အိတို
အိတို (၀၁)
အိတို (၀၂)
အိတို (၀၃)
အိတို (၀၄)
အိတို (၀၅)
အိတို (၀၆)
အိတို (၀၇)
အိတို (၀၈)
အိတို (၀၉)
အိတို (၁၀)
အိတို (၁၁)
အိတို (၁၂)
အိတို (၁၃)
အိတို (၁၄)
အိတို (၁၅)
အိတို (၁၆)
အိတို (၁၇)
အိတို (၁၈)
အိတို (၁၉)
အိတို (၂၀)
အိတို (၂၁)
အိတို (၂၂)
အိတို (၂၃)
အိတို (၂၄)
အိတို (၂၅)
အိတို (၂၆)
အိတို (၂၇)
အိတို (၂၈)
အိတို (၂၉)
အိတို (၃၀)
အိတို (၃၁)
အိတို (ဇာတ္သိမ္း)
အိတို (၁၇)
အိတိုေလးရဲ႕မာမား🐻 အခန္း (၁၇)

Zawgyi

"ေဒါက္ ... ေဒါက္ ..."

တံခါးေခါက္သံေႀကာင့္ အေျပးေလးသြားဖြင့္မိေတာ့ အသံုးအေဆာင္ ပစၥည္းေတြသယ္ယူျပီး ကားထည့္ေပးဖို႔အတြက္ အိတ္ေတြလာယူတဲ့ဝန္ထမ္းေတြျဖစ္ေနသည္။

လူႀကီး ခရီးေဆာင္အိတ္က ကမၻာညိမ္းတစ္လံုး ေကာင္းျမတ္လြန္းတစ္လံုးသာျဖစ္ေသာ္လည္း အိတိုေလးအိတ္က သံုးလံုးေတာင္ျဖစ္သည္။

ညေနျပန္ရမွာကိုသိထားတာမို႕ အထုတ္ေတြအိတ္ေတြအားလံုးေသခ်ာ အခန္းေထာင့္မွာစီရီျပီးသားျဖစ္သည္။

ေကာင္းျမတ္လြန္းလည္း အခန္းတံခါးေသခ်ာဖြင့္ အထုတ္ေတြထားတဲ့ေနရာကို လက္ညိဳးညြန္ျပလိုက္သည္။

"အဲ့တာအကုန္ပါပဲ"

"ဟုတ္ကဲ့ ဒါဆို ကြ်န္ေတာ္တို႕ယူသြားလိုက္ပါအံုးမယ္ ခင္ဗ်"

"ေက်းဇူးပါ"

"ဟုတ္ကဲ့ ရပါတယ္ ခင္ဗ်။ အခန္းမအပ္ခင္သာ ပစၥည္းေတြေသခ်ာတစ္ေခါက္ေလာက္စစ္ေပးပါလားဗ်။ က်န္ခဲ့တာမ်ိဳးျဖစ္မွာဆိုးလို႔ပါ။"

"ဟုတ္ကဲ့ပါ"

"ဟုတ္ကဲ့ ေကာင္းမြန္သာယာေသာအျပန္ခရီးေလးျဖစ္ပါေစ။ သြားခြင့္ျပဳပါအံုးဗ်"

ဝန္ေဆာင္မႈေပးတဲ့ ဝန္ထမ္းေကာင္ေလးေတြထြက္သြားေတာ့မွ အိတိုေလးေကာ ကမၻာညိမ္းပါ ေရခ်ိဳးခန္းထဲက ထြက္လာႀကသည္။

"အဆင္ေျပရဲ႕လား"

"ေျပပါတယ္ အစားမ်ားျပီး ျပည့္အင့္ေနတာ"

အိတိုေလးက အစားမ်ားျပီး မအီမသာျဖစ္ေနတာေႀကာင့္ ေအာ့အန္ခ်င္သလိုျဖစ္ျပီး အီေနသည္။

"မာမား ..."

ႏြမ္းနယ္ေနတဲ့ မ်က္ႏွာေလနဲ႔ အိတိုေလးက ေကာင္းျမတ္လြန္းကိုယ္ေပၚမွာပဲ ကပ္ေနခ်င္ပံုရသည္။

"လာ...မာမားခ်ီမယ္"

အလာတုန္းက ပန္းေရာင္ဂါဝန္ေလးကိုပဲျပန္ဝတ္ထားတဲ့ ေကာင္းျမတ္လြန္းက အိတိုေလးကိုခ်ီျပီး ေက်ာကိုသပ္ေပးေနသည္။

အိတိုေလးက ေကာင္းျမတ္လြန္းပုခံုးေပၚမွီျပီ အီေနဆဲျဖစ္သည္။

"ေဆးေသာက္ထားေတာ့ ခဏေနေကာင္းသြားေတာ့မွာ အိတိုေလးက သန္မာတဲ့ဝက္ဝံေပါက္ေလးဆိုေတာ့ မငိုဘူးမဟုတ္လား"

"မငိုဘူး"

ဝက္ဝံေပါက္ေလး အိတိုရဲ႕ အသံေလးက ငိုခ်င္တာကို ေအာင့္အီးသည္းခံထားပံုရတာေႀကာင့္

"မာမားက ပံုျပင္ေျပာျပမယ္နားေထာင္ေနာ္" ဟု အိတိုေလးစိိတ္ေျပာင္းေစရန္အလို႔ငွာေျပာလိုက္သည္။

"ဒါဆို အိတိုေလးတို႔ ေရွ႕ကအရင္သြားႏွင့္ dad ... တံခါးပိတ္ျပီးေနာက္ကလိုက္လာခဲ့မယ္"

ေကာင္းျမတ္လြန္းက အိတိုေလးေက်ာကို ဖြဖြေလးသပ္ေပးရင္း စိတ္ေပ်ာ္ရႊင္ေစမယ့္ ရယ္စရာပံုျပင္ကို အသံေနအထားနဲ႔ေျပာျပေနသည္။

ပံုျပင္ေျပာျပရင္း လမ္းေလ်ွာက္ေနရာက ဓါတ္ေလွကားေရွ႕ေရာက္သြားခဲ့သည္။

ေကာင္းျမတ္လြန္းက ဓါတ္ေလွကားအေရွ႕မွာ ခဏေလာက္ရပ္ေနျပီးေနာက္ ဓါတ္ေလွကားစီျပီး အိတိုေလးပိုျပီး မအီမသာျဖစ္သြားမွာ စိုးရိမ္ျပီး ေလွကားကေနပဲတစ္ထစ္ခ်င္းဆင္းလိုက္ေတာ့သည္။

ကမၻာညိမ္းကေတာ့ အိတိုေလးတို႔ ဓါတ္ေလွကားနဲ႕ ေျမညီထပ္ကို ဆင္းသြားႏွင့္ျပီထင္တာေႀကာင့္ အလ်င္းသင့္စြာပြင့္လာတဲ့ ဓါတ္ေလွကားထဲဝင္လို္က္ေတာ့သည္။

ေျမညီထပ္ေရာက္လို႔ ဓါတ္ေလွကားပြင့္သြားတာနဲ႔ ကမၻာညိမ္းက အျပင္ထြက္လိုက္ျပီး အိတိုေလးတို႕ကိုရွာေတာ့သည္။

ေလွကားထစ္ကေနဆင္းလာေနတဲ့ အိတိုေလးတို႕ကေတာ့ အခုထိေအာက္ထပ္မေရာက္လာေသး။

ဟိုႀကည့္သည္ႀကည့္ျဖင့္ အိတိုေလးတို႕ကိုရွာေဖြေနတဲ့ ကမၻာညိမ္းက သူ႔အနားကို လူတစ္ေယာက္ခ်ည္းကပ္လာတာကိုသတိမထားမိခဲ့။

"ညိမ္း ..."

ညိမ္းလို႔ ပိုင္ဆိုးပိုင္နင္းေခၚတက္သူကတစ္ေယာက္ပဲရွိတာေႀကာင့္ ကမၻာညိမ္းက သူ႔ကိုဘယ္သူေခၚေနတာလဲဆိုတာကို လွည့္မႀကည့္ပဲလည္းသိေနသည္။

"ဘာကိစၥမ်ားရွိလို႕လဲ"

"ညိမ္းက တို႕ကိုဆို သိပ္စိမ္းကားတာပဲ။ တကယ္ဆို တို႔ေတြက ေစ့စပ္ဖို႕အထိေတာင္ရည္ရြယ္ျပီး ရင္းႏွီးခဲ့ဖူးတဲ့သူေတြပါ။ အခုလဲ တို႕က ညိမ္းျပန္ေတာ့မယ္ဆိုလို႔ ႏႈတ္ဆက္စကားလာေျပာတာပါ။"

"သူမ်ားႀကားရင္ အထင္လြဲေနပါအံုးမယ္ဗ်ာ။ ကြ်န္ေတာ္တို႔ရင္းႏွီးတယ္ဆိုတာ အလုပ္သေဘာအရပါ။"

"ဒါက ညိမ္းဘက္ကအေတြးေလ တို႕ဘက္ကေတာ့ ......"

"dad ......"

အိတိုေလးရဲ႕အသံက ကမၻာညိမ္းကို အိပ္မက္ဆိုးကနိုးထခြင့္ေပးလိုက္သလိုပင္။

"အိတို ဘယ္လိုျဖစ္ျပီး ေနာက္က်ေနႀကတာလဲ"

"မာမားက အိတိုေလး ေနမေကာင္းျဖစ္မွာဆိုးလို႕တဲ့ ဓါတ္ေလွကားမစီးပဲ ေလွကားကေနခ်ီျပီးေခၚလာေပးတာ။ ျပီးေတာ့ အိတိုေလးကို ပံုျပင္လည္းေျပာျပေသးတယ္ ... ။ မာမားက ခ်စ္စရာေကာင္းတယ္မဟုတ္လား dad ..."

အိတိုေလးက သူ႔ဒယ္ဒီကို အေႀကာင္းစံုရွင္းျပေနရင္း ႏႈတ္ခမ္းေလးစူကာ ေကာင္းျမတ္လြန္း ႏႈတ္ခမ္းကိုလွမ္းနမ္းလိုက္ေသးသည္။

"ဟုတ္တာေပါ့ မာမားကအရမ္းခ်စ္ဖို႕ေကာင္းတယ္"

ကမၻာညိမ္းကပါ အားက်မခံ အိတိုေလးနဲ႕အျပိဳင္ေကာင္းျမတ္လြန္းပါေလးကို အသာနမ္းရႈိက္လိုက္သည္။

ေကာင္းျမတ္လြန္းကေတာ့ ရွက္လြန္းလို႕မ်က္ႏွာႀကီးရဲတက္လာကာ ကမၻာညိမ္းကိုလည္း အူေႀကာင္ေႀကာင့္ပံုစံေလးနဲ႔ ႀကည့္ေနသည္။

ကမၻာညိမ္းက ေကာင္းျမတ္လြန္းမ်က္ႏွာေလးကိုႀကည့္ကာ ဟန္ပါပါျပံဳးရင္း မ်က္စိတစ္ဖက္မွိတ္ျပလိုက္သည္။

အဲ့ေတာ့မွာ ေကာင္းျမတ္လြန္းက သူ႔ကို ကမၻာညိမ္းဆိုတဲ့လူႀကီး ဟန္ေဆာင္နမ္းလိုက္တာမွန္းသိသြားျပီး ရင္ထဲေပါ့သြားေတာ့သည္။

ဒါေပမဲ့ စိတ္ထဲမွာေတာ့ နည္းနည္းအခ်ဥ္ေပါက္သြားသည္။

ဒီလူႀကီးက ဘယ္လိုပဲ ဟန္ေဆာင္နမ္းတယ္ေျပာေျပာ သူကေတာ့ တကယ္ႀကီးအနမ္းခံရတာမဟုတ္လား။

ေကာင္းျမတ္လြန္းက သူကိုယ္တိုင္ေတာင္သတိမထားမိပဲ ကမၻာညိမ္းကို မေက်မနပ္ပံုစံျဖင့္ မ်က္ေစာင္းထိုးမိလိုက္သည္။

ကမၻာညိမ္းကေတာ့ ေကာင္းျမတ္လြန္းရဲ႕ ေျပာင္းလဲေနတဲ့ မ်က္ႏွာအမူအရာကို လိုက္ႀကည့္ျပီး ျပံဳးပဲျပံဳးေနခဲ့သည္။

"မာမား ... အိတို ရွဴရွဴး ..."

"အိတို ... dad ...ဆီလာ dad လိုက္ပို႕ေပးမယ္"

ေကာင္းျမတ္လြန္းအေနနဲ႕ ေနာက္တစ္ႀကိမ္ထပ္ျပီး အမ်ိဳးသားသန္႕စင္ခန္းထဲဝင္ဖို႕မသင့္ေတာ္တာေႀကာင့္ ကမၻာညိမ္းက အလိုက္တသိဝင္ေျပာလိုက္ခ်င္းျဖစ္သည္။

ထို႔ေနာက္ ကမၻာညိမ္းက အိတိုေလးလက္ကိုဆြဲျပီး အလွမ္းေဝးတဲ့ တစ္ေနရာမွာရွိေနတဲ့ သန္႕စင္ခန္းဘက္သို႔ေလ်ွာက္သြားသည္။

ကမၻာညိမ္းထြက္သြားတာနဲ႔ လက္ပိုက္ရပ္ေနတဲ့ ဇင္မိုးျမင့္ဆိုတဲ့ အမ်ိဳးသမီးက ေကာင္းျမတ္လြန္းအနားေရာက္လာေတာ့သည္။

"အရမ္းေတြႀကိဳးစားေနတာပဲေနာ္။"

ခနဲ႔သလိုေျပာလာတဲ့ စကားမွန္းသိတဲ့ ေကာင္းျမတ္လြန္းက ဘာစကားတစ္ခြန္းမွမတုန္႔ျပန္ပဲ ခပ္ျပံဳးျပံဳးနဲ႕သာျပန္ႀကည့္ေပးလိုက္သည္။

"ကေလးနဲ႕တည့္ေအာင္ေပါင္းျပီး အေဖကို အပိုင္သိမ္းတဲ့အကြက္က မထင္ထားေလာက္ေအာင္ အက်ိဳးသက္ေရာက္မႈရွိသြားတာပဲ"

ဒီတစ္ခါေတာ့ ေကာင္းျမတ္လြန္းတစ္ေယာက္ မ်က္ခံုးႏွစ္ဖက္လံုးပင့္ကာ ပိုျပီး ျပံဳးလိုက္မိသည္။

"ဟက္ ... ဒါေပမယ့္ ရွင္အကြက္ေရြ႕တာမွားသြားတယ္။ ရွင္ အခု ခယေနတဲ့ ကေလးက တကယ္ေတာ့ ဘာမွတန္ဖိုးမရွိတဲ့ကေလးပဲ။"

ဒီတစ္ခါမွာေတာ့ ေကာင္းျမတ္လြန္းအျပံဳးေတြေပ်ာက္ကြယ္သြားရျပီး မ်က္ခံုးမ်ားအလိုလို ႀကံဳ႕လိုက္မိသည္။ အိတိုေလးကို အဲ့လိုအေျပာတာ သူလံုးဝမႀကိဳက္။ အဲ့စကားက ေကာင္းျမတ္လြန္းကို ေဒါသထြက္ေစသည္။

ေကာင္းျမတ္လြန္းရဲ႕ ေျပာင္းလဲသြားတဲ့ မ်က္ႏွာအေနအထားကိုႀကည့္ျပီး စိတ္ထဲႀကိတ္ေက်နပ္သြားတဲ့ ဇင္မိုးျမင့္က ပိုမိုရဲတင္းကာ ေျပာဆိုလာျပန္သည္။

"အေျခအျမစ္မရွိတဲ့ မိဘမဲ့ကေလးတစ္ေယာက္ကို သနားလို႕ ကေလးထိန္းတစ္ေယာက္ရွာလိုက္တဲ့သေဘာပါပဲ။ သိတယ္မဟုတ္လား ညိမ္းက နည္းနည္းေလး ေခါင္းမာျပီး စိတ္ေလာတက္တဲ့အက်င့္ရွိတယ္ေလ။ ဘာပဲျဖစ္ျဖစ္ပါ အခ်ိန္တန္ရင္ သူ႕ေဘးနားမွ ရွိေနနိုင္မယ့္ အမ်ိဳးသမီးက တို႕အထင္ မင္းမဟုတ္နိုင္တာေတာ့ေသခ်ာတယ္။ ဘာလို႕ဆို မင္းကလည္း အဲ့ကေလးလိုပဲ အေျခအျမစ္မရွိတဲ့ သူတစ္ေယာက္ျဖစ္ေနလို႔ပဲ။ ညိမ္းတို႕ မ်ိဳးရိုးက အေျခအျမစ္မရွိတဲ့ သူေတြကို အိမိေထာင္စုစာရင္းထဲ ေပးဝင္ေလ့မရွိဘူး။"

"ေဒၚဇင္မိုးျမင့္က အာေညာင္းခံျပီးဘာလို႔မ်ားေကြ႕ဝိုက္ေျပာေနရတာလဲ။ ဦးကမၻာညိမ္းရဲ႕ မယားငယ္ျဖစ္ခ်င္တယ္လို႔ တည့္ေျပာလည္းရပါတယ္။ အစ္ကိုလာရင္ေမးေပးမယ္ မယားငယ္ထားခ်င္လားလို႕။"

"ဘာ ...... နင္ ေတာ္ေတာ္ အဆင့္အတန္းမရွိပဲ မိုက္ရိုင္းတာပဲ"

"မဟုတ္တာရွင္ ကြ်န္မက သေဘာထားႀကီးႀကီးနဲ႕ ေဒၚဇင္မိုးျမင့္ကို အခြင့္အေရးေပးေနတာ ... ေနရာေပးေနတာပါ။ အစ္ကို လက္ခံမလား ... လက္မခံဘူးလားဆိုတာေတာ့ ကြ်န္မလဲ ေသခ်ာမေျပာတက္ဘူး အစ္ကိုက အသန္႕ႀကိဳက္တက္တယ္ေလ။"

"နင္ ... "

ဇင္မိုးျမင့္ ေဒါသကိုမထိန္းနိုင္ပဲ လက္တစ္ဖက္ကိုေျမွာက္ျပီး ေကာင္းျမတ္လြန္းကိုရိုက္ဖို႕ရြယ္လိုက္သည္။

အဲ့ဒီအခ်ိန္မွာပဲ ကမၻာညိမ္းကျပန္ ေရာက္လာသည္။

"ခ်စ္ ... ဘာျဖစ္ေနတာလဲ"

ကမၻာညိမ္းကိုျမင္တာနဲ႔ ေကာင္းျမတ္လြန္းက ကမၻာညိမ္းအနားသို႕ေျပးကပ္ကာ လက္ေမာင္းကိုဖက္တြယ္လိုက္ျပီး ...

"ခ်စ္တို႔ဘာမွမျဖစ္ပါဘူး အစ္ကိုရဲ႕။ ေဒၚဇင္မိုးျမင့္က ဂ်ိဳင္းမွာ အနာေပါက္ေနတာ။ အဲ့တာ ရုတ္တရက္နာလာလို႔ လက္ေျမွာက္လိုက္တာပါ။ ဟုတ္တယ္ေနာ္ ေဒၚဇင္မိုးျမင့္။"

ေကာင္းျမတ္လြန္းရဲ႕ ေလ်ွာက္တင္သံကို ေဒၚဇင္မိုးျမင့္ ႀကားျပီးခ်ိန္မွာေတာ့ သြားေတြက်ိဳးေႀကသြားေတာ့မတက္ အံကိုႀကိတ္ျပီး တည္တင္းတဲ့ မ်က္ႏွာထားနဲ႕ ေက်ာခိုင္းကာ ထြက္သြားေတာ့သည္။

T.B.C🐻

Thanks😘

11:59PM(Fri)
28.01.2022
G14



အိတိုလေးရဲ့မာမား🐻 အခန်း (၁၇)

Unicode

"ဒေါက် ... ဒေါက် ..."

တံခါးခေါက်သံကြောင့် အပြေးလေးသွားဖွင့်မိတော့ အသုံးအဆောင် ပစ္စည်းတွေသယ်ယူပြီး ကားထည့်ပေးဖို့အတွက် အိတ်တွေလာယူတဲ့ဝန်ထမ်းတွေဖြစ်နေသည်။

လူကြီး ခရီးဆောင်အိတ်က ကမ္ဘာညိမ်းတစ်လုံး ကောင်းမြတ်လွန်းတစ်လုံးသာဖြစ်သော်လည်း အိတိုလေးအိတ်က သုံးလုံးတောင်ဖြစ်သည်။

ညနေပြန်ရမှာကိုသိထားတာမို့ အထုတ်တွေအိတ်တွေအားလုံးသေချာ အခန်းထောင့်မှာစီရီပြီးသားဖြစ်သည်။

ကောင်းမြတ်လွန်းလည်း အခန်းတံခါးသေချာဖွင့် အထုတ်တွေထားတဲ့နေရာကို လက်ညိုးညွန်ပြလိုက်သည်။

"အဲ့တာအကုန်ပါပဲ"

"ဟုတ်ကဲ့ ဒါဆို ကျွန်တော်တို့ယူသွားလိုက်ပါအုံးမယ် ခင်ဗျ"

"ကျေးဇူးပါ"

"ဟုတ်ကဲ့ ရပါတယ် ခင်ဗျ။ အခန်းမအပ်ခင်သာ ပစ္စည်းတွေသေချာတစ်ခေါက်လောက်စစ်ပေးပါလားဗျ။ ကျန်ခဲ့တာမျိုးဖြစ်မှာဆိုးလို့ပါ။"

"ဟုတ်ကဲ့ပါ"

"ဟုတ်ကဲ့ ကောင်းမွန်သာယာသောအပြန်ခရီးလေးဖြစ်ပါစေ။ သွားခွင့်ပြုပါအုံးဗျ"

ဝန်ဆောင်မှုပေးတဲ့ ဝန်ထမ်းကောင်လေးတွေထွက်သွားတော့မှ အိတိုလေးကော ကမ္ဘာညိမ်းပါ ရေချိုးခန်းထဲက ထွက်လာကြသည်။

"အဆင်ပြေရဲ့လား"

"ပြေပါတယ် အစားများပြီး ပြည့်အင့်နေတာ"

အိတိုလေးက အစားများပြီး မအီမသာဖြစ်နေတာကြောင့် အော့အန်ချင်သလိုဖြစ်ပြီး အီနေသည်။

"မာမား ..."

နွမ်းနယ်နေတဲ့ မျက်နှာလေနဲ့ အိတိုလေးက ကောင်းမြတ်လွန်းကိုယ်ပေါ်မှာပဲ ကပ်နေချင်ပုံရသည်။

"လာ...မာမားချီမယ်"

အလာတုန်းက ပန်းရောင်ဂါဝန်လေးကိုပဲပြန်ဝတ်ထားတဲ့ ကောင်းမြတ်လွန်းက အိတိုလေးကိုချီပြီး ကျောကိုသပ်ပေးနေသည်။

အိတိုလေးက ကောင်းမြတ်လွန်းပုခုံးပေါ်မှီပြီ အီနေဆဲဖြစ်သည်။

"ဆေးသောက်ထားတော့ ခဏနေကောင်းသွားတော့မှာ အိတိုလေးက သန်မာတဲ့ဝက်ဝံပေါက်လေးဆိုတော့ မငိုဘူးမဟုတ်လား"

"မငိုဘူး"

ဝက်ဝံပေါက်လေး အိတိုရဲ့ အသံလေးက ငိုချင်တာကို အောင့်အီးသည်းခံထားပုံရတာကြောင့်

"မာမားက ပုံပြင်ပြောပြမယ်နားထောင်နော်" ဟု အိတိုလေးစိတ်ပြောင်းစေရန်အလို့ငှာပြောလိုက်သည်။

"ဒါဆို အိတိုလေးတို့ ရှေ့ကအရင်သွားနှင့် dad ... တံခါးပိတ်ပြီးနောက်ကလိုက်လာခဲ့မယ်"

ကောင်းမြတ်လွန်းက အိတိုလေးကျောကို ဖွဖွလေးသပ်ပေးရင်း စိတ်ပျော်ရွှင်စေမယ့် ရယ်စရာပုံပြင်ကို အသံနေအထားနဲ့ပြောပြနေသည်။

ပုံပြင်ပြောပြရင်း လမ်းလျှောက်နေရာက ဓါတ်လှေကားရှေ့ရောက်သွားခဲ့သည်။

ကောင်းမြတ်လွန်းက ဓါတ်လှေကားအရှေ့မှာ ခဏလောက်ရပ်နေပြီးနောက် ဓါတ်လှေကားစီပြီး အိတိုလေးပိုပြီး မအီမသာဖြစ်သွားမှာ စိုးရိမ်ပြီး လှေကားကနေပဲတစ်ထစ်ချင်းဆင်းလိုက်တော့သည်။

ကမ္ဘာညိမ်းကတော့ အိတိုလေးတို့ ဓါတ်လှေကားနဲ့ မြေညီထပ်ကို ဆင်းသွားနှင့်ပြီထင်တာကြောင့် အလျင်းသင့်စွာပွင့်လာတဲ့ ဓါတ်လှေကားထဲဝင်လိုက်တော့သည်။

မြေညီထပ်ရောက်လို့ ဓါတ်လှေကားပွင့်သွားတာနဲ့ ကမ္ဘာညိမ်းက အပြင်ထွက်လိုက်ပြီး အိတိုလေးတို့ကိုရှာတော့သည်။

လှေကားထစ်ကနေဆင်းလာနေတဲ့ အိတိုလေးတို့ကတော့ အခုထိအောက်ထပ်မရောက်လာသေး။

ဟိုကြည့်သည်ကြည့်ဖြင့် အိတိုလေးတို့ကိုရှာဖွေနေတဲ့ ကမ္ဘာညိမ်းက သူ့အနားကို လူတစ်ယောက်ချည်းကပ်လာတာကိုသတိမထားမိခဲ့။

"ညိမ်း ..."

ညိမ်းလို့ ပိုင်ဆိုးပိုင်နင်းခေါ်တက်သူကတစ်ယောက်ပဲရှိတာကြောင့် ကမ္ဘာညိမ်းက သူ့ကိုဘယ်သူခေါ်နေတာလဲဆိုတာကို လှည့်မကြည့်ပဲလည်းသိနေသည်။

"ဘာကိစ္စများရှိလို့လဲ"

"ညိမ်းက တို့ကိုဆို သိပ်စိမ်းကားတာပဲ။ တကယ်ဆို တို့တွေက စေ့စပ်ဖို့အထိတောင်ရည်ရွယ်ပြီး ရင်းနှီးခဲ့ဖူးတဲ့သူတွေပါ။ အခုလဲ တို့က ညိမ်းပြန်တော့မယ်ဆိုလို့ နှုတ်ဆက်စကားလာပြောတာပါ။"

"သူများကြားရင် အထင်လွဲနေပါအုံးမယ်ဗျာ။ ကျွန်တော်တို့ရင်းနှီးတယ်ဆိုတာ အလုပ်သဘောအရပါ။"

"ဒါက ညိမ်းဘက်ကအတွေးလေ တို့ဘက်ကတော့ ......"

"dad ......"

အိတိုလေးရဲ့အသံက ကမ္ဘာညိမ်းကို အိပ်မက်ဆိုးကနိုးထခွင့်ပေးလိုက်သလိုပင်။

"အိတို ဘယ်လိုဖြစ်ပြီး နောက်ကျနေကြတာလဲ"

"မာမားက အိတိုလေး နေမကောင်းဖြစ်မှာဆိုးလို့တဲ့ ဓါတ်လှေကားမစီးပဲ လှေကားကနေချီပြီးခေါ်လာပေးတာ။ ပြီးတော့ အိတိုလေးကို ပုံပြင်လည်းပြောပြသေးတယ် ... ။ မာမားက ချစ်စရာကောင်းတယ်မဟုတ်လား dad ..."

အိတိုလေးက သူ့ဒယ်ဒီကို အကြောင်းစုံရှင်းပြနေရင်း နှုတ်ခမ်းလေးစူကာ ကောင်းမြတ်လွန်း နှုတ်ခမ်းကိုလှမ်းနမ်းလိုက်သေးသည်။

"ဟုတ်တာပေါ့ မာမားကအရမ်းချစ်ဖို့ကောင်းတယ်"

ကမ္ဘာညိမ်းကပါ အားကျမခံ အိတိုလေးနဲ့အပြိုင်ကောင်းမြတ်လွန်းပါလေးကို အသာနမ်းရှိုက်လိုက်သည်။

ကောင်းမြတ်လွန်းကတော့ ရှက်လွန်းလို့မျက်နှာကြီးရဲတက်လာကာ ကမ္ဘာညိမ်းကိုလည်း အူကြောင်ကြောင့်ပုံစံလေးနဲ့ ကြည့်နေသည်။

ကမ္ဘာညိမ်းက ကောင်းမြတ်လွန်းမျက်နှာလေးကိုကြည့်ကာ ဟန်ပါပါပြုံးရင်း မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။

အဲ့တော့မှာ ကောင်းမြတ်လွန်းက သူ့ကို ကမ္ဘာညိမ်းဆိုတဲ့လူကြီး ဟန်ဆောင်နမ်းလိုက်တာမှန်းသိသွားပြီး ရင်ထဲပေါ့သွားတော့သည်။

ဒါပေမဲ့ စိတ်ထဲမှာတော့ နည်းနည်းအချဉ်ပေါက်သွားသည်။

ဒီလူကြီးက ဘယ်လိုပဲ ဟန်ဆောင်နမ်းတယ်ပြောပြော သူကတော့ တကယ်ကြီးအနမ်းခံရတာမဟုတ်လား။

ကောင်းမြတ်လွန်းက သူကိုယ်တိုင်တောင်သတိမထားမိပဲ ကမ္ဘာညိမ်းကို မကျေမနပ်ပုံစံဖြင့် မျက်စောင်းထိုးမိလိုက်သည်။

ကမ္ဘာညိမ်းကတော့ ကောင်းမြတ်လွန်းရဲ့ ပြောင်းလဲနေတဲ့ မျက်နှာအမူအရာကို လိုက်ကြည့်ပြီး ပြုံးပဲပြုံးနေခဲ့သည်။

"မာမား ... အိတို ရှူရှူး ..."

"အိတို ... dad ...ဆီလာ dad လိုက်ပို့ပေးမယ်"

ကောင်းမြတ်လွန်းအနေနဲ့ နောက်တစ်ကြိမ်ထပ်ပြီး အမျိုးသားသန့်စင်ခန်းထဲဝင်ဖို့မသင့်တော်တာကြောင့် ကမ္ဘာညိမ်းက အလိုက်တသိဝင်ပြောလိုက်ချင်းဖြစ်သည်။

ထို့နောက် ကမ္ဘာညိမ်းက အိတိုလေးလက်ကိုဆွဲပြီး အလှမ်းဝေးတဲ့ တစ်နေရာမှာရှိနေတဲ့ သန့်စင်ခန်းဘက်သို့လျှောက်သွားသည်။

ကမ္ဘာညိမ်းထွက်သွားတာနဲ့ လက်ပိုက်ရပ်နေတဲ့ ဇင်မိုးမြင့်ဆိုတဲ့ အမျိုးသမီးက ကောင်းမြတ်လွန်းအနားရောက်လာတော့သည်။

"အရမ်းတွေကြိုးစားနေတာပဲနော်။"

ခနဲ့သလိုပြောလာတဲ့ စကားမှန်းသိတဲ့ ကောင်းမြတ်လွန်းက ဘာစကားတစ်ခွန်းမှမတုန့်ပြန်ပဲ ခပ်ပြုံးပြုံးနဲ့သာပြန်ကြည့်ပေးလိုက်သည်။

"ကလေးနဲ့တည့်အောင်ပေါင်းပြီး အဖေကို အပိုင်သိမ်းတဲ့အကွက်က မထင်ထားလောက်အောင် အကျိုးသက်ရောက်မှုရှိသွားတာပဲ"

ဒီတစ်ခါတော့ ကောင်းမြတ်လွန်းတစ်ယောက် မျက်ခုံးနှစ်ဖက်လုံးပင့်ကာ ပိုပြီး ပြုံးလိုက်မိသည်။

"ဟက် ... ဒါပေမယ့် ရှင်အကွက်ရွေ့တာမှားသွားတယ်။ ရှင် အခု ခယနေတဲ့ ကလေးက တကယ်တော့ ဘာမှတန်ဖိုးမရှိတဲ့ကလေးပဲ။"

ဒီတစ်ခါမှာတော့ ကောင်းမြတ်လွန်းအပြုံးတွေပျောက်ကွယ်သွားရပြီး မျက်ခုံးများအလိုလို ကြုံ့လိုက်မိသည်။ အိတိုလေးကို အဲ့လိုအပြောတာ သူလုံးဝမကြိုက်။ အဲ့စကားက ကောင်းမြတ်လွန်းကို ဒေါသထွက်စေသည်။

ကောင်းမြတ်လွန်းရဲ့ ပြောင်းလဲသွားတဲ့ မျက်နှာအနေအထားကိုကြည့်ပြီး စိတ်ထဲကြိတ်ကျေနပ်သွားတဲ့ ဇင်မိုးမြင့်က ပိုမိုရဲတင်းကာ ပြောဆိုလာပြန်သည်။

"အခြေအမြစ်မရှိတဲ့ မိဘမဲ့ကလေးတစ်ယောက်ကို သနားလို့ ကလေးထိန်းတစ်ယောက်ရှာလိုက်တဲ့သဘောပါပဲ။ သိတယ်မဟုတ်လား ညိမ်းက နည်းနည်းလေး ခေါင်းမာပြီး စိတ်လောတက်တဲ့အကျင့်ရှိတယ်လေ။ ဘာပဲဖြစ်ဖြစ်ပါ အချိန်တန်ရင် သူ့ဘေးနားမှ ရှိနေနိုင်မယ့် အမျိုးသမီးက တို့အထင် မင်းမဟုတ်နိုင်တာတော့သေချာတယ်။ ဘာလို့ဆို မင်းကလည်း အဲ့ကလေးလိုပဲ အခြေအမြစ်မရှိတဲ့ သူတစ်ယောက်ဖြစ်နေလို့ပဲ။ ညိမ်းတို့ မျိုးရိုးက အခြေအမြစ်မရှိတဲ့ သူတွေကို အိမိထောင်စုစာရင်းထဲ ပေးဝင်လေ့မရှိဘူး။"

"ဒေါ်ဇင်မိုးမြင့်က အာညောင်းခံပြီးဘာလို့များကွေ့ဝိုက်ပြောနေရတာလဲ။ ဦးကမ္ဘာညိမ်းရဲ့ မယားငယ်ဖြစ်ချင်တယ်လို့ တည့်ပြောလည်းရပါတယ်။ အစ်ကိုလာရင်မေးပေးမယ် မယားငယ်ထားချင်လားလို့။"

"ဘာ ...... နင် တော်တော် အဆင့်အတန်းမရှိပဲ မိုက်ရိုင်းတာပဲ"

"မဟုတ်တာရှင် ကျွန်မက သဘောထားကြီးကြီးနဲ့ ဒေါ်ဇင်မိုးမြင့်ကို အခွင့်အရေးပေးနေတာ ... နေရာပေးနေတာပါ။ အစ်ကို လက်ခံမလား ... လက်မခံဘူးလားဆိုတာတော့ ကျွန်မလဲ သေချာမပြောတက်ဘူး အစ်ကိုက အသန့်ကြိုက်တက်တယ်လေ။"

"နင် ... "

ဇင်မိုးမြင့် ဒေါသကိုမထိန်းနိုင်ပဲ လက်တစ်ဖက်ကိုမြှောက်ပြီး ကောင်းမြတ်လွန်းကိုရိုက်ဖို့ရွယ်လိုက်သည်။

အဲ့ဒီအချိန်မှာပဲ ကမ္ဘာညိမ်းကပြန် ရောက်လာသည်။

"ချစ် ... ဘာဖြစ်နေတာလဲ"

ကမ္ဘာညိမ်းကိုမြင်တာနဲ့ ကောင်းမြတ်လွန်းက ကမ္ဘာညိမ်းအနားသို့ပြေးကပ်ကာ လက်မောင်းကိုဖက်တွယ်လိုက်ပြီး ...

"ချစ်တို့ဘာမှမဖြစ်ပါဘူး အစ်ကိုရဲ့။ ဒေါ်ဇင်မိုးမြင့်က ဂျိုင်းမှာ အနာပေါက်နေတာ။ အဲ့တာ ရုတ်တရက်နာလာလို့ လက်မြှောက်လိုက်တာပါ။ ဟုတ်တယ်နော် ဒေါ်ဇင်မိုးမြင့်။"

ကောင်းမြတ်လွန်းရဲ့ လျှောက်တင်သံကို ဒေါ်ဇင်မိုးမြင့် ကြားပြီးချိန်မှာတော့ သွားတွေကျိုးကြေသွားတော့မတက် အံကိုကြိတ်ပြီး တည်တင်းတဲ့ မျက်နှာထားနဲ့ ကျောခိုင်းကာ ထွက်သွားတော့သည်။

T.B.C🐻

Thanks😘

11:59PM(Fri)
28.01.2022
G14



© G Fourteen,
книга «အိတိုေလးရဲ႕မာမား အိတိုလေးရဲ့မာမား».
အိတို (၁၈)
Коментарі