အိတို (၂၄)
အိတိုေလးရဲ႕မာမား🐻အခန္း(၂၄)
Zawgyi
“တီတီထူးထူး …”
“ရွင္ ….”
မီးဖိုေခ်ာင္ထဲမွာ စားၿပီးေသာက္ၿပီးသား ပန္းကန္ေတြေဆးရင္း အလုပ္ရႈပ္ေနတဲ့ ထူးထူးက အိတိုေလးေခၚသံၾကားတာနဲ႕ ပန္းကန္ကိုလက္ထဲကခ် လက္ကို ကပ်ာကယာ သုတ္ၿပီး ခ်က္ခ်င္းလွည့္ၾကည့္ေလသည္။
“အိတိုေလးေလ မုန႔္ေလး နည္းနည္းေလာက္ေလး စားခ်င္လို႔ တီတီထူးထူးက ေကြၽးပါလာဟင္”
ထမင္းစားၿပီးတာမၾကားေသးဘူး သေရစာစားခ်င္လို႔ ခ်စ္စရာေကာင္းေအာင္ၿပဳံးၿပီး လက္ကေလးပိုက္ကာ မုန္႔ေတာင္းစားေနတဲ့ ကေလးေလးကိုၾကည့္ၿပီး ထူးထူးဘယ္လိုမ်ား ျငင္းရက္နိုင္ပါ့မလဲ။
“ဟုတ္ပါၿပီရွင္ အိတိုေလးက စားခ်င္ရင္ေကြၽးပါမယ္ ဒါေပမဲ့ နည္းနည္းပဲေနာ္”
“ဟုတ္ကဲ့ပါခင္ဗ်။ အဲ့တာေၾကာင့္ တီတီထူးထူးကို အိတိုေလးက ခ်စ္ေနရတာ”
“အမေလး စကားတက္လိုက္တာရွင္”
ထူးထူးက အိတိုေလးရဲ႕ ဆြဲညစ္ခ်င္စရာေကာင္းတဲ့ ပါးလုံးႀကီးတစ္ဖက္ကို လက္ဖဝါးျဖင့္သာ အသာအယာပြတ္ၿပီး အသည္းတယားဆိုေတာ့ အိတိုေလးကလည္း ေရွ႕သြားေလးေတြေပၚသည္အထိ ၿပဳံးၿပီး ထူးထူးလက္ေပၚေခါင္းေလးေစာင္းကာ ေႀကာင္ေပါက္ေလးလို ပြတ္သီးပြတ္သတ္ျပန္လုပ္ေပးေနတာေၾကာင့္ ထူးထူးမွာ မေနနိုင္စြာ က်န္ပါးလုံးႀကီးတစ္ဖက္ကို ႐ြတ္ကနည္းျမည္ေအာင္နမ္းေတာ့သည္။
အဲ့ဒီေနာက္မွာေတာ့ ညေနက ကိုကိုႀကီးကို ကန္ေတာ့လိုက္တဲ့ သစ္သီးျခင္းထဲမွာပါလာတဲ့ အသီးေတြထဲက နီနီရဲရဲ ၾကက္ေမာက္သီးႀကီးႏွစ္လုံးကို ေရခဲေသတၱာထဲက ထုတ္ယူလိုက္ေတာ့သည္။
အိတိုေလးလည္း တစ္ခါမွ မစားဖူးေသးဘူးထင္တာေၾကာင့္ ေကြၽးၾကည့္မယ္လို႔ဆုံးျဖတ္လိုက္တဲ့ ထူးထူးက သူ႕လက္ထဲက ၾကက္ေမာက္သီးႏွစ္လုံး အိတိုေလးေရွ႕မွာ ထုတ္ျပလိုက္သည္။
“အား … မာမား …”
ေၾကာက္လန႔္ကာ ေနာက္ဆုတ္သြားတဲ့အိတိုေလးေၾကာင့္ ထူးထူးခင္ဗ်ာ မ်က္လုံးအဝိုင္းသားနဲ႕ ဘာလုပ္ရမွန္းမသိျဖစ္သြားရသည္။
“အိတို …. ဒါက အသီးပါ စားလို႔ရတယ္”
ထူးထူးေျပာေနရင္း အိတိုေလးအနားတိုးသြားကာ လက္ထဲက ၾကက္ေမာက္သီးကို အနီးကပ္ထပ္ျပလိုက္သည္။
အိတိုေလးမွာေတာ့ အနီးကပ္ျမင္လိုက္ရတဲ့ ၾကက္ေမာက္သီးကို ၾကည့္ၿပီး မ်က္ရည္ေပါက္ေပါက္က်ေအာင္ငိုပါေတာ့သည္။
ငိုေနရင္းလည္း မာမားလို႔ တစာစာေအာ္ၿပီး ေကာင္းျမတ္လြန္းအခန္းထဲသို႔ေျပးဝင္ေတာ့သည္။
“မာမား ….”
သူငယ္ခ်င္းျဖစ္သူ မင္းလြင္နဲ႕ video call ေျပာေနတုန္း ငိုၿပီးေျပးဝင္လာတဲ့ကေလးေၾကာင့္ ေကာင္းျမတ္လြန္းတစ္ေယာက္ ဖုန္းကို မို႔ယာေပၚျပစ္ခ်ၿပီး ခုတင္ေပၚကေျပးဆင္းလိုက္သည္ရသည္။
“အိတို …”
မုဆိုးဒူးေထာက္ထိုင္ခ်ၿပီး အိတိုေလးကို လွမ္းဖက္ထားေပးလိုက္ေတာ့ လက္ေသးေသးေလးေတြနဲ႕ အတင္းဖက္ၿပီး ရွိုက္ေနေလသည္။
ေနာက္ကေနထူးထူးကပါ ေျပးလိုက္လာတာေၾကာင့္
“ထူးထူးဘာျဖစ္လို႔လဲ …”
“ဟိုေလ … အိတိုေလး မုန႔္စားခ်င္တယ္ဆိုလို႔ ထူးထူးက ၾကက္ေမာက္သီးေကြၽးမလို႔။ အဲ့တာ အိတိုေလးက ၾကက္ေမာက္သီးကိုျမင္တာနဲ႕ ေအာ္ငိုၿပီးေျပးထြက္သြားတာ။”
“အိတို … တီတီထူးထူးေျပာတာ ဟုတ္လား”
“ေၾကာက္လို႔ …”
ေကာင္းျမတ္လြန္းကို အတင္းအၾကပ္ဖက္ထားတဲ့ အိတိုေလးက ထူးထူးဘက္သို႔ လုံးဝမလွည့္။
“ထူးထူး အဲ့ၾကက္ေမာက္သီးေတြခုံေပၚတင္ထားခဲ့”
“ဟုတ္ကဲ့”
ထူးထူးလည္း မ်က္ႏွာငယ္ေလးနဲ႕ ၾကက္ေမာက္သီးႏွစ္လုံးကို စာေရးစားပြဲခုံေပၚတင္ေပးထားခဲ့ၿပီး အခန္းထဲက ျပန္ထြက္သြားေတာ့သည္။
သူ႕ခင္ဗ်ား မစားဖူးလို႔ စားဖူးေအာင္ဆိုၿပီးေစတနာနဲ႕ ေကြၽးလိုက္မိတာ။ အခုလို အိတိုေလးငိုသြားတာျမင္ရေတာ့ စိတ္မေကာင္းျဖစ္ကာ ဝမ္းနည္းရသည္။
“အိတို ….”
“မာမား ….”
“အဲ့ဒီအသီးကို ဘာလို႔ေၾကာက္တာလဲ မာမားကိုေျပာျပပါလား”
“မသိဘူး အိတိုေလး ေၾကာက္လို႔”
“အဲ့တာက စားစရာေလ။ အရမ္းအရသာရွိတာ။ လူကိုအႏၲရာယ္လဲ မေပးဘူး။ အဲ့တာေၾကာင့္ ေၾကာက္စရာ မလိုဘူး။”
“သူ႕မွာ အေမႊးေတြပါတယ္”
“အေမႊးေတြပါေတာ့ ခ်စ္စရာမေကာင္းဘူးလား”
“မေကာင္းဘူး …”
“ဟားဟား ဟုတ္ပါၿပီ ဒါျဖင့္ မာမားက အဲ့အသီးခြါၿပီး အိတိုေလးကို ေကြၽးရင္ေကာစားမွာလား”
“ေၾကာက္တယ္”
“မေၾကာက္ပါနဲ႕ဗ်ာ။ မာမားရွိတာပဲ တစ္ခုခုဆို မာမားက အိတိုေလးကို ကာကြယ္ေပးမွာေပါ့။ ဘယ္လိုလဲ မာမား ေကြၽးရင္စားမွာလား။”
“မာမားက အိတိုေလးကို ဖက္ထားေပးမွာလား”
ေကာင္းျမတ္လြန္း မ်က္ႏွာကို ေသခ်ာၾကည့္ကာ ေမးလာတဲ့ ကေလးေလးေၾကာင့္ ေခါင္းၿငိတ္ျပလိုက္ေတာ့ မ်က္ႏွာေလး မဲ့တဲ့တဲ့နဲ႕
“အဲ့တာဆို စားမယ္” ဟု ျပန္ေျဖေပးလာသည္။
ခုတင္းေပၚမွာ တင္ပ်ဥ္ေခြထိုင္ကာ အိတိုေလးကို ရင္ခြင္ထဲထည့္ဖက္ထားလိုက္ၿပီး ခုံေပၚက ၾကက္ေမာက္သီးေတြကို လက္တံရွည္ေတြအားကိုးနဲ႕ လွမ္းယူလိုက္သည္။
ေကာင္းျမတ္လြန္းလက္ထဲ အသီးေတြ ပါလာတာျမင္တာနဲ႕ အိတိုေလးက မ်က္လုံးေတြ မွိတ္ပစ္လိုက္ေတာ့သည္။
ေကာင္းျမတ္လြန္းက ၾကက္ေမာက္သီးတစ္လုံကို အရင္းဦးဆံုး အခြံခြာလိုက္သည္။ ထို႔ေနာက္ အခြံခြာၿပီးသား ၾကက္ေမာက္သီးကိုသာ ကိုင္ထားၿပီး အခြံမခြာရေသးတဲ့ နီနီရဲရဲ ၾကက္ေမာက္သီးတစ္လုံးကိုေတာ့ခဏ ဖြက္ထားလိုက္သည္။
“အိတို … မ်က္လုံးဖြင့္ၾကည့္ပါအံုး”
“မဖြင့္လို႔ မရဘူးလားမာမား”
“အိတိုေလးက မာမားကို မၾကည့္ခ်င္လို႔လား”
“မဟုတ္ပါဘူး အိတိုေလးက အဲ့အသီးႀကီးကိုေၾကာက္လို႔ပါ”
“မာမားရွိတယ္ေလ အိတိုေလးရဲ႕”
အိတိုေလးပါးကို တစ္ခ်က္ဖိနမ္းလိုက္ေတာ့မွ မ်က္လုံးေလးမ်ား မဖြင့္ရဲဖြင့္ရဲနဲ႕ ျဖည္းျဖည္းခ်င္း ဖြင့္ၾကည့္လာသည္။
“ဒီမွာ … ၾကည့္ပါဦး”
လက္သီးစုပ္ထဲထည့္ဖြက္ထားတဲ့ အခြံခြာၿပီးသားၾကက္ေမာက္သီးကို ျပလိုက္ေတာ့ အိတိုေလးက သူ႕လက္ညိုးေလးနဲ႕ ထိၾကည့္လာသည္။
“ေၾကာက္ေသးလား”
“မေၾကာက္ေတာ့ဘူး ဒါကေၾကာက္စရာမေကာင္းဘူး မာမား အဲ့တာဘာလဲဟင္”
“အရင္စားၾကည့္မလား”
“ဟုတ္ စားၾကည့္မယ္”
အခုမွၾကက္ေမာက္သီးကို စိတ္ေအးလက္ေအးနဲ႕စားရဲေတာ့တဲ့အိတိုေလး။
တစ္ကိုက္စားၾကည့္ၿပီးေနာက္ အိတိုေလးရဲ႕ ပါးလုံးႀကီးႏွစ္လုံးက သိသိသာသာမို႔တက္လာေတာ့သည္။
“မာမား ခ်ိဳတယ္ ….”
ခ်ိဳတယ္ဆိုၿပီး ဆက္စားေနတဲ့ အိတိုေလးကို ၾကည့္ၿပီး ေကာင္းျမတ္လြန္းၿပဳံးလိုက္မိသည္။
“အဲ့တာ တီတီထူးထူးေကြၽးတဲ့ အသီးပဲေလ”
အိတိုေလးက ေကာင္းျမတ္လြန္းကို မယုံသကၤာတဲ့ မ်က္လုံးလဲ့လဲ့ေလးမ်ားနဲ႕ၾကည့္လာတာေၾကာင့္ ေကာင္းျမတ္လြန္းလည္း ဖြက္ထားတဲ့ ၾကက္ေမာက္သီး နီနီရဲရဲကို ထုတ္ျပလိုက္သည္။
“မာမား ….”
ခပ္စူးစူးေအာ္သံက ေကာင္းျမတ္လြန္းနားထဲတိုက္ရိုက္တိုးဝင္လာသည္။
“အိတို … မာမားကိုမခ်စ္ဘူးလား”
“ခ်စ္တယ္ …”
“အဲတာဆို မာမားကိုယုံေပးေလ”
မ်က္ရည္ေလးေတြေဝ့သီးၿပီး ေၾကာက္ေနတဲ့ အိတိုေလးကို သနားေသာ္လည္း အိတိုေလးရဲ႕ အေၾကာက္တရာကို ေျဖေဖ်ာက္ေပးခ်င္တာေၾကာင့္ ေကာင္းျမတ္လြန္း စိတ္ရွည္ရွည္နဲ႕ ႀကိဳးစားေနမိသည္။
“ယုံေပးမွာလား …”
ေနာက္တစ္ႀကိမ္ထပ္ေမးေတာ့ ေခါင္းေလးညိတ္လို႔ မ်က္လုံေလးဖြင့္ေပးလာသည္။
“ၾကည့္ပါဦး အသီးေလးက နီနီရဲရဲေလးနဲ႕ခ်စ္စရာေလး အေမႊးေလးေတြကလည္း ခ်စ္စရာေလး”
“အိတိုေလးထက္ ပိုခ်စ္ဖို႔ေကာင္းလား”
ေၾကာက္ေနတဲ့ၾကားက သဝန္တိုတက္ေသးတဲ့ အိတိုေလးေၾကာင့္ ေကာင္းျမတ္လြန္း ၿပဳံးလိုက္မိသည္။
“အိတိုေလးက မာမားစကားနာေထာင္တဲ့ လိမၼာတဲ့ကေလးေလးေလ အိတိုေလးက ပိုခ်စ္ဖို႔ေကာင္းတာေပါ့”
လစ္ခနဲဆိုသလို ၿပဳံးလာတဲ့အိတိုေလက ေကာင္းျမတ္လြန္းအေျဖကို သေဘာက်သြားဟန္ရွိသည္။
ေၾကာက္လွပါၿပီဆိုတဲ့ၾကက္ေမာက္သီးကို ၾကည့္လိုက္တဲ့အၾကည့္ေတြထဲမွာလဲ မာန္အျပည့္နဲ႕ ဝင့္ႂကြားတဲ့ ပုံရိပ္ေတြးထင္ဟပ္ေနသည္။
“မာမားက အိတိုေလးကို ငိုေအာင္လုပ္ထားတဲ့ ဒီအသီးကို အျပစ္ေပမယ္ ၾကည့္ထားေနာ္”
ဟန္အျပည့္နဲ႕ ၾကက္ေမာက္သီးကို အားပါပါခြာျပလိုက္ေတာ့ သေဘာတက်ၿပဳံးရယ္လာတဲ့အိတိုေလး။
အခြံလဲခြာလိုက္ေကာ အေစာပိုင္က အိတိုေလးစားတဲ့ ပုံစံေလးအတိုင္း ျမင္လိုက္ရတဲ့ အိတိုေလးက လက္ခုပ္ေလး ထတီးကာ
“မာမားကေတာ္လိုက္တာ” ဆိုၿပီး ထေအာ္ေတာ့သည္။
ေကာင္းျမတ္လြန္းမွာလည္း မိမိေၾကာင့္ အေၾကာက္တရားကို ေအာင္ျမင္စြာေက်ာ္လႊားနိုင္သြားတဲ့ ကေလးေလး အိတိုကို ၾကည့္ၿပီး စစ္ပြဲတရာေအာင္နိုင္ခဲ့တဲ့ စစ္သူႀကီးတစ္ေယာက္လို စိတ္ထဲကေနဂုဏ္ဆာေနမိသည့္အျပင္ ပိတိေၾကာင့္ အၿပဳံးေတြကလည္း မရပ္တန႔္နိုင္ေတာ့။
End call မႏွိပ္မိလိုက္တဲ့ ဖုန္းထဲက တစ္ဆင့္ လႊင့္ပ်ံ့လာတဲ့ အသံေတြကိုၾကားေနရတဲ့ မင္းလြင္ကလည္း တစ္ေနရာကေန ၾကည္ႏူးစြားၿပဳံးေနခဲ့သည္။
အဲ့လို႔ပဲ တံခါးမႀကီး အျပင္ဘက္ကေန နားစြင့္ေနၾကတဲ့ ကမာၻညိမ္းနဲ႕ ထူးထူးကလည္း ၿပဳံးလို႔။
“အိတို … မာမားတို႔ ေနာက္ထပ္ၾကက္ေမာက္သီးေတြကို အျပစ္သြားေပးၾကမလား”
ေခါင္းတစ္ဆက္ဆက္ ညိတ္ျပလာတဲ့အိတိုေလးက ေတာ္ေတာ္ေလး စိတ္အားထက္သန္ေနပုံရသည္။
အိတိုေလးကို ပုခုံးေပၚတင္ကာ ဂုတ္ကိုခြထိုင္ေစလိုက္တဲ့ ေကာင္းျမတ္လြန္းက အခန္းအျပင္သို႔ထြက္ကာ မီးဖိုေခ်ာင္ဘက္သြားလိုက္သည္။
အိတိုေလးကို ဂုတ္ေပၚတင္ခ်ီထားရက္သားနဲ႕ပဲ ေရခဲေသတၱာ တံခါးကိုဖြင့္လိုက္သည္။
“အိတို … ယူလိုက္ေလ မာမားက လက္မအားဘူး”
အိတိုေလးရဲ႕ တုတ္တုတ္တစ္တစ္ ေျခသလုံးေလး ႏွစ္ဖက္ကို ဆုပ္ကိုင္ကာ ထိန္းေပးထားတဲ့ ေကာင္းျမတ္လြန္းက အိတိုေလးကို အကဲစမ္းၿပီး ကိုယ္တိုင္ အထိအေတြ႕ကို ခံစားရဲဖို႔ ေနာက္တစ္ဆင့္အေနနဲ႕ ႀကိဳးစားၾကည့္လိုက္သည္။
“ယူလိုက္ပါ မာမားက အိတိုေလးကို ခ်ီေပးထားရတာေလ။ မာမား ယူလို႔မွမရတာ။ မာမားက မာမားသားေလးကို အားကိုးတာေလ မလုပ္ေပးခ်င္ဘူးလား။”
သားေလးလို႔ ေခၚလိုက္၍လား အားကိုးတာ လို႔ေျပာလိုက္လို႔လားမသိ အိတိုေလးက သူေၾကာက္တဲ့ ၾကက္ေမာက္သီးေတြကို ခပ္ရဲရဲပင္ လက္ႏွစ္ဖက္နဲ႕ အျပည့္ဆုပ္ကိုင္ယူလိုက္ေတာ့သည္။
“အို …မာမားသားေလး အိတိုက တကယ္အားကိုးရတာပဲ အိတိုေလးက သတၱိရွိလိုက္တာကြာ”
အိတိုေလး ေပ်ာ္လြန္းလို႔ အသံထြက္၍ပင္ရယ္လာေတာ့သည္။
ထို႔ေနာက္ ထမင္းစား စားပြဲခုံေပၚမွာ ၾကက္ေမာက္သီးအခြံခြာလိုက္ စားလိုက္ ေပါက္ေပါက္ေဖာက္ကာ စကားေတြေျပာလိုက္ တခစ္ခစ္ရယ္လိုက္နဲ႕ အသံေပါင္းစုံထြက္ကာ ထမင္းစားခန္း တစ္ခုလုံးလည္း ဆူညံသြားေတာ့သည္။
အိတိုေလးကို သိပ္ေပးျပီး အခန္းထဲက ထြက္မည္ျပင္ေတာ့ အခန္းတံခါးဝမွာ ေက်ာမွီရပ္ေနတဲ့ ကမာၻညိမ္းကိုေတြ႕လိုက္ရသည္။
“အစ္ကို …. အိတိုေလးကို လာၾကည့္တာလား”
“ကိုယ္တို႔ နည္းနည္းေလာက္ေသာက္ၾကမလား”
“အစ္ကိုေသာက္ခ်င္လို႔လား ရတယ္ေလ”
“ဒါဆို ေရကူးကန္ဘက္သြားမယ္”
“ေကာင္းသားပဲ ကြၽန္ေတာ္ အဲ့ဒီဘက္ကို မေရာက္ဖူးေသးဘူး”
ကမာၻညိမ္း ၿပဳံး႐ုံသာ ၿပဳံျပလိုက္မိသည္။
သူ႕အေနနဲ႕ ေကာင္းျမတ္လြန္းကို ျမတ္နိုးမိတာမွန္ေပမဲ့အေသးအဖြဲ႕ေလးေတြကအစ ဂ႐ုစိုက္ေပးတာမွန္ေပမဲ့ သီးသီးသန႔္သန႔္အခ်ိန္ေပးၿပီး ဂ႐ုစိုက္ေပးတာမ်ိဳး မလုပ္ေပးနိုင္ခဲ့တာေၾကာင့္ စိတ္ထဲမွာ အားမလိုအားမရျဖစ္မိသြားသည္။
ေနာက္က်မွ အတိုးနဲ႕ ျပန္ၿပီး ဂ႐ုစိုက္ေပးေတာ့မည္ဟု စိတ္ထဲ၌သာ အရင္ေတးမွတ္ထားလိုက္သည္။
အျပာရင့္ေရာင္ ေရကူကန္ႀကီးကိုၾကည့္ၿပီး ေကာင္းျမတ္လြန္းစိတ္ထဲ ေအးခ်မ္းသြားသလိုခံစားလိုက္ရသည္။
ေရကူးကန္နားက ခံုေလးမွာ ဝင္ထိုင္လိုက္ေတာ့
ဘယ္ကေနလာမွန္းမသိတဲ့ ညေမႊးပန္းရနံ႕ခပ္သင္းသင္းကလည္း ေလျပည္ေလညင္းေလးမ်ားထဲကတစ္ဆင့္ ေကာင္းျမတ္လြန္းရဲ႕ အနံ႕ခံအာရံုကို လႈံ႕ေစာ္ေပးလာတာေႀကာင့္ စိတ္ထဲကလည္းၾကည္ႏူးေနမိသည္။
“ဒီလိုမွန္းသိရင္ ဒီေနရာကို ခဏခဏလာပါတယ္”
“သေဘာက်လိဳလား”
“အင္း .. ကမ္းေျခေရာက္ေနသလိုပဲ အုန္းပင္က အခက္ေလးေတြကလဲ တလႊင့္လႊင့္ အျပာရင့္ေရာင္ ေရမ်က္ႏွာျပင္ကလည္း တရိပ္ရိပ္ ေလေျပေလညင္းေတြကပါ တိုးေဝွ႕တိုက္ခတ္ေနေတာ့ ဘာမ်ားလိုအပ္ေနအုံးမွာလဲ ပင္လယ္ရနံအစား ညေမႊးပန္းရနံ႕ေလးရေနတာကလည္း တစ္မ်ိဳးေလးေတာ့ခံစားလို႔ေကာင္းေနတာပဲေလ”
“ဒါဆို ပိုၿပီးျပည့္စုံသြားေအာင္ ကိုယ္တို႔ ဝိုင္တစ္ငုံေလာက္ေသာက္လိုက္ၾကမလား”
“ၾကာသလားလို႔”
ေလတိုးသံကလြဲၿပီး တိတ္ဆိတ္ေနတဲ့ ေရကူးကန္ေလးမွာ ဖန္ခြက္ခ်င္တိုက္သံက အထင္အရွား။
အျပန္အလွန္ အၿပဳံးကိုယ္စီျဖင့္ အၾကည့္ခ်င္းဆက္သြယ္ၿပီးေနာက္ ဝိုင္ခြက္အဝနားေလးမွာ ႏႈတ္ခမ္းေလးေတ့ၿပီး ျပင္းရွရွ ဝိုင္အရသာကို ျမည္းစမ္းၾကည့္လိုက္ၾကသည္။
“ဘယ္လိုလဲ”
ကမၻာညိမ္းရဲ႕အေမးကို ေကာင္းျမတ္လြန္းက အၿပဳံးေလးနဲ႕အတူ မ်က္ခုံးေလးတစ္ဖက္အသာပင့္ျပီး ေျဖေပးလာသည္။
ဒါက ႏႈတ္က မေျပာလည္း အရမ္းေကာင္းတယ္ဆိုတာကို သိသာေစနိုင္ေသာ ကိုယ္အမူအရာတစ္ခုျဖစ္သည္။
“ခ်စ္တယ္”
ကမာၻညိမ္း ႏႈတ္က အဆက္အစပ္မရွိထြက္လာတဲ့ စကားလုံးႏွစ္လုံးက ပီသလြန္း တာေၾကာင့္
“ခ်စ္တယ္ … ဘယ္သူ႕ကိုလဲ” လို႔ေကာင္းျမတ္လြန္း ေမးလိုက္မိသည္။
“ေကာင္းျမတ္လြန္းကို …”
“ဗ်ာ …”
“ေကာင္းျမတ္လြန္းကို ေမးၾကည့္ခ်င္လို႔ ခ်စ္တယ္ဆိုတာ ဘယ္လိုမ်ိဳးလဲဆိုတာကို”
“ဪ … ကြၽန္ေတာ္မေျပာတက္ဘူး ခ်စ္တယ္ဆိုတာ ခ်စ္တာပဲမဟုတ္ဘူးလား”
“ခ်စ္ဖူးလား ဒါမွမဟုတ္ခ်စ္ခဲ့ဖူးလား ဒါမွမဟုတ္ ခ်စ္ေနတဲ့သူရွိလား”
“စိတ္မေကာင္းစရာပဲ ကြၽန္ေတာ့အတြက္ ေမးခြန္းသုံးခုလုံးက နိုးျဖစ္ေနတယ္ ရွက္စရာေကာင္းလိုက္တာ”
ကမာၻညိမ္းရဲ႕ ေမးခြန္းကို ေကာင္းျမတ္လြန္းက ခပ္ဟဟေလးရယ္ၿပီးျပန္ေျဖေပးတယ္။
ေကာင္းျမတ္လြန္းရဲ႕ အျဖကို ၾကားေတာ့ ကမာၻညိမ္းတစ္ေယာက္ ၾကည္ၾကည္ႏူးႏူးၿပဳံးလိုက္မိသည္။
ကမာၻညိမ္းရဲ႕အၿပဳံးကိုေတာ့ ညေကာင္းကင္ႀကီးရဲ႕ အလွအပကို ခံစားေနတဲ့ ေကာင္းျမတ္လြန္းက မျမင္နိုင္ခဲ့ဘူး။
အဲ့ဒါကိုပဲ ကမာၻညိမ္းက အခြင့္အေရးယူကာ ေကာင္းျမတ္လြန္း မ်က္ႏွာကို ရဲရဲတင္းတင္းနဲ႕ ေငးစိုက္ၾကည့္ေနလိုက္တယ္။
“ဘာလို႔ရွက္စရာလို႔ေတြးတာလဲ”
“ကြၽန္ေတာ့ အသက္ႏွစ္ဆယ္ျပည့္ၿပီးၿပီေလး အဲ့တာေတာင္ ခ်စ္တယ္ဆိုတဲ့ စကားလုံးနဲ႕ မရင္းႏွီးေသးဘူး”
“ဒါဆိုရင္ေတာ့ ကိုယ္က ပိုးရွက္ရမယ္ထင္တယ္”
“ဘာလို႔လဲ”
“ကိုယ္လည္းခ်စ္တယ္ဆိုတဲ့ စကားနဲ႔ လြန္ခဲ့တဲ့ႏွစ္ေတြကအထိ မရင္းႏွီးခဲ့ဘူးေလ။ အခုေနာက္ပိုင္းမွသာရင္းႏွီးလာတာ။”
ကမာၻညိမ္းစကားေၾကာင့္ ေကာင္းျမတ္လြန္း မ်က္လုံးေတြ သိသိသာသာ ေ႐ြ႕လ်ားသြားတယ္။
“ကြၽန္ေတာ္ အစ္ကို႔အတြက္ဝမ္းသာပါတယ္။”
ေကာင္းျမတ္လြန္းရဲ႕အသံက သိပ္ၿပီး အားတက္သေရာမရွိဘူး။ ေျခာက္ကပ္ကပ္နိုင္တယ္။ ေသခ်ာၾကည့္မယ္ဆို သူ႕မ်က္ဝန္းေတြက အဲ့ထက္ပိုတဲ့ စကားေတြေျပာေနကို ေတြ႕ရလိမ့္မယ္။ သူစိုးရိမ္သည္။ သူမပိုင္တဲ့ သူ႕ေနရာကို ဖယ္ေပးရေတာ့မွာကို စိုးရိမ္ေနမိသည္။
ဒါေပမဲ့ သူႀကိဳးစားၿပီးဖုံးကြယ္ထားလိုက္တယ္။ သူ႕ရဲ႕အားနည္းခ်က္ကို တစ္ဖက္လူသိမွာ မလိုလားတာေၾကာင့္ ေဆြးေျမ့တဲ့ မ်က္လုံးေတြကို ဖုံးကြယ္ၿပီး ႏႈတ္ခမ္းစြန္းနား ႏွစ္ခုလုံးကို ေကာ့ေနေအာင္ ၿပဳံးထားလိုက္တယ္။
“လိင္တူခ်စ္ႀကိဳက္တာကို ဘယ္လိုျမင္လဲ”
ကမာၻညိမ္းဆီက ေနာက္ထပ္ေမးခြန္းတစ္ခု။
ေကာင္းျမတ္လြန္းက လက္ထဲမွာရွိတဲ့ ဖန္ခြက္ထဲက လက္က်န္ဝိုင္ေတြကို တရွိန္တည္း ေမာ့ေသာက္ပစ္လိုက္တယ္။
ဒီတစ္ေခါက္ေတာ့ ေကာင္းျမတ္လြန္းက ေကာင္းကင္ႀကီးကိုၾကည့္မေနေတာ့ဘူး။
ေကာင္းျမတ္လြန္းက ကမာၻညိမ္းရဲ႕ မ်က္ႏွာကို ေသခ်ာၾကည့္ၿပီး
“ကြၽန္ေတာ္ တစ္ေယာက္တည္းရဲ႕ အျမင္ေျပာရရင္ တစ္ေယာက္နဲ႕ တစ္ေယာက္ ခ်စ္တဲ့ ေနရာမွာ တန္ဖိုးထားဖို႔ အျပန္အလွန္ေလးစားဖို႔ သစၥာမပ်က္ဖို႔ပဲ လိုတယ္။ တစ္ေယာက္နဲ႕ တစ္ေယာက္ တန္ဖိုးထားၿပီး သစၥာရွိရွိခ်စ္သြားၾကမယ္ဆို လိင္တူပဲျဖစ္ျဖစ္ လိင္ကြဲ ပဲျဖစ္ျဖစ္ ဘဝက သိပ္ကို ၾကည္ႏူးစရာ ေကာင္းၿပီး ေပ်ာ္႐ႊင္စရာ ေကာင္းေနမွာ။ အဲ့လို မဟုတ္ပဲ တစ္ေယာက္နဲ႕ တစ္ေယာက္ တန္ဖိုးမထားပဲ သစၥာမဲ့ ၾကမယ္ ဆိုရင္ေတာ့ ဘယ္လို အခ်စ္ပဲ ျဖစ္ျဖစ္ ေနာက္ဆုံးမွာ ပ်က္စီး သြားမွာပဲ။ အဲ့တာေၾကာင့္ ကြၽန္ေတာ့ အတြက္ေတာ့ လိင္တူ လိင္ကြဲဆိုတာထက္ အခ်စ္စစ္ဖို႔လိုတယ္ ေမတၱာစစ္ဖို႔ လိုတယ္လို႔ ျမင္တယ္။”
ေကာင္းျမတ္လြန္းရဲ႕ အေျဖက ကမာၻညိမ္း ႏွလုံးသားကို ေႏြးေထြးသြားေစသည္။
ေကာင္းျမတ္လြန္းရဲ႕ နက္ရွိုင္တဲ့ ႏွလုံးသားက ထြက္ေပၚလာတဲ့ အေျဖေၾကာင့္ ကမာၻညိမ္း ႏွလုံးသားရဲ႕အလိုဆႏၵေတြကလည္း ထိန္းမရေအာင္ျဖစ္လာေတာ့သည္။
အဲ့တာေၾကာင့္ လည္း ကမာၻညိမ္းက သူ႕ႏွလုံးသားဆီကထြက္ေပၚလာတဲ့ ပဲတင္သံကို ေကာင္းျမတ္လြန္းကို နားဆင္ေစခဲ့သည္။
“ကိုယ္မင္းကို ခ်စ္တယ္ ေကာင္းျမတ္လြန္း”
ရီေဝေဝရစ္မူးေစတက္ေသာ ဝိုင္တစ္ခြက္ရဲ႕အရသာထက္ ပိုၿပီး စိတ္လႈပ္ရွားမႈ ေပးနိုင္စြမ္း ရွိေသာ စကားစုေလးတစ္ခုက ေကာင္းျမတ္လြန္းႏွလုံးသားကို ဒိတ္ခနဲ ျမည္ေအာင္ လႈပ္ခတ္နိုင္ခဲ့သည္။
“ဗ်ာ …”
“ကိုယ္မင္းကို တန္ဖိုးထားၿပီးခ်စ္ေပးမယ္။ အေလးထားၿပီးခ်စ္ေပးမယ္။ သစၥာရွိရွိ ခ်စ္ေပးမယ္။ အဲ့တာေၾကာင့္ ကိုယ္ဆီကေန တစ္ဘဝစာ အဆုံးသတ္ခ်ိန္အထိ အခ်စ္ခံဖို႔ျပင္ထားပါ။”
“ကြၽန္ေတာ္ မူးေနတာလား။ ဒါမွမဟုတ္ အစ္ကိုမူးေနတာလား။”
“ကိုယ္မင္းကို ခ်စ္တယ္ ေကာင္းျမတ္လြန္း”
ကမာၻညိမ္းက ေကာင္ျမတ္လြန္းရဲ႕ လက္ႏွစ္ဖက္လုံးကို ၾကင္နာယုယစြာကိုင္ၿပီး ေျပာလိုက္ေတာ့ ေကာင္းျမတ္လြန္းဆီက အံ့ဩတုန္လႈပ္ေနသည့္ မ်က္ဝန္းမ်ားကလြဲၿပီး တစ္စုံတစ္ခု ထုတ္ေျပာလာတဲ့ တုန္႕ျပန္မႈကိုမရခဲ့။
“တစ္ေန႔မွာ ကိုယ္မင္းကို လက္ထပ္ယူမယ္”
ကမာၻညိမ္းတစ္ေယာက္ ေကာင္းျမတ္လြန္းရဲ႕ မ်က္လုံးေတြကို ခ်စ္ရည္႐ႊန္းတဲ့ မ်က္ဝန္းတစ္စုံျဖင့္ ေငးၾကည့္ရင္ ထပ္ေျပာလိုက္တယ္။
“ဘာျဖစ္လို႔လဲ ဘာျဖစ္လို႕ ကြ်န္ေတာ့ကိုမွခ်စ္တာလဲ”
“ခ်စ္လို႔ ..။ ကိုယ္ခ်စ္တာ မင္းမို႔လို႔။ မင္းကို ကိုယ္ခ်စ္လို႔။ ကမာၻညိမ္းဆိုတဲ့ လူႀကီးက ေကာင္းျမတ္လြန္းဆိုတဲ့ ေကာင္ေလးကို ျမတ္ျမတ္နိုးနိုးခ်စ္မိသြားလို႔။ အဲ့ထက္ပိုၿပီး ကိုယ္မရွင္းျပတက္ဘူး။ ဒါေပမယ့္ ကိုယ္ဘယ္ေလာက္ထိ ေကာင္းျမတ္လြန္းကို ခ်စ္တယ္ဆိုတာကိုေတာ့ သက္ေသျပနိုင္တယ္။ အဲ့တာေၾကာင့္ ေကာင္းျမတ္လြန္းက ဒီေန႕ ဒီအခ်ိန္ကစၿပီး ကိုယ္ဘယ္ေလာက္ထိခ်စ္ေပးနိုင္လဲဆိုတာကို ေစာင့္ၾကည့္ေပးပါ။”
“ကြၽန္ေတာ္ ဘာျပန္ေျပာရမလဲ တကယ္မသိေတာ့ဘူး။ အခု ကြၽန္ေတာ္ ရွက္ေနတယ္။ ရင္ေတြလဲတုန္ေနတယ္။ အဲ့ေတာ့ ကြၽန္ေတာ့အခန္းကြၽန္ေတာ္ ျပန္လို႔ရမလား။”
ခပ္တိုးတိုးေလးသာဆိုလာတဲ့ ႏႈတ္ထြက္စကားေတြေႀကာင့္ ေကာင္းျမတ္လြန္းဆိုတဲ့ေကာင္ေလးကို ကမၻာညိမ္း အသည္းတယားနဲ႔ကို ျမတ္နိုးမိေတာ့သည္။
“ ကိုယ့္အခ်စ္က ရိုးသားလိုက္တာ။ ေကာင္းတယ္ ေကာင္ေလး … ေကာင္ေလး ခံစားရတဲ့အတိုင္း အခုလိုေလးပဲ ကိုယ့္ကိုေျပာျပေပး။ အခုေတာ့ ျပန္ခြင့္ျပဳလိုက္မယ္ ဒါေပမဲ့…”
ကမာၻညိမ္းက အခုခ်ိန္ထိ မလြတ္တမ္းကိုင္ထားတဲ့ ေကာင္းျမတ္လြန္းရဲ႕လက္ဖမိုးကို အသာနမ္းရွိုက္လိုက္တယ္။ ၿပီးတာနဲ႕ ထပ္ေျပာတယ္ …
“ပထမဆုံးဖြင့္ေျပာတဲ့ေနမို႔ ဒီေလာက္နဲ႕ေက်နပ္ေပးလိုက္မယ္ … ကိုယ့္ … အခ်စ္”
မ်က္ႏွာတစ္ျပင္လုံး နီရဲတက္လာတဲ့ ေကာင္းျမတ္လြန္းက ကမာၻညိမ္း လက္ထဲက ႐ုန္းၿပီး ထြက္ေျပးသြားခဲ့သည္။
ထြက္ေျပးသြားတဲ့ နီတာရဲေလးကို လိုက္ၾကည့္ရင္း ကမာၻညိမ္း တစ္ကိုယ္တည္းေရ႐ြတ္လိုက္သည္။
“တကယ္ဆို႔ ကိုယ့္ကို တစ္ခ်က္ေလာက္ ထိုးသြားသင့္တာမဟုတ္ဘူးလား ကိုယ့္အခ်စ္။ မင္းေလးက ကိုယ့္အေပၚ မရက္စက္နိုင္တာသိေတာ့ ကိုယ္မင္းကို …. ဟက္ … ထားပါေလ။ ေကာင္းေသာညပါ ကိုယ့္အခ်စ္။”
( အပိုင္း ၂၃ ကို ေသခ်ာျပန္ဖတ္ႀကည့္ပါအံုးဗ်။ စာေတြထပ္ျဖည့္ထားလို႕ပါ။ မသိလိုက္မွာဆိုးလို႕။ ေတာ္ႀကာ စာက ဖတ္ေနရင္း ဘယ္လိုျဖစ္သြားတာလဲဆိုျပီး ျဖစ္ေနမွာဆိုးလို႕ 😁)
T.B.C 🐻
Thanks 😘
10:26PM(Mon)
07.02.2022
အိတိုလေးရဲ့မာမား🐻အခန်း(၂၄)
Unicode
“တီတီထူးထူး …”
“ရှင် ….”
မီးဖိုချောင်ထဲမှာ စားပြီးသောက်ပြီးသား ပန်းကန်တွေဆေးရင်း အလုပ်ရှုပ်နေတဲ့ ထူးထူးက အိတိုလေးခေါ်သံကြားတာနဲ့ ပန်းကန်ကိုလက်ထဲကချ လက်ကို ကပျာကယာ သုတ်ပြီး ချက်ချင်းလှည့်ကြည့်လေသည်။
“အိတိုလေးလေ မုန့်လေး နည်းနည်းလောက်လေး စားချင်လို့ တီတီထူးထူးက ကျွေးပါလာဟင်”
ထမင်းစားပြီးတာမကြားသေးဘူး သရေစာစားချင်လို့ ချစ်စရာကောင်းအောင်ပြုံးပြီး လက်ကလေးပိုက်ကာ မုန့်တောင်းစားနေတဲ့ ကလေးလေးကိုကြည့်ပြီး ထူးထူးဘယ်လိုများ ငြင်းရက်နိုင်ပါ့မလဲ။
“ဟုတ်ပါပြီရှင် အိတိုလေးက စားချင်ရင်ကျွေးပါမယ် ဒါပေမဲ့ နည်းနည်းပဲနော်”
“ဟုတ်ကဲ့ပါခင်ဗျ။ အဲ့တာကြောင့် တီတီထူးထူးကို အိတိုလေးက ချစ်နေရတာ”
“အမလေး စကားတက်လိုက်တာရှင်”
ထူးထူးက အိတိုလေးရဲ့ ဆွဲညစ်ချင်စရာကောင်းတဲ့ ပါးလုံးကြီးတစ်ဖက်ကို လက်ဖဝါးဖြင့်သာ အသာအယာပွတ်ပြီး အသည်းတယားဆိုတော့ အိတိုလေးကလည်း ရှေ့သွားလေးတွေပေါ်သည်အထိ ပြုံးပြီး ထူးထူးလက်ပေါ်ခေါင်းလေးစောင်းကာ ကြောင်ပေါက်လေးလို ပွတ်သီးပွတ်သတ်ပြန်လုပ်ပေးနေတာကြောင့် ထူးထူးမှာ မနေနိုင်စွာ ကျန်ပါးလုံးကြီးတစ်ဖက်ကို ရွတ်ကနည်းမြည်အောင်နမ်းတော့သည်။
အဲ့ဒီနောက်မှာတော့ ညနေက ကိုကိုကြီးကို ကန်တော့လိုက်တဲ့ သစ်သီးခြင်းထဲမှာပါလာတဲ့ အသီးတွေထဲက နီနီရဲရဲ ကြက်မောက်သီးကြီးနှစ်လုံးကို ရေခဲသေတ္တာထဲက ထုတ်ယူလိုက်တော့သည်။
အိတိုလေးလည်း တစ်ခါမှ မစားဖူးသေးဘူးထင်တာကြောင့် ကျွေးကြည့်မယ်လို့ဆုံးဖြတ်လိုက်တဲ့ ထူးထူးက သူ့လက်ထဲက ကြက်မောက်သီးနှစ်လုံး အိတိုလေးရှေ့မှာ ထုတ်ပြလိုက်သည်။
“အား … မာမား …”
ကြောက်လန့်ကာ နောက်ဆုတ်သွားတဲ့အိတိုလေးကြောင့် ထူးထူးခင်ဗျာ မျက်လုံးအဝိုင်းသားနဲ့ ဘာလုပ်ရမှန်းမသိဖြစ်သွားရသည်။
“အိတို …. ဒါက အသီးပါ စားလို့ရတယ်”
ထူးထူးပြောနေရင်း အိတိုလေးအနားတိုးသွားကာ လက်ထဲက ကြက်မောက်သီးကို အနီးကပ်ထပ်ပြလိုက်သည်။
အိတိုလေးမှာတော့ အနီးကပ်မြင်လိုက်ရတဲ့ ကြက်မောက်သီးကို ကြည့်ပြီး မျက်ရည်ပေါက်ပေါက်ကျအောင်ငိုပါတော့သည်။
ငိုနေရင်းလည်း မာမားလို့ တစာစာအော်ပြီး ကောင်းမြတ်လွန်းအခန်းထဲသို့ပြေးဝင်တော့သည်။
“မာမား ….”
သူငယ်ချင်းဖြစ်သူ မင်းလွင်နဲ့ video call ပြောနေတုန်း ငိုပြီးပြေးဝင်လာတဲ့ကလေးကြောင့် ကောင်းမြတ်လွန်းတစ်ယောက် ဖုန်းကို မို့ယာပေါ်ပြစ်ချပြီး ခုတင်ပေါ်ကပြေးဆင်းလိုက်သည်ရသည်။
“အိတို …”
မုဆိုးဒူးထောက်ထိုင်ချပြီး အိတိုလေးကို လှမ်းဖက်ထားပေးလိုက်တော့ လက်သေးသေးလေးတွေနဲ့ အတင်းဖက်ပြီး ရှိုက်နေလေသည်။
နောက်ကနေထူးထူးကပါ ပြေးလိုက်လာတာကြောင့်
“ထူးထူးဘာဖြစ်လို့လဲ …”
“ဟိုလေ … အိတိုလေး မုန့်စားချင်တယ်ဆိုလို့ ထူးထူးက ကြက်မောက်သီးကျွေးမလို့။ အဲ့တာ အိတိုလေးက ကြက်မောက်သီးကိုမြင်တာနဲ့ အော်ငိုပြီးပြေးထွက်သွားတာ။”
“အိတို … တီတီထူးထူးပြောတာ ဟုတ်လား”
“ကြောက်လို့ …”
ကောင်းမြတ်လွန်းကို အတင်းအကြပ်ဖက်ထားတဲ့ အိတိုလေးက ထူးထူးဘက်သို့ လုံးဝမလှည့်။
“ထူးထူး အဲ့ကြက်မောက်သီးတွေခုံပေါ်တင်ထားခဲ့”
“ဟုတ်ကဲ့”
ထူးထူးလည်း မျက်နှာငယ်လေးနဲ့ ကြက်မောက်သီးနှစ်လုံးကို စာရေးစားပွဲခုံပေါ်တင်ပေးထားခဲ့ပြီး အခန်းထဲက ပြန်ထွက်သွားတော့သည်။
သူ့ခင်ဗျား မစားဖူးလို့ စားဖူးအောင်ဆိုပြီးစေတနာနဲ့ ကျွေးလိုက်မိတာ။ အခုလို အိတိုလေးငိုသွားတာမြင်ရတော့ စိတ်မကောင်းဖြစ်ကာ ဝမ်းနည်းရသည်။
“အိတို ….”
“မာမား ….”
“အဲ့ဒီအသီးကို ဘာလို့ကြောက်တာလဲ မာမားကိုပြောပြပါလား”
“မသိဘူး အိတိုလေး ကြောက်လို့”
“အဲ့တာက စားစရာလေ။ အရမ်းအရသာရှိတာ။ လူကိုအန္တရာယ်လဲ မပေးဘူး။ အဲ့တာကြောင့် ကြောက်စရာ မလိုဘူး။”
“သူ့မှာ အမွှေးတွေပါတယ်”
“အမွှေးတွေပါတော့ ချစ်စရာမကောင်းဘူးလား”
“မကောင်းဘူး …”
“ဟားဟား ဟုတ်ပါပြီ ဒါဖြင့် မာမားက အဲ့အသီးခွါပြီး အိတိုလေးကို ကျွေးရင်ကောစားမှာလား”
“ကြောက်တယ်”
“မကြောက်ပါနဲ့ဗျာ။ မာမားရှိတာပဲ တစ်ခုခုဆို မာမားက အိတိုလေးကို ကာကွယ်ပေးမှာပေါ့။ ဘယ်လိုလဲ မာမား ကျွေးရင်စားမှာလား။”
“မာမားက အိတိုလေးကို ဖက်ထားပေးမှာလား”
ကောင်းမြတ်လွန်း မျက်နှာကို သေချာကြည့်ကာ မေးလာတဲ့ ကလေးလေးကြောင့် ခေါင်းငြိတ်ပြလိုက်တော့ မျက်နှာလေး မဲ့တဲ့တဲ့နဲ့
“အဲ့တာဆို စားမယ်” ဟု ပြန်ဖြေပေးလာသည်။
ခုတင်းပေါ်မှာ တင်ပျဉ်ခွေထိုင်ကာ အိတိုလေးကို ရင်ခွင်ထဲထည့်ဖက်ထားလိုက်ပြီး ခုံပေါ်က ကြက်မောက်သီးတွေကို လက်တံရှည်တွေအားကိုးနဲ့ လှမ်းယူလိုက်သည်။
ကောင်းမြတ်လွန်းလက်ထဲ အသီးတွေ ပါလာတာမြင်တာနဲ့ အိတိုလေးက မျက်လုံးတွေ မှိတ်ပစ်လိုက်တော့သည်။
ကောင်းမြတ်လွန်းက ကြက်မောက်သီးတစ်လုံကို အရင်းဦးဆုံး အခွံခွာလိုက်သည်။ ထို့နောက် အခွံခွာပြီးသား ကြက်မောက်သီးကိုသာ ကိုင်ထားပြီး အခွံမခွာရသေးတဲ့ နီနီရဲရဲ ကြက်မောက်သီးတစ်လုံးကိုတော့ခဏ ဖွက်ထားလိုက်သည်။
“အိတို … မျက်လုံးဖွင့်ကြည့်ပါအုံး”
“မဖွင့်လို့ မရဘူးလားမာမား”
“အိတိုလေးက မာမားကို မကြည့်ချင်လို့လား”
“မဟုတ်ပါဘူး အိတိုလေးက အဲ့အသီးကြီးကိုကြောက်လို့ပါ”
“မာမားရှိတယ်လေ အိတိုလေးရဲ့”
အိတိုလေးပါးကို တစ်ချက်ဖိနမ်းလိုက်တော့မှ မျက်လုံးလေးများ မဖွင့်ရဲဖွင့်ရဲနဲ့ ဖြည်းဖြည်းချင်း ဖွင့်ကြည့်လာသည်။
“ဒီမှာ … ကြည့်ပါဦး”
လက်သီးစုပ်ထဲထည့်ဖွက်ထားတဲ့ အခွံခွာပြီးသားကြက်မောက်သီးကို ပြလိုက်တော့ အိတိုလေးက သူ့လက်ညိုးလေးနဲ့ ထိကြည့်လာသည်။
“ကြောက်သေးလား”
“မကြောက်တော့ဘူး ဒါကကြောက်စရာမကောင်းဘူး မာမား အဲ့တာဘာလဲဟင်”
“အရင်စားကြည့်မလား”
“ဟုတ် စားကြည့်မယ်”
အခုမှကြက်မောက်သီးကို စိတ်အေးလက်အေးနဲ့စားရဲတော့တဲ့အိတိုလေး။
တစ်ကိုက်စားကြည့်ပြီးနောက် အိတိုလေးရဲ့ ပါးလုံးကြီးနှစ်လုံးက သိသိသာသာမို့တက်လာတော့သည်။
“မာမား ချိုတယ် ….”
ချိုတယ်ဆိုပြီး ဆက်စားနေတဲ့ အိတိုလေးကို ကြည့်ပြီး ကောင်းမြတ်လွန်းပြုံးလိုက်မိသည်။
“အဲ့တာ တီတီထူးထူးကျွေးတဲ့ အသီးပဲလေ”
အိတိုလေးက ကောင်းမြတ်လွန်းကို မယုံသင်္ကာတဲ့ မျက်လုံးလဲ့လဲ့လေးများနဲ့ကြည့်လာတာကြောင့် ကောင်းမြတ်လွန်းလည်း ဖွက်ထားတဲ့ ကြက်မောက်သီး နီနီရဲရဲကို ထုတ်ပြလိုက်သည်။
“မာမား ….”
ခပ်စူးစူးအော်သံက ကောင်းမြတ်လွန်းနားထဲတိုက်ရိုက်တိုးဝင်လာသည်။
“အိတို … မာမားကိုမချစ်ဘူးလား”
“ချစ်တယ် …”
“အဲတာဆို မာမားကိုယုံပေးလေ”
မျက်ရည်လေးတွေဝေ့သီးပြီး ကြောက်နေတဲ့ အိတိုလေးကို သနားသော်လည်း အိတိုလေးရဲ့ အကြောက်တရာကို ဖြေဖျောက်ပေးချင်တာကြောင့် ကောင်းမြတ်လွန်း စိတ်ရှည်ရှည်နဲ့ ကြိုးစားနေမိသည်။
“ယုံပေးမှာလား …”
နောက်တစ်ကြိမ်ထပ်မေးတော့ ခေါင်းလေးညိတ်လို့ မျက်လုံလေးဖွင့်ပေးလာသည်။
“ကြည့်ပါဦး အသီးလေးက နီနီရဲရဲလေးနဲ့ချစ်စရာလေး အမွှေးလေးတွေကလည်း ချစ်စရာလေး”
“အိတိုလေးထက် ပိုချစ်ဖို့ကောင်းလား”
ကြောက်နေတဲ့ကြားက သဝန်တိုတက်သေးတဲ့ အိတိုလေးကြောင့် ကောင်းမြတ်လွန်း ပြုံးလိုက်မိသည်။
“အိတိုလေးက မာမားစကားနာထောင်တဲ့ လိမ္မာတဲ့ကလေးလေးလေ အိတိုလေးက ပိုချစ်ဖို့ကောင်းတာပေါ့”
လစ်ခနဲဆိုသလို ပြုံးလာတဲ့အိတိုလေက ကောင်းမြတ်လွန်းအဖြေကို သဘောကျသွားဟန်ရှိသည်။
ကြောက်လှပါပြီဆိုတဲ့ကြက်မောက်သီးကို ကြည့်လိုက်တဲ့အကြည့်တွေထဲမှာလဲ မာန်အပြည့်နဲ့ ဝင့်ကြွားတဲ့ ပုံရိပ်တွေးထင်ဟပ်နေသည်။
“မာမားက အိတိုလေးကို ငိုအောင်လုပ်ထားတဲ့ ဒီအသီးကို အပြစ်ပေမယ် ကြည့်ထားနော်”
ဟန်အပြည့်နဲ့ ကြက်မောက်သီးကို အားပါပါခွာပြလိုက်တော့ သဘောတကျပြုံးရယ်လာတဲ့အိတိုလေး။
အခွံလဲခွာလိုက်ကော အစောပိုင်က အိတိုလေးစားတဲ့ ပုံစံလေးအတိုင်း မြင်လိုက်ရတဲ့ အိတိုလေးက လက်ခုပ်လေး ထတီးကာ
“မာမားကတော်လိုက်တာ” ဆိုပြီး ထအော်တော့သည်။
ကောင်းမြတ်လွန်းမှာလည်း မိမိကြောင့် အကြောက်တရားကို အောင်မြင်စွာကျော်လွှားနိုင်သွားတဲ့ ကလေးလေး အိတိုကို ကြည့်ပြီး စစ်ပွဲတရာအောင်နိုင်ခဲ့တဲ့ စစ်သူကြီးတစ်ယောက်လို စိတ်ထဲကနေဂုဏ်ဆာနေမိသည့်အပြင် ပိတိကြောင့် အပြုံးတွေကလည်း မရပ်တန့်နိုင်တော့။
End call မနှိပ်မိလိုက်တဲ့ ဖုန်းထဲက တစ်ဆင့် လွှင့်ပျံ့လာတဲ့ အသံတွေကိုကြားနေရတဲ့ မင်းလွင်ကလည်း တစ်နေရာကနေ ကြည်နူးစွားပြုံးနေခဲ့သည်။
အဲ့လို့ပဲ တံခါးမကြီး အပြင်ဘက်ကနေ နားစွင့်နေကြတဲ့ ကမ္ဘာညိမ်းနဲ့ ထူးထူးကလည်း ပြုံးလို့။
“အိတို … မာမားတို့ နောက်ထပ်ကြက်မောက်သီးတွေကို အပြစ်သွားပေးကြမလား”
ခေါင်းတစ်ဆက်ဆက် ညိတ်ပြလာတဲ့အိတိုလေးက တော်တော်လေး စိတ်အားထက်သန်နေပုံရသည်။
အိတိုလေးကို ပုခုံးပေါ်တင်ကာ ဂုတ်ကိုခွထိုင်စေလိုက်တဲ့ ကောင်းမြတ်လွန်းက အခန်းအပြင်သို့ထွက်ကာ မီးဖိုချောင်ဘက်သွားလိုက်သည်။
အိတိုလေးကို ဂုတ်ပေါ်တင်ချီထားရက်သားနဲ့ပဲ ရေခဲသေတ္တာ တံခါးကိုဖွင့်လိုက်သည်။
“အိတို … ယူလိုက်လေ မာမားက လက်မအားဘူး”
အိတိုလေးရဲ့ တုတ်တုတ်တစ်တစ် ခြေသလုံးလေး နှစ်ဖက်ကို ဆုပ်ကိုင်ကာ ထိန်းပေးထားတဲ့ ကောင်းမြတ်လွန်းက အိတိုလေးကို အကဲစမ်းပြီး ကိုယ်တိုင် အထိအတွေ့ကို ခံစားရဲဖို့ နောက်တစ်ဆင့်အနေနဲ့ ကြိုးစားကြည့်လိုက်သည်။
“ယူလိုက်ပါ မာမားက အိတိုလေးကို ချီပေးထားရတာလေ။ မာမား ယူလို့မှမရတာ။ မာမားက မာမားသားလေးကို အားကိုးတာလေ မလုပ်ပေးချင်ဘူးလား။”
သားလေးလို့ ခေါ်လိုက်၍လား အားကိုးတာ လို့ပြောလိုက်လို့လားမသိ အိတိုလေးက သူကြောက်တဲ့ ကြက်မောက်သီးတွေကို ခပ်ရဲရဲပင် လက်နှစ်ဖက်နဲ့ အပြည့်ဆုပ်ကိုင်ယူလိုက်တော့သည်။
“အို …မာမားသားလေး အိတိုက တကယ်အားကိုးရတာပဲ အိတိုလေးက သတ္တိရှိလိုက်တာကွာ”
အိတိုလေး ပျော်လွန်းလို့ အသံထွက်၍ပင်ရယ်လာတော့သည်။
ထို့နောက် ထမင်းစား စားပွဲခုံပေါ်မှာ ကြက်မောက်သီးအခွံခွာလိုက် စားလိုက် ပေါက်ပေါက်ဖောက်ကာ စကားတွေပြောလိုက် တခစ်ခစ်ရယ်လိုက်နဲ့ အသံပေါင်းစုံထွက်ကာ ထမင်းစားခန်း တစ်ခုလုံးလည်း ဆူညံသွားတော့သည်။
အိတိုလေးကို သိပ်ပေးပြီး အခန်းထဲက ထွက်မည်ပြင်တော့ အခန်းတံခါးဝမှာ ကျောမှီရပ်နေတဲ့ ကမ္ဘာညိမ်းကိုတွေ့လိုက်ရသည်။
“အစ်ကို …. အိတိုလေးကို လာကြည့်တာလား”
“ကိုယ်တို့ နည်းနည်းလောက်သောက်ကြမလား”
“အစ်ကိုသောက်ချင်လို့လား ရတယ်လေ”
“ဒါဆို ရေကူးကန်ဘက်သွားမယ်”
“ကောင်းသားပဲ ကျွန်တော် အဲ့ဒီဘက်ကို မရောက်ဖူးသေးဘူး”
ကမ္ဘာညိမ်း ပြုံးရုံသာ ပြုံပြလိုက်မိသည်။
သူ့အနေနဲ့ ကောင်းမြတ်လွန်းကို မြတ်နိုးမိတာမှန်ပေမဲ့အသေးအဖွဲ့လေးတွေကအစ ဂရုစိုက်ပေးတာမှန်ပေမဲ့ သီးသီးသန့်သန့်အချိန်ပေးပြီး ဂရုစိုက်ပေးတာမျိုး မလုပ်ပေးနိုင်ခဲ့တာကြောင့် စိတ်ထဲမှာ အားမလိုအားမရဖြစ်မိသွားသည်။
နောက်ကျမှ အတိုးနဲ့ ပြန်ပြီး ဂရုစိုက်ပေးတော့မည်ဟု စိတ်ထဲ၌သာ အရင်တေးမှတ်ထားလိုက်သည်။
အပြာရင့်ရောင် ရေကူကန်ကြီးကိုကြည့်ပြီး ကောင်းမြတ်လွန်းစိတ်ထဲ အေးချမ်းသွားသလိုခံစားလိုက်ရသည်။
ရေကူးကန်နားက ခုံလေးမှာ ဝင်ထိုင်လိုက်တော့
ဘယ်ကနေလာမှန်းမသိတဲ့ ညမွှေးပန်းရနံ့ခပ်သင်းသင်းကလည်း လေပြည်လေညင်းလေးများထဲကတစ်ဆင့် ကောင်းမြတ်လွန်းရဲ့ အနံ့ခံအာရုံကို လှုံ့စော်ပေးလာတာကြောင့် စိတ်ထဲကလည်းကြည်နူးနေမိသည်။
“ဒီလိုမှန်းသိရင် ဒီနေရာကို ခဏခဏလာပါတယ်”
“သဘောကျလိုလား”
“အင်း .. ကမ်းခြေရောက်နေသလိုပဲ အုန်းပင်က အခက်လေးတွေကလဲ တလွှင့်လွှင့် အပြာရင့်ရောင် ရေမျက်နှာပြင်ကလည်း တရိပ်ရိပ် လေပြေလေညင်းတွေကပါ တိုးဝှေ့တိုက်ခတ်နေတော့ ဘာများလိုအပ်နေအုံးမှာလဲ ပင်လယ်ရနံအစား ညမွှေးပန်းရနံ့လေးရနေတာကလည်း တစ်မျိုးလေးတော့ခံစားလို့ကောင်းနေတာပဲလေ”
“ဒါဆို ပိုပြီးပြည့်စုံသွားအောင် ကိုယ်တို့ ဝိုင်တစ်ငုံလောက်သောက်လိုက်ကြမလား”
“ကြာသလားလို့”
လေတိုးသံကလွဲပြီး တိတ်ဆိတ်နေတဲ့ ရေကူးကန်လေးမှာ ဖန်ခွက်ချင်တိုက်သံက အထင်အရှား။
အပြန်အလှန် အပြုံးကိုယ်စီဖြင့် အကြည့်ချင်းဆက်သွယ်ပြီးနောက် ဝိုင်ခွက်အဝနားလေးမှာ နှုတ်ခမ်းလေးတေ့ပြီး ပြင်းရှရှ ဝိုင်အရသာကို မြည်းစမ်းကြည့်လိုက်ကြသည်။
“ဘယ်လိုလဲ”
ကမ္ဘာညိမ်းရဲ့အမေးကို ကောင်းမြတ်လွန်းက အပြုံးလေးနဲ့အတူ မျက်ခုံးလေးတစ်ဖက်အသာပင့်ပြီး ဖြေပေးလာသည်။
ဒါက နှုတ်က မပြောလည်း အရမ်းကောင်းတယ်ဆိုတာကို သိသာစေနိုင်သော ကိုယ်အမူအရာတစ်ခုဖြစ်သည်။
“ချစ်တယ်”
ကမ္ဘာညိမ်း နှုတ်က အဆက်အစပ်မရှိထွက်လာတဲ့ စကားလုံးနှစ်လုံးက ပီသလွန်း တာကြောင့်
“ချစ်တယ် … ဘယ်သူ့ကိုလဲ” လို့ကောင်းမြတ်လွန်း မေးလိုက်မိသည်။
“ကောင်းမြတ်လွန်းကို …”
“ဗျာ …”
“ကောင်းမြတ်လွန်းကို မေးကြည့်ချင်လို့ ချစ်တယ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို”
“ဪ … ကျွန်တော်မပြောတက်ဘူး ချစ်တယ်ဆိုတာ ချစ်တာပဲမဟုတ်ဘူးလား”
“ချစ်ဖူးလား ဒါမှမဟုတ်ချစ်ခဲ့ဖူးလား ဒါမှမဟုတ် ချစ်နေတဲ့သူရှိလား”
“စိတ်မကောင်းစရာပဲ ကျွန်တော့အတွက် မေးခွန်းသုံးခုလုံးက နိုးဖြစ်နေတယ် ရှက်စရာကောင်းလိုက်တာ”
ကမ္ဘာညိမ်းရဲ့ မေးခွန်းကို ကောင်းမြတ်လွန်းက ခပ်ဟဟလေးရယ်ပြီးပြန်ဖြေပေးတယ်။
ကောင်းမြတ်လွန်းရဲ့ အဖြကို ကြားတော့ ကမ္ဘာညိမ်းတစ်ယောက် ကြည်ကြည်နူးနူးပြုံးလိုက်မိသည်။
ကမ္ဘာညိမ်းရဲ့အပြုံးကိုတော့ ညကောင်းကင်ကြီးရဲ့ အလှအပကို ခံစားနေတဲ့ ကောင်းမြတ်လွန်းက မမြင်နိုင်ခဲ့ဘူး။
အဲ့ဒါကိုပဲ ကမ္ဘာညိမ်းက အခွင့်အရေးယူကာ ကောင်းမြတ်လွန်း မျက်နှာကို ရဲရဲတင်းတင်းနဲ့ ငေးစိုက်ကြည့်နေလိုက်တယ်။
“ဘာလို့ရှက်စရာလို့တွေးတာလဲ”
“ကျွန်တော့ အသက်နှစ်ဆယ်ပြည့်ပြီးပြီလေး အဲ့တာတောင် ချစ်တယ်ဆိုတဲ့ စကားလုံးနဲ့ မရင်းနှီးသေးဘူး”
“ဒါဆိုရင်တော့ ကိုယ်က ပိုးရှက်ရမယ်ထင်တယ်”
“ဘာလို့လဲ”
“ကိုယ်လည်းချစ်တယ်ဆိုတဲ့ စကားနဲ့ လွန်ခဲ့တဲ့နှစ်တွေကအထိ မရင်းနှီးခဲ့ဘူးလေ။ အခုနောက်ပိုင်းမှသာရင်းနှီးလာတာ။”
ကမ္ဘာညိမ်းစကားကြောင့် ကောင်းမြတ်လွန်း မျက်လုံးတွေ သိသိသာသာ ရွေ့လျားသွားတယ်။
“ကျွန်တော် အစ်ကို့အတွက်ဝမ်းသာပါတယ်။”
ကောင်းမြတ်လွန်းရဲ့အသံက သိပ်ပြီး အားတက်သရောမရှိဘူး။ ခြောက်ကပ်ကပ်နိုင်တယ်။ သေချာကြည့်မယ်ဆို သူ့မျက်ဝန်းတွေက အဲ့ထက်ပိုတဲ့ စကားတွေပြောနေကို တွေ့ရလိမ့်မယ်။ သူစိုးရိမ်သည်။ သူမပိုင်တဲ့ သူ့နေရာကို ဖယ်ပေးရတော့မှာကို စိုးရိမ်နေမိသည်။
ဒါပေမဲ့ သူကြိုးစားပြီးဖုံးကွယ်ထားလိုက်တယ်။ သူ့ရဲ့အားနည်းချက်ကို တစ်ဖက်လူသိမှာ မလိုလားတာကြောင့် ဆွေးမြေ့တဲ့ မျက်လုံးတွေကို ဖုံးကွယ်ပြီး နှုတ်ခမ်းစွန်းနား နှစ်ခုလုံးကို ကော့နေအောင် ပြုံးထားလိုက်တယ်။
“လိင်တူချစ်ကြိုက်တာကို ဘယ်လိုမြင်လဲ”
ကမ္ဘာညိမ်းဆီက နောက်ထပ်မေးခွန်းတစ်ခု။
ကောင်းမြတ်လွန်းက လက်ထဲမှာရှိတဲ့ ဖန်ခွက်ထဲက လက်ကျန်ဝိုင်တွေကို တရှိန်တည်း မော့သောက်ပစ်လိုက်တယ်။
ဒီတစ်ခေါက်တော့ ကောင်းမြတ်လွန်းက ကောင်းကင်ကြီးကိုကြည့်မနေတော့ဘူး။
ကောင်းမြတ်လွန်းက ကမ္ဘာညိမ်းရဲ့ မျက်နှာကို သေချာကြည့်ပြီး
“ကျွန်တော် တစ်ယောက်တည်းရဲ့ အမြင်ပြောရရင် တစ်ယောက်နဲ့ တစ်ယောက် ချစ်တဲ့ နေရာမှာ တန်ဖိုးထားဖို့ အပြန်အလှန်လေးစားဖို့ သစ္စာမပျက်ဖို့ပဲ လိုတယ်။ တစ်ယောက်နဲ့ တစ်ယောက် တန်ဖိုးထားပြီး သစ္စာရှိရှိချစ်သွားကြမယ်ဆို လိင်တူပဲဖြစ်ဖြစ် လိင်ကွဲ ပဲဖြစ်ဖြစ် ဘဝက သိပ်ကို ကြည်နူးစရာ ကောင်းပြီး ပျော်ရွှင်စရာ ကောင်းနေမှာ။ အဲ့လို မဟုတ်ပဲ တစ်ယောက်နဲ့ တစ်ယောက် တန်ဖိုးမထားပဲ သစ္စာမဲ့ ကြမယ် ဆိုရင်တော့ ဘယ်လို အချစ်ပဲ ဖြစ်ဖြစ် နောက်ဆုံးမှာ ပျက်စီး သွားမှာပဲ။ အဲ့တာကြောင့် ကျွန်တော့ အတွက်တော့ လိင်တူ လိင်ကွဲဆိုတာထက် အချစ်စစ်ဖို့လိုတယ် မေတ္တာစစ်ဖို့ လိုတယ်လို့ မြင်တယ်။”
ကောင်းမြတ်လွန်းရဲ့ အဖြေက ကမ္ဘာညိမ်း နှလုံးသားကို နွေးထွေးသွားစေသည်။
ကောင်းမြတ်လွန်းရဲ့ နက်ရှိုင်တဲ့ နှလုံးသားက ထွက်ပေါ်လာတဲ့ အဖြေကြောင့် ကမ္ဘာညိမ်း နှလုံးသားရဲ့အလိုဆန္ဒတွေကလည်း ထိန်းမရအောင်ဖြစ်လာတော့သည်။
အဲ့တာကြောင့် လည်း ကမ္ဘာညိမ်းက သူ့နှလုံးသားဆီကထွက်ပေါ်လာတဲ့ ပဲတင်သံကို ကောင်းမြတ်လွန်းကို နားဆင်စေခဲ့သည်။
“ကိုယ်မင်းကို ချစ်တယ် ကောင်းမြတ်လွန်း”
ရီဝေဝေရစ်မူးစေတက်သော ဝိုင်တစ်ခွက်ရဲ့အရသာထက် ပိုပြီး စိတ်လှုပ်ရှားမှု ပေးနိုင်စွမ်း ရှိသော စကားစုလေးတစ်ခုက ကောင်းမြတ်လွန်းနှလုံးသားကို ဒိတ်ခနဲ မြည်အောင် လှုပ်ခတ်နိုင်ခဲ့သည်။
“ဗျာ …”
“ကိုယ်မင်းကို တန်ဖိုးထားပြီးချစ်ပေးမယ်။ အလေးထားပြီးချစ်ပေးမယ်။ သစ္စာရှိရှိ ချစ်ပေးမယ်။ အဲ့တာကြောင့် ကိုယ်ဆီကနေ တစ်ဘဝစာ အဆုံးသတ်ချိန်အထိ အချစ်ခံဖို့ပြင်ထားပါ။”
“ကျွန်တော် မူးနေတာလား။ ဒါမှမဟုတ် အစ်ကိုမူးနေတာလား။”
“ကိုယ်မင်းကို ချစ်တယ် ကောင်းမြတ်လွန်း”
ကမ္ဘာညိမ်းက ကောင်မြတ်လွန်းရဲ့ လက်နှစ်ဖက်လုံးကို ကြင်နာယုယစွာကိုင်ပြီး ပြောလိုက်တော့ ကောင်းမြတ်လွန်းဆီက အံ့ဩတုန်လှုပ်နေသည့် မျက်ဝန်းများကလွဲပြီး တစ်စုံတစ်ခု ထုတ်ပြောလာတဲ့ တုန့်ပြန်မှုကိုမရခဲ့။
“တစ်နေ့မှာ ကိုယ်မင်းကို လက်ထပ်ယူမယ်”
ကမ္ဘာညိမ်းတစ်ယောက် ကောင်းမြတ်လွန်းရဲ့ မျက်လုံးတွေကို ချစ်ရည်ရွှန်းတဲ့ မျက်ဝန်းတစ်စုံဖြင့် ငေးကြည့်ရင် ထပ်ပြောလိုက်တယ်။
“ဘာဖြစ်လို့လဲ ဘာဖြစ်လို့ ကျွန်တော့ကိုမှချစ်တာလဲ”
“ချစ်လို့ ..။ ကိုယ်ချစ်တာ မင်းမို့လို့။ မင်းကို ကိုယ်ချစ်လို့။ ကမ္ဘာညိမ်းဆိုတဲ့ လူကြီးက ကောင်းမြတ်လွန်းဆိုတဲ့ ကောင်လေးကို မြတ်မြတ်နိုးနိုးချစ်မိသွားလို့။ အဲ့ထက်ပိုပြီး ကိုယ်မရှင်းပြတက်ဘူး။ ဒါပေမယ့် ကိုယ်ဘယ်လောက်ထိ ကောင်းမြတ်လွန်းကို ချစ်တယ်ဆိုတာကိုတော့ သက်သေပြနိုင်တယ်။ အဲ့တာကြောင့် ကောင်းမြတ်လွန်းက ဒီနေ့ ဒီအချိန်ကစပြီး ကိုယ်ဘယ်လောက်ထိချစ်ပေးနိုင်လဲဆိုတာကို စောင့်ကြည့်ပေးပါ။”
“ကျွန်တော် ဘာပြန်ပြောရမလဲ တကယ်မသိတော့ဘူး။ အခု ကျွန်တော် ရှက်နေတယ်။ ရင်တွေလဲတုန်နေတယ်။ အဲ့တော့ ကျွန်တော့အခန်းကျွန်တော် ပြန်လို့ရမလား။”
ခပ်တိုးတိုးလေးသာဆိုလာတဲ့ နှုတ်ထွက်စကားတွေကြောင့် ကောင်းမြတ်လွန်းဆိုတဲ့ကောင်လေးကို ကမ္ဘာညိမ်း အသည်းတယားနဲ့ကို မြတ်နိုးမိတော့သည်။
“ ကိုယ့်အချစ်က ရိုးသားလိုက်တာ။ ကောင်းတယ် ကောင်လေး … ကောင်လေး ခံစားရတဲ့အတိုင်း အခုလိုလေးပဲ ကိုယ့်ကိုပြောပြပေး။ အခုတော့ ပြန်ခွင့်ပြုလိုက်မယ် ဒါပေမဲ့…”
ကမ္ဘာညိမ်းက အခုချိန်ထိ မလွတ်တမ်းကိုင်ထားတဲ့ ကောင်းမြတ်လွန်းရဲ့လက်ဖမိုးကို အသာနမ်းရှိုက်လိုက်တယ်။ ပြီးတာနဲ့ ထပ်ပြောတယ် …
“ပထမဆုံးဖွင့်ပြောတဲ့နေမို့ ဒီလောက်နဲ့ကျေနပ်ပေးလိုက်မယ် … ကိုယ့် … အချစ်”
မျက်နှာတစ်ပြင်လုံး နီရဲတက်လာတဲ့ ကောင်းမြတ်လွန်းက ကမ္ဘာညိမ်း လက်ထဲက ရုန်းပြီး ထွက်ပြေးသွားခဲ့သည်။
ထွက်ပြေးသွားတဲ့ နီတာရဲလေးကို လိုက်ကြည့်ရင်း ကမ္ဘာညိမ်း တစ်ကိုယ်တည်းရေရွတ်လိုက်သည်။
“တကယ်ဆို့ ကိုယ့်ကို တစ်ချက်လောက် ထိုးသွားသင့်တာမဟုတ်ဘူးလား ကိုယ့်အချစ်။ မင်းလေးက ကိုယ့်အပေါ် မရက်စက်နိုင်တာသိတော့ ကိုယ်မင်းကို …. ဟက် … ထားပါလေ။ ကောင်းသောညပါ ကိုယ့်အချစ်။”
( အပိုင်း ၂၃ ကို သေချာပြန်ဖတ်ကြည့်ပါအုံးဗျ။ စာတွေထပ်ဖြည့်ထားလို့ပါ။ မသိလိုက်မှာဆိုးလို့။ တော်ကြာ စာက ဖတ်နေရင်း ဘယ်လိုဖြစ်သွားတာလဲဆိုပြီး ဖြစ်နေမှာဆိုးလို့ 😁)

Коментарі