အိတို
အိတို (၀၁)
အိတို (၀၂)
အိတို (၀၃)
အိတို (၀၄)
အိတို (၀၅)
အိတို (၀၆)
အိတို (၀၇)
အိတို (၀၈)
အိတို (၀၉)
အိတို (၁၀)
အိတို (၁၁)
အိတို (၁၂)
အိတို (၁၃)
အိတို (၁၄)
အိတို (၁၅)
အိတို (၁၆)
အိတို (၁၇)
အိတို (၁၈)
အိတို (၁၉)
အိတို (၂၀)
အိတို (၂၁)
အိတို (၂၂)
အိတို (၂၃)
အိတို (၂၄)
အိတို (၂၅)
အိတို (၂၆)
အိတို (၂၇)
အိတို (၂၈)
အိတို (၂၉)
အိတို (၃၀)
အိတို (၃၁)
အိတို (ဇာတ္သိမ္း)
အိတို (၁၈)
အိတိုေလးရဲ႕မာမား🐻 အခန္း (၁၈)

Zawgyi

ကမ္းေျခကေန ညေန ငါးနာရီေလာက္က ထြက္လာၾကတာေၾကာင့္ အိမ္ကို ျပန္ေရာက္လာေတာ့ အခ်ိန္က ညဆယ့္တစ္နာရီပင္ထိုးေနၿပီျဖစ္သည္။

အိမ္ေရွ႕မွာကားကိုရပ္လိုက္ၿပီး နေဘးကိုတစ္ခ်က္ၾကည့္ေတာ့ အိပ္ေမာၾကေနၾကတဲ့ ဝက္ဝံေပါက္ေလးေတြကိုေတြ႕လိုက္ရသည္။

အိတိုေလးက ေကာင္းျမတ္လြန္းရဲ႕ ကိုယ္ေပၚမွာ ဖားျပဳပ္ေလးကပ္သလို ေမွာက္ခုံေလး ေမွာက္ၿပီးအိပ္ေနသလို ေကာင္းျမတ္လြန္းကလည္း အိတိုေလးေက်ာျပင္ကိုဖက္ထားၿပီး အိပ္ေပ်ာ္ေနသည္။

ထိုင္ခုံေက်ာမွီကို ေနာက္သို႔ ေလွ်ာခ်ထားတာေၾကာင့္ အိပ္ေနတဲ့ပုံက သက္ေသာင့္ သက္သာရွိသည္ဟုထင္ရေသာ္လည္း ေကာင္းျမတ္လြန္းတစ္ေယာက္ ေညာင္းညာ ေနမွာျဖစ္သည္။

အိတိုေလးက ေလးႏွစ္ျပည့္ခါနီး ကေလးျဖစ္သလို ဒီရက္ပိုင္းေလး အတြင္းမွာကို သိသိသာသာႀကီးကို ထြားလာၿပီး အရပ္ပါထြက္လာတာေၾကာင့္ အခ်ိန္ျပည့္ မၿငီးမျငဴ ခ်ီထားတက္တဲ့ ေကာင္းျမတ္လြန္းက ပါးစပ္ကမေျပာပင္မဲ့ ပင္ပန္းေနမွာေသခ်ာသည္။

“ကိုကိုႀကီး”

ကမာၻညိမ္းသည္ ဝက္ဝံေပါက္ေလးေတြကို အခ်ိန္အေတာ္ၾကာေအာင္ေငးၾကည့္ေနရာက ထူးထူးေခၚသံေၾကာင့္သတိျပန္ဝင္လာခဲ့သည္။

ကမာၻညိမ္း ကားေပၚကဆင္းၿပီး တံခါးကို အသံမျမည္ေအာင္ အသာထိန္း၍ ျပန္ပိတ္လိုက္သည္။

ၿခံေစာင့္ဦးေလးႀကီးနဲ႕ ေထြးေထြးက အထုပ္အပိုးေတြကို ကားေနာက္ခန္းထဲကယူၿပီး ေအာက္ကိုခ်ေနၾကသည္။

ကမာၻညိမ္းက အိတိုေလးတို႔ဘက္အျခမ္းသို႔သြားကာ ကားတံခါးကိုအသာဖြင့္လိုက္သည္။

ထို႔ေနာက္ အိတိုေလးကို ဖက္ထားတဲ့ ေကာင္းျမတ္လြန္းရဲ႕လက္ေတြကို အသာဖယ္ဖို႔ႀကိဳးစားသည္။ အိတိုေလးကို ပိုမိုတင္းက်ပ္စြာဖက္လာတဲ့ ေကာင္းျမတ္လြန္းေၾကာင့္ ကမာၻညိမ္းက ေကာင္းျမတ္လြန္းလက္ခုံေလးကိုအသာပြတ္သတ္ၿပီး ေခ်ာ့ျမဴလိုက္သည္။

အဲ့ေတာ့မွ အေက်ာေတြေျပေလွ်ာ့သြားတဲ့ ေကာင္းျမတ္လြန္းရဲ႕လက္ေတြကို အိတိုေလးေက်ာေပၚကေန အသာေလးဖယ္ခြာလိုက္သည္။

ထိုမွတစ္ဆင့္ အိတိုေလး ခ်ိဳင္းေအာက္ကေန လက္လွ်ိုဝင္ၿပီး အိတိုေလးကို မခ်ီလိုက္သည္။ ဒါေတာင္ အိတိုေလးက ေကာင္းျမတ္လြန္း အကၤ်ီစကို သူ႕လက္ေသးေသးေလးနဲ႕ က်စ္ေနေအာင္ဆုပ္ကိုင္ထားတာေၾကာင့္ မနည္းျဖည္ေပးလိုက္ရေသးသည္။

ကမာၻညိမ္းက လက္ေပၚပါလားတဲ့အိတိုေလးကို ထူးထူးလက္ထဲထည့္ေပးလိုက္သည္။

ထူးထူးက အိတိုေလးကို ကမာၻညိမ္းလက္ထဲမွာ လက္ေျပာင္ခ်ီၿပီး အိတိုေလးအခန္းဆီသို႔ထြက္သြားသည္။

ကားထဲမွာေတာ့ အိပ္ေမာက်ေနတဲ့ ေကာင္းျမတ္လြန္းသာက်န္ေနခဲ့သည္။

ဟူဒီအေႏြးထည္ေခါင္းစြပ္ေလးကိုေခါင္းမွာစြပ္ထားတဲ့အျပင္ လည္ပင္းကႀကိဳးကို ခပ္တင္းတင္းစုခ်ီထားေသးတာမို႔ ေကာင္းျမတ္လြန္းမ်က္ႏွာေလးက အႏွီးထုပ္ထားတဲ့ကေလးမ်က္ႏွာေလးလိုျဖစ္ေနသည္။

ေကာင္းျမတ္လြန္းရဲ႕ အဲ့လိုပုံစံေလးကိုၾကည့္ၿပီး ကမာၻညိမ္းက မခ်ိတင္ကဲေရ႐ြတ္လိုက္သည္။

“အခ်စ္ေလးက ခ်စ္စရာေကာင္းတာလား ေခ်ာတာလား ကိုယ္သိပ္ၿပီး မသဲကြဲေတာ့ဘူး”

စေတြ႕တဲ့ေန႕က စိတ္ရႈပ္ေနပုံရတဲ့ခပ္မိုက္မိုက္ေကာင္ေလး ေကာင္းျမတ္လြန္းက ေခ်ာေမာလြန္းၿပီး စြဲေဆာင္မႈရွိတဲ့ေကာင္ေလးပါလားလို႕ မွတ္ခ်က္ေပးခဲ့မိေပမဲ့ ကမာၻညိမ္းတို႔ အိမ္ကို ေရာက္လာၿပီးေနာက္ အိတိုေလးနဲ႕အတူရွိေနေပးတဲ့ ေကာင္းျမတ္လြန္းက ၾကည့္ေလ ခ်စ္စရာေကာင္းေလျဖစ္လာသည္။

ကမာၻညိမ္းက ေကာင္းျမတ္လြန္းအေၾကာင္းေတြးၿပီး ခဏတာျပန႔္လြင့္သြားတဲ့ သူ႕အေတြးေတြကို ျပန္စုစည္းလိုက္ၿပီး ကားထဲမွာအိပ္ေပ်ာ္ေနတဲ့ ေကာင္းျမတ္လြန္းကို ေပြ႕ခ်ီလိုက္သည္။

“ကားကို ဂိုေဒါင္ထဲ ဦးပိုးတီပဲ ေ႐ြ႕လိုက္ေတာ့”

“ဟုတ္ကဲ့ပါ ေမာင္ကမာၻညိမ္း”

ဦးပိုးတီကိုမွာၿပီးတာနဲ႕ ကမာၻညိမ္းက ေကာင္းျမတ္လြန္းကိုေပြ႕ခ်ီၿပီး အိမ္ထဲဝင္သြားသည္။

စပ္စပ္စုစုလွ်ပ္ျပာမေလး ေထြးေထြးက ကမာၻညိမ္းတို႔ကို မ်က္စိတဆံုးလိုက္ေငးၾကည့္ၿပီးေနာက္ ေဘးက ဦးပိုးတီကို လက္လွမ္းတို႔ၿပီး

“ဦးပိုးတီ … ကိုကိုႀကီးက အိတိုေလးရဲ႕မာမားကိုလည္း ေမြးစားေတာ့မွာလားမသိဘူး”

“ဟဲ့ေကာင္မေလး နင္ဟာေလ ေပါက္ကေတြပဲေတြးေနတယ္”

ဦးပိုးတီက ဆူေနရင္းနဲ႕ ေထြးေထြးနဖူးကို လက္ဆစ္နဲ႕လွမ္းေခါက္လိုက္သည္။

ေထြးေထြးကေတာ့ နာသြားတဲ့နဖူးကို လက္ေလးနဲ႕ပြတ္ရင္း ႏႈတ္ခမ္းႀကီးတစ္ေတာင္ေလာက္စူကာ မေက်မနပ္ ထပ္ေျပာလာျပန္သည္။

“ေထြးေထြးျမင္ေနတာကိုေျပာတာပါေနာ္။ ေထြးေထြးေတာင္ ငါးႏွစ္သမီးေနာက္ပိုင္းကတည္းက အခ်ီမခံရေတာ့ဘူး။ အခုေတာ့ၾကည့္ပါဦး ကိုကိုႀကီးက အိတိုေလးမာမားကို ခ်ီထားလိုက္တာမ်ား လသားကေလးေလးက်လိဳ႕  ဦးပိုးတီမယုံရင္ေစာင့္ၾကည့္ေန ကိုကိုႀကီးက အိတိုေလးမာမားကို ေမြးစားေတာ့မွာ ဟြန႔္ … ဘာမွလည္းမသိပဲနဲ႕”

ေထြးေထြးတစ္ေယာက္ စိတ္ေကာက္ၿပီး အထုပ္ႀကီးႏွစ္ထုပ္ကို အားႀကီးနဲ႕စြဲကာ အိပ္ထဲဝင္သြားသည္။ ပါးစပ္ကလည္းပြစိပြစိလုပ္သြားေလသည္။

“ဟြန႔္ ေထြးေထြးတို႔က ကိုကိုႀကီး အိတိုေလးမာမားကို ခိုးခိုးနမ္းေနတာကို အၿမဲခိုးၾကည့္ေနၾကပါေနာ္ .. ဟြန႔္ … အိတိုေလးမာမား ဧည့္ခန္းထဲအိပ္ေပ်ာ္သြားတိုင္း ကိုကိုႀကီးက နဖူးကိုတစ္ခ်က္နမ္းလိုက္ ပါးေလးကို တစ္ခ်က္နမ္းလိုက္ အဲ့လိုေလးၾကင္ၾကင္နာနာေလးနမ္းၿပီးမွ ခ်ီၿပီး အခန္းထဲကို ခ်ီသြားေနၾက ဘာမွလည္းမသိပဲနဲ႕”

ေဒါက္ …

“အ …”

“ဘာေတြပြစိပြစိလုပ္ေနတာလဲ လုပ္စရာရွိတာလုပ္ ညဉ့္နက္ေနၿပီ”

“မမထူးထူးကလည္း ေစာနေလးတင္း ဦးပိုးတီက ေခါက္ထားေသးတာကို ထပ္ေခါက္တယ္ ေထြးေထြးက ဉာဏ္မေကာင္းပါဘူးဆိုမွပဲ”

“တယ္…. ဒီေကာင္မေလးေျပာေနရင္းကို လွ်ာကရွည္တယ္”

ေနာက္တစ္ႀကိမ္ ေျမာက္တက္လာတဲ့ ထူးထူးလက္ေလးကို ျမင္ေတာ့မွ ေထြးေထြးတစ္ေယာက္ ပါးစပ္ေလးစိၿပီး လစ္ေျပးေတာ့သည္။

ပင္လယ္ကမ္းေျခက ျပန္ေရာက္လာၿပီးေနာက္ပိုင္းမွာ ေကာင္းျမတ္လြန္းက ပုံးမွန္ေန႕ရက္ေတြအတိုင္း အိတိုေလးတို႔သားအဖနဲ႕ အတူ ႐ုံးတက္တယ္။ အလုပ္လုပ္တယ္။ ေန႕လည္စာကို အိတိုေလးနဲ႕အတူစားတယ္။ တစ္ခါတစ္ေလ ပေရာပရည္လာလုပ္တဲ့ ေကာင္းမေလးေတြကို ရွက္ၿပဳံးေလးနဲ႕ ဝတ္ေက်တန္းေက်လက္ခံစကားေျပာေပးၿပီး ႐ုံးဆင္းခ်ိန္ေရာက္ရင္ေတာ့ အိတိုေလးတို႔နဲ႕အတူ အိပ္ကိုျပန္တယ္။

အိမ္ေရာက္ရင္လည္း အိတိုေလးတို႔နဲ႕အတူ ညစာစား တီဗီအတူၾကည့္ရင္ၾကည့္ မၾကည့္ရင္ ဂိမ္းကစားသည္။

အိပ္ခါနီး  ႏြားနို႔တစ္ခြက္ေသာက္ၿပီးရင္ေတာ့ အိပ္ရာဝင္လိုက္တာမ်ားသည္။ ေဘာလုံးပြဲၾကည့္တဲ့ညမ်ိဳးဆိုရင္ေတာ့ အလုပ္ပင္ပန္းထားတဲ့ အရွိန္ေၾကာင့္ပြဲၿပီးတဲ့အထိ မၾကည့္နိုင္ပဲ အိပ္ေပ်ာ္သြားတာကမ်ားသည္။

အဲ့လိုညမ်ိဳးဆို ဆိုဖာခုံေပၚအိပ္ေပ်ာ္ေနရာက မနက္မိုးလင္းလို႔ မ်က္လုံးဖြင့္လိုက္တာနဲ႕ ကိုယ့္အခန္းထဲကိုယ္ျပန္ေရာက္ေနတာကို ေတြ႕ရသည္။ ဒါကလည္း အက်င့္လိုျဖစ္ေနၿပီမို႔ ေကာင္းျမတ္လြန္းအတြက္ အထူးအဆန္းမဟုတ္ေတာ့။

ဒါေပမဲ့ ဒီရက္ပိုင္းအတြင္း ေကာင္းျမတ္လြန္းမွာ စိတ္ခ်မ္းသာစရာကိစၥတစ္ခုရွိလာသည္။

အဲ့တာက မင္းလြင္ဆိုတဲ့ ေကာင္းျမတ္လြန္းရဲ႕ သူငယ္ခ်င္းေလးက ေကာင္းျမတ္လြန္းကို သူ႕အိမ္မွာလာေနဖို႔ ဖိတ္ေခၚခဲ့ျခင္းျဖစ္သည္။

မိခင္အတြက္ ေသာကေရာက္ေနခဲ့တဲ့ မင္းလြင္က ေကာင္းျမတ္လြန္းရဲ႕ ျပႆနာေတြ အခက္အခဲေတြကို ေနာက္က်မွသိခဲ့ရၿပီး အားနာလြန္းစြာနဲ႕ သူ႕အိမ္မွာ အတူလာေနဖို႔ ေခၚခဲ့သည္။

မင္းလြင္အေမကလည္း အခုဆို က်န္းမာေရးျပန္ေကာင္းလာၿပီး ထူထူေထာင္ေထာင္ ျပန္ျဖစ္လာၿပီျဖစ္သည္။ မင္းလြင္အေမကိုယ္တိုင္ကလည္း သူမအိမ္မွာပဲလာေနဖို႔ တြန္းတြန္း တိုက္တိုက္ ေျပာေနတာမို႔ ေကာင္းျမတ္လြန္းမျငင္းဆန္ပဲ လက္ခံလိုက္သည္။

အိတိုေလးအတြက္စိတ္မေကာင္းေပမဲ့ သူစိမ္းျဖစ္တဲ့သူက အိတိုေလးတို႔အတြက္ေတာ့ ခဏတာလာေရာက္ခိုနားတဲ့ ဧည့္သည္တစ္ေယာက္သာျဖစ္သည္။

အခ်ိန္ၾကာေလး သံေယာဇဥ္တြယ္ေလ ျဖစ္လာရင္ ေနာက္ဆုံး ခံစားရမယ့္သူက သူသာလွ်င္။ အ႐ြယ္ေရာက္လာတဲ့ အိတိုေလးက အခ်ိန္တန္ရင္ သူ႕အေပၚ စိတ္ဝင္စားမႈ နည္းသြားမွာဆိုေပမဲ့ သူကေတာ့ အခ်စ္ႀကီးတက္သူမို႔ အိတိုေလးရဲ႕ ေျပာင္းလဲသြားမႈေတြက သူ႕ကိုနာက်င္ေစလိမ့္မည္။

တကယ္ေတာ့ ေကာင္းျမတ္လြန္းက ခ်စ္ျခင္းေမတၱာနဲ႕ ပတ္သတ္ၿပီး နာက်င္ရမွာ ေၾကာက္႐ြံ႕ေနသူ တစ္ေယာက္ျဖစ္သည္။ သူက လူတစ္ေယာက္ကို ခ်စ္မိသြားမွာ သံေယာဇဥ္တြယ္ မိသြားမွာ သိပ္ေၾကာက္သည္။

အဘယ့္ေၾကာင့္ဆိုေသာ္ သူက လူေတြအေပၚ သံေယာဇဥ္ျဖစ္လြယ္တက္သူ တစ္ေယာက္ျဖစ္တာေၾကာင့္ပင္။

အဲ့သည့္ အျပင္ ေကာင္းျမတ္လြန္းက မထင္ထားရေလာက္ေအာင္ကို ဝန္တိုစိတ္ျပင္းျပသည္။ သူကခ်စ္ေနတဲ့သူပဲျဖစ္ျဖစ္ သူ႕ကိုခ်စ္ေနတဲ့သူပဲျဖစ္ျဖစ္ သူတစ္ေယာက္ကိုသာၾကည့္ၿပီး သူ႕တစ္ေယာက္ကိုသာခ်စ္ေစခ်င္သည္။

အဲ့လိုစိတ္ေတြေၾကာင့္လည္း ေကာင္းျမတ္လြန္းက သူစိတ္ႏွလုံးသားတံခါးကို ဘယ္သူ႕ကိုမွ ဖြင့္မျပပဲ တစ္ကိုယ္တည္း ျဖစ္ေနခဲ့ျခင္းျဖစ္သည္။

ပိတ္ရက္မွာ အျပင္ကို တစ္ေယာက္တည္းထြက္လာတဲ့ေကာင္းျမတ္လြန္းက တစ္ေနရာမွာ အခ်ိန္အေတာ္ၾကာေအာင္ရပ္ေနခဲ့သည္။

သူအမုန္းဆုံးေနရာ သူမလာခ်င္ဆုံးေနရာကို ၾကည့္ၿပီး ေျခလွမ္းေတြက ေရွ႕တိုးလိုက္ေနာက္ဆုတ္လိုက္ျဖစ္သည္။

ေနာက္ဆုံးမွာေတာ့ ေကာင္းျမတ္လြန္းက အသက္ကိုဝဝရႉကာ စိတ္ဆုံးျဖတ္ၿပီး မ်က္စိေရွ႕ကအေဆာက္အဦးငယ္ေလးထဲဝင္သြားလိုက္ေတာ့သည္။

အဲ့ဒီေနရာက ဆံပင္ညွပ္ဆိုင္ျဖစ္သည္။

“မဂၤလာခင္ဗ် … ဘယ္လိုဝန္ေဆာင္မႈကိုမ်ားရယူခ်င္ပါသလဲခင္ဗ်”

“ဆံပင္ညွပ္ခ်င္လို႔ တိုေလးေကာင္းေလပဲ”

(ေအးေတာ့ လက္ေတြေတာင့္ေနတယ္။ စာႀကာႀကာမရိုက္နိုင္ဘူး။ ညေနမွတစ္ပိုင္းထပ္လာမယ္ေနာ္။)

T.B.C🐻
THANKS😘

10:33PM(Sun)
30.01.2022
G14








အိတိုလေးရဲ့မာမား🐻 အခန်း (၁၈)

Unicode

ကမ်းခြေကနေ ညနေ ငါးနာရီလောက်က ထွက်လာကြတာကြောင့် အိမ်ကို ပြန်ရောက်လာတော့ အချိန်က ညဆယ့်တစ်နာရီပင်ထိုးနေပြီဖြစ်သည်။

အိမ်ရှေ့မှာကားကိုရပ်လိုက်ပြီး နဘေးကိုတစ်ချက်ကြည့်တော့ အိပ်မောကြနေကြတဲ့ ဝက်ဝံပေါက်လေးတွေကိုတွေ့လိုက်ရသည်။

အိတိုလေးက ကောင်းမြတ်လွန်းရဲ့ ကိုယ်ပေါ်မှာ ဖားပြုပ်လေးကပ်သလို မှောက်ခုံလေး မှောက်ပြီးအိပ်နေသလို ကောင်းမြတ်လွန်းကလည်း အိတိုလေးကျောပြင်ကိုဖက်ထားပြီး အိပ်ပျော်နေသည်။

ထိုင်ခုံကျောမှီကို နောက်သို့ လျှောချထားတာကြောင့် အိပ်နေတဲ့ပုံက သက်သောင့် သက်သာရှိသည်ဟုထင်ရသော်လည်း ကောင်းမြတ်လွန်းတစ်ယောက် ညောင်းညာ နေမှာဖြစ်သည်။

အိတိုလေးက လေးနှစ်ပြည့်ခါနီး ကလေးဖြစ်သလို ဒီရက်ပိုင်းလေး အတွင်းမှာကို သိသိသာသာကြီးကို ထွားလာပြီး အရပ်ပါထွက်လာတာကြောင့် အချိန်ပြည့် မငြီးမငြူ ချီထားတက်တဲ့ ကောင်းမြတ်လွန်းက ပါးစပ်ကမပြောပင်မဲ့ ပင်ပန်းနေမှာသေချာသည်။

“ကိုကိုကြီး”

ကမ္ဘာညိမ်းသည် ဝက်ဝံပေါက်လေးတွေကို အချိန်အတော်ကြာအောင်ငေးကြည့်နေရာက ထူးထူးခေါ်သံကြောင့်သတိပြန်ဝင်လာခဲ့သည်။

ကမ္ဘာညိမ်း ကားပေါ်ကဆင်းပြီး တံခါးကို အသံမမြည်အောင် အသာထိန်း၍ ပြန်ပိတ်လိုက်သည်။

ခြံစောင့်ဦးလေးကြီးနဲ့ ထွေးထွေးက အထုပ်အပိုးတွေကို ကားနောက်ခန်းထဲကယူပြီး အောက်ကိုချနေကြသည်။

ကမ္ဘာညိမ်းက အိတိုလေးတို့ဘက်အခြမ်းသို့သွားကာ ကားတံခါးကိုအသာဖွင့်လိုက်သည်။

ထို့နောက် အိတိုလေးကို ဖက်ထားတဲ့ ကောင်းမြတ်လွန်းရဲ့လက်တွေကို အသာဖယ်ဖို့ကြိုးစားသည်။ အိတိုလေးကို ပိုမိုတင်းကျပ်စွာဖက်လာတဲ့ ကောင်းမြတ်လွန်းကြောင့် ကမ္ဘာညိမ်းက ကောင်းမြတ်လွန်းလက်ခုံလေးကိုအသာပွတ်သတ်ပြီး ချော့မြူလိုက်သည်။

အဲ့တော့မှ အကျောတွေပြေလျှော့သွားတဲ့ ကောင်းမြတ်လွန်းရဲ့လက်တွေကို အိတိုလေးကျောပေါ်ကနေ အသာလေးဖယ်ခွာလိုက်သည်။

ထိုမှတစ်ဆင့် အိတိုလေး ချိုင်းအောက်ကနေ လက်လျှိုဝင်ပြီး အိတိုလေးကို မချီလိုက်သည်။ ဒါတောင် အိတိုလေးက ကောင်းမြတ်လွန်း အင်္ကျီစကို သူ့လက်သေးသေးလေးနဲ့ ကျစ်နေအောင်ဆုပ်ကိုင်ထားတာကြောင့် မနည်းဖြည်ပေးလိုက်ရသေးသည်။

ကမ္ဘာညိမ်းက လက်ပေါ်ပါလားတဲ့အိတိုလေးကို ထူးထူးလက်ထဲထည့်ပေးလိုက်သည်။

ထူးထူးက အိတိုလေးကို ကမ္ဘာညိမ်းလက်ထဲမှာ လက်ပြောင်ချီပြီး အိတိုလေးအခန်းဆီသို့ထွက်သွားသည်။

ကားထဲမှာတော့ အိပ်မောကျနေတဲ့ ကောင်းမြတ်လွန်းသာကျန်နေခဲ့သည်။

ဟူဒီအနွေးထည်ခေါင်းစွပ်လေးကိုခေါင်းမှာစွပ်ထားတဲ့အပြင် လည်ပင်းကကြိုးကို ခပ်တင်းတင်းစုချီထားသေးတာမို့ ကောင်းမြတ်လွန်းမျက်နှာလေးက အနှီးထုပ်ထားတဲ့ကလေးမျက်နှာလေးလိုဖြစ်နေသည်။

ကောင်းမြတ်လွန်းရဲ့ အဲ့လိုပုံစံလေးကိုကြည့်ပြီး ကမ္ဘာညိမ်းက မချိတင်ကဲရေရွတ်လိုက်သည်။

“အချစ်လေးက ချစ်စရာကောင်းတာလား ချောတာလား ကိုယ်သိပ်ပြီး မသဲကွဲတော့ဘူး”

စတွေ့တဲ့နေ့က စိတ်ရှုပ်နေပုံရတဲ့ခပ်မိုက်မိုက်ကောင်လေး ကောင်းမြတ်လွန်းက ချောမောလွန်းပြီး စွဲဆောင်မှုရှိတဲ့ကောင်လေးပါလားလို့ မှတ်ချက်ပေးခဲ့မိပေမဲ့ ကမ္ဘာညိမ်းတို့ အိမ်ကို ရောက်လာပြီးနောက် အိတိုလေးနဲ့အတူရှိနေပေးတဲ့ ကောင်းမြတ်လွန်းက ကြည့်လေ ချစ်စရာကောင်းလေဖြစ်လာသည်။

ကမ္ဘာညိမ်းက ကောင်းမြတ်လွန်းအကြောင်းတွေးပြီး ခဏတာပြန့်လွင့်သွားတဲ့ သူ့အတွေးတွေကို ပြန်စုစည်းလိုက်ပြီး ကားထဲမှာအိပ်ပျော်နေတဲ့ ကောင်းမြတ်လွန်းကို ပွေ့ချီလိုက်သည်။

“ကားကို ဂိုဒေါင်ထဲ ဦးပိုးတီပဲ ရွေ့လိုက်တော့”

“ဟုတ်ကဲ့ပါ မောင်ကမ္ဘာညိမ်း”

ဦးပိုးတီကိုမှာပြီးတာနဲ့ ကမ္ဘာညိမ်းက ကောင်းမြတ်လွန်းကိုပွေ့ချီပြီး အိမ်ထဲဝင်သွားသည်။

စပ်စပ်စုစုလျှပ်ပြာမလေး ထွေးထွေးက ကမ္ဘာညိမ်းတို့ကို မျက်စိတဆုံးလိုက်ငေးကြည့်ပြီးနောက် ဘေးက ဦးပိုးတီကို လက်လှမ်းတို့ပြီး

“ဦးပိုးတီ … ကိုကိုကြီးက အိတိုလေးရဲ့မာမားကိုလည်း မွေးစားတော့မှာလားမသိဘူး”

“ဟဲ့ကောင်မလေး နင်ဟာလေ ပေါက်ကတွေပဲတွေးနေတယ်”

ဦးပိုးတီက ဆူနေရင်းနဲ့ ထွေးထွေးနဖူးကို လက်ဆစ်နဲ့လှမ်းခေါက်လိုက်သည်။

ထွေးထွေးကတော့ နာသွားတဲ့နဖူးကို လက်လေးနဲ့ပွတ်ရင်း နှုတ်ခမ်းကြီးတစ်တောင်လောက်စူကာ မကျေမနပ် ထပ်ပြောလာပြန်သည်။

“ထွေးထွေးမြင်နေတာကိုပြောတာပါနော်။ ထွေးထွေးတောင် ငါးနှစ်သမီးနောက်ပိုင်းကတည်းက အချီမခံရတော့ဘူး။ အခုတော့ကြည့်ပါဦး ကိုကိုကြီးက အိတိုလေးမာမားကို ချီထားလိုက်တာများ လသားကလေးလေးကျလို့  ဦးပိုးတီမယုံရင်စောင့်ကြည့်နေ ကိုကိုကြီးက အိတိုလေးမာမားကို မွေးစားတော့မှာ ဟွန့် … ဘာမှလည်းမသိပဲနဲ့”

ထွေးထွေးတစ်ယောက် စိတ်ကောက်ပြီး အထုပ်ကြီးနှစ်ထုပ်ကို အားကြီးနဲ့စွဲကာ အိပ်ထဲဝင်သွားသည်။ ပါးစပ်ကလည်းပွစိပွစိလုပ်သွားလေသည်။

“ဟွန့် ထွေးထွေးတို့က ကိုကိုကြီး အိတိုလေးမာမားကို ခိုးခိုးနမ်းနေတာကို အမြဲခိုးကြည့်နေကြပါနော် .. ဟွန့် … အိတိုလေးမာမား ဧည့်ခန်းထဲအိပ်ပျော်သွားတိုင်း ကိုကိုကြီးက နဖူးကိုတစ်ချက်နမ်းလိုက် ပါးလေးကို တစ်ချက်နမ်းလိုက် အဲ့လိုလေးကြင်ကြင်နာနာလေးနမ်းပြီးမှ ချီပြီး အခန်းထဲကို ချီသွားနေကြ ဘာမှလည်းမသိပဲနဲ့”

ဒေါက် …

“အ …”

“ဘာတွေပွစိပွစိလုပ်နေတာလဲ လုပ်စရာရှိတာလုပ် ညဉ့်နက်နေပြီ”

“မမထူးထူးကလည်း စောနလေးတင်း ဦးပိုးတီက ခေါက်ထားသေးတာကို ထပ်ခေါက်တယ် ထွေးထွေးက ဉာဏ်မကောင်းပါဘူးဆိုမှပဲ”

“တယ်…. ဒီကောင်မလေးပြောနေရင်းကို လျှာကရှည်တယ်”

နောက်တစ်ကြိမ် မြောက်တက်လာတဲ့ ထူးထူးလက်လေးကို မြင်တော့မှ ထွေးထွေးတစ်ယောက် ပါးစပ်လေးစိပြီး လစ်ပြေးတော့သည်။

ပင်လယ်ကမ်းခြေက ပြန်ရောက်လာပြီးနောက်ပိုင်းမှာ ကောင်းမြတ်လွန်းက ပုံးမှန်နေ့ရက်တွေအတိုင်း အိတိုလေးတို့သားအဖနဲ့ အတူ ရုံးတက်တယ်။ အလုပ်လုပ်တယ်။ နေ့လည်စာကို အိတိုလေးနဲ့အတူစားတယ်။ တစ်ခါတစ်လေ ပရောပရည်လာလုပ်တဲ့ ကောင်းမလေးတွေကို ရှက်ပြုံးလေးနဲ့ ဝတ်ကျေတန်းကျေလက်ခံစကားပြောပေးပြီး ရုံးဆင်းချိန်ရောက်ရင်တော့ အိတိုလေးတို့နဲ့အတူ အိပ်ကိုပြန်တယ်။

အိမ်ရောက်ရင်လည်း အိတိုလေးတို့နဲ့အတူ ညစာစား တီဗီအတူကြည့်ရင်ကြည့် မကြည့်ရင် ဂိမ်းကစားသည်။

အိပ်ခါနီး  နွားနို့တစ်ခွက်သောက်ပြီးရင်တော့ အိပ်ရာဝင်လိုက်တာများသည်။ ဘောလုံးပွဲကြည့်တဲ့ညမျိုးဆိုရင်တော့ အလုပ်ပင်ပန်းထားတဲ့ အရှိန်ကြောင့်ပွဲပြီးတဲ့အထိ မကြည့်နိုင်ပဲ အိပ်ပျော်သွားတာကများသည်။

အဲ့လိုညမျိုးဆို ဆိုဖာခုံပေါ်အိပ်ပျော်နေရာက မနက်မိုးလင်းလို့ မျက်လုံးဖွင့်လိုက်တာနဲ့ ကိုယ့်အခန်းထဲကိုယ်ပြန်ရောက်နေတာကို တွေ့ရသည်။ ဒါကလည်း အကျင့်လိုဖြစ်နေပြီမို့ ကောင်းမြတ်လွန်းအတွက် အထူးအဆန်းမဟုတ်တော့။

ဒါပေမဲ့ ဒီရက်ပိုင်းအတွင်း ကောင်းမြတ်လွန်းမှာ စိတ်ချမ်းသာစရာကိစ္စတစ်ခုရှိလာသည်။

အဲ့တာက မင်းလွင်ဆိုတဲ့ ကောင်းမြတ်လွန်းရဲ့ သူငယ်ချင်းလေးက ကောင်းမြတ်လွန်းကို သူ့အိမ်မှာလာနေဖို့ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

မိခင်အတွက် သောကရောက်နေခဲ့တဲ့ မင်းလွင်က ကောင်းမြတ်လွန်းရဲ့ ပြဿနာတွေ အခက်အခဲတွေကို နောက်ကျမှသိခဲ့ရပြီး အားနာလွန်းစွာနဲ့ သူ့အိမ်မှာ အတူလာနေဖို့ ခေါ်ခဲ့သည်။

မင်းလွင်အမေကလည်း အခုဆို ကျန်းမာရေးပြန်ကောင်းလာပြီး ထူထူထောင်ထောင် ပြန်ဖြစ်လာပြီဖြစ်သည်။ မင်းလွင်အမေကိုယ်တိုင်ကလည်း သူမအိမ်မှာပဲလာနေဖို့ တွန်းတွန်း တိုက်တိုက် ပြောနေတာမို့ ကောင်းမြတ်လွန်းမငြင်းဆန်ပဲ လက်ခံလိုက်သည်။

အိတိုလေးအတွက်စိတ်မကောင်းပေမဲ့ သူစိမ်းဖြစ်တဲ့သူက အိတိုလေးတို့အတွက်တော့ ခဏတာလာရောက်ခိုနားတဲ့ ဧည့်သည်တစ်ယောက်သာဖြစ်သည်။

အချိန်ကြာလေး သံယောဇဉ်တွယ်လေ ဖြစ်လာရင် နောက်ဆုံး ခံစားရမယ့်သူက သူသာလျှင်။ အရွယ်ရောက်လာတဲ့ အိတိုလေးက အချိန်တန်ရင် သူ့အပေါ် စိတ်ဝင်စားမှု နည်းသွားမှာဆိုပေမဲ့ သူကတော့ အချစ်ကြီးတက်သူမို့ အိတိုလေးရဲ့ ပြောင်းလဲသွားမှုတွေက သူ့ကိုနာကျင်စေလိမ့်မည်။

တကယ်တော့ ကောင်းမြတ်လွန်းက ချစ်ခြင်းမေတ္တာနဲ့ ပတ်သတ်ပြီး နာကျင်ရမှာ ကြောက်ရွံ့နေသူ တစ်ယောက်ဖြစ်သည်။ သူက လူတစ်ယောက်ကို ချစ်မိသွားမှာ သံယောဇဉ်တွယ် မိသွားမှာ သိပ်ကြောက်သည်။

အဘယ့်ကြောင့်ဆိုသော် သူက လူတွေအပေါ် သံယောဇဉ်ဖြစ်လွယ်တက်သူ တစ်ယောက်ဖြစ်တာကြောင့်ပင်။

အဲ့သည့် အပြင် ကောင်းမြတ်လွန်းက မထင်ထားရလောက်အောင်ကို ဝန်တိုစိတ်ပြင်းပြသည်။ သူကချစ်နေတဲ့သူပဲဖြစ်ဖြစ် သူ့ကိုချစ်နေတဲ့သူပဲဖြစ်ဖြစ် သူတစ်ယောက်ကိုသာကြည့်ပြီး သူ့တစ်ယောက်ကိုသာချစ်စေချင်သည်။

အဲ့လိုစိတ်တွေကြောင့်လည်း ကောင်းမြတ်လွန်းက သူစိတ်နှလုံးသားတံခါးကို ဘယ်သူ့ကိုမှ ဖွင့်မပြပဲ တစ်ကိုယ်တည်း ဖြစ်နေခဲ့ခြင်းဖြစ်သည်။

ပိတ်ရက်မှာ အပြင်ကို တစ်ယောက်တည်းထွက်လာတဲ့ကောင်းမြတ်လွန်းက တစ်နေရာမှာ အချိန်အတော်ကြာအောင်ရပ်နေခဲ့သည်။

သူအမုန်းဆုံးနေရာ သူမလာချင်ဆုံးနေရာကို ကြည့်ပြီး ခြေလှမ်းတွေက ရှေ့တိုးလိုက်နောက်ဆုတ်လိုက်ဖြစ်သည်။

နောက်ဆုံးမှာတော့ ကောင်းမြတ်လွန်းက အသက်ကိုဝဝရှူကာ စိတ်ဆုံးဖြတ်ပြီး မျက်စိရှေ့ကအဆောက်အဦးငယ်လေးထဲဝင်သွားလိုက်တော့သည်။

အဲ့ဒီနေရာက ဆံပင်ညှပ်ဆိုင်ဖြစ်သည်။

“မင်္ဂလာခင်ဗျ … ဘယ်လိုဝန်ဆောင်မှုကိုများရယူချင်ပါသလဲခင်ဗျ”

“ဆံပင်ညှပ်ချင်လို့ တိုလေးကောင်းလေပဲ”

(အေးတော့ လက်တွေတောင့်နေတယ်။ စာကြာကြာမရိုက်နိုင်ဘူး။ ညနေမှတစ်ပိုင်းထပ်လာမယ်နော်။)

T.B.C🐻
THANKS😘

10:33PM(Sun)
30.01.2022
G14

© G Fourteen,
книга «အိတိုေလးရဲ႕မာမား အိတိုလေးရဲ့မာမား».
အိတို (၁၉)
Коментарі