အိတို (၁၅)
အိတိုေလးရဲ႕မာမား 🐻 အခန္း (၁၅)
Zawgyi
ေကာင္းျမတ္လြန္းသည္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္သြားၿပီျဖစ္တဲ့ အိတိုေလးကို လန႔္ႏိုးမလာေစရန္အလို႔ငွာ ရင္ဘက္ေပၚ ေစာင္ပါးေလးတစ္ထည္ဖိထားေပးၿပီးမွ ၿခံဳေစာင္အႀကီးကို ရင္ဘက္ထိလံုေအာင္ေသခ်ာၿခံဳေပးလိုက္သည္။
ထို႔ေနာက္ ခုတင္အစြန္အဖ်ားနားမွာထိုင္ေနတဲ့ ကမ႓ာညိမ္းကို မ်က္ရိပ္မ်က္ကဲျပၿပီး တိတ္တဆိတ္ပဲ အခန္းထဲက ထြက္လာခဲ့လိုက္သည္။
“အိတိုေလးအိပ္သြားၿပီဆိုေတာ့ ကြၽန္ေတာ့အခန္း ကြၽန္ေတာ္ျပန္ေတာ့မယ္”
“ကိုယ္လိုက္ပို႔ေပးမယ္ေလ”
“နီးနီးေလးကို ေနပါေစ။ အစ္ကို ကြၽန္ေတာ့ကို လိုက္ပို႔ေနရင္ အိတိုေလးတစ္ေယာက္တည္းက်န္ေနခဲ့လိမ့္မယ္”
“ဒါဆိုလည္း ကိုယ္လိုက္မပို႔ေတာ့ဘူး။ တစ္ခုခုအဆင္မေျပတာရိွရင္ ကိုယ့္ဆီ ခ်က္ခ်င္း ဖုန္းလွမ္းဆက္လိုက္”
“ဟုတ္ကဲ့ ဒါဆို… ကြၽန္ေတာ္သြားၿပီ”
“ေကာင္းျမတ္လြန္း …”
“ဗ်ာ …”
“ေကာင္းေသာညပါ ကိုယ့္အခ်စ္”
“ဟား … ဟား … အစ္ကိုကေတာ့ေနာက္ၿပီဗ်ာ။ အစ္ကိုလည္းေကာင္းေသာညပါ။”
ေကာင္းျမတ္လြန္းက ခပ္ဟဟေလးရယ္ျပီး သူ႕အခန္းသို႕ကူးသြားခဲ့သည္။
ေနာက္ၿပီးေျပာတာ မဟုတ္ဘူးဆိုတဲ့ အေၾကာင္းကိုေတာ့ ကမ႓ာညိမ္းလည္း ေကာင္းျမတ္လြန္းသိေအာင္ အေထြအထူးရွင္းျပမေနျဖစ္ေတာ့။
အခန္းတံခါးဝမွာ ေျခတစ္ဖက္ကိုထုတ္ လည္ေလးဆန႔္ၿပီး ေဘးအခန္းသို႔ဝင္သြားတဲ့ ေကာင္ေလးကိုသာ ျမင္ကြင္းထဲက ေပ်ာက္ကြယ္သြားသည္အထိ လိုက္ၾကၫ့္ေနမိသည္။
ေကာင္းျမတ္လြန္းတစ္ေယာက္ သူ႔အခန္းသို႔ေရာက္သည္ႏွင့္ ေလပူေတြမႈတ္ထုတ္လိုက္ၿပီး မွန္ျပတင္းနားသို႔သြားကာ လိုက္ကာေတြကို ဖယ္ရွားလိုက္ၿပီး ပင္လယ္ညရႈခင္းကို တဝႀကီးေငးၾကၫ့္ေနလိုက္သည္။
တစ္မနက္ခင္းလံုး တစ္ေန႕လံုး အိတိုေလးရဲ႕ အသံစာစာေလးနဲ႕ နားရင္ပါးေနခဲ့တဲ့ ေကာင္းျမတ္လြန္းအတြက္ အိပ္ခ်ိန္မွာသာ ျပန္လာျဖစ္တဲ့ ဒီအခန္းက်ယ္ႀကီးက အေတာ္ေလးတိတ္ဆိတ္ေျခာက္ကပ္ေနသလိုပင္။
တိတ္ဆိတ္ေျခာက္ကပ္ေနတဲ့ ညခ်မ္းမွာ သူ႔အေတြးထဲေရာက္လာတာက တစ္စထက္တစ္စ သံေယာဇဉ္ျဖစ္လာတဲ့ အိတိုေလးတို႔သားအဖကို ဘယ္လိုမ်ား သံေယာဇဉ္ျဖတ္ပစ္ရမလဲဆိုတဲ့အေႀကာင္းမ်ားပင္ျဖစ္သည္။
လူေတြအေပၚ သူအမ်ားႀကီး မခင္တြယ္ခ်င္ပါ။ တစ္ခ်ိန္ခ်ိန္မွာ ေသခ်ာေပါက္ တစ္ေယာက္တည္းက်န္ရစ္ခဲ့မွာသိရက္နဲ႔ ဘယ္သူ႔ကိုမွ သူ႔စိတ္ႏွလံုးကို အျပၫ့္အဝမေပးအပ္လိုက္ခ်င္။
အခုေတာင္ သူဘက္က စည္းအထပ္ထပ္ကာရံထားတဲ့ၾကားက အိတိုဆိုတဲ့ ကေလးေလးကို သဲသဲလႈပ္ဂရုစိုက္ကာ အရိပ္တၾကၫ့္ၾကၫ့္ျဖစ္ေနမိၿပီ။
ကမ႓ာညိမ္းဆိုတဲ့ လူႀကီးကလည္း အခုခ်ိန္မွာသာ သူ႔ကေလးေပ်ာ္ရြင္ဖို႔အတြက္ အစြမ္းကုန္ ေကာင္းျပေနတာ။ တစ္ခ်ိန္ၾကရင္ေတာ့ေသခ်ာေပါက္ သူက အေမ့ခံလူသားဘဝကို ေရာက္သြားဦးမွာေသခ်ာသည္။
လူေတြက မျမင္ဖူးတဲ့အရာအသစ္အဆန္းေတြေတြ့ရင္ သိပ္ကို စိတ္ဝင္စားတက္ၾကၿပီး အဲ့ဒီအရာေတြကို ႏွစ္သက္သြားမိၿပီဆိုရင္းလည္း လိုခ်င္တက္မက္လာတက္ၾကသည္။
အခုလည္း သူ႔အျဖစ္ကအဲ့ဒီလိုပင္။
ငယ္စဉ္ကေလးဘဝ အေမဆံုးၿပီးကတည္းက မရႏိုင္ေတာ့တဲ့ ဂရူစိုက္မႈေတြ အၾကင္နာေတြ ေမတၲာေတြကို ရုတ္တရက္ႀကီး ျမင္လိုက္ရ ျပန္ခံစားလိုက္ရေတာ့ အဲ့တာေတြအားလံုးက သူ႔အတြက္မက္ေမာစရာေတြႀကီး ျဖစ္လာသည္။
ဒါေပမယ့္ အဲ့ဒီအရာေတြက မက္ေမာလို႔ေကာင္းတဲ့အရာေတြမဟုတ္ခဲ့။
အခ်ိန္တန္လို႔ အိတိုေလးရဲ့ ဒယ္ဒီက သင့္ေတာ္တဲ့ အမ်ိဳးသမီးတစ္ဦးနဲလက္ဆက္ၿပီး အိတိုေလးအတြက္ မာမားဆိုတဲ့ ေနရာေလးကို ျဖၫ့္ဆည္းပးခဲ့ရင္ ေနရာလြတ္မရိွေတာ့တဲ့ေနရာမွ သူကလူပိုသတ္သတ္ပင္။
အေတြးလြန္ေနလိုက္တာနဲ႔ အခ်ိန္နာရီေတြကိုေတာင္ သတိမထားမိေတာ့။
နာရီကိုတစ္ခ်က္ၾကၫ့္ေတာ့ တစ္ခ်က္ထိုးေနၿပီ။
မနက္ခင္း ေနထြက္ခ်ိန္ ပင္လယ္ကမ္းစပ္မွာ လမ္းေလ်ွာက္ၾကဖို႔ေျပာထားတာေၾကာင့္ အခုခ်ိန္မွာ မအိပ္ခ်င္ေသးလဲ အိပ္သင့္ၿပီလို႔ေတြးကာ ကိုယ္လက္သန႔္စင္ဖို႔ ေရခ်ိဳးခန္းထဲအရင္ဝင္လိုက္သည္။
သန႔္စင္ခန္းထဲက ျပန္ထြက္လာၿပီး ေနာက္ ခုတင္ေပၚတက္ၿပီး အိပ္စက္ အနားယူလိုက္ေတာ့သည္။
တစ္ညတာကုန္လြန္သြားၿပီးလို႔ ေနလံုးႀကီး ႏိုးထလာဖို႔ သိပ္မလိုေတာ့တဲ့အခ်ိန္မွာပဲ အခန္းတံခါးေခါက္သံၾကားလိုက္ရသည္။
မ်က္လံုးမ်ားကို ဖြင့္လိုက္ပိတ္လိုက္နဲ႔ ေတာ္ေတာ္ေလးၾကာမွ ရႈပ္ပြေနတဲ့ ဆံပင္ေတြကို လက္ငါးေခ်ာင္းနဲ႔ သပ္တင္ၿပီး အခန္းတံခါးေျပးဖြင့္လိုက္သည္။
“မာမား … ေမာနင္း”
“ေမာနင္း … အိတိုေလး”
“ေမာနင္း ေကာင္းျမတ္လြန္း”
“ေမာနင္းပါအစ္ကို ခဏေလးေနာ္ ကြၽန္ေတာ္ အခုပဲ မ်က္ႏွာသစ္ အဝတ္စားလဲလိုက္မယ္”
“ရတယ္ မေလာပါနဲ႔ အိတိုေလးကို ထားခဲ့မယ္”
“ဟုတ္ကဲ့”
အိတိုေလးလက္ကိုဆြဲၿပီး အိပ္ခ်င္မူးတူးရုပ္ေလးနဲ႔ သန႔္စင္ခန္းထဲဝင္သြားတဲ့ ေကာင္းျမတ္လြန္းကိုၾကၫ့္ရင္း ကမ႓ာညိမ္းကပဲ အခန္းတံခါးကို ေလာ့ေသခ်ာခ်ၿပီး ပိတ္ေပးခဲ့သည္။
ေကာင္းျမတ္လြန္းက အိတိုေလးကို သန႔္စင္ခန္းထဲက ေဘစင္ေဘာင္ေပၚမွာ တင္ထားေပးၿပီး မ်က္ႏွာသစ္ သြားတိုက္ေနသည္။
“မာမား …”
“အင္း …”
“မာမား ေဒါက္ဖိနပ္မစီးနဲ႔ေတာ့ေနာ္။ အိတိုေလးက မာမားကိုခ်ီၿပီးေခၚသြားဖို႔ dad … ကိုေျပာထားတယ္”
“ေဟာဗ်ာ … မာမားကို အဲ့ေလာက္ေတာင္ စိတ္ပူတာပဲလား”
“အိတိုက မာမားကိုခ်စ္လို႔ေပါ့”
ေကာင္းျမတ္လြန္းတစ္ေယာက္ ခ်စ္စရာေကာင္းေအာင္ျပန္ေျဖတက္တဲ့အိတိုေလးကို ခ်ီၿပီး အားရပါးရနမ္းရႈံ႔ပစ္လိုက္သည္။
ေကာင္းျမတ္လြန္းသည္ အိတိုေလးရဲ့ ခ်စ္စဖြယ္ အမူအယာေလးေတျြမင္လိုက္ရတိုင္း မနမ္းရႈံ႔ပဲ မေနႏိုင္ေတာ့ေပ။
လွပတဲ့ ဆင္စြယ္ေရာင္ ဘူးေလးထဲက အျပာနုေရာင္ ဂါဝန္ေလးကို ထုတ္ၿပီးဝတ္ေနေတာ့ အိတိုေလးက ခုတင္အစြန္းနားေလးမွာ ဖင္ေလးေတ႔ထိုင္ျပီး ေျခေထာက္ေလးတြဲလႊဲခ်ကာ ေငးၾကၫ့္ေနသည္။
“အိတိုေလး …”
“ခင္ဗ်ာ …”
“မာမားကို အရမ္းခ်စ္တာပဲလား”
ေကာင္းျမတ္လြန္းက ဂါဝန္ကို ခက္ခက္ခဲခဲဝတ္ဆင္ေနရင္း အိတိုေလးကိုလွမ္းေမးလိုက္သည္။
အိတိုေလးကလည္း မတံု႔မဆိုင္း ခ်က္ခ်င္းကိုပဲ လက္အမႈအရာေလးနဲ႔ပါ ျပန္ေျဖေပးလာသည္။
“ခ်စ္တာေပါ့ အမ်ားႀကီးပဲခ်စ္တာ”
“ဘာလို႕ခ်စ္တာလဲ”
ေကာင္းျမတ္လြန္းေမးခြန္းေၾကာင့္ အိတိုေလးရဲ့ ပါးမို႔ေလးေတြက လံုးတက္လာၿပီး သြားေဖြးေဖြးေလးမ်ားေပၚသည္အထိ ၿပံဳးလာသည္။
ထို႔ေနာက္ …
“အရင္တုန္းက … အိတိုေလးက … မာမား ဆံပင္ေလးေတြလွလို႔ ၿပီးေတာ့ မ်က္လံုးေလးေတြေကာပဲ အရမ္းလွလို႔ ခ်စ္သြားတာ”
“အဲ့လိုလား … ဒါဆို အခုက်ေတာ့ေကာ”
“မာမားက အိတိုေလးကို ဂရုစိုက္လို႕ ခ်စ္ေပးလို႔။
အိတိုေလးကို ထမင္းလည္းခြံ႔ေပးတယ္။
အတူတူလည္း ကစားေပးတယ္။
ေခ်ာ့လည္း သိပ္ေပးတယ္။
အင္း … ၿပီးေတာ့ … ဂါဝန္လွလွေလးလည္းဝတ္ျပေပးလို႔”
ေျခေထာက္ေလးေတြ လႈပ္ရမ္းရင္း တက္တက္ႂကြၾကြေျဖေပးလာတဲ့ အိတိုေလးရဲ့ အေၾကာင္းျပခ်က္ေတြက ေကာင္းျမတ္လြန္းကို မၿပံဳးပဲမေနႏိုင္ေအာင္ကို ျပဳစားလိုက္သလိုပင္။
ေနြးေထြးသြားတဲ့ ရင္ဘက္တစ္ျခမ္းနဲ႔ ၾကည္ႏူးရိပ္သန္းတဲ့ မ်က္ဝန္းတစ္စံုကေတာ့ျဖင့္ အလိုလိုေနရင္း ထပ္တူက်သြားခဲ့သည္။
“ဒါျဖင့္ရင္… တကယ္လို႔ မာမားက လွလည္းမလွေတာ့ဘူး အိတိုေလးကိုလည္း ဂရုမစိုက္ေတာ့ဘူးဆိုရင္ေကာ ခ်စ္ဦးမွာလား”
“ခ်စ္မွာေပါ့”
တုန္ျပန္မႈက ျမန္လြန္းသည္။
“ဘာလို႔လဲ။ မာမားက ရုပ္ဆိုးႀကီးနဲ႔ေလ။ အိတိုေလးကိုလည္း ပစ္ထားမွာ”
“မာမားက အိတိုေလးရဲ့ မာမားေလ။
မာမားက အိတိုေလးကို ဂရူမစိုက္ေပးရင္ အိတိုေလးက မာမားကို ဂရူစိုက္ေပးမွာေပါ့။
မာမား မလွေတာ့ရင္လည္း အိတိုေလးက လွေအာင္ျပင္ေပးမွာ”
ဒီစကားက ျဖဴစင္လြန္းတဲ့ ကေလးတစ္ေယာက္ဆီက ထြက္လာတဲ့ ႏွစ္သိမ့္ေပးမႈတစ္ခုမဟုတ္ပဲ ရင္ထဲလာတဲ့ အစစ္အမွန္ခံစားခ်က္ေတြဆိုတာ ေကာင္းျမတ္လြန္း ေကာင္းေကာင္းႀကီး နားလည္သည္။
အဲ့တာေၾကာင့္လည္း ေကာင္းျမတ္လြန္းတစ္ေယာက္ မ်က္ရည္မ်ားပင္ ဝဲခ်င္လာသည္။
သို႔ေသာ္ ကေလးအေရ႔ွမွာ မ်က္ရည္က်လို႔မေကာင္းတာေၾကာင့္ ခပ္သြက္သြက္ေလး အၿပံဳးတစ္ခုကို ဆင္ျမန္းလိုက္ၿပီး
“အျခားလွတဲ့ မမေတြကိုေကာ မခ်စ္ခ်င္ဘူးလား”
ေကာင္းျမတ္လြန္းက အိတိုေလးေဘးမွာ တင္ပါးလႊဲဝင္ထိုင္ျပီး ထပ္ေမးလိုက္ျပန္သည္။
ိအိတိုေလးက ေကာင္းျမတ္လြန္း လက္ေမာင္းကို အားျပဳျပီး ခုတင္ေပၚ မတ္တတ္အရင္ရပ္လိုက္သည္။ ထို႔ေနာက္ အနည္းငယ္ပြေနတဲ့ ေကာင္းျမတ္လြန္းရဲ႕ ဆံသားအိအိရွည္ရွည္ေလးေတြကို လက္ဖဝါးေသးေသးနဲ႕ သပ္ေပးရင္ ……
“အျခားမမေတြက dad … ကိုပဲ ဂရုစိုက္တာ။
အိတိုေလးကို မခ်စ္ဘူး။" ဟု ႏႈတ္ခမ္းေလးစူကာေျပာျပလာသည္။
ဆက္ျပီးေတာ့ …
"သူတို႔က dad … ေရ႔ွမွာပဲ အိတိုေလးကို ခ်ီတာ။
dad … မရိွရင္ အိတိုေလးကို တြန္းထုတ္ပစ္တယ္။
မာမားက အိတိုေလးကို ဆူေပမယ့္ တြန္းမထုတ္ဘူးေလ။
ၿပီးေတာ့ မာမားက dad … မရိွတဲ့အခ်ိန္ဆို အိတိုေလးကို ပိုဂရုစိုက္တယ္။” ဟု
အေႀကာင္းအရာ တစ္ခုခ်င္းစီကို အသံေလးဆြဲျပီး ျဖည္းျဖည္းခ်င္း စဥ္းစားကာ ထပ္ရွင္းျပလာသည္။
အိတိုေလးက ေကာင္းျမတ္လြန္းကို တစ္ခ်ိန္လံုး အကဲခတ္ၿပီး စာေမးပြဲစစ္ေနခဲ့ပံုရသည္။
အဲ့လိုဆိုမွ အိတိုေလးနဲ႔ စေတြ့တဲ့ အခ်ိန္တုန္းက သူဘက္က ဝက္ဝံေပါက္ေလးကို ဆူဆူေအာင့္ေအာင့္နဲ႔ ျငင္းဆန္စကားေတြေျပာေနခဲ့ေပမယ့္ လက္လြတ္စပယ္ ၾကမ္းၾကမ္းတမ္းတမ္း တြန္းထုတ္ပစ္တာမ်ိဳးေတာ့မရိွခဲ့။
သူ႕အျပဳအမူေတြကို သူ႕ကိုယ္သူသတိမထားမိခဲ့ေပမယ့္ အိတိုေလးကေတာ့ အမွတ္ရကာ သတိထားမိေနခဲ့သည္။
တကယ္ကိုပဲ အိတိုေလးက ဉာဏ္ေကာင္းၿပီးထက္ျမတ္တဲ့ ကေလးျဖစ္သည္။
ဒီလိုခ်စ္စရာေကာင္းၿပီး လိမၼာတဲ့ ကေလးေလးကို ခပ္ဆိုးဆိုး မိေထြးလက္ထဲမွာ မႀကီးျပင္လာရေစဖို႔ကိုေတာ့ ေကာင္းျမတ္လြန္းစိတ္ထဲက စိတ္အရင္းအမွန္နဲ႔ ႏွစ္ႏွစ္ကာကာ ဆုေတာင္းေပးေနမိသည္။
အဝတ္အစားလည္း လဲျပီး သြားျပီး အိတိုေလးနဲ႕လည္း စကားေျပာျပီးသြားျပီမို႕ အိတိုေလးနဲ႔အတူ အခန္းထဲက ထြက္လာလိုက္သည္။
အခန္းအျပင္ဘက္မွာ နံရံကို ေက်ာမွီရပ္ရင္း ေစာင့္ေနတဲ့ ကမၻာညိမ္းကို ျမင္လိုက္ရေတာ့ …
“ေစာင့္ေနတာၾကာၿပီလား။ အထဲဝင္လာခဲ့တာမဟုတ္ဘူး။” လို႕ေမးမိသည္။
“မင္း အဝတ္အစားလဲေနတာ အေနွာက္အယွက္ျဖစ္သြားမွာဆိုးလို႕ပါ။”
“ေနထြက္ခါနီးၿပီဆိုေတာ့ သြားၾကရေအာင္ေလ”
ေကာင္းျမတ္လြန္းက သြားဖို႔ ႏိႈးေဆာ္လိုက္တာနဲ႔ ကမ႓ာညိမ္းက ေကာင္းျမတ္လြန္းကို ခ်က္ခ်င္းေကာက္ေပြ့ေတာ့သည္။
“အစ္ကို .. ဘာလုပ္တာလဲ”
“ေျခေထာက္နာေနတယ္မဟုတ္လား”
“ကြၽန္ေတာ္သိပ္မနာေတာ့ပါဘူး။ ရွက္စရာႀကီးကို။ ေအာက္ျပန္ခ်ေပးပါ။ ျပီးေတာ့ ကြ်န္ေတာ့ကိုယ္ကေလးတယ္။”
“မင္းကိုယ္က ထင္သေလာက္လဲ မေလးပါဘူး။ ဒီအခ်ိန္ အိပ္ေကာင္းေနၾကလို႔ ဘယ္သူမွမရိွဘူး။ ၿပီးေတာ့ မင္းကိုေအာက္ခ်ေပးလိုက္ရင္ အိတိုေလးက ကိုယ့္ကိုဆူမွာ။”
အိတိုေလးက သူ႕ဒယ္ဒီေဘာင္းဘီစေလးကို ကိုင္ရင္း ေခါင္းေမာ့ကာ ေကာင္းျမတ္လြန္႕ကိုႀကည့္ျပီး
"ဟုတ္တယ္မာမား"
“ဘယ္တုန္းက ကေလးကို ျပန္ေၾကာက္သြားရတာလဲ။ လုပ္ပါဗ်ာ။ ျပန္ခ်ေပးပါ။”
“မရပါဘူး။ အိတိုေလး ငိုသြားလိမ့္မယ္။ ဟုတ္တယ္ေနာ္ အိတိုေလး။”
“ဟုတ္တယ္”
အဲလိုနဲ႔ ကမ္းစပ္နားေရာက္သည္အထိ ေကာင္းျမတ္လြန္းကို ေပြ့ခ်ီသြားတဲ့ ကမ႓ာညိမ္း။
သဲမႈန္ေလးမ်ားနဲ႔ ထိေတြ့ေနတဲ့ ေျခေထာက္ေလးေတြက အနည္းငယ္ေအးစက္သလိုရိွေနေပမယ့္ ေတာ္ေတာ္ေလးေတာ့ ခံစားလို႔ေကာင္းသည္။
မနက္ခင္းေလအေဝ႔ွမွာ ဆံပင္ေတြက ကပိုကရိုေလးနဲ႔ လြန႔္လြန႔္လူးေနေတာ့ နားအေနာက္ဖက္သို႕ အသာၫွပ္ေပးရင္ ကစ္လစ္လွလွေလးတစ္ေခ်ာင္နဲ႔ၫွပ္ေပးတာကို ခံလိုက္ရသည္။
"ဒါကေကာ ဘယ္ကေနဘယ္လိုပါလာျပန္တာလဲ"
"လိုရမယ္ရေဆာင္ထားခဲ့တာပါ။ အခုေတာ့အသံုးဝင္သြားျပီ။"
ကမၻာညိမ္းစကားကို ေကာင္းျမတ္လြန္းက သေဘာတက်ထရယ္သည္။ ထို႕ေနာက္ ကမၻာညိမ္းနားနားသို႕ကပ္ကာ
"အစ္ကို႕ ေကာင္မေလးရဲ႕ ကလစ္မဟုတ္လား။ ဘယ္တုန္းက ခိုးလာတာလဲ" ဆိုျပီး ရႊတ္ေနာက္ေနာက္ေမးေတာ့သည္။
"ေပါက္ကရေတြေျပာေတာ့မယ္"
"မရွက္ပါနဲ႔ဗ်ာ။ ကဲပါ … လာပါ…။ ေနထြက္ေတာ့မယ္ ထိုင္ႀကည့္ရေအာင္။"
စိတ္လြတ္လက္လြတ္ျဖစ္သြားတဲ့ ေကာင္းျမတ္လြန္းက တန္ဖိုးႀကီးဂါဝန္အေကာင္းစားႀကီးကိုမွအားမနာ ကမ္းစပ္က သဲေသာင္ျပင္ေပၚမွာ အားရပါးရ ဒူးႏွစ္ေခ်ာင္းေထာင္ျပီး ထိုင္ပစ္လိုက္သည္။
ကမၻာညိမ္းလည္း ေကာင္းျမတ္လြန္းရဲ႕ေဘးမွာပဲဝင္ထိုင္လိုက္သည္။
အိတိုေလးကေတာ့ ေကာင္းျမတ္လြန္း ေနာက္ေက်ာဘက္မွာ မတ္တတ္ရပ္ျပီး ေကာင္းျမတ္လြန္းလည္တိုင္ကို အေနာက္မွသိုင္းဖက္ကာ ေနလံုးႀကီး ထြက္ေပၚလာမည့္အခ်ိိန္ကိုေစာင့္ဆိုင္းေနသည္။
"လွလိုက္တာ"
ပင္လယ္ျပင္ႀကီးရဲ႕ အဆံုးသတ္ဟုထင္ရေသာ ျမင္ကြင္း အနားသတ္ အစြန္းတစ္ေနရာကေနထြက္ေပၚလာတဲ့ ေနလံုးႀကီးက အလင္းေရာင္ေတြကို အားသြန္ခြန္စိုက္နဲ႕ တျဖည္းျဖည္းခ်င္း ေနရာအႏွံ႕သို႕ ျဖန္႔က်က္ဖို႕ႀကိဳးစားေနသည္။
ေရလႈိင္းသံနဲ႕ လိႈိင္းလံုးတစ္လိမ့္လိမ္က သံစဥ္စည္းခ်က္လိုက္ကာ ကခုန္ေနဟန္ရွိသည္။
သက္ရွိပန္ခ်ီကားတစ္ခ်ပ္ကို မ်က္ႏွာမလႊဲနိုင္ေအာင္ တရႈိက္မက္မက္ေငးႀကည့္ေနမိႀကသည္။
အခ်ိန္အေတာ္ႀကာလို႔ ေနမင္းႀကီးကို အျပည့္အဝ ရႈျမင္ခြင့္ရရွိခ်ိန္မွာပဲ
"ေနာက္တစ္ခါက်ရင္ ေကာင္းမေလးမဟုတ္ပဲ ေကာင္ေလးအျဖစ္နဲ႕ ပင္လယ္ကမ္းေျခကိုလိုက္ပို႕ေပးမယ္" ဟု ကမၻာညိမ္းမွ ေျပာလာသည္။
"ဂါဝန္ပဲဝတ္ဝတ္ ေဘာင္းဘီပဲဝတ္ဝတ္ ေကာင္းျမတ္လြန္းက ေကာင္းျမတ္လြန္းပါပဲ။ အဲ့ဒါေႀကာင့္ အစ္ကို ကြ်န္ေတာ့ကို အားနာမေနပါနဲ႕။"
"အဲ့လိုလဲ ဘယ္ဟုတ္ပါမလဲ။ ကိုယ္ကမင္းကို စိတ္လြတ္လက္လြတ္ ပင္လယ္ထဲဆင္းျပီး ေပ်ာ္ေစခ်င္တာ။ အခုေတာ့ ကိုယ့္အခက္အခဲကို ကူညီေျဖရွင္းေပးေနရတာနဲ႕ သူမ်ားအရိပ္အေျခႀကည့္ျပီး လြတ္လြတ္လပ္လပ္မေနရေတာ့ဘူး။"
"ကြ်န္ေတာ္ … ကမ္းေျခကို အခုမွ ေရာက္ဖူးတာ။ ဒါပထအဆံုးပဲ။ အဲ့တာေႀကာင့္ အခုကြ်န္ေတာ္အရမ္းေပ်ာ္ေနပါတယ္"
"မာမား …"
"ဗ်ာ ……"
"အိတိုေလးနဲ႕ မာမားက တူတူပဲေနာ္ အိတိုလည္း အခုမွေရာက္ဖူးတာ အိတိုေလးလည္းအရမ္းေပ်ာ္တယ္။"
ကမ္းေျခမွာ အိတိုေလးနဲ႕အတူ အေဖာ္ျပဳျပီးကစားေပးေနတာေႀကာင့္ ေနေတာင္ျမင့္လာခဲ့ျပီ။
ကစားလို႕ဝကာမွ ဗိုက္ဆာရမွန္းသိတဲ့ အိတိုေလးက ဗိုက္ကေလးပြတ္ကာ မနက္စာစားဖို႕ပူဆာေတာ့သည္။
အဲ့တာေႀကာင့္ အခန္းထဲျပန္ခဲ့ႀကသည္။
အျပန္မွာေတာ့ ဟိုတယ္အတြင္းမွာ လူေတာ္ေတာ္မ်ားမ်ားသြားလာေနႀကျပီျဖစ္တာေႀကာင့္ ေကာင္းျမတ္လြန္းက ကမၻာညိမ္းေပြ႕ခ်ီတာကို လံုးဝလက္မခံေတာ့။ သို႕ေသာ္ ကမၻာညိမ္းလက္ေမာင္းကိုေတာ့ တြဲခ်ိတ္ထားခဲ့ရသည္။
မနက္စာ စားရင္းနဲ႕မွပဲ ေနာက္ဆံုး ေလးထည္ေျမာက္ ဂါဝန္အျဖဴေလးဝတ္ရမည့္ အေႀကာင္းျပခ်က္ကို ေကာင္းျမတ္လြန္းႀကားသိလိုက္ရသည္။
အဲ့လိုႀကားသိလိုက္ရတာနဲ႔ တစ္ျပိဳင္နက္တည္းမွာပဲ ေကာင္းျမတ္လြန္း နားရြက္ေလးေတြေကာ ပါးေလးေတြေကာ နီရဲတက္လာေတာ့သည္။
ႏႈတ္ခမ္းစူကာ ေခါင္းေလးခါျပီး ျငင္းခဲ့ေသာ္လည္း ေခြးေပါက္ေလးလိုအီျပီး မ်က္ႏွာခ်ိဳေသြးလာတဲ့ ဥကၠဌႀကီးေႀကာင့္ ကူရာကယ္ရာမဲ့သလို ခံစားသြားရျပီး မတက္သာတဲ့အဆံုးမွာေတာ့ သူ႕ဘက္ကပဲ အေလ်ွာ့ေပးကာ ေခါင္းျငိတ္လိုက္ရေတာ့သည္။
(*** ကမၻာညိမ္းက ေကာင္းျမတ္လြန္းကို သတို႔သမီးေပြ႕ခ်ီတဲ့ ပံုစံေလးအတိုင္းခ်ီတာကို ဘယ္လိုပံုစံေလးလဲ သိခ်င္တယ္ဆိုလို႕ ထည့္ေပးတာပါ။ ေအာက္က ပံုေလးထဲကအတိုင္းခ်ီတာပါဗ်။***)

T.B.C 🐻
THANKS 😘
11:40PM(Tue)
25.01.2022
G14
အိတိုလေးရဲ့မာမား 🐻 အခန်း (၁၅)
Unicode
ကောင်းမြတ်လွန်းသည် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပြီဖြစ်တဲ့ အိတိုလေးကို လန့်နိုးမလာစေရန်အလို့ငှာ ရင်ဘက်ပေါ် စောင်ပါးလေးတစ်ထည်ဖိထားပေးပြီးမှ ခြုံစောင်အကြီးကို ရင်ဘက်ထိလုံအောင်သေချာခြံဳပေးလိုက်သည်။
ထို့နောက် ခုတင်အစွန်အဖျားနားမှာထိုင်နေတဲ့ ကမ္ဘာညိမ်းကို မျက်ရိပ်မျက်ကဲပြပြီး တိတ်တဆိတ်ပဲ အခန်းထဲက ထွက်လာခဲ့လိုက်သည်။
“အိတိုလေးအိပ်သွားပြီဆိုတော့ ကျွန်တော့အခန်း ကျွန်တော်ပြန်တော့မယ်”
“ကိုယ်လိုက်ပို့ပေးမယ်လေ”
“နီးနီးလေးကို နေပါစေ။ အစ်ကို ကျွန်တော့ကို လိုက်ပို့နေရင် အိတိုလေးတစ်ယောက်တည်းကျန်နေခဲ့လိမ့်မယ်”
“ဒါဆိုလည်း ကိုယ်လိုက်မပို့တော့ဘူး။ တစ်ခုခုအဆင်မပြေတာရှိရင် ကိုယ့်ဆီ ချက်ချင်း ဖုန်းလှမ်းဆက်လိုက်”
“ဟုတ်ကဲ့ ဒါဆို… ကျွန်တော်သွားပြီ”
“ကောင်းမြတ်လွန်း …”
“ဗျာ …”
“ကောင်းသောညပါ ကိုယ့်အချစ်”
“ဟား … ဟား … အစ်ကိုကတော့နောက်ပြီဗျာ။ အစ်ကိုလည်းကောင်းသောညပါ။”
ကောင်းမြတ်လွန်းက ခပ်ဟဟလေးရယ်ပြီး သူ့အခန်းသို့ကူးသွားခဲ့သည်။
နောက်ပြီးပြောတာ မဟုတ်ဘူးဆိုတဲ့ အကြောင်းကိုတော့ ကမ္ဘာညိမ်းလည်း ကောင်းမြတ်လွန်းသိအောင် အထွေအထူးရှင်းပြမနေဖြစ်တော့။
အခန်းတံခါးဝမှာ ခြေတစ်ဖက်ကိုထုတ် လည်လေးဆန့်ပြီး ဘေးအခန်းသို့ဝင်သွားတဲ့ ကောင်လေးကိုသာ မြင်ကွင်းထဲက ပျောက်ကွယ်သွားသည်အထိ လိုက်ကြည့်နေမိသည်။
ကောင်းမြတ်လွန်းတစ်ယောက် သူ့အခန်းသို့ရောက်သည်နှင့် လေပူတွေမှုတ်ထုတ်လိုက်ပြီး မှန်ပြတင်းနားသို့သွားကာ လိုက်ကာတွေကို ဖယ်ရှားလိုက်ပြီး ပင်လယ်ညရှုခင်းကို တဝကြီးငေးကြည့်နေလိုက်သည်။
တစ်မနက်ခင်းလုံး တစ်နေ့လုံး အိတိုလေးရဲ့ အသံစာစာလေးနဲ့ နားရင်ပါးနေခဲ့တဲ့ ကောင်းမြတ်လွန်းအတွက် အိပ်ချိန်မှာသာ ပြန်လာဖြစ်တဲ့ ဒီအခန်းကျယ်ကြီးက အတော်လေးတိတ်ဆိတ်ခြောက်ကပ်နေသလိုပင်။
တိတ်ဆိတ်ခြောက်ကပ်နေတဲ့ ညချမ်းမှာ သူ့အတွေးထဲရောက်လာတာက တစ်စထက်တစ်စ သံယောဇဉ်ဖြစ်လာတဲ့ အိတိုလေးတို့သားအဖကို ဘယ်လိုများ သံယောဇဉ်ဖြတ်ပစ်ရမလဲဆိုတဲ့အကြောင်းများပင်ဖြစ်သည်။
လူတွေအပေါ် သူအများကြီး မခင်တွယ်ချင်ပါ။ တစ်ချိန်ချိန်မှာ သေချာပေါက် တစ်ယောက်တည်းကျန်ရစ်ခဲ့မှာသိရက်နဲ့ ဘယ်သူ့ကိုမှ သူ့စိတ်နှလုံးကို အပြည့်အဝမပေးအပ်လိုက်ချင်။
အခုတောင် သူဘက်က စည်းအထပ်ထပ်ကာရံထားတဲ့ကြားက အိတိုဆိုတဲ့ ကလေးလေးကို သဲသဲလှုပ်ဂရုစိုက်ကာ အရိပ်တကြည့်ကြည့်ဖြစ်နေမိပြီ။
ကမ္ဘာညိမ်းဆိုတဲ့ လူကြီးကလည်း အခုချိန်မှာသာ သူ့ကလေးပျော်ရွင်ဖို့အတွက် အစွမ်းကုန် ကောင်းပြနေတာ။ တစ်ချိန်ကြရင်တော့သေချာပေါက် သူက အမေ့ခံလူသားဘဝကို ရောက်သွားဦးမှာသေချာသည်။
လူတွေက မမြင်ဖူးတဲ့အရာအသစ်အဆန်းတွေတွေ့ရင် သိပ်ကို စိတ်ဝင်စားတက်ကြပြီး အဲ့ဒီအရာတွေကို နှစ်သက်သွားမိပြီဆိုရင်းလည်း လိုချင်တက်မက်လာတက်ကြသည်။
အခုလည်း သူ့အဖြစ်ကအဲ့ဒီလိုပင်။
ငယ်စဉ်ကလေးဘဝ အမေဆုံးပြီးကတည်းက မရနိုင်တော့တဲ့ ဂရူစိုက်မှုတွေ အကြင်နာတွေ မေတ္တာတွေကို ရုတ်တရက်ကြီး မြင်လိုက်ရ ပြန်ခံစားလိုက်ရတော့ အဲ့တာတွေအားလုံးက သူ့အတွက်မက်မောစရာတွေကြီး ဖြစ်လာသည်။
ဒါပေမယ့် အဲ့ဒီအရာတွေက မက်မောလို့ကောင်းတဲ့အရာတွေမဟုတ်ခဲ့။
အချိန်တန်လို့ အိတိုလေးရဲ့ ဒယ်ဒီက သင့်တော်တဲ့ အမျိုးသမီးတစ်ဦးနဲလက်ဆက်ပြီး အိတိုလေးအတွက် မာမားဆိုတဲ့ နေရာလေးကို ဖြည့်ဆည်းပးခဲ့ရင် နေရာလွတ်မရှိတော့တဲ့နေရာမှ သူကလူပိုသတ်သတ်ပင်။
အတွေးလွန်နေလိုက်တာနဲ့ အချိန်နာရီတွေကိုတောင် သတိမထားမိတော့။
နာရီကိုတစ်ချက်ကြည့်တော့ တစ်ချက်ထိုးနေပြီ။
မနက်ခင်း နေထွက်ချိန် ပင်လယ်ကမ်းစပ်မှာ လမ်းလျှောက်ကြဖို့ပြောထားတာကြောင့် အခုချိန်မှာ မအိပ်ချင်သေးလဲ အိပ်သင့်ပြီလို့တွေးကာ ကိုယ်လက်သန့်စင်ဖို့ ရေချိုးခန်းထဲအရင်ဝင်လိုက်သည်။
သန့်စင်ခန်းထဲက ပြန်ထွက်လာပြီး နောက် ခုတင်ပေါ်တက်ပြီး အိပ်စက် အနားယူလိုက်တော့သည်။
တစ်ညတာကုန်လွန်သွားပြီးလို့ နေလုံးကြီး နိုးထလာဖို့ သိပ်မလိုတော့တဲ့အချိန်မှာပဲ အခန်းတံခါးခေါက်သံကြားလိုက်ရသည်။
မျက်လုံးများကို ဖွင့်လိုက်ပိတ်လိုက်နဲ့ တော်တော်လေးကြာမှ ရှုပ်ပွနေတဲ့ ဆံပင်တွေကို လက်ငါးချောင်းနဲ့ သပ်တင်ပြီး အခန်းတံခါးပြေးဖွင့်လိုက်သည်။
“မာမား … မောနင်း”
“မောနင်း … အိတိုလေး”
“မောနင်း ကောင်းမြတ်လွန်း”
“မောနင်းပါအစ်ကို ခဏလေးနော် ကျွန်တော် အခုပဲ မျက်နှာသစ် အဝတ်စားလဲလိုက်မယ်”
“ရတယ် မလောပါနဲ့ အိတိုလေးကို ထားခဲ့မယ်”
“ဟုတ်ကဲ့”
အိတိုလေးလက်ကိုဆွဲပြီး အိပ်ချင်မူးတူးရုပ်လေးနဲ့ သန့်စင်ခန်းထဲဝင်သွားတဲ့ ကောင်းမြတ်လွန်းကိုကြည့်ရင်း ကမ္ဘာညိမ်းကပဲ အခန်းတံခါးကို လော့သေချာချပြီး ပိတ်ပေးခဲ့သည်။
ကောင်းမြတ်လွန်းက အိတိုလေးကို သန့်စင်ခန်းထဲက ဘေစင်ဘောင်ပေါ်မှာ တင်ထားပေးပြီး မျက်နှာသစ် သွားတိုက်နေသည်။
“မာမား …”
“အင်း …”
“မာမား ဒေါက်ဖိနပ်မစီးနဲ့တော့နော်။ အိတိုလေးက မာမားကိုချီပြီးခေါ်သွားဖို့ dad … ကိုပြောထားတယ်”
“ဟောဗျာ … မာမားကို အဲ့လောက်တောင် စိတ်ပူတာပဲလား”
“အိတိုက မာမားကိုချစ်လို့ပေါ့”
ကောင်းမြတ်လွန်းတစ်ယောက် ချစ်စရာကောင်းအောင်ပြန်ဖြေတက်တဲ့အိတိုလေးကို ချီပြီး အားရပါးရနမ်းရှုံ့ပစ်လိုက်သည်။
ကောင်းမြတ်လွန်းသည် အိတိုလေးရဲ့ ချစ်စဖွယ် အမူအယာလေးတြွေမင်လိုက်ရတိုင်း မနမ်းရှုံ့ပဲ မနေနိုင်တော့ပေ။
လှပတဲ့ ဆင်စွယ်ရောင် ဘူးလေးထဲက အပြာနုရောင် ဂါဝန်လေးကို ထုတ်ပြီးဝတ်နေတော့ အိတိုလေးက ခုတင်အစွန်းနားလေးမှာ ဖင်လေးတေ့ထိုင်ပြီး ခြေထောက်လေးတွဲလွှဲချကာ ငေးကြည့်နေသည်။
“အိတိုလေး …”
“ခင်ဗျာ …”
“မာမားကို အရမ်းချစ်တာပဲလား”
ကောင်းမြတ်လွန်းက ဂါဝန်ကို ခက်ခက်ခဲခဲဝတ်ဆင်နေရင်း အိတိုလေးကိုလှမ်းမေးလိုက်သည်။
အိတိုလေးကလည်း မတုံ့မဆိုင်း ချက်ချင်းကိုပဲ လက်အမှုအရာလေးနဲ့ပါ ပြန်ဖြေပေးလာသည်။
“ချစ်တာပေါ့ အများကြီးပဲချစ်တာ”
“ဘာလို့ချစ်တာလဲ”
ကောင်းမြတ်လွန်းမေးခွန်းကြောင့် အိတိုလေးရဲ့ ပါးမို့လေးတွေက လုံးတက်လာပြီး သွားဖွေးဖွေးလေးများပေါ်သည်အထိ ပြုံးလာသည်။
ထို့နောက် …
“အရင်တုန်းက … အိတိုလေးက … မာမား ဆံပင်လေးတွေလှလို့ ပြီးတော့ မျက်လုံးလေးတွေကောပဲ အရမ်းလှလို့ ချစ်သွားတာ”
“အဲ့လိုလား … ဒါဆို အခုကျတော့ကော”
“မာမားက အိတိုလေးကို ဂရုစိုက်လို့ ချစ်ပေးလို့။
အိတိုလေးကို ထမင်းလည်းခွံ့ပေးတယ်။
အတူတူလည်း ကစားပေးတယ်။
ချော့လည်း သိပ်ပေးတယ်။
အင်း … ပြီးတော့ … ဂါဝန်လှလှလေးလည်းဝတ်ပြပေးလို့”
ခြေထောက်လေးတွေ လှုပ်ရမ်းရင်း တက်တက်ကြွကြွဖြေပေးလာတဲ့ အိတိုလေးရဲ့ အကြောင်းပြချက်တွေက ကောင်းမြတ်လွန်းကို မပြုံးပဲမနေနိုင်အောင်ကို ပြုစားလိုက်သလိုပင်။
နွေးထွေးသွားတဲ့ ရင်ဘက်တစ်ခြမ်းနဲ့ ကြည်နူးရိပ်သန်းတဲ့ မျက်ဝန်းတစ်စုံကတော့ဖြင့် အလိုလိုနေရင်း ထပ်တူကျသွားခဲ့သည်။
“ဒါဖြင့်ရင်… တကယ်လို့ မာမားက လှလည်းမလှတော့ဘူး အိတိုလေးကိုလည်း ဂရုမစိုက်တော့ဘူးဆိုရင်ကော ချစ်ဦးမှာလား”
“ချစ်မှာပေါ့”
တုန်ပြန်မှုက မြန်လွန်းသည်။
“ဘာလို့လဲ။ မာမားက ရုပ်ဆိုးကြီးနဲ့လေ။ အိတိုလေးကိုလည်း ပစ်ထားမှာ”
“မာမားက အိတိုလေးရဲ့ မာမားလေ။
မာမားက အိတိုလေးကို ဂရူမစိုက်ပေးရင် အိတိုလေးက မာမားကို ဂရူစိုက်ပေးမှာပေါ့။
မာမား မလှတော့ရင်လည်း အိတိုလေးက လှအောင်ပြင်ပေးမှာ”
ဒီစကားက ဖြူစင်လွန်းတဲ့ ကလေးတစ်ယောက်ဆီက ထွက်လာတဲ့ နှစ်သိမ့်ပေးမှုတစ်ခုမဟုတ်ပဲ ရင်ထဲလာတဲ့ အစစ်အမှန်ခံစားချက်တွေဆိုတာ ကောင်းမြတ်လွန်း ကောင်းကောင်းကြီး နားလည်သည်။
အဲ့တာကြောင့်လည်း ကောင်းမြတ်လွန်းတစ်ယောက် မျက်ရည်များပင် ဝဲချင်လာသည်။
သို့သော် ကလေးအရှေ့မှာ မျက်ရည်ကျလို့မကောင်းတာကြောင့် ခပ်သွက်သွက်လေး အပြုံးတစ်ခုကို ဆင်မြန်းလိုက်ပြီး
“အခြားလှတဲ့ မမတွေကိုကော မချစ်ချင်ဘူးလား”
ကောင်းမြတ်လွန်းက အိတိုလေးဘေးမှာ တင်ပါးလွှဲဝင်ထိုင်ပြီး ထပ်မေးလိုက်ပြန်သည်။
ိအိတိုလေးက ကောင်းမြတ်လွန်း လက်မောင်းကို အားပြုပြီး ခုတင်ပေါ် မတ်တတ်အရင်ရပ်လိုက်သည်။ ထို့နောက် အနည်းငယ်ပွနေတဲ့ ကောင်းမြတ်လွန်းရဲ့ ဆံသားအိအိရှည်ရှည်လေးတွေကို လက်ဖဝါးသေးသေးနဲ့ သပ်ပေးရင် ……
“အခြားမမတွေက dad … ကိုပဲ ဂရုစိုက်တာ။
အိတိုလေးကို မချစ်ဘူး။" ဟု နှုတ်ခမ်းလေးစူကာပြောပြလာသည်။
ဆက်ပြီးတော့ …
"သူတို့က dad … ရှေ့မှာပဲ အိတိုလေးကို ချီတာ။
dad … မရှိရင် အိတိုလေးကို တွန်းထုတ်ပစ်တယ်။
မာမားက အိတိုလေးကို ဆူပေမယ့် တွန်းမထုတ်ဘူးလေ။
ပြီးတော့ မာမားက dad … မရှိတဲ့အချိန်ဆို အိတိုလေးကို ပိုဂရုစိုက်တယ်။” ဟု
အကြောင်းအရာ တစ်ခုချင်းစီကို အသံလေးဆွဲပြီး ဖြည်းဖြည်းချင်း စဉ်းစားကာ ထပ်ရှင်းပြလာသည်။
အိတိုလေးက ကောင်းမြတ်လွန်းကို တစ်ချိန်လုံး အကဲခတ်ပြီး စာမေးပွဲစစ်နေခဲ့ပုံရသည်။
အဲ့လိုဆိုမှ အိတိုလေးနဲ့ စတွေ့တဲ့ အချိန်တုန်းက သူဘက်က ဝက်ဝံပေါက်လေးကို ဆူဆူအောင့်အောင့်နဲ့ ငြင်းဆန်စကားတွေပြောနေခဲ့ပေမယ့် လက်လွတ်စပယ် ကြမ်းကြမ်းတမ်းတမ်း တွန်းထုတ်ပစ်တာမျိုးတော့မရှိခဲ့။
သူ့အပြုအမူတွေကို သူ့ကိုယ်သူသတိမထားမိခဲ့ပေမယ့် အိတိုလေးကတော့ အမှတ်ရကာ သတိထားမိနေခဲ့သည်။
တကယ်ကိုပဲ အိတိုလေးက ဉာဏ်ကောင်းပြီးထက်မြတ်တဲ့ ကလေးဖြစ်သည်။
ဒီလိုချစ်စရာကောင်းပြီး လိမ္မာတဲ့ ကလေးလေးကို ခပ်ဆိုးဆိုး မိထွေးလက်ထဲမှာ မကြီးပြင်လာရစေဖို့ကိုတော့ ကောင်းမြတ်လွန်းစိတ်ထဲက စိတ်အရင်းအမှန်နဲ့ နှစ်နှစ်ကာကာ ဆုတောင်းပေးနေမိသည်။
အဝတ်အစားလည်း လဲပြီး သွားပြီး အိတိုလေးနဲ့လည်း စကားပြောပြီးသွားပြီမို့ အိတိုလေးနဲ့အတူ အခန်းထဲက ထွက်လာလိုက်သည်။
အခန်းအပြင်ဘက်မှာ နံရံကို ကျောမှီရပ်ရင်း စောင့်နေတဲ့ ကမ္ဘာညိမ်းကို မြင်လိုက်ရတော့ …
“စောင့်နေတာကြာပြီလား။ အထဲဝင်လာခဲ့တာမဟုတ်ဘူး။” လို့မေးမိသည်။
“မင်း အဝတ်အစားလဲနေတာ အနှောက်အယှက်ဖြစ်သွားမှာဆိုးလို့ပါ။”
“နေထွက်ခါနီးပြီဆိုတော့ သွားကြရအောင်လေ”
ကောင်းမြတ်လွန်းက သွားဖို့ နှိုးဆော်လိုက်တာနဲ့ ကမ္ဘာညိမ်းက ကောင်းမြတ်လွန်းကို ချက်ချင်းကောက်ပွေ့တော့သည်။
“အစ်ကို .. ဘာလုပ်တာလဲ”
“ခြေထောက်နာနေတယ်မဟုတ်လား”
“ကျွန်တော်သိပ်မနာတော့ပါဘူး။ ရှက်စရာကြီးကို။ အောက်ပြန်ချပေးပါ။ ပြီးတော့ ကျွန်တော့ကိုယ်ကလေးတယ်။”
“မင်းကိုယ်က ထင်သလောက်လဲ မလေးပါဘူး။ ဒီအချိန် အိပ်ကောင်းနေကြလို့ ဘယ်သူမှမရှိဘူး။ ပြီးတော့ မင်းကိုအောက်ချပေးလိုက်ရင် အိတိုလေးက ကိုယ့်ကိုဆူမှာ။”
အိတိုလေးက သူ့ဒယ်ဒီဘောင်းဘီစလေးကို ကိုင်ရင်း ခေါင်းမော့ကာ ကောင်းမြတ်လွန့်ကိုကြည့်ပြီး
"ဟုတ်တယ်မာမား"
“ဘယ်တုန်းက ကလေးကို ပြန်ကြောက်သွားရတာလဲ။ လုပ်ပါဗျာ။ ပြန်ချပေးပါ။”
“မရပါဘူး။ အိတိုလေး ငိုသွားလိမ့်မယ်။ ဟုတ်တယ်နော် အိတိုလေး။”
“ဟုတ်တယ်”
အဲလိုနဲ့ ကမ်းစပ်နားရောက်သည်အထိ ကောင်းမြတ်လွန်းကို ပွေ့ချီသွားတဲ့ ကမ္ဘာညိမ်း။
သဲမှုန်လေးများနဲ့ ထိတွေ့နေတဲ့ ခြေထောက်လေးတွေက အနည်းငယ်အေးစက်သလိုရှိနေပေမယ့် တော်တော်လေးတော့ ခံစားလို့ကောင်းသည်။
မနက်ခင်းလေအဝှေ့မှာ ဆံပင်တွေက ကပိုကရိုလေးနဲ့ လွန့်လွန့်လူးနေတော့ နားအနောက်ဖက်သို့ အသာညှပ်ပေးရင် ကစ်လစ်လှလှလေးတစ်ချောင်နဲ့ညှပ်ပေးတာကို ခံလိုက်ရသည်။
"ဒါကကော ဘယ်ကနေဘယ်လိုပါလာပြန်တာလဲ"
"လိုရမယ်ရဆောင်ထားခဲ့တာပါ။ အခုတော့အသုံးဝင်သွားပြီ။"
ကမ္ဘာညိမ်းစကားကို ကောင်းမြတ်လွန်းက သဘောတကျထရယ်သည်။ ထို့နောက် ကမ္ဘာညိမ်းနားနားသို့ကပ်ကာ
"အစ်ကို့ ကောင်မလေးရဲ့ ကလစ်မဟုတ်လား။ ဘယ်တုန်းက ခိုးလာတာလဲ" ဆိုပြီး ရွှတ်နောက်နောက်မေးတော့သည်။
"ပေါက်ကရတွေပြောတော့မယ်"
"မရှက်ပါနဲ့ဗျာ။ ကဲပါ … လာပါ…။ နေထွက်တော့မယ် ထိုင်ကြည့်ရအောင်။"
စိတ်လွတ်လက်လွတ်ဖြစ်သွားတဲ့ ကောင်းမြတ်လွန်းက တန်ဖိုးကြီးဂါဝန်အကောင်းစားကြီးကိုမှအားမနာ ကမ်းစပ်က သဲသောင်ပြင်ပေါ်မှာ အားရပါးရ ဒူးနှစ်ချောင်းထောင်ပြီး ထိုင်ပစ်လိုက်သည်။
ကမ္ဘာညိမ်းလည်း ကောင်းမြတ်လွန်းရဲ့ဘေးမှာပဲဝင်ထိုင်လိုက်သည်။
အိတိုလေးကတော့ ကောင်းမြတ်လွန်း နောက်ကျောဘက်မှာ မတ်တတ်ရပ်ပြီး ကောင်းမြတ်လွန်းလည်တိုင်ကို အနောက်မှသိုင်းဖက်ကာ နေလုံးကြီး ထွက်ပေါ်လာမည့်အချိန်ကိုစောင့်ဆိုင်းနေသည်။
"လှလိုက်တာ"
ပင်လယ်ပြင်ကြီးရဲ့ အဆုံးသတ်ဟုထင်ရသော မြင်ကွင်း အနားသတ် အစွန်းတစ်နေရာကနေထွက်ပေါ်လာတဲ့ နေလုံးကြီးက အလင်းရောင်တွေကို အားသွန်ခွန်စိုက်နဲ့ တဖြည်းဖြည်းချင်း နေရာအနှံ့သို့ ဖြန့်ကျက်ဖို့ကြိုးစားနေသည်။
ရေလှိုင်းသံနဲ့ လှိုင်းလုံးတစ်လိမ့်လိမ်က သံစဉ်စည်းချက်လိုက်ကာ ကခုန်နေဟန်ရှိသည်။
သက်ရှိပန်ချီကားတစ်ချပ်ကို မျက်နှာမလွှဲနိုင်အောင် တရှိုက်မက်မက်ငေးကြည့်နေမိကြသည်။
အချိန်အတော်ကြာလို့ နေမင်းကြီးကို အပြည့်အဝ ရှုမြင်ခွင့်ရရှိချိန်မှာပဲ
"နောက်တစ်ခါကျရင် ကောင်းမလေးမဟုတ်ပဲ ကောင်လေးအဖြစ်နဲ့ ပင်လယ်ကမ်းခြေကိုလိုက်ပို့ပေးမယ်" ဟု ကမ္ဘာညိမ်းမှ ပြောလာသည်။
"ဂါဝန်ပဲဝတ်ဝတ် ဘောင်းဘီပဲဝတ်ဝတ် ကောင်းမြတ်လွန်းက ကောင်းမြတ်လွန်းပါပဲ။ အဲ့ဒါကြောင့် အစ်ကို ကျွန်တော့ကို အားနာမနေပါနဲ့။"
"အဲ့လိုလဲ ဘယ်ဟုတ်ပါမလဲ။ ကိုယ်ကမင်းကို စိတ်လွတ်လက်လွတ် ပင်လယ်ထဲဆင်းပြီး ပျော်စေချင်တာ။ အခုတော့ ကိုယ့်အခက်အခဲကို ကူညီဖြေရှင်းပေးနေရတာနဲ့ သူများအရိပ်အခြေကြည့်ပြီး လွတ်လွတ်လပ်လပ်မနေရတော့ဘူး။"
"ကျွန်တော် … ကမ်းခြေကို အခုမှ ရောက်ဖူးတာ။ ဒါပထအဆုံးပဲ။ အဲ့တာကြောင့် အခုကျွန်တော်အရမ်းပျော်နေပါတယ်"
"မာမား …"
"ဗျာ ……"
"အိတိုလေးနဲ့ မာမားက တူတူပဲနော် အိတိုလည်း အခုမှရောက်ဖူးတာ အိတိုလေးလည်းအရမ်းပျော်တယ်။"
ကမ်းခြေမှာ အိတိုလေးနဲ့အတူ အဖော်ပြုပြီးကစားပေးနေတာကြောင့် နေတောင်မြင့်လာခဲ့ပြီ။
ကစားလို့ဝကာမှ ဗိုက်ဆာရမှန်းသိတဲ့ အိတိုလေးက ဗိုက်ကလေးပွတ်ကာ မနက်စာစားဖို့ပူဆာတော့သည်။
အဲ့တာကြောင့် အခန်းထဲပြန်ခဲ့ကြသည်။
အပြန်မှာတော့ ဟိုတယ်အတွင်းမှာ လူတော်တော်များများသွားလာနေကြပြီဖြစ်တာကြောင့် ကောင်းမြတ်လွန်းက ကမ္ဘာညိမ်းပွေ့ချီတာကို လုံးဝလက်မခံတော့။ သို့သော် ကမ္ဘာညိမ်းလက်မောင်းကိုတော့ တွဲချိတ်ထားခဲ့ရသည်။
မနက်စာ စားရင်းနဲ့မှပဲ နောက်ဆုံး လေးထည်မြောက် ဂါဝန်အဖြူလေးဝတ်ရမည့် အကြောင်းပြချက်ကို ကောင်းမြတ်လွန်းကြားသိလိုက်ရသည်။
အဲ့လိုကြားသိလိုက်ရတာနဲ့ တစ်ပြိုင်နက်တည်းမှာပဲ ကောင်းမြတ်လွန်း နားရွက်လေးတွေကော ပါးလေးတွေကော နီရဲတက်လာတော့သည်။
နှုတ်ခမ်းစူကာ ခေါင်းလေးခါပြီး ငြင်းခဲ့သော်လည်း ခွေးပေါက်လေးလိုအီပြီး မျက်နှာချိုသွေးလာတဲ့ ဥက္ကဌကြီးကြောင့် ကူရာကယ်ရာမဲ့သလို ခံစားသွားရပြီး မတက်သာတဲ့အဆုံးမှာတော့ သူ့ဘက်ကပဲ အလျှော့ပေးကာ ခေါင်းငြိတ်လိုက်ရတော့သည်။
(*** ကမ္ဘာညိမ်းက ကောင်းမြတ်လွန်းကို သတို့သမီးပွေ့ချီတဲ့ ပုံစံလေးအတိုင်းချီတာကို ဘယ်လိုပုံစံလေးလဲ သိချင်တယ်ဆိုလို့ ထည့်ပေးတာပါ။ အောက်က ပုံလေးထဲကအတိုင်းချီတာပါဗျ။***)

Коментарі