အိတို (၁၄)
အိတို🐻14
Zawgyi
အကြောင်းမှာကာ ...
"ဘာများလဲ"
"ဘာလဲ...။"
တစ်ဖက်မှာတော့ ...
"ဟေ့ ....."
"ဘာ ... ဘာလုပ်မလို့လဲ။ ကျွန်တော်အဆင်ပြေတယ်။"
"ဘယ် ဘက်ခြေထောက်လဲ"
" နှစ်ဖက်လုံးပဲ dad ..."
"မာမား ...."
"ဘယ်လို ..."
"အစ်ကိုက တကယ်ပါပဲ ဗျာ... "
"အင်း ..."
"ဘာလို့လဲ ..."
"သိစရာမလိုဘူး ..."
"ဘာဆိုင်လို့လဲ"
T.B.C 🐻
THANKS 😘
11:30PM(Mon)
24.01.2022
G14
အိတို🐻14
Unicode
Ocean Palace Hotel ရှိ Royal Diamond အထပ်မြင့်အဆောင်သစ်ဖွင့်ပွဲကို မနက် ကိုးနာရီမှာ ခမ်းနားသိုက်မြိုက်စွာကျင်ပခဲ့ကြသည်။
အဓိကရှယ်ရာဝင် လေးဦးဖြစ်တဲ့ ဒေါ်ဇင်မိုးမြင့်၊ ဦးကမ္ဘာညိမ်း၊ ဦးမောင်ထွန်းဦး နှင့် ဒေါ်ကျော့ဖုန်းမေ တို့က ဖွဲ့ကြိုးဖြတ်ဖွင့်လစ်ပေးခဲ့ပြီးနောက် ကြွရောက်လာကြတဲ့ ဧည့်သည်တော်များကို လိုက်လံဧည့်ခံခဲ့ကြပြီး အဆောက်အဦးပုံစံငယ်နှင့်တကွ အဆောက်အဦးတွင်းရှိ ဖွဲ့စည်းတည်ဆောက်ပုံတွေ ရရှနိုင်တဲ့ ဝန်ဆောင်မှုအမျိုးအစားတွေကို လိုက်လံပြသခဲ့ကြသည်။
လူကြီးတွေကတော့ ဒုတိယအလွှာမှာရှိနေတဲ့ အရေးကြီးဧည့်သည်တွေအတွက် သီးသန့်ပြုလုပ်ထားတဲ့ နားနေဆောင်မှာအနားယူရင်း မျက်နှာချင်းမှာရှိတဲ့ဟောခန်းထဲမှာခင်းကျင်းထားတဲ့ ပင်လယ်စာ ဘူဖေးကိုနေ့လည်စာအဖြစ်သုံးဆောင်ကြသည်။
လူငယ်တွေကတော့ အပေါ်ဆုံးလွှာမှာရှိတဲ့ ရေကူးကန်မှာ ဓါတ်ပုံရိုက်သူကရိုက် ရေကူးကန်ကြီးရဲ့အလယ်မှာ အလှဆင်ထည့်သွင်းပြင်ဆင်ထားတဲ့ အဆင့်မြင့်ဘားမှာထိုင်ပြီး ဝိုင်လေးသောက်လိုက် ကော့တေးလေးသောက်လိုက်လုပ်နေကြသည်။
ကမ္ဘာညိမ်းကတော့ ဒုတိယအလွှာမှာရှိနေပြီး မျက်နှာသိ စီးပွားရေး လုပ်ရှင်တစ်ချို့နဲ့ စကားလက်ဆုံကြနေခဲ့သည်။
အားလုံးနဲ့ လုပ်ငန်းအကြောင်းတွေပြောပြီးနောက် နှုတ်ဆက်ကာ လူစုခွဲလိုက်ကြပေမယ့်
ကမ္ဘာညိမ်းက ရန်ကုန်က ပို့ကုန်လုပ်ငန်းဈေးကွက်မှာ ဦးဆောင်နေတဲ့ လုပ်ငန်းရှင် ဒေါ်ဖြူတင့်လွင်နဲ့ ဆက်ပြီးစကားပြောနေတာကြောင့် အိတိုလေးနဲ့ ကောင်းမြတ်လွန်းတို့နှစ်ယောက် ဘူဖေးစားတဲ့နေရာမှာ ယောင်လည်လည်နဲ့ ဟိုလျှောက်ဒီလျှောက် လျှောက်နေကြသည်။
"သား ကမ္ဘာညိမ်းရဲ့ လက်တွဲဖော်က တော်တော်လေးကို ယဉ်တယ်နော်။ ဒီနေ့ပွဲမှာ သူမလေးက အထင်ရှားဆုံးပဲ။"
"ကျွန်တော်လည်းထင်ပါတယ်။"
ကောင်းမြတ်လွန်းက ဒီနေ့မှာ ကမ္ဘာညိမ်းဆင်ပေးထားတဲ့ အဖြူရောင် ဂါဝန်လေး ဝတ်ထားတာမို့ ကာလာရောင်စုံ ပြိုးပြိုးပြက်ပြက် တွေဝတ်စားဆင်ယင်လာတဲ့ အမျိုးသမီများကြားထဲမှာ ရိုးရှင်းစွာနဲ့ပဲ ထင်းလင်းနေခဲ့ခြင်းဖြစ်သည်။
"ဒါနဲ့ဘယ်တော့ ဖိတ်စာကမ်းမှာလဲ မြန်လေကောင်းလေပဲနော် လူပျိုကြီးကို အိမ်ထောင်အမြန်ကျစေချင်နေပြီ"
"ကျွန်တော်ကတော့ မြန်ချင်တာပေါ့ဗျာ သူကစဉ်းစားနေတုန်းပဲ"
"ဘာလို့လဲ မဟုတ်မှလွဲကော သူ့ကိုမရှင်းပြရသေးဘူးလား"
ကမ္ဘာညိမ်း ပြုံးပြရုံသာတက်နိုင်သည်။
မရေရာမသေချာတဲ့ အခြေအနေတစ်ခုမှာ သူ့ဘက်က အတိအကျပြောပြလို့ရတာမျိုးလည်းမဟုတ်တာကြောင့် သူ့အတွက် သင့်တော်တဲ့ အဖြေကမရှိ။
"အယ် ... သူလေး သန့်စင်ခန်းမှားဝင်သွားပြီ ထင်တယ်"
ကမ္ဘာညိမ်းတို့က လူနည်းနည်းရှင်းတဲ့နေရာမှာစကားပြောနေတာကြောင့် သူတို့ရပ်နေတဲ့ နေရာကနေကြည့်ရင် မျက်စောင်းထိုးနေရာမှာရှိနေတဲ့ သန့်စင်ခန်းကိုလှမ်းမြင်နေရသည်။
ဒေါ်ဖြူတင့်လွင် အပြောကြောင့် သန့်စင်ခန်းဆီအကြည့်ရောက်သွားတော့ အိတိုလေးကို ချီပြီး အမျိုးသားသုံးသန့်စင်ခန်းထဲဝင်သွားတဲ့ ကောင်းမြတ်လွန်းကို တွေ့လိုက်ရသည်။
"ကြည့်ရတာ အိတိုလေးကို လိုက်ပို့ပေးတာဖြစ်မယ်။ မြတ်က အဲ့လိုပဲ သားလေးအတွက်ဆို သူက ဘာကိုမှ သိပ်သတိမထားမိ တက်တော့ဘူး။ ကျွန်တော် လိုက်သွားလိုက်ဦးမယ်ဗျ"
ကမ္ဘာညိမ်းက သင့်တော်လောက်မည့် ဖြေရှင်းချက်ပေးပြီးနောက် အိတိုလေးတို့ဆီသို့ပြေးသွားလိုက်သည်။
ကျန်ခဲ့တဲ့ အမျိုးသမီးကြီးမှာတော့ "မြတ်" ဆိုတဲ့ကလေးမလေးက တကယ်ကို မိခင်စိတ် ပြည့်ဝတာပဲ ... အဲ့တာကြောင့်လည်း လူပျိုကြီး ချက်ချင်းကို ကြွေဆင်းသွားတာ ဖြစ်မယ်လို့ တွေးမိပြီး ပြုံးမိသွားသည်။
သို့သော် အဲ့ဒီအပြုံးတွေက ရုတ်ချည်းဆိုသလို ပျောက်ကွယ်သွားခဲ့ရသည်။
အကြောင်းမှာကာ ...
"အန်တီနေကောင်းတယ်နော် ...."
ရင်နှီးဖော်ရွေစွာနဲ့လာရောက်နှုတ်ဆက်တဲ့ အသံလေးက ချိုသာလှသော်လည်း ဒေါ်ဖြူတင့်လွင် ဆိုတဲ့ အမျိုးသမီးကြီးကတော့ နားကလော်ပစ်ချင်နေပြီဖြစ်သည်။
ဖခင်ရဲ့ စီးပွားရေးအရှိန်အဝါတွေကြောင့် မောက်မာလွန်းပြီး ထက်မြတ်တဲ့ အလျှောက်လည်း စီးပွားရေးလောကမှာ ရက်စက်သွေးအေးတက်တဲ့ သူမကို စီပွားရေးသဘောအရ သူမအဖေနဲ့မကင်းရာမကင်းကြောင်းမို့ မကောင်းတက်လို့ ဆက်ဆံပေးနေရပေမယ့် လုံးဝကို စိတ်ထဲမတွေ့။
အခုလည်း သူမက သူ့ကို တရိုတသေနှုတ်ဆက်လာတာက စီးပွားရေးလောကမှာ နာမည်ရှိ လုပ်ငန်းရှင်တစ်ဦး ဖြစ်နေလို့သာဖြစ်သည်။
"ကောင်းပါတယ်။ ဖွင့်ပွဲအတွက် ဂုဏ်ယူပါတယ်နော် သမီး"
"ဟုတ်ကဲ့ ကျေးဇူးပါရှင့်။ ဒါနဲ့ အန်တီ ကမ္ဘာညိမ်းကို နည်းနည်းပါးပါးဝိုင်းပြောပေးပါဦး"
"ဘာများလဲ"
"သူခေါ်လာတဲ့ ကောင်မလေးကိုကြည့်ပါဦး ရိုးရိုးအအ ထုံထုံထိုင်းထိုင်း ပုံစံကြီးနဲ့။ ပြီးတော့ အလုပ်အကိုင်ကိုလည်း ရေရေရာရာမပြောပြနိုင်ဘူး။ ကမ္ဘာညိမ်းလိုလူအတွက် ထက်မြတ်တဲ့ မိန်းကလေးမျိုးကမှ သင့်တော်တာအန်တီရဲ့။ ကမ္ဘာညိမ်းက သူ့မိသားစု စကားကို နားမထောင်ပေမယ့် အန်တီ့ကိုတော့လေးစားချစ်ခင်တယ် မဟုတ်လား။ နည်းနည်းပါးပါး နားချကြည့်ပါဦး။"
"အန်တီ့အမြင်ပြောရရင်တော့ သားကမ္ဘာညိမ်းအတွက် ထက်မြတ်တဲ့ မိန်းကလေးထက် ရိုးသားပြီး ကြင်နာတက်တဲ့မိန်းက ပိုသင့်တော်မယ်လိုထင်တာပဲ။ အထူးသဖြင့် မြေးလေး ဝအိတိုလေးကို နွေးနွေးထွေးထွေး ဂရုစိုက်ပေးမယ့်သူမျိုးပေါ့။ အန်တီတော့ဖြင့် အဲ့ကလေးမလေးကို တော်တော်သဘောကျနေတာပါပဲကွယ်။ အိမ်က သားတွေအတွက်လည်း အဲ့လို မိန်းကလေး တစ်ယောက်လောက် လိုချင်မိသား။ သားကမ္ဘာညိမ်းက အရွေးတော်ပါတယ်ကွယ်။"
နှစ်လိုအားရဖွယ် ချီးမွမ်းခန်းဖွင့်နေမှုကြီးကို နားကန့်လန့်ဖြစ်နေတဲ့ ဇင်မိုးမြင့်ဆိုတဲ့ အမျိုးသမီးခင်ဗျာ ဟန်မဆောင်နိုင်အောင်ပင်မျက်နှာပျက်သွားတော့သည်။
ဒေါ်ဖြူတင့်လွင်ကတော့ မချိပြုံးလေးပြုံးပြနေတဲ့ ဇင်မိုးမြင့်ကို နှစ်လိုဖွယ် အပြုံးလေးနဲ့ ပြုံးပြရင်း နေရာနေထွက်ခွာသွားခဲ့လေသည်။
"တောက်(စ်) အဘွားကြီး အသက်ကြီးလို့မျက်စိပါမွဲနေတာဖြစ်ရတယ်"
တက်တစ်ခေါက်ခေါက်နဲ့ အံကြိတ်နေတဲ့ သူငယ်ချင်းဖြစ်သူကြောင့်
"ဒေါ်ဇင်ဇင် ဘာတွေဖြစ်နေတာလဲ"
"ဘာဖြစ်ရမှာလဲ ကမ္ဘာညိမ်းဆိုတဲ့လူက ငါ့လိုထက်မြတ်တဲ့မိန်းမကို ငြင်းပြီး တွဲလိုက်တဲ့မိန်းမက တကယ့် ပိန်းဉတိုက်ဂေါကြီးလေ။ ဟက် ... အဲ့တာကိုများ ရိုးသားတာလေး ဘာလေးနဲ့ "အ" ချင်ယောင်ဆောင်ပြီး ခြူစားနေတဲ့ဟာကို အထင်ကြီးနေကြတယ်။"
"ဪ ကမ္ဘာညိမ်း သည်းသည်းလှုပ်နေတဲ့ အချစ်လေးဆိုတဲ့တစ်ယောက်ကိုပြောတာလား။"
"သူမဟုတ်လို့ ဘယ်သူဖြစ်ရမလဲ။"
"သူကတကယ်လည်း အဖြူထည်ပုံစံလေးပါ။ ပြီးတော့ ကလေးကိုလည်းဂရုစိုက်တယ်။ ဟော့ဟော့ရမ်းရမ်းလည်းမရှိဘူး။ ဒါပေမယ့် နင့်လိုထက်မြတ်တဲ့ မိန်းမနဲ့တော့ ဘယ်ယှဉ်လို့ရပါ့မလဲ။ အယ် ... တစ်ခုတော့ရှိတယ်။"
"ဘာလဲ...။"
"နင်လုံးဝမလုပ်နိုင်တဲ့ အလုပ်တစ်ခုကို သူလုပ်နိုင်တယ်"
"ဘာ ... နင် ဟာသတွေလာပြောနေတာလား"
"နင် အိတိုလေးကို သူလို ဂရုစိုက်ပေး ကြင်နာပေးနိုင်မှာမဟုတ်ဘူး"
"ငါက အဲ့မွေးစားသားကိုပါ ထည့်စဉ်းစားပေးနေရမှာလား။ သွားစမ်းပါ ...။ ငါဆိုတဲ့မိန်းမကလွယ်လွယ်နဲ့ အလျှော့ပေးတက်တာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးကျရင်တော့ ကမ္ဘာညိမ်းဆိုတဲ့လူကို ငါပဲပိုင်ရမှာပဲ။"
"နင်သူ့ကိုချစ်လို့လား"
"ငါ့အတွက် သူက အလိုက်ဖက်ဆုံးနဲ့ အသင့်တော်ဆုံပဲ။ ရှင်းရှင်းပြောရရင် သူ့လိုယောက်ျားမျိုးကပဲ ငါနဲ့တန်သလို သူနဲ့တန်တဲ့ မိန်းမကလည်းငါတစ်ယောက်ပဲရှိတယ်။ အချစ်ကတော့ ငါလည်းသေချာမသိဘူး"
"အေးပါ ငါစိတ်ဝင်တစားနဲ့စောင့်ကြည့်နေပါမယ်"
တစ်ဖက်မှာတော့ ...
"ဟေ့ ....."
"အယ် အစ်ကိုလည်း သန့်စင်ခန်းဝင်မလို့လား"
ကောင်းမြတ်လွန်းက အိတိုလေးကို ရှူရှူးတည်ပေးနေရင်း သန့်စင်ခန်းထဲသို့ ခပ်သုတ်သုတ်ပြေးဝင်လားတဲ့ ကမ္ဘာညိမ်းကို လှမ်းမေးလိုက်သည်။
"ဂါဝန်နဲ့မိန်းမလှလေးတစ်ယောက်က အမျိုးသားသန့်စင်ခန်းထဲ ဝင်လာရလား တော်သေးတယ် လူမရှိလို့"
"ဆောရီး ... ကျွန်တော် အကျင့်ဖြစ်နေလို့မေ့သွားတာ။ ပြီးတော့ အိတိုလေးကလည်း အလျှင်လိုနေလို့ ကျွန်တော်အခုပဲထွက်သွားလိုက်မယ်။"
အိတိုလေးကို ဘောင်းဘီပြန်ဝတ်ပေးပြီး ဂါဝန်လေးမကာ ဟိုကြည့်သည်ကြည့်လုပ်ရင်း ပြေးထွက်သွားရှာတဲ့ ကောင်းမြတ်လွန်း။
ကမ္ဘာညိမ်းမှာ ကောင်းမြတ်လွန်းပုံစံလေးကို နောက်ကနေလှမ်း ကြည့်ရင်း အသည်းကလည်းယား သနားလည်းသနားမိသွားသည်။
ကမ္ဘာညိမ်းတစ်ယောက် အိတိုလေးကိုချီပြီး သန့်စင်ခန်းထဲက ပြန်ထွက်လာတော့ အပြင်မှာလက်လေးပိုက်ပြီးစောင့်နေတဲ့ ကောင်းမြတ်လွန်းကိုတွေ့လိုက်ရသည်။
အိတိုလေးက ချက်ချင်းကို ကမ္ဘာညိမ်းကိုယ်ပေါ်က ဆင်းပြီး ကောင်းမြတ်လွန်းအနားသွားကပ်သည်။
"မာမား ... အိတိုလေးလက်ကို တွဲထားနော်"
ကောင်းမြတ်လွန်း သည် အလိုက်သိလွန်းသည့် အိတိုလေးကို ပြုံးပြရင်း လက်သေးသေးလေးတစ်ဖက်ကို အားကိုတစ်ကြီးဆုပ်ကိုင်ထားလိုက်သည်။
"dad ... အိတိုလေးတို့ အခန်းထဲပြန်လို့မရဘူးလား"
"ဘာလို့လဲ ပျင်းနေပြီလား"
"မဟုတ်ပါဘူး မာမားခြေထောက်နာနေလို့ ပြန်ကြမယ်နော်"
ကမ္ဘာညိမ်းက အိတိုလေးစကားဆုံးတာနဲ့ ကောင်းမြတ်လွန်းရှေ့မှာ မုဆိုးဒူးထောက်ထိုင်ချလိုက်သည်။
"ဘာ ... ဘာလုပ်မလို့လဲ။ ကျွန်တော်အဆင်ပြေတယ်။"
"ဘယ် ဘက်ခြေထောက်လဲ"
ကမ္ဘာညိမ်းက ကောင်းမြတ်လွန်းပြောတာကို နားမဝင်ပဲ ဒေါက်ဖိနပ်လှလှလေးစီးထားတဲ့ ခြေထောင်နှစ်ဖက်ကိုသာ စိုက်ကြည့်နေရင်းမေးလိုက်သည်။
" နှစ်ဖက်လုံးပဲ dad ..."
အိတိုလေးဆီက အဖြေကြားတာနဲ့ ကမ္ဘာညိမ်းက ကောင်းမြတ်လွန်းခြေချင်းဝတ်ကိုကိုင်ပြီး ဖိနပ်ကို အသာအယာချွတ်ယူသည်။
"အစ်ကို လူတွေကြည့်နေပြီ မသင့်တော်ပါဘူး။"
"တောင်ပန်ပါတယ်။ ကိုယ်မစဉ်းစားလိုက်မိဘူး။"
ပြောချင်ရာကိုသာပြောပြီး ဖိနပ်နှစ်ဖက်လုံးကိုချွတ်လိုက်တဲ့ ကမ္ဘာညိမ်း။
ဖြူအုနေတဲ့ ခြေထောက်ပေါ်က အကြည်ရောင် အရည်ကြည်ဖုလေးတွေနဲ့ နီနီရဲရဲ ဖိနပ်ရာတွေကို မြင်လိုက်ရတော့ ကမ္ဘာညိမ်းတော်တော်စိတ်မကောင်းဖြစ်သွားရသည်။
ဈေးကြီးပေးပြီ အကောင်းဆုံးတံဆိပ်ကို ရွေးဝယ်ပေးထားတာမို့ အဆင်ပြေမှာပါဆိုပြီး ပေါ့ပေါ့လေးတွေးလိုက်မိတာက ကောင်းမြတ်လွန်းက ယောက်ျားလေးတစ်ယောက်ဖြစ်တဲ့ အပြင် ပထမဆုံးဝတ်ရမည့်အတွေ့အကြုံဖြစ်တာကို သတိထားဖို့ မေ့လျော့သွားခဲ့စေသည်။
"မာမား ...."
ငုတ်တုတ်လေးထိုင်ချကာ ကောင်းမြတ်လွန်းရဲ့ခြေထောက်ကိုကြည့်နေတဲ့ အိတိုလေးခင်ဗျာ ချက်ချင်းကိုပဲ မျက်ရည်ကြည်တွေဝဲတက်လာပြီး
"အရမ်းနာနေလားဟင် ... ဉုံဖွနော် နောက်ဆို မာမားကို အဲ့လိုတွေ မဝတ်ခိုင်းတော့ပါဘူး ဟင့် ...."
ရုတ်တရက်ကြီး ဝမ်းနည်းတကြီး ထငိုလိုက်တဲ့ အိတိုလေးကြောင့် မလှမ်းမကမ်းကနေ ငေးကြည့်နေတဲ့ လူသုံးလေးယောက်ကနေ တဖြည်းဖြည်းနဲ့ လူတွေများလာတော့သည်။
"မာမား မနာတော့ဘူး။ တကယ် မနားဘူး။ တိတ်တော့ မငိုနဲ့တော့ အိတိုလေးက လိမ္မာတယ်။"
ကောင်းမြတ်လွန်းသည် ကမ္ဘာညိမ်းလက်ထဲရောက်နေတဲ့ သူ့ခြေချင်းဝတ်လေးကို ရုန်းလိုက်ပြီး အိတိုလေးကို ကောက်ချီကာချော့တော့သည်။
အိတိုလေးမှာ အဲ့ကြမှာ ပိုတိုးလို့ငိုတော့သည်။
"မာမား ... အိုတိုလေးကို ... မချီပါနဲ့ ... မာမားနာနေတယ်လေ"
"မနာဘူး။ တကယ်ပြောတာ။ အိတိုလေး ဉုံဖွ လုပ်ပေးလိုက်လို့မနာတော့ဘူး။"
ကောင်းမြတ်လွန်းက ခြေဗလာနဲ့ အိတိုလေး အငိုတိတ်အောင်ချော့ပေးနေသည်။
အနားကလူတစ်ချို့ကလည်း ကလေးက အမေကို ချစ်လွန်းတဲ့ပုံစံကြည့်ပြီး ကောင်းမြတ်လွန်းကို အမေအရင်းလို့ပင်ထင်နေကြသည်။
"ကောင်မလေးက ငယ်ငယ်ရွယ်ရွယ်လေးမို့ ကလေးကို ဂရူမစိုက်နိုင်လောက်ဘူးထင်တာ။ ကလေးက သူ့အမေကိုတော်တော်လေးချစ်တာပဲ ကြည့်ရတာ ကောင်မလေးက ကလေးကို တော်တော်လေးဂရူစိုက်ပြီးချစ်ပေးခဲ့တယ်ထင်တယ်။"
"ကောင်မလေးက တော်ရှာပါတယ်။ ကလေးကို တော်တော်လေးဂရုစိုက်ချစ်ပေးရှာတယ်။ ကလေးကလည်းတစ်ချိန်လုံး ကောင်မလေးနားပဲကပ်နေတာလေ။ ဒါတောင် သားအရင်းမဟုတ်ဘူးနော်။"
"ဘယ်လို ..."
"အဲ့တာ ဦးကမ္ဘာညိမ်းရဲ့သား။ ဦးကမ္ဘာညိမ်းက single father လေ။ ကလေးအမေကဘယ်သူလဲဆိုတာတော့ ဘယ်သူမှမသိကြ မမြင်ဖူးကြဘူး။ အခု ဒီကောင်မလေးက ဦးကမ္ဘာညိမ်းရဲ့ ချစ်သူ။ မင်္ဂလာတောင် မဆောင်ရသေးဘူး။ ဒါပေမယ့် အခုလိုပွဲထုတ်လာတာကို ကြည့်ရင်တော့ မင်္ဂလာသတင်းက အနှေးနဲ့ အမြန်ကြားရတော့မှာသေချာတယ်။"
ဘေးနားကနေ တီးတိုးပြောနေတဲ့ အမျိုးသမီးနှစ်ယောက်ကိုကြည်ပြီး ဇင်မိုးမြင့်ဆိုတဲ့တစ်ယောက် နှာမှုတ်ကာ မျက်စောင်းတခဲခဲဖြစ်နေသည်။
အဲ့ဒီအချိန်မှာပဲ အားလုံးဆီက ရုတ်ရုတ်သဲသဲအသံတွေထွက်လာလို့ ကမ္ဘာညိမ်းတို့ဘက်လှမ်းကြည့်လိုက်တဲ့အချိန်မှာပဲ သူမမျက်လုံးအပြူးသားနဲ့ သွေးတက်မလိုတောင်ဖြစ်သွားရတယ်။
ကမ္ဘာညိမ်းက သူ့ချစ်သူကောင်မလေးကို သတိုးသမီးပွေ့သည့်ပုံစံအတိုင်းပွေ့ချီကာ ဒေါက်ဖိနစ်နှစ်ရံကိုလည်း ရှူးဖိနပ်ထိပ်နဲ့ ဒေါသတကြီး ပစ်ကန်လိုက်သည်။
ထို့နောက် လူအုပ်ကြားထဲက တိုးထွက်သွားခဲ့သည်။
"အစ်ကိုက ဗျာ ... ရှက်စရာကြီး လူတွေကြည့်ကုန်ကြပြီ"
"ဘာကိုရှက်ရမှာ ကိုယ့်ချစ်သူကို ကိုယ်ချီတာ ဘယ်သူ့ဂရုစိုက်နေရမှာလဲ"
"အစ်ကိုက တကယ်ပါပဲ ဗျာ... "
ရင်ခွင်ထဲပါလာတဲ့ အိတိုလေးကို တင်းတင်းဖက်လို့ ကမ္ဘာညိမ်းရင်ခွင်ထဲ ခေါင်းဝှက်လိုက်တဲ့ ကောင်းမြတ်လွန်းက တကယ်ကို မျက်နှာမဖော်ရဲအောင်ရှက်နေခဲ့သည်။
အခန်းထဲပြန်ရောက်တဲ့အချိန် ကောင်းမြတ်လွန်းခြေထောက်ကို ဆေးထည့်ပေးနေတဲ့ ကမ္ဘာညိမ်းက အသက်ရှုသံပြင်းပြင်းနဲ့ ဒေါသထွက်နေပုံရသည်။
"အစ်ကို ဒေါသထွက်နေတာလား"
"အင်း ..."
"ဘာလို့လဲ ..."
"သိစရာမလိုဘူး ..."
စကားကို ခပ်ပြတ်ပြတ်ပြောကာ မတ်တက်ရပ်လိုက်တဲ့ ကမ္ဘာညိမ်းကိုကြည့်ရင်း ကောင်းမြတ်လွန်းစိတ်ထဲတစ်မျိုးဖြစ်သွားသည်။
" ကျွန်တော်က အစ်ကိုမျက်နှာနဲ့ ဒီကိုရောက်လာခဲ့တာ အစ်ကိုက အဲ့လိုဖြစ်နေရင် ကျွန်တော် ဘယ်လိုနေရမလဲ"
"ဟေ့ ... ကိုယ်ဒေါသထွက်နေတာ မင်းကိုမဟုတ်ဘူးနော် မဟုတ်တာတွေမတွေးနဲ့ ဟိုဖိနပ်စုတ်ကို ဒေါသထွက်နေတာ ကိုယ့်ကိုယ်ကိုဒေါသထွက်နေတာ"
"ဘာဆိုင်လို့လဲ"
"ဆိုင်တာပေါ့ ကိုယ့်ဖိအားပေးလို့ မင်းနဲ့ မသင့်တော်တာတွေဝတ်ပြီး အခုလို အနာတရဖြစ်သွားရလေ ပြီးတော့ ဟိုဖိနပ်စုတ် အဲ့ဖိနစ်စုတ်ကိုလည်း မီးရှို့ပစ်ရယ် ဟုတ်တယ် ..."
"နေပါဦး အခု ဘယ်သွားမလို့လဲ"
"ဖိနပ်ကို မီးသွားပြန်ရှို့မလို့"
( တော်တော်မှ ခါးသွားရဲ့လား 😜 😁 မရှင်းမရှင်းဖြစ်နေတဲ့ အကြောင်းလေးတွေရှိရင် ခဏသည်းခံပေးနော် နောက်ပိုင်းတွေကျရှင်းသွားလိမ့်မယ် ရှေ့ပိုင်းမှာ အရိပ်အမြွက်တော့ပြခဲ့တာပဲ သတိထားမိတဲ့သူတွေလည်း သတိထားမိမှာပါ။)