အိတို
အိတို (၀၁)
အိတို (၀၂)
အိတို (၀၃)
အိတို (၀၄)
အိတို (၀၅)
အိတို (၀၆)
အိတို (၀၇)
အိတို (၀၈)
အိတို (၀၉)
အိတို (၁၀)
အိတို (၁၁)
အိတို (၁၂)
အိတို (၁၃)
အိတို (၁၄)
အိတို (၁၅)
အိတို (၁၆)
အိတို (၁၇)
အိတို (၁၈)
အိတို (၁၉)
အိတို (၂၀)
အိတို (၂၁)
အိတို (၂၂)
အိတို (၂၃)
အိတို (၂၄)
အိတို (၂၅)
အိတို (၂၆)
အိတို (၂၇)
အိတို (၂၈)
အိတို (၂၉)
အိတို (၃၀)
အိတို (၃၁)
အိတို (ဇာတ္သိမ္း)
အိတို (၁၃)
အိတို🐻13
Zawgyi

“အိတို … ေကာင္းျမတ္လြန္း …”

ႏွစ္ႏွစ္ၿခိဳက္ၿခိဳင္အိပ္ေပ်ာ္ေနၾကတဲ့ ကေလးေတြ လန႔္နိုးသြားမွာဆိုးလို႔ အသံတိုးတိုးနဲ႕ ေခၚႏွိုးေနတဲ့ ကမာၻညိမ္းက တကယ္ကို ႏူးညံ့ေနေလသည္။

အိတိုေလးက အရင္ အင္းအဲအသံေပးၿပီး ေခါင္းေလးေမာ့လာသည္။

သို႔ေသာ္ ေကာင္းျမတ္လြန္းရဲ႕ လက္ေမာင္းနဲ႕ ေပြ႕ဖက္ထားျခင္းခံရတဲ့ အိတိုေလးက မ်က္လုံးေလးျပန္မွိတ္ကာ ေကာင္းျမတ္လြန္း ရင္ဘက္ေပၚေမးေလးတင္ၿပီးျပန္ေမွးေနျပန္သည္။

“အိတို …”

အိတိုေလးရဲ႕ ပါးလုံးႀကီးႏွစ္ဖက္ကို ညွစ္ၿပီး ထပ္ႏွိုးလိုက္တဲ့ ကမာၻညိမ္းေၾကာင့္ အိတိုေလးတစ္ေယာက္ ႏႈတ္ခမ္းမ်ားစူထြက္လာၿပီး ေဘးနားက သူ႕ဒယ္ဒီကို အိပ္ခ်င္မူတူ႐ုပ္ေလးနဲ႕လွမ္းၾကည့္ေတာ့သည္။

“အိတို … ပုစြန္ကင္စားၾကမယ္ေလ ထေတာ့ေနာ္”

“ဟုတ္ကဲ့ … အဲ့တာဆို အိတိုေလး မာမားကိုပါႏွိုးလိုက္ေတာ့မယ္ေနာ္”

“ေကာင္းပါၿပီဗ်ာ"

"မာမား..."

အိတိုေလးက သူ႕ဒယ္ဒီ သူ႕ကိုႏွိုးတဲ့အတိုင္းေလးသံေဖ်ာ့ေဖ်ာ့ေလးနဲ႕ ႏွိုးလိုက္သည္။

" မာမားေရ ... မြ ..."

အိတိုေလးက ေကာင္းျမတ္လြန္းပါးကို နမ္းရင္း ထပ္ေခၚႏွိုးလိုက္သည္။

"မာမား ... ပုစြန္စားၾကမယ္ေလ ထပါေတာ့လို႔ မြ..."

ေကာင္းျမတ္လြန္းနဖူးကို ထပ္နမ္းလိုက္တဲ့ အိတိုေလး။

"မာမား ... မာမားေရအိတိုေလးဗိုက္ဆာေနပါၿပီလို႔ .. ႁပြတ္(စ္)"

ဒီတစ္ခါေတာ့ ေကာင္းျမတ္လြန္း ႏႈတ္ခမ္းေလးကိုပါ ႁပြတ္(စ္) ခနဲျမည္ေအာင္ နမ္းလိုက္တဲ့ အိတိုေလး။

အိပ္ခ်င္ေယာင္ေဆာင္ေနတဲ့ ေကာင္းျမတ္လြန္းက အိတိုေလး သူ႕ႏႈတ္ခမ္းကိုလည္း လာနမ္းေကာ ႐ုတ္တရက္မ်က္လုံးဖြင့္ကာ အိတိုေလးကို ဖက္ၿပီး ပါးေတြကို တ႐ြတ္႐ြတ္နမ္းေတာ့သည္။

နမ္းေနရင္းနဲ႕ပဲ

"အနမ္းသူခိုးေလးပါလား ...  ဟမ္ ... ေကာင္မေလးေတြေတာင္ မနမ္းရေသးတဲ့ ႏႈတ္ခမ္းေလးကိုကြာ ..." လို႕ေျပာလိုက္ေတာ့

မဆီမဆိုင္ ၾကားထဲက ၿပဳံးသြားတဲ့ သူက ကမာၻညိမ္းပင္။

"မာမားကလည္း ခ်စ္လို႔ဟာကို"

"ခ်စ္ရင္ နမ္းရတယ္ေပါ့ ဟုတ္လား"

ေကာင္းျမတ္လြန္းက အိတိုေလးကို အလြတ္မေပးပဲခ်ဳပ္ထားၿပီး လည္ပင္းေတြကိုပါနမ္းေတာ့သည္။

"အား ... မာမား ယားတယ္ ခစ္ခစ္"

"ယားတယ္လား ... အဲ့တာဆို မာမားက ေဟာဒီေနရာေလးကို ေျပာင္းနမ္းမယ္ကြာ"

ေကာင္းျမတ္လြန္းက အိတိုးေလ ဗိုက္ကိုပါ နမ္းသလိုလိုလုပ္ၿပီး ဘူးမႈတ္ေနတာေၾကာင့္ အိတိုေလးခင္ဗ်ာ ယားလြန္းလို႔တြန႔္တြန႔္လူးေနေလသည္။

" dad … အိတိုေလးကို ကယ္ပါဦး ... ခစ္ခစ္ .. အား ... မာမား ... ယားတယ္"

အခုဆို အိတိုေလးေကာ ေကာင္းျမတ္လြန္းပါ မ်က္လုံးေကာင္းေကာင္းပြင့္သြားၾကၿပီျဖစ္သည္။

အားရပါးရအိပ္ထားတာေၾကာင့္ မို႕အစ္ေနတဲ့ မ်က္ႏွာေလးေတြကေတာင္ ခ်စ္စရာေကာင္းစြာနဲ႕လန္းဆန္းေနခဲ့သည္။

"ေသခ်ာနိုးသြားၿပီလား ဝက္ဝံေပါက္ေလး"

"ဟီး ..နိုးသြားၿပီ"

တကယ္ေတာ့ ကမာၻညိမ္းႏွိုးကတည္းက ေကာင္းျမတ္လြန္းနိုးေနခဲ့ျခင္းျဖစ္သည္။

သို႔ေသာ္ သူထလိုက္လွ်င္ ဝက္ဝံေပါက္ေလး အိတိုလန႔္နိုးသြားမွာဆိုးလို႔သာ ၿငိမ္ေနခဲ့ျခင္းပင္။

အိပ္ခ်င္မူတူးနဲ႕ ခ်စ္စရာေကာင္းေအာင္ ႏွိုးေနတဲ့ အိတိုေလးကို အသည္းယားၿပီး စခ်င္လာတာေၾကာင့္ စိတ္လြတ္ကိုယ္လြတ္ကိုပဲ စေနာက္ခဲ့မိသည္။

စေတြ႕ခါစက အာဘြားေလးေပးဖို႔ေတာင္ ေတာ္ေတာ္ေလးႀကိဳးစားယူခဲ့ရေသာ္လည္း အခုမ်ားေတာ့ အိတိုေလးက သူ႕ညီေလးလို သူငယ္ခ်င္းေလးလိုပင္ျဖစ္ေနၿပီျဖစ္တာေၾကာင့္ ဆက္ဆံေရးေတြက အခုမွ်ေလာက္ထိေႏြးေထြးပြင့္လင္းလာခဲ့ျခင္းျဖစ္သည္။

ေကာင္းျမတ္လြန္းလို ေမတၱာငတ္ခဲ့ရတဲ့ သူတစ္ေယာက္အတြက္ အိတိုေလးနဲ႕ အိတိုေလးရဲ႕ဒယ္ဒီ တို႔ရဲ႕ ဂ႐ူစိုက္မႈေတြနဲ႕အသားက်ဖိဳ႕ခက္ခဲခဲ့ေပမယ့္ အခုေတာ့ သဘာဝက်က်ပဲ သဟဇာတျဖစ္ေအာင္ ေနတက္ခဲ့ၿပီး ရင္းႏွီးမႈေတြလည္း ပိုခဲ့ရေလၿပီ။

အိတိုေလးနဲ႕ ေကာင္းျမတ္လြန္းတို႔ သန႔္စင္ခန္းဝင္ၿပီး ျပန္ထြက္လာေတာ့ စားေသာက္ဖြယ္ရာမ်ိဳးစုံက အဆင္သင့္ေစာင့္ႀကိဳေနေလသည္။

တကယ္ေတာ့ အခုေနာက္ပိုင္း အိတိုေလးက ကမာၻညိမ္းထက္စာရင္ ေကာင္းျမတ္လြန္းနဲ႕ ပို အေနမ်ား လာတာေၾကာင့္ အိတိုေလးရဲ႕ ေဝယ်ာဝစၥေတြကအစ ကမာၻညိမ္းလုပ္ေပးရသည္မွာခပ္ရွားရွားျဖစ္လာသည္။

အခုလို သန႔္စင္ခန္းဝင္တဲ့ ကိစၥမ်ိဳးေတာင္ ေကာင္းျမတ္လြန္းကပဲ လုပ္ကိုင္ေပးတက္သည္။

ဒါေပမယ့္ အိတိုေလးရဲ႕ မာမားက အခုထက္ထိကို ကမာၻညိမ္းရဲ႕ကမ္းလွမ္းခ်က္ကိုလက္မခံခ်င္ေသးတာေၾကာင့္ ေတာ္ေတာ္ေလးေတာ့ အႀကံအိုက္ေနမိသည္။

" dad … "

အခုမွပဲ ကမာၻညိမ္းနားေျပးကပ္ၿပီးခြၽဲလာတဲ့အိတိုးေလး။

"dad … ဒါေတြအကုန္စားလိုရတာလား"

အိတိုေလးက စားပြဲကို ေျခဖ်ားေလးေထာက္ကာ ေငးႀကည့္ရင္း လက္ညိဳးထိုးျပျပီး ေမးလာသည္။

"ဗိုက္ဆန႔္တဲ့ အထိစားလို႔ရတယ္"

"ဒါေတြ အားလုံး ကုန္ေကာ ကုန္ပါ့မလား"

ေကာင္းျမတ္လြန္းက စားပြဲအျပည့္ေနရာယူထားတဲ့ ပင္လယ္စာမ်ိဳးစုံကိုၾကည့္ရင္းေမးလာသည္။

"ကိုယ္ နည္းနည္းမ်ား ေလာဘႀကီးသြားသလား။"

"ေသခ်ာတာေပါ့။ ေနာက္ဆို ပိုက္ဆံရွိတိုင္းမျဖဳန္းနဲ႕။ စားလို႔ကုန္သြားတာ အေၾကာင္းမဟုတ္ဘူး။ ပစ္လိုက္ရရင္ ႏွေျမွာစရာႀကီး။"

"ဟုတ္ပါၿပီ။ ကိုယ္မွတ္ထားပါ့မယ္။ အခုေတာ့ စားလိုက္ဦး။ ဗိုက္ဆာေနၿပီမဟုတ္လား။"

ေကာင္းျမတ္လြန္း ထိုင္ခုံမွာဝင္ထိုင္လိုက္တာနဲ႕ ေရွ႕ကိုခ်က္ခ်င္းေရာက္လာတဲ့ ပန္းကန္ျပားေလးထဲမွာ ပုဇြန္အခြံႏႊာၿပီးသားနဲ႕ ကဏန္းအသားေခ်ာင္းေတြကအျပည့္။

"အစ္ကိုခြာေပးထားတာလား။ ကြၽန္ေတာ္က ကေလးမွမဟုတ္တာကို။ ေနရာတကာလိုက္ဂရုစိုက္ေပးေနရင္ အက်င့္ပါသြားလိမ့္မယ္။ ကိုယ့္ဘာသာေနတက္သလိုေနပါ။"

ေကာင္းျမတ္လြန္းက ပုစြန္တစ္ေကာင္းကို ပါးစပ္ထဲထည့္ရင္း စူပုပ္ပုပ္ေလးနဲ႕ေျပာလာျပန္သည္။

ကမာၻညိမ္းစိတ္ထဲမွာေတာ့ အိမ္ရွင္မေတြက ဒီလိုပဲ ပြစိပြစိေျပာတက္လားလို႔ ေတြးမိသြားသည္။

ေနာက္မွ ကိုယ့္ဘက္ကိုယ္ရပ္မိတဲ့ သူ႕အေတြး သူ သေဘာက်မိသြားၿပီး ဟန္မေဆာင္နိုင္ေအာင္ရယ္မိလိုက္ေတာ့

"ဘာရယ္တာလဲ။ ကြၽန္ေတာ္ေျပာတာ ဘာရယ္စရာပါသြားလို႔လဲ။"

ကမာၻညိမ္းက ခ်က္ခ်င္းလက္တခါခါျဖင့္

"မဟုတ္ပါဘူး။ ႐ုတ္တရက္ႀကီး လိပ္အေၾကာင္းေတြးမိသြားလို႔ပါ။"

"ဘာလဲ လိပ္ပါစားခ်င္ေသးလို႔လား။ ကြၽန္ေတာ္ေတာ့ မစားရဲဘူးေနာ္။ ၿပီးေတာ့ လိပ္စားရင္ ႏူတက္တယ္လို႔ၾကားဖူးတယ္။"

" dad … မာမားေျပာတာ ဟုတ္လား"

"ဟမ္ .. dad …လည္း ေသခ်ာမသိပါဘူးကြာ"

"ဟင္ ... dad … က ဘာမွလည္းမသိဘူး။ မာမားက မစားဘူးဆို မမွာနဲ႕ေတာ့ေနာ္ သိလား။ မာမားစကားနားေထာင္။ မာမားကသိလိုေျပာတာ။ ဟုတ္တယ္ေနာ္ မာမား။"

႐ုပ္တည္ႀကီးနဲ႕ လက္ညိုးေလးတေထာင္ေထာင္လုပ္ရင္း ေျပာေနတဲ့  အိတိုေလးရဲ႕ပုံစံေၾကာင့္ ေကာင္းျမတ္လြန္းေကာ ကမာၻညိမ္းပါ ၿပဳံးလိုက္မိသည္။

"မာမား ..."

"ဗ်ာ ..."

"အိတိုေလး မာမားဆီလာလို႔ရလား"

"လာပါဗ်ာ"

ေနာက္ဆုံးေတာ့လည္း အိတိုေလးက ထုံးစံအတိုင္း ေကာင္းျမတ္လြန္းရင္ခြင္ထဲပဲ ေရာက္သြားခဲ့ျပန္ပါသည္။

ေကာင္းျမတ္လြန္းက အိတိုးေလးကို ပုစြန္ေတြ ကဏန္းေတြ ဂုံးေကာင္ေလးေတြ နဲ႕ ငါးကင္တို႔ကို အလွည့္က် တူေလးနဲ႕ခြံ႕ေပးေနသလို။ အိတိုေလးရဲ႕ဒယ္ဒီ ဦးကမာၻညိမ္းကလည္း လက္အိတ္ေလးနဲ႕ ပုစြန္ေလးအခြံႏႊာလိုက္ ေကာင္းျမတ္လြန္းပါးစပ္ထဲ ခြံ႔ေပးလိုက္။ တစ္ခါ လြတ္ေနတဲ့ ပန္းကန္ျပားေလးထဲ ထပ္ျဖည့္ေပးလိုက္နဲ့ ေပ်ာ္ေပ်ာ္ႀကီးကို အလုပ္ရႈပ္ေနေတာ့သည္။

"အာ ..."

႐ုတ္တရက္ႀကီး ႏႈတ္ခမ္းနားေရာက္လာတဲ့ တူတစ္စုံ။ အတိအက်ေျပာရရင္ေတာ့ ငါးအသားလႊာကို ညွပ္ထားတဲ့တူတစ္စုံ။

"အခုထိ ပါးစပ္ထဲ တစ္လုပ္မွ မေရာက္ေသးဘူးမဟုတ္လား ကြၽန္ေတာ္ခြံေပးမယ္"

အဲ့ဒီေနာက္မွာေတာ့ လြတ္လြတ္သြားတဲ့ ပန္းကန္ျပားေလးကို ျဖည့္ေပးရတာက ကမာၻညိမ္းအလုပ္ျဖစ္သြားၿပီး။

အေဖတစ္လွည့္ သားတစ္လွည့္ ခြံ႕ေပးရတာကေတာ့ေကာင္းျမတ္လြန္းပင္။ အဲ့လိုဆိုေကာင္းျမတ္လြန္းကို ဘယ္သူကခြံ႕ေကြၽးမွာလဲဆိုတာကေတာ့  ေသခ်ာေပါက္ အိတိုေလးပင္ျဖစ္သည္။

စားေသာက္ၿပီးသြားေတာ့ ဖရဲသီးတစ္ေယာက္တစ္စိတ္ဆီကိုင္ထားရင္း တီဗြီက လာတဲ့ သီခ်င္းဆိုၿပိဳင္ပြဲကို ၾကည့္ေနခဲ့ၾကသည္။

အိတိုေလးႏႈတ္ခမ္းေထာင့္က စီးစီးက်လာတဲ့ အရည္ေတြကိုေတာ့ ေကာင္းျမတ္လြန္းကပဲ ဒိုင္ခံသုတ္ေပးေနသည္။

"တကယ္ေတာ့ ေအာက္ဆုံးထပ္မွာ စားေသာက္ဆိုင္ရွိတယ္။ အခန္းထဲမွာဆို ပိုလြတ္လပ္မလားဆိုၿပီး အဲ့ကိုေခၚမသြားပဲ အခန္းထဲကိုပဲ မွာလိုက္ေတာ့တာ။"

"အဲ့တာအေကာင္းဆုံးပဲ။ မဟုတ္ရင္ ကြၽန္ေတာ္ ဂါဝန္ဝတ္ၿပီး ကဏန္းစားရေတာ့မွာ။ အဲ့တာဆိုေတာ္ေတာ္ေလးၾကည့္ရဆိုးမွာ။ အဲတာထက္ အဲ့ဒီဂါဝန္က်ပ္က်ပ္ေလးေတြေၾကာင့္ ကြၽန႔္ေတာ့ဗိုက္က လူအထင္မွားစရာေကာင္းေအာင္ကို ပူထြက္လာမွာေသခ်ာတယ္။ အခုေတာင္ၾကည့္ပါလား။"

ေကာင္းျမတ္လြန္းက ရွပ္အကၤ်ီေအာက္က သူ႕ဗိုက္လုံးလုံးေလးကို ပြတ္ျပရင္းေျပာလာသည္။

တကယ္ကိုပဲ ေကာင္းျမတ္လြန္းခင္ဗ်ာ အိတိုေလတို႕အိမ္ စေရာက္ကတည္းက ေလ့က်င့္ခန္းလည္းမလုပ္ျဖစ္ေတာ့ပဲ အားရွိတဲ့ အစားအစာေတြႀကီးပဲ ေန႕ေကာ ညေကာ စားေနရတာေႀကာင့္ ဝမ္းဗိုက္ႀကြက္သားညီအစ္ကိုေျခာက္ေယာက္လံုး  တာတာ့ျပျပီးထြက္ေျပးသြားခဲ့တာႀကာေပါ့။ လက္ေမာင္းက ႀကက္ဥလံုးေတြကလည္း အိမ္ေျမာင္ဥသာသာက်န္ေတာ့သည္။

"မာမား ... အိတိုကိုလည္းၾကည့္"

အိတိုေလးက မတ္တက္ထရပ္လိုက္ၿပီး အကၤ်ီစကိုလွန္ကာ လုံးဝန္းၿပီးပူထြက္ေနတဲ့ ဗိုက္ကားကားေလးကို ဂုဏ္ယူဝင္ႂကြားစြာနဲ႕ထုတ္ႂကြားလာသည္။

"ဟား ... ဟား ... အိတို ဗိုက္ႀကီးေပါက္ထြက္သြားရင္ေတာ့ ဒုကၡပဲ"

ေကာင္းျမတ္လြန္း ရဲ႕ ဘာရယ္မဟုတ္ စေနာက္လိုက္တဲ့ စကားေၾကာင့္ မ်က္လုံးေလးေတြဝိုင္းစက္သြားတဲ့ အိတိုေလးက ခဏလည္းၾကာေကာ အသက္ရႉသံေလးေတြျပင္းလားၿပီး မ်က္ႏွာေလးပါ မဲ့က်လာကာ

"မာမား ... အိတိုေလးကို ကယ္ပါဦး။ dad … အိတိုေလး ဗိုက္ေပါက္ထြက္သြားေတာ့မွာလားဟင္။"

"ခဏေနလာက္ဆို ေပါက္ေတာ့မယ္ ထင္တယ္"

ကမာၻညိမ္းရဲ႕ ထပ္မံစေနာက္မႈေၾကာင့္ အိတိုေလးခင္ဗ်ာ မ်က္ရည္ေပါက္ေပါက္က်သည္အထိငိုပါေတာ့သည္။

ေကာင္းျမတ္လြန္းတစ္ေယာက္ ကမာၻညိမ္းေပါင္ကို ျဖန္းခနဲျမည္ေအာင္း လွမ္းရိုက္လိုက္ၿပီး တစ္ဖန္ အိတိုေလးဘက္လွည့္ကာ မ်က္ရည္ေတြသုတ္ေပးရင္

"အိတို ... dad … က စေနတာ တကယ္မေပါက္ပါဘူး။"

" dad … မာမားေျပာတာဟုတ္လား"

ရွိုက္သံတစ္ဝက္နဲ႕ ေမးလာတဲ့ အိတိုေလးကို ခ်စ္စနိုးနဲ႕ၾကည့္ရင္း ဘာမွျပန္မေျဖမိေတာ့

"ျဖန္း ..."

"အ ...."

ေနာက္တစ္ႀကိမ္းအရိုက္ခံလိုက္ရျပန္တဲ့ ကမာၻညိမ္းရဲ႕ေပါင္သားေလးက ေဘာင္းဘီစ အခံလြတ္ေနတာေၾကာင့္ နီရဲတက္လာေတာ့သည္။

နာက်င္သြားေပမယ့္လည္း မဆူရက္ ၿပဳံးၿပဳံးႀကီးသာၿငိမ္ခံေနမိသည္။

"စားေနရင္းငိုရင္ အစာမေၾကျဖစ္တက္တယ္ဗ်။ တကယ္ပဲ။"

"ဟုတ္ပါၿပီ။ ကိုယ္မွားသြားတယ္။
အိတိုေလး … dad … က စလိုက္တာပါ dad …ကို ခြင့္လြတ္ေပးေနာ္"

" dad … မေကာင္းဘူး။ မာမား ... ။ dad … ကို မ်ားမ်ားေလးရိုက္ေပးပါ။"

အိတိုေလး က ေကာင္းျမတ္လြန္းလည္တိုင္ကို ဖက္ၿပီး တိုင္တန္းေလေတာ့ ေကာင္းျမတ္လြန္းရဲ႕ စူပုပ္ေနတဲ့မ်က္ႏွာေလးက ၿပဳံးေယာင္သန္းလာေတာ့သည္။

"ေကာင္းျမတ္လြန္း ..."

"ဗ်ာ ..."

"ကိုယ့္ကို အလုပ္ရွင္မွန္းေကာ သတိရေသးရဲ႕လား"

ကမာၻညိမ္းက သူ႕ရဲ႕နီရဲတက္လာတဲ့ေပါင္သားေတြကို မ်က္စပစ္ျပရင္းေမးလိုက္သည္။

အနည္းငယ္ ပ်ာသြားပုံရေသာ္လည္း ခ်က္ခ်င္းကို ကိုယ္ဟန္ဖို႔ကာ

"အဟမ္း .. အခုက အလုပ္ခ်ိန္ျပင္ပေလ ၿပီးေတာ့ အခု ကြၽန္ေတာ္က အိတိုေလးရဲမာမား"

"ဟုတ္ပါၿပီဗ်ာ ...။ စကားတက္ေလးေတြကို ကိုယ္ေတာ့ဘယ္လိုမွကို မနိုင္နိုင္ေတာ့ပါဘူး။"

"ဒါနဲ႕ ..။ အရမ္းနာသြားလား …။ ေဆာရီးပါဗ်ာ။"

"ရပါတယ္"

"လစာေတာ ့မေလွ်ာ့ဘူး မဟုတ္လား"

"အခုက ကိုယ့္ကို စိုးရိမ္လို႔မဟုတ္ပဲ လစာအတြက္စိတ္ပူၿပီးေမးေနတာေပါ့။"

"အဲ့လိုလည္းမဟုတ္ပါဘူးဗ်ာ။ ကြၽန္ေတာ္ေယာင္သြားလို႔ရိုက္မိတာပါ။ တမင္ နာေစခ်င္လို႔ လုပ္တာမဟုတ္ပါဘူး။"

မ်က္ႏွာငယ္ေလးနဲ႔ ေျပာလာတဲ့ ေကာင္းျမတ္လြန္းကို ႀကည့္ျပီး အိတိုေလးက

" dad … မာမားကို မစပါနဲ႕ မာမားငိုသြားရင္ဘယ္လိုလုပ္မလဲ" လို႔ ေမးလာေတာ့ …

"ေခ်ာ့မွာေပါ့ဗ်ာ ေက်နပ္တဲ့အထိ အရိုက္ခံရင္ကို ေခ်ာ့ေပးမွာဗ်ာ"

"ဟြန႔္ အိတိုေလးကို က် အဲ့လိုလည္း မေခ်ာ့ဘူး"

T.B.C🐻

(အားလံုးပဲေကာင္းေသာညပါ 😘။ သတင္းေကာင္းပါးခ်င္တာက ဒါဒါေတြ ပ်င္းေနမွာဆိုးလို႕ ေနာက္တစ္ပိုင္းကနည္းနည္းခါးမယ္ထင္တယ္ဗ်။ 😁)

11:27PM(Sun)
23.01.2022
G14

အိတို🐻13
Unicode

“အိတို … ကောင်းမြတ်လွန်း …”

နှစ်နှစ်ခြိုက်ခြိုင်အိပ်ပျော်နေကြတဲ့ ကလေးတွေ လန့်နိုးသွားမှာဆိုးလို့ အသံတိုးတိုးနဲ့ ခေါ်နှိုးနေတဲ့ ကမ္ဘာညိမ်းက တကယ်ကို နူးညံ့နေလေသည်။

အိတိုလေးက အရင် အင်းအဲအသံပေးပြီး ခေါင်းလေးမော့လာသည်။

သို့သော် ကောင်းမြတ်လွန်းရဲ့ လက်မောင်းနဲ့ ပွေ့ဖက်ထားခြင်းခံရတဲ့ အိတိုလေးက မျက်လုံးလေးပြန်မှိတ်ကာ ကောင်းမြတ်လွန်း ရင်ဘက်ပေါ်မေးလေးတင်ပြီးပြန်မှေးနေပြန်သည်။

“အိတို …”

အိတိုလေးရဲ့ ပါးလုံးကြီးနှစ်ဖက်ကို ညှစ်ပြီး ထပ်နှိုးလိုက်တဲ့ ကမ္ဘာညိမ်းကြောင့် အိတိုလေးတစ်ယောက် နှုတ်ခမ်းများစူထွက်လာပြီး ဘေးနားက သူ့ဒယ်ဒီကို အိပ်ချင်မူတူရုပ်လေးနဲ့လှမ်းကြည့်တော့သည်။

“အိတို … ပုစွန်ကင်စားကြမယ်လေ ထတော့နော်”

“ဟုတ်ကဲ့ … အဲ့တာဆို အိတိုလေး မာမားကိုပါနှိုးလိုက်တော့မယ်နော်”

“ကောင်းပါပြီဗျာ"

"မာမား..."

အိတိုလေးက သူ့ဒယ်ဒီ သူ့ကိုနှိုးတဲ့အတိုင်းလေးသံဖျော့ဖျော့လေးနဲ့ နှိုးလိုက်သည်။

" မာမားရေ ... မွ ..."

အိတိုလေးက ကောင်းမြတ်လွန်းပါးကို နမ်းရင်း ထပ်ခေါ်နှိုးလိုက်သည်။

"မာမား ... ပုစွန်စားကြမယ်လေ ထပါတော့လို့ မွ..."

ကောင်းမြတ်လွန်းနဖူးကို ထပ်နမ်းလိုက်တဲ့ အိတိုလေး။

"မာမား ... မာမားရေအိတိုလေးဗိုက်ဆာနေပါပြီလို့ .. ပြွတ်(စ်)"

ဒီတစ်ခါတော့ ကောင်းမြတ်လွန်း နှုတ်ခမ်းလေးကိုပါ ပြွတ်(စ်) ခနဲမြည်အောင် နမ်းလိုက်တဲ့ အိတိုလေး။

အိပ်ချင်ယောင်ဆောင်နေတဲ့ ကောင်းမြတ်လွန်းက အိတိုလေး သူ့နှုတ်ခမ်းကိုလည်း လာနမ်းကော ရုတ်တရက်မျက်လုံးဖွင့်ကာ အိတိုလေးကို ဖက်ပြီး ပါးတွေကို တရွတ်ရွတ်နမ်းတော့သည်။

နမ်းနေရင်းနဲ့ပဲ

"အနမ်းသူခိုးလေးပါလား ...  ဟမ် ... ကောင်မလေးတွေတောင် မနမ်းရသေးတဲ့ နှုတ်ခမ်းလေးကိုကွာ ..." လို့ပြောလိုက်တော့

မဆီမဆိုင် ကြားထဲက ပြုံးသွားတဲ့ သူက ကမ္ဘာညိမ်းပင်။

"မာမားကလည်း ချစ်လို့ဟာကို"

"ချစ်ရင် နမ်းရတယ်ပေါ့ ဟုတ်လား"

ကောင်းမြတ်လွန်းက အိတိုလေးကို အလွတ်မပေးပဲချုပ်ထားပြီး လည်ပင်းတွေကိုပါနမ်းတော့သည်။

"အား ... မာမား ယားတယ် ခစ်ခစ်"

"ယားတယ်လား ... အဲ့တာဆို မာမားက ဟောဒီနေရာလေးကို ပြောင်းနမ်းမယ်ကွာ"

ကောင်းမြတ်လွန်းက အိတိုးလေ ဗိုက်ကိုပါ နမ်းသလိုလိုလုပ်ပြီး ဘူးမှုတ်နေတာကြောင့် အိတိုလေးခင်ဗျာ ယားလွန်းလို့တွန့်တွန့်လူးနေလေသည်။

" dad … အိတိုလေးကို ကယ်ပါဦး ... ခစ်ခစ် .. အား ... မာမား ... ယားတယ်"

အခုဆို အိတိုလေးကော ကောင်းမြတ်လွန်းပါ မျက်လုံးကောင်းကောင်းပွင့်သွားကြပြီဖြစ်သည်။

အားရပါးရအိပ်ထားတာကြောင့် မို့အစ်နေတဲ့ မျက်နှာလေးတွေကတောင် ချစ်စရာကောင်းစွာနဲ့လန်းဆန်းနေခဲ့သည်။

"သေချာနိုးသွားပြီလား ဝက်ဝံပေါက်လေး"

"ဟီး ..နိုးသွားပြီ"

တကယ်တော့ ကမ္ဘာညိမ်းနှိုးကတည်းက ကောင်းမြတ်လွန်းနိုးနေခဲ့ခြင်းဖြစ်သည်။

သို့သော် သူထလိုက်လျှင် ဝက်ဝံပေါက်လေး အိတိုလန့်နိုးသွားမှာဆိုးလို့သာ ငြိမ်နေခဲ့ခြင်းပင်။

အိပ်ချင်မူတူးနဲ့ ချစ်စရာကောင်းအောင် နှိုးနေတဲ့ အိတိုလေးကို အသည်းယားပြီး စချင်လာတာကြောင့် စိတ်လွတ်ကိုယ်လွတ်ကိုပဲ စနောက်ခဲ့မိသည်။

စတွေ့ခါစက အာဘွားလေးပေးဖို့တောင် တော်တော်လေးကြိုးစားယူခဲ့ရသော်လည်း အခုများတော့ အိတိုလေးက သူ့ညီလေးလို သူငယ်ချင်းလေးလိုပင်ဖြစ်နေပြီဖြစ်တာကြောင့် ဆက်ဆံရေးတွေက အခုမျှလောက်ထိနွေးထွေးပွင့်လင်းလာခဲ့ခြင်းဖြစ်သည်။

ကောင်းမြတ်လွန်းလို မေတ္တာငတ်ခဲ့ရတဲ့ သူတစ်ယောက်အတွက် အိတိုလေးနဲ့ အိတိုလေးရဲ့ဒယ်ဒီ တို့ရဲ့ ဂရူစိုက်မှုတွေနဲ့အသားကျဖို့ခက်ခဲခဲ့ပေမယ့် အခုတော့ သဘာဝကျကျပဲ သဟဇာတဖြစ်အောင် နေတက်ခဲ့ပြီး ရင်းနှီးမှုတွေလည်း ပိုခဲ့ရလေပြီ။

အိတိုလေးနဲ့ ကောင်းမြတ်လွန်းတို့ သန့်စင်ခန်းဝင်ပြီး ပြန်ထွက်လာတော့ စားသောက်ဖွယ်ရာမျိုးစုံက အဆင်သင့်စောင့်ကြိုနေလေသည်။

တကယ်တော့ အခုနောက်ပိုင်း အိတိုလေးက ကမ္ဘာညိမ်းထက်စာရင် ကောင်းမြတ်လွန်းနဲ့ ပို အနေများ လာတာကြောင့် အိတိုလေးရဲ့ ဝေယျာဝစ္စတွေကအစ ကမ္ဘာညိမ်းလုပ်ပေးရသည်မှာခပ်ရှားရှားဖြစ်လာသည်။

အခုလို သန့်စင်ခန်းဝင်တဲ့ ကိစ္စမျိုးတောင် ကောင်းမြတ်လွန်းကပဲ လုပ်ကိုင်ပေးတက်သည်။

ဒါပေမယ့် အိတိုလေးရဲ့ မာမားက အခုထက်ထိကို ကမ္ဘာညိမ်းရဲ့ကမ်းလှမ်းချက်ကိုလက်မခံချင်သေးတာကြောင့် တော်တော်လေးတော့ အကြံအိုက်နေမိသည်။

" dad … "

အခုမှပဲ ကမ္ဘာညိမ်းနားပြေးကပ်ပြီးချွဲလာတဲ့အိတိုးလေး။

"dad … ဒါတွေအကုန်စားလိုရတာလား"

အိတိုလေးက စားပွဲကို ခြေဖျားလေးထောက်ကာ ငေးကြည့်ရင်း လက်ညိုးထိုးပြပြီး မေးလာသည်။

"ဗိုက်ဆန့်တဲ့ အထိစားလို့ရတယ်"

"ဒါတွေ အားလုံး ကုန်ကော ကုန်ပါ့မလား"

ကောင်းမြတ်လွန်းက စားပွဲအပြည့်နေရာယူထားတဲ့ ပင်လယ်စာမျိုးစုံကိုကြည့်ရင်းမေးလာသည်။

"ကိုယ် နည်းနည်းများ လောဘကြီးသွားသလား။"

"သေချာတာပေါ့။ နောက်ဆို ပိုက်ဆံရှိတိုင်းမဖြုန်းနဲ့။ စားလို့ကုန်သွားတာ အကြောင်းမဟုတ်ဘူး။ ပစ်လိုက်ရရင် နှမြှောစရာကြီး။"

"ဟုတ်ပါပြီ။ ကိုယ်မှတ်ထားပါ့မယ်။ အခုတော့ စားလိုက်ဦး။ ဗိုက်ဆာနေပြီမဟုတ်လား။"

ကောင်းမြတ်လွန်း ထိုင်ခုံမှာဝင်ထိုင်လိုက်တာနဲ့ ရှေ့ကိုချက်ချင်းရောက်လာတဲ့ ပန်းကန်ပြားလေးထဲမှာ ပုဇွန်အခွံနွှာပြီးသားနဲ့ ကဏန်းအသားချောင်းတွေကအပြည့်။

"အစ်ကိုခွာပေးထားတာလား။ ကျွန်တော်က ကလေးမှမဟုတ်တာကို။ နေရာတကာလိုက်ဂရုစိုက်ပေးနေရင် အကျင့်ပါသွားလိမ့်မယ်။ ကိုယ့်ဘာသာနေတက်သလိုနေပါ။"

ကောင်းမြတ်လွန်းက ပုစွန်တစ်ကောင်းကို ပါးစပ်ထဲထည့်ရင်း စူပုပ်ပုပ်လေးနဲ့ပြောလာပြန်သည်။

ကမ္ဘာညိမ်းစိတ်ထဲမှာတော့ အိမ်ရှင်မတွေက ဒီလိုပဲ ပွစိပွစိပြောတက်လားလို့ တွေးမိသွားသည်။

နောက်မှ ကိုယ့်ဘက်ကိုယ်ရပ်မိတဲ့ သူ့အတွေး သူ သဘောကျမိသွားပြီး ဟန်မဆောင်နိုင်အောင်ရယ်မိလိုက်တော့

"ဘာရယ်တာလဲ။ ကျွန်တော်ပြောတာ ဘာရယ်စရာပါသွားလို့လဲ။"

ကမ္ဘာညိမ်းက ချက်ချင်းလက်တခါခါဖြင့်

"မဟုတ်ပါဘူး။ ရုတ်တရက်ကြီး လိပ်အကြောင်းတွေးမိသွားလို့ပါ။"

"ဘာလဲ လိပ်ပါစားချင်သေးလို့လား။ ကျွန်တော်တော့ မစားရဲဘူးနော်။ ပြီးတော့ လိပ်စားရင် နူတက်တယ်လို့ကြားဖူးတယ်။"

" dad … မာမားပြောတာ ဟုတ်လား"

"ဟမ် .. dad …လည်း သေချာမသိပါဘူးကွာ"

"ဟင် ... dad … က ဘာမှလည်းမသိဘူး။ မာမားက မစားဘူးဆို မမှာနဲ့တော့နော် သိလား။ မာမားစကားနားထောင်။ မာမားကသိလိုပြောတာ။ ဟုတ်တယ်နော် မာမား။"

ရုပ်တည်ကြီးနဲ့ လက်ညိုးလေးတထောင်ထောင်လုပ်ရင်း ပြောနေတဲ့  အိတိုလေးရဲ့ပုံစံကြောင့် ကောင်းမြတ်လွန်းကော ကမ္ဘာညိမ်းပါ ပြုံးလိုက်မိသည်။

"မာမား ..."

"ဗျာ ..."

"အိတိုလေး မာမားဆီလာလို့ရလား"

"လာပါဗျာ"

နောက်ဆုံးတော့လည်း အိတိုလေးက ထုံးစံအတိုင်း ကောင်းမြတ်လွန်းရင်ခွင်ထဲပဲ ရောက်သွားခဲ့ပြန်ပါသည်။

ကောင်းမြတ်လွန်းက အိတိုးလေးကို ပုစွန်တွေ ကဏန်းတွေ ဂုံးကောင်လေးတွေ နဲ့ ငါးကင်တို့ကို အလှည့်ကျ တူလေးနဲ့ခွံ့ပေးနေသလို။ အိတိုလေးရဲ့ဒယ်ဒီ ဦးကမ္ဘာညိမ်းကလည်း လက်အိတ်လေးနဲ့ ပုစွန်လေးအခွံနွှာလိုက် ကောင်းမြတ်လွန်းပါးစပ်ထဲ ခွံ့ပေးလိုက်။ တစ်ခါ လွတ်နေတဲ့ ပန်းကန်ပြားလေးထဲ ထပ်ဖြည့်ပေးလိုက်နဲ့ ပျော်ပျော်ကြီးကို အလုပ်ရှုပ်နေတော့သည်။

"အာ ..."

ရုတ်တရက်ကြီး နှုတ်ခမ်းနားရောက်လာတဲ့ တူတစ်စုံ။ အတိအကျပြောရရင်တော့ ငါးအသားလွှာကို ညှပ်ထားတဲ့တူတစ်စုံ။

"အခုထိ ပါးစပ်ထဲ တစ်လုပ်မှ မရောက်သေးဘူးမဟုတ်လား ကျွန်တော်ခွံပေးမယ်"

အဲ့ဒီနောက်မှာတော့ လွတ်လွတ်သွားတဲ့ ပန်းကန်ပြားလေးကို ဖြည့်ပေးရတာက ကမ္ဘာညိမ်းအလုပ်ဖြစ်သွားပြီး။

အဖေတစ်လှည့် သားတစ်လှည့် ခွံ့ပေးရတာကတော့ကောင်းမြတ်လွန်းပင်။ အဲ့လိုဆိုကောင်းမြတ်လွန်းကို ဘယ်သူကခွံ့ကျွေးမှာလဲဆိုတာကတော့  သေချာပေါက် အိတိုလေးပင်ဖြစ်သည်။

စားသောက်ပြီးသွားတော့ ဖရဲသီးတစ်ယောက်တစ်စိတ်ဆီကိုင်ထားရင်း တီဗွီက လာတဲ့ သီချင်းဆိုပြိုင်ပွဲကို ကြည့်နေခဲ့ကြသည်။

အိတိုလေးနှုတ်ခမ်းထောင့်က စီးစီးကျလာတဲ့ အရည်တွေကိုတော့ ကောင်းမြတ်လွန်းကပဲ ဒိုင်ခံသုတ်ပေးနေသည်။

"တကယ်တော့ အောက်ဆုံးထပ်မှာ စားသောက်ဆိုင်ရှိတယ်။ အခန်းထဲမှာဆို ပိုလွတ်လပ်မလားဆိုပြီး အဲ့ကိုခေါ်မသွားပဲ အခန်းထဲကိုပဲ မှာလိုက်တော့တာ။"

"အဲ့တာအကောင်းဆုံးပဲ။ မဟုတ်ရင် ကျွန်တော် ဂါဝန်ဝတ်ပြီး ကဏန်းစားရတော့မှာ။ အဲ့တာဆိုတော်တော်လေးကြည့်ရဆိုးမှာ။ အဲတာထက် အဲ့ဒီဂါဝန်ကျပ်ကျပ်လေးတွေကြောင့် ကျွန့်တော့ဗိုက်က လူအထင်မှားစရာကောင်းအောင်ကို ပူထွက်လာမှာသေချာတယ်။ အခုတောင်ကြည့်ပါလား။"

ကောင်းမြတ်လွန်းက ရှပ်အင်္ကျီအောက်က သူ့ဗိုက်လုံးလုံးလေးကို ပွတ်ပြရင်းပြောလာသည်။

တကယ်ကိုပဲ ကောင်းမြတ်လွန်းခင်ဗျာ အိတိုလေတို့အိမ် စရောက်ကတည်းက လေ့ကျင့်ခန်းလည်းမလုပ်ဖြစ်တော့ပဲ အားရှိတဲ့ အစားအစာတွေကြီးပဲ နေ့ကော ညကော စားနေရတာကြောင့် ဝမ်းဗိုက်ကြွက်သားညီအစ်ကိုခြောက်ယောက်လုံး  တာတာ့ပြပြီးထွက်ပြေးသွားခဲ့တာကြာပေါ့။ လက်မောင်းက ကြက်ဥလုံးတွေကလည်း အိမ်မြောင်ဥသာသာကျန်တော့သည်။

"မာမား ... အိတိုကိုလည်းကြည့်"

အိတိုလေးက မတ်တက်ထရပ်လိုက်ပြီး အင်္ကျီစကိုလှန်ကာ လုံးဝန်းပြီးပူထွက်နေတဲ့ ဗိုက်ကားကားလေးကို ဂုဏ်ယူဝင်ကြွားစွာနဲ့ထုတ်ကြွားလာသည်။

"ဟား ... ဟား ... အိတို ဗိုက်ကြီးပေါက်ထွက်သွားရင်တော့ ဒုက္ခပဲ"

ကောင်းမြတ်လွန်း ရဲ့ ဘာရယ်မဟုတ် စနောက်လိုက်တဲ့ စကားကြောင့် မျက်လုံးလေးတွေဝိုင်းစက်သွားတဲ့ အိတိုလေးက ခဏလည်းကြာကော အသက်ရှူသံလေးတွေပြင်းလားပြီး မျက်နှာလေးပါ မဲ့ကျလာကာ

"မာမား ... အိတိုလေးကို ကယ်ပါဦး။ dad … အိတိုလေး ဗိုက်ပေါက်ထွက်သွားတော့မှာလားဟင်။"

"ခဏနေလာက်ဆို ပေါက်တော့မယ် ထင်တယ်"

ကမ္ဘာညိမ်းရဲ့ ထပ်မံစနောက်မှုကြောင့် အိတိုလေးခင်ဗျာ မျက်ရည်ပေါက်ပေါက်ကျသည်အထိငိုပါတော့သည်။

ကောင်းမြတ်လွန်းတစ်ယောက် ကမ္ဘာညိမ်းပေါင်ကို ဖြန်းခနဲမြည်အောင်း လှမ်းရိုက်လိုက်ပြီး တစ်ဖန် အိတိုလေးဘက်လှည့်ကာ မျက်ရည်တွေသုတ်ပေးရင်

"အိတို ... dad … က စနေတာ တကယ်မပေါက်ပါဘူး။"

" dad … မာမားပြောတာဟုတ်လား"

ရှိုက်သံတစ်ဝက်နဲ့ မေးလာတဲ့ အိတိုလေးကို ချစ်စနိုးနဲ့ကြည့်ရင်း ဘာမှပြန်မဖြေမိတော့

"ဖြန်း ..."

"အ ...."

နောက်တစ်ကြိမ်းအရိုက်ခံလိုက်ရပြန်တဲ့ ကမ္ဘာညိမ်းရဲ့ပေါင်သားလေးက ဘောင်းဘီစ အခံလွတ်နေတာကြောင့် နီရဲတက်လာတော့သည်။

နာကျင်သွားပေမယ့်လည်း မဆူရက် ပြုံးပြုံးကြီးသာငြိမ်ခံနေမိသည်။

"စားနေရင်းငိုရင် အစာမကြေဖြစ်တက်တယ်ဗျ။ တကယ်ပဲ။"

"ဟုတ်ပါပြီ။ ကိုယ်မှားသွားတယ်။
အိတိုလေး … dad … က စလိုက်တာပါ dad …ကို ခွင့်လွတ်ပေးနော်"

" dad … မကောင်းဘူး။ မာမား ... ။ dad … ကို များများလေးရိုက်ပေးပါ။"

အိတိုလေး က ကောင်းမြတ်လွန်းလည်တိုင်ကို ဖက်ပြီး တိုင်တန်းလေတော့ ကောင်းမြတ်လွန်းရဲ့ စူပုပ်နေတဲ့မျက်နှာလေးက ပြုံးယောင်သန်းလာတော့သည်။

"ကောင်းမြတ်လွန်း ..."

"ဗျာ ..."

"ကိုယ့်ကို အလုပ်ရှင်မှန်းကော သတိရသေးရဲ့လား"

ကမ္ဘာညိမ်းက သူ့ရဲ့နီရဲတက်လာတဲ့ပေါင်သားတွေကို မျက်စပစ်ပြရင်းမေးလိုက်သည်။

အနည်းငယ် ပျာသွားပုံရသော်လည်း ချက်ချင်းကို ကိုယ်ဟန်ဖို့ကာ

"အဟမ်း .. အခုက အလုပ်ချိန်ပြင်ပလေ ပြီးတော့ အခု ကျွန်တော်က အိတိုလေးရဲမာမား"

"ဟုတ်ပါပြီဗျာ ...။ စကားတက်လေးတွေကို ကိုယ်တော့ဘယ်လိုမှကို မနိုင်နိုင်တော့ပါဘူး။"

"ဒါနဲ့ ..။ အရမ်းနာသွားလား …။ ဆောရီးပါဗျာ။"

"ရပါတယ်"

"လစာတော့ မလျှော့ဘူး မဟုတ်လား"

"အခုက ကိုယ့်ကို စိုးရိမ်လို့မဟုတ်ပဲ လစာအတွက်စိတ်ပူပြီးမေးနေတာပေါ့။"

"အဲ့လိုလည်းမဟုတ်ပါဘူးဗျာ။ ကျွန်တော်ယောင်သွားလို့ရိုက်မိတာပါ။ တမင် နာစေချင်လို့ လုပ်တာမဟုတ်ပါဘူး။"

မျက်နှာငယ်လေးနဲ့ ပြောလာတဲ့ ကောင်းမြတ်လွန်းကို ကြည့်ပြီး အိတိုလေးက

" dad … မာမားကို မစပါနဲ့ မာမားငိုသွားရင်ဘယ်လိုလုပ်မလဲ" လို့ မေးလာတော့ …

"ချော့မှာပေါ့ဗျာ ကျေနပ်တဲ့အထိ အရိုက်ခံရင်ကို ချော့ပေးမှာဗျာ"

"ဟွန့် အိတိုလေးကို ကျ အဲ့လိုလည်း မချော့ဘူး"

T.B.C🐻

(အားလုံးပဲကောင်းသောညပါ 😘။ သတင်းကောင်းပါးချင်တာက ဒါဒါတွေ ပျင်းနေမှာဆိုးလို့ နောက်တစ်ပိုင်းကနည်းနည်းခါးမယ်ထင်တယ်ဗျ။ 😁)

11:27PM(Sun)
23.01.2022
G14

© G Fourteen,
книга «အိတိုေလးရဲ႕မာမား အိတိုလေးရဲ့မာမား».
အိတို (၁၄)
Коментарі