အိတို
အိတို (၀၁)
အိတို (၀၂)
အိတို (၀၃)
အိတို (၀၄)
အိတို (၀၅)
အိတို (၀၆)
အိတို (၀၇)
အိတို (၀၈)
အိတို (၀၉)
အိတို (၁၀)
အိတို (၁၁)
အိတို (၁၂)
အိတို (၁၃)
အိတို (၁၄)
အိတို (၁၅)
အိတို (၁၆)
အိတို (၁၇)
အိတို (၁၈)
အိတို (၁၉)
အိတို (၂၀)
အိတို (၂၁)
အိတို (၂၂)
အိတို (၂၃)
အိတို (၂၄)
အိတို (၂၅)
အိတို (၂၆)
အိတို (၂၇)
အိတို (၂၈)
အိတို (၂၉)
အိတို (၃၀)
အိတို (၃၁)
အိတို (ဇာတ်သိမ်း)
အိတို (၀၈)
အိတို🐻08
Zawgyi
ဒေါက် … ဒေါက် …
" ကောင်းပါပြီ "
"မာမား"
"အိတို ……"
"ဟုတ်ပါတယ်ဗျာ"
"မာမား … အိတိုအေးတယ်လေ"
"အစ်ကို …"
"မာမား …"
"ဗျာ… "
"ဟာဗျာ … မစဉ်းစားပါဘူး"
"ဘာကြေးလဲ"
"အစ်ကိုနိုင်ရင် … "
T.B.C 🐻
11:00PM(Tue)
18.01.2021
G14
အိတို🐻08
Unicode
ကောင်းမြတ်လွန်းတစ်ယောက် ရေချိုးခန်းထဲကထွက်လာပြီးနောက် ကိုယ်လုံးပေါ်မှန်ရှေ့မှာရပ်နေခဲ့သည်။
အချိန်အတော်ကြာအောင် မှန်ထဲမှာပြန်မြင်နေရတဲ့ ကိုယ့်ပုံကို ကိုယ်ပြန်ကြည့်ပြီး ကပိုကရိုဖြစ်နေတဲ့ ဆံသားတွေကို လက်နဲ့ဦးခေါင်းနောက်သို့သပ်တင်လိုက်သည်။
"ဒီဆံပင်တွေ ညှပ်ပစ်လိုက်ရင်ကောင်းမလား"
ကောင်းမြတ်လွန်းက တစ်ယောက်တည်း မှန်ကိုကြည့်ပြီး ရေရွတ်နေခြင်းဖြစ်သည်။
"အဲ့ခါကျရင် အိတိုလေးက ငါ့ကို မာမားအစား ပါပါးလို့ပြောင်းခေါ်လောက်တယ်။ မာမားထက်စာရင် ပါပါးလို့အခေါ်ခံရတာပိုကောင်းမယ်ထင်တယ်။"
ဒေါက် … ဒေါက် …
တစ်ယောက်တည်းအတွေးများနေတဲ့ ကောင်းမြတ်လွန်းက တံခါးခေါက်သံကြားမှ မှန်ကြည့်ပြီးစကားပြောခြင်းအမှုကို ရပ်တန့်ပစ်လိုက်သည်။
ထို့နောက် ခန္ဓာကိုယ်အပေါ်ပိုင်းဗလာဖြင့်သာ တံခါးသွားဖွင့်လိုက်တယ်။
တံခါးဝမှာရပ်နေသူကတော့ …
"အစ်ကို … ဘာများပြောစရာရှိလို့လဲ"
"ဘောလုံးပွဲလာတော့မှာမို့ မင်းကိုလာခေါ်တာ"
"ဟုတ်သားပဲ ကျွန်တော် အဝတ်အစားလဲပြီးထွက်လာခဲ့လိုက်မယ်"
" ကောင်းပါပြီ "
အခန်းတံခါးပိတ်ပြီးနောက် ကောင်းမြတ်လွန်း အဝတ်အစားအမြန်လဲဝတ်လိုက်သည်။ သူ့ကိုယ်ပေါ်မှာ အကျအနနေရာယူထားတဲ့ ချည်သားဘောင်းဘီရှည်နဲ့ အကီင်္ျလက်ရှည်အသစ်က ကလေးဖေကြီး ဦးကမ္ဘာညိမ်းလက်ဆောင်အဖြစ်ဝယ်ပေးထားခြင်းဖြစ်သည်။
တစ်ရက်ကနေ နှစ်ရက် နှစ်ရက်ကနေ သုံးရက် အဲ့လိုနဲ့ ကောင်းမြတ်လွန်းတစ်ယောက် အိတိုလေးတို့အိမ်မှာသောင်တင်နေတာ တစ်ပတ်ပင်ကျော်လွန်လာခဲ့ပြီ။
အဆောင်ငှားတိုင်း အဆင်ပြေမလိုနဲ့ ပြောင်းသွားခါနီးမှ ပြသနာကပေါ်ပေါ်လာပြီးမပြောင်းဖြစ်တာကြောင့် မျက်နှာပူပူနဲ့ပဲဆက်နေနေရသော်လည်း ဧည့်ဝတ်အကျေလွန်သော သားဖနှစ်ယောက်ကြောင့် နေပျော်သလိုတော့ရှိလာသည်။
"မာမား"
အိတိုလေးအသံကြောင့် အတွေးစတို့ကိုဖြတ်ပြီး တံခါးအမြန်ပြေးဖွင့်လိုက်သည်။
လူကိုမြင်တာနဲ့ လက်လေးနှစ်ဖက်ကိုဆန့်တန်းပြီး မြှောက်ထားတက်တဲ့ ဝက်ဝံပေါက်လေးရဲ့အကျင့်ကြောင့် ကောင်းမြတ်လွန်းပင် အလိုက်သင့်ပွေ့ချီပေးတက်နေလေပြီ။
"အိတို ……"
"မာမား ရေချိုးထားတာလား"
"ဟုတ်ပါတယ်ဗျာ"
ရေချိုးပြီးကာစမို့ ကောင်းမြတ်လွန်း၏ အသားအရေမှာ အေးစက်နေလေသည်။ အဲ့တာကိုပဲ အိတိုလေးက သဘောခွေ့ကာ သူ့ပါးလေးကို ကောင်းမြတ်လွန်းပါးနဲ့လာရောက်ထိကပ်ထားလေသည်။
"မာမား အသားက အေးလိုက်တာ"
ကောင်းမြတ်လွန်းပြုံးလိုက်မိသည်။
အိတိုလေးရဲ့ လည်ပင်းကို သူ့လက်ဖဝါးအေးအေးနဲ့ကပ်ပြီး စနောက်လိုက်တော့ အိတိုလေးခင်ဗျာ ကုတ်လေးတိုဝင်သွားပြီး တခစ်ခစ်ထရယ်တော့သည်။
"မာမား … အိတိုအေးတယ်လေ"
အိတိုလေးက သူ့လည်တိုင်မှာကပ်ထားတဲ့ ကောင်းမြတ်လွန်းလက်ကို အတင်းဆွဲယူနေတာကြောင့် ကောင်းမြတ်လွန်းကလည်း အလျှော့ပေးသည့်ပုံစံဖြင့် လည်ပင်းနားကလက်ကို အသာတကြည်ဖယ်ခွာပေးလိုက်သည်။
သို့သော် အိတိုလေးရဲ့ အကျီင်္အောက်ထဲ လက်လျှိုဝင်ပြီး ဗိုက်ဖောင်းဖောင်းလေးကို လက်အေးအေးကြီးနဲ့ တဖန်ကိုင်ပြီး စနောက်လိုက်ချိန်မှာတော့ အိတိုလေးတစ်ယောက် တစ်ကိုယ်လုံးတွန့်လိမ်ပြီး အူတက်အောင်ထပ်ရယ်နေပြန်တော့သည်။
မသိမသာနဲ့ တော်တော်လေးကို သဟဇာတဖြစ်လာတဲ့ အိတိုလေးနဲ့ အိတိုလေးရဲ့မာမားကိုကြည့်ပြီ တစ်ယောက်တည်း ကျိတ်ပြုံးနေသူက ကမ္ဘာညိမ်သာ။
ကမ္ဘာညိမ်းက နွားနို့ပူပူလေးနှစ်ခွက်ကိုင်ပြီး စနောက်နေကြတဲ့ အိတိုလေးတို့နားသို့ ရောက်လာသည်။
ကမ္ဘာညိမ်းရောက်လာတော့မှ အပြန်အလှန် စနောက်နေကြတာကို တစ်စခန်းရပ်လိုက်ကြပြီး ကောင်းမြတ်လွန်းက တီဗီရှေ့က ဆိုဖာခုံပေါ်မှာ တင်ပျဉ်ခွေပုံစံဖြင့် ဝင်ထိုင်နေသည်။
ကောင်းမြတ်လွန်းပေါင်ပေါ်မှာတော့ အိတိုလေးရှိနေပြီး ကောင်းမြတ်လွန်းရဲ့လက်ချောင်းတွေကိုလည်း အိတိုလေးကအလွတ်မပေးပဲ ကိုင်ထားသေးသည်။
"နွားနို့ … နွေးနွေးလေးဖြစ်နေတုန်းသောက်လိုက်"
ကမ္ဘာညိမ်းက ဒီဇိုင်းတူ ပုံစံတူ အဝါရောင် ခွက်အကြီးအသေး နှစ်ခွက်ထဲကမှ ခွက်အသေးလေးကို အိတိုလေးလက်ထဲထည့်ပေးလိုက်ပြီး ခွက်အကြီးကိုတော့ ကောင်းမြတ်လွန်းလက်ထဲထည့်ပေးလိုက်သည်။
ပုံမှန်ဆို ဘီယာလေးသောက် အမြည်းလေးစားပြီး ဘောလုံးပွဲကြည့်တက်တဲ့ ကောင်းမြတ်လွန်းက တစ်ပါတ်ဆိုတဲ့အချိန်ကာလလေးအတွင်းမှာကိုပဲ ကလေးတစ်ယောက်ကို ရင်ခွင်ထဲပိုက် နွားနို့သောက်ပြီး ဘောလုံးပွဲကောင်းကောင်းကြည့်တက်နေပြီဖြစ်သည်။
ပထမဆုံးအကြိမ်မှာသာ နွားနို့ခွက်ကြီးကြည်ပြီး နှာခေါင်းရှုံ့ကာ နွားနို့မသောက်တက်ကြောင်း ငြင်းဆန်ခဲ့ပြီး ယခုလေးကြိမ်းမြောက်မှာတော့ ကောင်းမြတ်လွန်းတစ်ယောက် နို့ကောင်းကောင်းသောက်တက်သွားပြီဖြစ်သည်။
အိတိုလေးကော ကောင်းမြတ်လွန်းပါ နွားနို့တစ်ခွက်ကို တကျိုက်တည်း မော့သောက်ပစ်လိုက်ကြသည်။
ကမ္ဘာညိမ်းကတော့ နို့သောက်နေတဲ့ အိတိုလေးတို့နှစ်ယောက်ကိုကြည့်ရင်း လက်ထဲမှာ တစ်ရှူးနှစ်ရွက်ကိုအသင့်ကိုင်ထားပြီး ပေးကျံနေတဲ့ ပါးစပ်တွေကို သုတ်ပေးဖို့စောင့်နေခဲ့သည်။
ကမ္ဘာညိမ်းက အိတိုလေးရဲ့ နှုတ်ခမ်းကို တစ်ရှူးနဲ့အရင်သုတ်ပေးသည်။ ထို့နောက် ကောင်းမြတ်လွန်းနှုတ်ခမ်းကိုပါ တစ်ခါတည်း သုတ်ပေးပြီး ကောင်းမြတ်လွန်း၏ မခြောက်တခြောက်ဖြစ်နေတဲ့ ဆံပင်တွေကိုကြည့်ကာ
"ကောင်းမြတ်လွန်း နောက်ကျမှရေချိုးပြီး ခေါင်းလျှော်ပြန်ပြီ"  လို့ဆူလိုက်မိသည်။
ကောင်းမြတ်လွန်းကတော့ မချိပြုံးလေးတစ်ချက် ပြုံးပြပြီး အာရုံတွေကို တီဗီဖန်သားပြင်ပေါ်ပြန်လည်ပို့ထားလိုက်သည်။
"မာမား လူတွေများကြီးလာနေပြီ"
အိတိုလေးက တီဗီမှာလာနေတဲ့ ဘောလုံးပွဲကိုကြည့်ရင်းဆိုလာသည်။
"ဘောလုံးပွဲစနေပြီပဲ"
ဘောလုံးပွဲကြည်နေရင်းမှ ……
"အစ်ကို …"
"ဘောလုံးပွဲပဲကြည့်နေပါ ကိုယ့်ကို အာရုံထဲမထားနဲ့"
ကမ္ဘာညိမ်းက သူကိုအာရုံထဲမထားဖို့ပြောပြီး ကောင်းမြတ်လွန်းဆံသားတွေကို တဘတ်နဲဖွဖွလေးပွတ်ပေးနေပေမယ့် ကောင်မြတ်လွန်းကတော့ အာရုံထဲမထားပဲမနေနိုင်အောင်ဖြစ်နေတာကြောင့် ဘောလုံးပွဲပင်ကောင်းကောင်းမကြည့်နိုင်တော့။
သို့သော် ကောင်းမြတ်လွန်းရဲ့ အာရုံတွေကို နောက်ထပ်ဖမ်းစားလိုက်တဲ့သူကတော့ အိတိုလေးပင်။
"မာမား … ဘောလုံးလေးက သနားစရကောင်းတယ်နော်"
"ဟမ်… ဘာလို့လဲအိတိုလေးရဲ့"
"ဟိုလူကန်လိုက် ဒီလူကကန်လိုက်နဲ့ ဘောလုံးလေးကတအားနားနေမှာ ခေါင်းတွေလဲမူးနေမှာ"
နှုတ်ခမ်းဆူကာ ဘောလုံးလေးအကန်ခံနေရတာကို စိတ်မကောင်းဖြစ်နေတဲ့ အိတိုလေးရဲ့ စကားတွေကြောင့် ဘောလုံးကစားသမားတွေအစား တလိမ့်လိမ့်နဲ့ ဟိုလိမ့် ဒီလိမ့်ဖြစ်ကာ အကန်ခံနေရတဲ့ ဘောလုံးလေးကို သေချာလိုက်ကြည်နေမိပြီး
"အိတိုလေးပြောတာလဲ ဟုတ်သားပဲ"
"မာမား …"
"ဗျာ… "
"ဘောလုံးလေးတွေကို ခြေထောက်တပ်ပေးလို့မရဘူးလား"
"အိတိုလေးက ဘောလုံးလေးကို ခြေထောက်တပ်ပေးချင်လို့လား"
"ဘောလုံးလေးမှာ ခြေထောက်ရှိရင် သူ့ဘာသာလျှောက်သွားလို့ရတယ်လေ အဲ့တာဆို ဘောလုံးလေးက အကန်မခံရတော့ဘူးလေ မာမားရဲ့"
အိတိုလေးရဲ့အဖြေကြောင့် မျက်လုံးလေးထောင့်ကပ်ပြီး ငိုင်ကျသွားတဲ့ ကောင်းမြတ်လွန်းကိုကြည်ပြီး ကမ္ဘာညိမ်းတစ်ယောက် ခေါင်းသုတ်ပေးနေတာကို လက်စသတ်လိုက်ပြီး အသံထွက်ရယ်တော့သည်။
" ကောင်းမြတ်လွန်း … ဘောလုံးကို တကယ်ကြီး ခြေထောက်တပ်ပေးဖို့စဉ်းစားနေတာတော့မဟုတ်ပါဘူးနော် "
"ဟာဗျာ … မစဉ်းစားပါဘူး"
ကောင်းမြတ်လွန်းက သူ့အတွေးကို ရိပ်မိသွားသလိုပြောလာတဲ့ ကမ္ဘာညိမ်းစကားကြောင့် ရှက်ရမ်းရမ်းကာ တီဗီကြီးကို ပြန်စိုက်ကြည့်နေသော်လည်း နှုတ်ခမ်းသားတွေကတော့ မသိမသာစူထော်လာသည်။
ဒါကိုမြင်တော့ ကမ္ဘာညိမ်းတစ်ယောက် ခေါင်းတခါခါဖြင့် ထပ်ပြုံးမိပြန်ပါသည်။
တစ်သက်နဲ့တစ်ကိုယ် ဘောလုံးပွဲဟေ့ဆိုတာနဲ့ မျက်တောင်မခတ်တမ်းကြည့်ရင်း အော်ဟစ်ကာ တစ်ခါတစ်လေများဆို ဆဲပါဆဲတက်တဲ့ ကောင်းမြတ်လွန်းလေးခင်ဗျာ အခုတော့ ဘောလုံးလေးကို သနားမိသွားတာနဲ့ တစ်ဖက်အသင်း ဂိုလ်သွင်းသွားတာကိုတောင် လက်ခုပ်ထတီးဖို့မေ့နေ့ခဲ့သည်။
" ကောင်းမြတ်လွန်း … ကိုယ်နဲ့မင်းနဲ့ ဘောလုံးပွဲလောင်းကြမလား "
နဂိုကတည်းကမှ လောင်းကြေးနည်းနည်းများများ ဘောလုံးပွဲလောင်းရတာကို ဝါသနာပါတဲ့ ကောင်းမြတ်လွန်းက ကမ္ဘာညိမ်းဆီက ဘောလုံးပွဲလောင်းမလားဆိုတဲ့ အသံကြောင့် လှုပ်လှုပ်ရှားရှားဖြစ်လာတော့သည်။
"ဘာကြေးလဲ"
မျက်ဝန်းအရောင်တောက်တောက်လေးတွေနဲ့ အားတက်သရောမေးလာတဲ့ ကောင်းမြတ်လွန်း။
"မင်းနိုင်ရင် ကားတစ်စီး ဝယ်ပေးမယ်။ ငါနိုင်ရင် … "
"အစ်ကိုနိုင်ရင် … "
"ကိုယ်တောင်းဆိုတာတစ်ခုလုပ်ပေးရမယ်"
အစောပိုင်းက တောက်ပနေတဲ့ မျက်ဝန်းလေးတွေက ချက်ချင်းဆိုသလို မှိုင်းကျသွားပြီး …
"ဘာလဲ အစ်ကိုကမ်းလှမ်းထားတဲ့အလုပ်လား"
"မဟုတ်ဘူး မင်းအတွက် မခက်ခဲတဲ့အလုပ်ပါ မလျှော်ကန်တာတွေ မသင့်တော်တာတွေမပါစေရဘူးလို့ ကတိပေးတယ် ဘယ်လိုလဲ"
T.B.C 🐻
11:00PM(Tue)
18.01.2021
G14
© G Fourteen,
книга «အိတိုေလးရဲ႕မာမား အိတိုလေးရဲ့မာမား».
အိတို (၀၉)
Коментарі