အိတို (၂၂)
Zawgyi
“မာမား …”
“မာမားရှိတယ် ကလေးလေး”
“မာမား …”
“အိတို …”
“မာမား …”
“dad …..”
“မာမားကို ကောချစ်လား …”
“အိတို …”
“ဘယ်သွားမလိုလဲ မာမား”
“ဟုတ်ကဲ့”
“dad … ကိုသတိရလိုက်တာ”
“မာမား မသွားတက်ဘူး”
T.B.C 🐻
THANKS 😘
11:09PM(Thu)
03.02.2022
G14
အိတိုလေးရဲ့မာမား🐻အခန်း(၂၂)
Unicode
အဖြူရောင် အခန်းငယ်လေးထဲမှာ ကလေးအသုံးအဆောင် ပစ္စည်းလေးများဖြင့် ပြည့်နှက် နေသည်။
ရောင်စုံခဲတံလေးများက ပုံပြင်စာအုပ်လေးများက စားရေးစာပွဲပေါ်မှာ အစီအရီရှိနေပြီး မွှေးပွအရုပ်လေးများက မှန်ဗီရိုကြီးထဲမှာ နေရာတကျရှိနေသည်။ အဝတ်အစားဗီရိုလေးနှစ်လုံးက အပြာရောင်နဲ့ ပန်းရောင်လေးဖြစ်သည်။
အခန်း၏ထောင့်တစ်နေရာမှာတော့ ကလေးအိပ်ခုတင်အသေးလေးတစ်လုံးက ချစ်စရာကောင်းစွာတည်ရှိနေသည်။
အဲ့ဒီ ခုတင်ထက်မှာတော့ ပါးလုံးအိအိလေးတစ်လုံးကိုဖိကာ တစ်စောင်အနေအထားနဲ့အိပ်နေတဲ့ ကလေးလေးတစ်ယောက်ရှိနေသည်။ ပါးတစ်ဖက်ကိုဖိထားတာကြောင့် အပေါ်အောက်နှုတ်ခမ်းလုံးလုံးက သိသိသာသာစူထော်နေလေသည်။
အဝါရောင် ပီကာခြူအရုပ်လေးကို ဖက်အိပ်ထားတဲ့ အိတိုလေးက တစ်ချက်တစ်ချက် အိပ်နေရင်းထရှိုက်တက်သည်။
“မာမား …”
“မာမားရှိတယ် ကလေးလေး”
ကောင်းမြတ်လွန်းက အိတိုလေးကျောကို အသာအယာသတ်ပေးရင် ချောပေးလိုက်မှာငြိမ်သက်စွာနဲ့ ပြန်လည်အိပ်ပျော်သွားရှာသည်။
အိပ်နေတဲ့ ကလေးလေးနားမှာငြိမ်သက်စွာစောင့်နေပေးတဲ့ လူကြီးနှစ်ယောက်လည်းရှိသည်။
ထိုလူနှစ်ယောက်ကတော့ ကလေးလေးမျက်နှာကိုသာ တစိမ့်စိမ့်ငေးကြည့်ရင်း တစ်ညတာကို ကုန်ဆုံးဖြတ်ကျော်ခဲ့ကြသည်။
မနက်ခင်း လေးနာရီအချိန်အခါမှာတော့
“ကောင်းမြတ်လွန်း … အခန်းပြန်နားပါတော့လား”
ကောင်းမြတ်လွန်းခေါင်းခါသည်။
အိုတိုလေး နိုးလာတဲ့အချိန် သူ့ကိုမမြင်ရလို့ ဝမ်းနည်းသွားမှာကိုမလိုလား။
အိတိုလေး မနိုးလာမချင်း ကောင်းမြတ်လွန်းက ဒီအခန်းလေးထဲက ဘယ်ကိုမှ ထွက်သွားဆန္ဒမရှိ။
“မာမား …”
တိုးလျှတဲ့ အသံလေးကြောင့် နှစ်ယောက်လုံးလှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။
“အိတို …”
“မာမား …”
မျက်လုံးတောင်ကောင်းကောင်းမပွင့်သေးတဲ့အိတိုလေးက အတင်းကုန်ရုန်းထကာ သူဖက်ထားတဲ့အရုပ်လေးကို ပစ်ချလိုက်ပီး ကောင်းမြတ်လွန်းဆီသို့ လက်လေးနှစ်ဖက် ကမ်းပေးလာသည်။
ကမ္ဘာညိမ်းက အိတိုလေး ဘေးက ခုတင်အစွန်းနားလေးမှာထိုင်နေတာဖြစ်လို့ အလိုက်တသိနေရာဖယ်ပေးလိုက်သည်။
ကောင်းမြတ်လွန်းက ခုတင်ခြေရင်းနားလေးကနေ ထလာပြီး အိတိုလေးဘေးနားသွားကာ ရင်ခွင်ထဲထည့်ချီပေးထားသည်။
“မာမား … ဘယ်မှမသွားပါနဲ့”
ကြောက်စိတ်မပြေသေးတဲ့ကလေးငယ်က ခပ်တိုးတိုးလေး တောင်ဆိုလာတော့ ကောင်းမြတ်လွန်း ရင်ထဲခံစားရတာမချိ။
ကောင်းမြတ်လွန်း မကြာခဏ တွေးမိတယ်။ ဒီကလေးလေးက ဘာလို့များ ကောင်းမြတ်လွန်းအပေါ် ဒီလောက်ထိ တွယ်တာသွားတာလဲလို့ပေါ့။
အဲ့လို တောက်လျှောက် တွေးလာတဲ့ သူကိုယ်တိုင်လည်း "မာမား" ဆိုတဲ့ အမည်နာမလေးကို နားထောင်ရင်း အိတိုလေးအပေါ် သံယောဇဉ်ဖြစ်မှန်းမသိ ဖြစ်နေမိပြီ ဖြစ်သည်။
အခုဆို သူ့ကိုယ်သူ "မာမား" လို့သုံးပြီး အိတိုလေးနဲ့ လိုက်လျောညီထွေဖြစ်အောင် ကောင်းကောင်းကြီးပြောတက်နေပြီ။ တမင်လုပ်ယူထားတာမဟုတ်ပဲ အသားတကျနဲ့ကို သက်သောင့်သက်သာ ပြောလာ နိုင်တာဖြစ်သည်။
“မာမား ဘယ်မှ မသွားတော့ဘူး။ အိတိုလေးနဲ့ပဲ အတူနေတော့မှာ။ ဝမ်းမနည်းတော့နဲ့နော်။”
လုံးအိနေတဲ့ ပါးလုံးလေးထဲ နှာထိပ်ဖျားလေး နှစ်ဝင်သည်အထိ နမ်းရင်ပြောလိုက်တော့ အိတိုလေးရဲ့ မျက်နှာလေးက သိသိသာသာရွှင်လန်းလာသည်။
အိတိုလေးက ကောင်းမြတ်လွန်းပါးတစ်ဖက်ကို ပြန်လည်နမ်းရှိုက်ရင်း …
“မာမားက အိတိုလေးကိုပြန်ချစ်သွားလို့လားဟင်” ဟုမေးလာသည်။
ကောင်းမြတ်လွန်းသည် ဒီကလေးလေးကို သူ့ရင်ထဲက ခံစာချက်တွေကို နားလည်အောင် ဘယ်လိုများ ပြောပြရပါ့မလဲဟု တွေးရင် ခဏတာ ငိုင်သွားမိသည်။
အဲ့ဒီလို ငိုင်တွေမိတဲ့ စက္ကန်းပိုင်းလေးမှာပဲ အိတိုလေးရဲ့ မျက်နှာလေးက မသာမယာ ဖြစ်လာတာကြောင့် ….
“အိတိုလေးကို မာမားက အမြဲချစ်ပါတယ်။ မချစ်လို့ ထားသွားမယ်ပြောတာ မဟုတ်ပါဘူး။ အရမ်းချစ်လွန်းလို့ အရမ်းချစ်လွန်းလို့ ထွက်ပြေးဖို့ကြိုးစားမိတာပါ။ အဲ့လိုမတွေးပါနဲ့။”
“အိတိုလေးက မာမားကိုအရမ်းချစ်တာ”
ကောင်းမြတ်လွန်းလည်း ချစ်စရာကောင်းလွန်းတဲ့အိတိုလေးနဖူးကို တစ်ချက်နမ်းပြီး ရင်ခွင်ထဲ တင်းကျပ်နေအောင် ထည့်ဖက်ထား ပေးလိုက်သည်။
“အဟမ်း … အဟမ်း … ကိုယ်မနက်စာပြင်ပြီးပြီလားသွားကြည့်လိုက်အုံးမယ်”
ကမ္ဘာညိမ်းရဲ့ချောင်းဟန့်သံကြားမှာ အလွမ်းသည်နေကြတဲ့ ဝက်ဝံပေါက်လေးတွေက အခန်းထဲမှာ သက်ရှိလူသားတစ်ယောက် ရှိနေသေးတာကို ပြန်လည် သတိထားမိသွားကြသည်။
“dad …..”
အိုတိုလေးက သူ့ဒယ်ဒီကို လက်ယက်ပြီးလှမ်းခေါ်သည်။
ကမ္ဘာညိမ်းလည်း အိတိုလေး အလိုကျ အနားသွားလိုက်သည်။ အိတိုလေးအနား ကမ္ဘာညိမ်းရောက်သွားတာနဲ့ အိတိုလေးက သူ့ကို တရှုံ့ရှုံ့နမ်းလာတော့သည်။
“Dad …. မာမားကိုပြန်ခေါ်ပေးလို့ ကျေးဇူးတင်ပါတယ်။ dad ….. ကိုလည်း အိတိုလေးက အရမ်းချစ်တယ်နော် သိလား …။”
အိတိုလေးရဲ့ချစ်စဖွယ်စကားတွေကြောင့် ကမ္ဘာညိမ်း စိတ်မကောင်းဖြစ်နေတာတွေတောင် ဘယ်ရောက်သွားမှန်းမသိတော့ပဲ ပြုံးသယောင်ဖြစ်လာသည်။
“dad ….. ကလည်း အိတိုလေးကို ချစ်ပါတယ်ဗျာ”
အိတိုလေးရဲ့ နှုတ်ခမ်းလုံးလုံးလေးကို ပြွတ်(စ်) ခနဲ့ မြည်အောင် ကစ်ပေးရင်း ပြောလိုက်တဲ့ ကမ္ဘာညိမ်း။
အဲ့ဒီအချိန်မှာပဲ အိတိုလေးက ကမ္ဘာညိမ်းကို မေးလာသည်။
“မာမားကို ကောချစ်လား …”
ကမ္ဘာညိမ်းတစ်ယောက် မျက်ခုံးထူထူနက်နက်လေးကို လက်ညိုးလေးနဲ့ကုတ်ရင်း
“ချစ်တာပေါ့” ဟု ရှက်ဝဲဝဲပုံစံလေးနဲ့ ပြန်ဖြေပေးလိုက်သည်။
ဒီအတိုင်း ကလေးကျေနပ်အောင် ပြောလိုက်ရင်ရတဲ့ စကားတစ်ခွန်းအပေါ် ရှက်ကိုးရှက်ကန်းဖြစ်နေတဲ့ ကမ္ဘာညိမ်းရဲ့အမူအရာကြောင့် ကောင်းမြတ်လွန်းပါ မဆီမဆိုင် ရှက်သွေးဖြန်းမိသည်။
အဲ့လိုနဲ့ အိတိုလေးရဲ့မာမားက အိတိုလေးတို့ရဲ့ အနားမှာ ဆက်ရှိနေဖို့ဖြစ်လာခဲ့သည်။
ကောင်းမြတ်လွန်းက အိတိုလေးတို့အိမ်မှာနေတာ အခုဆို ခြောက်လလောက်ပင်ရှိတော့မည်။
စည်းရှိတဲ့ ကောင်းမြတ်လွန်းက သူ့နေတဲ့ အခန်းလေးရယ် အိတိုလေးအခန်းရယ် ထမင်းစားခန်းနဲ့ ဧည့်ခန်းထဲကလွဲရင် ဘယ်နေရာမှ မသွားခဲ့။
အိမ်ကြီးနဲ့ခြံကြီးက အကျယ်ကြီးမို့ ခြံထဲမှာလည်း လျှောက်ကြည့်စရာ နေရာတွေများသလို အိမ်ထဲမှာလဲ မရေမတွက်နိုင်အောင် အခန်းများရှိနေတယ်ဆိုတာ လိုက်မကြည့်ရင်တောင် သိနိုင်သည်။
အလုပ်ထဲမှာ ပရောဂျက်တွေက ဆက်တိုက်ရှိနေတာကြောင့် ကောင်းမြတ်လွန်းအလုပ်ကနေ အိမ်ပြန်ရောက်ချိန်တိုင်း အိတိုလေးကို အဖော်ပြုပေးတာကလွဲရင် ကျန်တာကို အာရုံမရောက်ဖြစ်တာ ကြာခဲ့လေပြီ။
ဒီနေ့လည်း ကမ္ဘာညိမ်းက အလုပ်ကိစ္စနဲ့ မြို့ပြင်က စက်ရုံကို သွားနေရတာကြောင့် ရုံးကအပြန်မှာ အိတိုလေးနဲ့ ကောင်းမြတ်လွန်း နှစ်ယောက်တည်းသာပြန်ခဲ့ကြရသည်။
ရုံးကပြန်ရောက်ကတည်းက သားဗိုက်ကောင်လေးလို ရင်ခွင်ထဲထည့်ထားတဲ့ ကလေးကို ရေချိုးခါနီးမှ ခဏခွင့်တောင်းပြီး ကိုယ့်အခန်းထဲပြန်ဖြစ်သည်။
ကောင်းမြတ်လွန်းရေချိုးခန်းထဲကထွက်လာတော့ ညအိပ်ဝတ်စုံ အဖြူနဲ့ မိုးပြာရောင်အဆင်းကျားလေးကို ဝတ်ထားတဲ့အိတိုလေးက သူ့ကိုယ်ပိုင်ခေါင်းအုံးလေးကို ပိုက်ပြီး အခန်းထဲရောက်နေတာကိုတွေ့လိုက်သည်။
“အိတို …”
“မာမား … အိတို… မာမား နဲ့ လာအိပ်ချင်လို့”
အိတိုလေးက မကြာခဏ ကောင်းမြတ်လွန်းနဲ့ လာအိပ်နေကြမို့ ကောင်းမြတ်လွန်း ခေါင်းအသာညိတ်ပြလိုက်သည်။
ကောင်းမြတ်လွန်းဆီက ခွင့်ပြုချက်ရတာနဲ့ အိတိုလေးက ခုတင်ပေါ်တန်းတက်ကာ နေရာယူတော့သည်။
ကောင်းမြတ်လွန်းတစ်ယောက် ညအိတ်ဝတ်စုံဝတ်ပြီးသွားတာနဲ့ ခုတင်ပေါ်က အိတိုလေးကိုချီမပြီး အခန်းအပြင်ပြန်ထွက်လိုက်သည်။
“ဘယ်သွားမလိုလဲ မာမား”
“မအိပ်ခင် နွားနို့သောက်ရမယ်”
“ဟုတ်ကဲ့”
ကောင်းမြတ်လွန်းအိတိုလေးကို ကလေးထိုင်ခုံပေါ်မှာထိုင်စေလိုက်သည်။
ထို့နောက် ထူးထူးအဆင်သင့်ပြင်ဆင်ပေးထားခဲ့တဲ့နွားနို့ပူပူလေးကို အိုးထဲကနေ ကြွေခွက်လေးထဲပြောင်ထည်လိုက်သည်။
ဆင်တူးခွက်လေးနှစ်ခွက်နဲ့ နိုးသောက်နေတဲ့ ဝက်ဝံပေါက်လေးတွေမှာ တစ်ရှူးကမ်းပေးမယ့် ဒယ်ဒီကြီးရှိမနေတာကြောင့် ကိုယ့်ဘာသာပဲယူသုတ်လိုက်ကြရသည်။
ဒါက ကမ္ဘာညမ်းအနေနဲ့ သူချစ်ရတဲ့ လူသားနှစ်ယောက်အပေါ် ပျက်ကွက်မိတဲ့ ပထမဆုံးအကြိမ်လေးဆိုပေမဲ့ အသေးအဖွဲလေးကအစ အမြဲလိုဂရုစိုက်ပေးတက်တဲ့ ကမ္ဘာညိမ်းရဲ့ တည်ရှိမှု ဧရိယာကွက်လပ်လေးကသိသိသာသာလှစ်ဟသွားသလိုပင်။
“dad … ကိုသတိရလိုက်တာ”
အိတိုလေးအပြောကို ကောင်းမြတ်လွန်းကလည်း စိတ်ထဲကနေ “အတူတူပဲ” လို့လိုက်ပြောမိသွားသည်။
သို့သော် အပြင်မှာတော့ …
“အိတိုလေးက မတွေ့ရတဲ့ ခဏလေးကိုလွမ်းနေပြီပေါ့”
“လွမ်းတာပေါ့ မာမားကော မလွမ်းဘူးလား”
“အင်း .. နည်းနည်း … နည်းနည်းတော့လွမ်းတယ်”
ကလေးကို မလိမ်ညာချင်၍ ပြောလိုက်သော်လည်း သူစိတ်ထဲတော့ ရှက်နေမိသည်။
“မာမား .. ကြယ်ကြည့်ချင်တယ်”
“ကြယ် … ရုတ်တရက်ကြီးပါလား”
“ကြယ်ကြည့်ချင်တယ် အပေါ်ဆုံးထပ်ကို လိုက်ပို့ပေး”
“မာမား မသွားတက်ဘူး”
“အိတိုလေးသိတယ် တူတူသွားမယ်”
အိတိုလေးအလိုကျ အပေါ်ထပ်က လသာဆောင်မှာ အိတိုလေးနဲ့အတူကြယ်သွားကြည့်ပေးခဲ့သည်။
အဲ့ဒီမှာပဲ ကောင်းမြတ်လွန်းက ကြယ်တွေကိုခက်ခက်ခဲခဲရေတွက်နေတဲ့ အိတိုလေးကို ကျောပိုးပြီး ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ပေးနေခဲ့သည်။
နာရီဝက်လောက်ကြာတော့မှ ကြယ်တွေရေတွက်ရင်း အိပ်ပျော်သွားရှာပြီဖြစ်တဲ့ အိတိုလေးရဲ့ခေါင်းက ကောင်းမြတ်လွန်းပုခုံးထက်သို့စောင်းကျလာတော့သည်။
အိတိုလေးလည်းအိပ်သွားပြီဖြစ်တာကြောင့် တိတ်ဆိတ်နေတဲ့ ခြံဝန်းထဲကို တစ်ချက်လှမ်းကြည့်ပြီး အိမ်ထဲပြန်ဝင်ခဲ့လိုက်တော့သည်။
အိတိုလေးကို အိပ်ခန်းထဲက ခုတင်ပေါ်မှာ သေချာသိပ်ပြီး စောင်လေးကိုပါ လုံအောင်ခြုံပေးလိုက်သည်။
ထို့နောက် အိမ်ပြန်နောက်ကျနေတဲ့ လူတစ်ယောက်ကို စောင့်ဖို့အတွက် ဧည့်ခန်းထဲက ဆိုဖာခုံမှာထိုင်ပြီး ဖုန်းနဲ့ ဘောလုံးပွဲထိုင်ကြည့်နေလိုက်သည်။
နောက်အကျဆုံး ဆယ့်တစ်နာရီလောက်ဆို ပြန်ရောက်လာရတော့မည့် သူက နှစ်နာရီထိုးတာတောင်ပြန်မရောက်သေးတာကြောင့် ကောင်းမြတ်လွန်းစိတ်ပူမိသည်။
ဖုန်းဆက်ဖို့ကလည်း အလုပ်လုပ်နေလျှင် အနှောက်အယှက်ပေးမိသလိုဖြစ်သွားမှာဆိုး၍ မဆက်မိ။ သို့သော် ကောင်းမြတ်လွန်း မနေနိုင်တော့၍ ကမ္ဘာညိမ်းထံသို့ မက်ဆေ့တစ်ကြောင်းတော့ ပို့လိုက်မိသည်။
"အစ်ကို အလုပ်အဆင်ပြေရဲ့လား"
ပြန်စာရောက်မလာတဲ့ ဖုန်းမျက်နှာပြင်ကိုကြည့်ရင်း ကောင်းမြတ်လွန်း ငိုက်မြည်းလာသည်။
တစ်နေကုန် အလုပ်တွေပင်ပင်ပန်းပန်းလုပ်ထားခဲ့တာကြောင့် ကောင်းမြတ်လွန်းရဲ့ ခန္နာကိုယ်က နုံးချိနေလေပြီ။
နောက်ဆုံးတော့ ကောင်းမြတ်လွန်းတစ်ယောက် ကမ္ဘာညိမ်းပြန်အလာကို စောင့်ရင် ဆိုဖာခုံပေါ်မှာပဲ ထိုင်ရက်လေးအိပ်ပျော်သွားတော့သည်။
(ပြီးခါနီးပါပြီ စကားမဆက် SE ဆိုစိတ်ဆိုးကြမှာလား။)