အိတို (၁၉)
Zawgyi
"မာမား … ဟင့် …"
"အိတို …"
"dad … မာမားဆံပင်တွေ"
"အိတို ကိုကိုကလေ …"
"အစ်ကို …"
"အဲ့တာက …"
"ဗျာ …"
"ဗျာ ……"
ဒေါက် …… ဒေါက် ……
အတွင်းရေးမှူးထွက်သွားတာနဲ့ ကမ္ဘာညိမ်းအလုပ်စားပွဲပေါ်ကို ရဲရဲတင်းတင်းပုံစံဖြင့်တင်ပါးလွှဲဝင်ထိုင်လိုက်တဲ့အမျိုးသမီးက ကမ္ဘာညိမ်းကိုပြုံးပြီးကြည့်နေသည်။
"မဟုတ်တာမပြောနဲ့"
"ငါ …"
ကမ္ဘာညိမ်းရယ်
အံဖွယ်ထူးရယ်
ဒေဇီမောင်ရယ်
"ကျေးဇူးပါပဲ"
"ကိုယ်မေ့နေတာ"
T.B.C🐻
THANKS😘
11:00PM(Sun)
30.01.2022
G14
အိတိုလေးရဲ့မာမား🐻အခန်း(၁၉)
Unicode
"မာမား … ဟင့် …"
မျက်ရည်များပေါက်ပေါက်ကျသည်အထိ သည်းထန်စွာ ငိုချလိုက်တဲ့ ဝက်ဝံပေါက်လေးကို ကြည့်ပြီး ကောင်းမြတ်လွန်းတစ်ယောက် ခြေမကိုင်မိလက်မကိုင်မိဖြစ်နေမိသည်။
"အိတို …"
"dad … မာမားဆံပင်တွေ"
အိတိုလေးက သူ့ ဒယ်ဒီကိုကြည့်ရင်း ကောင်းမြတ်လွန်းဆီကို လက်ညိုးညွှန်ပြနေသည်။
ကမ္ဘာညိမ်းက သုံးစက္ကန့်လောက် မျက်လွှာချပြီး သက်ပြင်းရှည်ကြီးချလိုက်သည်။
"အိတို ကိုကိုကလေ …"
ကောင်းမြတ်လွန်းတစ်ယောက် အပြန်လမ်းတစ်လျှောက် အကြောင်းပြချက်ကောင်းကောင်းပေးနိုင်ဖို့ စိတ်ထဲကနေ စကားလုံးတွေစီလာခဲ့ပေမဲ့ တကယ်တမ်း အိတိုလေးငိုတာမြင်လိုက်ရတော့ ဘယ်ကစပြီးရှင်းပြရမှန်းမသိတော့ပေ။
မျက်နှာငယ်လေးနဲ့ တစ်ယောက်သောသူကို အားကိုတကြီး လှမ်းကြည့်လိုက်မိသော်လည်း မတုန်မလှုပ်နဲ့ လက်ကြီးပိုက်ပြီးရပ်နေတာကိုသာတွေလိုက်ရသည်။
"အစ်ကို …"
အားကိုတကြီးခေါ်လိုက်တော့ မျက်မှောင်ကြီးကြုံ့ပြီး ပြန်ကြည့်လာတဲ့လူကြီးကြောင့် ငိုနေတဲ့ အိတိုလေးကိုသာ ပြေးချီလိုက်တော့သည်။
"မာမား … ဆံပင်တွေ ဟင့် …ရှိတော့ဘူး … အိတိုလေး ဟင့် … ကိုင် … ကိုင်လို့ရတော့ဘူး …"
"အိတို … မာမားဆံပင်ညှပ်လိုက်တာ ရုပ်ဆိုးသွားလို့လား"
အိတိုလေးက သူ့ဒယ်ဒီအမေးကြောင့် ကောင်းမြတ်လွန်းမျက်နှာကို မျက်ရည်ကြည်တွေဝေ့နေတဲ့ မျက်လုံးဝိုင်းဝိုင်းလေးများနဲ့ သေချာကြည့်တော့သည်။
"ဟင့်အင်း မဆိုးဘူး မာမားကအမြဲလှနေတာ …"
ပြောနေရင်း စကားကိုတစ်ဖြတ်ရပ်လိုက်တဲ့အိတိုလေးရဲ့ မျက်နှာက တဖြည်းဖြည်း ပြုံးယောင်သမ်းလာပြီး
"မာမားနားရွက်လေးတွေကချစ်စရာလေး ဆံပင်တွေမရှိတော့မှ အိတိုလေးသေချာမြင်ရတာ dad မာမား နားရွက်လေးလာကြည့်ပါအုံး အသည်းယားစရာလေး ချစ်ဖို့ကောင်းတယ်" ဟု
ကောင်းမြတ်လွန်း နားရွက်ကို မထိတထိကိုင်ရင်းဆက်ပြောလာသည်။
ကောင်းမြတ်လွန်းကတော့ ဝက်ဝံပေါက်လေးရဲ့ ပွင့်လင်းလွန်းတဲ့ စကားတွေကြောင့် နေရထိုင်ရခက်လာပြီး နားရွက်လေးများပင်နီလာတော့သည်။
"ဆံပင်ဘာလို့ညှပ်လိုက်တာလဲ"
"အဲ့တာက …"
"ပိုကြည့်လို့ကောင်းလာတယ်"
"ဗျာ …"
"ချောတယ်လှတယ်ဆိုတာ တော်ရုံပဲကောင်းတယ် မဟုတ်ရင် အန္တရာယ်များတယ်"
"အဲ့လိုမဟုတ်ဘူး ကျွန်တော်က …"
"အိတိုလေးပြောတာမှန်တယ် …"
"ဗျာ ……"
"နားရွက်လေးတွေးက တကယ်ချစ်စရာကောင်းတယ် ကိုက်ချင်စရာလေးတွေ"
"အစ်ကိုကလဲ မနောက်ပါနဲ့ဗျာ ကျွန်တော်က …"
"အရက်နဲ့မြည်းရင်အတော်ပဲ အရမ်းအရသာရှိမှာ"
"ဟာဗျာ ဆံပင်လေးညှပ်မိပါတယ် နှစ်ယောက်လုံးက ဒီနားရွက်ပဲ ထိခိုက်နေကြတယ်"
"မာမားကချစ်စရာကောင်းနေတာကို"
"မင်းကချစ်စရာကောင်းနေတာကို"
တစ်ပြိုင်တည်းထွက်လာတဲ့ သားအဖနှစ်ယောက်ရဲ့အသံကတစ်လေသံတည်းဖြစ်နေသည်။
ကောင်းမြတ်လွန်းလည်း ဘာပြန်ပြောရမှန်းကိုမသိတော့ပဲ ချီထားတဲ့အိတိုလေးကို ကမ္ဘာညိမ်းလက်ထဲပြောင်းထည့်ြ့ပီး အခန်းထဲပြေးဝင်တော့သည်။
အခန်းထဲရောက်မှ ကိုယ်လုံပေါ်မှန်ကတစ်ဆင့် မြင်နေရတဲ့ ကိုယ့်ပုံကိုယ်သေချာပြန်ကြည့်လိုက်မိသည်။
နှစ်တော်တော်များများဆံပင်အရှည်နဲ့ အသားကျလာခဲ့တော့ အခုမြင်နေရတဲ့ သူ့ပုံစံက အမြင်စိမ်းလွန်းနေသည်။
နေရခက်စွာနဲ့ ဂုတ်ကိုပွတ်လိုက်တော့ ယခင်လို့နူးညံတဲ့ ဆံသားလေးတွေရဲ့အထိအတွေ့ကိုမခံစားရတော့။
နဖူးပေါ်ဝဲနေတဲ့ဆံသားတွေကလွဲပြီး ပုခုံးနဲ့နားရွက်တွေကပြောင်ရှင်းနေသည်။
တစ်ခုခုလစ်လပ်သွားတဲ့ခံစားချက်ကြီးကြောင့် သူ့နားရွက်လေးမှာ နားပေါက်လေးတွေဖောက်ခဲ့လိုက်သေးသည်။
ဆံပင်ညှပ်ပြီးကာစမှာ သူ့ကိုယ်သူယောက်ျားပိုပီသွားပြီဆိုပြီး မာန်တက်နေမိခဲ့သမျှ အိတိုလေးနဲ့ အိတိုလေးရဲ့ဒယ်ဒီပေးလိုက်တဲ့မှတ်ချက်ကြောင့် စိတ်ဓာတ်တွေက အလဲလဲအပြိုပြိုဖြစ်သွားရသည်။
အိတိုလေးသဘောကျတဲ့ ဆံပင်ရှည်တွေမရှိတော့ရင် အိတိုလေးဘက်က အနည်းငယ်ပြောင်းလဲသွားပြီး သူ့ကိုလည်းမတွယ်ကပ်လောက်တော့ဘူးထင်ပြီး ဆံပင်ညှပ်လိုက်မိတာ။
အခုတော့ မှန်းချက်နဲ့နှမ်းထွက်မကိုက်ဖြစ်နေသည်။
ရုံးခန်းထဲမှာ တစ်ယောက်တည်းအလုပ်တွေရှုပ်နေတဲ့ကမ္ဘာညိမ်းက လက်တော့မျက်နှာပြင်ကိုကြည့်လိုက် စာရွက်စာတမ်းတွေကိုပြန်ကြည့်လိုက်နဲ့အလုပ်ရှုပ်နေသည်။
ဒေါက် …… ဒေါက် ……
အခန်းတံခါးခေါက်သံကြားသော်လည်း တံခါးဝဆီသို့လှည့်မကြည့်မိ။
တံခါးခေါက်သံသုံးချက်ဆုံးသွားတာနဲ့ တံခါးလက်ကိုင်ကိုတွန်းဖွင့်ပြီးဝင်လာတဲ့ အတွင်းရေးမှူး။
"အမျိုးသမီးဧည့်သည်တစ်ယောက် ရောက်နေလို့ပါ ဥက္ကဌကြီးဦးကမ္ဘာညိမ်းနဲ့တွေ့ချင်တယ်လို့ပြောပါတယ် နာမည်ကတော့ …"
"ငါပါ … အိတိုလေးရဲ့မာမား"
"တောင်းပန်ပါတယ် ကျွန်တော်အပြင်မှာပဲစောင့်နေဖို့ပြောထားတာကို …"
"ရတယ် ဘာမှမဖြစ်ဘူး လုပ်စရာရှိတာသွားလုပ်တော့"
"ဟုတ်ကဲ့ပါ အဲ့တာဆို ကျွန်တော့ကိုသွားခွင့်ပြုပါအုံး"
အတွင်းရေးမှူးထွက်သွားတာနဲ့ ကမ္ဘာညိမ်းအလုပ်စားပွဲပေါ်ကို ရဲရဲတင်းတင်းပုံစံဖြင့်တင်ပါးလွှဲဝင်ထိုင်လိုက်တဲ့အမျိုးသမီးက ကမ္ဘာညိ်မ်းကိုပြုံးပြီးကြည့်နေသည်။
ကမ္ဘာညိမ်းကတော့ ဘာခံစားချက်မှမရှိတဲ့မျက်နှာနဲ့ ထိုင်နေရာထလိုက်ပြီး ဧည့်တွေ့ခုံမှာပြောင်းထိုင်လိုက်သည်။
ထို့နောက် ရဲတင်းလွန်းတဲ့အမျိုးသမီးကိုအေးစက်စက်အကြည့်တွေနဲ့ကြည့်ပြီး
"၁၀ မိနစ်အချိန်ရမယ် လိုချင်တာပြောပြီး ပြန်လိုက်တော့"
"ငါ အိတိုလေးကိုလွမ်းလို့"
"မဟုတ်တာမပြောနဲ့"
"တကယ်ပါ ငါလေ ငါ့သားလေးနဲ့တွေ့ချင်တယ် ငါ့ကိုသားလေးနဲ့တွေ့ခွင့်ပေးပါ။"
ဟန်ဆောင်ကောင်းလွန်းနေတဲ့ အမျိုးသမီးရဲ့မျက်နှာကိုကြည့်ပြီး ကမ္ဘာညိမ်းက ဟာသပြဇာတ်တစ်ပုဒ်ကြည့်နေရသလို သဘောတကျထရယ်ပစ်လိုက်တယ်။
"ဒေဇီမောင် … နင်လိုချင်တဲ့ ပမာဏကိုပဲပြော။ နောက်ဆုံးအနေနဲ့ ငယ်သူငယ်ချင်းသံယောဇဉ်ကိုထောက်ပြီးကူညီပေးလိုက်မယ်။ အေး … အဲ့ပိုက်ဆံတွေယူပြီးရင်တော့ နင်သေရင်တောင် ငါဆီကို နာရေးဖိတ်စာမကမ်းနဲ့ အခုကတည်းက နာရေးစရိတ်ပါပေါင်းထည့်ပေးလိုက်မယ်။"
"မဟုတ်ဘူး။ ငါတကယ် အိတိုလေးကိုလွမ်းလို့ပါ။ ပြီးတော့ နင်နဲ့အိတိုလေးနဲ့အတူ ငါနေချင်တယ်။"
"ငါဒီလောက်ထိမပြောချင်ပေမဲ့ ပြောရတော့မယ်။ နင့်ယောက်ျားအိမ်ထောင်ရေးဖောက်ပြန်ပြီး နင့်ကိုနင်ချလိုက်လို့ ငါ့ဆီရောက်လာတာမဟုတ်လား"
"ကမ္ဘာညိမ်း … နင် … နင်ဘယ်လိုလုပ်ပြီး"
"နင်ကော အံ့ဖွယ်ထူးကော တစ်ယောက်မှ သောက်ရှက်မရှိကြဘူး။ ငါပြောတာသေချာနားထောင် အခုငါ့အခန်းထဲက ခွေးလိုနွားလိုမောင်းထုတ်ခံပြီး ထောင်ထဲဝင်မလား။ ပေးတဲ့ပိုက်ဆံယူပြီး ငါ့မျက်စိရှေ့ကပျောက်ကွယ်သွားပေးမလား။ ကြိုက်တာရွေး။"
"ငါ … ငါပျောက်ကွယ်သွားပေးပါ့မယ်"
"ကောင်းတယ်။ နင့်မှာ ဦးနှောက်တော့ရှိသေးသားပဲ။ ငါတစ်ခါပဲပြောမယ် နင်နောင်ဘဝကူးသွားရင်တောင်မမေ့ပစ်လိုက်နဲ့ အိတိုလေးက ငါသား နင်နဲ့ဘာမှမဆိုင်ဘူး။ နင်ပြန်လို့ရပြီ။"
"ငါ …"
"ပြန်တော့ နင်ရမယ့်ပိုက်ဆံခဏနေ လွှဲပေးလိုက်မယ် အပြင်က အတွင်းရေးမှူးဆီမှာ ဘဏ်စာရင်းနံပါတ်ပေးထားခဲ့လိုက်"
"ကျေးဇူးတင်ပါတယ် ကမ္ဘာညိမ်း။ ပြီးတော့ တောင်းပန်ပါတယ်။ သူငယ်ချင်းသံယောဇဉ်ကို အသုံးချပြီး အခုလိုမျက်နှာပြောင်တိုက်မိလို့ ငါတကယ်တောင်းပန်ပါတယ်။ ငါလဲ တကယ်အခက်အခဲဖြစ်နေလို့ မကြံစည်အပ်တာတွေကြံမိသွားတာပါ။ နောက်ဆို ငါနင့်ကိုလာမရှာတော့ပါဘူး။"
ငိုယိုပြီးထွက်သွားတဲ့ သူငယ်ချင်းမလေးကို ကမ္ဘာညိမ်း မသနားမိ။
တစ်ချိန်ကတော့ သိပ်ကိုအတွဲညီပြီး ချစ်ခဲ့ကြတဲ့ သူငယ်ချင်းတွေဖြစ်ခဲ့ဖူတယ်။
ကမ္ဘာညိမ်းရယ်
အံဖွယ်ထူးရယ်
ဒေဇီမောင်ရယ်
သိပ်ချစ်ကြတဲ့သူငယ်ချင်းတွေပေါ့။
ကမ္ဘာညိမ်းက ပြန်သတိမရချင်တော့တဲ့ အမှတ်တရတွေခေါင်းထဲပြန်ပေါ်လာတာကြောင့် စိတ်ငြီးငြူစွာနဲ့ပဲ ဆိုဖာကျောမှီကို ခပ်လျှော့လျှော့မှီချလိုက်ပြီး ရင်ဘက်က အကျီင်္ကြယ်သီးသုံးလုံးလောက်ကို ဖြုတ်ပစ်လိုက်သည်။ ထို့နောက် မျက်ခွံတွေမှိတ်ချပြီး ခဏတာ ငြိမ်သက်စွာဖြင့်အနားယူနေလိုက်သည်။
အိတိုလေးနဲ့အတူ နေလည်စားစားပြီးသွားတဲ့ ကောင်းမြတ်လွန်းက အချိန်ရသေးတာကြောင့် အိတိုလေးကို ကမ္ဘာညိမ်းရုံးခန်းထဲထိပြန်လိုက်ပို့ပေးခဲ့သည်။
အခန်းရှေ့ရောက်တော့ တံခါးက အနည်းငယ်ဟနေတာကြောင့် တံခါးမခေါက်တော့ပဲဝင်လာခဲ့လိုက်တော့သည်။
ဆိုဖာခုံပေါ်မှာ ပင်ပန်းနွမ်းနယ်စွာ အနားယူနေပုံရတဲ့ ကမ္ဘာညိမ်းကိုမြင်လိုက်ရတော့ ကောင်းမြတ်လွန်းစိတ်ထဲ အနည်းငယ်နေထိုင်မကောင်းဖြစ်သွားသည်။
ကလေးတစ်ဖက် အလုပ်တစ်ဖက်နဲ့အပြင် ပုဂ္ဂိုလ်ရေးအခက်အခဲများပါဖြေရှင်းနေရတာကြောင့် ဒီလူကြီးတော်တော်လေးပင်ပန်းနေမှာပဲလို့တွေးမိပြီး ဂရုဏာသက်မိသွားသည်။
"ဟင် … ပြန်တောင်ရောက်လာပြီ ကောင်းမြတ်လွန်းကိုယ်တိုင်လာပြန်ပို့တာပဲ"
"ဟုတ်တယ် နေ့လယ်စာစားချိန်မပြည့်သေးလို့"
"ကျေးဇူးပါပဲ"
"ဒါနဲ့ နေ့လယ်စာကော စားပြီးရဲ့လား"
"ကိုယ်မေ့နေတာ"
"အစားစားဖို့ဂရုစိုက်သင့်တယ်။ နောက်ဆို ကျွန်တော်တို့နဲ့အတူ တစ်ခါတည်းစားပါလား။"
"ကောင်းသားပဲ။ ထူးထူးကို ကိုယ့်အတွက်ပါ ထမင်းချိုင့်ပြင်ခိုင်းရမယ်။"
ပြုံးပြုံးရွှင်ရွှင်ပြန်ဖြစ်လာတဲ့ ကမ္ဘာညိမ်းကိုမြင်လိုက်ရမှ ကောင်းမြတ်လွန်းစိတ်ထဲနေလို့ကောင်းသွားတော့တယ်။
နေ့လယ်စာအတွက် တစ်ခုခုပြင်ဆင်ပေးချင်မိသော်လည်း အလုပ်ချိန်ရောက်နေပြီမို့ သက်ဆိုင်ရာဌာနမှာရှိတဲ့ ကိုယ့်အလုပ်ခန်းလေးဆီကို အမောတကောနဲ့ပြန်ပြေးနေရတာကြောင့် မပြင်ပေးနိုင်ခဲ့ပေ။
ကောင်းမြတ်လွန်းတွေးမိတယ်။
ဒီလူကြီးမှာသာ အိမ်ထောင်ဖက်ကောင်းတစ်ယောက်ရှိလာမယ်ဆို တော်တော်လေးကောင်းမှာပဲလို့ပေါ့။
ဒါပေမဲ့ အိတိုလေးကိုသိပ်ချစ်တဲ့ အိတိုလေးရဲ့ ဒယ်ဒီ ဦးကမ္ဘာညိမ်းက တော်ရုံအမျိုးသမီးတစ်ယောက်ကို အလွယ်တကူလက်တွဲဖော်အဖြစ်လက်ခံမှာမဟုတ်။
အဲ့တာကြောင့် ကောင်းမြတ်လွန်းက စိတ်ထဲကနေ အခုလိုဆုတောင်းလိုက်တယ်။
"ဦးကမ္ဘာညိမ်းတစ်ယောက် စစ်မှန်တဲ့ ဘဝလက်တွဲဖော် ဖူးစာရှင်ကို အမြန်ဆုံးရှာဖွေတွေရှိနိုင်ပါစေ။"
( ART အတွက် Credit ပေးပါတယ်။ Browser Image က ကူးယူဖော်ပြချင်းဖြစ်ပါတယ်။ ဆံပင်ကအဲ့လိုပုံစံလေးဖြစ်သွားတာပါ။ )