတ်စားလေးငါးစုံလောက်ကို ခရီးဆောင်အိတ်ထဲ အဆင်ပြေသလို ထိုးထည့်လိုက်သည်။
ထို့နောက် နောက်ဆုံးအနေနဲ့ မိသားစု ဓာတ်ပုံလေးကို မမေ့မလျှော့ထည့်ပြီး ခရီးဆောင်အိတ်ကို ပိတ်ပစ်လိုက်တော့သည်။
အဲ့ဒီနောက်မှာတော့ နဖူးပေါ်လက်တင်ပြီး အိပ်စက်လိုက်သည်။
ကောင်းမြတ်လွန်း စိတ်ညစ်ရင် လုပ်နေကျအရာတစ်ခုက အိပ်စက်ချင်းပင်။
ကောင်းမွန်စွာအိပ်ပျော်နေဆဲ အချိန်မှာပဲ တံခါးခေါက်သံကြားလိုက်ရသည်။
မျက်လုံးကောင်းကောင်းဖွင့်နိုင်ဖို့ အချိန်ခဏယူပြီးနောက် တံခါးသွားဖွင့်လိုက်သည်။
“ပထမဆုံးနေ့မှာပဲ အလုပ်ပြုတ်လာခဲ့တာလား”
သားဖြစ်သူမျက်နှာကို မြင်မြင်ချင်း ပြောလိုက်တဲ့ စကားထဲမှာ အထင်သေးခြင်း နဲ့ စိတ်ပျက်ခြင်း များစွာ ပါဝင်နေခဲ့သည်။
“ကျွန်တော့်အလုပ်ကိစ္စက အရေးမကြီးပါဘူး။ အရေးကြီးတာက အဖေသူတို့ကို အိမ်ပေါ်ခေါ်တင်ထားဖို့ ဆုံးဖြတ်လိုက်ပြီလားဆိုတာပဲ။”
အဖြေကို သိနှင့်သော်လည်း ကောင်းမြတ်လွန်းက အရဲစွန့်ပြီး မေးကာ အတည်ပြုနိုင်ဖို့ကြိုးစားလိုက်သည်။
“မင်းညီလေးက ဆယ်တန်းရောက်နေပြီ သူ့အတွက် ဒီအချိန်က အရမ်းအရေးကြီတယ်။ ပြီးတော့ မင်းကလည်း ဘွဲရပညာတက်တစ်ယောက်ဖြစ်နေပြီလေ မင်းခြေထောက်အပေါ်မင်းရပ်တည်နေနိုင်ပြီလို့ထင်တယ်။”
“ဒီအချိန်ထိရောက်လာအောင် အဖေတော်တော်လေး သည်းခံပြီးစောင့်လိုက်ရတယ် ထင်တယ်။ ကျွန်တော်က အလိုက်မသိတဲ့ သားတစ်ယောက်ဖြစ်ခဲ့တာပဲ။ ဘာပဲဖြစ်ဖြစ်ပါ အဖေက သူတို့ကို အိမ်ပေါ်ခေါ်တင်လာပြီဆိုကတည်းက ကျွန်တော့ကို အိမ်ပေါ်က သွားတော့လို့ပြောချင်တာပဲမဟုတ်လား။”
“ငါမပြောပါဘူး။ မင်းပြောခဲ့တဲ့စကားပါ။ မင်းငါတို့နဲ့ပဲအတူနေလို့ရတယ်။”
“ဟုတ်တယ် ကျွန်တော်ပြောခဲ့တယ်။ ကျွန်တော့ကို အဖေစွန့်ပစ်ချင်တဲ့အခါ အဲ့ဒီသားအမိကို အိမ်ပေါ်တစ်ခါတည်းခေါ်တင်လိုက်ပါလို့ပြောခဲ့တယ်။ အခု အဖေ ကျွန်တော့ကို စွန့်ပစ်ချင်လို့ အဲ့ဒီသားအမိကို အိမ်ပေါ်ခေါ်တင်လာတာမဟုတ်လား။”
“ကောင်းမြတ်လွန်း မင်းက ကလေးမဟုတ်တော့ဘူးကွ နည်းနည်းလောက် နားလည်မှုရှိစမ်းပါကွာ။ မင်းညီလေးမှာလည်း မင်းနဲ့တန်းတူ ပိုင်ဆိုင်မှုတွေကို ခံစားခွင့်ရှိတယ်။ မင်းလောဘမကြီးသင့်ဘူး။ မင်းသာနားလည်မှုရှိမယ်ဆို ငါတို့မိသားစုလေးယောက် လွန်ခဲ့တဲ့ ဆယ့်ခြောက်နှစ်ကတည်းက ပျော်ပျော်ရွှင်ရွှင်နေခဲ့ရမှာ။”
“အဖေက အဖေ့စည်းစိမ်တွေကိုမက်လို့ ကျွန်တော် အခုလိုလုပ်နေတယ်လို့ ထင်နေခဲ့တာလား။ ကျွန်တော်က အမေခေါင်းချခဲ့တဲ့နေရာလေးကို အမေမနှစ်သက်သက်တဲ့သူတွေ ရောက်လာမှာကို တားဆီးခဲ့ရုံလေးပါ။ ပြီးခဲ့တော့ လွန်ခဲ့တဲ့ ဆယ့်ခြောက်နှစ်လုံး ကျွန်တော်ကလွဲရင် အဖေတို့မိသားစုသုံးယောက် အရမ်းကို ပျော်ရွှင်ခဲ့ရပါတယ်။ ကောင်းပါပြီ ကျွန်တော်လည်း အဖေပြောသလို ကလေးမဟုတ်တော့ပါဘူး။ ကျွန်တော့်ခြေထောက်ပေါ် ကျွန်တော်ရပ်တည်နေနိုင်ပါပြီ။ ကျွန်တော် အဖေ့ကို ကန်တော့ခဲ့ပါတယ်။”
ကောင်းမြတ်လွန်းသည် ဖခင်ဖြစ်သူကို စိတ်ရင်အမှန်ဖြင့် ဦးသုံးကြိမ်ချ ကန်တော့ခဲ့သည်။
“သား … အဖေက မင်းကိုစွန်းပစ်တာမဟုတ်လို့ မင်းထွက်သွားစရာမလိုပါဘူး”
“ကျွန်တော့ကို ဒီအရွယ်ထိရောက်အောင်ကျွေးမွေးခဲ့တာကိုပဲ ကျေးဇူးတင်လှပါပြီ။ ကျွန်တော့ကို သွားခွင့်ပြုပါဦး။”
ကောင်းမြတ်လွန်း အသင့်ပြင်ထားတဲ့ ခရီးဆောင်အိတ်ကို ကိုင်ဆွဲပြီး အိမ်ကနေထွက်လာခဲ့သည်။
ခရီးဆောင်အိတ်တစ်လုံးနဲ့ ကားဂိတ်မှာ အချိန်အတော်ကြာအောင်ထိုင်နေခဲ့တဲ့ ကောင်းမြတ်လွန်းက အချိန်နာရီတွေကို မေ့လျှော့နေခဲ့သည်။
သူ့အတွေးထဲမှာ သူ့အဖေက သူ့ကို ဘယ်လိုသားသမီးလို့သတ်မှတ်ထားခဲ့တာလဲဆိုတာကိုသာ တွေးနေမိသည်။
သူ့စိတ်ထဲမှာ တစ်ခါမှတောင် မရှိခဲ့ဖူးတဲ့ ပိုင်ဆိုင်မှုတွေကို တက်မက်နေခဲ့တယ်လို့ အဖေက တစ်ချိန်လုံးတွေးနေခဲ့တာလားလိုတွေးပြီး စိတ်မကောင်းဖြစ်ရသည်။
အခု သူဘယ်ကိုသွားရမလဲဆိုတာ စဉ်းစားလို့မရဘူး။ မင်းလွင်ဆီသွားဖို့ကိုလည်း ဒုက္ခပေးသလိုဖြစ်မှာစိုး၍ ဝန်လေးနေမိသည်။
နောက်ဆုံးတော့ တစ်ညလောက် ဟိုတယ်မှာအိပ်ပြီး နောက်နေ့မှ အဆောင်တစ်ခုမှာငှားနေဖို့ဆုံးဖြတ်လိုက်သည်။
ခရီးဆောင်အိတ်ကိုကိုင်ပြီး မတ်တတ်ရပ်လိုက်တဲ့အချိန်မှာပဲ ..
“မာမား …”
ရင်းနှီးနေတဲ့ ဝက်ဝံပေါက်လေးရဲ့အသံကြောင့် ခေါင်းမော့ကြည့်မိလိုက်တော့ နောက်ဆုံးပေါ် အနက်ရောင် ကားတစ်စီးထဲကနေ အိတိုးလေးက ခေါင်းလေးပြူပြီး လက်ပြနေတာကို မြင်လိုက်ရသည်။
“အိတို …”
ကောင်းမြတ်လွန်းငေးကြည့်နေစဉ်မှာပဲ အိတိုလေးက ကားပေါ်က ဆင်းလာနေလေပြီ။ ကလေး အဖေကြီးကလည်း မပါမဖြစ်ပေါ့။
“ကောင်းမြတ်လွန်း ခရီဆောင်အိတ်ကြီးနဲ့ပါလား ဘယ်သွားမလို့လဲ”
“ဒီလိုပါပဲ”
“ကိုယ်က အိတိုလေးကို အပြင်မှာ ညစားလိုက်ကျွေးမလို့။ မင်းလည်းလိုက်ခဲ့ပါလား။ မင်းသာလိုက်ခဲ့မယ်ဆို အိတိုလေးကတအားပျော်သွားမှာ။”
“ကျွန်တော်မလိုက်တော့ပါဘူး”
“မာမား … လိုက်ခဲ့ပါ။ မန်မန်းတူတူသွားစားကြမယ်လေ။ အိတိုကို မာမားက မန်မန်းခွံ့ကျွေးပါ။ အိတိုက မာမားခွံ့ကျွေးတဲ့ မန်မန်းကိုစားဖူးချင်လို့ပါ။”
“လိုက်ခဲ့လိုက်ပါ။ မင်းလည်း ညစားစားရသေးပုံမပေါ်ဘူး လာပါ။”
ကောင်းမြတ်လွန်းမှာ ငြင်းချိန်တောင်မရပဲ သားဖနှစ်ယောက်ပေါင်းပြီး ကားပေါ်ဆွဲတင်ကြတာကိုခံလိုက်ရသည်။
ကားပေါ်မှာတော့ အိတိုလေးက ကောင်းမြတ်လွန်းပေါင်ပေါ်မှာ အခန့်သားတက်ထိုင်နေပြီး သူ့ဘောင်းဘီအိတ်ကပ်ထဲက စုပ်လုံးလေးတစ်လုံးကိုထုတ်လိုက်သည်။
“dad … ခွာပေးပါ မာမားကိုကျွေးချင်လို့”
ကမ္ဘာညိမ်းသည် အိတိုလေးလက်ထဲက စုပ်လုံကိုယူပြီး အပေါ်က ပလတ်စတစ်တွေကို သေချာခွာပေးလိုက်သည်။
“ရပြီ …”
အိတိုလေးသည် ကမ္ဘာညိမ်းလက်ထဲက စုပ်လုံးလေးကိုယူလိုက်ပြီးတာနဲ့ စုပ်လုံးလေကို ကောင်းမြတ်လွန်းနှုတ်ခမ်းနားတေ့ပေးလိုက်ကာ
“မာမား … အား ….”
ကောင်းမြတ်လွန်းလည်း ငြင်းလို့မကောင်းတာကြောင့် အလိုက်သင့်လေး ပါးစပ်ဟပေးလိုက်သည်။
“ကောင်းမြတ်လွန်းရေး မင်းကတကယ်ကံကောင်းတာ။ အဲ့စုပ်လုံးကို အိတိုလေးကအရမ်းကြိုက်တာ ကိုယ်က သွားပိုးစားမှာဆိုးလို့ တစ်ပတ်မှ တစ်ခါတည်းဝယ်ကျွေးတာ။ အခု အိတိုလေးက တစ်ပါတ်မှတစ်ခါသာ စားရတဲ့ စုပ်လုံးကို သူမစားပဲ မင်းကိုကျွေးလိုက်တာ။”
ကောင်းမြတ်လွန်း ပြုံးမိသွားတယ်။
သူ့ခံတွင်းထဲက စပျစ်အရသာနဲ့ စုပ်လုံးလေးရဲ့ အရသာကချိုမြသလို သူ့ပေါင်ပေါ်မှာထိုင်ပြီး သူ့ကိုတစိမ့်စိမ့်ကြည့်နေတဲ့ ဝက်ဝံပေါက်လေး အိတိုရဲ့ အပြုံးလေးတွေကလည်း အရမ်းချိုတယ်လို့ ခံစားလာရတယ်။
အထီးကျန်နေတယ်လို့ ခံစားရတဲ့အချိန်မှာ ဒီကလေးသေးသေးလေးဆီကရတဲ့ မေတ္တာက သူ့ကိုနွေးထွေးလုံခြုံစေတယ်လို့ ခံစားရစေတယ်။