အိတို
အိတို (၀၁)
အိတို (၀၂)
အိတို (၀၃)
အိတို (၀၄)
အိတို (၀၅)
အိတို (၀၆)
အိတို (၀၇)
အိတို (၀၈)
အိတို (၀၉)
အိတို (၁၀)
အိတို (၁၁)
အိတို (၁၂)
အိတို (၁၃)
အိတို (၁၄)
အိတို (၁၅)
အိတို (၁၆)
အိတို (၁၇)
အိတို (၁၈)
အိတို (၁၉)
အိတို (၂၀)
အိတို (၂၁)
အိတို (၂၂)
အိတို (၂၃)
အိတို (၂၄)
အိတို (၂၅)
အိတို (၂၆)
အိတို (၂၇)
အိတို (၂၈)
အိတို (၂၉)
အိတို (၃၀)
အိတို (၃၁)
အိတို (ဇာတ္သိမ္း)
အိတို (၁၆)
အိတိုေလးရဲ႕မာမား🐻 အခန္း (၁၆)

Zawgyi

အျဖဴေရာင္မ်ားကိုသာ အသုံးျပဳၿပီး လွပစြာျပင္ဆင္ထားတဲ့ လက္ထပ္ထိမ္းျမား မဂၤလာပြဲ အခမ္းအနားေလးတစ္ခုကို Ocean Palace Hotel ရွိ Royal Diamond အထပ္ျမင့္အေဆာင္သစ္၏ တတိယအလႊာတြင္ရွိေသာ ေဟာခန္းႀကီးထဲ၌ ခမ္းနားစြာက်င္းပလွ်က္ရွိသည္။

ဟိုတယ္ အေဆာင္သစ္ဖြင့္ပြဲအခမ္းအနားသို႕ တက္ေရာက္လာသည့္ ဧည့္သည္ေတာ္လုပ္ငန္းရွင္တစ္ခ်ိဳ႕ႏွင့္ မိတ္ရင္းေဆြရင္းတစ္ခ်ိဳ႕သာ ပါဝင္တက္ေရာက္လာတဲ့  မဂၤလာပြဲေလးက မထင္ထား ရေလာက္ေအာင္ပင္ စည္ကားသိုက္ၿမိဳက္ကာ ေပ်ာ္စရာေကာင္းေနခဲ့သည္။

အျဖဴေရာင္ႏွင္းဆီေတြနဲ႕ အၿပိဳင္လွပေနတဲ့ သတို႔သမီးေလး တစ္ဦးကလည္း မဂၤလာ စင္ျမင့္ထက္မွာ က်က္သေရရွိစြာနဲ႕ တည္ရွိေနသည္။

ပန္းပြင့္အရိပ္ပါ အျဖဴေရာင္ဇာျဖင့္ ခ်ဳပ္လုပ္ထားတဲ့ မဂၤလာဝတ္စုံဂါဝန္ရွည္က  ေအာက္ဘက္အနားမွာ အထပ္ထပ္ေလးမ်ားနဲ႕ ေဖာင္းႂကြေနေအာင္ခ်ဳပ္ထားၿပီး ပုလဲလုံးေလးမ်ားကို အလွအပ အဆင္တန္ဆာအျဖစ္  အျဖဴေရာင္ပန္းပြင့္ေလးေတြနဲ႕အတူတြဲကာ အလွဆင္ထားသည္။

ဂါဝန္အကၤ်ီလက္ပုံစံမွာ လက္ရွည္ျဖစ္ၿပီး လက္ေအာက္ဖက္နားတြင္ ေခါင္းေလာင္းသဏၭာန္ အနည္းငယ္ ကားကားေလးျဖစ္ေနသည္။

ခါးနားေလးမွာေတာ့ ပုလဲေလးမ်ားအစီအရီသီကုံးထားတဲ့ ခါးပတ္ေလးတစ္ခုပါဝင္ၿပီး အကၤ်ီလည္ပင္းကေတာ့ ပုခုံးစြန္းနား တင္႐ုံေလး ျဖစ္ေသာ္လည္း ပုလဲပုတီး လည္ဆြဲေလး ဆင္ျမန္ထားေသာေၾကာင့္ အျမင္အားျဖင့္ မရိုင္သြားပဲ ရိုးရိုးေလးနဲ႕ ယဥ္ယဥ္ေလး လွေနေတာ့သည္။



အဲ့လို လွပၿပီးရိုးရွင္းတဲ့ ဝတ္စုံေလးကိုဝတ္ၿပီး လန္းဆန္းေနတဲ့ ပန္းေလးတစ္ပြင့္အလား လွရက္လြန္းေနတဲ့ သတို႔သမီးကိုေတာ့ အျဖဴေရာင္ အေနာက္တိုင္း ဝတ္စုံျပည့္ျဖင့္ ခန႔္ညားလြန္းေနတဲ့ အမ်ိဳးသားတစ္ဦးက အၾကည့္မလြဲနိုင္ေအာင္ျဖစ္ေနခဲ့သည္။

သတို႔သားေလာင္းရဲ႕ တရွိုက္မက္မက္ ေငးၾကည့္ျခင္းကို ခံေနရတဲ့ သတို႔သမီးမ်က္နွာမွာ ရွက္ေသြးျဖာလွ်က္ရွိၿပီး မေနတက္စြာျဖင့္ ေခါင္းကိုငုံ့ထားလွ်က္ရွိသည္။

လိုက္ဖက္လြန္းတဲ့ မဂၤလာေမာင္ႏွံႏွစ္ဦးကို ေငးၾကည့္ေနၾကတဲ့ ဧည့္သည္ေတြကလည္း ၿပဳံးေပ်ာ္စြာနဲ႕ မဂၤလာပြဲေလးကို ခ်ီးေျမာက္ေပးေနၾကသည္။

ႏွစ္ဦးသေဘာတူ လက္ထပ္လိုက္ၾကတဲ့ မဂၤလာပြဲေလးမွာ ႏွစ္ဖက္မိဘ ေဆြမ်ိဳးမ်ား မပါေသာ္လည္း မည္သူကမွေတာ့ အထင္ေသးရႈံ႕ခ်ျခင္းမရွိၾက။

ကမာၻညိမ္း ဆိုတဲ့လူက စီပြားေရးေလာကမွာ ထက္ျမတ္ၿပီး ကိုယ္က်င့္တရား ေကာင္းသည့္အတြက္ သူနဲ႕ တြက္ဖက္လုပ္ကိုင္ၾကတဲ့ လုပ္ငန္းရွင္မ်ားက သူ႕ကို အားကိုး ယုံၾကည္ ေလးစားၾကသည္။

သည့္အျပင္ ကမာၻညိမ္းဆိုတဲ့လူက ဆုံးျဖတ္ခ်က္ျပတ္သားကာ ေခါင္းမာတက္တဲ့ အက်င့္ေလးရွိတာကိုလည္း သိထားၿပီးသား ျဖစ္တာေၾကာင့္ ဒီလို ႐ုတ္တရက္ဆန္တဲ့ မဂၤလာပြဲမ်ိဳး ျဖစ္လာတာကို ထူးဆန္းသည္ဟု နည္းနည္းေလးမွ သံသယမဝင္မိၾက။

ဂ်ပန္နိုင္ငံရဲ႕ စီးပြားေရးေလာကမွာ ေအာင္ျမင္တဲ့ စီးပြားေရးလုပ္ငန္းစုတစ္ခုအျဖစ္ရပ္တည္ေနတဲ့ မိသားစု ေနာက္ခံ ဂုဏ္ရွိန္အင္အားအျပည့္ ရွိေနတာေတာင္ တစ္ခ်က္ကေလးမွ လွည့္မၾကည့္ပဲ ျမန္မာျပည္မွာ ေအာင္ျမင္တဲ့ ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းရွင္အျဖစ္ တစ္ကိုယ္တည္း ရပ္တည္ေနတဲ့ ကမာၻညိမ္းကို လူတိုင္းက ေဘာင္မခတ္ပဲ ၾကည့္တက္ၾကသည္။

လက္ထပ္ထိမ္းျမား က်မ္းသစၥာက်ိန္ဆိုဖို႔အခ်ိန္က်ေရာက္လာခ်ိန္မွာ ခန္းမႀကီးတစ္ခုလံုးတိတ္ဆိတ္သြားျပီး ဘိသိက္ဆရာထံမွ အေမးသံကသာ တည္ၾကည္ျပတ္သားစြာထြက္ေပၚလာသည္။

“သတို႔သား "ေမာင္ကမာၻညိမ္း" သည္ သတို႔သမီး "မေမျမတ္လြန္း" အေပၚ ဘဝတစ္ေလွ်ာက္ ေကာင္းသည္ျဖစ္ေစ ဆိုးသည္ျဖစ္ေစ ေအးအတူပူအမွ် ေသတဖန္ သက္တစ္ဆုံး ရိုးေျမက် သစၥာရွိစြာျဖင့္ ေပါင္းသင္းပါမည္လား”

“ေပါင္းသင္းပါမည္”

“သတို႔သမီး "မေမျမတ္လြန္း" ကေကာ သတို႔သား "ေမာင္ကမာၻညိမ္း" အေပၚ ဘဝတစ္ေလွ်ာက္ မွာ ေကာင္းသည္ျဖစ္ေစ ဆိုးသည္ျဖစ္ေစ ေအးအတူပူအမွ် ေသတဖန္ သက္တစ္ဆုံး ရိုးေျမက် သစၥာရွိစြာျဖင့္ ေပါင္းသင္ပါမည္လား”

“ဟုတ္ကဲ့ ေပါင္းသင္းပါမည္”

“အခုခ်ိန္မွာ မဂၤလာလက္စြပ္ အျပန္အလွန္လဲဝတ္လို႔ရပါၿပီ”

က်မ္းသစၥာ က်ိန္ဆိုၿပီး ေနာက္မွာေတာ့ ေမျမတ္လြန္းအမည္ခံ ေကာင္းျမတ္လြန္းဆိုတဲ့ အမ်ိဳးသားေလး၏ လက္ခလယ္မွာ တလွ်ပ္လွ်ပ္ ေတာက္ပေနတဲ့စိန္ပြင့္ေလး တစ္ပြင့္တည္းသာျမဳပ္ထားတဲ့ လက္ထပ္ လက္စြပ္ေလး တစ္ကြင္းက ဝင့္ႂကြားေတာက္ပစြာ အခန႔္သားေနရာယူလာေတာ့သည္။

အရာအားလုံးက အိပ္မက္တစ္ခုလိုပင္။

သို႔ေသာ္ တလွပ္လွပ္အခုန္ျမန္ေနတဲ့ ႏွလုံးခုန္သံကိုေတာ့ အရွင္းသား ၾကားေနရသည္။

ဘယ္ေလာက္ပဲ ဟန္ေဆာင္ လက္ထပ္တယ္လိုေျပာေျပာ တကယ္ကို သတို႔သမီးေလာင္း အစစ္ေလးကဲ့သို႔ပင္ ရင္ခုန္ လွိုက္ေမာရပါသည္။

ခက္ခက္ခဲခဲ ဆုံးျဖတ္ၿပီးမွာ လက္ခံခဲ့တဲ့ ဒီဟန္ေဆာင္ လက္ထပ္ပြဲေလးက အိတိုေလး အတြက္သာျဖစ္သည္။

တစ္ႀကိမ္တစ္ခါပယ္ဖ်က္ဖူးတဲ့ ေစ့စပ္ပြဲကို ျပန္လည္အေကာင္အထည္ေဖာ္ဖို႕ႀကိဳးစားေနတဲ့ မိသားစုဝင္ေတြေႀကာင့္ ကမၻာညိမ္းတစ္ေယာက္အခက္ေတြ႕ေနရေႀကာင္းကို ေကာင္းျမတ္လြန္းကို ေသခ်ာရွင္းျပကာ နာခ်သိမ္းသြင္းခဲ့သည္။

မခ်စ္မႏွစ္သက္တဲ့သူနဲ႕ လက္ထပ္ရမွာကိုမလိုလားတာထက္ အိတိုေလးအတြက္ မိခင္ေကာင္းမပီသနိုင္တဲ့ အမ်ိဳးသမီးနဲ႕ အိတိုေလးကို အတူမထားခ်င္လို႔ဆိုတဲ့ အေၾကာင္းျပခ်က္က ေကာင္းျမတ္လြန္းကို စိတ္ေပ်ာ့ေစခဲ့သည္။

မဂၤလာပြဲအတုမွာ ဟန္ေဆာင္သတို႔သမီးလုပ္ေပးၿပီးေနာက္ နိုင္ငံျခားက အိတိုေလးရဲ႕ အဖိုးအဖြားေတြဆီ မဂၤလာပြဲ ဗီဒီယိုနဲ႕ ဓါတ္ပုံေတြကို ပို႔ေပး႐ုံျဖင့္ ေကာင္းျမတ္လြန္းရဲ႕ အကူအညီက အထေျမာက္ ၿပီးျပတ္ပါၿပီဟု ဆိုကာ အကူအညီေတာင္းလာေသာ ကမာၻညိမ္ရဲ႕ ေတာင္းဆိုမႈကို သူ မျငင္းဆန္နိုင္ခဲ့။

သူကိုယ္တိုင္ကလည္ အိတိုေလးကို ဆိုးသြမ္းတဲ့ မိေထြးလက္ထဲ မထည့္ရက္နိုင္။

အဲ့တာေၾကာင့္လည္း သူဒီဟန္ေဆာင္လက္ထပ္ပြဲမွာ ကူညီအားျဖည့္ခဲ့ျခင္းျဖစ္သည္။

ဟိုတယ္မွာ ရွိၾကတဲ့ ဧည့္သည္ေတြကေတာ့ ဦးကမာၻညိမ္းႀကီးက ရိုမက္တစ္ဆန္ဆန္ နဲ႕ စပရိုက္အႀကီးႀကီးတိုက္ကာ မဂၤလာပြဲကို က်င္းပခဲ့ျခင္းျဖစ္တယ္လို႔ တစ္ဖက္သတ္ ယူဆလိုက္ၾကသည္။

ေတာ္ဝင္ဆန္တဲ့ အျဖဴေရာင္ လက္ရွည္ဂါဝန္က ေတာ္ေတာ္ေလးကို ရိုးရွင္းေနပါေသာ္လည္း ေကာင္းျမတ္လြန္းအတြက္ေတာ့ စိတ္က်ဥ္းက်ပ္စရာ ေကာင္းလွသည္။

သူ႕လက္ေလးကို လာကိုင္ၿပီး သတို႔သမီးေလးက ေခ်ာလိုက္တာ ခ်စ္စရာေလး စသည့္ျဖင့္ ေျမွာက္ပင့္ေျပာလာတဲ့ ခ်ီးမြမ္းစကားေတြအေပၚ မခ်ိၿပဳံးႀကီးနဲ႕ ဟန္ေဆာင္ၿပဳံး ၿပဳံးျပေနရတာကလည္း ေတာ္ေတာ္ေလး စိတ္အိုက္ခ်င္စရာျဖစ္သည္။

လူပင္ပန္းတာထက္ စိတ္ပင္ပန္းသလိုရွိလာတာေၾကာင့္ အားကိုးရာအျဖစ္ ကမာၻညိမ္းရဲ႕ လက္ေမာင္းတစ္ဖက္ကိုသာ အားျပဳၿပီး ခိုတြဲထားလိုက္မိသည္။

တစ္ခါတစ္ခါမ်ားဆို ဟန္မေဆာင္နိုင္ေအာင္ကို လက္ေမာင္းေပၚမွာပါ ေခါင္းေလးမွီတင္ထား လိုက္မိေသးသည္။

“ကိုကို …”

“မိုးငယ္ …”

အိိတိုေလးလက္ကိုဆြဲၿပီး အဝါေရာင္ဂါဝန္ေလး တလႊားလႊားနဲ႕ေျပးလာတဲ့ မိုးငယ္က တကယ္ကို တက္ႂကြ႐ႊင္လန္း ၿပဳံးေပ်ာ္ေနသည္။

“ကိုကို … ကိုကိုခိုင္းတဲ့အတိုင္း မိုးငယ္သူငယ္ခ်င္းေတြ အမ်ားႀကီး ေခၚလာေပးတယ္ေနာ္”

မိုးငယ္က ကမာၻညိမ္းအနားသို႔ကပ္ကာ ခပ္တိုးတိုးေလးေျပာလိုက္သည္။

ကမာၻညိမ္းက မဂၤလာပြဲမွာ သတို႔သမီးရဲ႕ သူငယ္ခ်င္းေတြအျဖစ္ ဟန္ေဆာင္ေပးရန္ မိုးငယ္ရဲ႕ သူငယ္ခ်င္းေတြကို ေခၚလာဖို႔ အကူအညီေတာင္းထားတာေၾကာင့္ မိုးငယ္က သူ႕သူငယ္ခ်င္း တစ္သိုက္ကို ေခၚၿပီး ကမ္းေျခထိ ေရာက္လာခဲ့ျခင္းျဖစ္သည္။

“ေအးပါ ေရာက္လက္စနဲ႕ ႀကိဳက္သေလာက္ကဲၿပီးမွျပန္ ကုန္က်စရိတ္အားလုံး ကိုကို တာဝန္ယူတယ္”

“ဒါမွ မိုးငယ္ကိုကိုကြ …။ ဒါနဲ႕ ကိုကို … ေဒၚေလးနဲ႕ ဦးေလးတို႔က ယုံပါမွာပါေနာ္။”

“ယုံမွာပါ …။ ဘာလို႔ဆို … ေဒၚဇင္မိုးျမင့္က ေသခ်ာေပါက္ လွမ္းအေၾကာင္ၾကားေတာ့မွာေလ။ သူက မ်က္ျမင္သက္ေသပဲ။”

ကမာၻညိမ္းအေျပာကို မိုးငယ္က မ်က္ခုံေလးပင့္ၿပီး သေဘာက်ဟန္ျဖင့္ ခပ္ဟဟေလး ရယ္သည္။

ထို႔ေနာက္ ႏႈတ္ခမ္းေလးတေထာ္ေထာ္ျဖင့္

“အဲ့ မိန္းမႀကီးက တကယ့္ကို ပင္လယ္ေမွ်ာ့ အႀကီးစားႀကီး။ ၾကည့္လို႔ကိုမရဘူး။ ကိုကိုသာ သူနဲ႕ယူလိုက္လို႔ကေတာ့ မိုးငယ္ရဲ႕ တူေလးအိတိုက ႏွိပ္စက္ခံရမွေသခ်ာတယ္။  လူႀကီးေတြ ေရွ႕က်ရင္ တစ္မ်ိဳး ကြယ္ရာက်ရင္ တစ္မ်ိဳးနဲ႕။ ဟြန႔္ …. လုံးဝကို ၾကည့္လို႔မရဘူး ….. ” 

ဆိုၿပီး ပြစိပြစိနဲ႕ မဆုံးနိုင္ေအာင္ ေျပာေတာ့သည္။

“မိုးငယ္ရယ္ ေတာ္ပါေတာ့။ သြား … အိတိုေလးနဲ႕သြားကစားေတာ့။”

“ဟာ ဒီအတိုင္းေတာ့မရဘူးေလ။ ကိုကိုေကာင္းျမတ္လြန္းနဲ႕ မိတ္ဆက္ေပးဦး။”

မိုးငယ္ဆိုတဲ့ ေကာင္မေလးစကားေၾကာင့္ ေကာင္းျမတ္လြန္းရဲ႕ ေမွးစင္းေနတဲ့ မ်က္လုံးမ်ားပင္ ျပဴက်ယ္သြားေတာ့သည္။

ေကာင္းျမတ္လြန္း ျဖစ္သြားတဲ့ ပုံစံေလးကိုၾကည့္ၿပီး မိုးငယ္က ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ၿပဳံသည္။

ထို႔ေနာက္ လက္တစ္ဖက္ကို ကမ္းေပးၿပီး …

“မိုးငယ္က အိတိုေလးရဲ႕ တီေလးပါ။ ေတြ႕ရတာဝမ္းသာပါတယ္။” ဆိုၿပီး သူမကပဲ အရင္ႏႈတ္ဆက္လာသည္။

“ဟုတ္ကဲ့ ေတြ႕ရတာဝမ္းသာပါတယ္ခင္ဗ်”

ေကာင္းျမတ္လြန္းသည္ မိုးငယ္ဆိုတဲ့ ေကာင္မေလးရဲ႕ လက္ကို မရဲတရဲျဖင့္ လွမ္းကိုင္ကာ ႏႈတ္ဆက္လိုက္ရင္း အၾကည့္ေတြကိုေတာ့ သိလိုစိတ္မ်ားစြာျဖင့္ ကမာၻညိမ္းဆီသို႔ ျဖန႔္ၾကက္ထားသည္။

“မိုးငယ္က ကိုယ့္ညီမဝမ္းကြဲပါ။ အစီအစဥ္ေတြ အားလုံးကို သူသိထားတယ္။ အဲ့တာေၾကာင့္ မစိုးရိမ္ပါနဲ႕။”

အခုမွပဲ ေကာင္းျမတ္လြန္း အသက္ဝဝ ရႉရဲေတာ့သည္။

သို႔ေသာ္ ႐ုတ္တရက္ႀကီး သူ႕ပုံစံကို သတိရသြားေတာ့ ကိုယ့္ဘာသာျပန္ငုံ႕ၾကည့္ၿပီး မ်က္ႏွာပူလာေတာ့သည္။

သူက အခု မိန္းကေလးလို ဝတ္စားထားသည္ မဟုတ္ပါလား။  သည့္အျပင္ သူမက သူက ေယာက္်ားေလးတစ္ေယာက္ျဖစ္တယ္ဆိုတာကိုလည္း သိထားႏွင့္သည္။

အဲ့တာက နည္းနည္းေလးေတာင္မဟုတ္ ေတာ္ေတာ္ႀကီးကို ရွက္စရာေကာင္းေနသည္။

“အိတိုေလးရဲ႕မာမားက မိုးငယ္ထက္ လွတယ္သိလား။ မိုးငယ္ကေတာ့ ဒီမဂၤလာပြဲက အစစ္ျဖစ္ရင္ေကာင္းမယ္လို႔ပဲ ေတြးေနမိတယ္။ အိတိုေလးက မိုးငယ္နဲ႕စေတြ႕ကတည္းက မာမားအေၾကာင္းေတြႀကီး နားၿငီးေလာက္ေအာင္ ဆက္တိုက္ေျပာေနခဲ့တာ။ သူ႕မွာ အရမ္းလွတဲ့ မာမားရွိေနၿပီဆိုတဲ့ အေၾကာင္းကို မရပ္မနားကိုႂကြားေနေတာ့တာပဲ။”

မဂၤလာပြဲစေတာ့ အိတိုေလးက ေကာင္းျမတ္လြန္းလက္ကို တြဲၿပီး သူ႕ဒယ္ဒီလက္ထဲ ထည့္ေပးခဲ့သည္။ အဲ့ဒီေနာက္ပိုင္းမွာေတာ့ အိတိုေလးက တီေလးျဖစ္သူ မိုးငယ္ နားမွာ တစ္ခ်ိန္လုံးကပ္ေနခဲ့ျခင္းျဖစ္သည္။

အဲ့တာေၾကာင့္လည္း မိုးငယ္က အိတိုေလးအေၾကာင္းေတြ ျပန္ၿပီး ေဖာက္သည္ခ်ေနျခင္းျဖစ္သည္။

ေ႐ႊေရာင္စကၠဴပတ္ေလးနဲ႕ပတ္ထားတဲ့ ေခ်ာကလက္တစ္ေတာင့္ကို စိတ္ရွည္လက္ရွည္နဲ႕ အာ႐ုံစူးစိုက္ၿပီး ခြာေနတဲ့ အိတိုေလးက သူ႕တီေလး ေဖာက္သည္ျပန္ခ်ေနတာကိုလည္းၾကားေကာ ႏႈတ္ခမ္းေလးတေထာ္ေထာ္နဲ႕

“မာမားက တကယ္လွတာပဲကို အိတိုေလးေျပာတာမွားလို႔လား” ဟု ဝင္ေထာက္ေတာ့သည္။

အျဖဴေရာင္ ေနာက္တိုင္းဝတ္စုံ ပိစိေလးနဲ႕ အသည္းယားစရာေကာင္းေနတဲ့ အိတိုေလးက သူဒယ္ဒီရဲ႕ခန႔္ညားမႈနဲ႕ အၿပိဳင္ ခ်စ္စရာေကာင္းေနသည္။

ပါးလုံးႀကီးေတြနဲ႕တင္ အသည္းယားေနရတာကို အခုလို ခ်စ္စရာေကာင္းတဲ့ ဝတ္စုံေလးနဲ႕ စကားတက္ေနတဲ့ ပုံစံေလးေၾကာင့္ တကယ္ကို ဆြဲဖက္ၿပီး နမ္းပစ္ခ်င္စရာ။

“အိတို … မာမားဆီလာ။ မာမား… ခြာေပးမယ္။ ေတာ္ၾကာေန အကၤ်ီေတြ ေပကုန္လိမ့္မယ္။”

အိတိုေလးက မ်က္လုံးအေရာင္ေတာက္ေတာက္ေလးမ်ားျဖင့္ သူ႕ လက္ထဲက ေခ်ာကလက္ကို ေကာင္းျမတ္လြန္းလက္ထဲ အသာတၾကည္ထည့္ေပးလိုက္သည္။

ေကာင္းျမတ္လြန္းက ေခ်ာကလက္ေပၚက ေ႐ႊေရာက္အပတ္ေလးကို ခြာလိုက္ၿပီး စားရလြယ္ေအာင္ ေခ်ာကလတ္ကို အတုံးေလးေတြအျဖစ္ အပိုင္းပိုင္းခ်ိဳးပစ္လိုက္သည္။

ထို႔ေနာက္ တစ္ပိုင္းကို အိတိုေလး ပါးစပ္ထဲထည့္ေပးလိုက္ၿပီး က်န္တာေတြကိုေတာ့ မိုးငယ္လက္ထဲထည့္ေပးလိုက္သည္။

“အမ်ားႀကီးစားရင္ေခ်ာင္းဆိုးမွာဆိုးလို႔”

မိုးငယ္က ေခါင္းညိတ္ျပၿပီး အိတိုေလးလက္ကိုဆြဲကာ ခန္းမထဲက ျပန္ထြက္သြားသည္။

မိုးငယ္စိတ္ထဲမွာေတာ့ သူ႕ေယာင္းမအတုေလးကို ေတာ္ေတာ္ေလးကို သေဘာက်ေနၿပီး သူ႕အပိုင္ ေယာင္းမေလးျဖစ္လာဖို႔ကို ေကာင္းျမတ္လြန္းဆိုတဲ့ကိုကို ကို သူ႕ကိုကို(ကမာၻညိမ္း) ဆီ ဘယ္လို အေရာက္ ပို႔ရမလဲ ဆိုတာကို  ႀကံစည္ ေတြးေတာ ေနေလၿပီ။ 

ေတြးမယ့္သာ ေတြးေနမိတာ သူ႕ကိုကို ကမာၻညိမ္းက အခုေတာင္ အိတိုေလးရဲ႕ မာမားကို အပိုင္ခ်ဳပ္ဖို႔ အစီအစဥ္ တစ္ဝက္နည္းပါးေလာက္ကို အေကာင္အထည္ ေဖာ္ၿပီး ေနၿပီျဖစ္သည္။

မိုးငယ္တို႔ထြက္သြားတာနဲ႕ ကမာၻညိမ္းက ေကာင္းျမတ္လြန္း၏ လက္တစ္ဖက္ကို အသာကိုင္ကာ တစ္ရွဴးမ်ားနဲ႔ သန္႕စင္ေပးလိုက္ျပီးေနာက္  သူ႕လက္ေမာင္းမွာ ျပန္ခ်ိတ္ေစသည္။

“ပင္ပန္းေနၿပီမဟုတ္လား။ ခဏေလးပဲသည္းခံ။ ဟိုးဘက္က တစ္ဝိုင္းဧည့္ခံၿပီးရင္ နားလို႔ရၿပီ။”

“ဟုတ္ …”

ေနာက္ဆုံးေတာ့  ဟန္ေဆာင္ မဂၤလာပြဲေလး ေအာင္ျမင္စြာ ၿပီးဆုံးသြားခဲ့ေလၿပီ။

နားေနခန္းထဲမွ ကမာၻညိမ္းက ေကာင္းျမတ္လြန္း ေျခေထာက္ေတြကို သူ႕ေပါင္ေပၚတင္ၿပီး ႏွိပ္ေပးေနသည္။

“ဖိနပ္အပါးေလးစီထားလိုေတာ္ေသးတယ္ မဟုတ္ရင္ ေျခေထာက္ေတြထပ္ေပါက္ဦးမွာ”

“ဟို .. ရပါၿပီဗ်ာ ကြၽန္ေတာ္ ငရဲႀကီးလိမ့္မယ္ဗ်”

“မႀကီးပါဘူး ကိုယ္လုပ္ေပးခ်င္လို႔ပါ”

"ဒါေပမယ့္လည္း ……"

"ေက်းဇူးတင္ပါတယ္"

ကမၻာညိမ္းဘာကို ဆိုလိုမွန္းသိတာေႀကာင့္ ေကာင္းျမတ္လြန္းေခါင္းအသာညိတ္လို႔ ျပံဳးျပလိုက္သည္။

အဲ့ဒီအခ်ိန္မွာပဲ ကမၻာညိမ္းက ေကာင္းျမတ္လြန္းပါးေလးကို ျဖတ္ခနဲ လွမ္းနမ္းလိုက္သည္။

"အစ္ကို …"

"ကိုယ္တို႕ကို ေခ်ာင္းေနတဲ့သူရွိေနလို႕ …"

ေကာင္းျမတ္လြန္းက သူ႕ကိုဟန္ေဆာင္နမ္းလိုက္တာပဲလို႔ သိသြားေတာ့ ဘာမွဆက္မေျပာေတာ့ပဲ ျငိမ္သက္သြားေတာ့သည္။

တကယ္ေတာ့ ကမၻာညိမ္းက ေခ်ာင္းႀကည့္ေနတဲ့သူကို အေႀကာင္းျပျပီး တမင္နမ္းလိုက္ခ်င္းျဖစ္သည္။

သူတို႔ႏွစ္ဦးပုံစံက တကယ္ကိုပဲ သဘာဝက်က်နဲ႔  ၾကည္ႏူးစရာေကာင္းတဲ့  ၾကင္စဦးေမာင္းႏွံနဲ႕တူသြားခဲ့သည္။

အဲ့တာေႀကာင့္လည္း ကမာၻညိမ္းနဲ႕ ေကာင္းျမတ္လြန္းတို႔ကို တစ္ေနရာကေန ေခ်ာင္းၾကည့္ေနတဲ့ အမ်ိဳးသမီးက ေတာက္တခတ္ခတ္နဲ႕ ေဒါသတႀကီး မ်က္ႏွာလႊဲကာ ထိုေနရာမွ ထြက္ခြါသြားခဲ့ေလသည္။

လက္သီးကို တင္းတင္းက်ပ္က်ပ္ဆုပ္လို႔ မ်က္ရည္မ်ားပါက်ေနတဲ့ အမ်ိဳးသမီးက ေတာ္ေတာ္ေလးကို မခံမရပ္နိုင္စိတ္ျဖင့္ တစ္စုံတစ္ေယာက္ကို နာၾကည္းမုန္းတီေနေလၿပီ။

ကိုယ္ပိုင္ ႐ုံးခန္းသို႔ ေရာက္တာနဲ႕ စားပြဲေပၚက ပစၥည္းမ်ားအားလုံးကို လက္နဲ႕ တြန္းတိုက္ပစ္လိုက္ၿပီး တဟားဟားနဲ႕ ေအာ္ရယ္ေတာ့သည္။

“ကမာၻညိမ္း … ကမာၻညိမ္း … ရွင္က ကြၽန္မကို တစ္ပတ္ရိုက္လိုက္တာေပါ့ေလ။ ဟက္ … ရွင္က ဒီလိုအခ်ိန္မွာမွ အာဏာကို ထုတ္သုံးခဲ့တာေပါ့။ ပိပိရိရိကို အေကာင္းစား အံ့ဖြယ္ မဂၤလာပြဲႀကီးကို အခ်ိန္တိုေလးအတြင္း ရေအာင္ဖန္တီးပစ္လိုက္တာပဲ။ ဒါေပမယ့္ ဘယ္လိုလုပ္မလဲ ကြၽန္မက ဒီေလာက္နဲ႕ အေလွ်ာ့ေပးမွာမဟုတ္ဘူး။ ရွင့္မွာ မိန္းမတစ္ေယာက္မကလို႔ ဆယ္ေယာက္ရွိရင္ေတာင္ အကုန္လုံးကို မီးရွို႔ျပာခ်ၿပီး ရွင့္နားက ထာဝရေပ်ာက္ကြယ္သြားေအာင္လုပ္ပစ္လိုက္မယ္။ ဇင္မိုးျမင့္ ဆိုတဲ့မိန္းမက လိုခ်င္တာကို မရ ရေအာင္ ယူတက္တယ္ ဆိုတာ တစ္ေန႕မွာ ရွင္ ေကာင္းေကာင္းႀကီးကို သိသြားေစရမယ္။”

အမုန္းတရားေတြ ေတာက္ေလာင္ေနတဲ့ ဇင္မိုးျမင့္ဆိုတဲ့ အမ်ိဳးသမီးက  ေက်နပ္အားရေအာင္ ႀကဳံးဝါးၿပီးတဲ့ေနာက္ လူယုတ္မာၿပဳံးႀကီးၿပဳံးကာ စီကရက္တစ္လိပ္ကိုထုတ္ၿပီး မီးညွိလိုက္သည္။

တေျမ့ေျမ့ကြၽမ္းေလာင္သြားတဲ့ စီးကရက္လိပ္က တစ္စထက္တစ္စတိုတက္လာသလို တလိပ္လိပ္တက္လာတဲ့ မီးခိုေငြ႕ေတြကလည္း တျဖည္းျဖည္းနဲ႕ လႊင့္ျပယ္ေပ်ာက္ကြယ္သြားၿပီးေလေသာ္လည္း ေဒါသ၊ အတၱ၊ မာန နဲ႕ အမုန္းတရားတို႔ကေတာ့ တစ္စထက္တစ္စ ပိုမိုႀကီးထြားလာခဲ့ေလသည္။

မဂၤလာဖိတ္စာေတြကို ညတြင္းခ်င္း Email နဲ႕ SMS က တစ္ဆင့္ ပို႔ကာ ဖိတ္ၾကားခဲ့တဲ့ ကမာၻညိမ္းက ဟိုတယ္ကို မေရာက္ခင္ ႏွစ္ရက္အလိုကတည္းက ဟိုတယ္မန္ေနဂ်ာကို တစ္ဖက္လွည့္နဲ႕ ရွယ္ယာဝင္တစ္ေယာက္ရဲ႕လုပ္ပိုင္ခြင့္ကိုသုံးကာ မဂၤလာပြဲအတြက္ ႀကိဳတင္ စီစဥ္ထားခဲ့ျခင္း ျဖစ္သည္။

သတို႔သား အမည္ကိုေတာ့ ကိုေမာင္ညိမ္းဆိုတဲ့ အမည္နဲ႕ စီစဥ္ခိုင္းခဲ့တာေၾကာင့္ ေဒၚဇင္မိုးျမင့္က ကမာၻညိမ္းစီစဥ္ထားတဲ့ ဟန္ေဆာင္လက္ထပ္ပြဲနဲ႕ ပတ္သတ္ၿပီး လုံးဝ မရိပ္မိခဲ့။ သူမ စိတ္ထဲမွာ အေဆာင္သစ္ဖြင့္ပြဲ အထိမ္းအမွတ္နဲ႕  ပရိုမိုးရွင္းေတြ လုပ္ေပးထားတာေၾကာင့္ ပုံမွန္လိုပင္ မဂၤလာပြဲအခမ္းအနားတစ္ခု ဟိုတယ္အေဆာင္သစ္ အေဆာက္အဉီးမွာလာေရာက္ က်င္းပမည္ဟုပဲသိထားခဲ့သည္။

မနက္ေရာက္ကာမွ အားခ်င္းဆိုသလို သတို႔သားအမည္ကို မေတာ္တဆမွားယြင္းလြဲမွားမႈ ျဖစ္သြားခဲ့သည့္ ပုံစံျဖင့္ ေျပာင္လဲပစ္ခဲ့သည္။

အစကတည္းက ႀကိဳတင္ အကြက္က်က်စီစဥ္ထားမႈေၾကာင့္ ဇင္မိုးျမင့္ဆိုတဲ့သူမက ကမၻညိမ္းရဲ႕လည္းစားမႈေအာက္မွာ အတုံးအ႐ုံးက်ရႈံးသြားခဲ့ရသည္။

သူမပိုင္နက္ျဖစ္တဲ့ သူမပိုင္တဲ့ ဟိုတယ္မွာ သူမ ပိုင္ဆိုင္မႈအျဖစ္ သတ္မွတ္ထားတဲ့ သတို႔သားေလာင္းရဲ႕ မဂၤလာပြဲကို သူမကိုယ္တိုင္ စီစဥ္ေပးခဲ့မိတာေလာက္ ရင္နာစရာေကာင္းတဲ့ အျဖစ္မ်ိဳးမရွိေတာ့။

စိတ္ရွိတိုင္းသာဆို မဂၤလာပြဲကို မရရေအာင္ဖ်က္ပစ္မိမွာ ဆိုေပမယ့္ စီးပြားေရး လုပ္ငန္းရွင္ႀကီး အမ်ားစု ပါဝင္ေနတာေၾကာင့္ သူမအေနနဲ႕ လက္လြတ္စပယ္ မလုပ္ရဲခဲ့ေပ။

လွပစြာက်ရႈံးသြားတဲ့ အဆုံးသတ္ကို သူမက ဇာတ္သိမ္းလို႔ စာတန္းထိုးဖို႔စိတ္ကူလုံးဝမရွိ။

အဲဒီအစား သူမက အခန္းဆက္ေနနဲ႕ နိဒါန္တစ္ခုကို စတင္ဖို႔  ကေလာင္ေသြး ေနခဲ့သည္။

T.B.C 🐻
THANKS 😘

10:43PM(Wed)
26.01.2022
G14

အိတိုလေးရဲ့မာမား🐻 အခန်း (၁၆)

Unicode

အဖြူရောင်များကိုသာ အသုံးပြုပြီး လှပစွာပြင်ဆင်ထားတဲ့ လက်ထပ်ထိမ်းမြား မင်္ဂလာပွဲ အခမ်းအနားလေးတစ်ခုကို Ocean Palace Hotel ရှိ Royal Diamond အထပ်မြင့်အဆောင်သစ်၏ တတိယအလွှာတွင်ရှိသော ဟောခန်းကြီးထဲ၌ ခမ်းနားစွာကျင်းပလျှက်ရှိသည်။

ဟိုတယ် အဆောင်သစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်လုပ်ငန်းရှင်တစ်ချို့နှင့် မိတ်ရင်းဆွေရင်းတစ်ချို့သာ ပါဝင်တက်ရောက်လာတဲ့  မင်္ဂလာပွဲလေးက မထင်ထား ရလောက်အောင်ပင် စည်ကားသိုက်မြိုက်ကာ ပျော်စရာကောင်းနေခဲ့သည်။

အဖြူရောင်နှင်းဆီတွေနဲ့ အပြိုင်လှပနေတဲ့ သတို့သမီးလေး တစ်ဦးကလည်း မင်္ဂလာ စင်မြင့်ထက်မှာ ကျက်သရေရှိစွာနဲ့ တည်ရှိနေသည်။

ပန်းပွင့်အရိပ်ပါ အဖြူရောင်ဇာဖြင့် ချုပ်လုပ်ထားတဲ့ မင်္ဂလာဝတ်စုံဂါဝန်ရှည်က  အောက်ဘက်အနားမှာ အထပ်ထပ်လေးများနဲ့ ဖောင်းကြွနေအောင်ချုပ်ထားပြီး ပုလဲလုံးလေးများကို အလှအပ အဆင်တန်ဆာအဖြစ်  အဖြူရောင်ပန်းပွင့်လေးတွေနဲ့အတူတွဲကာ အလှဆင်ထားသည်။

ဂါဝန်အင်္ကျီလက်ပုံစံမှာ လက်ရှည်ဖြစ်ပြီး လက်အောက်ဖက်နားတွင် ခေါင်းလောင်းသဏ္ဌာန် အနည်းငယ် ကားကားလေးဖြစ်နေသည်။

ခါးနားလေးမှာတော့ ပုလဲလေးများအစီအရီသီကုံးထားတဲ့ ခါးပတ်လေးတစ်ခုပါဝင်ပြီး အင်္ကျီလည်ပင်းကတော့ ပုခုံးစွန်းနား တင်ရုံလေး ဖြစ်သော်လည်း ပုလဲပုတီး လည်ဆွဲလေး ဆင်မြန်ထားသောကြောင့် အမြင်အားဖြင့် မရိုင်သွားပဲ ရိုးရိုးလေးနဲ့ ယဉ်ယဉ်လေး လှနေတော့သည်။



အဲ့လို လှပပြီးရိုးရှင်းတဲ့ ဝတ်စုံလေးကိုဝတ်ပြီး လန်းဆန်းနေတဲ့ ပန်းလေးတစ်ပွင့်အလား လှရက်လွန်းနေတဲ့ သတို့သမီးကိုတော့ အဖြူရောင် အနောက်တိုင်း ဝတ်စုံပြည့်ဖြင့် ခန့်ညားလွန်းနေတဲ့ အမျိုးသားတစ်ဦးက အကြည့်မလွဲနိုင်အောင်ဖြစ်နေခဲ့သည်။

သတို့သားလောင်းရဲ့ တရှိုက်မက်မက် ငေးကြည့်ခြင်းကို ခံနေရတဲ့ သတို့သမီးမျက်နှာမှာ ရှက်သွေးဖြာလျှက်ရှိပြီး မနေတက်စွာဖြင့် ခေါင်းကိုငုံ့ထားလျှက်ရှိသည်။

လိုက်ဖက်လွန်းတဲ့ မင်္ဂလာမောင်နှံနှစ်ဦးကို ငေးကြည့်နေကြတဲ့ ဧည့်သည်တွေကလည်း ပြုံးပျော်စွာနဲ့ မင်္ဂလာပွဲလေးကို ချီးမြောက်ပေးနေကြသည်။

နှစ်ဦးသဘောတူ လက်ထပ်လိုက်ကြတဲ့ မင်္ဂလာပွဲလေးမှာ နှစ်ဖက်မိဘ ဆွေမျိုးများ မပါသော်လည်း မည်သူကမှတော့ အထင်သေးရှုံ့ချခြင်းမရှိကြ။

ကမ္ဘာညိမ်း ဆိုတဲ့လူက စီပွားရေးလောကမှာ ထက်မြတ်ပြီး ကိုယ်ကျင့်တရား ကောင်းသည့်အတွက် သူနဲ့ တွက်ဖက်လုပ်ကိုင်ကြတဲ့ လုပ်ငန်းရှင်များက သူ့ကို အားကိုး ယုံကြည် လေးစားကြသည်။

သည့်အပြင် ကမ္ဘာညိမ်းဆိုတဲ့လူက ဆုံးဖြတ်ချက်ပြတ်သားကာ ခေါင်းမာတက်တဲ့ အကျင့်လေးရှိတာကိုလည်း သိထားပြီးသား ဖြစ်တာကြောင့် ဒီလို ရုတ်တရက်ဆန်တဲ့ မင်္ဂလာပွဲမျိုး ဖြစ်လာတာကို ထူးဆန်းသည်ဟု နည်းနည်းလေးမှ သံသယမဝင်မိကြ။

ဂျပန်နိုင်ငံရဲ့ စီးပွားရေးလောကမှာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းစုတစ်ခုအဖြစ်ရပ်တည်နေတဲ့ မိသားစု နောက်ခံ ဂုဏ်ရှိန်အင်အားအပြည့် ရှိနေတာတောင် တစ်ချက်ကလေးမှ လှည့်မကြည့်ပဲ မြန်မာပြည်မှာ အောင်မြင်တဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်အဖြစ် တစ်ကိုယ်တည်း ရပ်တည်နေတဲ့ ကမ္ဘာညိမ်းကို လူတိုင်းက ဘောင်မခတ်ပဲ ကြည့်တက်ကြသည်။

လက်ထပ်ထိမ်းမြား ကျမ်းသစ္စာကျိန်ဆိုဖို့အချိန်ကျရောက်လာချိန်မှာ ခန်းမကြီးတစ်ခုလုံးတိတ်ဆိတ်သွားပြီး ဘိသိက်ဆရာထံမှ အမေးသံကသာ တည်ကြည်ပြတ်သားစွာထွက်ပေါ်လာသည်။

“သတို့သား "မောင်ကမ္ဘာညိမ်း" သည် သတို့သမီး "မမေမြတ်လွန်း" အပေါ် ဘဝတစ်လျှောက် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ အေးအတူပူအမျှ သေတဖန် သက်တစ်ဆုံး ရိုးမြေကျ သစ္စာရှိစွာဖြင့် ပေါင်းသင်းပါမည်လား”

“ပေါင်းသင်းပါမည်”

“သတို့သမီး "မမေမြတ်လွန်း" ကကော သတို့သား "မောင်ကမ္ဘာညိမ်း" အပေါ် ဘဝတစ်လျှောက် မှာ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ အေးအတူပူအမျှ သေတဖန် သက်တစ်ဆုံး ရိုးမြေကျ သစ္စာရှိစွာဖြင့် ပေါင်းသင်ပါမည်လား”

“ဟုတ်ကဲ့ ပေါင်းသင်းပါမည်”

“အခုချိန်မှာ မင်္ဂလာလက်စွပ် အပြန်အလှန်လဲဝတ်လို့ရပါပြီ”

ကျမ်းသစ္စာ ကျိန်ဆိုပြီး နောက်မှာတော့ မေမြတ်လွန်းအမည်ခံ ကောင်းမြတ်လွန်းဆိုတဲ့ အမျိုးသားလေး၏ လက်ခလယ်မှာ တလျှပ်လျှပ် တောက်ပနေတဲ့စိန်ပွင့်လေး တစ်ပွင့်တည်းသာမြုပ်ထားတဲ့ လက်ထပ် လက်စွပ်လေး တစ်ကွင်းက ဝင့်ကြွားတောက်ပစွာ အခန့်သားနေရာယူလာတော့သည်။

အရာအားလုံးက အိပ်မက်တစ်ခုလိုပင်။

သို့သော် တလှပ်လှပ်အခုန်မြန်နေတဲ့ နှလုံးခုန်သံကိုတော့ အရှင်းသား ကြားနေရသည်။

ဘယ်လောက်ပဲ ဟန်ဆောင် လက်ထပ်တယ်လိုပြောပြော တကယ်ကို သတို့သမီးလောင်း အစစ်လေးကဲ့သို့ပင် ရင်ခုန် လှိုက်မောရပါသည်။

ခက်ခက်ခဲခဲ ဆုံးဖြတ်ပြီးမှာ လက်ခံခဲ့တဲ့ ဒီဟန်ဆောင် လက်ထပ်ပွဲလေးက အိတိုလေး အတွက်သာဖြစ်သည်။

တစ်ကြိမ်တစ်ခါပယ်ဖျက်ဖူးတဲ့ စေ့စပ်ပွဲကို ပြန်လည်အကောင်အထည်ဖော်ဖို့ကြိုးစားနေတဲ့ မိသားစုဝင်တွေကြောင့် ကမ္ဘာညိမ်းတစ်ယောက်အခက်တွေ့နေရကြောင်းကို ကောင်းမြတ်လွန်းကို သေချာရှင်းပြကာ နာချသိမ်းသွင်းခဲ့သည်။

မချစ်မနှစ်သက်တဲ့သူနဲ့ လက်ထပ်ရမှာကိုမလိုလားတာထက် အိတိုလေးအတွက် မိခင်ကောင်းမပီသနိုင်တဲ့ အမျိုးသမီးနဲ့ အိတိုလေးကို အတူမထားချင်လို့ဆိုတဲ့ အကြောင်းပြချက်က ကောင်းမြတ်လွန်းကို စိတ်ပျော့စေခဲ့သည်။

မင်္ဂလာပွဲအတုမှာ ဟန်ဆောင်သတို့သမီးလုပ်ပေးပြီးနောက် နိုင်ငံခြားက အိတိုလေးရဲ့ အဖိုးအဖွားတွေဆီ မင်္ဂလာပွဲ ဗီဒီယိုနဲ့ ဓါတ်ပုံတွေကို ပို့ပေးရုံဖြင့် ကောင်းမြတ်လွန်းရဲ့ အကူအညီက အထမြောက် ပြီးပြတ်ပါပြီဟု ဆိုကာ အကူအညီတောင်းလာသော ကမ္ဘာညိမ်ရဲ့ တောင်းဆိုမှုကို သူ မငြင်းဆန်နိုင်ခဲ့။

သူကိုယ်တိုင်ကလည် အိတိုလေးကို ဆိုးသွမ်းတဲ့ မိထွေးလက်ထဲ မထည့်ရက်နိုင်။

အဲ့တာကြောင့်လည်း သူဒီဟန်ဆောင်လက်ထပ်ပွဲမှာ ကူညီအားဖြည့်ခဲ့ခြင်းဖြစ်သည်။

ဟိုတယ်မှာ ရှိကြတဲ့ ဧည့်သည်တွေကတော့ ဦးကမ္ဘာညိမ်းကြီးက ရိုမက်တစ်ဆန်ဆန် နဲ့ စပရိုက်အကြီးကြီးတိုက်ကာ မင်္ဂလာပွဲကို ကျင်းပခဲ့ခြင်းဖြစ်တယ်လို့ တစ်ဖက်သတ် ယူဆလိုက်ကြသည်။

တော်ဝင်ဆန်တဲ့ အဖြူရောင် လက်ရှည်ဂါဝန်က တော်တော်လေးကို ရိုးရှင်းနေပါသော်လည်း ကောင်းမြတ်လွန်းအတွက်တော့ စိတ်ကျဉ်းကျပ်စရာ ကောင်းလှသည်။

သူ့လက်လေးကို လာကိုင်ပြီး သတို့သမီးလေးက ချောလိုက်တာ ချစ်စရာလေး စသည့်ဖြင့် မြှောက်ပင့်ပြောလာတဲ့ ချီးမွမ်းစကားတွေအပေါ် မချိပြုံးကြီးနဲ့ ဟန်ဆောင်ပြုံး ပြုံးပြနေရတာကလည်း တော်တော်လေး စိတ်အိုက်ချင်စရာဖြစ်သည်။

လူပင်ပန်းတာထက် စိတ်ပင်ပန်းသလိုရှိလာတာကြောင့် အားကိုးရာအဖြစ် ကမ္ဘာညိမ်းရဲ့ လက်မောင်းတစ်ဖက်ကိုသာ အားပြုပြီး ခိုတွဲထားလိုက်မိသည်။

တစ်ခါတစ်ခါများဆို ဟန်မဆောင်နိုင်အောင်ကို လက်မောင်းပေါ်မှာပါ ခေါင်းလေးမှီတင်ထား လိုက်မိသေးသည်။

“ကိုကို …”

“မိုးငယ် …”

အိတိုလေးလက်ကိုဆွဲပြီး အဝါရောင်ဂါဝန်လေး တလွှားလွှားနဲ့ပြေးလာတဲ့ မိုးငယ်က တကယ်ကို တက်ကြွရွှင်လန်း ပြုံးပျော်နေသည်။

“ကိုကို … ကိုကိုခိုင်းတဲ့အတိုင်း မိုးငယ်သူငယ်ချင်းတွေ အများကြီး ခေါ်လာပေးတယ်နော်”

မိုးငယ်က ကမ္ဘာညိမ်းအနားသို့ကပ်ကာ ခပ်တိုးတိုးလေးပြောလိုက်သည်။

ကမ္ဘာညိမ်းက မင်္ဂလာပွဲမှာ သတို့သမီးရဲ့ သူငယ်ချင်းတွေအဖြစ် ဟန်ဆောင်ပေးရန် မိုးငယ်ရဲ့ သူငယ်ချင်းတွေကို ခေါ်လာဖို့ အကူအညီတောင်းထားတာကြောင့် မိုးငယ်က သူ့သူငယ်ချင်း တစ်သိုက်ကို ခေါ်ပြီး ကမ်းခြေထိ ရောက်လာခဲ့ခြင်းဖြစ်သည်။

“အေးပါ ရောက်လက်စနဲ့ ကြိုက်သလောက်ကဲပြီးမှပြန် ကုန်ကျစရိတ်အားလုံး ကိုကို တာဝန်ယူတယ်”

“ဒါမှ မိုးငယ်ကိုကိုကွ …။ ဒါနဲ့ ကိုကို … ဒေါ်လေးနဲ့ ဦးလေးတို့က ယုံပါမှာပါနော်။”

“ယုံမှာပါ …။ ဘာလို့ဆို … ဒေါ်ဇင်မိုးမြင့်က သေချာပေါက် လှမ်းအကြောင်ကြားတော့မှာလေ။ သူက မျက်မြင်သက်သေပဲ။”

ကမ္ဘာညိမ်းအပြောကို မိုးငယ်က မျက်ခုံလေးပင့်ပြီး သဘောကျဟန်ဖြင့် ခပ်ဟဟလေး ရယ်သည်။

ထို့နောက် နှုတ်ခမ်းလေးတထော်ထော်ဖြင့်

“အဲ့ မိန်းမကြီးက တကယ့်ကို ပင်လယ်မျှော့ အကြီးစားကြီး။ ကြည့်လို့ကိုမရဘူး။ ကိုကိုသာ သူနဲ့ယူလိုက်လို့ကတော့ မိုးငယ်ရဲ့ တူလေးအိတိုက နှိပ်စက်ခံရမှသေချာတယ်။  လူကြီးတွေ ရှေ့ကျရင် တစ်မျိုး ကွယ်ရာကျရင် တစ်မျိုးနဲ့။ ဟွန့် …. လုံးဝကို ကြည့်လို့မရဘူး ….. ” 

ဆိုပြီး ပွစိပွစိနဲ့ မဆုံးနိုင်အောင် ပြောတော့သည်။

“မိုးငယ်ရယ် တော်ပါတော့။ သွား … အိတိုလေးနဲ့သွားကစားတော့။”

“ဟာ ဒီအတိုင်းတော့မရဘူးလေ။ ကိုကိုကောင်းမြတ်လွန်းနဲ့ မိတ်ဆက်ပေးဦး။”

မိုးငယ်ဆိုတဲ့ ကောင်မလေးစကားကြောင့် ကောင်းမြတ်လွန်းရဲ့ မှေးစင်းနေတဲ့ မျက်လုံးများပင် ပြူကျယ်သွားတော့သည်။

ကောင်းမြတ်လွန်း ဖြစ်သွားတဲ့ ပုံစံလေးကိုကြည့်ပြီး မိုးငယ်က နှစ်နှစ်ခြိုက်ခြိုက်ပြုံသည်။

ထို့နောက် လက်တစ်ဖက်ကို ကမ်းပေးပြီး …

“မိုးငယ်က အိတိုလေးရဲ့ တီလေးပါ။ တွေ့ရတာဝမ်းသာပါတယ်။” ဆိုပြီး သူမကပဲ အရင်နှုတ်ဆက်လာသည်။

“ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်ခင်ဗျ”

ကောင်းမြတ်လွန်းသည် မိုးငယ်ဆိုတဲ့ ကောင်မလေးရဲ့ လက်ကို မရဲတရဲဖြင့် လှမ်းကိုင်ကာ နှုတ်ဆက်လိုက်ရင်း အကြည့်တွေကိုတော့ သိလိုစိတ်များစွာဖြင့် ကမ္ဘာညိမ်းဆီသို့ ဖြန့်ကြက်ထားသည်။

“မိုးငယ်က ကိုယ့်ညီမဝမ်းကွဲပါ။ အစီအစဉ်တွေ အားလုံးကို သူသိထားတယ်။ အဲ့တာကြောင့် မစိုးရိမ်ပါနဲ့။”

အခုမှပဲ ကောင်းမြတ်လွန်း အသက်ဝဝ ရှူရဲတော့သည်။

သို့သော် ရုတ်တရက်ကြီး သူ့ပုံစံကို သတိရသွားတော့ ကိုယ့်ဘာသာပြန်ငုံ့ကြည့်ပြီး မျက်နှာပူလာတော့သည်။

သူက အခု မိန်းကလေးလို ဝတ်စားထားသည် မဟုတ်ပါလား။  သည့်အပြင် သူမက သူက ယောက်ျားလေးတစ်ယောက်ဖြစ်တယ်ဆိုတာကိုလည်း သိထားနှင့်သည်။

အဲ့တာက နည်းနည်းလေးတောင်မဟုတ် တော်တော်ကြီးကို ရှက်စရာကောင်းနေသည်။

“အိတိုလေးရဲ့မာမားက မိုးငယ်ထက် လှတယ်သိလား။ မိုးငယ်ကတော့ ဒီမင်္ဂလာပွဲက အစစ်ဖြစ်ရင်ကောင်းမယ်လို့ပဲ တွေးနေမိတယ်။ အိတိုလေးက မိုးငယ်နဲ့စတွေ့ကတည်းက မာမားအကြောင်းတွေကြီး နားငြီးလောက်အောင် ဆက်တိုက်ပြောနေခဲ့တာ။ သူ့မှာ အရမ်းလှတဲ့ မာမားရှိနေပြီဆိုတဲ့ အကြောင်းကို မရပ်မနားကိုကြွားနေတော့တာပဲ။”

မင်္ဂလာပွဲစတော့ အိတိုလေးက ကောင်းမြတ်လွန်းလက်ကို တွဲပြီး သူ့ဒယ်ဒီလက်ထဲ ထည့်ပေးခဲ့သည်။ အဲ့ဒီနောက်ပိုင်းမှာတော့ အိတိုလေးက တီလေးဖြစ်သူ မိုးငယ် နားမှာ တစ်ချိန်လုံးကပ်နေခဲ့ခြင်းဖြစ်သည်။

အဲ့တာကြောင့်လည်း မိုးငယ်က အိတိုလေးအကြောင်းတွေ ပြန်ပြီး ဖောက်သည်ချနေခြင်းဖြစ်သည်။

ရွှေရောင်စက္ကူပတ်လေးနဲ့ပတ်ထားတဲ့ ချောကလက်တစ်တောင့်ကို စိတ်ရှည်လက်ရှည်နဲ့ အာရုံစူးစိုက်ပြီး ခွာနေတဲ့ အိတိုလေးက သူ့တီလေး ဖောက်သည်ပြန်ချနေတာကိုလည်းကြားကော နှုတ်ခမ်းလေးတထော်ထော်နဲ့

“မာမားက တကယ်လှတာပဲကို အိတိုလေးပြောတာမှားလို့လား” ဟု ဝင်ထောက်တော့သည်။

အဖြူရောင် နောက်တိုင်းဝတ်စုံ ပိစိလေးနဲ့ အသည်းယားစရာကောင်းနေတဲ့ အိတိုလေးက သူဒယ်ဒီရဲ့ခန့်ညားမှုနဲ့ အပြိုင် ချစ်စရာကောင်းနေသည်။

ပါးလုံးကြီးတွေနဲ့တင် အသည်းယားနေရတာကို အခုလို ချစ်စရာကောင်းတဲ့ ဝတ်စုံလေးနဲ့ စကားတက်နေတဲ့ ပုံစံလေးကြောင့် တကယ်ကို ဆွဲဖက်ပြီး နမ်းပစ်ချင်စရာ။

“အိတို … မာမားဆီလာ။ မာမား… ခွာပေးမယ်။ တော်ကြာနေ အင်္ကျီတွေ ပေကုန်လိမ့်မယ်။”

အိတိုလေးက မျက်လုံးအရောင်တောက်တောက်လေးများဖြင့် သူ့ လက်ထဲက ချောကလက်ကို ကောင်းမြတ်လွန်းလက်ထဲ အသာတကြည်ထည့်ပေးလိုက်သည်။

ကောင်းမြတ်လွန်းက ချောကလက်ပေါ်က ရွှေရောက်အပတ်လေးကို ခွာလိုက်ပြီး စားရလွယ်အောင် ချောကလတ်ကို အတုံးလေးတွေအဖြစ် အပိုင်းပိုင်းချိုးပစ်လိုက်သည်။

ထို့နောက် တစ်ပိုင်းကို အိတိုလေး ပါးစပ်ထဲထည့်ပေးလိုက်ပြီး ကျန်တာတွေကိုတော့ မိုးငယ်လက်ထဲထည့်ပေးလိုက်သည်။

“အများကြီးစားရင်ချောင်းဆိုးမှာဆိုးလို့”

မိုးငယ်က ခေါင်းညိတ်ပြပြီး အိတိုလေးလက်ကိုဆွဲကာ ခန်းမထဲက ပြန်ထွက်သွားသည်။

မိုးငယ်စိတ်ထဲမှာတော့ သူ့ယောင်းမအတုလေးကို တော်တော်လေးကို သဘောကျနေပြီး သူ့အပိုင် ယောင်းမလေးဖြစ်လာဖို့ကို ကောင်းမြတ်လွန်းဆိုတဲ့ကိုကို ကို သူ့ကိုကို(ကမ္ဘာညိမ်း) ဆီ ဘယ်လို အရောက် ပို့ရမလဲ ဆိုတာကို  ကြံစည် တွေးတော နေလေပြီ။ 

တွေးမယ့်သာ တွေးနေမိတာ သူ့ကိုကို ကမ္ဘာညိမ်းက အခုတောင် အိတိုလေးရဲ့ မာမားကို အပိုင်ချုပ်ဖို့ အစီအစဉ် တစ်ဝက်နည်းပါးလောက်ကို အကောင်အထည် ဖော်ပြီး နေပြီဖြစ်သည်။

မိုးငယ်တို့ထွက်သွားတာနဲ့ ကမ္ဘာညိမ်းက ကောင်းမြတ်လွန်း၏ လက်တစ်ဖက်ကို အသာကိုင်ကာ တစ်ရှူးများနဲ့ သန့်စင်ပေးလိုက်ပြီးနောက်  သူ့လက်မောင်းမှာ ပြန်ချိတ်စေသည်။

“ပင်ပန်းနေပြီမဟုတ်လား။ ခဏလေးပဲသည်းခံ။ ဟိုးဘက်က တစ်ဝိုင်းဧည့်ခံပြီးရင် နားလို့ရပြီ။”

“ဟုတ် …”

နောက်ဆုံးတော့  ဟန်ဆောင် မင်္ဂလာပွဲလေး အောင်မြင်စွာ ပြီးဆုံးသွားခဲ့လေပြီ။

နားနေခန်းထဲမှ ကမ္ဘာညိမ်းက ကောင်းမြတ်လွန်း ခြေထောက်တွေကို သူ့ပေါင်ပေါ်တင်ပြီး နှိပ်ပေးနေသည်။

“ဖိနပ်အပါးလေးစီထားလိုတော်သေးတယ် မဟုတ်ရင် ခြေထောက်တွေထပ်ပေါက်ဦးမှာ”

“ဟို .. ရပါပြီဗျာ ကျွန်တော် ငရဲကြီးလိမ့်မယ်ဗျ”

“မကြီးပါဘူး ကိုယ်လုပ်ပေးချင်လို့ပါ”

"ဒါပေမယ့်လည်း ……"

"ကျေးဇူးတင်ပါတယ်"

ကမ္ဘာညိမ်းဘာကို ဆိုလိုမှန်းသိတာကြောင့် ကောင်းမြတ်လွန်းခေါင်းအသာညိတ်လို့ ပြုံးပြလိုက်သည်။

အဲ့ဒီအချိန်မှာပဲ ကမ္ဘာညိမ်းက ကောင်းမြတ်လွန်းပါးလေးကို ဖြတ်ခနဲ လှမ်းနမ်းလိုက်သည်။

"အစ်ကို …"

"ကိုယ်တို့ကို ချောင်းနေတဲ့သူရှိနေလို့ …"

ကောင်းမြတ်လွန်းက သူ့ကိုဟန်ဆောင်နမ်းလိုက်တာပဲလို့ သိသွားတော့ ဘာမှဆက်မပြောတော့ပဲ ငြိမ်သက်သွားတော့သည်။

တကယ်တော့ ကမ္ဘာညိမ်းက ချောင်းကြည့်နေတဲ့သူကို အကြောင်းပြပြီး တမင်နမ်းလိုက်ချင်းဖြစ်သည်။

သူတို့နှစ်ဦးပုံစံက တကယ်ကိုပဲ သဘာဝကျကျနဲ့  ကြည်နူးစရာကောင်းတဲ့  ကြင်စဦးမောင်းနှံနဲ့တူသွားခဲ့သည်။

အဲ့တာကြောင့်လည်း ကမ္ဘာညိမ်းနဲ့ ကောင်းမြတ်လွန်းတို့ကို တစ်နေရာကနေ ချောင်းကြည့်နေတဲ့ အမျိုးသမီးက တောက်တခတ်ခတ်နဲ့ ဒေါသတကြီး မျက်နှာလွှဲကာ ထိုနေရာမှ ထွက်ခွါသွားခဲ့လေသည်။

လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်လို့ မျက်ရည်များပါကျနေတဲ့ အမျိုးသမီးက တော်တော်လေးကို မခံမရပ်နိုင်စိတ်ဖြင့် တစ်စုံတစ်ယောက်ကို နာကြည်းမုန်းတီနေလေပြီ။

ကိုယ်ပိုင် ရုံးခန်းသို့ ရောက်တာနဲ့ စားပွဲပေါ်က ပစ္စည်းများအားလုံးကို လက်နဲ့ တွန်းတိုက်ပစ်လိုက်ပြီး တဟားဟားနဲ့ အော်ရယ်တော့သည်။

“ကမ္ဘာညိမ်း … ကမ္ဘာညိမ်း … ရှင်က ကျွန်မကို တစ်ပတ်ရိုက်လိုက်တာပေါ့လေ။ ဟက် … ရှင်က ဒီလိုအချိန်မှာမှ အာဏာကို ထုတ်သုံးခဲ့တာပေါ့။ ပိပိရိရိကို အကောင်းစား အံ့ဖွယ် မင်္ဂလာပွဲကြီးကို အချိန်တိုလေးအတွင်း ရအောင်ဖန်တီးပစ်လိုက်တာပဲ။ ဒါပေမယ့် ဘယ်လိုလုပ်မလဲ ကျွန်မက ဒီလောက်နဲ့ အလျှော့ပေးမှာမဟုတ်ဘူး။ ရှင့်မှာ မိန်းမတစ်ယောက်မကလို့ ဆယ်ယောက်ရှိရင်တောင် အကုန်လုံးကို မီးရှို့ပြာချပြီး ရှင့်နားက ထာဝရပျောက်ကွယ်သွားအောင်လုပ်ပစ်လိုက်မယ်။ ဇင်မိုးမြင့် ဆိုတဲ့မိန်းမက လိုချင်တာကို မရ ရအောင် ယူတက်တယ် ဆိုတာ တစ်နေ့မှာ ရှင် ကောင်းကောင်းကြီးကို သိသွားစေရမယ်။”

အမုန်းတရားတွေ တောက်လောင်နေတဲ့ ဇင်မိုးမြင့်ဆိုတဲ့ အမျိုးသမီးက  ကျေနပ်အားရအောင် ကြုံးဝါးပြီးတဲ့နောက် လူယုတ်မာပြုံးကြီးပြုံးကာ စီကရက်တစ်လိပ်ကိုထုတ်ပြီး မီးညှိလိုက်သည်။

တမြေ့မြေ့ကျွမ်းလောင်သွားတဲ့ စီးကရက်လိပ်က တစ်စထက်တစ်စတိုတက်လာသလို တလိပ်လိပ်တက်လာတဲ့ မီးခိုငွေ့တွေကလည်း တဖြည်းဖြည်းနဲ့ လွှင့်ပြယ်ပျောက်ကွယ်သွားပြီးလေသော်လည်း ဒေါသ၊ အတ္တ၊ မာန နဲ့ အမုန်းတရားတို့ကတော့ တစ်စထက်တစ်စ ပိုမိုကြီးထွားလာခဲ့လေသည်။

မင်္ဂလာဖိတ်စာတွေကို ညတွင်းချင်း Email နဲ့ SMS က တစ်ဆင့် ပို့ကာ ဖိတ်ကြားခဲ့တဲ့ ကမ္ဘာညိမ်းက ဟိုတယ်ကို မရောက်ခင် နှစ်ရက်အလိုကတည်းက ဟိုတယ်မန်နေဂျာကို တစ်ဖက်လှည့်နဲ့ ရှယ်ယာဝင်တစ်ယောက်ရဲ့လုပ်ပိုင်ခွင့်ကိုသုံးကာ မင်္ဂလာပွဲအတွက် ကြိုတင် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

သတို့သား အမည်ကိုတော့ ကိုမောင်ညိမ်းဆိုတဲ့ အမည်နဲ့ စီစဉ်ခိုင်းခဲ့တာကြောင့် ဒေါ်ဇင်မိုးမြင့်က ကမ္ဘာညိမ်းစီစဉ်ထားတဲ့ ဟန်ဆောင်လက်ထပ်ပွဲနဲ့ ပတ်သတ်ပြီး လုံးဝ မရိပ်မိခဲ့။ သူမ စိတ်ထဲမှာ အဆောင်သစ်ဖွင့်ပွဲ အထိမ်းအမှတ်နဲ့  ပရိုမိုးရှင်းတွေ လုပ်ပေးထားတာကြောင့် ပုံမှန်လိုပင် မင်္ဂလာပွဲအခမ်းအနားတစ်ခု ဟိုတယ်အဆောင်သစ် အဆောက်အဉီးမှာလာရောက် ကျင်းပမည်ဟုပဲသိထားခဲ့သည်။

မနက်ရောက်ကာမှ အားချင်းဆိုသလို သတို့သားအမည်ကို မတော်တဆမှားယွင်းလွဲမှားမှု ဖြစ်သွားခဲ့သည့် ပုံစံဖြင့် ပြောင်လဲပစ်ခဲ့သည်။

အစကတည်းက ကြိုတင် အကွက်ကျကျစီစဉ်ထားမှုကြောင့် ဇင်မိုးမြင့်ဆိုတဲ့သူမက ကမ္ဘညိမ်းရဲ့လည်းစားမှုအောက်မှာ အတုံးအရုံးကျရှုံးသွားခဲ့ရသည်။

သူမပိုင်နက်ဖြစ်တဲ့ သူမပိုင်တဲ့ ဟိုတယ်မှာ သူမ ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ထားတဲ့ သတို့သားလောင်းရဲ့ မင်္ဂလာပွဲကို သူမကိုယ်တိုင် စီစဉ်ပေးခဲ့မိတာလောက် ရင်နာစရာကောင်းတဲ့ အဖြစ်မျိုးမရှိတော့။

စိတ်ရှိတိုင်းသာဆို မင်္ဂလာပွဲကို မရရအောင်ဖျက်ပစ်မိမှာ ဆိုပေမယ့် စီးပွားရေး လုပ်ငန်းရှင်ကြီး အများစု ပါဝင်နေတာကြောင့် သူမအနေနဲ့ လက်လွတ်စပယ် မလုပ်ရဲခဲ့ပေ။

လှပစွာကျရှုံးသွားတဲ့ အဆုံးသတ်ကို သူမက ဇာတ်သိမ်းလို့ စာတန်းထိုးဖို့စိတ်ကူလုံးဝမရှိ။

အဲဒီအစား သူမက အခန်းဆက်နေနဲ့ နိဒါန်တစ်ခုကို စတင်ဖို့  ကလောင်သွေး နေခဲ့သည်။

T.B.C 🐻
THANKS 😘

10:43PM(Wed)
26.01.2022
G14

© G Fourteen,
книга «အိတိုေလးရဲ႕မာမား အိတိုလေးရဲ့မာမား».
အိတို (၁၇)
Коментарі