Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30): Final
Chapter (19)
ေက်ာင္းပိတ္ရက္မို႔ တိမ္ယံတစ္ေယာက္ အိမ္အလုပ္ကူလုပ္ေပးေနခဲ့သည္။ ရဲရင့္ေရာက္လာၿပီး သုတအခန္းဆီတက္သြားေပမဲ့ ခဏနဲ႔ျပန္ဆင္းလာကာ သုတအိပ္ေနလို႔ဆိုၿပီး ျပန္ထြက္သြားျပန္သည္။
ရဲရင့္နဲ႔သုတ ပံုမွန္မဟုတ္တာကို တိမ္ယံရိပ္မိေပမဲ့ ဘာျဖစ္ၾကသည္ကိုေတာ့မသိရသည္မို႔ သိခ်င္ေနမိၿပီ။ သုတႏိုးေနတာကို တိမ္ယံေသခ်ာျမင္ခဲ့ရၿပီးမွ ရဲရင့္လာေတာ့ အိပ္ေနသည္ဆိုသည္မွာ သိသိသာသာ ေရွာင္ေနျခင္းသက္သက္လား?

မနက္စာစားေတာ့လည္း ေခသုတဆိုသည္မွာ လူလား၊ စက္ရုပ္လား ေမးခ်င္စရာျဖစ္ရေအာင္ ၿငိမ္လြန္းေနသည္။ ေခ်ာင္းေပါက္ေနက်ျဖစ္သည့္ ညီရဲရင့္သည္လည္း ေန႔လယ္စာစားၿပီးသည္အထိ ထပ္ေရာက္မလာခဲ့။ မလာသည့္လူကမလာျပန္ေတာ့ အိမ္ကလူက ေမၽွာ္ေနသလားလို႔ ထင္ရျပန္သည္။
သူတို႔ကိုၾကည့္ကာစိတ္ညစ္ရသည့္အထဲ လိုင္းေပၚတက္ခါမွ စိတ္ရႈပ္စရာေတြေတြ႕ရသည့္ တိမ္ယံ ယေန႔ကံမေကာင္းပါ။

📨 "ခ်ာတိတ္၊ Friend Request ျပန္ရလို႔ Add ထားတာကို လက္မခံဘူးလား?"

ျမင္ေနရဲ႕နဲ႔အဖက္မလုပ္သည္ကို ေပၚတင္ေမးလာေတာ့ မေကာင္းတတ္သည္ေၾကာင့္

📨 "သတိမထားမိလို႔ပါ"

     "အခုသိၿပီဆိုေတာ့ လက္ခံလိုက္ေတာ့"

     "Done"

     "ပိတ္ရက္ကို အိပ္မွာပဲနားေနတာလား?"

     "👍🏻"

     "သူငယ္ခ်င္းေတြနဲ႔ ေလၽွာက္မလည္ဘူးေပါ့"

     "👍🏻"

     "ကိုယ္တို႔လည္း ဒီပိတ္ရက္ေတာ့ မခ်ိန္းထားၾကဘူး။ ဟိုႏွစ္ေကာင္က Weather မ fine ဘူး။ ထံုးစံအတိုင္း ကိုက္ၾကျပန္ၿပီထင္ပါတယ္"

ဒီႏွစ္ေယာက္ကိစၥကိုပဲ ထပ္ေတြးဖို႔ျဖစ္လာရတာမို႔ Reply မျပန္ဘဲထားလိုက္ေတာ့

📨 "လက္မေလးေတာင္ ျပန္မလာေတာ့ဘူး။ ရက္စက္လိုက္တာ"

      "ဟာဗ်ာ! ဘာျဖစ္ေနတာလဲ?"

      "မေျပာပါဘူး၊ အခ်ိန္မက်ေသးဘူး"

      "ခင္ဗ်ားႀကီး ရန္စေနတာဆိုရင္ လစ္လိုက္ေတာ့"

      "ေဟာဗ်ာ၊ ကၽြန္ေတာ္မ်ိဳးႀကီး ရန္မစရေၾကာင္းပါဘုရား"

      "😠"

      "ဂငယ္"

      "😕"

      "ကြင္းစ"

      "ခင္ဗ်ား ဘာေတြေျပာေနတာလဲ?"

      "ႏႈတ္ခမ္းေလးကို ဘာသာျပန္ေနတာေလ"

      "ဘာ!"

      "Emoji ေလးေတြရဲ႕ ႏႈတ္ခမ္းေလ"

တိမ္ယံ အဖက္လုပ္မေနေတာ့ပါ။ စာေတြေရာက္ေနေပမဲ့ မၾကည့္ေတာ့ပါ။ စိတ္ကမၾကည္ပါဘူးဆိုမွ ျမင္သမၽွက ႐ိုက္သတ္ခ်င္စရာေတြခ်ည္း ျဖစ္လာရျပန္သည္။ အိမ္ေပၚထပ္ဝရန္တာမွာ ထြက္ထိုင္ရင္း လိုင္းသံုးရတာလည္း စိတ္တိုစရာျဖစ္လာလို႔ ျခံထဲလွမ္းၾကည့္ေတာ့မွ ပိုဆိုးေနပါၿပီ။ ျခံထဲမွာ ေခါက္တံု႔ေခါက္ျပန္ေလၽွာက္ၿပီး အၿငိမ္မေနေသာေခသုတႏွင့္ ဟိုဘက္အိမ္ေပါက္ဝက ျပဴတစ္ျပဴတစ္လုပ္ေနပါေသာ ညီရဲရင့္တို႔ အခ်င္းခ်င္းမျမင္ရေသာ္လည္း တိမ္ယံကေတာ့ ႏွစ္ေယာက္လံုးကိုျမင္ေနရသည္။ သူတို႔ ဘယ္တုန္းကရန္ျဖစ္ထားၾကပါသလဲ?
မျမင္ခ်င္တာမို႔ အခန္းထဲဝင္လာၿပီး လိုင္းျပန္ဖြင့္ကာ Post ေကာက္တင္လိုက္မိသည္။

*** တခ်ိဳ႕ကိစၥေတြက ျမင္ေနရတာ ခါခ်ဥ္အံု ေရထဲက်သလိုပဲ။ ရြစိရြစိေတြ ***

တင္လိုက္ၿပီး ျပန္ဆင္းမယ္လုပ္ေတာ့ Noti တစ္ခုဝင္လာသည္က အခု Post မွာ ထူးျမတ္တစ္ေယာက္ Comment ဝင္ေရးသြားျခင္း။

[ သူက အသည္းယားစရာ ] တဲ့ေလ။

စကားႏွစ္ခြေတြေျပာလြန္းေနေသာ ထူးျမတ္ကို တိမ္ယံအဖက္မလုပ္ခ်င္။ ျခံထဲဆင္းဖို႔ေတြးကာ လိုင္းပိတ္ၿပီး အခန္းအျပင္ထြက္လို႔ ေခသုတရွိရာျခံထဲသို႔ ဆင္းလာခဲ့သည္။

"သုတ၊ မင္း ငါ့ကိုစိတ္ဆိုးေနတာလား? အဲဒါဆိုလည္း အဲဒီကိစၥကို မေတြးနဲ႔ေတာ့ေလေနာ္။ ငါေတာင္းပန္ပါတယ္၊ အခုလိုႀကီးမေနပါနဲ႔။ ငါတကယ္မေနတတ္ဘူး"

"................"

"သုတေလးေရ၊ ငါေတာင္းပန္ေနတယ္ေလကြာ"

"မင္းက ေျပာခ်င္ရာေျပာတယ္။ ၿပီးေတာ့ ျပန္ရုတ္သိမ္းၿပီး ေတာင္းပန္တယ္ေပါ့"

"႐ုတ္သိမ္းတယ္လို႔မေျပာဘူးေနာ္။ မင္းမႀကိဳက္ရင္ မေတြးဖို႔ေျပာတာ။ ငါက သိေစခ်င္လို႔ေျပာခဲ့တာမို႔ မင္းသိရင္ရပါၿပီ။ ျပန္႐ုတ္သိမ္းရေအာင္က ေပ်ာက္ပ်က္သြားတဲ့ကိစၥမွ မဟုတ္တာ"

ဘာေတြလဲ? ဘာကိစၥကိုမေတြးခိုင္းၿပီး ဘာကိုျပန္ရုတ္သိမ္းစရာမလိုတာလဲ? ခုနကပဲ သုတတစ္ေယာက္တည္းရွိေနတာကို အခုက ရဲရင့္ေရာက္လာၿပီး ဘာေတြကိုမ်ား အသည္းအသန္ေဆြးေႏြးေနၾကတာလဲ?

"မေတြးေစခ်င္ရင္ အစတည္းကမေျပာနဲ႔ေလ"

"သိေစခ်င္လို႔ေလ"

"သိၿပီေလ၊ သိေစခ်င္ရံုဆိုရင္ ဘာလို႔ငါ့သေဘာကို ေမးေနေသးတာလဲ?"

"ငါသိခ်င္လို႔ပါ။ ဒါေပမဲ့ မင္းက ႐ုတ္တရက္ႀကီးစိမ္းကားသြားေတာ့ ငါမေနတတ္ေတာ့ဘူးေလ"

"မင္းကိုမယံုေသးဘူး"

"ငါ့အျပစ္နဲ႔ငါဆိုေပမဲ့ မင္းပါးစပ္ကမယံုဘူးေျပာရင္ မခံစားႏိုင္ဘူး။ မင္းဘယ္လိုျဖစ္ခ်င္လဲ? တစ္ခုခုကို ျပတ္ျပတ္သားသားေျပာေပးပါလား? မင္းမႀကိဳက္ရင္လည္း အရင္လိုေလး သူငယ္ခ်င္းလိုပဲ ေနရေအာင္ေလေနာ္"

ဘာျဖစ္တယ္? သူငယ္ခ်င္းလိုေနရေအာင္တဲ့။ သူတို႔က သူငယ္ခ်င္းပဲမဟုတ္ဘူးလား? ျပတ္သားဖို႔၊ မႀကိဳက္ရင္မႀကိဳက္ဘူးေျပာဖို႔တဲ့။ ဒါဆို ကိုသုကို ကိုရဲရင့္က ဖြင့္ေျပာလိုက္တာလား? မရဘူးေနာ္၊ မဟုတ္ရဘူး။

"မင္း အမ်ိဳးမ်ိဳးပဲ ညီရဲရင့္"

"မဟုတ္ဘူး။ တစ္မ်ိဳးတည္းပဲ။ အရင္ကလည္း ငါ မင္းကိုခ်စ္ခဲ့တာ၊ ငါမသိခဲ့႐ံုေလးပါ။ အခု ငါမင္းကိုခ်စ္ေနတာ မင္းသိေစခ်င္တယ္။ တူညီစြာတံု႔ျပန္မယ္ဆိုလည္း အတိုင္းထက္အလြြန္ေပါ့။ ျငင္းရင္လည္း ငါ့ကိုေတာ့ အရင္လိုျပန္ေနခြင့္ေပးေစခ်င္တာ။ ဒါေပမဲ့ မင္းဘယ္လိုဆံုးျဖတ္ဆံုးျဖတ္ ငါကေတာ့ မင္းကိုဆက္ခ်စ္ေနဦးမွာ။ မင္းမႀကိဳက္ရင္ေတာ့ ငါလံုးဝထုတ္မေျပာေတာ့ဘူး"

ခ်စ္ခဲ့တယ္တဲ့၊ ခ်စ္ေနတယ္တဲ့၊ ဆက္ခ်စ္ေနဦးမွာတဲ့။ ကိုညီရဲရင့္၊ ခင္ဗ်ားကဖြင့္ေျပာခဲ့တာေပါ့ေလ။ အဲဒီညကေျပာခဲ့တာလား? ဒါေၾကာင့္ အခုရက္ေလးအတြင္းမွာ ႏွစ္ေယာက္သားၿငိမ္ေနၾကတာေပါ့။
ဟင့္အင္း၊ ကိုသု ျပန္မခ်စ္ရဘူးေနာ္။

"ငါ မင္းကို ျပန္မခ်စ္ႏိုင္ဘူး ဆိုရင္ေရာ?"

ညီရဲရင့္မ်က္ဝန္းေတြမွာ အရည္ၾကည္တခ်ိဳ႕ျပည့္လာၿပီး မ်က္ေတာင္ေတြခတ္ပစ္လိုက္ကာ

"အရင္လိုေလးျပန္ေနၾကတာေပါ့"

"အရင္လိုျပန္ေနဖို႔က မင္းဘက္ကမ႐ိုးသားတာ ငါသိေနၿပီေလ"

"ငါ့ဘက္က အရိုးသားဆံုးစိတ္နဲ႔ အခ်စ္ဆံုးသူငယ္ခ်င္းလို ေနေပးမွာပါ"

"ငါက ရည္းစားထားရင္ေရာ?"

ရဲရင့္တစ္ေယာက္ သုတဆီကေန အၾကည့္လႊဲလိုက္ၿပီး

"မင္းလြတ္လပ္ခြင့္ကို ငါကဘာေျပာႏိုင္မွာလဲ?"

"ငါကရည္းစားထားပါၿပီတဲ့၊ မင္းက အသည္းကြဲျပေနရင္ ငါစိတ္အေႏွာင့္အယွက္ျဖစ္တယ္ေလ"

"အဟား! ငါေပ်ာ္ေနေပးရမလား?"

ရဲရင့္ ေခါင္းကိုေမာ့လိုက္ၿပီး အသက္ျပင္းျပင္းရွဴကာ မ်က္ရည္မက်မိေအာင္လုပ္လိုက္ရင္း

"ေျပာၾကည့္ေလ သုတ၊ မင္းပါးစပ္ကေျပာၾကည့္။ ငါလုပ္ေပးႏိုင္ေအာင္ ႀကိဳးစားမယ္"

"အင္း၊ မေပ်ာ္ႏိုင္ရင္ေတာင္ ငါ့ေရွ႕ေတာ့ ျပံဳးေနေပးေပါ့"

ဘယ္လိုေနလဲ ညီရဲရင့္၊ မင္း ရည္းစားေတြထည္လဲတြဲတုန္းက ငါဘယ္ေလာက္ရင္နာရလဲဆိုတာ မင္းသိၿပီလား? အခုက ငါေျပာ႐ံုေျပာေသးတာေနာ္၊ မင္းက တကယ္တြဲခဲ့တာ။

"ငါ ျပံဳးေနေပးရင္ မင္းဘက္က အရင္လိုျပန္ေနေပးမွာလား?"

"အင္း"

"Ok, အဲဒါဆို ရတယ္။ မင္းသေဘာအတိုင္းပဲ"

"ေသခ်ာတယ္ေနာ္"

"ေသခ်ာတယ္"

ေသခ်ာရေတာ့မွာေပါ့။ မင္းအနားဆက္ေနရဖို႔၊ ငါ့အနာဂတ္ေလးမေပ်ာက္ဖို႔က ငါေခါင္းညိတ္ရံုပဲေပါ့။

"ငါ ျပန္ေတာ့မယ္ေနာ္ သုတေလး"

"အင္း၊ ျပန္ေလ။ ငါက ယံေလးနဲ႔အျပင္သြားမလို႔"

"ဪ၊ ဘာသြားလုပ္ၾကမလို႔လဲ? ဟို ... ငါေရာ?"

"အဟမ္း၊ ယံေလးအတြက္ ဝယ္စရာရိွလို႔ပါ။ မင္းမလိုက္လည္းရတယ္"

မင္းမလိုက္နဲ႔လို႔ေျပာလိုက္ပါလား သုတေလးရယ္။ အဟားး၊ မင္းမလိုက္လည္းရတယ္တဲ့လား? ပညာသားပါပါ ႏွင္ေနတာပဲ။

"ေအးပါ၊ ငါျပန္ေတာ့မယ္ေနာ္ အဲ့ဒါဆိုလည္း။ ဟို ... အရမ္းေနာက္မက်နဲ႔ေနာ္"

"ေအး ေအး၊ ငါေရခ်ိဳးဦးမွာ။ ျပန္မယ္ဆိုလည္းျပန္ေတာ့ေလ.....   ယံေလးေရ၊ ယံေလးး"

အတင္းႏွင္လႊတ္ကာ တိမ္ယံနာမည္အား တစာစာေအာ္ကာ အိမ္ထဲဝင္သြားေသာ သုတေလးအားၾကည့္ရင္း ရဲရင့္မ်က္ရည္က်မိသည္။
အခ်စ္က သိပ္ရက္စက္ပါေပ၏။ ရည္းစားေတြ တစ္ေယာက္ၿပီးတစ္ေယာက္ထားခဲ့တဲ့ကိုယ့္ကို သည္းခံေပးခဲ့တဲ့သုတေလးအား နားလည္ခဲ့ေပၿပီ။ အခု သုတေလးက ရည္းစားထားမည္ဟုေျပာရံုေလးႏွင့္ ကိုယ္ဒီေလာက္နာက်င္ခံစားေနရရင္ သုတေလးရင္ထဲ ဘယ္ေလာက္မ်ားေၾကကြဲေနခဲ့မလဲ။ ေတြးၾကည့္ရံုႏွင့္ ရင္ထဲမြန္းက်ပ္မိသည္။
ငါ့အမွားေတြအတြက္ မင္းေက်နပ္တဲ့အထိ ေပးဆပ္ပါ့မယ္၊ သုတေလးရယ္။

အိမ္ဘက္ျပန္ဝင္လာေတာ့ ေမေမက လွမ္းၾကည့္ရင္း

"သားသား၊ ဟိုဘက္အိမ္ကျပန္လာတာလား? သုတေလးနဲ႔ယံေလးေရာ ရိွၾကလား? ေမေမ အုန္းႏို႔ေခါက္ဆြဲလုပ္ထားတယ္၊ သြားေခၚလိုက္ဦးေလ"

"သူတို႔မစားေလာက္ဘူး ေမေမရဲ႕၊ အျပင္သြားၾကမလို႔တဲ့။ သားပဲအမ်ားႀကီးစားမယ္ေနာ္"

"ဟဲ့! သားသား ရဲရင့္"

သားပဲအမ်ားႀကီးစားမယ္ဟုဆိုကာ အုန္းႏို႔ေခါက္ဆြဲေတြကို ဇလံုႀကီးနဲ႔ထည့္ေနတဲ့သားအနား အေျပးသြားရင္း

"ဟဲ့ ဟဲ့၊ ညီရဲရင့္! ကုန္မွာလည္းမဟုတ္ဘဲနဲ႔။ နင္ေနာ္၊ ငါလုပ္ထည့္လိုက္ရ"

"သား ကုန္ေအာင္စားမွာ"

"ေအး စား၊ ကုန္ေအာင္စား။ မကုန္ရင္ နင္ေသဖို႔သာျပင္ထား။ နင္ေကာက္လာျပန္ၿပီဆိုတာ ငါသိတယ္။ မေက်မလည္ေတြကို အိမ္သယ္မလာနဲ႔၊ အေကာင္စုတ္ရဲ႕"

"ေမေမကလည္းဗ်ာ၊ သားေလးတစ္ေယာက္တည္းရိွတာကို ေျပာဆိုေနလိုက္တာ။ ဟီးး အီးး ဒါေလးစားတာေတာင္ မသဒၶါဘူး။ ဟီးး ေဖေဖေရ၊ သားကို ေမေမအႏိုင္က်င့္တယ္။ အဟင့္ ဟီးးးအီးးး"

"ဟယ္ "

ၾကမ္းျပင္ေပၚေျခဆင္းၿပီး ေအာ္ႀကီးဟစ္က်ယ္ငိုေနတဲ့သားကိုၾကည့္ကာ သူမ "ဟယ္" ဟုသာဆိုႏိုင္ေတာ့သည္။ တကယ္ဝမ္းနည္းေနသည္ ထင္ပါရဲ႕၊ ရိႈက္ႀကီးတငင္ႏွင့္ မ်က္ရည္ေပါက္ႀကီးေတြ ပါးျပင္ထက္လိမ့္ဆင္းကာ ဝမ္းပမ္းတနည္းငိုေနေသာသားေၾကာင့္ သူမစိတ္မေကာင္းျဖစ္မိရျပန္သည္။ ထို႔ေနာက္ သားအနားထိုင္ရင္း ေခါင္းေလးအား ရင္ခြင္ထဲထည့္ဖက္ေပးထားကာ

"ေမ့သားေလးကို ေမက သဒၶါပါတယ္သားရယ္။ ေမေမက သားကိုမွမေကြၽး ဘယ္သူ႔သြားေကြၽးမလဲသားရဲ႕၊ ဟင္? မငိုနဲ႔ေတာ့ေနာ္၊ ေမေမ့အခ်စ္ဆံုးေလး"

"ဟင့္ ... ေမေမ့ေၾကာင့္ သား ... အင့္ ... ဝမ္းနည္း ... ဟင့္ ... သြားၿပီ"

"ဟုတ္ပါရဲ႕၊ ေမ့သားေလး ဝမ္းနည္းသြားၿပီ။ အို၊ ကေလးေလးက မုန္႔ေတြအမ်ားႀကီးစားခ်င္တာ ေမကမေကြၽးေတာ့ စိတ္မေကာင္းျဖစ္ရတာေပါ့"

"ဟုတ္"

"ကဲ၊ ထ။ သားသား စိတ္ႀကိဳက္စား"

"ဟင့္၊ ေတာ္ၿပီ။ ေမေမသက္အိမ္ကို ေမေမ့ဘာသာသြားေပး၊ သားမေပးဘူး။ ဟင့္ ... သား အခန္းထဲသြားေတာ့မယ္"

"ဟင္းး သုတေလးနဲ႔ ရန္ျဖစ္လာလား?"

"ဟင့္အင္း၊ မဟုတ္ပါဘူး။ ဒီတိုင္း သား ေနမေကာင္းခ်င္သလိုျဖစ္ေနလို႔"

"အင္းပါ၊ သားနားခ်င္နားေတာ့။ ေမေမ ဟိုဘက္အိမ္သြားဦးမယ္ေနာ္"

"အြန္း"

အခန္းထဲဝင္သြားသည့္သားအား လိုက္ၾကည့္ရင္း သက္ျပင္းရွည္ကိုသာခ်မိပါေတာ့တယ္။ ဒီကေလးေတြ ဒီလိုပဲတစ္သက္လံုးေနၾကမွာလားမသိ။ အခုခ်ိန္ထိ မတည့္ၾကသလို အေပ်ာက္လည္းမခံၾက၊ မခ်စ္ၾကတာလည္းမဟုတ္။ ၾကာလာရင္ ျပႆနာေတြျဖစ္လာမွာ စိတ္ပူမိသည္။
အဆင္ေျပသြားမွာပါဟုေတြးရင္း အုန္းႏို႔ေခါက္ဆြဲခ်ိဳင့္ေလးအားဆြဲကာ ဟိုဘက္အိမ္ကိုထြက္လာခဲ့သည္။ အိမ္ေရွ႕ေရာက္ေတာ့ သုတေလးနဲ႔ တိမ္ယံေလးကိုေတြ႕ေတာ့

"သားတို႔"

"ဗ်ာ၊ ေမေမႏွင္း။ ဘာေတြလဲဟင္ ခ်ိဳင့္ထဲက"

"အုန္းႏို႔ေခါက္ဆြဲေလသားရဲ႕၊ ေမႏွင္းခ်က္တာ။ အဲ့ဒါ သားေမေမဆီကိုလာပို႔တာ"

"ဟာ၊ သားက ေမႏွင္းလက္ရာလြမ္းေနတာကို"

"လြမ္းေနလည္း လာစားပါေတာ့။ ဒါနဲ႔ ဘယ္သြားၾကမလို႔တုန္း? ေမ့ကေလးေတြက ျပင္ထားတာ မင္းသားရႈံး"

"ဟီး၊ ဒီလို တီတီရဲ႕။ ယံကို ကိုသုက ၿမိဳ႕ထဲလိုက္ပို႔မလို႔တဲ့၊ လိုခ်င္တာေတြလည္း ဝယ္ေပးမယ္တဲ့"

"ဟုတ္ပါၿပီရွင္၊ သြားၾက သြားၾက။ ကားကို ဂရုစိုက္ေမာင္းဦးေနာ္"

"ဟုတ္၊ ေမေမႏွင္း။ သားဖို႔ခ်န္ထားဦးေနာ္၊ သားျပန္လာရင္စားမွာ"

"ေအးပါဟယ္၊ ခ်န္ထားပါ့မယ္။ အိမ္ကအငတ္ကေတာ့ ဇလံုနဲ႔စားလို႔ဆူလိုက္တာ အငိုနဲ႔က်န္ခဲ့ေလရဲ႕။ ေျပာမေကာင္းတဲ့ဟာေလး"

"ေမေမႏွင္း၊ ရဲရင့္ငိုေနတယ္ ဟုတ္လား?"

"အင္း၊ ငိုေနတာ။ အခုအခန္းထဲမယ္ ထားခဲ့တယ္။ ေနပါေစ၊ တစ္ေန႔လံုးအငတ္ထားပစ္မယ္။ ကဲ၊ ေမေမႏွင္း အိမ္ထဲဝင္ေတာ့မယ္"

"ဟို ..."

ၾကာလာရင္ သြားျဖစ္ေတာ့မယ္မထင္ေပ။ ရတဲ့အခြင့္အေရးေလးကိုေတာ့ လက္လြတ္မခံႏိုင္ပါ။ ကိုရဲရင့္မပါဘဲ ကိုသုနဲ႔ႏွစ္ေယာက္တည္းသြားရဖို႔ဆိုတာ ယံေလးအတြက္ မဟာအခြင့္အေရးေပမို႔ သြားျဖစ္ေအာင္သြားရမည္။

"ကိုသု၊ သြားရေအာင္ေလ"

"ဟမ္! အင္း အင္း၊ သြားၾကမယ္"

"ဟုတ္"

ကားေလးေပၚမွာ အေပ်ာ္လြန္ေနသူ ယံေလးကေတာ့ စကားေတြေဖာင္ဖြဲ႕လို႔။ ရင္ထဲပူပန္ျခင္းေတြနဲ႔အတူ စ္ိတ္မရႊင္မလန္းျဖစ္ေနရသူကေတာ့ ေခသုတပါပဲ။

"ကိုသု၊ ယံေလးေလ ကိုသုနဲ႔ခုလိုေလးသြားရတာ အရမ္းေပ်ာ္တာပဲသိလား။ ကိုရဲရင္နဲ႔ဆိုရင္ ယံေလးမေပ်ာ္ဘူး"

"ဘာလို႔လဲ?"

"ဘာျဖစ္ရမွာလဲ! ကိုသုက ယံေလးကိုဆို အလိုမရိွသလိုႀကီး၊ သူပါလာရင္ ယံ့ကိုယ္ယံသိမ္ငယ္မိတယ္။ ကိုသုက သူ႔ကိုပဲဂရုစိုက္ေနတာ။ ယံစိတ္မေကာင္းျဖစ္ရတယ္။ အခုေတာ့ ယံေပ်ာ္လြန္းလို႔၊ ဟိဟိ"

"အဟင္း၊ အရူးေလး၊ ေပ်ာ္ေနတာ ရုပ္က။ ဟိုေကာင္သိရင္ မင္းေတာ့ျပာက်မယ္"

"မေၾကာက္ပါဘူး၊ ကိုသုရိွတာပဲ"

"အဟားး ဟုတ္ပါၿပီကြာ"

ညီရဲရင့္၊ မင္းမရိွလည္း ငါေပ်ာ္ေနၿပီ။ မင္းကိုေတာ့ ငါမရိွရင္မေနႏိုင္ ျဖစ္ေနေစခ်င္တာ။ ငါေပ်ာ္ေနတာကိုၾကည့္ၿပီး မင္းကိုနာက်င္ေစခ်င္တာ။ ငါ့တုန္းက ဘယ္ေလာက္ေတာင္ရင္ကြဲခံခဲ့ရလဲဆိုတာ မင္းကိုသိေစခ်င္တယ္။ မင္း ငါ့ေနရာကို အျပည့္အဝဝင္ယူၿပီး ငါ့လိုအျဖစ္မ်ိဳး ခံစားၾကည့္စမ္းပါ။  ဘယ္လိုနာက်င္မႈလဲဆိုတာ မင္းကိုလက္ေတြ႕ျပမယ္ ရဲရင့္။ ခံႏိုင္ရည္ရိွဖို႔သာ ႀကိဳးစားလိုက္ပါ။ ညီရဲရင့္၊ ဒီေန႔ကစၿပီး မင္းအလွည့္ေရာက္ၿပီလို႔သာ မွတ္လိုက္ေတာ့။

"ငါကရက္စက္တတ္သူဆို ငါ့ကို ရက္စက္တတ္သူျဖစ္ေအာင္ သင္ေပးခဲ့သူက မင္းကိုယ္တိုင္ပါပဲ ခ်စ္ရသူရယ္"

""""""""""""""""""

ကျောင်းပိတ်ရက်မို့ တိမ်ယံတစ်ယောက် အိမ်အလုပ်ကူလုပ်ပေးနေခဲ့သည်။ ရဲရင့်ရောက်လာပြီး သုတအခန်းဆီတက်သွားပေမဲ့ ခဏနဲ့ပြန်ဆင်းလာကာ သုတအိပ်နေလို့ဆိုပြီး ပြန်ထွက်သွားပြန်သည်။
ရဲရင့်နဲ့သုတ ပုံမှန်မဟုတ်တာကို တိမ်ယံရိပ်မိပေမဲ့ ဘာဖြစ်ကြသည်ကိုတော့မသိရသည်မို့ သိချင်နေမိပြီ။ သုတနိုးနေတာကို တိမ်ယံသေချာမြင်ခဲ့ရပြီးမှ ရဲရင့်လာတော့ အိပ်နေသည်ဆိုသည်မှာ သိသိသာသာ ရှောင်နေခြင်းသက်သက်လား?

မနက်စာစားတော့လည်း ခေသုတဆိုသည်မှာ လူလား၊ စက်ရုပ်လား မေးချင်စရာဖြစ်ရအောင် ငြိမ်လွန်းနေသည်။ ချောင်းပေါက်နေကျဖြစ်သည့် ညီရဲရင့်သည်လည်း နေ့လယ်စာစားပြီးသည်အထိ ထပ်ရောက်မလာခဲ့။ မလာသည့်လူကမလာပြန်တော့ အိမ်ကလူက မျှော်နေသလားလို့ ထင်ရပြန်သည်။
သူတို့ကိုကြည့်ကာစိတ်ညစ်ရသည့်အထဲ လိုင်းပေါ်တက်ခါမှ စိတ်ရှုပ်စရာတွေတွေ့ရသည့် တိမ်ယံ ယနေ့ကံမကောင်းပါ။

📨 "ချာတိတ်၊ Friend Request ပြန်ရလို့ Add ထားတာကို လက်မခံဘူးလား?"

မြင်နေရဲ့နဲ့အဖက်မလုပ်သည်ကို ပေါ်တင်မေးလာတော့ မကောင်းတတ်သည်ကြောင့်

📨 "သတိမထားမိလို့ပါ"

     "အခုသိပြီဆိုတော့ လက်ခံလိုက်တော့"

     "Done"

     "ပိတ်ရက်ကို အိပ်မှာပဲနားနေတာလား?"

     "👍🏻"

     "သူငယ်ချင်းတွေနဲ့ လျှောက်မလည်ဘူးပေါ့"

     "👍🏻"

     "ကိုယ်တို့လည်း ဒီပိတ်ရက်တော့ မချိန်းထားကြဘူး။ ဟိုနှစ်ကောင်က Weather မ fine ဘူး။ ထုံးစံအတိုင်း ကိုက်ကြပြန်ပြီထင်ပါတယ်"

ဒီနှစ်ယောက်ကိစ္စကိုပဲ ထပ်တွေးဖို့ဖြစ်လာရတာမို့ Reply မပြန်ဘဲထားလိုက်တော့

📨 "လက်မလေးတောင် ပြန်မလာတော့ဘူး။ ရက်စက်လိုက်တာ"

      "ဟာဗျာ! ဘာဖြစ်နေတာလဲ?"

      "မပြောပါဘူး၊ အချိန်မကျသေးဘူး"

      "ခင်ဗျားကြီး ရန်စနေတာဆိုရင် လစ်လိုက်တော့"

      "ဟောဗျာ၊ ကျွန်တော်မျိုးကြီး ရန်မစရကြောင်းပါဘုရား"

      "😠"

      "ဂငယ်"

      "😕"

      "ကွင်းစ"

      "ခင်ဗျား ဘာတွေပြောနေတာလဲ?"

      "နှုတ်ခမ်းလေးကို ဘာသာပြန်နေတာလေ"

      "ဘာ!"

      "Emoji လေးတွေရဲ့ နှုတ်ခမ်းလေ"

တိမ်ယံ အဖက်လုပ်မနေတော့ပါ။ စာတွေရောက်နေပေမဲ့ မကြည့်တော့ပါ။ စိတ်ကမကြည်ပါဘူးဆိုမှ မြင်သမျှက ရိုက်သတ်ချင်စရာတွေချည်း ဖြစ်လာရပြန်သည်။ အိမ်ပေါ်ထပ်ဝရန်တာမှာ ထွက်ထိုင်ရင်း လိုင်းသုံးရတာလည်း စိတ်တိုစရာဖြစ်လာလို့ ခြံထဲလှမ်းကြည့်တော့မှ ပိုဆိုးနေပါပြီ။ ခြံထဲမှာ ခေါက်တုံ့ခေါက်ပြန်လျှောက်ပြီး အငြိမ်မနေသောခေသုတနှင့် ဟိုဘက်အိမ်ပေါက်ဝက ပြူတစ်ပြူတစ်လုပ်နေပါသော ညီရဲရင့်တို့ အချင်းချင်းမမြင်ရသော်လည်း တိမ်ယံကတော့ နှစ်ယောက်လုံးကိုမြင်နေရသည်။ သူတို့ ဘယ်တုန်းကရန်ဖြစ်ထားကြပါသလဲ?
မမြင်ချင်တာမို့ အခန်းထဲဝင်လာပြီး လိုင်းပြန်ဖွင့်ကာ Post ကောက်တင်လိုက်မိသည်။

*** တချို့ကိစ္စတွေက မြင်နေရတာ ခါချဉ်အုံ ရေထဲကျသလိုပဲ။ ရွစိရွစိတွေ ***

တင်လိုက်ပြီး ပြန်ဆင်းမယ်လုပ်တော့ Noti တစ်ခုဝင်လာသည်က အခု Post မှာ ထူးမြတ်တစ်ယောက် Comment ဝင်ရေးသွားခြင်း။

[ သူက အသည်းယားစရာ ] တဲ့လေ။

စကားနှစ်ခွတွေပြောလွန်းနေသော ထူးမြတ်ကို တိမ်ယံအဖက်မလုပ်ချင်။ ခြံထဲဆင်းဖို့တွေးကာ လိုင်းပိတ်ပြီး အခန်းအပြင်ထွက်လို့ ခေသုတရှိရာခြံထဲသို့ ဆင်းလာခဲ့သည်။

"သုတ၊ မင်း ငါ့ကိုစိတ်ဆိုးနေတာလား? အဲဒါဆိုလည်း အဲဒီကိစ္စကို မတွေးနဲ့တော့လေနော်။ ငါတောင်းပန်ပါတယ်၊ အခုလိုကြီးမနေပါနဲ့။ ငါတကယ်မနေတတ်ဘူး"

"................"

"သုတလေးရေ၊ ငါတောင်းပန်နေတယ်လေကွာ"

"မင်းက ပြောချင်ရာပြောတယ်။ ပြီးတော့ ပြန်ရုတ်သိမ်းပြီး တောင်းပန်တယ်ပေါ့"

"ရုတ်သိမ်းတယ်လို့မပြောဘူးနော်။ မင်းမကြိုက်ရင် မတွေးဖို့ပြောတာ။ ငါက သိစေချင်လို့ပြောခဲ့တာမို့ မင်းသိရင်ရပါပြီ။ ပြန်ရုတ်သိမ်းရအောင်က ပျောက်ပျက်သွားတဲ့ကိစ္စမှ မဟုတ်တာ"

ဘာတွေလဲ? ဘာကိစ္စကိုမတွေးခိုင်းပြီး ဘာကိုပြန်ရုတ်သိမ်းစရာမလိုတာလဲ? ခုနကပဲ သုတတစ်ယောက်တည်းရှိနေတာကို အခုက ရဲရင့်ရောက်လာပြီး ဘာတွေကိုများ အသည်းအသန်ဆွေးနွေးနေကြတာလဲ?

"မတွေးစေချင်ရင် အစတည်းကမပြောနဲ့လေ"

"သိစေချင်လို့လေ"

"သိပြီလေ၊ သိစေချင်ရုံဆိုရင် ဘာလို့ငါ့သဘောကို မေးနေသေးတာလဲ?"

"ငါသိချင်လို့ပါ။ ဒါပေမဲ့ မင်းက ရုတ်တရက်ကြီးစိမ်းကားသွားတော့ ငါမနေတတ်တော့ဘူးလေ"

"မင်းကိုမယုံသေးဘူး"

"ငါ့အပြစ်နဲ့ငါဆိုပေမဲ့ မင်းပါးစပ်ကမယုံဘူးပြောရင် မခံစားနိုင်ဘူး။ မင်းဘယ်လိုဖြစ်ချင်လဲ? တစ်ခုခုကို ပြတ်ပြတ်သားသားပြောပေးပါလား? မင်းမကြိုက်ရင်လည်း အရင်လိုလေး သူငယ်ချင်းလိုပဲ နေရအောင်လေနော်"

ဘာဖြစ်တယ်? သူငယ်ချင်းလိုနေရအောင်တဲ့။ သူတို့က သူငယ်ချင်းပဲမဟုတ်ဘူးလား? ပြတ်သားဖို့၊ မကြိုက်ရင်မကြိုက်ဘူးပြောဖို့တဲ့။ ဒါဆို ကိုသုကို ကိုရဲရင့်က ဖွင့်ပြောလိုက်တာလား? မရဘူးနော်၊ မဟုတ်ရဘူး။

"မင်း အမျိုးမျိုးပဲ ညီရဲရင့်"

"မဟုတ်ဘူး။ တစ်မျိုးတည်းပဲ။ အရင်ကလည်း ငါ မင်းကိုချစ်ခဲ့တာ၊ ငါမသိခဲ့ရုံလေးပါ။ အခု ငါမင်းကိုချစ်နေတာ မင်းသိစေချင်တယ်။ တူညီစွာတုံ့ပြန်မယ်ဆိုလည်း အတိုင်းထက်အလွန်ပေါ့။ ငြင်းရင်လည်း ငါ့ကိုတော့ အရင်လိုပြန်နေခွင့်ပေးစေချင်တာ။ ဒါပေမဲ့ မင်းဘယ်လိုဆုံးဖြတ်ဆုံးဖြတ် ငါကတော့ မင်းကိုဆက်ချစ်နေဦးမှာ။ မင်းမကြိုက်ရင်တော့ ငါလုံးဝထုတ်မပြောတော့ဘူး"

ချစ်ခဲ့တယ်တဲ့၊ ချစ်နေတယ်တဲ့၊ ဆက်ချစ်နေဦးမှာတဲ့။ ကိုညီရဲရင့်၊ ခင်ဗျားကဖွင့်ပြောခဲ့တာပေါ့လေ။ အဲဒီညကပြောခဲ့တာလား? ဒါကြောင့် အခုရက်လေးအတွင်းမှာ နှစ်ယောက်သားငြိမ်နေကြတာပေါ့။
ဟင့်အင်း၊ ကိုသု ပြန်မချစ်ရဘူးနော်။

"ငါ မင်းကို ပြန်မချစ်နိုင်ဘူး ဆိုရင်ရော?"

ညီရဲရင့်မျက်ဝန်းတွေမှာ အရည်ကြည်တချို့ပြည့်လာပြီး မျက်တောင်တွေခတ်ပစ်လိုက်ကာ

"အရင်လိုလေးပြန်နေကြတာပေါ့"

"အရင်လိုပြန်နေဖို့က မင်းဘက်ကမရိုးသားတာ ငါသိနေပြီလေ"

"ငါ့ဘက်က အရိုးသားဆုံးစိတ်နဲ့ အချစ်ဆုံးသူငယ်ချင်းလို နေပေးမှာပါ"

"ငါက ရည်းစားထားရင်ရော?"

ရဲရင့်တစ်ယောက် သုတဆီကနေ အကြည့်လွှဲလိုက်ပြီး

"မင်းလွတ်လပ်ခွင့်ကို ငါကဘာပြောနိုင်မှာလဲ?"

"ငါကရည်းစားထားပါပြီတဲ့၊ မင်းက အသည်းကွဲပြနေရင် ငါစိတ်အနှောင့်အယှက်ဖြစ်တယ်လေ"

"အဟား! ငါပျော်နေပေးရမလား?"

ရဲရင့် ခေါင်းကိုမော့လိုက်ပြီး အသက်ပြင်းပြင်းရှူကာ မျက်ရည်မကျမိအောင်လုပ်လိုက်ရင်း

"ပြောကြည့်လေ သုတ၊ မင်းပါးစပ်ကပြောကြည့်။ ငါလုပ်ပေးနိုင်အောင် ကြိုးစားမယ်"

"အင်း၊ မပျော်နိုင်ရင်တောင် ငါ့ရှေ့တော့ ပြုံးနေပေးပေါ့"

ဘယ်လိုနေလဲ ညီရဲရင့်၊ မင်း ရည်းစားတွေထည်လဲတွဲတုန်းက ငါဘယ်လောက်ရင်နာရလဲဆိုတာ မင်းသိပြီလား? အခုက ငါပြောရုံပြောသေးတာနော်၊ မင်းက တကယ်တွဲခဲ့တာ။

"ငါ ပြုံးနေပေးရင် မင်းဘက်က အရင်လိုပြန်နေပေးမှာလား?"

"အင်း"

"Ok, အဲဒါဆို ရတယ်။ မင်းသဘောအတိုင်းပဲ"

"သေချာတယ်နော်"

"သေချာတယ်"

သေချာရတော့မှာပေါ့။ မင်းအနားဆက်နေရဖို့၊ ငါ့အနာဂတ်လေးမပျောက်ဖို့က ငါခေါင်းညိတ်ရုံပဲပေါ့။

"ငါ ပြန်တော့မယ်နော် သုတလေး"

"အင်း၊ ပြန်လေ။ ငါက ယံလေးနဲ့အပြင်သွားမလို့"

"ဪ၊ ဘာသွားလုပ်ကြမလို့လဲ? ဟို ... ငါရော?"

"အဟမ်း၊ ယံလေးအတွက် ဝယ်စရာရှိလို့ပါ။ မင်းမလိုက်လည်းရတယ်"

မင်းမလိုက်နဲ့လို့ပြောလိုက်ပါလား သုတလေးရယ်။ အဟားး၊ မင်းမလိုက်လည်းရတယ်တဲ့လား? ပညာသားပါပါ နှင်နေတာပဲ။

"အေးပါ၊ ငါပြန်တော့မယ်နော် အဲ့ဒါဆိုလည်း။ ဟို ... အရမ်းနောက်မကျနဲ့နော်"

"အေး အေး၊ ငါရေချိုးဦးမှာ။ ပြန်မယ်ဆိုလည်းပြန်တော့လေ.....   ယံလေးရေ၊ ယံလေးး"

အတင်းနှင်လွှတ်ကာ တိမ်ယံနာမည်အား တစာစာအော်ကာ အိမ်ထဲဝင်သွားသော သုတလေးအားကြည့်ရင်း ရဲရင့်မျက်ရည်ကျမိသည်။
အချစ်က သိပ်ရက်စက်ပါပေ၏။ ရည်းစားတွေ တစ်ယောက်ပြီးတစ်ယောက်ထားခဲ့တဲ့ကိုယ့်ကို သည်းခံပေးခဲ့တဲ့သုတလေးအား နားလည်ခဲ့ပေပြီ။ အခု သုတလေးက ရည်းစားထားမည်ဟုပြောရုံလေးနှင့် ကိုယ်ဒီလောက်နာကျင်ခံစားနေရရင် သုတလေးရင်ထဲ ဘယ်လောက်များကြေကွဲနေခဲ့မလဲ။ တွေးကြည့်ရုံနှင့် ရင်ထဲမွန်းကျပ်မိသည်။
ငါ့အမှားတွေအတွက် မင်းကျေနပ်တဲ့အထိ ပေးဆပ်ပါ့မယ်၊ သုတလေးရယ်။

အိမ်ဘက်ပြန်ဝင်လာတော့ မေမေက လှမ်းကြည့်ရင်း

"သားသား၊ ဟိုဘက်အိမ်ကပြန်လာတာလား? သုတလေးနဲ့ယံလေးရော ရှိကြလား? မေမေ အုန်းနို့ခေါက်ဆွဲလုပ်ထားတယ်၊ သွားခေါ်လိုက်ဦးလေ"

"သူတို့မစားလောက်ဘူး မေမေရဲ့၊ အပြင်သွားကြမလို့တဲ့။ သားပဲအများကြီးစားမယ်နော်"

"ဟဲ့! သားသား ရဲရင့်"

သားပဲအများကြီးစားမယ်ဟုဆိုကာ အုန်းနို့ခေါက်ဆွဲတွေကို ဇလုံကြီးနဲ့ထည့်နေတဲ့သားအနား အပြေးသွားရင်း

"ဟဲ့ ဟဲ့၊ ညီရဲရင့်! ကုန်မှာလည်းမဟုတ်ဘဲနဲ့။ နင်နော်၊ ငါလုပ်ထည့်လိုက်ရ"

"သား ကုန်အောင်စားမှာ"

"အေး စား၊ ကုန်အောင်စား။ မကုန်ရင် နင်သေဖို့သာပြင်ထား။ နင်ကောက်လာပြန်ပြီဆိုတာ ငါသိတယ်။ မကျေမလည်တွေကို အိမ်သယ်မလာနဲ့၊ အကောင်စုတ်ရဲ့"

"မေမေကလည်းဗျာ၊ သားလေးတစ်ယောက်တည်းရှိတာကို ပြောဆိုနေလိုက်တာ။ ဟီးး အီးး ဒါလေးစားတာတောင် မသဒ္ဓါဘူး။ ဟီးး ဖေဖေရေ၊ သားကို မေမေအနိုင်ကျင့်တယ်။ အဟင့် ဟီးးးအီးးး"

"ဟယ် "

ကြမ်းပြင်ပေါ်ခြေဆင်းပြီး အော်ကြီးဟစ်ကျယ်ငိုနေတဲ့သားကိုကြည့်ကာ သူမ "ဟယ်" ဟုသာဆိုနိုင်တော့သည်။ တကယ်ဝမ်းနည်းနေသည် ထင်ပါရဲ့၊ ရှိုက်ကြီးတငင်နှင့် မျက်ရည်ပေါက်ကြီးတွေ ပါးပြင်ထက်လိမ့်ဆင်းကာ ဝမ်းပမ်းတနည်းငိုနေသောသားကြောင့် သူမစိတ်မကောင်းဖြစ်မိရပြန်သည်။ ထို့နောက် သားအနားထိုင်ရင်း ခေါင်းလေးအား ရင်ခွင်ထဲထည့်ဖက်ပေးထားကာ

"မေ့သားလေးကို မေက သဒ္ဓါပါတယ်သားရယ်။ မေမေက သားကိုမှမကျွေး ဘယ်သူ့သွားကျွေးမလဲသားရဲ့၊ ဟင်? မငိုနဲ့တော့နော်၊ မေမေ့အချစ်ဆုံးလေး"

"ဟင့် ... မေမေ့ကြောင့် သား ... အင့် ... ဝမ်းနည်း ... ဟင့် ... သွားပြီ"

"ဟုတ်ပါရဲ့၊ မေ့သားလေး ဝမ်းနည်းသွားပြီ။ အို၊ ကလေးလေးက မုန့်တွေအများကြီးစားချင်တာ မေကမကျွေးတော့ စိတ်မကောင်းဖြစ်ရတာပေါ့"

"ဟုတ်"

"ကဲ၊ ထ။ သားသား စိတ်ကြိုက်စား"

"ဟင့်၊ တော်ပြီ။ မေမေသက်အိမ်ကို မေမေ့ဘာသာသွားပေး၊ သားမပေးဘူး။ ဟင့် ... သား အခန်းထဲသွားတော့မယ်"

"ဟင်းး သုတလေးနဲ့ ရန်ဖြစ်လာလား?"

"ဟင့်အင်း၊ မဟုတ်ပါဘူး။ ဒီတိုင်း သား နေမကောင်းချင်သလိုဖြစ်နေလို့"

"အင်းပါ၊ သားနားချင်နားတော့။ မေမေ ဟိုဘက်အိမ်သွားဦးမယ်နော်"

"အွန်း"

အခန်းထဲဝင်သွားသည့်သားအား လိုက်ကြည့်ရင်း သက်ပြင်းရှည်ကိုသာချမိပါတော့တယ်။ ဒီကလေးတွေ ဒီလိုပဲတစ်သက်လုံးနေကြမှာလားမသိ။ အခုချိန်ထိ မတည့်ကြသလို အပျောက်လည်းမခံကြ၊ မချစ်ကြတာလည်းမဟုတ်။ ကြာလာရင် ပြဿနာတွေဖြစ်လာမှာ စိတ်ပူမိသည်။
အဆင်ပြေသွားမှာပါဟုတွေးရင်း အုန်းနို့ခေါက်ဆွဲချိုင့်လေးအားဆွဲကာ ဟိုဘက်အိမ်ကိုထွက်လာခဲ့သည်။ အိမ်ရှေ့ရောက်တော့ သုတလေးနဲ့ တိမ်ယံလေးကိုတွေ့တော့

"သားတို့"

"ဗျာ၊ မေမေနှင်း။ ဘာတွေလဲဟင် ချိုင့်ထဲက"

"အုန်းနို့ခေါက်ဆွဲလေသားရဲ့၊ မေနှင်းချက်တာ။ အဲ့ဒါ သားမေမေဆီကိုလာပို့တာ"

"ဟာ၊ သားက မေနှင်းလက်ရာလွမ်းနေတာကို"

"လွမ်းနေလည်း လာစားပါတော့။ ဒါနဲ့ ဘယ်သွားကြမလို့တုန်း? မေ့ကလေးတွေက ပြင်ထားတာ မင်းသားရှုံး"

"ဟီး၊ ဒီလို တီတီရဲ့။ ယံကို ကိုသုက မြို့ထဲလိုက်ပို့မလို့တဲ့၊ လိုချင်တာတွေလည်း ဝယ်ပေးမယ်တဲ့"

"ဟုတ်ပါပြီရှင်၊ သွားကြ သွားကြ။ ကားကို ဂရုစိုက်မောင်းဦးနော်"

"ဟုတ်၊ မေမေနှင်း။ သားဖို့ချန်ထားဦးနော်၊ သားပြန်လာရင်စားမှာ"

"အေးပါဟယ်၊ ချန်ထားပါ့မယ်။ အိမ်ကအငတ်ကတော့ ဇလုံနဲ့စားလို့ဆူလိုက်တာ အငိုနဲ့ကျန်ခဲ့လေရဲ့။ ပြောမကောင်းတဲ့ဟာလေး"

"မေမေနှင်း၊ ရဲရင့်ငိုနေတယ် ဟုတ်လား?"

"အင်း၊ ငိုနေတာ။ အခုအခန်းထဲမယ် ထားခဲ့တယ်။ နေပါစေ၊ တစ်နေ့လုံးအငတ်ထားပစ်မယ်။ ကဲ၊ မေမေနှင်း အိမ်ထဲဝင်တော့မယ်"

"ဟို ..."

ကြာလာရင် သွားဖြစ်တော့မယ်မထင်ပေ။ ရတဲ့အခွင့်အရေးလေးကိုတော့ လက်လွတ်မခံနိုင်ပါ။ ကိုရဲရင့်မပါဘဲ ကိုသုနဲ့နှစ်ယောက်တည်းသွားရဖို့ဆိုတာ ယံလေးအတွက် မဟာအခွင့်အရေးပေမို့ သွားဖြစ်အောင်သွားရမည်။

"ကိုသု၊ သွားရအောင်လေ"

"ဟမ်! အင်း အင်း၊ သွားကြမယ်"

"ဟုတ်"

ကားလေးပေါ်မှာ အပျော်လွန်နေသူ ယံလေးကတော့ စကားတွေဖောင်ဖွဲ့လို့။ ရင်ထဲပူပန်ခြင်းတွေနဲ့အတူ စိတ်မရွှင်မလန်းဖြစ်နေရသူကတော့ ခေသုတပါပဲ။

"ကိုသု၊ ယံလေးလေ ကိုသုနဲ့ခုလိုလေးသွားရတာ အရမ်းပျော်တာပဲသိလား။ ကိုရဲရင်နဲ့ဆိုရင် ယံလေးမပျော်ဘူး"

"ဘာလို့လဲ?"

"ဘာဖြစ်ရမှာလဲ! ကိုသုက ယံလေးကိုဆို အလိုမရှိသလိုကြီး၊ သူပါလာရင် ယံ့ကိုယ်ယံသိမ်ငယ်မိတယ်။ ကိုသုက သူ့ကိုပဲဂရုစိုက်နေတာ။ ယံစိတ်မကောင်းဖြစ်ရတယ်။ အခုတော့ ယံပျော်လွန်းလို့၊ ဟိဟိ"

"အဟင်း၊ အရူးလေး၊ ပျော်နေတာ ရုပ်က။ ဟိုကောင်သိရင် မင်းတော့ပြာကျမယ်"

"မကြောက်ပါဘူး၊ ကိုသုရှိတာပဲ"

"အဟားး ဟုတ်ပါပြီကွာ"

ညီရဲရင့်၊ မင်းမရှိလည်း ငါပျော်နေပြီ။ မင်းကိုတော့ ငါမရှိရင်မနေနိုင် ဖြစ်နေစေချင်တာ။ ငါပျော်နေတာကိုကြည့်ပြီး မင်းကိုနာကျင်စေချင်တာ။ ငါ့တုန်းက ဘယ်လောက်တောင်ရင်ကွဲခံခဲ့ရလဲဆိုတာ မင်းကိုသိစေချင်တယ်။ မင်း ငါ့နေရာကို အပြည့်အဝဝင်ယူပြီး ငါ့လိုအဖြစ်မျိုး ခံစားကြည့်စမ်းပါ။  ဘယ်လိုနာကျင်မှုလဲဆိုတာ မင်းကိုလက်တွေ့ပြမယ် ရဲရင့်။ ခံနိုင်ရည်ရှိဖို့သာ ကြိုးစားလိုက်ပါ။ ညီရဲရင့်၊ ဒီနေ့ကစပြီး မင်းအလှည့်ရောက်ပြီလို့သာ မှတ်လိုက်တော့။

"ငါကရက်စက်တတ်သူဆို ငါ့ကို ရက်စက်တတ်သူဖြစ်အောင် သင်ပေးခဲ့သူက မင်းကိုယ်တိုင်ပါပဲ ချစ်ရသူရယ်"

""""""""""""""""""
by Demon & Jay
© Demon ,
книга «Zippy Amor (Lively Friendship)».
Коментарі