အိတို
အိတို (၀၁)
အိတို (၀၂)
အိတို (၀၃)
အိတို (၀၄)
အိတို (၀၅)
အိတို (၀၆)
အိတို (၀၇)
အိတို (၀၈)
အိတို (၀၉)
အိတို (၁၀)
အိတို (၁၁)
အိတို (၁၂)
အိတို (၁၃)
အိတို (၁၄)
အိတို (၁၅)
အိတို (၁၆)
အိတို (၁၇)
အိတို (၁၈)
အိတို (၁၉)
အိတို (၂၀)
အိတို (၂၁)
အိတို (၂၂)
အိတို (၂၃)
အိတို (၂၄)
အိတို (၂၅)
အိတို (၂၆)
အိတို (၂၇)
အိတို (၂၈)
အိတို (၂၉)
အိတို (၃၀)
အိတို (၃၁)
အိတို (ဇာတ္သိမ္း)
အိတို (၀၄)
အိတို🐻04
Zawgyi

ေကာင္းျမတ္လြန္းသည္ သူ႕ဘဝအတြက္ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ေလးတစ္ခုျဖစ္တဲ့ လုပ္ငန္းခြင္ေနရာသို႔ ေရာက္လာခဲ့ေလၿပီ။

သူအလုပ္လုပ္ရမည့္႐ုံးခန္းက တတိယအလႊာမွာရွိေနတာေၾကာင့္ အေပၚထပ္သို႔တက္ဖို႔ ဓါတ္ေလွကားေရွ႕မွာရပ္ေစာင့္ေနလိုက္သည္။

အဲ့ဒီအခ်ိန္မွာပဲ ကေလးတစ္ေယာက္၏ ျပင္းျပင္းထန္ထန္ငိုေႂကြးသံကိုၾကားလိုက္ရသည္။ ရင္းႏွီးသလိုရွိေနတဲ့ အသံေလးပါလားဟု စိတ္ထဲထင့္သြားေသာ္လည္း ကေလးေတြငိုသံက ဒီလိုေတြပါပဲလို႔ေတြးၿပီး ဓါတ္ေလွကားအထပ္ၫြန္ျပရာ ေနရာကိုသာၾကည့္ေနလိုက္သည္။

"မာမား ..."

မာမားဆိုတဲ့ ေခၚသံေလးၾကားလိုက္ရေတာ့ အခုေနာက္ပိုင္းကေလးေတြက အေမေတြကိုပိုကပ္ပုံရတယ္လို႔ ေကာင္းျမတ္လြန္းေတြးမိသြားတယ္။

အဲ့တာကလည္း ျဖစ္သင့္ပါတယ္။ အေဖေတြက စီးပြားရွာေနရေတာ့ ကေလးနားမွအခ်ိန္ျပည့္ကပ္မေနနိုင္ၾကဘူးေလ။

ေတြးမိေတြးရာစပ္ဆက္ေတြးေနတုန္းမွာပဲ

"ညီေလး ..."

ေနာက္ကေန ပုခုံးကိုပုတ္ၿပီး လွမ္းေခၚေနတာေၾကာင့္ လွည့္ၾကည္လိုက္ေတာ့ ေကာင္းျမတ္လြန္းထက္ ေျခာက္ႏွစ္နီးပါးေလာက္ႀကီးသည့္ အစ္ကိုႀကီးတစ္ေယာက္ကို ေတြ႕လိုက္ရသည္။

"ဟုတ္ကဲ့ ဘာကိစၥမ်ားရွိလို႔လဲမသိဘူး"

"အဆင္ေျပရင္ အစ္ကိုနဲ႕ ဟိုနားေလးကို ခဏေလာက္ လိုက္ခဲ့ေပးပါလား"

လက္ညိုးၫြန္ျပရင္း တစ္ေနရာကို လိုက္ဖို႔ေခၚေနတာေၾကာင့္ လက္ညိုး၏ ဦးတည္ရာကိုၾကည့္လိုက္ေတာ့

"ဝက္ဝံေပါက္"

ေကာင္းျမတ္လြန္း ခပ္တိုးတိုးေရ႐ြတ္မိသည္။

"ညီေလးက အိတိုေလးကို သိတယ္မဟုတ္လား။ ထင္ပါတယ္ အဲ့လိုပဲျဖစ္မွာပါလို႔။"

မ်က္ႏွာေလးအေတာ္အသင့္ဝင္းပလာၿပီး လက္ကိုအတင္းဆြဲကာ ေခၚသြားတဲ့ အစ္ကိုႀကီးေနာက္ကို ေကာင္းျမတ္လြန္း မလိုက္ခ်င္လိုက္ခ်င္နဲ႕ပါသြားခဲ့ရသည္။

"မာမား ...."

"မင္းက ... အိုတိုေလးရဲ႕မာမားပဲ"

စိတ္တိုခ်င္စရာေကာင္းတဲ့ လူႀကီးက လူကိုေတြ႕ေတြ႕ခ်င္းေျပာလိုက္ပုံက တကယ္ကို ကန႔္လန႔္နိုင္လြန္းသည္။

ကမာၻညိမ္းကိုယ္ေပၚကေန လက္တစ္ကမ္းအကြာမွာရွိေနတဲ့ ေကာင္းျမတ္လြန္းကိုယ္ေပၚကို ကူးဖို႔ လက္ႏွစ္ဖက္လုံးကို ကမ္းေပးေနတဲ့ ဝက္ဝံေပါက္ေလးကိုၾကည့္ၿပီး အခု ဘာေတြျဖစ္ေနတာလဲ ဆိုတာကို ေကာင္းျမတ္လြန္းတစ္ေယာက္ အလွ်င္အျမန္ျပန္ သုံးသပ္ေနရသည္။

"ကိုယ့္ကေလးကို ခဏ ခ်ီေပးလို႔ရမလား။ မင္းကို ေတြ႕ခ်င္လို႔ အိတိုေလးက အရမ္းငိုေနတာ"

ေကာင္းျမတ္လြန္း သူဝတ္ထားတဲ့ အကၤ်ီအျဖဴေရာင္ေလးကို ငုံ႕ၾကည့္လိုက္သည္။ ပထမဆုံး အလုပ္တက္ရက္မွာ အေကာင္းျမင္ခံခ်င္လို႔ အဝတ္အစားကို အထူးဂ႐ုစိုက္ၿပီး သန႔္ျပန႔္ေသသပ္ေနေအာင္ဝတ္လာခဲ့တာျဖစ္သည္။

အခု ကေလးတစ္ေယာက္ကိုခ်ီလိုက္ရင္ ျဖစ္သြားမည့္ သူ႕ပုံစံကို ေတြးၿပီး တြန္းဆုတ္ေနမိရာက

"ဒီေန႕က ကြၽန္ေတာ့ရဲ႕ ပထမဆုံးအလုပ္တက္ရက္ဗ်"

"အခုခ်ိန္မွာ အိတိုေလးကိုသာခ်ီလိုက္ၿပီး ေခ်ာ့ေပးမယ္ဆို မင္းအလုပ္ရွင္ရဲ႕မ်က္လုံးထဲမွာ မင္းက ေတာ္ေတာ္ေလး ၾကည့္လို႔ေကာင္းၿပီ အမွတ္မ်ားမ်ားရနိုင္မယ္ဆိုတာ ေသခ်ာတယ္"

ကမာၻညိမ္းက အိတိုေလးကို တစ္ဖက္ကေခ်ာ့ရင္း ေကာင္းျမတ္လြန္းကိုလည္းေျဖာင္ဖ်ေနသည္။

"ဟုတ္ပါတယ္ ညီေလးရယ္ အိတိုေလးကို ခဏေလာက္ခ်ီၿပီး ေခ်ာ့ေပးလိုက္ပါ"

အတြင္းေရးမႉးမွာလည္း ငိုေနတဲ့ အိတိုေလးကိုၾကည့္ၿပီး မေနသာ။

"မာမား ...."

အရမ္းကို ငိုထားပုံရတဲ့ ဝက္ဝံေပါက္ေလးက ေကာင္းျမတ္လြန္းကိုပဲၾကည့္ေနၿပီး "မာမား" လို႔ တတြတ္တြတ္ေခၚကာ လက္ကမ္းေနတာေၾကာင့္ ေနာက္ဆုံးမွာေတာ့ ေကာင္းျမတ္လြန္း သူ႕လက္ႏွစ္ဖက္ကို ေရွ႕သို႔ ဆန႔္တန္း ေပးလိုက္သည္။

ခ်က္ခ်င္းကို သူ႕လက္ေတြကို ကိုင္ၿပီး ရင္ခြင္ထဲေရာက္လာတဲ့ ကေလးေလးကို အသာဖက္ထားၿပီး ေက်ာကို သပ္ေပးေနလိုက္သည္။

"မာမား ...."

ရွိက္သံၾကားက တိုးထြက္လာတဲ့ အသံေသးေသးေလးက သနားစရာေကာင္းေသာ္လည္း ေကာင္းျမတ္လြန္း ျပန္မထူးမိခဲ့။

ေကာင္းျမတ္လြန္းက ကေလးမခ်စ္တက္ပါ။
ကေလးေတြက သူ႕အတြက္ေတာ့ စိတ္ရႈပ္စရာတစ္ခုလိုပင္။

အိတိုေလးကေတာ့ ေကာင္းျမတ္လြန္းလည္တိုင္ကို လက္ေလးႏွစ္ဖက္နဲ႕ တင္းတင္းက်ပ္က်ပ္တြယ္ဖက္ထားၿပီး

"မာမား ... အိတိုနဲ႕တူတူေနေနာ္။"

ေကာင္းျမတ္လြန္း ဘယ္လိုျပန္ေျဖရမလဲ အက်ပ္ရိုက္ေနခ်ိန္မွာပဲ ကေလးအေဖႀကီးက ေခါင္းညိတ္ကာ အခ်က္ျပလာတာမို႔

"အင္းပါ"

စိတ္မပါတပါနဲ႕ ျပန္ေျဖေပးလိုက္ရသည္။

ေကာင္းျမတ္လြန္းဆီက အေျဖကိုရတာနဲ႕ မ်က္ရည္စမ္းစမ္းျဖစ္ေနတဲ့ ဝက္ဝံေပါက္ေလးက မ်က္ရည္စတစ္ခ်ိဳ႕နဲ႕ အတူၿပဳံးလာကာ ေကာင္းျမတ္လြန္းပါးကို နမ္းေတာ့သည္။

ထို႔ေနာက္

"မာမား က အရမ္းလွတယ္။ အဲ့တာေၾကာင့္ အိတိုေလးကခ်စ္တာ။" ဟု ႐ြင္ျမဴးစြာေျပာလာသည္။

အစက ႏွပ္ေတြ ပါးကို ေပေတာ့မွာပဲလို႔ စိုးရိမ္သြားမိေပမယ့္ ဘာလို႔မွန္းမသိ ဝက္ဝံေပါက္ေလးရဲ႕ အနမ္းနဲ႕ စကားေလးေတြေၾကာင့္ ေကာင္ျမတ္လြန္း စိတ္ရႈပ္တယ္လို႔ ခံစားေနရတာေတြေပ်ာက္ဆုံးသြားၿပီး ရင္ထဲ ေႏြးေထြးသြားသလို ခံစားလိုက္ရသည္။

ေသခ်ာေပါက္ လွတယ္ဆိုတဲ့ အသုံးအႏႈန္းကို အႀကိဳက္ေပမယ့္လို႔ေပါ့။

"ကိုယ့္႐ုံးခန္းထဲ လိုက္ခဲ့လိုက္ပါ"

ကမာၻညိမ္းက ပတ္ဝန္းက်င္မွာရွိေနတဲ့လူေတြရဲ႕ စူးစမ္းလြန္းေနတဲ့ အၾကည့္ေတြကို ေရွာင္ခ်င္တာေၾကာင့္ ေကာင္းျမတ္လြန္းကို သူနဲ႕အတူလိုက္ဖို႔ တိုက္တြန္းလိုက္တာျဖစ္သည္။

သို႔ေသာ္ ေကာင္းျမတ္လြန္းက ဒီက ကိစၥေတြကို အျမန္လက္စသတ္ၿပီး သူသြားလိုရာ ေနရာကိုသာ သြားဖို႔ ေလာႀကီးေနတာေႀကာင့္ ပ်ာပ်ာသလဲျငင္းေတာ့သည္။

"ကြၽန္ေတာ္ အလုပ္ဝင္ရဦးမွာ။ ၿပီးေတာ့ ဒီေန႕က ကြၽန္ေတာ့ရဲ႕ ပထမဆုံးအလုပ္တက္ရက္။ ေနာက္က်လိဳ႕မျဖစ္ဘူး။"

"ညီေလး အဲ့အတြက္ဘာမွမပူနဲ႕ အစ္ကိုတို႔နဲ႕သာ လိုက္ခဲ့လိုက္ပါ။"

အတြင္းေရးမႉးကပါ ဝင္ေျပာလာသည္။

"ျဖစ္ပါ့မလား။ ကြၽန္ေတာ္အလုပ္ျပဳတ္လို႔မျဖစ္ဘူးဗ်။"

"ဥကၠဌႀကီး ႐ုံးခန္းထဲထိေရာက္ေနမွာေတာ့ အလုပ္ကျပဳတ္ပါဦးမလား ညီေလးရယ္"

"ဗ်ာ ...."

အတြင္းေရးမႉး စကားေၾကာင့္ ေကာင္ျမတ္လြန္း နားမရွင္း ျဖစ္သြားရသည္။

"ကိုယ့္နာမည္ ကမာၻညိမ္း။ ဒီကုမၸဏီရဲ႕ ပိုင္ရွင္ ဥကၠဌတစ္ေယာက္ပါ။"

"ဪ ...
ဗ်ာ ... ခင္ဗ်ား ... ဟို ... ကေလးအေဖက"

ေကာင္းျမတ္လြန္း အံ့ဩစိတ္ေၾကာင့္ စကားလုံးမ်ားပင္ ထစ္ထစ္အအ ျဖစ္ကုန္သည္။

"dad ... မာမားနဲ႕အတူ အေပၚကိုသြားမယ္"

"ဟုတ္ပါၿပီ။ လာပါသြားၾကရေအာင္။"

စိတ္ျမန္လက္ျမန္ရွိလွတဲ့ ဥကၠဌႀကီးကမာၻညိမ္းက တြန္းဆုတ္တြန႔္ဆုတ္လုပ္ေနတဲ့ ေကာင္းျမတ္လြန္းဆိုတဲ့ ေကာင္ေလးရဲ႕ လက္ေမာင္းကိုဆြဲၿပီး အခ်ိန္ကိုက္ဆိုသလို ပြင့္လာတဲ့ ဓါတ္ေလွကားထဲဝင္လိုက္သည္။

အိတိုေလးကေတာ့ ေကာင္းျမတ္လြန္းကိုယ္ေပၚမွာ ေနရင္း ေကာင္းျမတ္လြန္းပါးေလးေတြ ကိုင္ၾကည့္လိုက္
ေနာက္သို႔လွန္ၿပီး စီးေႏွာင္ထားတဲ့ ဆံပင္ေတြကို လွမ္းကိုင္ၾကည့္လိုက္
ေနရခက္ၿပီး တဖ်ပ္ဖ်ပ္ခတ္ေနတဲ့ မ်က္ေတာင္ေလးေတြကို စိတ္ဝင္တစားေငးၾကည့္လိုက္နဲ႕ သေဘာအက်ႀကီး က်ေနခဲ့သည္။

တကယ္ဆို ေကာင္းျမတ္လြန္းက သူ႕ဆံပင္ေတြကို သူမ်ားကိုင္တာ မႀကိဳက္။ အဲ့တာေၾကာင့္လည္း ဆံပင္ညွပ္ဆိုင္ကို ခဏခဏမသြားျဖစ္။ အဲ့လိုမသြားျဖစ္ရာကေန ဆံပင္ေတြရွည္လာၿပီး အဲ့ဒီ ဆံပင္ရွည္ေတြကပဲ သူ႕မ်က္ႏွာနဲ႕ လိုက္ဖက္စြာၾကည့္ေကာင္းေနတာေၾကာင့္ ဆံပင္ရွည္ကို ထားျဖစ္သြားခဲ့တာျဖစ္သည္။

အခုလို ကေလးတစ္ေယာက္က လက္ေသးေသးေလးေတြနဲ႕ ကိုင္ေနတာကို သည္းခံနိုင္ဖို႔ခက္ခဲေသာ္လည္း ကိုယ့္အလုပ္ရွင္ရဲ႕ကေလးျဖစ္ေနတာေၾကာင့္ ဘာမွမေျပာပဲ ၿငိမ္ေနမိသည္။

႐ုံးခန္းထဲ ေရာက္သြားခ်ိန္မွာေတာ့ ေကာင္းျမတ္လြန္း ပါးစပ္အေဟာင္းသား ျဖစ္သြားရသည္။

႐ုံးခန္းတစ္ခုလုံးက သူ႕အိပ္ခန္း သံုးခန္းစာေလာက္ ရွိသည့္အျပင္ အတြင္းမွာ သီးသန႔္ထပ္ဖြဲ႕ထားတဲ့ အခန္းေတြလည္းရွိေသးသည္။

"အိတိုေလးအခန္းထဲပဲ သြားလိုက္ရေအာင္"

ေကာင္ျမတ္လြန္း ထပ္ၿပီး အံအားသင့္ရျပန္သည္။

ဒီလူႀကီးက သူ႕ကေလးအတြက္ပါ အခန္းလုပ္ေပးထားတာ။

တံခါးဖြင့္ဖြင့္ခ်င္း ျမင္လိုက္ရတာက မိုးျပာေရာင္ေဆးသုတ္ထားတဲ့ နံရံအတြင္းပိုင္းျဖစ္သည္။

နံရံေအာက္ေျခမွာေတာ့ ကေလးအႀကိဳက္ ကာတြန္းရုပ္ပုံေလးမ်ားကို ပန္ခ်ီေရးဆြဲထားတာေတြ႕ရသည္။

စာအုပ္စင္ေလးေတြရယ္ ကစားစရာ အ႐ုပ္စင္ေလးရယ္ အိပ္ခုတင္ အေသးေလးတစ္လုံး ေရခဲေသတၱာအျပင္ အဝတ္ဗီရို စသျဖင့္ ကေလးအတြက္လိုတဲ့ အသုံးအေဆာင္အားလုံးကို အခန္းထဲမွာ သူ႔ေနရာနဲ႕သူ ေနရာခ်ထားတာ ေတြလိုက္ရသည္။

အခန္းထဲသို႔ ေျခခ်လိဳက္တာနဲ႕ အိစက္တဲ့ အထိအေတြ႕ကိုခံစားလိုက္ရသည္။ ကေလးငယ္ေနတဲ့အခန္းမို႔ အထူးဂ႐ုစိုက္ျပင္ဆင္ေပးထားမွန္းသိသာလြန္းသည္။

"အိတိုေလးက တအားလိမၼာတာ။ အရမ္းလည္းေအးတယ္။ အဲ့တာေၾကာင့္ ကိုယ့္အလုပ္ကိုပဲေခၚလာၿပီး ေစာင့္ေရွာက္ေပးျဖစ္တယ္။ ကိုယ္မအားမွသာ အတြင္းေရးမႉးေတြက ထိန္းေပးၾကတာ။ အဲ့တာေၾကာင့္ ကိုယ့္ရံုးခန္းထဲမွာ အိတိုေလးအတြက္ အခန္းလုပ္ေပးထားတာ။"

ေကာင္းျမတ္လြန္း ... ကမာၻညိမ္းဆိုတဲ့ လူႀကီးကို ခဏတာ ေငးစိုက္ ၾကည့္မိသြားတယ္။

စိတ္ထဲကလည္း အိတိုေလးကို မနာလိုျဖစ္မိသြားတယ္။ ေကာင္းျမတ္လြန္း စိတ္ကူးထဲမွာ အၿမဲလိုခ်င္ေနခဲ့တဲ့ ဖခင္တစ္ေယာက္ရဲ႕ပုံစံက ကမာၻညိမ္းဆိုတဲ့ လူႀကီးနဲ႕လုံးဝကြက္တိက်ေနတယ္။

"ဒါနဲ႕ မင္းရဲ႕နာမည္က"

"ကြၽန္ေတာ့ နာမည္ ေကာင္းျမတ္လြန္းပါ"

"dad ... မာမားနဲ႕အတူ ကစားခ်င္တယ္"

အိတိုေလးက သူ႕ဒယ္ဒီနဲ႕ မာမား စကားေျပာေနၾကတာကို စိတ္ရွည္ပုံမရေတာ့၍ထင္သည္ ႏႈတ္ခမ္းေလးစူကာ စကားျဖတ္ေျပာလာသည္။

ကမာၻညိမ္းက ေကာင္ျမတ္လြန္း လက္ထဲမွာပဲရွိေနေသးတဲ့ အိတိုေလးနားနားသို႔ ကပ္လိုက္သည္။

နီးကပ္လြန္းတဲ့ အေနအထားေၾကာင့္ ေကာင္းျမတ္လြန္းက ေခါင္းကို ေနာက္သို႔အနည္းငယ္ ဆုတ္လိုက္သည္။

ကမာၻညိမ္းက ေကာင္းျမတ္လြန္းရဲ႕ တုန႔္ျပန္ပုံကို သေဘာက်ကာ မသိမသာနဲ႕တစ္ခ်က္ၿပဳံးလိုက္ျပီးေနာက္ ...

"အိတိုေလးက မာမားနဲ႕ အတူတူေနခ်င္တာ မဟုတ္လား။ အဲ့တာဆို dad ... နဲ႕ အိတိုေလးရဲ႕ မာမားတို႔ စကားေျပာဖို႔လိုတယ္"

"ဟုတ္ကဲ့"

အိတိုေလးက သူ႕ဒယ္ဒီစကားကိုလက္ခံလိုက္သည္။

ထို႔ေနာက္ ကမာၻညိမ္းေနာက္သို႔လိုက္ဖို႔ လက္တစ္ဖက္ဆန႔္ၿပီး ကမာၻညိမ္းလည္တိုင္ကိုလွမ္းဖက္လိုက္သည္။

အိတိုေလးရဲ႕ဘယ္ဘက္ လက္တစ္ဖက္က ေကာင္းျမတ္လြန္း၏ လည္တိုင္ကိုဖက္တြယ္ထားၿပီး က်န္ညာဘက္ လက္တစ္ဖက္ကေတာ့ ကမာၻညိမ္း၏ လည္တိုင္ကို လွမ္းဖက္ထားသည္။

ေကာင္းျမတ္လြန္းလည္း အိတိုေလး သူ႕ဒယ္ဒီေနာက္လိုက္ခ်င္ၿပီမွန္းသိ၍ အိတိုေလးကိုယ္ကိုဖက္ေပးထားတဲ့ လက္ကိုေျဖေလွ်ာ့ေပးလိုက္သည္။

ကမာၻညိမ္းက သူ႕လက္ထဲပါလာတဲ့ အိတိုေလးကို ခုတင္ေပၚသို႕ တင္ေပးလိုၿပီး ကာတြန္းစာအုပ္တစ္အုပ္ ေပးဖတ္ထားလိုက္သည္။

"ကိုယ္တို႔ စကားေျပာၾကရေအာင္"

ကမာၻညိမ္းက ေကာင္ျမတ္လြန္းလက္ေကာက္ဝတ္ကို ကိုင္လိုက္ၿပီး အိတိုေလးအခန္းရဲ႕အျပင္ဘက္ တစ္နည္းအားျဖင့္ သူ႕႐ုံးခန္း အလယ္ရွိ ဧည္ေတြ႕ဆိုဖာခုံနားထိ ေရာက္ေအာင္ဆြဲေခၚသြားသည္။

ေကာင္းျမတ္လြန္းကေတာ့ သူ႕လက္ေကာက္ဝတ္ေလးနဲ႕ ကေလးအေဖႀကီးရဲ႕လက္ေတြကိုၾကည့္ၿပီး ႏွာမႈတ္ပစ္လိုက္သည္။

စိတ္ထဲကလည္း ဒီလူႀကီး သူမ်ားလက္ကို ဆြဲရတာ အေတာ္ႀကိဳက္တာပဲလို႔ ေတြ႕လိုက္မိသည္။

အဲ့ဒီအခ်ိန္မွာပဲ ဘယ္ခ်ိန္က ေနာက္မွာက်န္ေနခဲ့မွန္းမသိလိုက္တဲ့ အတြင္းေရးမႉးဆိုသူက ဖိုင္တစ္ခုကိုကိုင္ၿပီး အခန္းထဲဝင္လာတာကို ေတြ႕လိုက္ရသည္။

"ဒါက ဥကၠဌ ေတာင္းထားတဲ့ စာ႐ြက္စာတမ္းေတြပါ။ ကြၽန္ေတာ္ အိတိုေလးကို သြားၾကည့္လိုက္ပါဦးမယ္"

"ေကာင္ပါၿပီ"

ကမာၻညိမ္းက စာ႐ြက္စာတမ္းေတြကို အရင္ဖြင့္ၾကည့္လိုက္သည္။

ထို႔ေနာက္ သူ႕ေရွ႕မွာထိုင္ေနတဲ့ ေကာင္းျမတ္လြန္းဆိုတဲ့ ေကာင္ေလးဆီကို အၾကည့္ပို႔လိုက္ၿပီး

"ေကာင္းျမတ္လြန္းက ဒီကုမၸဏီိမွာ ဂ်ဴနီယာ အင္ဂ်င္နီယာအျဖစ္ ဒီေန႕မွ အလုပ္စဝင္မွာေနာ္"

"ဟုတ္ပါတယ္"

"လစာက သုံးသိန္းခြဲ ဟုတ္တယ္ေနာ္"

"ဟုတ္ပါတယ္"

"ကိုယ္က မင္းကို ဒီထက္ လစာေကာင္းတဲ့ အလုပ္တစ္ခု ထပ္ကမ္းလွမ္းခ်င္တယ္"

"ဘယ္လို အလုပ္မ်ားလဲ"

"အိတိုေလးနဲ႕အေဖာ္လုပ္ေပးရမွာ အလုပ္ခ်ိန္က ႐ုံးဆင္းခ်ိန္ ငါးနာရီခြဲကေန မနက္ ႐ုံးတက္ခ်ိန္ ကိုနာရီအထိ"

"စိတ္မရွိပါနဲ႕ အဲ့အလုပ္က ကြၽန္ေတာ့အတြက္အဆင္ေျပမယ္မထင္ဘူးဗ်"

"ကိုယ္ေျပာတာ ဆုံးေအာင္ နားေထာင္ေပးပါဦး။ အခု ကိုယ္ ကမ္းလွမ္းေနတဲ့ အလုပ္က မင္းအတြက္ အက်ိဳးအျမတ္ သိပ္မ်ားမယ့္အလုပ္ပါ။ မင္းအတြက္ ေနစားၿငိမ္း စီစဥ္ေပးမယ့္အျပင္ ႐ုံးတက္႐ုံးဆင္းကိုလည္း ကိုယ့္ကားနဲ႕လိုက္လို႔ရမယ္"

"ဘယ္လိုပဲျဖစ္ျဖစ္ ကြၽန္ေတာ့အတြက္ အဆင္ေျပမွာ မဟုတ္ဘူးဗ်"

"အိုေက ... ေကာင္းၿပီ ... အခုခ်က္ခ်င္း မဆုံးျဖတ္ပဲ ထပ္စဥ္းစားေပးေစခ်င္တယ္။ အေရးႀကီးတာတစ္ခုက လစာက ပုံမွန္ တနလၤာေန႕ကေန ေသာႀကာေန႕အထိ တစ္ရက္ကို တစ္သိန္း။ စေန တနဂၤေႏြပိတ္ရက္ဆို ႏွစ္သိန္း။ အခါႀကီးရက္ႀကီးပြဲေတာ္ပိတ္ရက္ေတြဆို တစ္ရက္ေလးသိန္း။ အဲ့ဒီ့အျပင္ တစ္လတစ္ခါ မင္းအတြက္ ဖုန္းေဘလ္ဖိုး နဲ႕ အဝတ္အစားဖိုးသီးသန႔္ထပ္ေပးမယ္"

ေကာင္းျမတ္လြန္း မ်က္လုံးျပဴးရေလၿပီ။

ဒီေလာက္ဆိုရင္ ဒီအလုပ္က မက္ေလာက္စရာ အလုပ္တစ္ခုျဖစ္ေနၿပီ မဟုတ္လား။

ဒါေပမယ့္ သူ႕ကိုယ္ပိုင္အခ်ိန္ေတြကို အျပည့္အဝ ေပးဆပ္လိုက္ရဖို႔က သိပ္ႏွေျမာစရာေကာင္းေနသည္။

ေကာင္ျမတ္လြန္း ေတြေဝသြားတာကို ကမာၻညိမ္း ျမင္လိုက္ရေတာ့

"အေစာပိုင္းက ေျပာတဲ့စကားေတြက အလုပ္ရွင္တစ္ေယာက္အေနနဲ႕ေျပာတာပါ။
အခု ကိုယ္ ... မင္းကို အိတိုေလးရဲ႕ ဖခင္တစ္ေယာက္အေနနဲ႕ ေတာင္းဆိုပါရေစ။
အိတိုေလးက ငယ္ငယ္ေလးကတည္းက အေမမျမင္ဖူးခဲ့ဘူး။
အဲ့တာေၾကာင့္လည္း အိတိုေလးက မိခင္ေမတၱာကို သိပ္ေတာင္းတေနခဲ့တာ။ အိတိုေလးက မာမားဝယ္ေပးဖို႔ အၿမဲပူဆာခဲ့ေပမယ့္ ကိုယ့္ဘက္က တစ္ခုမဟုတ္ တစ္ခုနဲ႕ အစားထို႔ျဖည့္ဆည္းေပးခဲ့တယ္။
ဒါေပမယ့္ ဒီတစ္ေခါက္ကေတာ့ မတူဘူး။
အိတိုေလးက မင္းကို သိပ္ၿပီး စြဲလမ္းေနပုံရတယ္။
အရမ္းလိမၼာၿပီး ေျပာစကားနားေထာင္တဲ့ ကိုယ့္သားေလးက မင္းနဲ႕ပတ္သတ္ၿပီး ကိုယ့္စကားကိုသိပ္နားမေထာင္ခ်င္ေတာ့ဘူး။
မင္းကို ေတြ႕ခ်င္လာရင္ မနက္ကလိုပုံစံမ်ိဳးနဲ႕ဆိုးဆိုးဝါးဝါးငိုတက္လာတယ္။ အစားစားဖို႔ျငင္းဆိုလာတယ္။
ကိုယ့္သားေလးအတြက္ ကိုယ္မင္းကို မျဖစ္မေနလိုအပ္ေနၿပီ။
လူတစ္ေယာက္ကို ေငြနဲ႕ဝယ္တာ မျဖစ္သင့္မွန္သိလို႔ ကိုယ္က မင္းကို ေပၚေပၚထင္ထင္ အက်ိဳးေၾကာင္းျပၿပီး စည္း႐ုံးေနတာပါ။"

"ကြၽန္ေတာ္နားလည္ပါၿပီ။ ဒါေပမယ့္ ကြၽန္ေတာ္စဥ္းစားပါရေစဦး"

"ေကာင္းပါၿပီ။ ဒီေန႕ေတာ့ ကိုယ္ မင္းကို အေႏွာက္အယွက္အမ်ားႀကီး ေပးမိသြားတဲ့အတြက္ ျပန္နားလိုက္ပါေတာ့။ မနက္ျဖန္မွပဲ အလုပ္ဆင္းလိုက္ပါ။ ၿပီးေတာ့ ဒါက ကိုယ့္လိပ္စာကဒ္ပါ။ တစ္ခုခုလိုရင္ပဲျဖစ္ျဖစ္ ကိုယ့္ကမ္းလွမ္းခ်က္ကို လက္ခံလာခ်င္ရင္ပဲျဖစ္ျဖစ္ အခ်ိန္မေ႐ြးဖုန္းဆက္လိုက္ပါ။"

ေကာင္းျမတ္လြန္းသည္ ကမာၻညိမ္းလက္ထဲက လိပ္စာကဒ္ကို လက္ႏွစ္ဖက္နဲ႕ယူလိုက္သည္။

"ကြၽန္ေတာ္ ဒီေန႕တကယ္ပဲ နားလိုက္ရမွာလား ေတာ္ၾကာ အလုပ္ျပဳတ္သြားရင္ ..."

"စိတ္ခ်ပါ ကိုယ္တာဝန္ယူပါတယ္။ ဪ .. ေကာင္းျမတ္လြန္းအေနနဲ႕ ကိုယ့္ကမ္းလွမ္းခ်က္ကို လက္ခံသည္ျဖစ္ေစ လက္မခံသည္ျဖစ္ေစ ေကာင္းျမတ္လြန္းက ကိုယ့္ကုမၸဏီက ဝန္ထမ္းတစ္ေယာက္အျဖစ္ရွိေနမွာပါ။ ကိုယ့္ကမ္းလွမ္းခ်က္ကို ျငင္းပယ္လိုက္လို႔လည္း ေကာင္းျမတ္လြန္းရဲ႕ အလုပ္အကိုင္ကို မထိခိုက္ေစရပါဘူး"

"ဟုတ္ကဲ့ပါ နားလည္ေပးတာေက်းဇူးပါ။"

"ဒါနဲ႕ မျပန္ခင္ အိတိုေလးကို ႏႈတ္ဆက္ခဲ့ပါဦး။ အကယ္၍ ႐ုတ္တရက္ႀကီး မင္းေပ်ာက္သြားရင္ အိတိုေလး ေခ်ာ့မရေအာင္ ငိုေတာ့မွာေသခ်ာတယ္။"

"ကြၽန္ေတာ္သိပါၿပီ"

အိတိုေလးအခန္းတံခါးကိုဖြင့္လိုက္ေတာ့ အခန္းထဲမွာ အတြင္းမွဴးအစ္ကိုႀကီးက စာအုပ္ဖတ္ျပေနျပွီး အိတိုေလးက အရုပ္ကေလးပိုက္ကာ ျငိမ္ျပီးနားေထာင္ေနသည္။

"အိ တို ......"

အိတိုေလးရဲ႕နာမည္ကို ပထမဆံုးအႀကိမ္ မဝံ့မရဲေခၚလိုက္တဲ့အခါ

"မာမား ... "

အရုပ္ကေလးကိုပစ္ခ်ျပီး ေကာင္းျမတ္လြန္းဆီေျပးလာတ ဲ့အိတိုေလးက ေကာင္းျမတ္လြန္းေျခေထာက္တစ္ဖက္ကိုဖက္ထားသည္။

ဒီတစ္ခါေတာ့ ေကာင္းျမတ္လြန္းတစ္ေယာက္ အိတိုေလးကို စိတ္ပါလက္ပါခ်ီလိုက္သည္။

"အိတို ... ကိုကို႕မွာ ကိစၥေလးရွိလို႕အိမ္ျပန္ရမယ္ မနက္ျဖန္မွေတြ႕မယ္ေနာ္"

အိတိုေလးက ေကာင္းျမတ္လြန္းပါးေလးကို ကိုင္လိုက္ျပီး မ်က္ႏွာငယ္ေလးျဖင့္

"အိတိုအနားမွာ ေနေပးပါ။ အိတိုက မာမားလိုခ်င္လို႔ပါ။ မာမားက အိတိုကို မခ်စ္လို႔လားဟင္"

"မဟုတ္ပါဘူး မာမားမခ်စ္လို႔ ..."

ေကာင္းျမတ္လြန္း ေျပာေနရင္းမွ သူတစ္ခုခုမွားသြားျပီဆိုတာ သတိထားမိသြားျပီး ပါးစပ္ကိုေစ့ကာ ေအာက္ႏႈတ္ခမ္းကို ကိုက္ထားလိုက္မိသည္။

အခ်ိန္တိုေလးအတြင္းမွာ မာမားဆိုတဲ့ စကားလံုးေလးက သူနဲ႕အေတာ္ေလးအကြ်မ္းတဝင္ျဖစ္သြားပံုရျပီး နားရည္ဝသြားပံုလည္းရသည္။

ေကာင္းျမတ္လြန္းမွာ အက်င့္တစ္ခုရွိသည္။ အဲ့တာက စကားလံုးတစ္လံုးကို ထပ္ခါထပ္ခါႀကားလိုက္ရျပီဆို စိတ္ထဲကေနလိုက္ေျပာေနတက္ျပီး တစ္ခါတစ္ေလ ႏႈတ္ကပါေျပာထြက္လာတက္သည္။

တစ္ခါက မီးပြိဳင့္မွာ ကားရပ္ေနတုန္း ကေလးတစ္ေယာက္ ေရသန္ဗူးေရာင္းေနသံကို အခ်ိန္အေတာ္ႀကာေအာင္ ႀကိမ္ဖန္မ်ားစြာ နားေထာင္ခဲ့ရဖူးသည္။

"ေရသန္႕ဗူးေတြရမယ္ေနာ္ တစ္ဗူးမွ ၂၀၀ တစ္ဗူးမွ ၂၀၀"

မီးပြိဳင့္လြတ္သြားလို႔ ကားေမာင္းထြက္သြားျပီျဖစ္ေသာ္လည္း ေကာင္းျမတ္လြန္းနားထဲမွာေတာ့ "တစ္ဗူးမွ ၂၀၀" ဆိုတာႀကီးက ပဲ့တင္ထပ္ေနခဲ့သည္။

ဘယ္ေလာက္ထိ ဆိုးသြားလဲဆိုေတာ့ သူငယ္ခ်င္းျဖစ္သူက ေကာင္းျမန္လြန္းလို႔ ေခၚလိုက္တာကို တစ္ဗူးမွ ၂၀၀ ဆိုျပီး ထေျဖလိုက္မိတဲ့အထိပဲ။

အခုလည္း အိတိုေလးဆီက မာမားဆိုတဲ့ အေခၚအေဝၚ အသံုးအႏႈန္းေလးကို ခဏခဏႀကားေနရတာေႀကာင့္ သူကိုယ္တိုင္ေတာင္ သတိမထားမိပဲ သတိလက္လြတ္နဲ႔ သူ႕ကိုယ္သူမာမားလို႔သံုးႏႈန္းလိုက္မိတယ္။

ရွက္ရြံ႕မႈေႀကာင့္ ခဏတာတိတ္ဆိတ္ျငိမ္သက္ေနမိခ်ိန္မွာပဲ အိတိိုေလးက ေကာင္းျမတ္လြန္း၏ ႏႈတ္ခမ္းေလးကို ျပြတ္စ္ခနဲ ျမည္ေအာင္နမ္းျပီး

" အဲ့တာဆို မာမားက အိတိုကို ခ်စ္တာေပါ့ေနာ္"

T.B.C🐻

10:49PM(Wed)
12.01.2022
G14

အိတို🐻04
Unicode

ကောင်းမြတ်လွန်းသည် သူ့ဘဝအတွက် မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခုဖြစ်တဲ့ လုပ်ငန်းခွင်နေရာသို့ ရောက်လာခဲ့လေပြီ။

သူအလုပ်လုပ်ရမည့်ရုံးခန်းက တတိယအလွှာမှာရှိနေတာကြောင့် အပေါ်ထပ်သို့တက်ဖို့ ဓါတ်လှေကားရှေ့မှာရပ်စောင့်နေလိုက်သည်။

အဲ့ဒီအချိန်မှာပဲ ကလေးတစ်ယောက်၏ ပြင်းပြင်းထန်ထန်ငိုကြွေးသံကိုကြားလိုက်ရသည်။ ရင်းနှီးသလိုရှိနေတဲ့ အသံလေးပါလားဟု စိတ်ထဲထင့်သွားသော်လည်း ကလေးတွေငိုသံက ဒီလိုတွေပါပဲလို့တွေးပြီး ဓါတ်လှေကားအထပ်ညွန်ပြရာ နေရာကိုသာကြည့်နေလိုက်သည်။

"မာမား ..."

မာမားဆိုတဲ့ ခေါ်သံလေးကြားလိုက်ရတော့ အခုနောက်ပိုင်းကလေးတွေက အမေတွေကိုပိုကပ်ပုံရတယ်လို့ ကောင်းမြတ်လွန်းတွေးမိသွားတယ်။

အဲ့တာကလည်း ဖြစ်သင့်ပါတယ်။ အဖေတွေက စီးပွားရှာနေရတော့ ကလေးနားမှအချိန်ပြည့်ကပ်မနေနိုင်ကြဘူးလေ။

တွေးမိတွေးရာစပ်ဆက်တွေးနေတုန်းမှာပဲ

"ညီလေး ..."

နောက်ကနေ ပုခုံးကိုပုတ်ပြီး လှမ်းခေါ်နေတာကြောင့် လှည့်ကြည်လိုက်တော့ ကောင်းမြတ်လွန်းထက် ခြောက်နှစ်နီးပါးလောက်ကြီးသည့် အစ်ကိုကြီးတစ်ယောက်ကို တွေ့လိုက်ရသည်။

"ဟုတ်ကဲ့ ဘာကိစ္စများရှိလို့လဲမသိဘူး"

"အဆင်ပြေရင် အစ်ကိုနဲ့ ဟိုနားလေးကို ခဏလောက် လိုက်ခဲ့ပေးပါလား"

လက်ညိုးညွန်ပြရင်း တစ်နေရာကို လိုက်ဖို့ခေါ်နေတာကြောင့် လက်ညိုး၏ ဦးတည်ရာကိုကြည့်လိုက်တော့

"ဝက်ဝံပေါက်"

ကောင်းမြတ်လွန်း ခပ်တိုးတိုးရေရွတ်မိသည်။

"ညီလေးက အိတိုလေးကို သိတယ်မဟုတ်လား။ ထင်ပါတယ် အဲ့လိုပဲဖြစ်မှာပါလို့။"

မျက်နှာလေးအတော်အသင့်ဝင်းပလာပြီး လက်ကိုအတင်းဆွဲကာ ခေါ်သွားတဲ့ အစ်ကိုကြီးနောက်ကို ကောင်းမြတ်လွန်း မလိုက်ချင်လိုက်ချင်နဲ့ပါသွားခဲ့ရသည်။

"မာမား ...."

"မင်းက ... အိုတိုလေးရဲ့မာမားပဲ"

စိတ်တိုချင်စရာကောင်းတဲ့ လူကြီးက လူကိုတွေ့တွေ့ချင်းပြောလိုက်ပုံက တကယ်ကို ကန့်လန့်နိုင်လွန်းသည်။

ကမ္ဘာညိမ်းကိုယ်ပေါ်ကနေ လက်တစ်ကမ်းအကွာမှာရှိနေတဲ့ ကောင်းမြတ်လွန်းကိုယ်ပေါ်ကို ကူးဖို့ လက်နှစ်ဖက်လုံးကို ကမ်းပေးနေတဲ့ ဝက်ဝံပေါက်လေးကိုကြည့်ပြီး အခု ဘာတွေဖြစ်နေတာလဲ ဆိုတာကို ကောင်းမြတ်လွန်းတစ်ယောက် အလျှင်အမြန်ပြန် သုံးသပ်နေရသည်။

"ကိုယ့်ကလေးကို ခဏ ချီပေးလို့ရမလား။ မင်းကို တွေ့ချင်လို့ အိတိုလေးက အရမ်းငိုနေတာ"

ကောင်းမြတ်လွန်း သူဝတ်ထားတဲ့ အင်္ကျီအဖြူရောင်လေးကို ငုံ့ကြည့်လိုက်သည်။ ပထမဆုံး အလုပ်တက်ရက်မှာ အကောင်းမြင်ခံချင်လို့ အဝတ်အစားကို အထူးဂရုစိုက်ပြီး သန့်ပြန့်သေသပ်နေအောင်ဝတ်လာခဲ့တာဖြစ်သည်။

အခု ကလေးတစ်ယောက်ကိုချီလိုက်ရင် ဖြစ်သွားမည့် သူ့ပုံစံကို တွေးပြီး တွန်းဆုတ်နေမိရာက

"ဒီနေ့က ကျွန်တော့ရဲ့ ပထမဆုံးအလုပ်တက်ရက်ဗျ"

"အခုချိန်မှာ အိတိုလေးကိုသာချီလိုက်ပြီး ချော့ပေးမယ်ဆို မင်းအလုပ်ရှင်ရဲ့မျက်လုံးထဲမှာ မင်းက တော်တော်လေး ကြည့်လို့ကောင်းပြီ အမှတ်များများရနိုင်မယ်ဆိုတာ သေချာတယ်"

ကမ္ဘာညိမ်းက အိတိုလေးကို တစ်ဖက်ကချော့ရင်း ကောင်းမြတ်လွန်းကိုလည်းဖြောင်ဖျနေသည်။

"ဟုတ်ပါတယ် ညီလေးရယ် အိတိုလေးကို ခဏလောက်ချီပြီး ချော့ပေးလိုက်ပါ"

အတွင်းရေးမှူးမှာလည်း ငိုနေတဲ့ အိတိုလေးကိုကြည့်ပြီး မနေသာ။

"မာမား ...."

အရမ်းကို ငိုထားပုံရတဲ့ ဝက်ဝံပေါက်လေးက ကောင်းမြတ်လွန်းကိုပဲကြည့်နေပြီး "မာမား" လို့ တတွတ်တွတ်ခေါ်ကာ လက်ကမ်းနေတာကြောင့် နောက်ဆုံးမှာတော့ ကောင်းမြတ်လွန်း သူ့လက်နှစ်ဖက်ကို ရှေ့သို့ ဆန့်တန်း ပေးလိုက်သည်။

ချက်ချင်းကို သူ့လက်တွေကို ကိုင်ပြီး ရင်ခွင်ထဲရောက်လာတဲ့ ကလေးလေးကို အသာဖက်ထားပြီး ကျောကို သပ်ပေးနေလိုက်သည်။

"မာမား ...."

ရှိက်သံကြားက တိုးထွက်လာတဲ့ အသံသေးသေးလေးက သနားစရာကောင်းသော်လည်း ကောင်းမြတ်လွန်း ပြန်မထူးမိခဲ့။

ကောင်းမြတ်လွန်းက ကလေးမချစ်တက်ပါ။
ကလေးတွေက သူ့အတွက်တော့ စိတ်ရှုပ်စရာတစ်ခုလိုပင်။

အိတိုလေးကတော့ ကောင်းမြတ်လွန်းလည်တိုင်ကို လက်လေးနှစ်ဖက်နဲ့ တင်းတင်းကျပ်ကျပ်တွယ်ဖက်ထားပြီး

"မာမား ... အိတိုနဲ့တူတူနေနော်။"

ကောင်းမြတ်လွန်း ဘယ်လိုပြန်ဖြေရမလဲ အကျပ်ရိုက်နေချိန်မှာပဲ ကလေးအဖေကြီးက ခေါင်းညိတ်ကာ အချက်ပြလာတာမို့

"အင်းပါ"

စိတ်မပါတပါနဲ့ ပြန်ဖြေပေးလိုက်ရသည်။

ကောင်းမြတ်လွန်းဆီက အဖြေကိုရတာနဲ့ မျက်ရည်စမ်းစမ်းဖြစ်နေတဲ့ ဝက်ဝံပေါက်လေးက မျက်ရည်စတစ်ချို့နဲ့ အတူပြုံးလာကာ ကောင်းမြတ်လွန်းပါးကို နမ်းတော့သည်။

ထို့နောက်

"မာမား က အရမ်းလှတယ်။ အဲ့တာကြောင့် အိတိုလေးကချစ်တာ။" ဟု ရွင်မြူးစွာပြောလာသည်။

အစက နှပ်တွေ ပါးကို ပေတော့မှာပဲလို့ စိုးရိမ်သွားမိပေမယ့် ဘာလို့မှန်းမသိ ဝက်ဝံပေါက်လေးရဲ့ အနမ်းနဲ့ စကားလေးတွေကြောင့် ကောင်မြတ်လွန်း စိတ်ရှုပ်တယ်လို့ ခံစားနေရတာတွေပျောက်ဆုံးသွားပြီး ရင်ထဲ နွေးထွေးသွားသလို ခံစားလိုက်ရသည်။

သေချာပေါက် လှတယ်ဆိုတဲ့ အသုံးအနှုန်းကို အကြိုက်ပေမယ့်လို့ပေါ့။

"ကိုယ့်ရုံးခန်းထဲ လိုက်ခဲ့လိုက်ပါ"

ကမ္ဘာညိမ်းက ပတ်ဝန်းကျင်မှာရှိနေတဲ့လူတွေရဲ့ စူးစမ်းလွန်းနေတဲ့ အကြည့်တွေကို ရှောင်ချင်တာကြောင့် ကောင်းမြတ်လွန်းကို သူနဲ့အတူလိုက်ဖို့ တိုက်တွန်းလိုက်တာဖြစ်သည်။

သို့သော် ကောင်းမြတ်လွန်းက ဒီက ကိစ္စတွေကို အမြန်လက်စသတ်ပြီး သူသွားလိုရာ နေရာကိုသာ သွားဖို့ လောကြီးနေတာကြောင့် ပျာပျာသလဲငြင်းတော့သည်။

"ကျွန်တော် အလုပ်ဝင်ရဦးမှာ။ ပြီးတော့ ဒီနေ့က ကျွန်တော့ရဲ့ ပထမဆုံးအလုပ်တက်ရက်။ နောက်ကျလို့မဖြစ်ဘူး။"

"ညီလေး အဲ့အတွက်ဘာမှမပူနဲ့ အစ်ကိုတို့နဲ့သာ လိုက်ခဲ့လိုက်ပါ။"

အတွင်းရေးမှူးကပါ ဝင်ပြောလာသည်။

"ဖြစ်ပါ့မလား။ ကျွန်တော်အလုပ်ပြုတ်လို့မဖြစ်ဘူးဗျ။"

"ဥက္ကဌကြီး ရုံးခန်းထဲထိရောက်နေမှာတော့ အလုပ်ကပြုတ်ပါဦးမလား ညီလေးရယ်"

"ဗျာ ...."

အတွင်းရေးမှူး စကားကြောင့် ကောင်မြတ်လွန်း နားမရှင်း ဖြစ်သွားရသည်။

"ကိုယ့်နာမည် ကမ္ဘာညိမ်း။ ဒီကုမ္ပဏီရဲ့ ပိုင်ရှင် ဥက္ကဌတစ်ယောက်ပါ။"

"ဪ ...
ဗျာ ... ခင်ဗျား ... ဟို ... ကလေးအဖေက"

ကောင်းမြတ်လွန်း အံ့ဩစိတ်ကြောင့် စကားလုံးများပင် ထစ်ထစ်အအ ဖြစ်ကုန်သည်။

"dad ... မာမားနဲ့အတူ အပေါ်ကိုသွားမယ်"

"ဟုတ်ပါပြီ။ လာပါသွားကြရအောင်။"

စိတ်မြန်လက်မြန်ရှိလှတဲ့ ဥက္ကဌကြီးကမ္ဘာညိမ်းက တွန်းဆုတ်တွန့်ဆုတ်လုပ်နေတဲ့ ကောင်းမြတ်လွန်းဆိုတဲ့ ကောင်လေးရဲ့ လက်မောင်းကိုဆွဲပြီး အချိန်ကိုက်ဆိုသလို ပွင့်လာတဲ့ ဓါတ်လှေကားထဲဝင်လိုက်သည်။

အိတိုလေးကတော့ ကောင်းမြတ်လွန်းကိုယ်ပေါ်မှာ နေရင်း ကောင်းမြတ်လွန်းပါးလေးတွေ ကိုင်ကြည့်လိုက်
နောက်သို့လှန်ပြီး စီးနှောင်ထားတဲ့ ဆံပင်တွေကို လှမ်းကိုင်ကြည့်လိုက်
နေရခက်ပြီး တဖျပ်ဖျပ်ခတ်နေတဲ့ မျက်တောင်လေးတွေကို စိတ်ဝင်တစားငေးကြည့်လိုက်နဲ့ သဘောအကျကြီး ကျနေခဲ့သည်။

တကယ်ဆို ကောင်းမြတ်လွန်းက သူ့ဆံပင်တွေကို သူများကိုင်တာ မကြိုက်။ အဲ့တာကြောင့်လည်း ဆံပင်ညှပ်ဆိုင်ကို ခဏခဏမသွားဖြစ်။ အဲ့လိုမသွားဖြစ်ရာကနေ ဆံပင်တွေရှည်လာပြီး အဲ့ဒီ ဆံပင်ရှည်တွေကပဲ သူ့မျက်နှာနဲ့ လိုက်ဖက်စွာကြည့်ကောင်းနေတာကြောင့် ဆံပင်ရှည်ကို ထားဖြစ်သွားခဲ့တာဖြစ်သည်။

အခုလို ကလေးတစ်ယောက်က လက်သေးသေးလေးတွေနဲ့ ကိုင်နေတာကို သည်းခံနိုင်ဖို့ခက်ခဲသော်လည်း ကိုယ့်အလုပ်ရှင်ရဲ့ကလေးဖြစ်နေတာကြောင့် ဘာမှမပြောပဲ ငြိမ်နေမိသည်။

ရုံးခန်းထဲ ရောက်သွားချိန်မှာတော့ ကောင်းမြတ်လွန်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

ရုံးခန်းတစ်ခုလုံးက သူ့အိပ်ခန်း သုံးခန်းစာလောက် ရှိသည့်အပြင် အတွင်းမှာ သီးသန့်ထပ်ဖွဲ့ထားတဲ့ အခန်းတွေလည်းရှိသေးသည်။

"အိတိုလေးအခန်းထဲပဲ သွားလိုက်ရအောင်"

ကောင်မြတ်လွန်း ထပ်ပြီး အံအားသင့်ရပြန်သည်။

ဒီလူကြီးက သူ့ကလေးအတွက်ပါ အခန်းလုပ်ပေးထားတာ။

တံခါးဖွင့်ဖွင့်ချင်း မြင်လိုက်ရတာက မိုးပြာရောင်ဆေးသုတ်ထားတဲ့ နံရံအတွင်းပိုင်းဖြစ်သည်။

နံရံအောက်ခြေမှာတော့ ကလေးအကြိုက် ကာတွန်းရုပ်ပုံလေးများကို ပန်ချီရေးဆွဲထားတာတွေ့ရသည်။

စာအုပ်စင်လေးတွေရယ် ကစားစရာ အရုပ်စင်လေးရယ် အိပ်ခုတင် အသေးလေးတစ်လုံး ရေခဲသေတ္တာအပြင် အဝတ်ဗီရို စသဖြင့် ကလေးအတွက်လိုတဲ့ အသုံးအဆောင်အားလုံးကို အခန်းထဲမှာ သူ့နေရာနဲ့သူ နေရာချထားတာ တွေလိုက်ရသည်။

အခန်းထဲသို့ ခြေချလိုက်တာနဲ့ အိစက်တဲ့ အထိအတွေ့ကိုခံစားလိုက်ရသည်။ ကလေးငယ်နေတဲ့အခန်းမို့ အထူးဂရုစိုက်ပြင်ဆင်ပေးထားမှန်းသိသာလွန်းသည်။

"အိတိုလေးက တအားလိမ္မာတာ။ အရမ်းလည်းအေးတယ်။ အဲ့တာကြောင့် ကိုယ့်အလုပ်ကိုပဲခေါ်လာပြီး စောင့်ရှောက်ပေးဖြစ်တယ်။ ကိုယ်မအားမှသာ အတွင်းရေးမှူးတွေက ထိန်းပေးကြတာ။ အဲ့တာကြောင့် ကိုယ့်ရုံးခန်းထဲမှာ အိတိုလေးအတွက် အခန်းလုပ်ပေးထားတာ။"

ကောင်းမြတ်လွန်း ... ကမ္ဘာညိမ်းဆိုတဲ့ လူကြီးကို ခဏတာ ငေးစိုက် ကြည့်မိသွားတယ်။

စိတ်ထဲကလည်း အိတိုလေးကို မနာလိုဖြစ်မိသွားတယ်။ ကောင်းမြတ်လွန်း စိတ်ကူးထဲမှာ အမြဲလိုချင်နေခဲ့တဲ့ ဖခင်တစ်ယောက်ရဲ့ပုံစံက ကမ္ဘာညိမ်းဆိုတဲ့ လူကြီးနဲ့လုံးဝကွက်တိကျနေတယ်။

"ဒါနဲ့ မင်းရဲ့နာမည်က"

"ကျွန်တော့ နာမည် ကောင်းမြတ်လွန်းပါ"

"dad ... မာမားနဲ့အတူ ကစားချင်တယ်"

အိတိုလေးက သူ့ဒယ်ဒီနဲ့ မာမား စကားပြောနေကြတာကို စိတ်ရှည်ပုံမရတော့၍ထင်သည် နှုတ်ခမ်းလေးစူကာ စကားဖြတ်ပြောလာသည်။

ကမ္ဘာညိမ်းက ကောင်မြတ်လွန်း လက်ထဲမှာပဲရှိနေသေးတဲ့ အိတိုလေးနားနားသို့ ကပ်လိုက်သည်။

နီးကပ်လွန်းတဲ့ အနေအထားကြောင့် ကောင်းမြတ်လွန်းက ခေါင်းကို နောက်သို့အနည်းငယ် ဆုတ်လိုက်သည်။

ကမ္ဘာညိမ်းက ကောင်းမြတ်လွန်းရဲ့ တုန့်ပြန်ပုံကို သဘောကျကာ မသိမသာနဲ့တစ်ချက်ပြုံးလိုက်ပြီးနောက် ...

"အိတိုလေးက မာမားနဲ့ အတူတူနေချင်တာ မဟုတ်လား။ အဲ့တာဆို dad ... နဲ့ အိတိုလေးရဲ့ မာမားတို့ စကားပြောဖို့လိုတယ်"

"ဟုတ်ကဲ့"

အိတိုလေးက သူ့ဒယ်ဒီစကားကိုလက်ခံလိုက်သည်။

ထို့နောက် ကမ္ဘာညိမ်းနောက်သို့လိုက်ဖို့ လက်တစ်ဖက်ဆန့်ပြီး ကမ္ဘာညိမ်းလည်တိုင်ကိုလှမ်းဖက်လိုက်သည်။

အိတိုလေးရဲ့ဘယ်ဘက် လက်တစ်ဖက်က ကောင်းမြတ်လွန်း၏ လည်တိုင်ကိုဖက်တွယ်ထားပြီး ကျန်ညာဘက် လက်တစ်ဖက်ကတော့ ကမ္ဘာညိမ်း၏ လည်တိုင်ကို လှမ်းဖက်ထားသည်။

ကောင်းမြတ်လွန်းလည်း အိတိုလေး သူ့ဒယ်ဒီနောက်လိုက်ချင်ပြီမှန်းသိ၍ အိတိုလေးကိုယ်ကိုဖက်ပေးထားတဲ့ လက်ကိုဖြေလျှော့ပေးလိုက်သည်။

ကမ္ဘာညိမ်းက သူ့လက်ထဲပါလာတဲ့ အိတိုလေးကို ခုတင်ပေါ်သို့ တင်ပေးလိုပြီး ကာတွန်းစာအုပ်တစ်အုပ် ပေးဖတ်ထားလိုက်သည်။

"ကိုယ်တို့ စကားပြောကြရအောင်"

ကမ္ဘာညိမ်းက ကောင်မြတ်လွန်းလက်ကောက်ဝတ်ကို ကိုင်လိုက်ပြီး အိတိုလေးအခန်းရဲ့အပြင်ဘက် တစ်နည်းအားဖြင့် သူ့ရုံးခန်း အလယ်ရှိ ဧည်တွေ့ဆိုဖာခုံနားထိ ရောက်အောင်ဆွဲခေါ်သွားသည်။

ကောင်းမြတ်လွန်းကတော့ သူ့လက်ကောက်ဝတ်လေးနဲ့ ကလေးအဖေကြီးရဲ့လက်တွေကိုကြည့်ပြီး နှာမှုတ်ပစ်လိုက်သည်။

စိတ်ထဲကလည်း ဒီလူကြီး သူများလက်ကို ဆွဲရတာ အတော်ကြိုက်တာပဲလို့ တွေ့လိုက်မိသည်။

အဲ့ဒီအချိန်မှာပဲ ဘယ်ချိန်က နောက်မှာကျန်နေခဲ့မှန်းမသိလိုက်တဲ့ အတွင်းရေးမှူးဆိုသူက ဖိုင်တစ်ခုကိုကိုင်ပြီး အခန်းထဲဝင်လာတာကို တွေ့လိုက်ရသည်။

"ဒါက ဥက္ကဌ တောင်းထားတဲ့ စာရွက်စာတမ်းတွေပါ။ ကျွန်တော် အိတိုလေးကို သွားကြည့်လိုက်ပါဦးမယ်"

"ကောင်ပါပြီ"

ကမ္ဘာညိမ်းက စာရွက်စာတမ်းတွေကို အရင်ဖွင့်ကြည့်လိုက်သည်။

ထို့နောက် သူ့ရှေ့မှာထိုင်နေတဲ့ ကောင်းမြတ်လွန်းဆိုတဲ့ ကောင်လေးဆီကို အကြည့်ပို့လိုက်ပြီး

"ကောင်းမြတ်လွန်းက ဒီကုမ္ပဏီိမှာ ဂျူနီယာ အင်ဂျင်နီယာအဖြစ် ဒီနေ့မှ အလုပ်စဝင်မှာနော်"

"ဟုတ်ပါတယ်"

"လစာက သုံးသိန်းခွဲ ဟုတ်တယ်နော်"

"ဟုတ်ပါတယ်"

"ကိုယ်က မင်းကို ဒီထက် လစာကောင်းတဲ့ အလုပ်တစ်ခု ထပ်ကမ်းလှမ်းချင်တယ်"

"ဘယ်လို အလုပ်များလဲ"

"အိတိုလေးနဲ့အဖော်လုပ်ပေးရမှာ အလုပ်ချိန်က ရုံးဆင်းချိန် ငါးနာရီခွဲကနေ မနက် ရုံးတက်ချိန် ကိုနာရီအထိ"

"စိတ်မရှိပါနဲ့ အဲ့အလုပ်က ကျွန်တော့အတွက်အဆင်ပြေမယ်မထင်ဘူးဗျ"

"ကိုယ်ပြောတာ ဆုံးအောင် နားထောင်ပေးပါဦး။ အခု ကိုယ် ကမ်းလှမ်းနေတဲ့ အလုပ်က မင်းအတွက် အကျိုးအမြတ် သိပ်များမယ့်အလုပ်ပါ။ မင်းအတွက် နေစားငြိမ်း စီစဉ်ပေးမယ့်အပြင် ရုံးတက်ရုံးဆင်းကိုလည်း ကိုယ့်ကားနဲ့လိုက်လို့ရမယ်"

"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့အတွက် အဆင်ပြေမှာ မဟုတ်ဘူးဗျ"

"အိုကေ ... ကောင်းပြီ ... အခုချက်ချင်း မဆုံးဖြတ်ပဲ ထပ်စဉ်းစားပေးစေချင်တယ်။ အရေးကြီးတာတစ်ခုက လစာက ပုံမှန် တနင်္လာနေ့ကနေ သောကြာနေ့အထိ တစ်ရက်ကို တစ်သိန်း။ စနေ တနင်္ဂနွေပိတ်ရက်ဆို နှစ်သိန်း။ အခါကြီးရက်ကြီးပွဲတော်ပိတ်ရက်တွေဆို တစ်ရက်လေးသိန်း။ အဲ့ဒီ့အပြင် တစ်လတစ်ခါ မင်းအတွက် ဖုန်းဘေလ်ဖိုး နဲ့ အဝတ်အစားဖိုးသီးသန့်ထပ်ပေးမယ်"

ကောင်းမြတ်လွန်း မျက်လုံးပြူးရလေပြီ။

ဒီလောက်ဆိုရင် ဒီအလုပ်က မက်လောက်စရာ အလုပ်တစ်ခုဖြစ်နေပြီ မဟုတ်လား။

ဒါပေမယ့် သူ့ကိုယ်ပိုင်အချိန်တွေကို အပြည့်အဝ ပေးဆပ်လိုက်ရဖို့က သိပ်နှမြောစရာကောင်းနေသည်။

ကောင်မြတ်လွန်း တွေဝေသွားတာကို ကမ္ဘာညိမ်း မြင်လိုက်ရတော့

"အစောပိုင်းက ပြောတဲ့စကားတွေက အလုပ်ရှင်တစ်ယောက်အနေနဲ့ပြောတာပါ။
အခု ကိုယ် ... မင်းကို အိတိုလေးရဲ့ ဖခင်တစ်ယောက်အနေနဲ့ တောင်းဆိုပါရစေ။
အိတိုလေးက ငယ်ငယ်လေးကတည်းက အမေမမြင်ဖူးခဲ့ဘူး။
အဲ့တာကြောင့်လည်း အိတိုလေးက မိခင်မေတ္တာကို သိပ်တောင်းတနေခဲ့တာ။ အိတိုလေးက မာမားဝယ်ပေးဖို့ အမြဲပူဆာခဲ့ပေမယ့် ကိုယ့်ဘက်က တစ်ခုမဟုတ် တစ်ခုနဲ့ အစားထို့ဖြည့်ဆည်းပေးခဲ့တယ်။
ဒါပေမယ့် ဒီတစ်ခေါက်ကတော့ မတူဘူး။
အိတိုလေးက မင်းကို သိပ်ပြီး စွဲလမ်းနေပုံရတယ်။
အရမ်းလိမ္မာပြီး ပြောစကားနားထောင်တဲ့ ကိုယ့်သားလေးက မင်းနဲ့ပတ်သတ်ပြီး ကိုယ့်စကားကိုသိပ်နားမထောင်ချင်တော့ဘူး။
မင်းကို တွေ့ချင်လာရင် မနက်ကလိုပုံစံမျိုးနဲ့ဆိုးဆိုးဝါးဝါးငိုတက်လာတယ်။ အစားစားဖို့ငြင်းဆိုလာတယ်။
ကိုယ့်သားလေးအတွက် ကိုယ်မင်းကို မဖြစ်မနေလိုအပ်နေပြီ။
လူတစ်ယောက်ကို ငွေနဲ့ဝယ်တာ မဖြစ်သင့်မှန်သိလို့ ကိုယ်က မင်းကို ပေါ်ပေါ်ထင်ထင် အကျိုးကြောင်းပြပြီး စည်းရုံးနေတာပါ။"

"ကျွန်တော်နားလည်ပါပြီ။ ဒါပေမယ့် ကျွန်တော်စဉ်းစားပါရစေဦး"

"ကောင်းပါပြီ။ ဒီနေ့တော့ ကိုယ် မင်းကို အနှောက်အယှက်အများကြီး ပေးမိသွားတဲ့အတွက် ပြန်နားလိုက်ပါတော့။ မနက်ဖြန်မှပဲ အလုပ်ဆင်းလိုက်ပါ။ ပြီးတော့ ဒါက ကိုယ့်လိပ်စာကဒ်ပါ။ တစ်ခုခုလိုရင်ပဲဖြစ်ဖြစ် ကိုယ့်ကမ်းလှမ်းချက်ကို လက်ခံလာချင်ရင်ပဲဖြစ်ဖြစ် အချိန်မရွေးဖုန်းဆက်လိုက်ပါ။"

ကောင်းမြတ်လွန်းသည် ကမ္ဘာညိမ်းလက်ထဲက လိပ်စာကဒ်ကို လက်နှစ်ဖက်နဲ့ယူလိုက်သည်။

"ကျွန်တော် ဒီနေ့တကယ်ပဲ နားလိုက်ရမှာလား တော်ကြာ အလုပ်ပြုတ်သွားရင် ..."

"စိတ်ချပါ ကိုယ်တာဝန်ယူပါတယ်။ ဪ .. ကောင်းမြတ်လွန်းအနေနဲ့ ကိုယ့်ကမ်းလှမ်းချက်ကို လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ကောင်းမြတ်လွန်းက ကိုယ့်ကုမ္ပဏီက ဝန်ထမ်းတစ်ယောက်အဖြစ်ရှိနေမှာပါ။ ကိုယ့်ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်လို့လည်း ကောင်းမြတ်လွန်းရဲ့ အလုပ်အကိုင်ကို မထိခိုက်စေရပါဘူး"

"ဟုတ်ကဲ့ပါ နားလည်ပေးတာကျေးဇူးပါ။"

"ဒါနဲ့ မပြန်ခင် အိတိုလေးကို နှုတ်ဆက်ခဲ့ပါဦး။ အကယ်၍ ရုတ်တရက်ကြီး မင်းပျောက်သွားရင် အိတိုလေး ချော့မရအောင် ငိုတော့မှာသေချာတယ်။"

"ကျွန်တော်သိပါပြီ"

အိတိုလေးအခန်းတံခါးကိုဖွင့်လိုက်တော့ အခန်းထဲမှာ အတွင်းမှူးအစ်ကိုကြီးက စာအုပ်ဖတ်ပြနေပြှီး အိတိုလေးက အရုပ်ကလေးပိုက်ကာ ငြိမ်ပြီးနားထောင်နေသည်။

"အိ တို ......"

အိတိုလေးရဲ့နာမည်ကို ပထမဆုံးအကြိမ် မဝံ့မရဲခေါ်လိုက်တဲ့အခါ

"မာမား ... "

အရုပ်ကလေးကိုပစ်ချပြီး ကောင်းမြတ်လွန်းဆီပြေးလာတဲ့အိတိုလေးက ကောင်းမြတ်လွန်းခြေထောက်တစ်ဖက်ကိုဖက်ထားသည်။

ဒီတစ်ခါတော့ ကောင်းမြတ်လွန်းတစ်ယောက် အိတိုလေးကို စိတ်ပါလက်ပါချီလိုက်သည်။

"အိတို ... ကိုကို့မှာ ကိစ္စလေးရှိလို့အိမ်ပြန်ရမယ် မနက်ဖြန်မှတွေ့မယ်နော်"

အိတိုလေးက ကောင်းမြတ်လွန်းပါးလေးကို ကိုင်လိုက်ပြီး မျက်နှာငယ်လေးဖြင့်

"အိတိုအနားမှာ နေပေးပါ။ အိတိုက မာမားလိုချင်လို့ပါ။ မာမားက အိတိုကို မချစ်လို့လားဟင်"

"မဟုတ်ပါဘူး မာမားမချစ်လို့ ..."

ကောင်းမြတ်လွန်း ပြောနေရင်းမှ သူတစ်ခုခုမှားသွားပြီဆိုတာ သတိထားမိသွားပြီး ပါးစပ်ကိုစေ့ကာ အောက်နှုတ်ခမ်းကို ကိုက်ထားလိုက်မိသည်။

အချိန်တိုလေးအတွင်းမှာ မာမားဆိုတဲ့ စကားလုံးလေးက သူနဲ့အတော်လေးအကျွမ်းတဝင်ဖြစ်သွားပုံရပြီး နားရည်ဝသွားပုံလည်းရသည်။

ကောင်းမြတ်လွန်းမှာ အကျင့်တစ်ခုရှိသည်။ အဲ့တာက စကားလုံးတစ်လုံးကို ထပ်ခါထပ်ခါကြားလိုက်ရပြီဆို စိတ်ထဲကနေလိုက်ပြောနေတက်ပြီး တစ်ခါတစ်လေ နှုတ်ကပါပြောထွက်လာတက်သည်။

တစ်ခါက မီးပွိုင့်မှာ ကားရပ်နေတုန်း ကလေးတစ်ယောက် ရေသန်ဗူးရောင်းနေသံကို အချိန်အတော်ကြာအောင် ကြိမ်ဖန်များစွာ နားထောင်ခဲ့ရဖူးသည်။

"ရေသန့်ဗူးတွေရမယ်နော် တစ်ဗူးမှ ၂၀၀ တစ်ဗူးမှ ၂၀၀"

မီးပွိုင့်လွတ်သွားလို့ ကားမောင်းထွက်သွားပြီဖြစ်သော်လည်း ကောင်းမြတ်လွန်းနားထဲမှာတော့ "တစ်ဗူးမှ ၂၀၀" ဆိုတာကြီးက ပဲ့တင်ထပ်နေခဲ့သည်။

ဘယ်လောက်ထိ ဆိုးသွားလဲဆိုတော့ သူငယ်ချင်းဖြစ်သူက ကောင်းမြန်လွန်းလို့ ခေါ်လိုက်တာကို တစ်ဗူးမှ ၂၀၀ ဆိုပြီး ထဖြေလိုက်မိတဲ့အထိပဲ။

အခုလည်း အိတိုလေးဆီက မာမားဆိုတဲ့ အခေါ်အဝေါ် အသုံးအနှုန်းလေးကို ခဏခဏကြားနေရတာကြောင့် သူကိုယ်တိုင်တောင် သတိမထားမိပဲ သတိလက်လွတ်နဲ့ သူ့ကိုယ်သူမာမားလို့သုံးနှုန်းလိုက်မိတယ်။

ရှက်ရွံ့မှုကြောင့် ခဏတာတိတ်ဆိတ်ငြိမ်သက်နေမိချိန်မှာပဲ အိတိုလေးက ကောင်းမြတ်လွန်း၏ နှုတ်ခမ်းလေးကို ပြွတ်စ်ခနဲ မြည်အောင်နမ်းပြီး

" အဲ့တာဆို မာမားက အိတိုကို ချစ်တာပေါ့နော်"

T.B.C🐻

10:49PM(Wed)
12.01.2022
G14

© G Fourteen,
книга «အိတိုေလးရဲ႕မာမား အိတိုလေးရဲ့မာမား».
အိတို (၀၅)
Коментарі