Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30): Final
Chapter (12)
အား ... ေခါင္းထဲ ဘယ္လိုႀကီးလဲကြာ? ရင္ထဲလည္းပူလိုက္တာ။

ေခါင္းကိုလက္ႏွင့္အုပ္ကိုင္ရန္ လက္ေတြလႈပ္လိုက္ေသာ္လည္း လက္တစ္ဖက္ကေလးေနသည္ေၾကာင့္ ၾကည့္မိသည့္အခါ ေဘးတြင္အိပ္ေနေသာညီရဲရင့္၏လက္တစ္ဖက္ႏွင့္ တြဲခ်ည္လ်က္သား။ ဘာျဖစ္ခဲ့သည္ကိုလည္း မသိေတာ့ပါ။

"အင္း ... ဟင္! သုတ၊ အေစာႀကီးရွိေသးတယ္ေလ။ ဘာျဖစ္လို႔လဲ?"

"ေရဆာလို႔"

"ခဏ၊ အာ ... လက္ခဏဆန္႔လိုက္"

ပဝါႏွင့္တြဲခ်ည္လ်က္သားႏွင့္ပင္ သူ႔ဘက္ကစားပြဲေပၚတင္ထားေသာ ေရဘူးကို ရဲရင့္လွမ္းယူလိုက္ၿပီး

"ေရာ့"

သုတက ေရေမာ့ေသာက္ကာ

"ေခါင္းေတြကိုက္လိုက္တာ"

"ျပန္အိပ္လိုက္ေလ။ အေစာႀကီးရွိေသးတာကို။ ေရဆာလို႔ႏိုးလာတာမဟုတ္လား? ရင္ပူလို႔လား? ဘာလုပ္ေပးရမလဲ?"

"ဟင့္အင္း၊ ျပန္အိပ္ေတာ့မယ္"

ေျပာၿပီး ျပန္လွဲခ်လိုက္ေသာသုတကို ရဲရင့္ထိုင္ၾကည့္ေနမိသည္။

"ဘာၾကည့္ေနတာလဲ? လက္ေတြကေရာ ဘာလုပ္ထားတာလဲ?"

"မင္း ခ်ည္ထားတာေလ။ ငါထြက္သြားမွာစိုးလို႔တဲ့"

"ငါကလား?"

"အင္း"

"ျပန္အိပ္ေတာ့မယ္"

တစ္ဘက္လွည့္ၿပီးအိပ္သြားေသာေၾကာင့္ ရဲရင့္လက္က သုတခါးေပၚပါသြားခဲ့သည္။
သုတက တစ္ခ်က္ျပံဳးလိုက္ၿပီး သူ႔ခါးေပၚမွလက္ႏွစ္ဖက္ကိုၾကည့္ရင္း ...

ငါဘာေတြေလၽွာက္လုပ္မိတာလဲ? ရဲရင့္ကေရာ ဘာလို႔မျဖည္ပစ္တာလဲ? ခုနက ေရဘူးယူတာေတာင္ လက္တြဲထားတဲ့အတိုင္းလွမ္းယူေနခဲ့တာ။ အခုလည္း ျဖည္ဖို႔မေျပာဘူး။ မင္းထြက္မသြားပါဘူးလို႔ ကတိေပးတာလား? တကယ္ေတာ့ မင္းကငါ့ကို ျပန္ခ်ည္ထားတာၾကာပါၿပီ ရဲရင့္ရယ္။ ငါ မင္းနဲ႔ေဝးရာ ထြက္သြားလို႔မရေအာင္ကို အခ်ည္ခံထားရတာ။

လက္တစ္ဖက္ သုတခါးေပၚပါသြား၍ ပက္လက္လွဲအိပ္လိုက္ၿပီး ပဝါႏွင့္တြဲခ်ည္ထားေသာလက္ေတြကို ေငးေနမိသူက ညီရဲရင့္ပါ။

မင္းနဲ႔ေဝးရမွာေၾကာက္ေနတတ္တာကို ငါသတိမထားမိခဲ့တာပါ။ ကိုယ့္ဘာသာ အခ်ည္ခံရလို႔ခံရမွန္း ငါမသိခဲ့ဘူး။ မင္းကို ငါ့အနားကထြက္မသြားေစခ်င္တာပဲ ငါသိခဲ့တာ။ တကယ္ဆို လူတစ္ေယာက္ကို ဘယ္မွမသြားႏိုင္ေအာင္ ခ်ဳပ္ေႏွာင္ထားလိုက္မိရင္ ခ်ဳပ္ထားခ်င္တဲ့လူကိုယ္တိုင္ပါ အဲဒီေနရာမွာပဲေနၿပီး ေစာင့္ၾကည့္ရင္းနဲ႔ သူပါေရာၿပီးအခ်ဳပ္ေႏွာင္ခံလိုက္ရတာပါပဲ။

¤

"အန္တီ၊ ကိုသုတို႔ မႏိုးေသးဘူးထင္တယ္ေနာ္"

"ေသာက္လာတာဆိုေတာ့ ဘယ္ႏိုးဦးမလဲ? အဲဒီငမူးေလး မႏိုးမခ်င္းက ဟိုတစ္ေယာက္ကလည္း ထြက္လာမွာမဟုတ္ဘူး။ သူတို႔ကိုေစာင့္မေနနဲ႔၊ သားတစ္ေယာက္တည္းေက်ာင္းသြားလို႔ အဆင္ေျပပါ့မလား?"

"ေန႔လည္မွ အတန္းခ်ိန္ရွိတာ အန္တီ"

"အဲဒါဆို အတန္းခ်ိန္နဲ႔တိုက္ၿပီး သားေလး တကၠစီနဲ႔သြားလိုက္၊ အန္တီငွားေပးလိုက္မယ္။ အခုကေတာ့ စားစရာရွိတာစားေတာ့ သားေရ၊ ဟိုဟာေလးေတြက ေစာင့္ဖို႔ေကာင္းတဲ့ဟာေလးေတြမဟုတ္ဘူး"

"ဟုတ္ကဲ့ အန္တီ။ အန္ကယ္က ကိုသုကို စိတ္ဆိုးေနေသးလား?"

"ထံုးစံအတိုင္းေပါ့။ ညေနျပန္လာရင္ အသံေတြၾကားရဦးမယ္။ ရဲရင့္ေလးကပါ သူ႔ေၾကာင့္ပါဆိုၿပီးအဆူခံေပးလိုက္ရင္ ၿပီးသြားၾကေရာေပါ့။ ဟုိဘက္အိမ္မွာဆိုလည္း တစ္ခါတေလ သားရဲရင့္အေဖျပန္ေရာက္တုန္း ျပႆနာျဖစ္လို႔ ဟိုကလက္ပါရင္ အိမ္ကေကာင္ကအတင္းသြားဆြဲလို႔ လူႀကီးေတြကပဲ ေလၽွာ့လိုက္ရတာပဲ"

"ဪ"

သိပ္ခ်စ္ၾကတာလား? ညက ကိုသုမူးေနတုန္း အစ္ကိုရဲရင့္ကိုၾကည့္တဲ့အၾကည့္ေတြက တကယ္ကိုပဲ တိမ္ယံအတြက္ရင္နာစရာ။ ဘယ္သူကဘယ္လိုေတြျဖစ္ေနၾကလဲ ေသေသခ်ာခ်ာသိခ်င္ပါေသးတယ္။
ဒီေန႔မနက္ပိုင္းအတန္းခ်ိန္လည္း အေရးမႀကီးေတာ့ပါဘူး။ ေန႔လည္မတိုင္ခင္ေတာ့ ႏိုးလာၾကမယ္မဟုတ္လား?

တိမ္ယံတစ္ေယာက္ ေနမထိထိုင္မသာႏွင့္ပင္ ရဲရင့္သုတတို႔ အိပ္ရာအထကို ေစာင့္ေနမိသည္။ အခန္းထဲ ၾကာၾကာမေနႏိုင္၊ သုတအခန္းဘက္သို႔လွမ္းၾကည့္ရသည္မွာ အႀကိမ္ေပါင္းမေရႏိုင္ေတာ့ပါ။ အၾကည့္ေတြသာ က်ည္ဆန္ေတြဆိုလၽွင္ အခန္းတံခါးႀကီးလည္း ဆန္ကာေပါက္ျဖစ္ေနႏိုင္သည္။
မနက္ ဆယ္နာရီမိနစ္ေလးဆယ္တြင္မွ အခန္းတံခါးပြင့္လာခဲ့သည္။ တိမ္ယံ ဝမ္းသာအားရႏွင့္ သြားရန္ျပင္ၿပီးမွ ေခသုတေနာက္တြင္ ကိုး႐ိုးကားယားပါလာေသာ ညီရဲရင့္ေၾကာင့္ ဆက္မသြားဘဲၾကည့္ေနမိသည္တြင္ ႏွစ္ေယာက္၏လက္တစ္ဖက္စီကိုပူးကာ ပဝါတစ္စႏွင့္ခ်ည္လ်က္။
သုတဆြဲေခၚေန၍ ရဲရင့္မွာ ဗရုတ္သုတ္ခႏိုင္လွစြာ ေလွကားမွေအာက္ဆင္းသြားၾကေလသည္။
တိမ္ယံ ေနာက္မွလိုက္သြားမိသည္။

"ဟဲ့! အဲဒါဘယ္လိုျဖစ္လာၾကတာလဲ? ျပဳတ္က်ကုန္မယ္ေလ။ လက္ေတြက ဘာအရူးထျပန္ၿပီလဲ?"

"သုတခ်ည္ထားတာ ေမေမသက္"

"မင္းခ်ည္တာဆို?"

"မင္းပဲ ငါ့ကိုခ်ည္ခိုင္းတာေလ"

"ေတာ္ၾကစမ္း! အဲဒါဆို နင္တို႔မ်က္ႏွာမသစ္ရေသးဘူးေပါ့"

"Toilet လည္း မဝင္ရေသးဘူး"

"တိတ္စမ္း သုတ၊ အဲဒါအခုျဖဳတ္ၿပီး နင့္အခန္းနင္ျပန္ မ်က္ႏွာသြားသစ္။ ေရပါတစ္ခါတည္းခ်ိဳးခဲ့၊ အရက္သမားက်ေနတာပဲ။ ရဲရင့္က ေအာက္ထပ္မွာပဲ မ်က္ႏွာသစ္လိုက္"

"ဟုတ္ ....."

သုတ သံရွည္ဆြဲေျပာကာ အေပၚျပန္တက္ရန္ျပင္လိုက္သည္။

"သုတ၊ ငါ့ကိုျဖဳတ္ေပးေလ"

"မင္းအတြက္သြားတိုက္တံက ငါ့အခန္းထဲမွာေလ။ လိုက္မယူေတာ့ဘူးလား?"

ရဲရင့္အေျဖကိုမေစာင့္ဘဲ ျပန္ဆြဲေခၚၿပီး အေပၚထပ္တက္ရန္ျပင္သည့္သုတႏွင့္ ေနာက္မွလိုက္ဆင္းလာေသာတိမ္ယံတို႔ ေလွကားရင္း၌ဆံုသည္တြင္

"Morning ယံေလး"

"ဟုတ္ကဲ့ ကိုသု"

တိမ္ယံဖယ္ေပးသည့္အခါ သုတ အေပၚတက္သြားသည္ေၾကာင့္ ရဲရင့္ျပန္ပါသြားရင္း တိမ္ယံကိုရယ္ျပသြားပါေသးသည္။ သူတို႔ႏွစ္ေယာက္ကိုၾကည့္ၿပီး တိမ္ယံတစ္ဘက္ျပန္လွည့္သည္တြင္ ေဒၚခင္ေမသက္ရွိမေနေတာ့ပါ။
တိမ္ယံက ဧည့္ခန္းတြင္ဝင္ထိုင္ကာ တီဗီြကိုသာဖြင့္လိုက္မိေတာ့သည္။
ခဏအၾကာ သြားတိုက္တံႏွင့္ပဝါတစ္ထည္ကိုင္ကာ ရဲရင့္ အေပၚထပ္မွဆင္းလာၿပီး ေနာက္ေဖးဘက္ထြက္သြားသည္။ ျပန္ထြက္လာၿပီးေနာက္

"ဘာေတြၾကည့္ေနတာလဲ ယံေလး?"

"ဟုိၾကည့္ဒီၾကည့္ပါ"

"အတန္းခ်ိန္မရွိဘူးလား?"

"ေန႔တစ္ဝက္အားတယ္ အစ္ကို"

"ဪ၊ ကိုယ္အိမ္ျပန္လိုက္ဦးမယ္"

"ဟုတ္"

အဆင္ေျပမေနဘူး ကိုသု။ ယံျမင္ေနရတာေတြ တစ္ခုမွအဆင္ေျပမေနဘူး။ ဘာလို႔မ်ား လက္ေတြကိုပဝါစည္းၿပီး ထြက္လာၾကတာလဲ? တစ္ညလံုး အဲဒီလိုစည္းၿပီးအိပ္ေနၾကတယ္ဆိုရင္လည္း အိပ္ရာႏိုးရင္ေတာ့ ျဖည္လိုက္ေတာ့ေလ။ ကေလးေတြလို ေဆာ့ခ်င္ရာေဆာ့ၾကၿပီး အေမဆူမွၿငိမ္သလို ေခါင္းညိတ္ေနရေအာင္လည္း အသက္ေတြကမငယ္ေတာ့ဘူး။
ယံကေရာ အဲဒီလိုကေလးဆန္ဆန္တစ္ဇြတ္ထိုးေတြ လုပ္ပစ္လို႔ရလား?



"ေမေမေရ၊ ေမေမ။ ဪ၊ ယံေလး ေက်ာင္းမသြားဘူးလား?"

"ေန႔တစ္ဝက္အားေနလို႔ ကိုသု"

"ဟုတ္လား? ေမေမ့ကိုေတြ႕မိလား ယံေလး"

"ခုနကေတာ့ ျခံထဲဆင္းသြားတယ္။ ကိုသု၊ ေက်ာင္းမသြားေတာ့ဘူးလား?"

"အင္းေလ၊ မသြားေတာ့ဘူး"

"ဘာျဖစ္လို႔လဲ? ေခါင္းေတြကိုက္ေနေသးလို႔လား?"

"ကိုက္ေတာ့မကိုက္ေတာ့ပါဘူး"

"အဲဒါဆို ေက်ာင္းသြားရေအာင္ေနာ္။ ယံတစ္ေယာက္တည္း မသြားခ်င္ဘူး"

"ယံေလး ကားယူသြားေလ။ အခုေလာက္ဆို လမ္းေတြမွတ္မိတယ္မဟုတ္လား?"

"အန္တီက တကၠစီငွားေပးလိုက္မယ္ေျပာပါတယ္။ ဒါေပမဲ့ ယံတစ္ေယာက္တည္းသြားရမွာ ပ်င္းတယ္"

"ဪ၊ ဒီကေလးေတာ့ ေက်ာင္းကတက္မယ္မၾကံေသးဘူးေလ"

"အဲဒါေၾကာင့္ ေက်ာင္းသြားရေအာင္ေလေနာ္"

"ကိုယ္က ..."

"ကိုသုကမွ ေက်ာင္းတက္ရတာပ်င္းေနတာေလ။ ကိုသု ဒီေန႔ေက်ာင္းတက္တယ္ဆိုရင္ အန္ကယ္ျပန္လာတဲ့အခါလည္း အဆူခံရသက္သာတာေပါ့"

"အင္း၊ အဲဒါေတာ့ဟုတ္တယ္"

"အဲဒါဆို ေက်ာင္းသြားမယ္ေလေနာ္။ ေန႔လယ္စာစားၿပီးရင္ သြားၾကမယ္ေလေနာ္"

"ဟုတ္ၿပီေလ၊ သြားၾကတာေပါ့"

"ဟုတ္"

တိမ္ယံက လိုခ်င္တာရသြားေသာကေလးတစ္ေယာက္ကဲ့သို႔ ျပံဳးရႊင္ရယ္ေမာေနစဥ္ ေဒၚခင္ေမသက္ ျပန္ဝင္လာကာ

"ဘာေတြေပ်ာ္ေနတာလဲ သားေလး"

"ကိုသုက ေက်ာင္းသြားမယ္တဲ့ အန္တီ"

"ဘာေျပာတယ္? ငါထီထိုးရမယ္ဟဲ့"

"ေမေမကလည္းဗ်ာ လာေနာက္ေနတယ္"

"ငါ့သားက လိမၼာေနတာကိုး"

ေနာက္မွဝင္လာေသာ ရဲရင့္က

"သုတ၊ မင္းေက်ာင္းသြားမယ္လို႔ ေျပာလိုက္တာလား?"

"ဟုတ္တယ္ေလ၊ ဘာလို႔လဲ?"

"ထူးဆန္းလို႔ေလ။ မူးလာၿပီးရင္ ဘယ္တုန္းက သြားဖူးလို႔လဲ?"

"ဆန္းပါေစကြာ။ ယံေလးလည္း ေန႔တစ္ဝက္အတန္းတက္ရမွာ။ ငါတို႔လည္း သြားၾကတာေပါ့"

လာျပန္ၿပီ။ ဒီယံေလးဆိုတာပဲ ပါလာျပန္ၿပီ။ မရေတာ့ဘူး ေခသုတ။ ငါျပတ္ျပတ္သားသားပဲေျပာရမယ္။

"မသြားဘူး"

"ဟမ္၊ မင္းမလိုက္ဘူးလား? ဒါဆိုလည္း ငါနဲ႔ယံေလးပဲသြားလိုက္မယ္ေလ။ မင္းေနခဲ့"

"မေနဘူး။ မင္းမသြားနဲ႔၊ ငါနဲ႔အျပင္သြားမယ္ေနာ္။ ဒီေန႔တစ္ေန႔ပဲ ေက်ာင္းေျပးၾကမယ္ေလ"

"ကၽြတ္! လုပ္ၿပီကြာ ရဲရင့္ရာ။ ယံေလး၊ အျပင္သြားမယ္ လိုက္မလား?"

"ဟို ..."

"ဟိုေတြဒီေတြလုပ္မေနနဲ႔၊ လိုက္ခဲ့။ မဟုတ္ရင္ မင္းတစ္ေယာက္တည္းျဖစ္ေနလိမ့္မယ္"

"ဟုတ္ကဲ့ ကိုသု။ အဲ့ဒါဆို ယံအဝတ္သြားလဲဦးမယ္ေနာ္"

"အင္း"

ယံေလး သူ႔အခန္းဆီတက္သြားေတာ့မွ ရဲရင့္ သုတကိုၾကည့္ရင္း

"ေခသုတ၊ မင္း မရိုးေတာ့ဘူးေနာ္ ဟမ္း"

"ဘာကိုလဲ ရဲရင့္"

"မင္း ... ဘာမွမဟုတ္ေတာ့ဘူး။ အကၤ်ီသြားလဲေတာ့သြား"

"အင္း၊ မင္းေရာ မလဲဘူးလား?"

"လဲမွာေလ၊ အခုျပန္လဲမွာ"

"မင္းဘာဝတ္မွာလဲ?"

"အမ္းး ဟိုတစ္ခါ ေလးေမာင္ဝယ္လာေပးတဲ့ အျပာႏု Teen နဲ႔ ဒူးက်ပန္အနက္ေလးဝတ္မယ္"

"အင္း၊ ငါလည္း အဲဒါပဲဝတ္မယ္"

"Ok"

"Ok"

ယံေလးျပင္ဆင္ၿပီးေတာ့ မွန္ေရွ႕မွာကိုယ့္ကိုကိုယ္ၾကည့္ရင္း ျပံဳးလိုက္မိသည္။
ဆံပင္ဖြာဖြာေလးေတြက နဖူးေပၚတိတိေလးက်ေနၿပီး အနက္ေရာင္ Teen ေလးရယ္၊ အျပာႏုေရာင္ေဘာင္းဘီေလးရယ္၊ ထို႔ေနာက္ အဝါေရာင္ဦးထုပ္ဝိုင္းေလးရယ္နဲ႔ဆိုေတာ့ လုံးဝ Cute type ေလးပင္။

"ငါ့ေလာက္ခ်စ္စရာေကာင္းတာ ငါပဲရွိတယ္။ ဒါေတာင္ ကိုသုကမျမင္ဘူး။ အေတာ္ဆိုးတဲ့ကိုသု"

အခန္းတံခါးကိုယ္စီဖြင့္လို႔ထြက္လာေတာ့ သုတနဲ႔တိမ္ယံ မ်က္ႏွာခ်င္းဆိုင္ေတြ႕ၾကေတာ့သည္။ တစ္ေယာက္ကိုတစ္ေယာက္ အတန္ၾကာေငးၾကည့္ေနမိၾကေလသည္။
တိမ္ယံအေတြးထဲမွာေတာ့

"ကိုသုနဲ႔ငါက အေပၚေအာက္အေရာင္ပဲကြဲတာ၊ အားလုံးအတူတူပဲ။ မသိရင္ တမင္ညႇိဝတ္ထားတာက်ေနတာပဲ။ ဟိဟိ"

ေခသုတကေတာ့ ယံေလးကိုၾကည့္ကာ

"အယ္၊ ဒီေကာင္ေလးနဲ႔ငါတို႔က ဘယ္လိုလုပ္ အေပၚေအာက္ပဲအေရာင္ကြဲေနရတာလဲ? ဦးထုပ္ကအစ အေရာင္ကြဲပုံစံတူတဲ့လား ဟမ္"

သုတေရာ၊ ယံေလးေရာ အသံၾကားရာဆီသို႔ ႏွစ္ေယာက္သားၿပိဳင္တူလွမ္းၾကည့္လိုက္ခ်ိန္မွာေတာ့
ရဲရင့္ပုံစံေလးကိုၾကည့္ၿပီး ၾကည္ႏူးေနသည္က ေခသုတ။ ေခသုတနဲ႔ညီရဲရင့္ကိုၾကည့္ၿပီး စိတ္႐ႈပ္သြားရသူက တိမ္ယံ။

ျမင္လိုက္ရသည္က ကိုယ့္ကို လက္နက္မပါဘဲအေသသတ္ေနသလို၊ ႏွလုံးသားကို ဓားတုံးတုံးနဲ႔လွီးျဖတ္ေနသကဲ့သို႔ နာက်င္ရသည္။ ဘယ္ေနရာမွမလြဲ ဆင္တူဝတ္စုံေလးေတြနဲ႔ ျပံဳးေပ်ာ္ေနသည့္ ကိုသုနဲ႔ကိုရဲရင့္အား ျမင္ေနရသည္က ယံအတြက္ေတာ့ ကမၻာပ်က္ေနသလိုပါေပ။

"ယံေလး၊ ယံေလး"

"ဗ်! ဗ်ာ၊ ကိုရဲရင့္"

"လာေလ၊ သြားၾကမယ္။ ေတာင့္ေတာင့္ႀကီးဘာရပ္လုပ္ေနတာလဲ?"

"ဟု၊ ဟုတ္ကဲ့"

"ေနမေကာင္းဘူးလားယံေလး? ေခၽြးေတြပ်ံေနသလိုပဲ"

"ေကာင္းပါတယ္ ကိုသုရဲ႕"

"ကဲ၊ ဒါဆိုလည္း သြားၾကတာေပါ့"

ကားေလးတစ္စီး ရန္ကုန္ၿမိဳ႕ရဲ႕တစ္ေနရာကို ဦးတည္ေမာင္းႏွင္ေနသည္။
ကားေပၚတြင္ပါလာေသာ ေကာင္ေလးသံုးေယာက္သည္လည္း ကားထဲတြင္ ဆူညံစြာ သီခ်င္းေတြေအာ္ဆိုေနၾကေလရဲ႕။

ကားေပၚစေရာက္လို႔ ကားစေမာင္းတဲ့အခ်ိန္ကတည္းက သီခ်င္းေတြဖြင့္ကာ လိုက္ေအာ္ဆိုေနသူကညီရဲရင့္။ ထို႔ေနာက္ ေခသုတကပါ လိုက္ဆိုေလေတာ့သည္။ ယံေလးသည္ပင္ စိတ္ညစ္ေနသည္တို႔ေျပေပ်ာက္ကာ အစ္ကိုႏွစ္ေယာက္ႏွင့္အတူ ေပ်ာ္ရႊင္ေနေလရဲ႕။

ထို႔ေနာက္ Super Market တစ္ခုေရွ႕တြင္ ရဲရင့္ကားေလးအား ကားပါကင္တြင္ရပ္ကာ သံုးေယာက္သား ကားေပၚကဆင္းလာၾကေတာ့ လူတခ်ိဳ႕က သူတို႔သံုးေယာက္ကို ကြက္ၾကည့္ကြက္ၾကည့္ႏွင့္။ တခ်ိဳ႕ဆို ဓာတ္ပုံေတြေတာင္ခိုးရိုက္ေနၾကေလသည္။

"သုတ"

"ဟင္?"

"ငါတို႔က ဘာေတြထူးဆန္းေနလို႔လဲ? သူတို႔က ဘာေတြျဖစ္ေနၾကတာလဲ?"

"သိဘူးေလ။ ယံေလးေရာ သိလား?"

"ဟင့္အင္း"

"မသိတာပဲေကာင္းတယ္။ လာ၊ ထူးျမတ္တို႔အထဲမွာေစာင့္ေနရတာ သူတို႔ခ်ည္းပဲဆိုကိစၥမရွိေပမဲ့ ဥကၠာနဲ႔သူ႔အျဖဴေလးပါ ပါလာတယ္တဲ့။ ငါတို႔ၾကာေနရင္ အားနာစရာေကာင္းတယ္"

"ေအး၊ ဟုတ္တယ္။ အျမန္၊ အျမန္"

"ကိုသု၊ ကိုရဲရင့္၊ မေျပးနဲ႔ေလ။ ယံေလးကိုေစာင့္ၾကပါဦး"

"လာ"

"လာ"

ႏွစ္ဦးသားၿပိဳင္တူဆိုကာ ယံေလးရဲ႕လက္တစ္ဖက္စီကိုဆြဲ၍ Market ထဲေျပးသြားၾကေသာ ရဲရင့္ႏွင့္သုတ၊ သူတို႔ႏွစ္ဦးၾကား လုံးလုံးေလးနဲ႔ ဒေရာေသာပါး ပါသြားေသာ တိမ္ယံ။
သူတို႔အားၾကည့္ကာ လူတခ်ိဳ႕ကေတာ့ ဘာေတြလဲဆိုေသာအေတြးမ်ား ေတြးေနၾကသလို
တခ်ိဳ႕ကလည္း ညီအစ္ကိုေလးေတြဟုဆိုကာ လိုက္ၾကည့္ေနၾကေလရဲ႕။

ဘယ္သူေတြ ဘယ္လိုပဲထင္ျမင္ယူဆၾကပါေစ၊ သူတို႔အေၾကာင္းကိုေတာ့ သူတို႔သာအသိဆုံးျဖစ္ပါလိမ့္မည္။

""""""""""""""""""""""""""""""""""""""

အား ... ခေါင်းထဲ ဘယ်လိုကြီးလဲကွာ? ရင်ထဲလည်းပူလိုက်တာ။

ခေါင်းကိုလက်နှင့်အုပ်ကိုင်ရန် လက်တွေလှုပ်လိုက်သော်လည်း လက်တစ်ဖက်ကလေးနေသည်ကြောင့် ကြည့်မိသည့်အခါ ဘေးတွင်အိပ်နေသောညီရဲရင့်၏လက်တစ်ဖက်နှင့် တွဲချည်လျက်သား။ ဘာဖြစ်ခဲ့သည်ကိုလည်း မသိတော့ပါ။

"အင်း ... ဟင်! သုတ၊ အစောကြီးရှိသေးတယ်လေ။ ဘာဖြစ်လို့လဲ?"

"ရေဆာလို့"

"ခဏ၊ အာ ... လက်ခဏဆန့်လိုက်"

ပဝါနှင့်တွဲချည်လျက်သားနှင့်ပင် သူ့ဘက်ကစားပွဲပေါ်တင်ထားသော ရေဘူးကို ရဲရင့်လှမ်းယူလိုက်ပြီး

"ရော့"

သုတက ရေမော့သောက်ကာ

"ခေါင်းတွေကိုက်လိုက်တာ"

"ပြန်အိပ်လိုက်လေ။ အစောကြီးရှိသေးတာကို။ ရေဆာလို့နိုးလာတာမဟုတ်လား? ရင်ပူလို့လား? ဘာလုပ်ပေးရမလဲ?"

"ဟင့်အင်း၊ ပြန်အိပ်တော့မယ်"

ပြောပြီး ပြန်လှဲချလိုက်သောသုတကို ရဲရင့်ထိုင်ကြည့်နေမိသည်။

"ဘာကြည့်နေတာလဲ? လက်တွေကရော ဘာလုပ်ထားတာလဲ?"

"မင်း ချည်ထားတာလေ။ ငါထွက်သွားမှာစိုးလို့တဲ့"

"ငါကလား?"

"အင်း"

"ပြန်အိပ်တော့မယ်"

တစ်ဘက်လှည့်ပြီးအိပ်သွားသောကြောင့် ရဲရင့်လက်က သုတခါးပေါ်ပါသွားခဲ့သည်။
သုတက တစ်ချက်ပြုံးလိုက်ပြီး သူ့ခါးပေါ်မှလက်နှစ်ဖက်ကိုကြည့်ရင်း ...

ငါဘာတွေလျှောက်လုပ်မိတာလဲ? ရဲရင့်ကရော ဘာလို့မဖြည်ပစ်တာလဲ? ခုနက ရေဘူးယူတာတောင် လက်တွဲထားတဲ့အတိုင်းလှမ်းယူနေခဲ့တာ။ အခုလည်း ဖြည်ဖို့မပြောဘူး။ မင်းထွက်မသွားပါဘူးလို့ ကတိပေးတာလား? တကယ်တော့ မင်းကငါ့ကို ပြန်ချည်ထားတာကြာပါပြီ ရဲရင့်ရယ်။ ငါ မင်းနဲ့ဝေးရာ ထွက်သွားလို့မရအောင်ကို အချည်ခံထားရတာ။

လက်တစ်ဖက် သုတခါးပေါ်ပါသွား၍ ပက်လက်လှဲအိပ်လိုက်ပြီး ပဝါနှင့်တွဲချည်ထားသောလက်တွေကို ငေးနေမိသူက ညီရဲရင့်ပါ။

မင်းနဲ့ဝေးရမှာကြောက်နေတတ်တာကို ငါသတိမထားမိခဲ့တာပါ။ ကိုယ့်ဘာသာ အချည်ခံရလို့ခံရမှန်း ငါမသိခဲ့ဘူး။ မင်းကို ငါ့အနားကထွက်မသွားစေချင်တာပဲ ငါသိခဲ့တာ။ တကယ်ဆို လူတစ်ယောက်ကို ဘယ်မှမသွားနိုင်အောင် ချုပ်နှောင်ထားလိုက်မိရင် ချုပ်ထားချင်တဲ့လူကိုယ်တိုင်ပါ အဲဒီနေရာမှာပဲနေပြီး စောင့်ကြည့်ရင်းနဲ့ သူပါရောပြီးအချုပ်နှောင်ခံလိုက်ရတာပါပဲ။

¤

"အန်တီ၊ ကိုသုတို့ မနိုးသေးဘူးထင်တယ်နော်"

"သောက်လာတာဆိုတော့ ဘယ်နိုးဦးမလဲ? အဲဒီငမူးလေး မနိုးမချင်းက ဟိုတစ်ယောက်ကလည်း ထွက်လာမှာမဟုတ်ဘူး။ သူတို့ကိုစောင့်မနေနဲ့၊ သားတစ်ယောက်တည်းကျောင်းသွားလို့ အဆင်ပြေပါ့မလား?"

"နေ့လည်မှ အတန်းချိန်ရှိတာ အန်တီ"

"အဲဒါဆို အတန်းချိန်နဲ့တိုက်ပြီး သားလေး တက္ကစီနဲ့သွားလိုက်၊ အန်တီငှားပေးလိုက်မယ်။ အခုကတော့ စားစရာရှိတာစားတော့ သားရေ၊ ဟိုဟာလေးတွေက စောင့်ဖို့ကောင်းတဲ့ဟာလေးတွေမဟုတ်ဘူး"

"ဟုတ်ကဲ့ အန်တီ။ အန်ကယ်က ကိုသုကို စိတ်ဆိုးနေသေးလား?"

"ထုံးစံအတိုင်းပေါ့။ ညနေပြန်လာရင် အသံတွေကြားရဦးမယ်။ ရဲရင့်လေးကပါ သူ့ကြောင့်ပါဆိုပြီးအဆူခံပေးလိုက်ရင် ပြီးသွားကြရောပေါ့။ ဟိုဘက်အိမ်မှာဆိုလည်း တစ်ခါတလေ သားရဲရင့်အဖေပြန်ရောက်တုန်း ပြဿနာဖြစ်လို့ ဟိုကလက်ပါရင် အိမ်ကကောင်ကအတင်းသွားဆွဲလို့ လူကြီးတွေကပဲ လျှော့လိုက်ရတာပဲ"

"ဪ"

သိပ်ချစ်ကြတာလား? ညက ကိုသုမူးနေတုန်း အစ်ကိုရဲရင့်ကိုကြည့်တဲ့အကြည့်တွေက တကယ်ကိုပဲ တိမ်ယံအတွက်ရင်နာစရာ။ ဘယ်သူကဘယ်လိုတွေဖြစ်နေကြလဲ သေသေချာချာသိချင်ပါသေးတယ်။
ဒီနေ့မနက်ပိုင်းအတန်းချိန်လည်း အရေးမကြီးတော့ပါဘူး။ နေ့လည်မတိုင်ခင်တော့ နိုးလာကြမယ်မဟုတ်လား?

တိမ်ယံတစ်ယောက် နေမထိထိုင်မသာနှင့်ပင် ရဲရင့်သုတတို့ အိပ်ရာအထကို စောင့်နေမိသည်။ အခန်းထဲ ကြာကြာမနေနိုင်၊ သုတအခန်းဘက်သို့လှမ်းကြည့်ရသည်မှာ အကြိမ်ပေါင်းမရေနိုင်တော့ပါ။ အကြည့်တွေသာ ကျည်ဆန်တွေဆိုလျှင် အခန်းတံခါးကြီးလည်း ဆန်ကာပေါက်ဖြစ်နေနိုင်သည်။
မနက် ဆယ်နာရီမိနစ်လေးဆယ်တွင်မှ အခန်းတံခါးပွင့်လာခဲ့သည်။ တိမ်ယံ ဝမ်းသာအားရနှင့် သွားရန်ပြင်ပြီးမှ ခေသုတနောက်တွင် ကိုးရိုးကားယားပါလာသော ညီရဲရင့်ကြောင့် ဆက်မသွားဘဲကြည့်နေမိသည်တွင် နှစ်ယောက်၏လက်တစ်ဖက်စီကိုပူးကာ ပဝါတစ်စနှင့်ချည်လျက်။
သုတဆွဲခေါ်နေ၍ ရဲရင့်မှာ ဗရုတ်သုတ်ခနိုင်လှစွာ လှေကားမှအောက်ဆင်းသွားကြလေသည်။
တိမ်ယံ နောက်မှလိုက်သွားမိသည်။

"ဟဲ့! အဲဒါဘယ်လိုဖြစ်လာကြတာလဲ? ပြုတ်ကျကုန်မယ်လေ။ လက်တွေက ဘာအရူးထပြန်ပြီလဲ?"

"သုတချည်ထားတာ မေမေသက်"

"မင်းချည်တာဆို?"

"မင်းပဲ ငါ့ကိုချည်ခိုင်းတာလေ"

"တော်ကြစမ်း! အဲဒါဆို နင်တို့မျက်နှာမသစ်ရသေးဘူးပေါ့"

"Toilet လည်း မဝင်ရသေးဘူး"

"တိတ်စမ်း သုတ၊ အဲဒါအခုဖြုတ်ပြီး နင့်အခန်းနင်ပြန် မျက်နှာသွားသစ်။ ရေပါတစ်ခါတည်းချိုးခဲ့၊ အရက်သမားကျနေတာပဲ။ ရဲရင့်က အောက်ထပ်မှာပဲ မျက်နှာသစ်လိုက်"

"ဟုတ် ....."

သုတ သံရှည်ဆွဲပြောကာ အပေါ်ပြန်တက်ရန်ပြင်လိုက်သည်။

"သုတ၊ ငါ့ကိုဖြုတ်ပေးလေ"

"မင်းအတွက်သွားတိုက်တံက ငါ့အခန်းထဲမှာလေ။ လိုက်မယူတော့ဘူးလား?"

ရဲရင့်အဖြေကိုမစောင့်ဘဲ ပြန်ဆွဲခေါ်ပြီး အပေါ်ထပ်တက်ရန်ပြင်သည့်သုတနှင့် နောက်မှလိုက်ဆင်းလာသောတိမ်ယံတို့ လှေကားရင်း၌ဆုံသည်တွင်

"Morning ယံလေး"

"ဟုတ်ကဲ့ ကိုသု"

တိမ်ယံဖယ်ပေးသည့်အခါ သုတ အပေါ်တက်သွားသည်ကြောင့် ရဲရင့်ပြန်ပါသွားရင်း တိမ်ယံကိုရယ်ပြသွားပါသေးသည်။ သူတို့နှစ်ယောက်ကိုကြည့်ပြီး တိမ်ယံတစ်ဘက်ပြန်လှည့်သည်တွင် ဒေါ်ခင်မေသက်ရှိမနေတော့ပါ။
တိမ်ယံက ဧည့်ခန်းတွင်ဝင်ထိုင်ကာ တီဗွီကိုသာဖွင့်လိုက်မိတော့သည်။
ခဏအကြာ သွားတိုက်တံနှင့်ပဝါတစ်ထည်ကိုင်ကာ ရဲရင့် အပေါ်ထပ်မှဆင်းလာပြီး နောက်ဖေးဘက်ထွက်သွားသည်။ ပြန်ထွက်လာပြီးနောက်

"ဘာတွေကြည့်နေတာလဲ ယံလေး?"

"ဟိုကြည့်ဒီကြည့်ပါ"

"အတန်းချိန်မရှိဘူးလား?"

"နေ့တစ်ဝက်အားတယ် အစ်ကို"

"ဪ၊ ကိုယ်အိမ်ပြန်လိုက်ဦးမယ်"

"ဟုတ်"

အဆင်ပြေမနေဘူး ကိုသု။ ယံမြင်နေရတာတွေ တစ်ခုမှအဆင်ပြေမနေဘူး။ ဘာလို့များ လက်တွေကိုပဝါစည်းပြီး ထွက်လာကြတာလဲ? တစ်ညလုံး အဲဒီလိုစည်းပြီးအိပ်နေကြတယ်ဆိုရင်လည်း အိပ်ရာနိုးရင်တော့ ဖြည်လိုက်တော့လေ။ ကလေးတွေလို ဆော့ချင်ရာဆော့ကြပြီး အမေဆူမှငြိမ်သလို ခေါင်းညိတ်နေရအောင်လည်း အသက်တွေကမငယ်တော့ဘူး။
ယံကရော အဲဒီလိုကလေးဆန်ဆန်တစ်ဇွတ်ထိုးတွေ လုပ်ပစ်လို့ရလား?



"မေမေရေ၊ မေမေ။ ဪ၊ ယံလေး ကျောင်းမသွားဘူးလား?"

"နေ့တစ်ဝက်အားနေလို့ ကိုသု"

"ဟုတ်လား? မေမေ့ကိုတွေ့မိလား ယံလေး"

"ခုနကတော့ ခြံထဲဆင်းသွားတယ်။ ကိုသု၊ ကျောင်းမသွားတော့ဘူးလား?"

"အင်းလေ၊ မသွားတော့ဘူး"

"ဘာဖြစ်လို့လဲ? ခေါင်းတွေကိုက်နေသေးလို့လား?"

"ကိုက်တော့မကိုက်တော့ပါဘူး"

"အဲဒါဆို ကျောင်းသွားရအောင်နော်။ ယံတစ်ယောက်တည်း မသွားချင်ဘူး"

"ယံလေး ကားယူသွားလေ။ အခုလောက်ဆို လမ်းတွေမှတ်မိတယ်မဟုတ်လား?"

"အန်တီက တက္ကစီငှားပေးလိုက်မယ်ပြောပါတယ်။ ဒါပေမဲ့ ယံတစ်ယောက်တည်းသွားရမှာ ပျင်းတယ်"

"ဪ၊ ဒီကလေးတော့ ကျောင်းကတက်မယ်မကြံသေးဘူးလေ"

"အဲဒါကြောင့် ကျောင်းသွားရအောင်လေနော်"

"ကိုယ်က ..."

"ကိုသုကမှ ကျောင်းတက်ရတာပျင်းနေတာလေ။ ကိုသု ဒီနေ့ကျောင်းတက်တယ်ဆိုရင် အန်ကယ်ပြန်လာတဲ့အခါလည်း အဆူခံရသက်သာတာပေါ့"

"အင်း၊ အဲဒါတော့ဟုတ်တယ်"

"အဲဒါဆို ကျောင်းသွားမယ်လေနော်။ နေ့လယ်စာစားပြီးရင် သွားကြမယ်လေနော်"

"ဟုတ်ပြီလေ၊ သွားကြတာပေါ့"

"ဟုတ်"

တိမ်ယံက လိုချင်တာရသွားသောကလေးတစ်ယောက်ကဲ့သို့ ပြုံးရွှင်ရယ်မောနေစဉ် ဒေါ်ခင်မေသက် ပြန်ဝင်လာကာ

"ဘာတွေပျော်နေတာလဲ သားလေး"

"ကိုသုက ကျောင်းသွားမယ်တဲ့ အန်တီ"

"ဘာပြောတယ်? ငါထီထိုးရမယ်ဟဲ့"

"မေမေကလည်းဗျာ လာနောက်နေတယ်"

"ငါ့သားက လိမ္မာနေတာကိုး"

နောက်မှဝင်လာသော ရဲရင့်က

"သုတ၊ မင်းကျောင်းသွားမယ်လို့ ပြောလိုက်တာလား?"

"ဟုတ်တယ်လေ၊ ဘာလို့လဲ?"

"ထူးဆန်းလို့လေ။ မူးလာပြီးရင် ဘယ်တုန်းက သွားဖူးလို့လဲ?"

"ဆန်းပါစေကွာ။ ယံလေးလည်း နေ့တစ်ဝက်အတန်းတက်ရမှာ။ ငါတို့လည်း သွားကြတာပေါ့"

လာပြန်ပြီ။ ဒီယံလေးဆိုတာပဲ ပါလာပြန်ပြီ။ မရတော့ဘူး ခေသုတ။ ငါပြတ်ပြတ်သားသားပဲပြောရမယ်။

"မသွားဘူး"

"ဟမ်၊ မင်းမလိုက်ဘူးလား? ဒါဆိုလည်း ငါနဲ့ယံလေးပဲသွားလိုက်မယ်လေ။ မင်းနေခဲ့"

"မနေဘူး။ မင်းမသွားနဲ့၊ ငါနဲ့အပြင်သွားမယ်နော်။ ဒီနေ့တစ်နေ့ပဲ ကျောင်းပြေးကြမယ်လေ"

"ကျွတ်! လုပ်ပြီကွာ ရဲရင့်ရာ။ ယံလေး၊ အပြင်သွားမယ် လိုက်မလား?"

"ဟို ..."

"ဟိုတွေဒီတွေလုပ်မနေနဲ့၊ လိုက်ခဲ့။ မဟုတ်ရင် မင်းတစ်ယောက်တည်းဖြစ်နေလိမ့်မယ်"

"ဟုတ်ကဲ့ ကိုသု။ အဲ့ဒါဆို ယံအဝတ်သွားလဲဦးမယ်နော်"

"အင်း"

ယံလေး သူ့အခန်းဆီတက်သွားတော့မှ ရဲရင့် သုတကိုကြည့်ရင်း

"ခေသုတ၊ မင်း မရိုးတော့ဘူးနော် ဟမ်း"

"ဘာကိုလဲ ရဲရင့်"

"မင်း ... ဘာမှမဟုတ်တော့ဘူး။ အင်္ကျီသွားလဲတော့သွား"

"အင်း၊ မင်းရော မလဲဘူးလား?"

"လဲမှာလေ၊ အခုပြန်လဲမှာ"

"မင်းဘာဝတ်မှာလဲ?"

"အမ်းး ဟိုတစ်ခါ လေးမောင်ဝယ်လာပေးတဲ့ အပြာနု Teen နဲ့ ဒူးကျပန်အနက်လေးဝတ်မယ်"

"အင်း၊ ငါလည်း အဲဒါပဲဝတ်မယ်"

"Ok"

"Ok"

ယံလေးပြင်ဆင်ပြီးတော့ မှန်ရှေ့မှာကိုယ့်ကိုကိုယ်ကြည့်ရင်း ပြုံးလိုက်မိသည်။
ဆံပင်ဖွာဖွာလေးတွေက နဖူးပေါ်တိတိလေးကျနေပြီး အနက်ရောင် Teen လေးရယ်၊ အပြာနုရောင်ဘောင်းဘီလေးရယ်၊ ထို့နောက် အဝါရောင်ဦးထုပ်ဝိုင်းလေးရယ်နဲ့ဆိုတော့ လုံးဝ Cute type လေးပင်။

"ငါ့လောက်ချစ်စရာကောင်းတာ ငါပဲရှိတယ်။ ဒါတောင် ကိုသုကမမြင်ဘူး။ အတော်ဆိုးတဲ့ကိုသု"

အခန်းတံခါးကိုယ်စီဖွင့်လို့ထွက်လာတော့ သုတနဲ့တိမ်ယံ မျက်နှာချင်းဆိုင်တွေ့ကြတော့သည်။ တစ်ယောက်ကိုတစ်ယောက် အတန်ကြာငေးကြည့်နေမိကြလေသည်။
တိမ်ယံအတွေးထဲမှာတော့

"ကိုသုနဲ့ငါက အပေါ်အောက်အရောင်ပဲကွဲတာ၊ အားလုံးအတူတူပဲ။ မသိရင် တမင်ညှိဝတ်ထားတာကျနေတာပဲ။ ဟိဟိ"

ခေသုတကတော့ ယံလေးကိုကြည့်ကာ

"အယ်၊ ဒီကောင်လေးနဲ့ငါတို့က ဘယ်လိုလုပ် အပေါ်အောက်ပဲအရောင်ကွဲနေရတာလဲ? ဦးထုပ်ကအစ အရောင်ကွဲပုံစံတူတဲ့လား ဟမ်"

သုတရော၊ ယံလေးရော အသံကြားရာဆီသို့ နှစ်ယောက်သားပြိုင်တူလှမ်းကြည့်လိုက်ချိန်မှာတော့
ရဲရင့်ပုံစံလေးကိုကြည့်ပြီး ကြည်နူးနေသည်က ခေသုတ။ ခေသုတနဲ့ညီရဲရင့်ကိုကြည့်ပြီး စိတ်ရှုပ်သွားရသူက တိမ်ယံ။

မြင်လိုက်ရသည်က ကိုယ့်ကို လက်နက်မပါဘဲအသေသတ်နေသလို၊ နှလုံးသားကို ဓားတုံးတုံးနဲ့လှီးဖြတ်နေသကဲ့သို့ နာကျင်ရသည်။ ဘယ်နေရာမှမလွဲ ဆင်တူဝတ်စုံလေးတွေနဲ့ ပြုံးပျော်နေသည့် ကိုသုနဲ့ကိုရဲရင့်အား မြင်နေရသည်က ယံအတွက်တော့ ကမ္ဘာပျက်နေသလိုပါပေ။

"ယံလေး၊ ယံလေး"

"ဗျ! ဗျာ၊ ကိုရဲရင့်"

"လာလေ၊ သွားကြမယ်။ တောင့်တောင့်ကြီးဘာရပ်လုပ်နေတာလဲ?"

"ဟု၊ ဟုတ်ကဲ့"

"နေမကောင်းဘူးလားယံလေး? ချွေးတွေပျံနေသလိုပဲ"

"ကောင်းပါတယ် ကိုသုရဲ့"

"ကဲ၊ ဒါဆိုလည်း သွားကြတာပေါ့"

ကားလေးတစ်စီး ရန်ကုန်မြို့ရဲ့တစ်နေရာကို ဦးတည်မောင်းနှင်နေသည်။
ကားပေါ်တွင်ပါလာသော ကောင်လေးသုံးယောက်သည်လည်း ကားထဲတွင် ဆူညံစွာ သီချင်းတွေအော်ဆိုနေကြလေရဲ့။

ကားပေါ်စရောက်လို့ ကားစမောင်းတဲ့အချိန်ကတည်းက သီချင်းတွေဖွင့်ကာ လိုက်အော်ဆိုနေသူကညီရဲရင့်။ ထို့နောက် ခေသုတကပါ လိုက်ဆိုလေတော့သည်။ ယံလေးသည်ပင် စိတ်ညစ်နေသည်တို့ပြေပျောက်ကာ အစ်ကိုနှစ်ယောက်နှင့်အတူ ပျော်ရွှင်နေလေရဲ့။

ထို့နောက် Super Market တစ်ခုရှေ့တွင် ရဲရင့်ကားလေးအား ကားပါကင်တွင်ရပ်ကာ သုံးယောက်သား ကားပေါ်ကဆင်းလာကြတော့ လူတချို့က သူတို့သုံးယောက်ကို ကွက်ကြည့်ကွက်ကြည့်နှင့်။ တချို့ဆို ဓာတ်ပုံတွေတောင်ခိုးရိုက်နေကြလေသည်။

"သုတ"

"ဟင်?"

"ငါတို့က ဘာတွေထူးဆန်းနေလို့လဲ? သူတို့က ဘာတွေဖြစ်နေကြတာလဲ?"

"သိဘူးလေ။ ယံလေးရော သိလား?"

"ဟင့်အင်း"

"မသိတာပဲကောင်းတယ်။ လာ၊ ထူးမြတ်တို့အထဲမှာစောင့်နေရတာ သူတို့ချည်းပဲဆိုကိစ္စမရှိပေမဲ့ ဥက္ကာနဲ့သူ့အဖြူလေးပါ ပါလာတယ်တဲ့။ ငါတို့ကြာနေရင် အားနာစရာကောင်းတယ်"

"အေး၊ ဟုတ်တယ်။ အမြန်၊ အမြန်"

"ကိုသု၊ ကိုရဲရင့်၊ မပြေးနဲ့လေ။ ယံလေးကိုစောင့်ကြပါဦး"

"လာ"

"လာ"

နှစ်ဦးသားပြိုင်တူဆိုကာ ယံလေးရဲ့လက်တစ်ဖက်စီကိုဆွဲ၍ Market ထဲပြေးသွားကြသော ရဲရင့်နှင့်သုတ၊ သူတို့နှစ်ဦးကြား လုံးလုံးလေးနဲ့ ဒရောသောပါး ပါသွားသော တိမ်ယံ။
သူတို့အားကြည့်ကာ လူတချို့ကတော့ ဘာတွေလဲဆိုသောအတွေးများ တွေးနေကြသလို
တချို့ကလည်း ညီအစ်ကိုလေးတွေဟုဆိုကာ လိုက်ကြည့်နေကြလေရဲ့။

ဘယ်သူတွေ ဘယ်လိုပဲထင်မြင်ယူဆကြပါစေ၊ သူတို့အကြောင်းကိုတော့ သူတို့သာအသိဆုံးဖြစ်ပါလိမ့်မည်။

""""""""""""""""""""""""""""""""""""""

by Jay & Demon
© Demon ,
книга «Zippy Amor (Lively Friendship)».
Коментарі