အိတို
အိတို (၀၁)
အိတို (၀၂)
အိတို (၀၃)
အိတို (၀၄)
အိတို (၀၅)
အိတို (၀၆)
အိတို (၀၇)
အိတို (၀၈)
အိတို (၀၉)
အိတို (၁၀)
အိတို (၁၁)
အိတို (၁၂)
အိတို (၁၃)
အိတို (၁၄)
အိတို (၁၅)
အိတို (၁၆)
အိတို (၁၇)
အိတို (၁၈)
အိတို (၁၉)
အိတို (၂၀)
အိတို (၂၁)
အိတို (၂၂)
အိတို (၂၃)
အိတို (၂၄)
အိတို (၂၅)
အိတို (၂၆)
အိတို (၂၇)
အိတို (၂၈)
အိတို (၂၉)
အိတို (၃၀)
အိတို (၃၁)
အိတို (ဇာတ္သိမ္း)
အိတို (၃၀)
အိတိုေလးရဲ႕မာမား🐻 အခန္း(၃၀)
Zawgyi

ကမာၻညိမ္းအေရွ႕မွာရွိတဲ့ အမ်ိဳးသမီးႏွစ္ေယာက္က လက္ဖဝါးတျပင္ျပင္နဲ႕ လူတစ္ေယာက္ကို က်ိန္ဆဲေနေလရဲ႕။

"အဲ့ဘြားေတာ္က အဲ့ေလာက္ထိ ေအာက္တန္းက်တာ သူထမင္းမစားပဲ ဘာေတြမ်ား စားထားလဲမသိဘူး"

"ဒီမိန္းမက နဂိုကတည္းက ဥာဏ္နည္းတာ။ သူဘယ္လိုစိတ္နဲ႕မ်ား ငါတို႔ပါပါမန္းကို လာထိရဲတာပါလိမ့္"

ကမာၻညိမ္းတစ္ေယာက္ သူ႕ေရွ႕က အမ်ိဳးသမီးႏွစ္ေယာက္ရဲ႕ ေဒါသထြက္ေနပုံကို ၿပဳံးၿပဳံးႀကီးထိုင္ၾကည့္ေနရာက တျဖည္းျဖည္း နားမခံနိုင္ေတာ့တာေၾကာင့္

"ကဲပါဗ်ာ မမေကာ မိုးငယ္ေကာ ေဒါသေတြေလွ်ာ့လိုက္ၾကပါေတာ့။ သူမ်ားအမွိုက္ထုပ္ကို ကိုယ့္အမွိုက္ထုပ္လုပ္ၿပီး အညွီအေဟာက္နံ႕ေတြ မရႉခ်င္ပါနဲ႕ ေရာဂါရတယ္။"

"က်စ္ ... ကိုကိုက ဘာသိလို႔လဲ အဲ့ဘြားေတာ္ႀကီးက ကေလးေတာင္မခ်န္ဘူး ျပႆနာၾကားထဲဆြဲထည့္ထားတာ မေတာ္လို႔မ်ား အိတိုေလးသိသြားရင္"

"သိသြားလဲ ဘာျဖစ္လဲမိုးငယ္။ ကိုကိုက အိတိုေလးကို စိတ္ရင္အတိုင္းပဲ ေစာင့္ေရွာက္ေပးသြားမွာ။ သူ႕ဘဝအမွန္ကိုလဲ ျဖည္းျဖည္းခ်င္း နာလည္ေအာင္ ရွင္းျပေပးသြားမွာ။ အတင္းအၾကပ္ႀကီး ကိုယ့္ေသြးသားအရင္းပါဆိုၿပီး လိမ္ညာ ဖုံးကြယ္ထားမွာ မဟုတ္ဘူး။ အိတိုေလးကိုယ္တိုင္ သူ႕ဘဝအေၾကာင္းကိုသိမွ ဘဝအေၾကာင္းကို နားလည္မွာ။ ဘဝနာမွာ။ မခံခ်င္စိတ္နဲ႕ႀကိဳးစားမွာ။ ၿပီးေတာ့ သူ႕မိဘေသြးသားအရင္းေတြလို အလားတူ အမွားမ်ိဳးမလုပ္မိေအာင္ စံနမူနာယူနိုင္မွာ။ အိတိုေလးကိုယ္တိုင္ သူ႕ဘဝကို ရဲရဲဝံ့ဝံ့ရင္ဆိုင္နိုင္ေအာင္ ကိုကိုကိုယ္တိုင္သင္ေပးမွာ။ အဲ့တာေၾကာင့္ အိတိုေလးအတြက္ ဘယ္သူကမွ သနားေပးစရာ ဝမ္းနည္းေပးစရာမလိုဘူး။ အိတိုေလးက ကိုကို႔သား။ ကိုကို႔သားကို ဘယ္ေတာ့မွ မ်က္ႏွာ ငယ္ေအာင္ထားမွာမဟုတ္ဘူး။"

"ကမာၻညိမ္းကို မမက စိတ္ပူေနခဲ့တာ။ အေတြ႕အႀကဳံမရွိတဲ့ လူငယ္ေလးတစ္ေယာက္က ကေလးတစ္ေယာက္ကို အၾကာႀကီး ေစာင့္ေရွာက္နိုင္ပါ့မလားလို႔ေလ။ အခုေတာ့ မမေမာင္ေလးက ဖခင္းေကာင္းတစ္ေယာက္ ဆိုတာထက္ကို ပိုၿပီး အိတိုေလးကို ေစာင့္ေရွာက္ေပးနိုင္ခဲ့တယ္။ မမ ေမာင္းေလးကို မမတကယ္ေလးစားပါတယ္။"

"ေဟာဗ်ာ သူမ်ားကို က်ိန္ဆဲေနရာက ဘယ္လိုျဖစ္ၿပီး ကြၽန္ေတာ့ကို ခ်ီက်ဴးတဲ့အခန္း ေရာက္သြားတာလဲဗ်ာ"

"ဟား ဟား ေအးအဲ့လိုျဖစ္သြားတယ္။ ဒါနဲ႕ ေကာင္းျမတ္လြန္းဆိုတဲ့ ေကာင္ေလးေကာ အဆင္ေျပရဲ႕လား။ သူအတြက္လဲ ေတာ္ေတာ္ေလး အဆင္မေျပျဖစ္သြားနိုင္တယ္။ အခုခ်ိန္ဆို သတင္းေတြေၾကာင့္ သူ႕အသိုင္းအဝိုင္ကလည္း သိသြားေလာက္ၿပီ။"

"ကြၽန္ေတာ့္ ခ်စ္သူက ရဲရင့္တဲ့ေကာင္ေလးပါ။ သူအဆင္ေျပေနပါတယ္။ သူကြၽန္ေတာ့ကို ယုံၾကည္တယ္တဲ့။"

"အင္း ေကာင္ေလးက ငယ္ေပမယ့္ ရင့္က်က္သားပဲ။ သူ႕ေနရာမွာ အျခားသူဆို မ်က္ရည္လည္႐ႊဲနဲ႕ အငိုခန္းေတြကို အခန္းဆက္လိုက္ ရိုက္ေနေလာက္ၿပီ။ ႏွစ္ေယာက္လုံးက လိုက္ဖက္ပါတယ္။"

"လိုက္ဖက္တာေတာ့ေျပာမေနပါနဲ႕။ မမႀကီးက မဂၤလာေဆာင္ မတက္လိုက္ရလို႔။ မိုးငယ္ဆိုရင္ေလ ကိုကိုတို႔အတြဲကိုၾကည့္ၿပီး အားက်လြန္းလို႔မ်က္ရည္ေတာင္က်တယ္။ ေျပာခ်င္လို႔ေျပာတာမဟုတ္ဘူး ကိုကို႔မေဟသီေလးကေလ ကိုကို႔အလိုအရမ္းလိုက္တာပဲ သူ႕အတြက္ခက္ခဲေနတာေတာင္ ကိုကိုအဆင္ေျပဖို႔အတြက္ အကူအညီေပးတယ္ ၿပီးေတာ့ အိတိုေလးအေပၚလည္း အရမ္းဂ႐ုစိုက္တယ္။"

"အားက်ေနရင္ ကိုယ့္အစြမ္းအစကိုယ္ထုတ္သုံးၿပီး ရွာလိုက္ေလး မိုးငယ္"

"ရွာမရလို႔ေပါ့ မမႀကီးရဲ႕"

"ကဲပါ မမတို႔ျပန္ေတာ့မယ္ ကမာၻညိမ္း။ အဆင္ေျပမယ္ဆိုတာ သိေပမဲ့ လိုအပ္ေနတာတစ္ခုခုမ်ားရွိမလားလို႔ လာေမးတာ။ အားလုံးကို အရင္က စီစဥ္ထားတဲ့အတိုင္းပဲ ဆက္သြားၾကတာေပါ့။ ရႉမၿငီးေအာင္ ကိုလဲ မမဆက္သြယ္ေပးထားမယ္။"

"ေက်းဇူးပါပဲ"

"မိုးငယ္ျပန္ၾကရေအာင္"

"မိုးငယ္က ေယာင္းမေလးနဲ႕သြားေတြ႕အုံးမွာ"

"ငါလဲလိုက္မယ္"

"ေကာင္းျမတ္လြန္း အလုပ္ရႈပ္ေနတယ္ သြားမေႏွာက္နဲ႕ေတာ့"

ကမာၻညိမ္းရဲ႕ တစ္ခ်က္လြတ္အမိန႔္ေၾကာင့္ မိုးငယ္နဲ႕ ေႏြလင္းျဖဴတို႔ ညီအစ္မႏွစ္ေယာက္လုံး ႏႈတ္ခမ္းစူၿပီး ျပန္သြားၾကသည္။

သတင္းေတြတက္ၿပီးကတည္းက ေကာင္းျမတ္လြန္းတစ္ေယာက္ ပတ္ဝန္းက်င္ကို ဂ႐ုမစိုက္ပဲ အလုပ္ကိုသာအာ႐ုံစိုက္ၿပီးလုပ္ေနမိသည္။

ဒါေတာင္ ရင္းႏွီသူတစ္ခ်ိဳ႕က ကမ္းေျခမွာ မဂၤလာပြဲက်င္းပခဲ့တဲ့ ကိစၥကို မသိမသာနဲ႕ စပ္စုလာၾကသည္။

အခုခ်ိန္မွာ ေကာင္းျမတ္လြန္းဘက္က ႏႈတ္ပိတ္ေနတာကသာ အေကာင္းဆုံးမို႔ သူ႕အေနနဲ႕ အၿပဳံးေလးနဲ႕ ေရွာင္ထြက္႐ုံမွအပ မတက္နိုင္။ သူႏႈတ္ခမ္းဟလိုက္လို႔ တစ္စုံတစ္ခုမ်ား အေျပာအဆိုမွားသြားခဲ့ရင္ အႀကီးမားဆုံးထိခိုက္မည့္သူက ကမာၻညိမ္းျဖစ္ေနတာေၾကာင့္ သူ႕ကို ဘယ္သူေတြ ဘယ္လိုထင္ထင္ ႏႈတ္ပိတ္၍ေနတာသာ အေကာင္းဆုံးျဖစ္သည္။

သူက တစ္ေကာင္ႂကြက္ ဂ႐ုစိုက္မည့္သူလဲမရွိတာေၾကာင့္ သူ႕အတြက္က အဆဲခံရ႐ုံမကလို႔ ပါးရိုက္နားရိုက္လုပ္ခံရလဲျပသနာမရွိေပမယ့္ ဝန္ထမ္းေပါင္းမ်ားစြာ မိသားစုေပါင္းမ်ာစြာရဲ႕ စားဝတ္ေနေရးအတြက္ မွီခိုေနရတဲ့ ကုမၸဏီပိုင္ရွင္ ဦးကမာၻညိမ္းသာ မေတာ္တဆၿပိဳလဲသြားရင္ သူစိတ္မေကာင္းျဖစ္ရလိမ့္မည္။

အခုေတာင္ ရွယ္ယာရွင္တစ္ခ်ိဳ႕နဲ႕ ပါတနာတစ္ခ်ိဳ႕က ဦးကမာၻညိမ္းနဲ႕ လက္တြဲျဖဳတ္ဖို႔ႀကိဳးစားေနတဲ့ သတင္းက ေတာမီးလိုပဲ တစ္႐ုံးလုံး ျပန႔္ႏွံ႕ေနၿပီျဖစ္သည္။

(အစ္ကို အေကာင္းဆုံးေျဖရွင္းနိုင္မွျဖစ္မယ္ အစ္ကို။ အစ္ကို႔ ေနာက္မွ အစ္ကို႔ကို အားကိုေနရတဲ့ ဝန္ထမ္း မိသားစုေတြအမ်ားႀကီးရွိေနတယ္။)

"ကိုယ့္အခ်စ္ ..."

"ဟင္ ...အစ္ကို"

ကမာၻညိမ္း၏ ေခၚသံေၾကာင့္ ေကာင္းျမတ္လြန္း တအံ့တဩလွည့္ၾကည့္လိုက္မိသည္။

"ကိုယ္ေလ .. အဆင္ေျပရဲ႕လားသိခ်င္လို႔ လာၾကည့္တာ"

"ကြၽန္ေတာ္ အဆင္ေျပပါတယ္ ဒါေပမဲ့ အခုလိုေရာက္လာေတာ့ ..."

"ကိုယ္သိတယ္ ဒါေပမဲ့ စိတ္မခ်လိဳ႕ လာၾကည့္မိတာ အခုပဲျပန္မွာပါ"

"အင္းပါ"

"ဒါဆို ကိုယ္ျပန္ၿပီေနာ္"

"အင္း ...."

ကမာၻညိမ္းက သူမရွိတဲ့အခ်ိန္ သူ႕အခ်စ္ကို အနိုင္က်င့္ေနၾကမွာစိုးလို႔ ေရွာင္တခင္ဝင္ စစ္ေဆးၾကည့္ကာမွ သူ႕အခ်စ္ေနရခက္ေအာင္ လုပ္မိသြားတာေၾကာင့္ အားနာမိသြားသည္။ တစ္ဆက္တည္းမွာပဲ သူ႕အခ်စ္စိတ္ဆိုးသြားၿပီးလား ဆိုၿပီး စိုးရိမ္မိသည္။ အဲ့တာေၾကာင့္လည္း ကမာၻညိမ္းခင္ဗ်ာ ေကာင္းျမတ္လြန္းကို လွည့္ၾကည့္လွည့္ၾကည္ျဖင့္ ျပန္ဖို႔လုပ္လိုက္ရသည္။

"အစ္ကို ...."

"ဟင္ ..."

"ေက်းဇူးပဲ"

ေကာင္းျမတ္လြန္းက သူလာၾကည့္တာကို စိတ္မဆိုးတဲ့အျပင္ ေက်းဇူးတင္ေၾကာင္း ေျပာလာေတာ့ ကမာၻညိမ္းလည္း သူ႕အခ်စ္ စိတ္မဆိုးမွန္းသိသြားၿပီး စိတ္ေအးသြားရသည္။

ညရွစ္နာရီထိုးတာနဲ႕ အိတိုေလးက ေကာင္းျမတ္လြန္း အခန္းထဲ သြားအိပ္ဖို႔ တာဆူေတာ့သည္။

"မာမား ... အား ..."

ေျခတံတိုေလးေတြနဲ႕ ေျပးသြားတဲ့ အိတိုေလးကို ကမာၻညိမ္းက ရင္ဘက္ေအာက္ကသိုက္ဖက္ၿပီး မခ်ီပစ္လိုက္သည္။

"dad ... မာမားဆီသြားမလို႔ပါဆို"

"သြားရမွာပါ dad ...ပါလိုက္မလို႔"

"dad က ဘာလိုက္လုပ္မလို႔လဲ ..."

"ေဟာဗ်ာ dad ရဲ႕ဝက္ဝံေပါက္ေလးက dad ကိုေတာင္မခ်စ္ေတာ့ဘူးလား"

"dad ... က မာမားကို တအားႀကီးနမ္းတာကို dad က .... dad က အဲ့လိုနမ္းေတာ့ မာမားက ေမာင္းထုတ္ေကာ"

ႏႈတ္ခမ္းစူၿပီး မေက်နပ္သမွ် ရင္ဖြင့္လာတဲ့အိတိုေလးကိုၾကည့္ရင္း ကမာၻညိမ္း ဘာျပန္ေျပာရမွန္းကို မသိေတာ့။

အိတိုေလးေျပာသလိုပဲ ခ်စ္နဲ႕အတူရွိတိုင္း အနမ္းဖြဖြေလးေတြး နမ္ေပးကာ အသားယူရတာကို အက်င့္ျဖစ္ေနၿပီး နည္းနည္းေလးၾကာလာလို႔ အသည္းယားလာရင္ေတာ့ အိတိုေလးေျပာသလိုပဲ တအားႀကီးဖက္နမ္းမိေတာ့တာ။

အဲ့အခ်ိန္ၾကရင္ ခ်စ္က ရွက္ရမ္းရမ္းၿပီး သားအဖႏွစ္ေယာက္လုံးကို အခန္းထဲက ေမာင္းထုတ္တက္သည္။

အေၾကာင္းသိတဲ့ အိတိုေလးက အဲ့တာေၾကာင့္ သူလိုက္လာမွာကို အတင္းျငင္းေနတာျဖစ္သည္။

"ဒီေန႕ dad က live လႊင္ၿပီး အိတိုေလးရဲ႕မာမားကို ႂကြားမလို႔"

"မာမားကို ... ႂကြားမလို႔ ... ဘာလို႔လဲ"

"မာမားကို ဘယ္သူမွ လုယူမသြားေအာင္လို႔ မာမားက အိတိုေလးအပိုင္ဆိုတဲ့အေၾကာင္း ေျပာျပၾကမယ္ေလ မေကာင္းဘူးလား။"

"ေကာင္းတယ္ ... ေကာင္းတယ္ ... live လႊင့္မယ္ .. မာမားက အိတိုေလးရဲ႕မာမား ဆိုတာ အားလုံးသိေအာင္ႂကြားပစ္မယ္ ..."

"ဒါဆို မာမားအခန္းထဲသြားၾကမယ္"

ဒီအခ်ိန္ဆို အိတိုေလးက ေကာင္းျမတ္လြန္းအခန္းထဲလာေနက်မိဳ႕ ေကာင္းျမတ္လြန္းက အခန္းတံခါးကိုေစ့႐ုံသာေစ့ထားၿပီးပိတ္ထားတက္သည္။

အဲ့တာေၾကာင့္လည္း ေကာင္းျမတ္လြန္းအခန္း ေရွ႕ေရာက္တာနဲ႕ ကမာၻညိမ္းက အသံတစ္ခ်က္ျပဳၿပီး အခန္းတံခါးဖြင့္ကာ တန္းဝင္သြာလိုက္သည္။

"မာမား ..."

ခုတင္ေပၚမွာ ေက်ာမွီထိုင္ၿပီးစာဖတ္ေနတဲ့ ေကာင္းျမတ္လြန္းက အိတိုေလးကိုျမင္တာနဲ႕ စာအုပ္ကိုလက္ထဲကခ်ၿပီး လက္ကိုဆန႔္တန္းေပးထားလိုက္သည္။

ဝက္ဝံေပါက္ေလးအိတိုကလည္း ေကာင္းျမတ္လြန္းရင္ခြင္ထဲ တန္းေနေအာင္ေျပးဝင္ၿပီး ေပါင္ေပၚထိုင္ခ်လိဳက္သည္။

"မာမား ..."

"ဗ်ာ ..."

"dad ကေလး live လႊင့္မလို႔တဲ့"

"ဟုတ္လားအစ္ကို .."

"ဟုတ္တယ္ ကိုယ္တို႔အေၾကာင္းကို live လႊင့္ၿပီး အသိေပးမလားလို႔ေလ ဒါေပမဲ့ ခ်စ္ခြင့္ျပဳမွပါ။"

"အစ္ကို႔အတြက္အဆင္ေျပမယ္ဆို ကြၽန္ေတာ္လဲအဆင္ေျပပါတယ္။ ဒါနဲ႕ ဘာလို႔ သတင္းေထာက္ေတြရဲ႕ အင္တာဗ်ဴးကို မေျဖပဲ live လႊင့္တာလဲ။"

"သိပ္ေကာင္းတဲ့ေမးခြန္းပဲ။ ကိုယ္တို႔က အခု ျပႆနာကို ေျဖရွင္းမွာမဟုတ္ဘူး။ အမွန္တရားကို ခ်ျပမွာ။ အဲ့တာေၾကာင့္ live လႊင့္တာက ကိုယ့္တို႔မိသားစုေလးရဲ႕ ေပ်ာ္႐ႊင္စရာဘဝေလးကို သိျမင္ေစခ်င္႐ုံပဲ။"

"ကြၽန္ေတာ္ သေဘာေပါက္ၿပီ အစ္ကို႔သေဘာေလ ကြၽန္ေတာ္က ဘာပဲျဖစ္ေနျဖစ္ေန အစ္ကို ဘက္ကေနၿပီး အားေပးေနမွာ။"

"အား ခ်စ္လိုက္တာကြာ"

ေကာင္းျမတ္လြန္းပါးေလးကေတာ့ ကမာၻညိမ္းရန္ရွာတာခံလိုက္ရျပန္ပါၿပီ။"

"dad ...အိတိုေလးကိုလဲ နမ္းေလ"

"ဟား .. ဟား ... နမ္းရမွာေပါ့ အိတိုေလးကို ခ်န္ထားလို႔ဘယ္ျဖစ္ပါ့မလဲ"

အခုမွပဲ ေက်နပ္သြားသလို ၿပဳံးရယ္လာတဲ့အိတိုေလး။

ကမာၻညိမ္းက ေကာင္းျမတ္လြန္းေဘးမွာ ဝင္ထိုင္ၿပီး facebook ကေန live စလႊင့္လိုက္သည္။

တစ္ႏွစ္ေနလို႔ သုံးခါေတာင္ျပည့္ေအာင္ မသုံးျဖစ္တဲ့ ကမာၻညိမ္းရဲ႕ facebook acc က ထူးဆန္းစြာနဲေျခာက္ကပ္မေနပဲ လူစုံတက္စုံျဖစ္ေနတာကိုေတြ႕လိုက္ရသည္။

live စလႊင့္ၿပီး တစ္မနစ္အၾကာမွာပဲ ၾကည့္ရႈသူက ရာခ်ီေနခဲ့ၿပီျဖစ္သည္။

"ဟယ္လို မဂၤလာပါ။ ကြၽန္ေတာ္က facebook မသုံးျဖစ္တာ ေတာ္ေတာ္ေလးၾကာေနၿပီဆိုေတာ့ ၾကည့္တဲ့သူ ဒီေလာက္အမ်ားႀကီးရွိမယ္လို႔ေတာင္ မထင္ထားဘူးဗ်။"

💬သတင္းေတြတက္လာကတည္း ဒီအေကာင့္ထဲပဲဝင္ဝင္ၾကည့္ျဖစ္ေနတာ။
💬ေနာက္ဆုံေတာ့ ေပၚလာၿပီပဲ။
💬သူတို႔က ဘာျဖစ္ခ်င္ေနတာလဲ မ်က္ႏွာတိုက္ေနတာလား ... ရွက္စရာ ေကာင္းလိုက္တာ ထြီး ....။
💬လူစုံတယ္ဟ တကယ္ႀကီးေျဖရွင္းေတာ့မွာလား။ ဒါေပမဲ့ ဘာလို႔ ညအိပ္ဝတ္စုံေတြနဲ႕လဲ။ 💬သူတို႔အိပ္ခန္းထဲမွာမဟုတ္လား။ သူတို႔က အတူေနၾကတာလား တကယ္အံ့ဩစရာပဲ။
💬အိုး အိတိုေလးပါတယ္ဟ မာမားလည္းပါတာပဲ။
💬ေဟ့ ေဘးကတစ္ေယာက္က ေယာက္်ားလား မိန္းမလား လင္းၾကစမ္းပါဟ။
💬ဘာေတြျဖစ္ေနတာလဲ ရွင္းျပၾကပါဦး သူမ်ားသတင္းေပးလို႔ဝင္ၾကည့္ ငါဘာမွမသိဘူး။
💬အို ငါ့တို႔ ဥကၠဌႀကီးေပၚလာၿပီ အိတိုေလးပါ ပါတယ္ဟ နင္တို႔သူေတာင္းစားတစ္သိုက္ စကားေျပာဆင္ျခင္ၾကစမ္း ငါ့အသည္းေလးဝမ္းနည္းသြားလိမ့္မယ္။
💬ေဟ်ာင္ ေကာင္းျမတ္လြန္း မင္းကို ငါက ေယာက္်ားလို႔ ထင္ထားတာ လက္စသက္ေတာ့ ေျခာက္ေနတာကို ေနစမ္းပါဦး မင္း ငါ့ကိုမ်ား ႀကိဳက္ခဲ့ေသးလား။
💬အဲ့ေကာင္ အေျခာက္လား အဲ့တာေၾကာင့္ သူေယာက္်ားေလး သူငယ္ခ်င္းအမ်ားႀကီးမထားတာျဖစ္ရမယ္။
💬ဥပဓိ႐ုပ္ေကာင္းလည္း ေသာက္က်င့္မေကာင္းမွမေကာင္းတာ စိတ္ပ်က္စရာ။
💬မဂၤလာေဆာင္က ဂ်င္းဆို။ ငါကေတာ့ သတို႔သမီးေလးကို ေႂကြေနၿပီ တစ္ေခါက္ေလာက္ျမည္းၾကည့္ခ်င္လိုက္တာ။
💬ကေလးက ဘယ္သူနဲ႕ရမွန္းမသိ အတူအိပ္တဲ့လူကလည္း အထီးလား အမလား မသည္းကြဲ ခ်ီးပဲကြာ။
💬နင္တို႔ ကြန္းမန႔္ေတြလိုက္ဖက္ေနတာနဲ႕ ငါပါဝင္ဆဲခ်င္လာၿပီ အဲ့ေကာင္ေတြက ဘာေကာင္ေတြလဲ။
💬ေငြရွိတယ္ဆိုၿပီး ထင္တိုင္းႀကဲေနၾကေတာ့ပဲ လူေတြလဲ အက်င့္ပ်က္ကုန္ၾကၿပီ ခင္ဗ်ာလို အႀကီးစားစီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္ အေနနဲ႕ ကိုယ့္က်င့္သိကၡတရားကို ထိန္းသိမ္းထားသင့္တယ္။
💬ကေလးအေမက အေျခာက္မ စနက္ေၾကာင့္ပဲ ေပၚမလာရဲတာပဲေနမွာ။
💬ဘယ္လိုေတာင္ အရွက္မရွိတာလဲ သူမ်ားအိမ္ေထာင္ကို ဖ်က္စီးရဲ႕တာ ေတာ္ေတာ္ယုတ္မာတာပဲ။

တန္းစီၿပီးတက္လာတဲ့ ကြန္းမန႔္ေတြက စိတ္ပ်က္စရာအေနအထားမွာ ရွိေနေသာ္လည္း ကမာၻညိမ္းတို႔ကေတာ့ ေအးေဆးတည္ၿငိမ္ေနဆဲပင္။

"ကြၽန္ေတာ္ကိုေတာ့ အားလုံးသိၿပီးသားျဖစ္ေလာက္မွာပါ။ ကြၽန္ေတာ့္ေဘးက ကြၽန္ေတာ့ရဲ႕ အသစ္စက္စက္ခ်စ္သူေလး အာ ... ထပ္ေျပာရရင္ အခ်စ္ဦးေပါ့ဗ်ာ နာမည္ကေကာင္းျမတ္လြန္းတဲ့။ ဒီဘက္က ကြၽန္ေတာ့္ရဲ႕ သားေလး ဝအိတိုပါ။ အိတို ႏႈတ္ဆက္လိုက္ဦးေလ။"

"မဂၤလာပါ အိတိုေလးပါခင္ဗ်။ အိတိုေလးက မာမားကို လာႂကြားတာပါ ဟီး .."

အိတိုေလးက သူေျပာခ်င္တာေျပာၿပီးသြားတာနဲ႕ေကာင္းျမတ္လြန္းဘက္ကိုျပန္လွည့္ၿပီး အာဘြားေပးကာ ေကာင္းျမတ္လြန္းေပါင္ေပၚမွာပဲ ၿငိမ္ၿငိမ္ေလးျပန္ထိုင္ေနေလသည္။"

အိတိုေလးစကားေျပာတာကို ျမင္ၿပီးတာနဲ႕ ....
💬ကေလးကခ်စ္စရာေလး
💬အတက္ေလးေတာ့
💬မာမားတဲ့ ၾကည့္ရတာ သူတို႔ဆက္ဆံေရးကေကာင္းပုံရတယ္
💬ကေလးကို ဘာေတြနဲ႕ စည္း႐ုံးထားလဲမသိဘူး ကေလးက စႏွိုက္ေျခာက္မကိုခ်စ္ျပေနလိုက္တာ
💬သူ႕အေမကေတာ့ ရင္နာေနမွာပဲ
💬ေဟ့ သူက သူ႕မာမားကို လာႂကြားတာတဲ့
ဒီေလာက္အဆဲခံေနရတာေတာင္ သူတို႔ေပ်ာ္ေနနိုင္ေသးတာလား

မတူညီတဲ့ အေႀကာင္းအရာေအာက္မွာ ေနာက္ထပ္ ကြန္းမန႔္ေတြက တစ္သီႀကီးထပ္တက္လာသည္။

"အိတိုေလးက သူ႕မာမားကို သူမ်ားလုသြားမွာေၾကာက္ေနတာ။ သူ႕မာမားကို သူပိုင္ဆိုင္ေၾကာင္း ႂကြားခ်င္ေနတာ။ ဟက္ ကြၽန္ေတာ္လည္းပါတာေပါ့ဗ်ာ။ အဲ့တာေၾကာင့္ ကြၽန္ေတာ္ အခုပဲလက္ထပ္ခြင့္ေတာင္းမလားစဥ္းစားေနတာ။ ကိုယ့္အခ်စ္ ... ကိုယ့္ကို လက္ထပ္ပါ။"

"အစ္ကို ..."

"ဘာလို႔လဲ လူသိရွင္ၾကားေၾကျငာၿပီးမွေတာ့ ကိုယ့္အခ်စ္က ကိုယ့္ကို မျဖစ္မေနတာဝန္ယူရေတာ့မွာေပါ့ ဘာလဲ ကိုယ့္ကို တာဝန္မယူခ်င္တာလား အေပ်ာ္ႀကံတာလား။"

"အစ္ကို ... ဘယ္လိုျဖစ္ေနတာလဲဗ်ာ"

စိတ္ဆိုးၿပီး ႏႈတ္ခမ္းစူထြက္လာတဲ့ ေကာင္းျမတ္လြန္းပါးေလးကို ဆြဲၿပီး အာဘြားလွမ္းေပးလိုက္တဲ့ ကမာၻညိမ္းေၾကာင့္

💬အာ ေသၿပီ ငါေသၿပီ ဒါကဂ်င္းမဟုတ္ဘူး
💬ေဟာင္ေနတဲ့ ေခြးေတြ မုမု ဒီမွာ ငါတို႔ သေဘၤာႀကီး႐ြက္လႊင့္ေတာ့မွာ
💬သုတ္ေၾကာင္မေတြ ခုတင္ေပၚကျမင္ကြင္းကို သိပ္အားရေနတယ္ဟုတ္လား
💬နင္ကေကာ လစားထိုးအီးျဖစ္လို႔ ဝင္ၾကည့္ေနတာလား
💬နင့္ကို ဆဲခ်င္လို႔ဝင္ၾကည့္တာ ေလထိုးမရဲ႕ ေက်နပ္လား မေက်နပ္လည္း နင္ေျပသလို လစားထိုအီးပဲေဟ

အင္အားႀကီးမာတဲ့ Fujoshi လွိုင္းလုံႀကီး တက္လာတာေၾကာင့္ live က ကြန္းမန႔္ေတြက ဂယက္ပို ထလားၿပီး အျပန္အလွန္ မန္းရွင္းေခၚၿပီးဆဲကုန္ၾကေတာ့သည္။

"ကြၽန္ေတာ္တကယ္ေျပာတာပါ။ သိပ္မၾကာခင္ လက္ထပ္ခြင့္ေတာင္မွာျဖစ္လို႔ ခြင့္ျပဳခ်က္ရတာနဲ ကြၽန္ေတာ္နဲ႕ ေကာင္းျမတ္လြန္းရဲ မဂၤလာပြဲက အေကာင္အထည္ေပၚလာမွာပါ။ ကြၽန္ေတာ္အဓိကေျပာခ်င္တာက ကြၽန္ေတာ္က ေကာင္းျမတ္လြန္းတစ္ေယာက္တည္းကိုပဲခ်စ္ၿပီး ေကာင္းျမတ္လြန္းနဲ႕ပဲလက္ထပ္မွာပါ ၿပီးေတာ့ ကြၽန္ေတာ္ရယ္ ကြၽန္ေတာ့အခ်စ္ရယ္ သားေလးအိတိုေလးရယ္ သုံးေယာက္အတူ အၿမဲေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနသြားၾကမွာပါ။
ေႀသာ္ ...ကြၽန္ေတာ္ ရွင္းျပရတာ ဝါသနာမပါေပမယ့္ ကြၽန္ေတာ့ ခ်စ္သူေလးရဲ႕ ဂုဏ္သိကၡနဲ႕ဆိုင္ေနတာေၾကာင့္ တစ္ခုေတာ့ရွင္းျပပါရေစ။
ေကာင္းျမတ္လြန္းက ကြၽန္ေတာ့သားေလးအိတိုေလးေၾကာင့္ ကြၽန္ေတာ့္အိမ္မွာ အိမ္ငွားအျဖစ္ေနျဖစ္သြားတာပါ။
ကြၽန္ေတာ္တို႔ ခ်စ္သူျဖစ္တာလဲ ရက္ပိုင္းပဲရွိပါေသးတယ္။ ကြၽန္ေတာ္က ေကာင္းျမတ္လြန္းရဲ႕ခ်စ္သူမျဖစ္ခင္ကတည္းက ေကာင္းျမတ္လြန္းက အိတိုေလးရဲ႕မာမားအရင္ျဖစ္ခဲ့တာပါ။
ခင္ဗ်ားတို႔ အဓိကသိခ်င္ေနတဲ့ သတင္းအတု ျပသနာကေတာ့ မနက္ျဖန္ေလာက္က်ရင္အေျဖသိရမွာပါ။
အခုကြၽန္ေတာ္ live လႊင့္တာက သတင္းကို ေျဖရွင္းခ်င္တာမဟုတ္ပဲ ကြၽန္ေတာ့ ကေလးေလးေတြနဲ႕ ကြၽန္ေတာ္ေပ်ာ္႐ႊင္ေနတဲ့ေၾကာင္းကို လာႂကြတာပါ။
ဒါဆိုရင္ ဒီေလာက္နဲ႕ပဲ ႏႈတ္ဆက္ပါရေစ အိတိုေလးရဲ႕အိပ္ခ်ိန္လဲေရာက္ေနၿပီျဖစ္တာေၾကာင့္ ကြၽန္ေတာ္လည္း သူတို႔ေတြကို ဆက္ၿပီးေႏွာက္ယွက္လို႔မရေတာ့ဘူး။ အားလုံးပဲ တာတာ့ပါ။ အိတို .. ႏႈတ္ဆက္လိုက္အုံး။"

"အိတိုေလးက မာမားနဲ႕အိပ္ေတာ့မွာမို႔လို႔ ဂြတ္နိုက္ပါခင္ဗ်"

💬ဘာလဲ ဒါပဲလား
💬သူက ဘာေျပာခ်င္တာလဲ မနက္ျဖန္အေျဖသိရမယ္ဆိုတာကေကာ ဘာကိုေျပာခ်င္တာလဲ
💬ေအး ငါတို႔ကို နားလည္ပါးရိုက္လုပ္သြားတာ ဘာမွေရေရရာရာမသိလိုက္ဘူး
💬နင္တို႔အလုံးေတြကန္းေနၾကတာလား သူတို႔ဆက္ဆံေရးကျပသနာမရွိဘူး ျပသနာ ကနင္တို႔ေတြလို႔ေျပာသြားတာ မနက္ျဖန္အတြက္ရင္ခုန္ေနၿပီ
💬အနံေတြရေနတယ္ ဒီသတင္းသာ မဟုတ္တ႐ုတ္ဆိုလို႔ကေတာ့ page ကို report ထုပစ္မယ္
💬နင္တို႔မွားေနၿပီ ငါ့တို႔ ဥကၠဌႀကီးက လူေကာင္းတစ္ေယာက္ သူမွာအေၾကာင္းတစ္ခုခုရွိမွာ ေသခ်ာတယ္
💬ငါအာမခံနိုင္တာတစ္ခုပဲရွိတယ္ ေကာင္းျမတ္လြန္းဆိုတဲ့ေကာင္ေလးက စႏွိုက္လုံးဝမဟုတ္ဘူး

ေကာင္းျမတ္လြန္းတစ္ေယာက္ live ေအာက္က ကြန္းမန႔္ေတြဖတ္ၿပီး ၿပဳံးစိစိလုပ္ေနသည္။

"ဘာေတြသေဘာက်ေနတာလဲ ေကာင္းတာလဲတစ္ခုမွ မပါပဲနဲ႕ကို"

"ရယ္ရတယ္ေလ ေသခ်ာမသိပဲ ရမ္းတုတ္ၿပီး ရန္ေတြျဖစ္လိုက္ ဆဲလိုက္ဆိုလိုက္နဲ႕ ကြၽန္ေတာ့ acc ကို ေတာင္ follow လာလုပ္ထားၾကေသးတယ္။"

"ခ်စ္တကယ္ အဆင္ေျပရဲ႕လား စိတ္မရႈပ္ဘူးလား"

"ကြၽန္ေတာ္က ဘာကို စိတ္ရႈပ္ရမွာလဲ။ ကြၽန္ေတာ့္လိပ္ျပာ ကြၽန္ေတာ္လုံတယ္။ အစ္ကို႔ကိုလဲ ယုံတယ္။ အိတိုေလးကိုလဲခ်စ္တယ္။ ေနာ့ ... အိတိုေလး။ အခုလို အတူတူရွိေနတာနဲ႕တင္ ေပ်ာ္စရာေကာင္းေနတာကို ဘာကို စိတ္ညစ္ရမွာလဲ။"
"မာမားေျပာတာမွန္တယ္။ အိတိုေလးလဲေပ်ာ္တယ္။"

"ကိုယ့္ကေလးေလးေတြက အရမ္းလိမၼာေနေတာ့ ကိုယ္ဘယ္လိုဆိုးရမွန္းေတာင္မသိေတာ့ဘူး။ နည္းနည္းေလာက္ ဆိုးၾကည့္ပါလားကြာ ဒါမွကိုယ္လည္းလိုက္ဆိုးလို႔ရမွာ။"

"ဟက္ အစ္ကိုက ဘယ္လို ဆိုးခ်င္လို႔လဲ"

"ဒီလိုေလ ကိုယ့္ကေလးေတြက စိတ္ညစ္ ငိုယို ကိုယ့္ကို အျပစ္တင္ အဲ့သည့္အခါ ကိုယ္က စိတ္တို ေဒါသထြက္ ျပသနာရွာတဲ့ေကာင္ေတြ အကုန္လုံးကို အမႈန႔္ျပန္ႀကိတ္ လူမိုက္ႀကီးလုပ္"

"အစ္ကို ႐ုပ္ရွင္ၾကည့္တာမ်ားသြားၿပီ"

"ဟား .. ဟား ... နည္းနည္းေလးေတာင္စိတ္ကူးယဥ္ၾကည့္လို႔မရဘူးလား"

"မရဘူး။ ဒါနဲ႕ မနက္ျဖန္ ဘယ္သူနဲ႕ေတြ႕ရမွာမို႔လို႔ အလုပ္ကိုေတာင္ခြင့္ယူခိုင္းရတာလဲ"

"အင္း .... အရမ္းေတာ္ျပီးေလစားဖို႕ေကာင္းတဲ့လူတစ္ေယာက္နဲ႕ေတြ႕ရမွာ။ ၿပီးေတာ့ ကိုယ့္ဘက္က ေျပာျပေပးဖို႔ပ်က္ကြက္ခဲ့တဲ့ အေၾကာင္းအရာေတြကိုလဲ သူကပဲေျပာျပေပးလိမ့္မယ္"

"အစ္ကို႔အတြက္ေကာင္းတာလား ဆိုးတာလား"

"ေကာင္းတာေတြပါ။"

"အင္းပါ ဒါဆို အစ္ကိုျပန္ေတာ့ေလ ကြၽန္ေတာ္လည္း အိတိုေလးကို သိပ္ေပးလိုက္အုံးမယ္"

"ဘာမွ မေမးေတာ့ဘူးလား ကိုယ့္ကိုေကာ ဖုံးကြယ္ထားတာေတြမ်ားလို႔ စိတ္မဆိုးဘူးလား"

"ကြၽန္ေတာ့ကိုခ်စ္လား"

"ဘယ္လိုေမးလိုက္တာလဲ ခ်စ္တာေပါ့ အသည္းထဲနင့္ေနေအာင္ခ်စ္တာ"

"အဲ့တာနဲ႕တင္ ကြၽန္ေတာ့အတြက္လုံေလာက္ေနၿပီ"

T.B.C 🐻
Thanks😘

(တကယ္ေတာ့ ဒီေန႔ G ေမြးေန႕ေလးမွာ ဇာတ္သိမ္းေလးတင္ေပးခ်င္တာ တင္ေပးနိုင္ဖို႕မေသခ်ာေတာ့ဘူး။ အဆင္ေျပရင္ေတာ့ ညက်ရင္ ဇာတ္သိမ္းပိုင္းေလး တင္ေပးနိုင္မွာပါ။ 😁 ႏႈတ္ဆက္ရေတာ့မယ္ ကိုယ့္အခ်စ္ေတြ)

02:46PM(Mon)
14.02.2022
G14



အိတိုလေးရဲ့မာမား🐻 အခန်း(၃၀)
Unicode

ကမ္ဘာညိမ်းအရှေ့မှာရှိတဲ့ အမျိုးသမီးနှစ်ယောက်က လက်ဖဝါးတပြင်ပြင်နဲ့ လူတစ်ယောက်ကို ကျိန်ဆဲနေလေရဲ့။

"အဲ့ဘွားတော်က အဲ့လောက်ထိ အောက်တန်းကျတာ သူထမင်းမစားပဲ ဘာတွေများ စားထားလဲမသိဘူး"

"ဒီမိန်းမက နဂိုကတည်းက ဥာဏ်နည်းတာ။ သူဘယ်လိုစိတ်နဲ့များ ငါတို့ပါပါမန်းကို လာထိရဲတာပါလိမ့်"

ကမ္ဘာညိမ်းတစ်ယောက် သူ့ရှေ့က အမျိုးသမီးနှစ်ယောက်ရဲ့ ဒေါသထွက်နေပုံကို ပြုံးပြုံးကြီးထိုင်ကြည့်နေရာက တဖြည်းဖြည်း နားမခံနိုင်တော့တာကြောင့်

"ကဲပါဗျာ မမကော မိုးငယ်ကော ဒေါသတွေလျှော့လိုက်ကြပါတော့။ သူများအမှိုက်ထုပ်ကို ကိုယ့်အမှိုက်ထုပ်လုပ်ပြီး အညှီအဟောက်နံ့တွေ မရှူချင်ပါနဲ့ ရောဂါရတယ်။"

"ကျစ် ... ကိုကိုက ဘာသိလို့လဲ အဲ့ဘွားတော်ကြီးက ကလေးတောင်မချန်ဘူး ပြဿနာကြားထဲဆွဲထည့်ထားတာ မတော်လို့များ အိတိုလေးသိသွားရင်"

"သိသွားလဲ ဘာဖြစ်လဲမိုးငယ်။ ကိုကိုက အိတိုလေးကို စိတ်ရင်အတိုင်းပဲ စောင့်ရှောက်ပေးသွားမှာ။ သူ့ဘဝအမှန်ကိုလဲ ဖြည်းဖြည်းချင်း နာလည်အောင် ရှင်းပြပေးသွားမှာ။ အတင်းအကြပ်ကြီး ကိုယ့်သွေးသားအရင်းပါဆိုပြီး လိမ်ညာ ဖုံးကွယ်ထားမှာ မဟုတ်ဘူး။ အိတိုလေးကိုယ်တိုင် သူ့ဘဝအကြောင်းကိုသိမှ ဘဝအကြောင်းကို နားလည်မှာ။ ဘဝနာမှာ။ မခံချင်စိတ်နဲ့ကြိုးစားမှာ။ ပြီးတော့ သူ့မိဘသွေးသားအရင်းတွေလို အလားတူ အမှားမျိုးမလုပ်မိအောင် စံနမူနာယူနိုင်မှာ။ အိတိုလေးကိုယ်တိုင် သူ့ဘဝကို ရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်အောင် ကိုကိုကိုယ်တိုင်သင်ပေးမှာ။ အဲ့တာကြောင့် အိတိုလေးအတွက် ဘယ်သူကမှ သနားပေးစရာ ဝမ်းနည်းပေးစရာမလိုဘူး။ အိတိုလေးက ကိုကို့သား။ ကိုကို့သားကို ဘယ်တော့မှ မျက်နှာ ငယ်အောင်ထားမှာမဟုတ်ဘူး။"

"ကမ္ဘာညိမ်းကို မမက စိတ်ပူနေခဲ့တာ။ အတွေ့အကြုံမရှိတဲ့ လူငယ်လေးတစ်ယောက်က ကလေးတစ်ယောက်ကို အကြာကြီး စောင့်ရှောက်နိုင်ပါ့မလားလို့လေ။ အခုတော့ မမမောင်လေးက ဖခင်းကောင်းတစ်ယောက် ဆိုတာထက်ကို ပိုပြီး အိတိုလေးကို စောင့်ရှောက်ပေးနိုင်ခဲ့တယ်။ မမ မောင်းလေးကို မမတကယ်လေးစားပါတယ်။"

"ဟောဗျာ သူများကို ကျိန်ဆဲနေရာက ဘယ်လိုဖြစ်ပြီး ကျွန်တော့ကို ချီကျူးတဲ့အခန်း ရောက်သွားတာလဲဗျာ"

"ဟား ဟား အေးအဲ့လိုဖြစ်သွားတယ်။ ဒါနဲ့ ကောင်းမြတ်လွန်းဆိုတဲ့ ကောင်လေးကော အဆင်ပြေရဲ့လား။ သူအတွက်လဲ တော်တော်လေး အဆင်မပြေဖြစ်သွားနိုင်တယ်။ အခုချိန်ဆို သတင်းတွေကြောင့် သူ့အသိုင်းအဝိုင်ကလည်း သိသွားလောက်ပြီ။"

"ကျွန်တော့် ချစ်သူက ရဲရင့်တဲ့ကောင်လေးပါ။ သူအဆင်ပြေနေပါတယ်။ သူကျွန်တော့ကို ယုံကြည်တယ်တဲ့။"

"အင်း ကောင်လေးက ငယ်ပေမယ့် ရင့်ကျက်သားပဲ။ သူ့နေရာမှာ အခြားသူဆို မျက်ရည်လည်ရွှဲနဲ့ အငိုခန်းတွေကို အခန်းဆက်လိုက် ရိုက်နေလောက်ပြီ။ နှစ်ယောက်လုံးက လိုက်ဖက်ပါတယ်။"

"လိုက်ဖက်တာတော့ပြောမနေပါနဲ့။ မမကြီးက မင်္ဂလာဆောင် မတက်လိုက်ရလို့။ မိုးငယ်ဆိုရင်လေ ကိုကိုတို့အတွဲကိုကြည့်ပြီး အားကျလွန်းလို့မျက်ရည်တောင်ကျတယ်။ ပြောချင်လို့ပြောတာမဟုတ်ဘူး ကိုကို့မဟေသီလေးကလေ ကိုကို့အလိုအရမ်းလိုက်တာပဲ သူ့အတွက်ခက်ခဲနေတာတောင် ကိုကိုအဆင်ပြေဖို့အတွက် အကူအညီပေးတယ် ပြီးတော့ အိတိုလေးအပေါ်လည်း အရမ်းဂရုစိုက်တယ်။"

"အားကျနေရင် ကိုယ့်အစွမ်းအစကိုယ်ထုတ်သုံးပြီး ရှာလိုက်လေး မိုးငယ်"

"ရှာမရလို့ပေါ့ မမကြီးရဲ့"

"ကဲပါ မမတို့ပြန်တော့မယ် ကမ္ဘာညိမ်း။ အဆင်ပြေမယ်ဆိုတာ သိပေမဲ့ လိုအပ်နေတာတစ်ခုခုများရှိမလားလို့ လာမေးတာ။ အားလုံးကို အရင်က စီစဉ်ထားတဲ့အတိုင်းပဲ ဆက်သွားကြတာပေါ့။ ရှူမငြီးအောင် ကိုလဲ မမဆက်သွယ်ပေးထားမယ်။"

"ကျေးဇူးပါပဲ"

"မိုးငယ်ပြန်ကြရအောင်"

"မိုးငယ်က ယောင်းမလေးနဲ့သွားတွေ့အုံးမှာ"

"ငါလဲလိုက်မယ်"

"ကောင်းမြတ်လွန်း အလုပ်ရှုပ်နေတယ် သွားမနှောက်နဲ့တော့"

ကမ္ဘာညိမ်းရဲ့ တစ်ချက်လွတ်အမိန့်ကြောင့် မိုးငယ်နဲ့ နွေလင်းဖြူတို့ ညီအစ်မနှစ်ယောက်လုံး နှုတ်ခမ်းစူပြီး ပြန်သွားကြသည်။

သတင်းတွေတက်ပြီးကတည်းက ကောင်းမြတ်လွန်းတစ်ယောက် ပတ်ဝန်းကျင်ကို ဂရုမစိုက်ပဲ အလုပ်ကိုသာအာရုံစိုက်ပြီးလုပ်နေမိသည်။

ဒါတောင် ရင်းနှီသူတစ်ချို့က ကမ်းခြေမှာ မင်္ဂလာပွဲကျင်းပခဲ့တဲ့ ကိစ္စကို မသိမသာနဲ့ စပ်စုလာကြသည်။

အခုချိန်မှာ ကောင်းမြတ်လွန်းဘက်က နှုတ်ပိတ်နေတာကသာ အကောင်းဆုံးမို့ သူ့အနေနဲ့ အပြုံးလေးနဲ့ ရှောင်ထွက်ရုံမှအပ မတက်နိုင်။ သူနှုတ်ခမ်းဟလိုက်လို့ တစ်စုံတစ်ခုများ အပြောအဆိုမှားသွားခဲ့ရင် အကြီးမားဆုံးထိခိုက်မည့်သူက ကမ္ဘာညိမ်းဖြစ်နေတာကြောင့် သူ့ကို ဘယ်သူတွေ ဘယ်လိုထင်ထင် နှုတ်ပိတ်၍နေတာသာ အကောင်းဆုံးဖြစ်သည်။

သူက တစ်ကောင်ကြွက် ဂရုစိုက်မည့်သူလဲမရှိတာကြောင့် သူ့အတွက်က အဆဲခံရရုံမကလို့ ပါးရိုက်နားရိုက်လုပ်ခံရလဲပြသနာမရှိပေမယ့် ဝန်ထမ်းပေါင်းများစွာ မိသားစုပေါင်းမျာစွာရဲ့ စားဝတ်နေရေးအတွက် မှီခိုနေရတဲ့ ကုမ္ပဏီပိုင်ရှင် ဦးကမ္ဘာညိမ်းသာ မတော်တဆပြိုလဲသွားရင် သူစိတ်မကောင်းဖြစ်ရလိမ့်မည်။

အခုတောင် ရှယ်ယာရှင်တစ်ချို့နဲ့ ပါတနာတစ်ချို့က ဦးကမ္ဘာညိမ်းနဲ့ လက်တွဲဖြုတ်ဖို့ကြိုးစားနေတဲ့ သတင်းက တောမီးလိုပဲ တစ်ရုံးလုံး ပြန့်နှံ့နေပြီဖြစ်သည်။

(အစ်ကို အကောင်းဆုံးဖြေရှင်းနိုင်မှဖြစ်မယ် အစ်ကို။ အစ်ကို့ နောက်မှ အစ်ကို့ကို အားကိုနေရတဲ့ ဝန်ထမ်း မိသားစုတွေအများကြီးရှိနေတယ်။)

"ကိုယ့်အချစ် ..."

"ဟင် ...အစ်ကို"

ကမ္ဘာညိမ်း၏ ခေါ်သံကြောင့် ကောင်းမြတ်လွန်း တအံ့တဩလှည့်ကြည့်လိုက်မိသည်။

"ကိုယ်လေ .. အဆင်ပြေရဲ့လားသိချင်လို့ လာကြည့်တာ"

"ကျွန်တော် အဆင်ပြေပါတယ် ဒါပေမဲ့ အခုလိုရောက်လာတော့ ..."

"ကိုယ်သိတယ် ဒါပေမဲ့ စိတ်မချလို့ လာကြည့်မိတာ အခုပဲပြန်မှာပါ"

"အင်းပါ"

"ဒါဆို ကိုယ်ပြန်ပြီနော်"

"အင်း ...."

ကမ္ဘာညိမ်းက သူမရှိတဲ့အချိန် သူ့အချစ်ကို အနိုင်ကျင့်နေကြမှာစိုးလို့ ရှောင်တခင်ဝင် စစ်ဆေးကြည့်ကာမှ သူ့အချစ်နေရခက်အောင် လုပ်မိသွားတာကြောင့် အားနာမိသွားသည်။ တစ်ဆက်တည်းမှာပဲ သူ့အချစ်စိတ်ဆိုးသွားပြီးလား ဆိုပြီး စိုးရိမ်မိသည်။ အဲ့တာကြောင့်လည်း ကမ္ဘာညိမ်းခင်ဗျာ ကောင်းမြတ်လွန်းကို လှည့်ကြည့်လှည့်ကြည်ဖြင့် ပြန်ဖို့လုပ်လိုက်ရသည်။

"အစ်ကို ...."

"ဟင် ..."

"ကျေးဇူးပဲ"

ကောင်းမြတ်လွန်းက သူလာကြည့်တာကို စိတ်မဆိုးတဲ့အပြင် ကျေးဇူးတင်ကြောင်း ပြောလာတော့ ကမ္ဘာညိမ်းလည်း သူ့အချစ် စိတ်မဆိုးမှန်းသိသွားပြီး စိတ်အေးသွားရသည်။

ညရှစ်နာရီထိုးတာနဲ့ အိတိုလေးက ကောင်းမြတ်လွန်း အခန်းထဲ သွားအိပ်ဖို့ တာဆူတော့သည်။

"မာမား ... အား ..."

ခြေတံတိုလေးတွေနဲ့ ပြေးသွားတဲ့ အိတိုလေးကို ကမ္ဘာညိမ်းက ရင်ဘက်အောက်ကသိုက်ဖက်ပြီး မချီပစ်လိုက်သည်။

"dad ... မာမားဆီသွားမလို့ပါဆို"

"သွားရမှာပါ dad ...ပါလိုက်မလို့"

"dad က ဘာလိုက်လုပ်မလို့လဲ ..."

"ဟောဗျာ dad ရဲ့ဝက်ဝံပေါက်လေးက dad ကိုတောင်မချစ်တော့ဘူးလား"

"dad ... က မာမားကို တအားကြီးနမ်းတာကို dad က .... dad က အဲ့လိုနမ်းတော့ မာမားက မောင်းထုတ်ကော"

နှုတ်ခမ်းစူပြီး မကျေနပ်သမျှ ရင်ဖွင့်လာတဲ့အိတိုလေးကိုကြည့်ရင်း ကမ္ဘာညိမ်း ဘာပြန်ပြောရမှန်းကို မသိတော့။

အိတိုလေးပြောသလိုပဲ ချစ်နဲ့အတူရှိတိုင်း အနမ်းဖွဖွလေးတွေး နမ်ပေးကာ အသားယူရတာကို အကျင့်ဖြစ်နေပြီး နည်းနည်းလေးကြာလာလို့ အသည်းယားလာရင်တော့ အိတိုလေးပြောသလိုပဲ တအားကြီးဖက်နမ်းမိတော့တာ။

အဲ့အချိန်ကြရင် ချစ်က ရှက်ရမ်းရမ်းပြီး သားအဖနှစ်ယောက်လုံးကို အခန်းထဲက မောင်းထုတ်တက်သည်။

အကြောင်းသိတဲ့ အိတိုလေးက အဲ့တာကြောင့် သူလိုက်လာမှာကို အတင်းငြင်းနေတာဖြစ်သည်။

"ဒီနေ့ dad က live လွှင်ပြီး အိတိုလေးရဲ့မာမားကို ကြွားမလို့"

"မာမားကို ... ကြွားမလို့ ... ဘာလို့လဲ"

"မာမားကို ဘယ်သူမှ လုယူမသွားအောင်လို့ မာမားက အိတိုလေးအပိုင်ဆိုတဲ့အကြောင်း ပြောပြကြမယ်လေ မကောင်းဘူးလား။"

"ကောင်းတယ် ... ကောင်းတယ် ... live လွှင့်မယ် .. မာမားက အိတိုလေးရဲ့မာမား ဆိုတာ အားလုံးသိအောင်ကြွားပစ်မယ် ..."

"ဒါဆို မာမားအခန်းထဲသွားကြမယ်"

ဒီအချိန်ဆို အိတိုလေးက ကောင်းမြတ်လွန်းအခန်းထဲလာနေကျမို့ ကောင်းမြတ်လွန်းက အခန်းတံခါးကိုစေ့ရုံသာစေ့ထားပြီးပိတ်ထားတက်သည်။

အဲ့တာကြောင့်လည်း ကောင်းမြတ်လွန်းအခန်း ရှေ့ရောက်တာနဲ့ ကမ္ဘာညိမ်းက အသံတစ်ချက်ပြုပြီး အခန်းတံခါးဖွင့်ကာ တန်းဝင်သွာလိုက်သည်။

"မာမား ..."

ခုတင်ပေါ်မှာ ကျောမှီထိုင်ပြီးစာဖတ်နေတဲ့ ကောင်းမြတ်လွန်းက အိတိုလေးကိုမြင်တာနဲ့ စာအုပ်ကိုလက်ထဲကချပြီး လက်ကိုဆန့်တန်းပေးထားလိုက်သည်။

ဝက်ဝံပေါက်လေးအိတိုကလည်း ကောင်းမြတ်လွန်းရင်ခွင်ထဲ တန်းနေအောင်ပြေးဝင်ပြီး ပေါင်ပေါ်ထိုင်ချလိုက်သည်။

"မာမား ..."

"ဗျာ ..."

"dad ကလေး live လွှင့်မလို့တဲ့"

"ဟုတ်လားအစ်ကို .."

"ဟုတ်တယ် ကိုယ်တို့အကြောင်းကို live လွှင့်ပြီး အသိပေးမလားလို့လေ ဒါပေမဲ့ ချစ်ခွင့်ပြုမှပါ။"

"အစ်ကို့အတွက်အဆင်ပြေမယ်ဆို ကျွန်တော်လဲအဆင်ပြေပါတယ်။ ဒါနဲ့ ဘာလို့ သတင်းထောက်တွေရဲ့ အင်တာဗျူးကို မဖြေပဲ live လွှင့်တာလဲ။"

"သိပ်ကောင်းတဲ့မေးခွန်းပဲ။ ကိုယ်တို့က အခု ပြဿနာကို ဖြေရှင်းမှာမဟုတ်ဘူး။ အမှန်တရားကို ချပြမှာ။ အဲ့တာကြောင့် live လွှင့်တာက ကိုယ့်တို့မိသားစုလေးရဲ့ ပျော်ရွှင်စရာဘဝလေးကို သိမြင်စေချင်ရုံပဲ။"

"ကျွန်တော် သဘောပေါက်ပြီ အစ်ကို့သဘောလေ ကျွန်တော်က ဘာပဲဖြစ်နေဖြစ်နေ အစ်ကို ဘက်ကနေပြီး အားပေးနေမှာ။"

"အား ချစ်လိုက်တာကွာ"

ကောင်းမြတ်လွန်းပါးလေးကတော့ ကမ္ဘာညိမ်းရန်ရှာတာခံလိုက်ရပြန်ပါပြီ။"

"dad ...အိတိုလေးကိုလဲ နမ်းလေ"

"ဟား .. ဟား ... နမ်းရမှာပေါ့ အိတိုလေးကို ချန်ထားလို့ဘယ်ဖြစ်ပါ့မလဲ"

အခုမှပဲ ကျေနပ်သွားသလို ပြုံးရယ်လာတဲ့အိတိုလေး။

ကမ္ဘာညိမ်းက ကောင်းမြတ်လွန်းဘေးမှာ ဝင်ထိုင်ပြီး facebook ကနေ live စလွှင့်လိုက်သည်။

တစ်နှစ်နေလို့ သုံးခါတောင်ပြည့်အောင် မသုံးဖြစ်တဲ့ ကမ္ဘာညိမ်းရဲ့ facebook acc က ထူးဆန်းစွာနဲခြောက်ကပ်မနေပဲ လူစုံတက်စုံဖြစ်နေတာကိုတွေ့လိုက်ရသည်။

live စလွှင့်ပြီး တစ်မနစ်အကြာမှာပဲ ကြည့်ရှုသူက ရာချီနေခဲ့ပြီဖြစ်သည်။

"ဟယ်လို မင်္ဂလာပါ။ ကျွန်တော်က facebook မသုံးဖြစ်တာ တော်တော်လေးကြာနေပြီဆိုတော့ ကြည့်တဲ့သူ ဒီလောက်အများကြီးရှိမယ်လို့တောင် မထင်ထားဘူးဗျ။"

💬သတင်းတွေတက်လာကတည်း ဒီအကောင့်ထဲပဲဝင်ဝင်ကြည့်ဖြစ်နေတာ။
💬နောက်ဆုံတော့ ပေါ်လာပြီပဲ။
💬သူတို့က ဘာဖြစ်ချင်နေတာလဲ မျက်နှာတိုက်နေတာလား ... ရှက်စရာ ကောင်းလိုက်တာ ထွီး ....။
💬လူစုံတယ်ဟ တကယ်ကြီးဖြေရှင်းတော့မှာလား။ ဒါပေမဲ့ ဘာလို့ ညအိပ်ဝတ်စုံတွေနဲ့လဲ။ 💬သူတို့အိပ်ခန်းထဲမှာမဟုတ်လား။ သူတို့က အတူနေကြတာလား တကယ်အံ့ဩစရာပဲ။
💬အိုး အိတိုလေးပါတယ်ဟ မာမားလည်းပါတာပဲ။
💬ဟေ့ ဘေးကတစ်ယောက်က ယောက်ျားလား မိန်းမလား လင်းကြစမ်းပါဟ။
💬ဘာတွေဖြစ်နေတာလဲ ရှင်းပြကြပါဦး သူများသတင်းပေးလို့ဝင်ကြည့် ငါဘာမှမသိဘူး။
💬အို ငါ့တို့ ဥက္ကဌကြီးပေါ်လာပြီ အိတိုလေးပါ ပါတယ်ဟ နင်တို့သူတောင်းစားတစ်သိုက် စကားပြောဆင်ခြင်ကြစမ်း ငါ့အသည်းလေးဝမ်းနည်းသွားလိမ့်မယ်။
💬ဟျောင် ကောင်းမြတ်လွန်း မင်းကို ငါက ယောက်ျားလို့ ထင်ထားတာ လက်စသက်တော့ ခြောက်နေတာကို နေစမ်းပါဦး မင်း ငါ့ကိုများ ကြိုက်ခဲ့သေးလား။
💬အဲ့ကောင် အခြောက်လား အဲ့တာကြောင့် သူယောက်ျားလေး သူငယ်ချင်းအများကြီးမထားတာဖြစ်ရမယ်။
💬ဥပဓိရုပ်ကောင်းလည်း သောက်ကျင့်မကောင်းမှမကောင်းတာ စိတ်ပျက်စရာ။
💬မင်္ဂလာဆောင်က ဂျင်းဆို။ ငါကတော့ သတို့သမီးလေးကို ကြွေနေပြီ တစ်ခေါက်လောက်မြည်းကြည့်ချင်လိုက်တာ။
💬ကလေးက ဘယ်သူနဲ့ရမှန်းမသိ အတူအိပ်တဲ့လူကလည်း အထီးလား အမလား မသည်းကွဲ ချီးပဲကွာ။
💬နင်တို့ ကွန်းမန့်တွေလိုက်ဖက်နေတာနဲ့ ငါပါဝင်ဆဲချင်လာပြီ အဲ့ကောင်တွေက ဘာကောင်တွေလဲ။
💬ငွေရှိတယ်ဆိုပြီး ထင်တိုင်းကြဲနေကြတော့ပဲ လူတွေလဲ အကျင့်ပျက်ကုန်ကြပြီ ခင်ဗျာလို အကြီးစားစီးပွားရေးလုပ်ငန်းရှင်တစ်ယောက် အနေနဲ့ ကိုယ့်ကျင့်သိက္ခတရားကို ထိန်းသိမ်းထားသင့်တယ်။
💬ကလေးအမေက အခြောက်မ စနက်ကြောင့်ပဲ ပေါ်မလာရဲတာပဲနေမှာ။
💬ဘယ်လိုတောင် အရှက်မရှိတာလဲ သူများအိမ်ထောင်ကို ဖျက်စီးရဲ့တာ တော်တော်ယုတ်မာတာပဲ။

တန်းစီပြီးတက်လာတဲ့ ကွန်းမန့်တွေက စိတ်ပျက်စရာအနေအထားမှာ ရှိနေသော်လည်း ကမ္ဘာညိမ်းတို့ကတော့ အေးဆေးတည်ငြိမ်နေဆဲပင်။

"ကျွန်တော်ကိုတော့ အားလုံးသိပြီးသားဖြစ်လောက်မှာပါ။ ကျွန်တော့်ဘေးက ကျွန်တော့ရဲ့ အသစ်စက်စက်ချစ်သူလေး အာ ... ထပ်ပြောရရင် အချစ်ဦးပေါ့ဗျာ နာမည်ကကောင်းမြတ်လွန်းတဲ့။ ဒီဘက်က ကျွန်တော့်ရဲ့ သားလေး ဝအိတိုပါ။ အိတို နှုတ်ဆက်လိုက်ဦးလေ။"

"မင်္ဂလာပါ အိတိုလေးပါခင်ဗျ။ အိတိုလေးက မာမားကို လာကြွားတာပါ ဟီး .."

အိတိုလေးက သူပြောချင်တာပြောပြီးသွားတာနဲ့ကောင်းမြတ်လွန်းဘက်ကိုပြန်လှည့်ပြီး အာဘွားပေးကာ ကောင်းမြတ်လွန်းပေါင်ပေါ်မှာပဲ ငြိမ်ငြိမ်လေးပြန်ထိုင်နေလေသည်။"

အိတိုလေးစကားပြောတာကို မြင်ပြီးတာနဲ့ ....
💬ကလေးကချစ်စရာလေး
💬အတက်လေးတော့
💬မာမားတဲ့ ကြည့်ရတာ သူတို့ဆက်ဆံရေးကကောင်းပုံရတယ်
💬ကလေးကို ဘာတွေနဲ့ စည်းရုံးထားလဲမသိဘူး ကလေးက စနှိုက်ခြောက်မကိုချစ်ပြနေလိုက်တာ
💬သူ့အမေကတော့ ရင်နာနေမှာပဲ
💬ဟေ့ သူက သူ့မာမားကို လာကြွားတာတဲ့
ဒီလောက်အဆဲခံနေရတာတောင် သူတို့ပျော်နေနိုင်သေးတာလား

မတူညီတဲ့ အကြောင်းအရာအောက်မှာ နောက်ထပ် ကွန်းမန့်တွေက တစ်သီကြီးထပ်တက်လာသည်။

"အိတိုလေးက သူ့မာမားကို သူများလုသွားမှာကြောက်နေတာ။ သူ့မာမားကို သူပိုင်ဆိုင်ကြောင်း ကြွားချင်နေတာ။ ဟက် ကျွန်တော်လည်းပါတာပေါ့ဗျာ။ အဲ့တာကြောင့် ကျွန်တော် အခုပဲလက်ထပ်ခွင့်တောင်းမလားစဉ်းစားနေတာ။ ကိုယ့်အချစ် ... ကိုယ့်ကို လက်ထပ်ပါ။"

"အစ်ကို ..."

"ဘာလို့လဲ လူသိရှင်ကြားကြေငြာပြီးမှတော့ ကိုယ့်အချစ်က ကိုယ့်ကို မဖြစ်မနေတာဝန်ယူရတော့မှာပေါ့ ဘာလဲ ကိုယ့်ကို တာဝန်မယူချင်တာလား အပျော်ကြံတာလား။"

"အစ်ကို ... ဘယ်လိုဖြစ်နေတာလဲဗျာ"

စိတ်ဆိုးပြီး နှုတ်ခမ်းစူထွက်လာတဲ့ ကောင်းမြတ်လွန်းပါးလေးကို ဆွဲပြီး အာဘွားလှမ်းပေးလိုက်တဲ့ ကမ္ဘာညိမ်းကြောင့်

💬အာ သေပြီ ငါသေပြီ ဒါကဂျင်းမဟုတ်ဘူး
💬ဟောင်နေတဲ့ ခွေးတွေ မုမု ဒီမှာ ငါတို့ သင်္ဘောကြီးရွက်လွှင့်တော့မှာ
💬သုတ်ကြောင်မတွေ ခုတင်ပေါ်ကမြင်ကွင်းကို သိပ်အားရနေတယ်ဟုတ်လား
💬နင်ကကော လစားထိုးအီးဖြစ်လို့ ဝင်ကြည့်နေတာလား
💬နင့်ကို ဆဲချင်လို့ဝင်ကြည့်တာ လေထိုးမရဲ့ ကျေနပ်လား မကျေနပ်လည်း နင်ပြေသလို လစားထိုအီးပဲဟေ

အင်အားကြီးမာတဲ့ Fujoshi လှိုင်းလုံကြီး တက်လာတာကြောင့် live က ကွန်းမန့်တွေက ဂယက်ပို ထလားပြီး အပြန်အလှန် မန်းရှင်းခေါ်ပြီးဆဲကုန်ကြတော့သည်။

"ကျွန်တော်တကယ်ပြောတာပါ။ သိပ်မကြာခင် လက်ထပ်ခွင့်တောင်မှာဖြစ်လို့ ခွင့်ပြုချက်ရတာနဲ ကျွန်တော်နဲ့ ကောင်းမြတ်လွန်းရဲ မင်္ဂလာပွဲက အကောင်အထည်ပေါ်လာမှာပါ။ ကျွန်တော်အဓိကပြောချင်တာက ကျွန်တော်က ကောင်းမြတ်လွန်းတစ်ယောက်တည်းကိုပဲချစ်ပြီး ကောင်းမြတ်လွန်းနဲ့ပဲလက်ထပ်မှာပါ ပြီးတော့ ကျွန်တော်ရယ် ကျွန်တော့အချစ်ရယ် သားလေးအိတိုလေးရယ် သုံးယောက်အတူ အမြဲပျော်ပျော်ရွှင်ရွှင်နေသွားကြမှာပါ။
သြော် ...ကျွန်တော် ရှင်းပြရတာ ဝါသနာမပါပေမယ့် ကျွန်တော့ ချစ်သူလေးရဲ့ ဂုဏ်သိက္ခနဲ့ဆိုင်နေတာကြောင့် တစ်ခုတော့ရှင်းပြပါရစေ။
ကောင်းမြတ်လွန်းက ကျွန်တော့သားလေးအိတိုလေးကြောင့် ကျွန်တော့်အိမ်မှာ အိမ်ငှားအဖြစ်နေဖြစ်သွားတာပါ။
ကျွန်တော်တို့ ချစ်သူဖြစ်တာလဲ ရက်ပိုင်းပဲရှိပါသေးတယ်။ ကျွန်တော်က ကောင်းမြတ်လွန်းရဲ့ချစ်သူမဖြစ်ခင်ကတည်းက ကောင်းမြတ်လွန်းက အိတိုလေးရဲ့မာမားအရင်ဖြစ်ခဲ့တာပါ။
ခင်ဗျားတို့ အဓိကသိချင်နေတဲ့ သတင်းအတု ပြသနာကတော့ မနက်ဖြန်လောက်ကျရင်အဖြေသိရမှာပါ။
အခုကျွန်တော် live လွှင့်တာက သတင်းကို ဖြေရှင်းချင်တာမဟုတ်ပဲ ကျွန်တော့ ကလေးလေးတွေနဲ့ ကျွန်တော်ပျော်ရွှင်နေတဲ့ကြောင်းကို လာကြွတာပါ။
ဒါဆိုရင် ဒီလောက်နဲ့ပဲ နှုတ်ဆက်ပါရစေ အိတိုလေးရဲ့အိပ်ချိန်လဲရောက်နေပြီဖြစ်တာကြောင့် ကျွန်တော်လည်း သူတို့တွေကို ဆက်ပြီးနှောက်ယှက်လို့မရတော့ဘူး။ အားလုံးပဲ တာတာ့ပါ။ အိတို .. နှုတ်ဆက်လိုက်အုံး။"

"အိတိုလေးက မာမားနဲ့အိပ်တော့မှာမို့လို့ ဂွတ်နိုက်ပါခင်ဗျ"

💬ဘာလဲ ဒါပဲလား
💬သူက ဘာပြောချင်တာလဲ မနက်ဖြန်အဖြေသိရမယ်ဆိုတာကကော ဘာကိုပြောချင်တာလဲ
💬အေး ငါတို့ကို နားလည်ပါးရိုက်လုပ်သွားတာ ဘာမှရေရေရာရာမသိလိုက်ဘူး
💬နင်တို့အလုံးတွေကန်းနေကြတာလား သူတို့ဆက်ဆံရေးကပြသနာမရှိဘူး ပြသနာ ကနင်တို့တွေလို့ပြောသွားတာ မနက်ဖြန်အတွက်ရင်ခုန်နေပြီ
💬အနံတွေရနေတယ် ဒီသတင်းသာ မဟုတ်တရုတ်ဆိုလို့ကတော့ page ကို report ထုပစ်မယ်
💬နင်တို့မှားနေပြီ ငါ့တို့ ဥက္ကဌကြီးက လူကောင်းတစ်ယောက် သူမှာအကြောင်းတစ်ခုခုရှိမှာ သေချာတယ်
💬ငါအာမခံနိုင်တာတစ်ခုပဲရှိတယ် ကောင်းမြတ်လွန်းဆိုတဲ့ကောင်လေးက စနှိုက်လုံးဝမဟုတ်ဘူး

ကောင်းမြတ်လွန်းတစ်ယောက် live အောက်က ကွန်းမန့်တွေဖတ်ပြီး ပြုံးစိစိလုပ်နေသည်။

"ဘာတွေသဘောကျနေတာလဲ ကောင်းတာလဲတစ်ခုမှ မပါပဲနဲ့ကို"

"ရယ်ရတယ်လေ သေချာမသိပဲ ရမ်းတုတ်ပြီး ရန်တွေဖြစ်လိုက် ဆဲလိုက်ဆိုလိုက်နဲ့ ကျွန်တော့ acc ကို တောင် follow လာလုပ်ထားကြသေးတယ်။"

"ချစ်တကယ် အဆင်ပြေရဲ့လား စိတ်မရှုပ်ဘူးလား"

"ကျွန်တော်က ဘာကို စိတ်ရှုပ်ရမှာလဲ။ ကျွန်တော့်လိပ်ပြာ ကျွန်တော်လုံတယ်။ အစ်ကို့ကိုလဲ ယုံတယ်။ အိတိုလေးကိုလဲချစ်တယ်။ နော့ ... အိတိုလေး။ အခုလို အတူတူရှိနေတာနဲ့တင် ပျော်စရာကောင်းနေတာကို ဘာကို စိတ်ညစ်ရမှာလဲ။"
"မာမားပြောတာမှန်တယ်။ အိတိုလေးလဲပျော်တယ်။"

"ကိုယ့်ကလေးလေးတွေက အရမ်းလိမ္မာနေတော့ ကိုယ်ဘယ်လိုဆိုးရမှန်းတောင်မသိတော့ဘူး။ နည်းနည်းလောက် ဆိုးကြည့်ပါလားကွာ ဒါမှကိုယ်လည်းလိုက်ဆိုးလို့ရမှာ။"

"ဟက် အစ်ကိုက ဘယ်လို ဆိုးချင်လို့လဲ"

"ဒီလိုလေ ကိုယ့်ကလေးတွေက စိတ်ညစ် ငိုယို ကိုယ့်ကို အပြစ်တင် အဲ့သည့်အခါ ကိုယ်က စိတ်တို ဒေါသထွက် ပြသနာရှာတဲ့ကောင်တွေ အကုန်လုံးကို အမှုန့်ပြန်ကြိတ် လူမိုက်ကြီးလုပ်"

"အစ်ကို ရုပ်ရှင်ကြည့်တာများသွားပြီ"

"ဟား .. ဟား ... နည်းနည်းလေးတောင်စိတ်ကူးယဉ်ကြည့်လို့မရဘူးလား"

"မရဘူး။ ဒါနဲ့ မနက်ဖြန် ဘယ်သူနဲ့တွေ့ရမှာမို့လို့ အလုပ်ကိုတောင်ခွင့်ယူခိုင်းရတာလဲ"

"အင်း .... အရမ်းတော်ပြီးလေစားဖို့ကောင်းတဲ့လူတစ်ယောက်နဲ့တွေ့ရမှာ။ ပြီးတော့ ကိုယ့်ဘက်က ပြောပြပေးဖို့ပျက်ကွက်ခဲ့တဲ့ အကြောင်းအရာတွေကိုလဲ သူကပဲပြောပြပေးလိမ့်မယ်"

"အစ်ကို့အတွက်ကောင်းတာလား ဆိုးတာလား"

"ကောင်းတာတွေပါ။"

"အင်းပါ ဒါဆို အစ်ကိုပြန်တော့လေ ကျွန်တော်လည်း အိတိုလေးကို သိပ်ပေးလိုက်အုံးမယ်"

"ဘာမှ မမေးတော့ဘူးလား ကိုယ့်ကိုကော ဖုံးကွယ်ထားတာတွေများလို့ စိတ်မဆိုးဘူးလား"

"ကျွန်တော့ကိုချစ်လား"

"ဘယ်လိုမေးလိုက်တာလဲ ချစ်တာပေါ့ အသည်းထဲနင့်နေအောင်ချစ်တာ"

"အဲ့တာနဲ့တင် ကျွန်တော့အတွက်လုံလောက်နေပြီ"

T.B.C 🐻
Thanks😘

(တကယ်တော့ ဒီနေ့ G မွေးနေ့လေးမှာ ဇာတ်သိမ်းလေးတင်ပေးချင်တာ တင်ပေးနိုင်ဖို့မသေချာတော့ဘူး။ အဆင်ပြေရင်တော့ ညကျရင် ဇာတ်သိမ်းပိုင်းလေး တင်ပေးနိုင်မှာပါ။ 😁 နှုတ်ဆက်ရတော့မယ် ကိုယ့်အချစ်တွေ)

02:46PM(Mon)
14.02.2022
G14

© G Fourteen,
книга «အိတိုေလးရဲ႕မာမား အိတိုလေးရဲ့မာမား».
အိတို (၃၁)
Коментарі