အိတို
အိတို (၀၁)
အိတို (၀၂)
အိတို (၀၃)
အိတို (၀၄)
အိတို (၀၅)
အိတို (၀၆)
အိတို (၀၇)
အိတို (၀၈)
အိတို (၀၉)
အိတို (၁၀)
အိတို (၁၁)
အိတို (၁၂)
အိတို (၁၃)
အိတို (၁၄)
အိတို (၁၅)
အိတို (၁၆)
အိတို (၁၇)
အိတို (၁၈)
အိတို (၁၉)
အိတို (၂၀)
အိတို (၂၁)
အိတို (၂၂)
အိတို (၂၃)
အိတို (၂၄)
အိတို (၂၅)
အိတို (၂၆)
အိတို (၂၇)
အိတို (၂၈)
အိတို (၂၉)
အိတို (၃၀)
အိတို (၃၁)
အိတို (ဇာတ္သိမ္း)
အိတို (၀၂)
အိတို🐻02
Zawgyi

"မာမား"

အိတိုေလး အိပ္ရာက နိုးလာလာခ်င္း ဦးဆုံးေရ႐ြတ္လိုက္တာက အခါတိုင္းလို dad ဆိုတဲ့ စကားလုံးမဟုတ္ပဲ မာမားျဖစ္ေနခဲ့သည္။

မ်က္လုံးေလးမ်ားကို လက္ခုံမိုမို႔ေလးမ်ားနဲ႕ ပြတ္သပ္လိုက္ၿပီး မ်က္လုံးေလးမပြင့္တပြင့္ျဖင့္ ကုန္း႐ုန္းထလာသည္။

ထို႔ေနာက္ ဖင္ေလးကို မနိုင္တနိုင္နဲ႕ တေ႐ြ႕ေ႐ြ႕ ေ႐ြ႕သြားၿပီး ခုတင္ေပၚကေန ေျခေထာက္ႏွစ္ေခ်ာင္းကို အရင္တြဲ လ်ားခ်ၿပီးမွာ ခါးကိုေကာ့ကာဆင္းလိုက္သည္။

ၾကမ္းျပင္နဲ႕ ေျခေထာက္ေလးမ်ားထိသြားသည္ႏွင့္ လုံးတုံးတုံးကိုယ္ေလးကို ဘယ္ယိမ္းညာယိမ္းသည္အထိ တံခါးနားသို႔ေျပးသြားေတာ့သည္။

အိတိုေလးအေၾကာင္းသိတဲ့ ကမာၻညိမ္းက တံခါးကို အေသမပိတ္ထားပဲ အနည္းငယ္ဟေပးထားသည္။

အဲ့တာေၾကာင့္လည္း အိတိုေလးက တံခါးကို အသာလွပ္ၿပီး အျပင္သို႔ထြက္လိုက္သည္။

"dad ..."

အခန္းေရွ႕က စားပြဲခုံမွာ အလုပ္လုပ္ေနတဲ့ သူ႕ဒယ္ဒီကို ျမင္ေတာ့မွာ dad ... လို႔ေခၚကာ ကမာၻညိမ္းအနားသြားၿပီး ေျခေထာက္ကို ဖက္ကာ ေပါင္ေပၚကိုေမးတင္လိုက္သည္။

"dad ... မားမား ... မာမားလွလွ ေတြ႕ခ်င္တယ္"

"အိတို ... အဲ့တာမာမား မဟုတ္ဘူး။ အဲ့တာကိုကို။"

ေတြ႕ခ်င္တဲ့သူကို မေတြ႕ရတာေကာ အိပ္ရာနိုးကာစမို႔ပါ အီခ်င္ေနတဲ့ အိတိုေလးက မ်က္ႏွာေလးမဲ့ကာ ငိုခ်င္ေနေလၿပီ။

ကမာၻညိမ္းက အိတိုေလးကို ေပြ႕ခ်ီၿပီးေပါင္ေပၚတင္းလိုက္သည္။

စားပြဲေပၚမွာ အသင့္တင္ထားတဲ့ ပန္ကန္ျပားထဲက အိတိုေလး အႀကိဳက္ဆုံးကြတ္ကီးတစ္ခုကိုယူၿပီးလက္ထဲထည္ေပးလိုက္ေသာ္လည္း အိတိုေလး အလွ်င္အျမန္တြန္းထုတ္လာသည္။

"မာမား ... ဟင့္ ... မာမား ... မာမားကို အိတိုခ်စ္လို႔ မာမား ကိုေခၚေပးပါ"

"အိတို အဲ့မာမားကမလွဘူး အျခားလွတဲ့မာမားတစ္ေယာက္ကိုထပ္ရွာရေအာင္"

ကမာၻညိမ္းက ေျပာေနက်စကားတစ္ခြန္းကို သက္ေသာင့္သက္သာပဲေျပာလိုက္တယ္။ ေရွ႕အေခါက္ေတြတုန္းကလည္း သူအဲ့လိုေျပာလိုက္ရင္ အိတိုေလးက " တကယ္လား ပိုလွတာရွာေပေနာ္" ဆိုၿပီး ကိစၥျပတ္သြားတက္သည္။

"မာမား .. မာမား လွလွပဲလိုခ်င္တာ။ မာမားကိုေတြ႕ခ်င္လို႔ မာမား ... အရမ္းလွတယ္ အိတို မာမားကိုပဲလိုခ်င္တယ္ ဝယ္ေပးပါ။"

လူေတြကို ဝယ္လို႔မရတဲ့ အေၾကာင့္ကို အိတိုကိုရွင္းျပေပးခ်င္ေပမယ့္ အိတိုေလးက သူ႕ကိုစိတ္ရွည္ေတာ့ပုံမရဘူး။ အိတိုေလးရဲ႕ ဝိုင္စက္စက္မ်က္ဝန္းေလးေတြထဲက မ်က္ရည္ၾကည္ဥေလးေတြက ပုလဲပုတီးကုံးကျပတ္က်သြားတဲ့ ပုလဲသီးေလးေတြလို မို႔အိေဖာင္းကားေနတဲ့ ပါးလုံးႀကီးေတြေပၚမွတစ္ဆင့္ တစ္ေပါက္ၿပီးတစ္ေပါက္အလုအယက္ခုန္ဆင္းလာၾကေတာ့သည္။

"မာမား ..."

မာမားလို႔တစ္ခြန္းေခၚၿပီးတိုင္း ရွိုက္ရွိုက္ၿပီးငိုေနတဲ့ကေလးကို ကမာၻညိမ္းဘယ္လိုေခ်ာ့ရမွန္းမသိေတာ့။

ဝအိတိုေလးက ေမြးကတည္း အေနေအးလြန္းၿပီး မ်က္ႏွာခ်ိဳတာေၾကာင့္ ေတာ္႐ုံမငိုတက္။ အိမ္မွာကေလးရွိမွန္းမသိေအာင္ကို အိတိုေလးက တိတ္တိတ္ဆိတ္ဆိတ္နဲ႕ လိမ္လိမ္မာမာေနတက္သည္။

သူ႕အ႐ုပ္ေလးေတြနဲ႕ သူ႕အခန္းထဲမွာသာ တစ္ေယာက္တည္း ေဆာ့ကစားေနတက္တဲ့ကေလးက ေဈးဝယ္ထြက္တဲ့အခါတိုင္းေတာ့ မာမား ဝယ္ေပးလို႔ေတာ့ ပူဆာတက္သည္။

အဲ့တာကလည္း ကမာၻညိမ္းရဲ႕ အစ္ကိုႀကီးမိသားစုအိမ္ကိုေရာက္လာတဲ့ အခ်ိန္ကတည္းက စတင္ခဲ့တဲ့စိတ္အစြဲေလးတစ္ခုပင္။

အစ္ကိုႀကီးရဲ႕ဇနီးက သူ႕ကေလးေလးကိုေခ်ာ့ျမဴေပးေနတာကို ျမင္ၿပီးကတည္းက အိတိုေလးတစ္ေယာက္ သူခ်စ္ရတဲ့ ဒယ္ဒီအျပင္ မာမီတစ္ေယာက္ကိုထပ္လိုခ်င္လာေတာ့သည္။

"မာမား ...."

ဘယ္လိုမွေခ်ာ့မရတဲ့အဆုံး ကမာၻညိမ္းက အျဖဴေရာင္မုသားသုံးဖို႔ ဆုံးျဖတ္လိုက္သည္။

"အိတို မာမားလာမွာ မငိုနဲ႕ေတာ့"

တိခနဲဆိုသလို အငိုတိတ္သြားတဲ့ အိတိုေလးက အေတာ္ၾကာေအာင္ရွိုက္ေနၿပီးကာမွ

"တကယ္လား မာမား... လာမွာလား"

"အခုေတာ့မဟုတ္ေသးဘူး"

အိတိုေလးက သူ႕ေခါင္းေလးကိုေစာင္းၿပီး သူ႕ဒယ္ဒီမ်က္ႏွာကိုေသခ်ာၾကည့္သည္။ ရႈိက္ေနဆဲျဖစ္တာမို႔ ပုခုံးေလးက တုန္တုန္တက္သြားၿပီး ႏႈတ္ခမ္းေလးကလည္း ဂငယ္ပုံစံေလးအတိုင္းတည္ရွိေနသည္။

"ဘယ္ေတာ့မွလဲ အိတိုက မာမားနဲ႕ေတြ႕ခ်င္ေနၿပီ "

ေျပာၿပီးတာနဲ႕ ဝမ္းနည္းသြားပုံရတဲ့ အိတိုေလးက ေနာက္တစ္ေၾကာ့ထပ္ငိုျပန္သည္။

"အိတိုေလးငိုေနရင္ မာမားမလာပဲေနလိမ့္မယ္ မငိုနဲ႕ေတာ့"

ကမာၻညိမ္းက အိတိုေလးမ်က္ရည္ေတြသုတ္ေပးရင္းၿခိမ္းေျခာက္လိုက္ေတာ့မွ အိတိုေလးက သူ႕မ်က္ရည္ေလးေတြကို သူ႕လက္ေတြနဲ႕ကိုယ္တိုင္သုတ္ၿပီး ပါးစပ္ကိုပါ လက္ဖဝါးေလးႏွစ္ဖက္လုံးနဲ႕ ပိတ္လိုက္ၿပီ တိုးတိုးေလးေျပာလာသည္။

"အိတို မငိုေတာ့ဘူးေနာ္ မာမားကို လာခိုင္းလိုက္ေတာ့"

"မာမားက အိတိုဆီကို လာဖို႔လုပ္စရာေတြရွိေသးတယ္။ အဲ့တာေတြလုပ္ၿပီးမွ မာမားက အိတိုဆီကို လာလို႔ရမွာ။ အဲ့တာေၾကာင့္ မာမားမလာခင္ အိတိုေလးက လိမ္လိမ္မာမာေနရမယ္ မငိုရဘူး အိတိုေလးငိုသံၾကားရင္ မာမားက မလာပဲေနလိမ့္မယ္"

"အိတို မငိုေတာ့ဘူး။ မာမားက ဘယ္ေလာက္ၾကာမွ လာမွာလဲ"

ကမာၻညိမ္းက လက္ႏွစ္ေခ်ာင္းေထာင္ျပလိုက္တယ္။ ကမာၻညိမ္းစိတ္ထဲမွာ ႏွစ္ရက္ေလာက္ေနရင္ အိတိုေလးေမ့ေမ့ေပ်ာက္ေပ်ာက္ျဖစ္သြားေလာက္ၿပီဆိုတဲ့ အထင္နဲ႕ေပါ့။

အိတိုေလးက သူ႕ဒယ္ဒီေထာင္ထားတဲ့ လက္ညိဳးနဲ႕ လက္ခလယ္ႏွစ္ေခ်ာင္းထဲက လက္ညိုးေလးကို သူ႕လက္ေလးနဲ႕ဆုပ္ကိုင္ၿပီး ေကြးခ်လိဳက္တယ္။

သေဘာက အိတိုေလး တစ္ရက္ပဲေစာင့္ရင္မရဘူးလားေပါ့။

ကမာၻညိမ္းက ေခါင္းခါျပရင္း လက္သန္းႂကြယ္ေလးကို ထပ္ေထာင္လိုက္တယ္။ အိတိုေလးက လက္ခလယ္ကိုပါထပ္ၿပီးေကြးခ်လိဳက္တယ္။

ကမာၻညိမ္းလည္း လက္ေလွ်ာ့လိုက္ၿပီး

"ဟုတ္ပါၿပီ တစ္ရက္ၿပီးရင္ မာမားနဲ႕ေတြ႕ရမယ္ အခုေလာေလာဆယ္ ညေနစာစားရမယ္"

ကမာၻညိမ္းက အိတိုေလးကို ညစာေသခ်ာေကြၽးေနတယ္။

အိတိုႀကိဳက္တဲ့ အာလူးေလးေတြ ညေနစာမို႔ အစာမေၾကမွာဆိုးတာေၾကာင့္ သိပ္ေတာ့မေကြၽးရဲဘူး။ ဒါေပမယ့္ အိတိုေလးက ခ်စ္စရာေကာင္းေအာင္ တၿမဳံ႕ၿမဳံ႕ဝါးရင္း ပါးစုံးေလးမ်ားကို လွိုင္းလုံးေလးက တက္လိုက္က်လိဳက္ျဖစ္ေနသလို လႈပ္ရွားရင္းစားေနတာကိုျမင္ရေတာ့ ထပ္ထပ္ေကြၽးခ်င္ေနမိတယ္။

"အိတို ... ဒီေန႕ေတြ႕ခဲ့တဲ့ မာမားကို အရမ္းသေဘာက်တာပဲလား"

"မာမားလွလွ ... အိတိုခ်စ္လို႔"

"ဘာလို႔ခ်စ္တာလဲ"

အိတိုေလးက တဖ်က္ဖ်က္တလက္လက္ျဖစ္ေနတဲ့မ်က္ဝန္းေလးေတြနဲ႕ ကမာၻညိမ္းကိုၾကည့္လာၿပီး လက္ေလးကိုျဖန႔္လိုက္ဆုတ္လိုက္လုပ္ကာ ေျပာမယ့္စကားကိုအားယူေနသည္။

"မာမား .... ဆံပင္ေတြ"

အိတိုေလးက သူေလးရဲ႕ဆံပင္ေတြကို ႏွစ္သက္ေနမိတာပဲလို႔ ကမာၻညိမ္းေတြးလိုက္မိတယ္။

သူေလးဆံပင္ေတြက ၾကည့္လိုက္႐ုံနဲ႕ ပိုးသားလိုႏူးညံ့ေနမယ္ဆိုတာေသခ်ာတယ္။ ၿပီးေတာ့ ဆံပင္ေတြက အနက္ေရာင္မဟုတ္ပဲ ပိတုန္းေရာင္လိုေျပာင္လက္ေနတယ္။ ပုခုံေပၚမွာအမွီျပဳၿပီး ခိုနားေနဟန္ရွိတဲ့ ႏြဲ႕ေႏွာင္းၿပီးလွိုင္းတြန္းသဏၭာန္ရွိတဲ့ ဆံႏြယ္ရွည္ေတြက အိတိုေလး သေဘာက်မယ္ဆိုလည္းက်ေလာက္စရာပင္။

"အဲတာပဲလား ..."

အိတိုေလးက ေခါင္းကိုေစာင္းၿပီးထပ္စဥ္းစားဟန္ျပဳတယ္။ ဒါေပမယ့္ အိတိုေလးက ေခါင္းကို အရမ္းႀကီးေစာင္းမထားနိုင္ဘူး သူ႕ပါးလုံးႀကီးေတြက ပုခုံးမွာသြားေထာက္ေနတယ္။

"မာမားလွလွ .. အရမ္းလွတယ္ .. မရီးထက္လွတယ္ .. ပုံျပင္ထဲကထက္ ပိုလွတယ္"

အိတိုေလးက အေၾကာင္းျပခ်က္တစ္ခုခ်င္းဆီကို အသံဆြဲၿပီး နားနားၿပီးမွာ ေသခ်ာစဥ္းစားၿပီးေျဖေပးလာတယ္။

မရီးဆိုတာ ကမာၻညိမ္းက သူ႕အစ္ကိုရဲ႕ ဇနီးကို မရီးလို႔ေခၚေနတာကိုၾကားၿပီး အိတိုေလးက မရီးလို႔မွတ္ထားလိုက္တာျဖစ္တယ္။

ပုံျပင္ထဲကထက္ ပိုလွတယ္ဆိုတာကေတာ့ အိမ္ရာဝင္ပုံျပင္စာအုပ္ထဲက စႏွိုးဝိုက္မင္းသမီး နဲ႕ စင္ဒရဲလားေလးေတြထက္ပိုလွတယ္လို႕ဆိုလိုခ်င္တာပင္။

ကမာၻညိမ္းက အိတိုေလးရဲ႕ အခ်စ္ႀကီးပုံကိုသေဘာက်သြားၿပီး တစ္ခ်က္ရယ္လိုက္တယ္။

"အိတိုေလးကေတာ့ တကယ္ပဲ မာမားကို အရမ္းႀကီးခ်စ္ေနတယ္ထင္ပါတယ္ကြာ ေျပာပါဦး dad ... ကိုေကာခ်စ္ေသးရဲ႕လား"

"မာမားကို ဝယ္ေပးရင္ ခ်စ္မယ္"

"ဟာ .. မာမားကိုမဝယ္ေပးရင္ အိတိုေလးက dad ... ကို မခ်စ္ေတာ့ဘူးေပါ့"

အိတိုေလးက စားေသာက္ၿပီေတာ့ ေခါင္းေလးသြားပုံရတယ္ ေခါင္းေတာင္ မညိတ္ျပေတာ့ပဲ မ်က္ေတာင္ေလးေတြကိုသာ ပုတ္ခတ္ပုတ္ခတ္လုပ္ျပလာတယ္။

"မာမားက ဝယ္လို႔မရဘူး လူေတြကို ဝယ္လို႔မရဘူး အိတိုေလးရဲ႕"

"ဘာျဖစ္လို႔လဲ"

"တစ္ေယာက္ေယာက္က အိတိုေလးကို dad ... ဆီက လာဝယ္ရင္ အိတိုေလးက ေပ်ာ္မွာလား လိုက္သြားမွာလား"

"လိုက္ဘူး ေပ်ာ္လည္းမေပ်ာ္ဘူး"

"အဲ့တာေၾကာင့္ မာမားကိုဝယ္လို႔မရဘူး မာမားကိုဝယ္လိုက္ရင္ မာမားမေပ်ာ္႐ႊင္ပဲေနလိမ့္မယ္"

"အိတိုက မာမားရယ္ dad ... ရယ္ တူတူေနခ်င္တာ"

"မိသားစုေတြမွ အတူေနလို႔ရတာ အိတိုေလးရဲ႕"

"အဲ့တာဆို မာမားကို အဲ့လိုျဖစ္ေအာင္လုပ္ေပးလိုက္ပါလား dad ..."

dad ... ဆိုတဲ့နားမွာအသံဆြဲျပီးေျပာလာတဲ့ အိတိုေလးက သနားစရာေကာင္းေအာင္ မ်က္ႏွာေလးကိုလည္းငယ္ထားေသးတယ္။

ေျပာခ်င္တဲ့သေဘာက မာမားကို မိသားစုဝင္ျဖစ္လာေအာင္လုပ္ေပးပါေပါ့။ အိတိုေလးကေတာ့ သူ႕ဒယ္ဒီကို အိမ္စာအႀကီးႀကီးေပးလိုက္ေတာ့တာပဲ။

🐻🐻🐻

"ေကာင္းျမတ္လြန္း မင္းေရေတြခမ္းၿပီထင္တယ္"

ျမင္လိုက္ရတဲ့ မက္ေဆ့က ေကာင္းျမတ္လြန္းကို ပက္လက္လန္လဲက်သြားေစတယ္။

"ဟာ ဒီတစ္ခါလည္း ရႈံးျပန္ျပီကြာ"

(အိတိုေလးကို သေဘာက်ေပးႀကလို႕ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ 💛😍💛)

T.B.C 🐻
10:31PM(Sun)
09.01.2022
G14

အိတို 🐻 02
Unicode

"မာမား"

အိတိုလေး အိပ်ရာက နိုးလာလာချင်း ဦးဆုံးရေရွတ်လိုက်တာက အခါတိုင်းလို dad ဆိုတဲ့ စကားလုံးမဟုတ်ပဲ မာမားဖြစ်နေခဲ့သည်။

မျက်လုံးလေးများကို လက်ခုံမိုမို့လေးများနဲ့ ပွတ်သပ်လိုက်ပြီး မျက်လုံးလေးမပွင့်တပွင့်ဖြင့် ကုန်းရုန်းထလာသည်။

ထို့နောက် ဖင်လေးကို မနိုင်တနိုင်နဲ့ တရွေ့ရွေ့ ရွေ့သွားပြီး ခုတင်ပေါ်ကနေ ခြေထောက်နှစ်ချောင်းကို အရင်တွဲ လျားချပြီးမှာ ခါးကိုကော့ကာဆင်းလိုက်သည်။

ကြမ်းပြင်နဲ့ ခြေထောက်လေးများထိသွားသည်နှင့် လုံးတုံးတုံးကိုယ်လေးကို ဘယ်ယိမ်းညာယိမ်းသည်အထိ တံခါးနားသို့ပြေးသွားတော့သည်။

အိတိုလေးအကြောင်းသိတဲ့ ကမ္ဘာညိမ်းက တံခါးကို အသေမပိတ်ထားပဲ အနည်းငယ်ဟပေးထားသည်။

အဲ့တာကြောင့်လည်း အိတိုလေးက တံခါးကို အသာလှပ်ပြီး အပြင်သို့ထွက်လိုက်သည်။

"dad ..."

အခန်းရှေ့က စားပွဲခုံမှာ အလုပ်လုပ်နေတဲ့ သူ့ဒယ်ဒီကို မြင်တော့မှာ dad ... လို့ခေါ်ကာ ကမ္ဘာညိမ်းအနားသွားပြီး ခြေထောက်ကို ဖက်ကာ ပေါင်ပေါ်ကိုမေးတင်လိုက်သည်။

"dad ... မားမား ... မာမားလှလှ တွေ့ချင်တယ်"

"အိတို ... အဲ့တာမာမား မဟုတ်ဘူး။ အဲ့တာကိုကို။"

တွေ့ချင်တဲ့သူကို မတွေ့ရတာကော အိပ်ရာနိုးကာစမို့ပါ အီချင်နေတဲ့ အိတိုလေးက မျက်နှာလေးမဲ့ကာ ငိုချင်နေလေပြီ။

ကမ္ဘာညိမ်းက အိတိုလေးကို ပွေ့ချီပြီးပေါင်ပေါ်တင်းလိုက်သည်။

စားပွဲပေါ်မှာ အသင့်တင်ထားတဲ့ ပန်ကန်ပြားထဲက အိတိုလေး အကြိုက်ဆုံးကွတ်ကီးတစ်ခုကိုယူပြီးလက်ထဲထည်ပေးလိုက်သော်လည်း အိတိုလေး အလျှင်အမြန်တွန်းထုတ်လာသည်။

"မာမား ... ဟင့် ... မာမား ... မာမားကို အိတိုချစ်လို့ မာမား ကိုခေါ်ပေးပါ"

"အိတို အဲ့မာမားကမလှဘူး အခြားလှတဲ့မာမားတစ်ယောက်ကိုထပ်ရှာရအောင်"

ကမ္ဘာညိမ်းက ပြောနေကျစကားတစ်ခွန်းကို သက်သောင့်သက်သာပဲပြောလိုက်တယ်။ ရှေ့အခေါက်တွေတုန်းကလည်း သူအဲ့လိုပြောလိုက်ရင် အိတိုလေး " တကယ်လား ပိုလှတာရှာပေနော်" ဆိုပြီး ကိစ္စပြတ်သွားတက်သည်။

"မာမား .. မာမား လှလှပဲလိုချင်တာ။ မာမားကိုတွေ့ချင်လို့ မာမား ... အရမ်းလှတယ် အိတို မာမားကိုပဲလိုချင်တယ် ဝယ်ပေးပါ။"

လူတွေကို ဝယ်လို့မရတဲ့ အကြောင့်ကို အိတိုကိုရှင်းပြပေးချင်ပေမယ့် အိတိုလေးက သူ့ကိုစိတ်ရှည်တော့ပုံမရဘူး အိတိုလေးရဲ့ ဝိုင်စက်စက်မျက်ဝန်းလေးတွေထဲက မျက်ရည်ကြည်ဥလေးတွေက ပုလဲပုတီးကုံးကပြတ်ကျသွားတဲ့ ပုလဲသီးလေးတွေလို မို့အိဖောင်းကားနေတဲ့ ပါးလုံးကြီးတွေပေါ်မှတစ်ဆင့် တစ်ပေါက်ပြီးတစ်ပေါက်အလုအယက်ခုန်ဆင်းလာကြတော့သည်။

"မာမား ..."

မာမားလို့တစ်ခွန်းခေါ်ပြီးတိုင်း ရှိုက်ရှိုက်ပြီးငိုနေတဲ့ကလေးကို ကမ္ဘာညိမ်းဘယ်လိုချော့ရမှန်းမသိတော့။

ဝအိတိုလေးက မွေးကတည်း အနေအေးလွန်းပြီး မျက်နှာချိုတာကြောင့် တော်ရုံမငိုတက်။ အိမ်မှာကလေးရှိမှန်းမသိအောင်ကို အိတိုလေးက တိတ်တိတ်ဆိတ်ဆိတ်နဲ့ လိမ်လိမ်မာမာနေတက်သည်။

သူ့အရုပ်လေးတွေနဲ့ သူ့အခန်းထဲမှာသာ တစ်ယောက်တည်း ဆော့ကစားနေတက်တဲ့ကလေးက ဈေးဝယ်ထွက်တဲ့အခါတိုင်းတော့ မာမား ဝယ်ပေးလို့တော့ ပူဆာတက်သည်။

အဲ့တာကလည်း ကမ္ဘာညိမ်းရဲ့ အစ်ကိုကြီးမိသားစုအိမ်ကိုရောက်လာတဲ့ အချိန်ကတည်းက စတင်ခဲ့တဲ့စိတ်အစွဲလေးတစ်ခုပင်။

အစ်ကိုကြီးရဲ့ဇနီးက သူ့ကလေးလေးကိုချော့မြူပေးနေတာကို မြင်ပြီးကတည်းက အိတိုလေးတစ်ယောက် သူချစ်ရတဲ့ ဒယ်ဒီအပြင် မာမီတစ်ယောက်ကိုထပ်လိုချင်လာတော့သည်။

"မာမား ...."

ဘယ်လိုမှချော့မရတဲ့အဆုံး ကမ္ဘာညိမ်းက အဖြူရောင်မုသားသုံးဖို့ ဆုံးဖြတ်လိုက်သည်။

"အိတို မာမားလာမှာ မငိုနဲ့တော့"

တိခနဲဆိုသလို အငိုတိတ်သွားတဲ့ အိတိုလေးက အတော်ကြာအောင်ရှိုက်နေပြီးကာမှ

"တကယ်လား မာမား... လာမှာလား"

"အခုတော့မဟုတ်သေးဘူး"

အိတိုလေးက သူ့ခေါင်းလေးကိုစောင်းပြီး သူ့ဒယ်ဒီမျက်နှာကိုသေချာကြည့်သည်။ ရှိုက်နေဆဲဖြစ်တာမို့ ပုခုံးလေးက တုန်တုန်တက်သွားပြီး နှုတ်ခမ်းလေးကလည်း ဂငယ်ပုံစံလေးအတိုင်းတည်ရှိနေသည်။

"ဘယ်တော့မှလဲ အိတိုက မာမားနဲ့တွေ့ချင်နေပြီ "

ပြောပြီးတာနဲ့ ဝမ်းနည်းသွားပုံရတဲ့ အိတိုလေးက နောက်တစ်ကြော့ထပ်ငိုပြန်သည်။

"အိတိုလေးငိုနေရင် မာမားမလာပဲနေလိမ့်မယ် မငိုနဲ့တော့"

ကမ္ဘာညိမ်းက အိတိုလေးမျက်ရည်တွေသုတ်ပေးရင်းခြိမ်းခြောက်လိုက်တော့မှ အိတိုလေးက သူ့မျက်ရည်လေးတွေကို သူ့လက်တွေနဲ့ကိုယ်တိုင်သုတ်ပြီး ပါးစပ်ကိုပါ လက်ဖဝါးလေးနှစ်ဖက်လုံးနဲ့ ပိတ်လိုက်ပြီ တိုးတိုးလေးပြောလာသည်။

"အိတို မငိုတော့ဘူးနော် မာမားကို လာခိုင်းလိုက်တော့"

"မာမားက အိတိုဆီကို လာဖို့လုပ်စရာတွေရှိသေးတယ်။ အဲ့တာတွေလုပ်ပြီးမှ မာမားက အိတိုဆီကို လာလို့ရမှာ။ အဲ့တာကြောင့် မာမားမလာခင် အိတိုလေးက လိမ်လိမ်မာမာနေရမယ် မငိုရဘူး အိတိုလေးငိုသံကြားရင် မာမားက မလာပဲနေလိမ့်မယ်"

"အိတို မငိုတော့ဘူး။ မာမားက ဘယ်လောက်ကြာမှ လာမှာလဲ"

ကမ္ဘာညိမ်းက လက်နှစ်ချောင်းထောင်ပြလိုက်တယ်။ ကမ္ဘာညိမ်းစိတ်ထဲမှာ နှစ်ရက်လောက်နေရင် အိတိုလေးမေ့မေ့ပျောက်ပျောက်ဖြစ်သွားလောက်ပြီဆိုတဲ့ အထင်နဲ့ပေါ့။

အိတိုလေးက သူ့ဒယ်ဒီထောင်ထားတဲ့ လက်ညိုးနဲ့ လက်ခလယ်နှစ်ချောင်းထဲက လက်ညိုးလေးကို သူ့လက်လေးနဲ့ဆုပ်ကိုင်ပြီး ကွေးချလိုက်တယ်။

သဘောက အိတိုလေး တစ်ရက်ပဲစောင့်ရင်မရဘူးလားပေါ့။

ကမ္ဘာညိမ်းက ခေါင်းခါပြရင်း လက်သန်းကြွယ်လေးကို ထပ်ထောင်လိုက်တယ်။ အိတိုလေးက လက်ခလယ်ကိုပါထပ်ပြီးကွေးချလိုက်တယ်။

ကမ္ဘာညိမ်းလည်း လက်လျှော့လိုက်ပြီး

"ဟုတ်ပါပြီ တစ်ရက်ပြီးရင် မာမားနဲ့တွေ့ရမယ် အခုလောလောဆယ် ညနေစာစားရမယ်"

ကမ္ဘာညိမ်းက အိတိုလေးကို ညစာသေချာကျွေးနေတယ်။

အိတိုကြိုက်တဲ့ အာလူးလေးတွေ ညနေစာမို့ အစာမကြေမှာဆိုးတာကြောင့် သိပ်တော့မကျွေးရဲဘူး။ ဒါပေမယ့် အိတိုလေးက ချစ်စရာကောင်းအောင် တမြုံ့မြုံ့ဝါးရင်း ပါးစုံးလေးများကို လှိုင်းလုံးလေးကတက်လိုက်ကျလိုက်ဖြစ်နေသလို လှုပ်ရှားရင်းစားနေတာကိုမြင်ရတော့ ထပ်ထပ်ကျွေးချင်နေမိတယ်။

"အိတို ... ဒီနေ့တွေ့ခဲ့တဲ့ မာမားကို အရမ်းသဘောကျတာပဲလား"

"မာမားလှလှ ... အိတိုချစ်လို့"

"ဘာလို့ချစ်တာလဲ"

အိတိုလေးက တဖျက်ဖျက်တလက်လက်ဖြစ်နေတဲ့မျက်ဝန်းလေးတွေနဲ့ ကမ္ဘာညိမ်းကိုကြည့်လာပြီး လက်လေးကိုဖြန့်လိုက်ဆုတ်လိုက်လုပ်ကာ ပြောမယ့်စကားကိုအားယူနေသည်။

"မာမား .... ဆံပင်တွေ"

အိတိုလေးက သူလေးရဲ့ဆံပင်တွေကို နှစ်သက်နေမိတာပဲလို့ ကမ္ဘာညိမ်းတွေးလိုက်မိတယ်။

သူလေးဆံပင်တွေက ကြည့်လိုက်ရုံနဲ့ ပိုးသားလိုနူးညံ့နေမယ်ဆိုတာသေချာတယ်။ ပြီးတော့ ဆံပင်တွေက အနက်ရောင်မဟုတ်ပဲ ပိတုန်းရောင်လိုပြောင်လက်နေတယ်။ ပုခုံပေါ်မှာအမှီပြုပြီး ခိုနားနေဟန်ရှိတဲ့ နွဲ့နှောင်းပြီးလှိုင်းတွန်းသဏ္ဌာန်ရှိတဲ့ ဆံနွယ်ရှည်တွေက အိတိုလေး သဘောကျမယ်ဆိုလည်းကျလောက်စရာပင်။

"အဲတာပဲလား ..."

အိတိုလေးက ခေါင်းကိုစောင်းပြီးထပ်စဉ်းစားဟန်ပြုတယ်။ ဒါပေမယ့် အိတိုလေးက ခေါင်းကို အရမ်းကြီးစောင်းမထားနိုင်ဘူး သူ့ပါးလုံးကြီးတွေက ပုခုံးမှာသွားထောက်နေတယ်။

"မာမားလှလှ .. အရမ်းလှတယ် .. မရီးထက်လှတယ် .. ပုံပြင်ထဲကထက် ပိုလှတယ်"

အိတိုလေးက အကြောင်းပြချက်တစ်ခုချင်းဆီကို အသံဆွဲပြီး နားနားပြီးမှာ သေချာစဉ်းစားပြီးဖြေပေးလာတယ်။

မရီးဆိုတာ ကမ္ဘာညိမ်းက သူ့အစ်ကိုရဲ့ ဇနီးကို မရီးလို့ခေါ်နေတာကိုကြားပြီး အိတိုလေးက မရီးလို့မှတ်ထားလိုက်တာဖြစ်တယ်။

ပုံပြင်ထဲကထက် ပိုလှတယ်ဆိုတာကတော့ အိမ်ယာဝင်ပုံပြင်စာအုပ်ထဲက စနှိုးဝိုက်မင်းသမီး နဲ့ စင်ဒရဲလားလေးတွေထက်ပိုလှတယ်လို့ဆိုလိုချင်တာပင်။

ကမ္ဘာညိမ်းက အိတိုလေးရဲ့ အချစ်ကြီးပုံကိုသဘောကျသွားပြီး တစ်ချက်ရယ်လိုက်တယ်။

"အိတိုလေးကတော့ တကယ်ပဲ မာမားကို အရမ်းကြီးချစ်နေတယ်ထင်ပါတယ်ကွာ ပြောပါဦး dad ... ကိုကောချစ်သေးရဲ့လား"

"မာမားကို ဝယ်ပေးရင် ချစ်မယ်"

"ဟာ .. မာမားကိုမဝယ်ပေးရင် အိတိုလေးက dad ... ကို မချစ်တော့ဘူးပေါ့"

အိတိုလေးက စားသောက်ပြီတော့ ခေါင်းလေးသွားပုံရတယ် ခေါင်းတောင် မညိတ်ပြတော့ပဲ မျက်တောင်လေးတွေကိုသာ ပုတ်ခတ်ပုတ်ခတ်လုပ်ပြလာတယ်။

"မာမားက ဝယ်လို့မရဘူး လူတွေကို ဝယ်လို့မရဘူး အိတိုလေးရဲ့"

"ဘာဖြစ်လို့လဲ"

"တစ်ယောက်ယောက်က အိတိုလေးကို dad ... ဆီက လာဝယ်ရင် အိတိုလေးက ပျော်မှာလား လိုက်သွားမှာလား"

"လိုက်ဘူး ပျော်လည်းမပျော်ဘူး"

"အဲ့တာကြောင့် မာမားကိုဝယ်လို့မရဘူး မာမားကိုဝယ်လိုက်ရင် မာမားမပျော်ရွှင်ပဲနေလိမ့်မယ်"

"အိတိုက မာမားရယ် dad ... ရယ် တူတူနေချင်တာ"

"မိသားစုတွေမှ အတူနေလို့ရတာ အိတိုလေးရဲ့"

"အဲ့တာဆို မာမားကို အဲ့လိုဖြစ်အောင်လုပ်ပေးလိုက်ပါလား dad ..."

dad ... ဆိုတဲ့နားမှာအသံဆွဲပြီးပြောလာတဲ့ အိတိုလေးက သနားစရာကောင်းအောင် မျက်နှာလေးကိုလည်းငယ်ထားသေးတယ်။

ပြောချင်တဲ့သဘောက မာမားကို မိသားစုဝင်ဖြစ်လာအောင်လုပ်ပေးပါပေါ့။ အိတိုလေးကတော့ သူ့ဒယ်ဒီကို အိမ်စာအကြီးကြီးပေးလိုက်တော့တာပဲ။

🐻🐻🐻

"ကောင်းမြတ်လွန်း မင်းရေတွေခမ်းပြီထင်တယ်"

မြင်လိုက်ရတဲ့ မက်ဆေ့က ကောင်းမြတ်လွန်းကို ပက်လက်လန်လဲကျသွားစေတယ်။

"ဟာ ဒီတစ်ခါလည်း ရှုံးပြန်ပြီကွာ"

(အိတိုလေးကို သဘောကျပေးကြလို့ ကျေးဇူးအများကြီးတင်ပါတယ် 💛😍💛)

T.B.C 🐻
10:31PM(Sun)
09.01.2022
G14











© G Fourteen,
книга «အိတိုေလးရဲ႕မာမား အိတိုလေးရဲ့မာမား».
အိတို (၀၃)
Коментарі