အိတို (၀၆)
အိတို🐻06
Zawgyi
"အိတို ..."
"dad ..."
"အိတို ... dad ... ဆီလာပါဦး။"
"မာမား ... မာမား ဘယ်မှာလဲ"
"ဟုတ်ပါပြီဗျာ"
"ဟုတ်ကဲ့ကိုကိုကြီး"
"မာမား ..."
"ဗျာ ..."
"ဟုတ်ကဲ့ပါ အစ်ကို"
"အိတို ..."
"dad ... အိုင်လပ်ယူ"
"dad ... အိုင်လပ်ယူ။ ချစ်တယ်လို့ပြန်ပြော"
"ဟုတ်ကဲ့ဗျ"
"ဟုတ်ကဲ့ကိုကိုကြီး"
"ဟုတ်မှာပါ။"
"မစဉ်းရသေးဘူး"
"ဗျာ ...."
T.B.C 🐻
05:48PM(Fri)
14.01.2022
G14
အိတို🐻06
Unicode
အိတိုလေးနိုးလာပါပြီ။ ပက်လက်ကလေး ခြေကားယား လက်ကားယား အိပ်နေရာက နိုးလာတော့ ကိုယ်လေးကို တစ်ခြမ်းအရင်စောင်းလိုက်သည်။
ထို့နောက် ဟိုကြည့်သည်ကြည့် အရင်လုပ်နေသည်။ ရုတ်တရက်တစ်ခုခုကို သတိရသွားတဲ့အိတိုလေးက ကိုယ်ကို မှောက်ခုံဖြစ်အောင်လုပ်ပြီး လက်နှစ်ဖက်ကို အားယူပြီးထောက်သည်။ နောက်တစ်ခါ ဒူးကိုအသုံးပြုပြီး ခုတင်းပေါ်က နောက်ပြန်အနေအထားနဲ့ လျော့ဆင်းချလိုက်တော့သည်။
အိတိုလေးက လုံးကစ်ကစ်လေးမို့ ရွယ်တူကလေးတွေနဲ့ယှဉ်လျှင် အရပ်က ပုပုလေးဖြစ်နေသည်။ သို့သော် လေးနှစ်နားကပ်လာပြီဖြစ်တဲ့ အိတိုလေးက သိသိသာသာကိုပဲ အရပ်ကလေးထွက်လာပြီဖြစ်တာကြောင့် သူ့ခြေထောက်လေးတွေကလည်း တော်တော်လေးကို ခြေလှမ်းကျဲကျဲလှမ်းနိုင်နေပြီဖြစ်သည်။
အိတိုလေးသည် ခုတင်ပေါ်မှာပဲ ရှိနေသေးတဲ့ သူ့ဒယ်ဒီကို လည်ပြန်တစ်စောင်ငေးကြည့်ပြီး မည်သည့်လှုပ်ရှားမှုကိုမှ မတွေ့ရတာသေချာပြီဆိုတာနဲ့ ခါးလေးကို ကုန်းကာ ခြေကိုဖွဖွလေးနင်းပြီး အခန်းထဲက ထွက်ဖို့ကြိုးစားသည်။
အိတိုးလေးတစ်ယောက် အခန်းတံခါးကို အင်အင်းသုံးပြီး ကြိုးစားပမ်းစားဖွင့်လိုက်ပြီးချိန်မှာတော့ .....
"အိတို ..."
ရုတ်တရက်ထွက်လာတဲ့ အသံကြောင့် အိတိုလေးရဲ့ ကိုယ်လေးတုန်တက်သွားပြီး မျက်ဝန်းလေးများ ဝိုင်စက်ကာလာတော့သည်။
"dad ..."
"ဒါက ဘယ်ကိုသွားမလို့လဲ"
"မာမားမရှိတော့လို့ သွားရှာမလို့"
ညက အိတိုလေးအလိုကျ အိတိုလေးအနားမှာအိပ်ပေးခဲ့တဲ့ မာမားဖြစ်သူကို အိပ်ရာက နိုးတဲ့အချိန်မှာ မတွေ့ရတော့ ပျေက်သွားပြီဆိုပြီး လိုက်ရှာဖို့လုပ်နေခြင်းဖြစ်သည်။
အိတိုလေးက တံခါးဘောင်ကိုသာ ဖက်ထားပြီး မျက်နှာလေးမဲ့ကာ မလှုပ်မယှက်ရှိနေသည်။
"အိတို ... dad ... ဆီလာပါဦး။"
"မာမား ... မာမား ဘယ်မှာလဲ"
"အိတိုလေးက dad ...ကို မောနင်းကစ်ပေးရင်ပြောပြပေးမယ်"
ကမ္ဘာညိမ်းက ပါးတစ်ဖက်ဖောင်းပြကာ အဲ့ဒီပါးဖောင်းလေးကိုပဲ လက်ညိုးထိုးပြပြီးခေါ်လိုက်သည်။
အိတိုလေးကလည်း ချက်ချင်းကိုပဲ သူ့ဒယ်ဒီဆီပြေးသွားသည်။ ကမ္ဘာညိမ်းကလည်း အိတိုလေးကို အလိုက်သင့်လေး ပွေ့ချီပစ်လိုက်သည်။
အိတိုလေးက သူ့ဒယ်ဒီရဲ့ ဖောင်းနေတဲ့ ပါးတစ်ဖက်ကို ရက်ရက်ရောရောနမ်းပစ်လိုက်ပြီး ပါးစုံလေးများ မို့ဖောင်းတက်လာအောင်ပြုံးလိုက်ပြီး
"dad ... မာမားဘယ်မှာလဲပြောပြတော့လေ"
"မျက်နှာသစ်ပြီး အဝတ်အစားလှလှလေးတွေ လဲဝတ်ပြီးရင်ပြောပြမယ်"
"dad ... မကောင်းဘူး။ဝအိတိုလေးနမ်းရင်ပြောပြမယ်ဆိုပြီးတော့"
ကမ္ဘာညိမ်းသည် ငိုတော့မလိုဖြစ်နေတဲ့ အိတိုလေးကို တင်းတင်းကျပ်ကျပ်ဖက်ကာ မျက်နှာတစ်ပြင်လုံးကို ဖွဖွလေးလိုက်နမ်းရင် သန့်စင်ခန်းထဲခေါ်သွားတော့သည်။
မျက်နှာသစ်၊ သွားတိုက် အဝတ်အစားလဲပြီးတဲ့အထိ အိတိုလေးက အောက်နှုတ်ခမ်းကို သိသိသာသာ ထော်ထားပြီး သူစိတ်ဆိုးနေကြောင်းကို အသံတိတ် ဆန္ဒပြသည်။
"အိတိုးလေးက ချစ်စရာကောင်းသွားပြီကွာ"
ကမ္ဘာညိမ်းက ပြုံးစစလေးနဲ့ပြောလိုက်သော်လည်း အိတိုလေးက ကမ္ဘာညိမ်းဆီသို့ အကြည့်တစ်ချက်မပို့ပဲ ကြမ်းပြင်ကိုသားစိုက်ကြည့်နေခဲ့သည်။
"ဪ ... dad ... ရဲ့ အိတိုလေးက dad ...ကို စိတ်ဆိုးနေတာ ဆိုတော့ မာမားဆီခေါ်သွားပေးမလို့ လုပ်ထားတာကို ဖျက်လိုက်ရတော့မှာပဲ"
ကမ္ဘာညိမ်းက စိတ်မကောင်းတဲ့ လေးသံလေးနဲ့ ဟန်လုပ်ကာပြောလိုက်တော့ အိတိုလေးက ချက်ချင်းအောက်ကထော်ထားတဲ့ နှုတ်ခမ်းသားလေးကို ပြန်သိမ်းလိုက်ပြီး ကမ္ဘာညိမ်းလည်တိုင်ကိုလှမ်းဖက်ကာ
"အိတိုက dad ...ကို စိတ်မဆိုးပါဘူး။ မာမားဆီခေါ်သွားပေးနော်။"
"ဟုတ်ပါပြီဗျာ"
ကမ္ဘာညိမ်းလည်း အိတိုလေးလက်ကိုဆွဲပြီး အခန်းထဲက ထွက်လာခဲ့လိုက်သည်။
ထို့နောက် ဘေးမှာရှိနေတဲ့ အခန်းတံခါးကိုအသာဖွင့်ပြီး အခန်းထဲကိုချောင်းကြည့်လိုက်သည်။
"အိတို မာမားက အိပ်နေတုန်းပဲ ..."
ကမ္ဘာညိမ်းက လေသံတိုးတိုးလေးနဲ့ပြောလိုက်သော်လည်း အိတိုလေးက ကမ္ဘာညိမ်းလက်ကို အတင်းဆွဲပြီး အခန်းတံခါးကို ဖြည်းဖြည်းလေး ပြန်ပိတ်လိုက်ကာ နှုတ်ခမ်းပေါ်ကိုလည်း လက်ညိုးလေး တစ်ချောင်တင်ပြလာသည်။
"ရှူး ... မာမားအိပ်နေတယ် နိုးသွားလိမ့်မယ်"
အိတိုးလေပုံစံကြောင့် ကမ္ဘာညိမ်းပြုံးလိုက်ပြီး ခေါင်းသာညိတ်ပြလိုက်သည်။
အဲ့ဒီနောက်မှာတော့ အိတိုလေးတို့သားဖတွေ မနက်စားပြင်ဆင်ကြတော့သည်။
အိတိုလေးက သူ့ဒယ်ဒီ မနက်စာ ပြင်ဆင်နေတာကို ငေကြည့်လိုက် မာမားအခန်းနားသို့သွားပြီး တံခါးအသာဖွင့်ကာ နိုးပြီလားချောင်းကြည့်လိုက်နဲ့ အလုပ်ရှုပ်နေသည်။
"ကိုကိုကြီး ... အိတိုးလေးက ဧည့်သည်ကိုကြီးကို တော်တော်လေးချစ်တယ်ထင်တယ်နော်"
ထူးထူးက မနက်စာအတွက် ကူပြင်ဆင်ပေးရင်း ကမ္ဘာညိမ်းကိုမေးလာသည်။
"ကြည့်ရတာ အရင်ဘဝက သားမိတွေဖြစ်ခဲ့ဖူးတယ်ထင်တယ်"
ကမ္ဘာညိမ်းက စနောက်သလိုလေးပြောလိုက်သော်လည်း ထူးထူးတစ်ယောက်ကတော့ သေချာအလေးအနက်တွေးပြီးနောက်
"ဖြစ်နိုင်တယ် ကိုကိုကြီးရဲ့ အိတိုလေးက မျက်နှာချိုပေမယ့် လူကြောက်တယ်လေ။ အခုများတော့ ကြည့်ပါဦး"
ထူးထူးက အိတိုလေး ခြေထောက်သေးသေးလေးတွေနဲ့ သွားချည်လာလှည့်လုပ်နေတာကိုကြည့်ရင်း တွေးဆဆလေးပြောလာသည်။
ထူးထူးဆိုသည်မှာ အိတိုးလေးငယ်ငယ်ကတည်း ထိန်းကျောင်းပေးခဲ့တဲ့ကောင်မလေးဖြစ်တာကြောင့် အိတိုလေးနဲ့ပတ်သတ်နဲ့ အမှုအကျင့်တော်တော်များများကို အလွတ်နီးပါးသိနေပြီဖြစ်သည်။
"dad ... မာမားက အိပ်ပုပ်။ အိတိုလေးက တွေ့ချင်ပါပြီဆို"
"ဒါဖြင့် အိတိုလေးက သွားနိုးလိုက်လေ မဟုတ်ရင် မာမားအလုပ်နောက်ကျတော့မှာ"
ကမ္ဘာညိမ်းပြောတာကို နားထောင်ပြီးတဲ့နောက်မှာတော့ အိတိုလေးလည်း သူ့မာမားရှိရာအခန်းသို့ ပြေးသွားတော့သည်။
"ကိုကိုကြီး အိတိုလေး စကားတော်တော်ပြောလာတယ်နော်"
"ဟုတ်တယ် ...။ အိတိုလေး ပြောင်းလဲလာတယ်။ ကြည့်ရတာ ကလေးတွေအတွက် အမေဆိုတာ တကယ်ပဲ လိုအပ်ပုံရတယ်။"
"ကိုကိုကြီး ..ဧည်သည်ကိုကြီးက ယောက်ျားလေးလေ"
ထူးထူးသတိပေးသလိုလေးပြောတော့မှ ကမ္ဘာညိမ်းတစ်ယောက် လူကြီးရှက်တော့ရယ်သည်ဆိုသည့်စကားအတိုင်း အရှက်ပြေရယ်ကာ
"ငါသိပါတယ်ဟ။ ငါကနည်းနည်းရှုပ်ထွေးသွားလို့ပါ။"
"ဟုတ် .. ဟုတ်ကဲ့။ ဒါဆို ထူးထူးဘာလုပ်ပေးရဉီးမလ။ဲ"
"ရပြီ မလိုတော့ဘူး။ အခန်းထဲပြန်နားတော့ တော်ကြာ နင်ရှိနေရင် နင့်ကိုကြီး နေရခက်နေလိမ့်မယ်"
"ဟုတ်ကဲ့ကိုကိုကြီး"
နူးညံ့တဲ့ အထိအတွေ့တစ်ချို့ကြောင့် ကောင်းမြတ်လွန်းလက်ဖျံပေါ်က မွှေးညှင်းလေးများပင်ထောင်တက်လာကြသည်။
နားထဲက ကြားနေရတဲ့ အသံသဲ့သဲ့လေးက "မာမား ...." ဆိုတဲ့ အခေါ်အဝေါ်လေးဖြစ်နေသည်။ ကောင်းမြတ်လွန်းသည် အသိအာရုံနိုးကြားလာပြီဖြစ်သော်လည်း မျက်လုံးများမှိတ်ထားလျှက်ပင် သူ့အကျင့်တိုင်း "မာမား ..." ဆိုတာကြီးကို ကြားယောင်နေမိပြန်ပါပြီလို့တွေးလိုက်မိသည်။
သို့သော် သူ့နှုတ်ခမ်းပါကို ပြွန်ခနဲမြည်အောင်အနမ်းခံရလိုက်တဲ့အချိန်မှာတော့ မှိတ်ထားတဲ့ မျက်ခွံတွေကို ခပ်သွက်သွက်လေး လှုပ်ရှားကာ ဖွင့်ပစ်လိုက်တော့သည်။
ကောင်းမြတ်လွန်းမျက်ဝန်းအိမ်ထဲမှာ ထင်ဟပ်လာတဲ့ ပုံရိပ်လေးက ပြုံးနေတဲ့ ဝက်ဝံပေါက်လေးတစ်ကောင်ပင်။
သွားဖြူဖြူလေးများပေါ်သည်အထိ နှစ်နှစ်ခြိုက်ခြိုက်ကို ပြံးရယ်နေတဲ့ အိတိုလေးမျက်နှာကို မြင်လိုက်ရမှ ညကအကြောင်းတွေကို ပြန်တွေးမိသွားသည်။
မနေ့ညက ဝက်ဝံပေါက်လေးတို့သားအဖရဲ့ နောက်သို့ မလိုက်ချင်လိုက်ချင်နဲ့ပါသွားခဲ့ရပြီး စားသောက်ဆိုင်တစ်ဆိုင်မှာ ညစာစားခဲ့ရသည်။
အဖေကကျွေးလိုက် သားကကျွေးလိုက်နဲ့ ဗိုက်ကားအောင်စားပြီးတဲ့နောက်မှာတော့ ဘာစကားမှတောင်များများစားစားပြောခွင့်မရလိုက်ပဲ အိမ်ထိချောဆွဲခံလိုက်ရသည်။
အိမ်ရောက်တော့လည်း ဗိုက်လေးလေးနဲ့ပဲ ဝက်ဝံပေါက်လေးအလိုကျ သူ့အနားမှာအိပ်ရင်း ချော့သိပ်ပေးနေရာက ...။
အဲ့လိုဆိုမှ သူသတိရသွားတော့သည် သူတကယ်ပဲ အိတိုလေးကို ချော့သိပ်ရင်း တစ်ခါတည်း အိပ်ပျော်သွားခဲ့ပုံရသည်။
ကောင်းမြတ်လွန်းက အလန့်တကြားနဲ့ သူအိပ်နေတဲ့နေရာကိုအကဲအခတ်ကြည့်လိုက်သည်။
သေချာသည်။ ဒီအခန်းက သူညက အိပ်ပျော်သွားတဲ့ အခန်းမဟုတ်ပါ။
"မာမား ..."
မာမား ဆိုတဲ့ ခေါ်သံလေးကြောင့် သူ့အတွေ့များ ပြတ်တောက်လို့သွားရသည်။
"မာမား ... ထတော့လေ အိတိုလေးဗိုက်ဆာနေပြီ မာမားနဲ့ မုန့်စားဖို့စောင့်နေတာ"
ဗိုက်လုံးလုံးလေးကို ပွတ်ပြပြီး ခေါင်းလေးစောင်းကာ လူကို လာနိုးနေတဲ့ အိတိုလေး။
ကောင်းမြတ်လွန်းလည်း ကိုယ်ပေါ်က စောင်ကို ဖယ်ပြီးထထိုင်လိုက်တော့သည်။ စောင်ကိုခေါက်ဖို့ပြင်လိုက်သော်လည်း။
"မာမား .. အိတိုခေါက်ပေးမယ် သွားတိုက် မျက်နှာသစ်လိုက်ပါ"
တစ်ခါတစ်ခါ သူကသာ ဝက်ဝံပေါက်လေးဆီက မာမားလို့အခေါ်ခံနေရတာ တကယ်တော့ ဝက်ဝံပေါက်လေးကမှ ကောင်းမြတ်လွန်းရဲ့ မာမားပေါက်စနဲ့တူနေသည်လို့ခံစားရသည်။
ကောင်းမြတ်လွန်းလည်း အိတိုလေးအလိုကျ သန့်စင်ခန်းထဲသို့အရင်ဝင်လိုက်သည်။
သန့်စင်ခန်းထဲရောက်လို့မှန်ကို ကြည့်လိုက်တော့ စတစ်ကာ မှတ်စုတို စာ၇ွက်လေးတစ်ရွက်ကိုတွေ့လိုက်သည်။
လက်ရေးသော့သော့လေးနဲ့ရေးထားပုံရတဲ့ စာပါအကြောင်းအရာက
"သွားတိုက်တံက အသစ်။ မင်းအတွက် ပြင်ပေးထားတာ။ ဗီရိုအသေးလေးထဲမှာ တဘက်တွေရှိတယ် ရေချိုးချင် ချိုးလို့ရတယ်"
မှန်ပေါ်မှာကပ်ထားတဲ့ စာရွက်ထဲက စာတွေကို ဖတ်ပြီးနောက် စာရွက်လေးယူပြီး လွှင့်ပစ်ဖို့လုပ်လိုက်သော်လည်း အနည်းငယ်တွန့်ဆုတ်သွားပြီး နောက်တစ်ကြိမ်ထပ်ဖတ်လိုက်သည်။
အဲ့ဒီနောက်မှာတော့ ကောင်းမြတ်လွန်းသည် အနည်းငယ်ပြုံးလိုက်ပြီး စာရွက်ကို လုံးချေကာ အမှိုက်ပုံးထဲ ပစ်ထည်လိုက်သည်။
ထို့နောက် မှန်ကိုပြန်ကြည့်ကာ
"ဒီသားအဖ နှစ်ယောက်လုံးက သိပ်ပြီး အန္တရာယ်များလွန်းတယ်" လို့ ခပ်တိုးတိုးရေရွတ်လိုက်တယ်။
ကောင်မြတ်လွန်းသည် ဗိုက်ဆာနေသည့် အိတိုလေးကိုတွေးမိပြီး ရေကိုခပ်သွက်သွက်လေးချိုးပြီးသန့်စင်ခန်းထဲက ပြန်ထွက်လာလိုက်သည်။
မနက်ခင်းအစောပိုင်းမှာတင် ကောင်းမြတ်လွန်းစိတ်တွေက ဒီကလေးပေါက်စလေးကြောင့် ကြည်လင် လန်းဆန်းသွားရသည်။
တကယ်ကို ပဲ ခုတင်ပေါ်မှာ စောင်တစ်ထည်နဲ့ လုံးထွေးနေတဲ့ အိတိုလေးက ကောင်းမြတ်လွန်းမျက်လုံးထဲ တော်တော်လေးအသည်းယားပြီး ချစ်စရာကောင်းနေသည်။
"မာမား အဲ့စောင်ကြီးက အိတိုလေးနောက်မလိုက်ချင်ဘူး"
စောင်ကို လက်ညိုးထိုပြီးတိုင်နေတဲ့အိတိုလေးက စောင်ကြီးက ကြီးနေတော့ သူ့လက်ထဲလိုသလိုပါမလာတာကို တော်တော်လေး ဘဝင်မကျဖြစ်ကာ စိတ်ဆိုးနေပုံရသည်။
"ဟုတ်လား အဲ့စောင်ကြီးကို အပြစ်ပေးမှဖြစ်တော့မှာပဲ"
ကောင်းမြတ်လွန်းသည် စောင်ကြားထဲရောက်နေတဲ့ အိတိုလေးကို ချီပြီး နေရာလွတ်တစ်နေရာမှာထိုင်စေလိုက်သည်။
ထို့နောက် စောင်ကိုယူပြီး သုံးချက်လောက် စောင့်ခါပြလိုက်သည်။ ပြီးမှစောင်ကိုသေချာပြန်ခေါက်ထားလိုက်သည်။
အိတိုလေးက ကောင်းမြတ်လွန်းအဲ့လိုလုပ်ပြတာကို တော်တော်လေးသဘောကျသွားပုံရသည်။
လက်ခုတ်လေးတွေပါတီးပြီး ခုတင်ပေါ်မှာ ခုန်ဆွခုန်ဆွလုပ်နေသည်။
ကောင်းမြတ်လွန်း အဝတ်အစားတစ်ခါတည်းလဲပြီး အိတိုလေးကို ချီကာ အခန်းထဲကထွက်လာလိုက်သည်။
"အို ... နောက်ဆုံးတော့ထွက်လာကြပြီပေါ့"
"မောနင်းပါ ဥက္ကဌကြီး ။ ကျွန်တော် အိပ်ရာထနောက်ကျသွားတယ်။"
"အိပ်ရာထနောက်ကျတာက ရပါတယ်။ ဒါပေမယ့် ကိုယ့်ကို ဥက္ကဌကြီးလို့တော့ ခေါ်လို့မရဘူး"
ကမ္ဘာညိမ်းက ရုပ်တည်ကြီး နဲ့ ခပ်တင်းတင်းပြောလိုက်သည်။
"ဗျာ ..."
"အစ်ကိုလို့ပဲခေါ်ပါ။ ဥက္ကဌကြီးလို့အခေါ်ခံလိုက်ရတိုင်း အသက်တိုသွားသလိုခံစားရလို့ပါ။"
ကမ္ဘာညိမ်းက ရယ်သွေးနှောပြီး ပြောလိုက်တော့မှ စိတ်မသက်မသာဖြစ်သွားပုံရတဲ့ ကောင်းမြတ်လွန်းလည်း မျက်နှာလေး ပြန်လည် ကြည်လင်လာပြီ
"ဟုတ်ကဲ့ပါ အစ်ကို"
မနက်စားစားဝိုင်းလေးမှာတော့ ကမ္ဘာညိမ်းက အိတိုလေးကို မုန့်တွေထည့်ပေးလိုက် အိတိုလေးက သူ့ပန်းကန်ထဲကမုန့်တွေကို ခက်ရင်းသေသေးလေးနဲ့ထိုးပြီး ကောင်မြတ်လွန်းကို ပြန်ခွံ့ကျွေးလိုက်လုပ်နေသည်။
"အိတို ..."
ကမ္ဘာညိမ်းခေါ်သံကြားတော့ အိတိုလေးက မျက်လုံးဝိုင်းဝိုင်းလေးနဲ့ လှည့်ကြည့်လာသည်။
"dad ... မနာလိုဖြစ်လာပြီနော် dad ... ကိုကောချစ်သေးရဲ့လား"
ကမ္ဘာညိမ်းရဲ့ ဆူဆူအောင့်အောင့်အသံကြောင့် ကောင်းမြတ်လွန်းကော အိတိုလေးပါပြုံးလာကြသည်။
"dad ... အိုင်လပ်ယူ"
ဘိုလိုထမှုတ်ကာ မျက်နှာချိုသွေးလာတဲ့အိတိုလေး။
ကမ္ဘာညိမ်းက မကျေနပ်တဲ့အမှုအရာလေးနဲ စကားပြန်မပြောတော့ အိတိုလေးက ချက်ချင်း သူ့ထိုင်ခုံနေရာကနေ ကုတ်ကပ်ဆင်းကာ ကမ္ဘာညိမ်းကိုယ်ပေါ်တွယ်တက်တော့သည်။
ထို့နောက် မျက်နှာကို တပြွတ်ပြွန်မြည်အောင်နမ်းပြီ
"dad ... အိုင်လပ်ယူ။ ချစ်တယ်လို့ပြန်ပြော"
"ဟား ဟား ဟုတ်ပါပြီကွာ dad ...ကလည်း အိုင်လပ်ယူပါဗျ"
အရမ်းကိုချစ်ကြင်နာနေကြတဲ့ သားအဖတွေကို ကြည့်ရင်း ကောင်းမြတ်လွန်းမျက်ဝန်းထဲမှာ မျက်ရည်ကြည့်တွေရစ်သိုင်းလာတော့သည်။
ဒါကို မြင်သွားတဲ့ ကမ္ဘာညိမ်းက
"ကောင်းမြတ်လွန်း ပြီးရင်စကားခဏပြောရအောင်"
"ဟုတ်ကဲ့ဗျ"
စားသောက်ပြီးသွားလို့ ပန်းကန်တွေသိမ်းရမည့်အချိန်ကျမှ ထွေးထွေးက အခန်းထဲကထွက်လာသည်။
"ထွေးထွေး ပန်းကန်တွေနောက်မှသိမ်းတော့ အိတိုးလေးကို အင်္ကျီအသစ်အရင်လဲပေးလိုက်"
"ဟုတ်ကဲ့ကိုကိုကြီး"
အခုတော့ ဧည်းခန်းထဲမှာ ကောင်းမြတ်လွန်းနဲ့ ကမ္ဘာညိမ်းနှစ်ယောက်သာရှိသည်။
"မင်း ... အိမ်ကထွက်လာတာမဟုတ်လား"
"အစ်ကို ဘယ်လိုလုပ်သိသွားတာလဲ"
"ကိုယ်လည်း ငယ်ရာကကြီးလာတာပါ။ ဒီလောက်ကတော့ အကဲခတ်တက်ပါတယ်။"
"ဟုတ်မှာပါ။"
"ဘယ်လိုလဲ ကိုယ်ကမ်းလှမ်းတာကို လက်ခံပေးဖို့ စဉ်းစားပြီးပြီလား"
"မစဉ်းရသေးဘူး"
"အဲ့တာဆိုလည်း မစဉ်းစားနဲ့တော့ ဒီမှာပဲနေလိုက်တော့"
"ဗျာ ...."