Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30): Final
Chapter (25)
"ေမေမႏွင္း၊ တစ္ေယာက္တည္းလား?"

တံခါးေခါက္သံၾကားရ၍ သုတ ဖြင့္ေပးလိုက္ေတာ့ ရဲရင့္အေမက ဝင္လာသည္။

"တိမ္ယံေလးပါတယ္ သား၊ ေနာက္မွာ လာလိမ့္မယ္"

"ဪ"

အခန္းတံခါးကိုဖြင့္ထားလိုက္ၿပီး ပါလာသည့္ပစၥည္းမ်ားကို ကူညီေနရာခ်ေပးေနစဥ္ တိမ္ယံဝင္လာၿပီး

"ကိုသု၊ တစ္ေယာက္တည္းလား?"

"ခန္႔သူက အခုေလးပဲ ျပန္သြားတာ။ ခဏေနရင္ ဥကၠာတို႔အတြဲလာလိမ့္မယ္"

"ဒီေန႔ ယံ လူနာေစာင့္ေပးမယ္။ ကိုသုက အိမ္ခဏျပန္နားလိုက္ေလ"

"အာ ... ရတယ္၊ မျပန္ဘူး"

"သားေလး၊ ေမေမႏွင္းျပန္တဲ့အခါက် ခဏျဖစ္ျဖစ္ ျပန္လိုက္ခဲ့ပါ"

"သားက ရပါတယ္"

"ကိုရဲရင့္ ႏိုးၿပီ"

တိမ္ယံစကားေၾကာင့္ အာ႐ံုေတြက ရဲရင့္ဆီသို႔။

"ဗိုက္ဆာလား? ေမေမႏွင္းယူလာတာေတြ ၾကည့္ဦး။ မင္းအႀကိဳက္ေတြ"

ရဲရင့္ ျပံဳးၿပီးေခါင္းညိတ္ျပလိုက္သည္။

"မ်က္ႏွာအရင္သစ္မယ္ေလေနာ္။ ေရခ်ိဳးခန္းထဲ သြားမလား?"

ရဲရင့္က ထပ္ၿပီးေခါင္းညိတ္တာေၾကာင့္ သုတက ေဘးမွေန၍သတိထားတြဲေပးကာ ေရခ်ိဳးခန္းဆီသို႔ ေခၚလာခဲ့သည္။ အားလံုးၿပီးေတာ့ တိမ္ယံက မ်က္ႏွာသုတ္ပဝါေလးယူေပးေလသည္။
သုတကပင္

"အင္း၊ ေက်းဇူး"

"ကဲ၊ ႏွစ္ေယာက္လံုး လာစားေတာ့"

စားေသာက္ၿပီးခ်ိန္တြင္ ဥကၠာတို႔စံုတြဲေရာက္ခ်လာသည္။ စလာကတည္းက ေပါက္ကရေတြေျပာၿပီး ဟာသလုပ္ေနသည့္ ဥကၠာေၾကာင့္ ျဖဴေလးႏွင့္ ရဲရင့္ေမေမပါ ရယ္ေနခဲ့သည္။ သူတို႔ သူငယ္ခ်င္းေတြသည္ေတာ့ တဟားဟားႏွင့္ ပြဲက်လ်က္။
ရဲရင့္လည္း ေတာ္ေတာ္ေလး ရႊင္ရႊင္ပ်ပ်ျဖစ္လာသည္။

"မင္းဝယ္လာတာေတြက လူမမာနဲ႔တည့္မလား?"

"အဲဒါ လူနာေစာင့္စားဖို႔ေတြ။ လူနာက ခုတင္ေပၚအိပ္ေနရတာ။ လူနာေစာင့္ေတြကသာ ပင္ပန္းတာကြ"

ရဲရင့္က ၿဂိဳဟ္ၾကည့္ၾကည့္လိုက္သလို သုတကလည္း တစ္ခုခုေျပာဖို႔အျပင္

"Stop! မစြာနဲ႔ ေခသုတ။ ေန႔လယ္က် ထူးျမတ္လာရင္ မင္းခဏျပန္နားကြာ"

"ငါ ..."

သုတစကားမဆံုးမီ ရဲရင့္က သုတလက္ကို ဆြဲလႈပ္လာသည္။ ဖုန္းကိုယူၿပီး

*ျပန္နားပါ။ မ်က္ကြင္းေတြညိဳ၊ မ်က္တြင္းေတြခ်ိဳင့္ေနၿပီ*

"ငါက ..."

အထြန္႔တက္ရန္ျပင္ေပမဲ့ ရဲရင့္က ေခါင္းခါျပ၍ သုတ လက္ေလၽွာ့လိုက္ရသည္။
ထူးျမတ္ေရာက္လာေတာ့

"အန္တီ၊ ျပန္နားပါလားဗ်။ ရဲရင့္အတြက္ေတာ့ စိတ္ခ်ပါ"

"စိတ္ခ်ပါတယ္ သားတို႔ရယ္။ ေက်းဇူးလည္းတင္ပါတယ္"

"မဟုတ္တာ အန္တီရယ္။ သူငယ္ခ်င္းအရင္းႀကီးေတြ၊ ဒီေလာက္ေတာ့ လုပ္ေပးရမွာေပါ့။ အပန္းလည္းမႀကီးဘူး။ အစားအေသာက္အျပည့္အစံု၊ WiFi အဆင္သင့္နဲ႔ေလ။ အဟီး"

"မင္းက ေတာ္ေတာ္ပင္ပန္းေနဦးမယ္"

ထူးျမတ္စကားေၾကာင့္ ဥကၠာက ေကာင္းခ်ီးေပးလာသည္။

"မင္း ညက်ျပန္လာခဲ့၊ ဥကၠာ"

"မလာဘူး။ တိမ္ယံေစာင့္ေပးမွာတဲ့ ဒီည။ ငါ မနက္ျဖန္ေစာင့္ေပးမယ္"

"အဲဒီလိုလား?"

ထူးျမတ္ တိမ္ယံကိုၾကည့္ကာ ခိုးျပံဳးလိုက္သည္ကို တိမ္ယံက ျမင္ျဖစ္ေအာင္ျမင္သည္။
ဘာလို႔မ်ား ကိုယ္ေစာင့္ေပးမယ္ေျပာမိတဲ့ေန႔မွ ဒီလူကပါ လူနာေစာင့္မယ္တဲ့လဲ?

"ဘာရယ္တာလဲ၊ ခင္ဗ်ား"

တိမ္ယံက တိုးတိုးေလးေမးေနသည္ကို မၾကားခ်င္ေယာင္ေဆာင္ကာ ထူးျမတ္တစ္ေယာက္ စကားလမ္းေၾကာင္းလႊဲလိုက္သည္။

"သုတ၊ ျပန္လိုက္သြားေတာ့။ ငရဲကိုစိတ္ခ်။ မင္းသာ ေအးေအးေဆးေဆးနားလိုက္။ အိုေခ?"

"ကဲ၊ ငါတို႔လည္းျပန္မယ္။ ျဖဴေလးလည္း သြားစရာရွိေသးတယ္။ အန္တီ၊ ကၽြန္ေတာ္တို႔ကို ခြင့္ျပဳပါဦး"

"အားလံုးပဲ ခြင့္ျပဳပါဦးရွင့္"

"ေအးပါကြယ္၊ ေက်းဇူးတင္ပါတယ္။ ကဲ! ေမေမႏွင္းတို႔လည္း ျပန္ရေအာင္ သားသုေရ"

"ဟုတ္။ ငါ ခဏျပန္မယ္ေနာ္၊ ညေနက်ျပန္လာခဲ့မယ္။ ဗိုက္ဆာရင္ သူတို႔ကိုေျပာေနာ္။ စားခ်င္တာရွိရင္ သူတို႔ကိုဖုန္းဆက္ခိုင္းလိုက္၊ ငါျပန္လာရင္ ယူခဲ့ေပးမယ္။ ၿပီးေတာ့ အရမ္းေတြလည္း လႈပ္လႈပ္ရွားရွားမေနနဲ႔ဦး"

ေခါင္းညိတ္ျပေနသည့္ရဲရင့္က သုတလက္ကိုဆုပ္ကိုင္ကာေနာက္လက္တစ္ဖက္ျဖင့္ ခပ္ဖြဖြပုတ္လာသည္။ ထူးျမတ္က

"ေအး၊ မင္းကို ေခါင္းညိတ္ျပရတာနဲ႔တင္ မူးလဲေတာ့မယ္။ သြားပါေတာ့ကြာ"

"မင္းတို႔ေနာ္၊ တျခားေတြ အာ႐ံုေရာက္မေနနဲ႔ဦး။ လူမမာက လိုက္ဆြဲေခၚေနရတယ္ဆိုရင္ ငါနဲ႔ေတြ႕မယ္"

"အာ႐ံုက ေဝးေဝးေရာက္စရာမရွိပါဘူး"

ထူးျမတ္က တိမ္ယံကိုၾကည့္ကာေျပာလိုက္၍ ရဲရင့္ရယ္ေနသည္။ သုတကေတာ့ ထူးျမတ္ဘာျဖစ္ေနသည္ကို စိတ္မဝင္စားႏိုင္ပါ။ တိမ္ယံခမ်ာမွာေတာ့ ထူးျမတ္ရဲ႕ တစ္ခ်က္တစ္ခ်က္အၾကည့္နဲ႔ အေႏွာင့္အသြားမလြတ္သည့္ စကားမ်ားေၾကာင့္ အံတႀကိတ္ႀကိတ္။

"ဘယ္မွမေရာက္နဲ႔။ ငါစိတ္ခ်မယ္ေနာ္"

"သြားနားပါေတာ့ကြ"

အားလံုးထြက္သြားေတာ့ ထူးျမတ္က ရဲရင့္ခုတင္ေဘးမွခံုတြင္ ဝင္ထိုင္လိုက္၍ တိမ္ယံက သိမ္းစရာရွိသည္မ်ားကို ေနရာတက်သိမ္းေနလိုက္သည္။

"ရဲရင့္၊ မင္းကို အဆင္ေျပလားလို႔ေမးရမွာလည္း ခက္တယ္။ ဒါေပမဲ့ ငါက မင္းရဲ႕စိတ္အေျခအေန အဆင္ေျပ၊မေျပ သိခ်င္တာ"

ရဲရင့္က ျဖည္းညင္းစြာေခါင္းညိတ္ျပလာသည္။

"အင္း၊ မင္းအေၾကာင္းၾကားၾကားခ်င္း ေခသုတတို႔ ငါးရံ႕ျပာလူးေနတယ္တဲ့။ ငါတို႔ေရာက္လာေတာ့လည္း သူ႔မွာ စိတ္နဲ႔ကိုယ္နဲ႔မကပ္လို႔ မနည္းထိန္းရတယ္။ သူ မင္းကိုခ်စ္ပါတယ္။ အဲဒါေၾကာင့္ အဆိုးဘက္ သိပ္မေတြးပါနဲ႔ကြာ၊ ေနာ္"

တိမ္ယံလည္းရွိေန၍ ထူးျမတ္က ခပ္တိုးတိုးသာေျပာေနသည္။ ရဲရင့္ကလည္း ေခါင္းတညိတ္ညိတ္ႏွင့္ နားေထာင္လ်က္။

တိမ္ယံၾကားပါသည္။ ကိုသုက ကိုရဲရင့္ကို သိပ္ခ်စ္တယ္ဆိုတာကိုလည္း အရင္ကတည္းက ရိပ္မိေပမဲ့ အဲဒီေန႔ကေတာ့ ႏွလံုးသားတစ္ခုလံုးႏွင့္ရင္းကာ လက္ခံလိုက္ရသလို ေခသုတအတြက္ တိမ္ယံ့ရင္ခြင္ထဲ ပ်ိဳးၿပီးသားအခ်စ္တို႔ကိုလည္း ရင္နာနာႏွင့္ ဆြဲထုတ္ပစ္လိုက္မိသည္။ ဆက္ပ်ိဳးထားလို႔ အခိုင္အမာျဖစ္လာေလ၊ ဖယ္ရွားရန္ပိုခက္ခဲေလျဖစ္ၿပီး ပိုၿပီးနာက်င္လာမည့္အေရးကို ျမင္ေနရၿပီျဖစ္၍ အပ္ႏွင့္သာထြင္းထုတ္လိုက္ရသည္။ ပုဆိန္ႏွင့္ေပါက္ရလၽွင္ တိမ္ယံ ခံစားႏိုင္မည္မဟုတ္။
အခုေတာင္ ေတာ္ေတာ္ေလးနာက်င္ရသည္ မဟုတ္ပါလား?

ခ်က္ခ်င္းႀကီး ေမ့ေပ်ာက္ဖို႔ဆိုတာ မလြယ္ေပမဲ့ စိတ္ထဲကအမွတ္တရေတြကို နည္းနည္းခ်င္းဖဲ့ထုတ္ၿပီး သူ႔အေပၚထားတဲ့အခ်စ္ကို ျဖည္းျဖည္းခ်င္းေဖ်ာက္ဖ်က္ပစ္ရမည္။ တစ္ဖက္သတ္ခ်စ္ရသည္က တစ္ခါတရံၾကည္ႏူးရသလို၊ တံု႔ျပန္မႈမရွိတာေသခ်ာသည့္အခါမွာလည္း ခါးသည္းရသည္။ ဆက္ၿပီး မနာက်င္ႏိုင္ေတာ့ေသာ ကိုယ့္ႏွလံုးသားေလးကို ဂ႐ုစိုက္ဖို႔သာ ႀကိဳးစားရေတာ့မည္။

"ယံေလးေလ၊ ကေလးေရ ..."

"ခင္ဗ်ား! ဘာကို ကေလးလဲ?"

"သခင္ေလးရယ္၊ ကၽြန္ေတာ္မ်ိဳး ေကာင္းေကာင္းမြန္မြန္ေခၚေနတာ ေလးခြန္းရွိပါၿပီခင္ဗ်ာ။ မၾကားတဲ့အဆံုးမွ အခုလိုေခၚလိုက္ရတာပါ ခင္ဗ်"

"အဟမ္း၊ ဘာ ... ဘာေျပာမလို႔လဲ? ကိုရဲရင့္က ဘာလိုလို႔လဲ?"

"မလိုဘူးေလ။ အဲဒီကတံုးေကာင္ ေဆးေသာက္ၿပီး အိပ္သြားၿပီ"

တိမ္ယံ့အေတြးတို႔လြန္ေနသည္က ဟိုတစ္ဖက္ကမ္းေရာက္ေတာ့မည္။ ညီရဲရင့္အိပ္ေပ်ာ္သြားသည္ကိုပင္ မသိလိုက္ပါ။ သူတို႔သူငယ္ခ်င္းႏွစ္ေယာက္ တစ္ေယာက္ကေျပာလိုက္၊ တစ္ေယာက္က ဖုန္းမွာစာ႐ိုက္လိုက္ႏွင့္ စကားေျပာေနဆဲဟုသာ ထင္ေနခဲ့သည္ေလ။

"ဪ"

"ယံ၊ ဟိုတစ္ခါက ကိုယ္ေျပာတာေလးကို ဘယ္လိုသေဘာရလဲ?"

"ဘယ္လို ... သေဘာရရမွာလဲ? ခင္ဗ်ားပဲ ေျပာခ်င္ရာေျပာသြားတာကို"

"ကိုယ္ေျပာခ်င္လို႔ေျပာမိတာ မဟုတ္ပါဘူး။ ႏွလံုးသားေလးက အတင္းဝန္ခံသြားတာပါ"

ဟာ၊ ဒီလူေတာ့! ေရာက္ေနတာက ေဆး႐ံု၊ လာရတဲ့အေၾကာင္းအရင္းက လူနာေစာင့္ဖို႔။ အဲဒါကို မဆီမဆိုင္ ရည္းစားစကားလာေျပာေနရသလား?

"ဘယ္လိုမွ သေဘာမရဘူး။ ဘာမွလည္း မစဥ္းစားခ်င္ဘူး"

"အင္း၊ အခုမစဥ္းစားခ်င္လည္း ေနာက္ေတာ့ စဥ္းစားေပးမယ္မဟုတ္လား?"

ဘယ္လိုလူလဲ?

"စကား ... ေျပာတာ ေနာက္ဆုတ္ေျပာ။ အနား ... ကပ္မလာနဲ႔"

"ဟား ဟား ... ထံုးစံအတိုင္း လက္တစ္ကမ္းအကြာပါပဲ။ ဘာလဲ၊ ကိုယ္ မင္းအနားကပ္လာရင္ ရင္ခုန္လို႔လား?"

"ဘာလို႔ ရင္ခုန္ရမွာလဲ?"

"ဟမ့္၊ ျဖည္းျဖည္းျငင္းလည္း ဒီအေျဖပါပဲ။ အရမ္းႀကီး စိတ္မလႈပ္ရွားပါနဲ႔"

"ဘယ္သူက စိတ္လႈပ္ရွားတယ္ေျပာလဲ?"

"မင္းေလးရဲ႕ မ်က္လံုးေလးေတြက"

"ခင္ဗ်ား!!! ဟာ ... ဘယ္လိုေတြ လာၾကည့္ေနတာလဲ?"

"ေဟာဗ်ာ၊ မ်က္လံုးေလးထဲ စိုက္ၾကည့္မိတာေလးကို ရွက္တာလား?"

"မဟုတ္တာေတြ"

"အဲဒီ နားရြက္ေလးေတြ၊ ပါးေလးေတြကို အရင္ဝွက္ထားၿပီးမွ ေျပာပါလား? အား ... ခ်စ္ဖို႔ေကာင္းလိုက္တာ။ ကိုယ္ေတာ့ ရင္ခုန္ျမန္ၿပီး ေသေတာ့မွာပဲကြာ"

"ေသေလ"

ေလသံခပ္တိုးတိုးႏွင့္ ျငင္းခံုၾကၿပီးေနာက္ တိမ္ယံ ဆိုဖာေပၚတြင္သြားထိုင္ေန၍ ထူးျမတ္အနားကပ္သြားသည့္အခါ

"ဘာလာလုပ္တာလဲ ဒီနားကို။ ခင္ဗ်ားသူငယ္ခ်င္းအနား ေနေလ"

"အခုမွအိပ္သြားတဲ့လူမမာ ေအးေဆးနားပါေစေလ"

"အဲဒါဆိုလည္း ဟိုဘက္ခံုမွာထိုင္ေလ"

"ကပ္စီးနည္းလိုက္တာ"

အနားကပ္ထိုင္ရန္ႀကိဳးစားျခင္း က်႐ႈံးသည့္ေနာက္တြင္ ထူးျမတ္တစ္ေယာက္ ေအာင္ျမင္စြာတပ္ဆုတ္၍ မ်က္ႏွာခ်င္းဆိုင္ဘက္ခံုကို အၿပီးသိမ္းကာ ေဘးေစာင္းလွဲအိပ္လ်က္ တိမ္ယံကသိုဏ္း႐ႈေတာ့သည္။

'ဒီလူႀကီးနဲ႔ေတာ့ ဒုကၡပါပဲကြာ။ ဒီလိုမွန္းသိရင္ ေနာက္ေန႔မွေစာင့္မယ္လို႔ ေျပာလိုက္ပါတယ္'

ထူးျမတ္ၾကည့္ေန၍ အေနရခက္ကာ ငုတ္တုပ္ကေလး မလႈပ္မယွက္ထိုင္ေနရင္း တိမ္ယံအိပ္ငိုက္ေနေတာ့သည္။

"အဟား၊ အသည္းယားေအာင္လာလုပ္ေနတာကြာ"

ထူးျမတ္ မခ်ိတင္ကဲေရရြတ္ၿပီး တိမ္ယံ၏ပခံုးႏွင့္ေခါင္းကိုထိန္းကာ ခံုေပၚသို႔ ျဖည္းျဖည္းခ်င္းလွဲခ်ေစလိုက္သည္။ လူးလြန္႔လာၿပီး ျပန္ၿငိမ္သြားသည့္အခါမွ ေျခေထာက္ႏွစ္ေခ်ာင္းကိုပါ အေပၚတင္ေပးထားလိုက္ကာ ေဘးတြင္ခ်ထားေသာေစာင္ပါးေလးကို အနည္းငယ္ျခံဳေပးထားလိုက္သည္။

အိပ္ေနစဥ္အခ်ိန္ေလးတြင္မွ ရန္ေတြ႕သံေလးတိတ္ေနသည့္ ကေလးငယ္ကို ထူးျမတ္ၾကည့္မဝေတာ့။
လူနာကိုလွမ္းၾကည့္ေတာ့လည္း ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေနသည္မို႔ ထူးျမတ္အၾကံအစည္ကို အေကာင္အထည္ေဖာ္လိုက္သည္။
လက္ႏွစ္ေခ်ာင္းကို သူ႔နႈတ္ခမ္းမွာသူကပ္ၿပီးမွ တိမ္ယံ့နႈတ္ခမ္းကို ထိေတြ႕လိုက္သည္။

"ကိုယ္တို႔ႏွစ္ေယာက္အတြက္ ပထမဆံုးအနမ္းကို မင္းသေဘာတူညီခ်က္နဲ႔ ကိုယ္ တယုတယနမ္းမယ္။ အခုေတာ့ Indirect kiss ေလးနဲ႔ပဲ ကိုယ္ေက်နပ္လိုက္တယ္"

တစ္နာရီခန္႔ၾကာၿပီးေနာက္ ရဲရင့္ႏိုးလာခဲ့သည္။

"အိပ္ေရးဝရဲ႕လား?"

ရဲရင့္ေခါင္းညိတ္ျပ၍ ထူးျမတ္က ေရဘူးယူေပးလိုက္ေတာ့ ေရေသာက္ေနၿပီး နာရီကိုလွမ္းၾကည့္တာ ေတြ႕လိုက္ရသည္။ သုတကို ေမၽွာ္ေနသည္ထင္ရဲ႕။
ထိုအခ်ိန္ ထူးျမတ္ဖုန္းက ျမည္လာသည္။ ေခၚသည္က ရဲရင့္အိမ္ဖုန္းမွ

"ဟယ္လို၊ ဟုတ္ကဲ့ အန္တီ"

"................."

"ရပါတယ္ဗ်ာ၊ စိတ္ခ်ပါ။ ေအးေအးေဆးေဆး အနားယူၾကပါ။ အဲဒီလိုနားမွပဲ အဆင္ေျပမွာ"

"................."

"ဟုတ္၊ ကၽြန္ေတာ္ ေသခ်ာေျပာျပလိုက္ပါ့မယ္"

ဖုန္းခ်လိုက္ခ်ိန္မွာ တိမ္ယံလည္းႏိုးေနၿပီး

"ဘယ္အိမ္ကဆက္တာလဲဟင္?"

"ရဲရင့္တို႔အိမ္ကပါ။ ရဲရင့္၊ သုတက နည္းနည္းေလးပင္ပန္းေနလို႔ ဆရာဝန္ျပၿပီး အနားယူခိုင္းထားတယ္တဲ့။ အဲဒါ အခုအိပ္ေပ်ာ္ေနလို႔ ဒီေန႔ေတာ့ မလႊတ္ေတာ့ဘူးလို႔ မင္းအေမဖုန္းဆက္တယ္"

ရဲရင့္ရဲ႕ စိုးရိမ္ေနတဲ့အၾကည့္ေတြေၾကာင့္

"မစိုးရိမ္ရပါဘူးတဲ့။ မင္းသိတဲ့အတိုင္းပဲ၊ ေတာက္ေလၽွာက္ကို မင္းအနားမွာေနတာဆိုေတာ့ ပင္ပန္းသြားတာေနမွာ။ အိပ္ေရးဝဝအိပ္ၿပီး အစားေကာင္းေကာင္းဝင္တာနဲ႔ အဆင္ေျပသြားမွာပဲေလ"

ထိုအခါမွ ရဲရင့္ေခါင္းတဆတ္ဆတ္ညိတ္ကာ သက္ျပင္းခ်သြားသည္။

"မင္း ဗိုက္ဆာရင္ေျပာ"

ေခါင္းခါျပတာေၾကာင့္

"အင္း၊ မအိ္ပ္ခင္က စားထားတာနဲ႔ေတာ့ သိပ္မေဝးေသးပါဘူး။ တစ္ခုုခုလုပ္ခ်င္တာရွိရင္ ငါ့ကိုေျပာေနာ္"

ရဲရင့္က ဖုန္းကိုလွမ္းယူၿပီး

* အေအးတစ္ခုခုေသာက္ခ်င္တယ္ *

"အင္း၊ ရွိတယ္"

"ကိုထူးျမတ္၊ အဲဒီအရမ္းေအးတာေတြ တိုက္လို႔မရဘူးထင္တယ္ေနာ္"

"ေခသုတေလသံနဲ႔။ ဒါေလာက္နဲ႔ဘာမွမျဖစ္ပါဘူးကြာ။ မင္းေျပာသေလာက္လည္း ေအးမေနဘူး၊ ကိုင္ၾကည့္"

"အင္း၊ အရမ္းမေအးဘူး"

ေျပာၿပီး ဖန္ခြက္ေလးတစ္လံုးထဲ ငွဲ႔ထည့္ေပးကာ ရဲရင့္ဆီလက္ကမ္းေပးလိုက္သည့္ တိမ္ယံကိုၾကည့္ၿပီး ထူးျမတ္ျပံဳးမိသည္။

'စိတ္ေကာင္းေလးလည္း ရွိရဲ႕သားနဲ႔၊ တစ္ခ်က္တစ္ခ်က္ ဘာေတြေမႊခ်င္မွန္းမသိတဲ့ ကေလးစုတ္ေလး'

ရဲရင့္ကေတာ့ တိမ္ယံေပးတဲ့အေအးကို ယူေသာက္ေနသည္။

"ကိုရဲရင့္၊ သီခ်င္းေအးေအးေလးေတြ နားေထာင္မလား? ယံတို႔ သီခ်င္းနားေထာင္ရင္းနဲ႔ တစ္ခါတေလက် ေကာင္းတဲ့သီခ်င္းေလးေတြ၊ ကိုယ္ႀကိဳက္တဲ့သီခ်င္းေလးေတြနဲ႔ တိုက္ဆိုင္သြားရင္ သတိလက္လြတ္ လိုက္ဆိုမိၾကတယ္ေလေနာ္။ အနည္းဆံုးေတာ့ စိတ္ေျပလက္ေပ်ာက္ေပါ့"

ရဲရင့္ေခါင္းညိတ္ျပေတာ့ တိမ္ယံက

"တိုးတိုးေလးဖြင့္ေပးမယ္ေလ။ နားၾကပ္နဲ႔ဆို အဆင္မေျပေလာက္ဘူးလားလို႔၊ ဒီတိုင္းနားေထာင္ေနာ္"

တိမ္ယံကိုၾကည့္ၾကည့္ၿပီး ထူးျမတ္မွာ ေနမရထိုင္မရပါ။ ဘယ္လိုကေလးမွန္းမသိ။ အခုေတာ့လည္း ရဲရင့္ကို ေခသုတကိုယ္စားမ်ား ဂ႐ုစိုက္ေပးေနသလားမသိေတာ့။
ရဲရင့္ခုတင္ေဘးက သီခ်င္းသံတိုးတိုးေၾကာင့္ သံုးေယာက္သား ၿငိမ္၍နားေထာင္ေနမိၾကသည္။

"ယံေလး၊ တကယ္ လႊတ္ခ်ႏိုင္ၿပီလား?"

ထူးျမတ္ဆိုလိုသည္ကို တိမ္ယံသေဘာေပါက္ပါသည္။

"အင္း၊ ယံက သက္သက္မဲ့ ႐ႈပ္မိေနၿပီထင္ပါတယ္"

"အဲဒီလိုေတာ့ ကိုယ့္ဘာသာအျပစ္မတင္ပါနဲ႔"

"အင္း"

"ပြဲလန္႔တုန္းဖ်ာခင္းရရင္ ကိုယ့္ကိုစဥ္းစားေပးပါလို႔ပဲ ေျပာပါရေစ"

"အာ ... ခင္ဗ်ား၊ ေဖာက္မလာနဲ႔"

"အတည္ေျပာေနတာပါ။ အလ်င္မလိုပါဘူး။ ကိုယ့္ကိုေတြးၾကည့္ေပးဖို႔ပဲ ေတာင္းဆိုတာပါ"

တိမ္ယံ မသိခ်င္ေယာင္ေဆာင္ကာသာ သီခ်င္းဆီအာ႐ံုပို႔လိုက္မိသည္။

🎶 Nothing's gonna change my love for you
You oughta know by now how much I love you ... 🎶

"မင္းအတြက္ကိုယ့္အခ်စ္ေတြလည္း အဲဒီလိုပဲ၊ ဘာေၾကာင့္မွမေျပာင္းလဲဘူး။ ဘယ္ေလာက္ခ်စ္တယ္ဆိုတာ မင္းသိေအာင္ ကိုယ္ႀကိဳးစားမွာ"

သီခ်င္းစာသားေတြအတိုင္း လိုက္ရြတ္ၿပီး သူ႔အခ်စ္ေတြကိုသိေအာင္ ႀကိဳးစားေဖာ္ထုတ္မယ့္ ထူးျမတ္ကို တိမ္ယံလွည့္မၾကည့္ျဖစ္ေပမဲ့ မသိမသာျပံဳးလိုက္မိသည္။
အစအဆံုးသိေနတဲ့ ဇာတ္လမ္းတစ္ပုဒ္မွာ ကိုယ္တိုင္ကေတာင္ ဗီလိန္ျဖစ္ခဲ့သလားလို႔ ေတြးေနမိေပမဲ့ ကိုယ့္ကိုခ်စ္တယ္ေျပာလာေတာ့ ေက်နပ္မိပါရဲ႕။

"""""""""""""""""""


"မေမေနှင်း၊ တစ်ယောက်တည်းလား?"

တံခါးခေါက်သံကြားရ၍ သုတ ဖွင့်ပေးလိုက်တော့ ရဲရင့်အမေက ဝင်လာသည်။

"တိမ်ယံလေးပါတယ် သား၊ နောက်မှာ လာလိမ့်မယ်"

"ဪ"

အခန်းတံခါးကိုဖွင့်ထားလိုက်ပြီး ပါလာသည့်ပစ္စည်းများကို ကူညီနေရာချပေးနေစဉ် တိမ်ယံဝင်လာပြီး

"ကိုသု၊ တစ်ယောက်တည်းလား?"

"ခန့်သူက အခုလေးပဲ ပြန်သွားတာ။ ခဏနေရင် ဥက္ကာတို့အတွဲလာလိမ့်မယ်"

"ဒီနေ့ ယံ လူနာစောင့်ပေးမယ်။ ကိုသုက အိမ်ခဏပြန်နားလိုက်လေ"

"အာ ... ရတယ်၊ မပြန်ဘူး"

"သားလေး၊ မေမေနှင်းပြန်တဲ့အခါကျ ခဏဖြစ်ဖြစ် ပြန်လိုက်ခဲ့ပါ"

"သားက ရပါတယ်"

"ကိုရဲရင့် နိုးပြီ"

တိမ်ယံစကားကြောင့် အာရုံတွေက ရဲရင့်ဆီသို့။

"ဗိုက်ဆာလား? မေမေနှင်းယူလာတာတွေ ကြည့်ဦး။ မင်းအကြိုက်တွေ"

ရဲရင့် ပြုံးပြီးခေါင်းညိတ်ပြလိုက်သည်။

"မျက်နှာအရင်သစ်မယ်လေနော်။ ရေချိုးခန်းထဲ သွားမလား?"

ရဲရင့်က ထပ်ပြီးခေါင်းညိတ်တာကြောင့် သုတက ဘေးမှနေ၍သတိထားတွဲပေးကာ ရေချိုးခန်းဆီသို့ ခေါ်လာခဲ့သည်။ အားလုံးပြီးတော့ တိမ်ယံက မျက်နှာသုတ်ပဝါလေးယူပေးလေသည်။
သုတကပင်

"အင်း၊ ကျေးဇူး"

"ကဲ၊ နှစ်ယောက်လုံး လာစားတော့"

စားသောက်ပြီးချိန်တွင် ဥက္ကာတို့စုံတွဲရောက်ချလာသည်။ စလာကတည်းက ပေါက်ကရတွေပြောပြီး ဟာသလုပ်နေသည့် ဥက္ကာကြောင့် ဖြူလေးနှင့် ရဲရင့်မေမေပါ ရယ်နေခဲ့သည်။ သူတို့ သူငယ်ချင်းတွေသည်တော့ တဟားဟားနှင့် ပွဲကျလျက်။
ရဲရင့်လည်း တော်တော်လေး ရွှင်ရွှင်ပျပျဖြစ်လာသည်။

"မင်းဝယ်လာတာတွေက လူမမာနဲ့တည့်မလား?"

"အဲဒါ လူနာစောင့်စားဖို့တွေ။ လူနာက ခုတင်ပေါ်အိပ်နေရတာ။ လူနာစောင့်တွေကသာ ပင်ပန်းတာကွ"

ရဲရင့်က ဂြိုဟ်ကြည့်ကြည့်လိုက်သလို သုတကလည်း တစ်ခုခုပြောဖို့အပြင်

"Stop! မစွာနဲ့ ခေသုတ။ နေ့လယ်ကျ ထူးမြတ်လာရင် မင်းခဏပြန်နားကွာ"

"ငါ ..."

သုတစကားမဆုံးမီ ရဲရင့်က သုတလက်ကို ဆွဲလှုပ်လာသည်။ ဖုန်းကိုယူပြီး

*ပြန်နားပါ။ မျက်ကွင်းတွေညို၊ မျက်တွင်းတွေချိုင့်နေပြီ*

"ငါက ..."

အထွန့်တက်ရန်ပြင်ပေမဲ့ ရဲရင့်က ခေါင်းခါပြ၍ သုတ လက်လျှော့လိုက်ရသည်။
ထူးမြတ်ရောက်လာတော့

"အန်တီ၊ ပြန်နားပါလားဗျ။ ရဲရင့်အတွက်တော့ စိတ်ချပါ"

"စိတ်ချပါတယ် သားတို့ရယ်။ ကျေးဇူးလည်းတင်ပါတယ်"

"မဟုတ်တာ အန်တီရယ်။ သူငယ်ချင်းအရင်းကြီးတွေ၊ ဒီလောက်တော့ လုပ်ပေးရမှာပေါ့။ အပန်းလည်းမကြီးဘူး။ အစားအသောက်အပြည့်အစုံ၊ WiFi အဆင်သင့်နဲ့လေ။ အဟီး"

"မင်းက တော်တော်ပင်ပန်းနေဦးမယ်"

ထူးမြတ်စကားကြောင့် ဥက္ကာက ကောင်းချီးပေးလာသည်။

"မင်း ညကျပြန်လာခဲ့၊ ဥက္ကာ"

"မလာဘူး။ တိမ်ယံစောင့်ပေးမှာတဲ့ ဒီည။ ငါ မနက်ဖြန်စောင့်ပေးမယ်"

"အဲဒီလိုလား?"

ထူးမြတ် တိမ်ယံကိုကြည့်ကာ ခိုးပြုံးလိုက်သည်ကို တိမ်ယံက မြင်ဖြစ်အောင်မြင်သည်။
ဘာလို့များ ကိုယ်စောင့်ပေးမယ်ပြောမိတဲ့နေ့မှ ဒီလူကပါ လူနာစောင့်မယ်တဲ့လဲ?

"ဘာရယ်တာလဲ၊ ခင်ဗျား"

တိမ်ယံက တိုးတိုးလေးမေးနေသည်ကို မကြားချင်ယောင်ဆောင်ကာ ထူးမြတ်တစ်ယောက် စကားလမ်းကြောင်းလွှဲလိုက်သည်။

"သုတ၊ ပြန်လိုက်သွားတော့။ ငရဲကိုစိတ်ချ။ မင်းသာ အေးအေးဆေးဆေးနားလိုက်။ အိုခေ?"

"ကဲ၊ ငါတို့လည်းပြန်မယ်။ ဖြူလေးလည်း သွားစရာရှိသေးတယ်။ အန်တီ၊ ကျွန်တော်တို့ကို ခွင့်ပြုပါဦး"

"အားလုံးပဲ ခွင့်ပြုပါဦးရှင့်"

"အေးပါကွယ်၊ ကျေးဇူးတင်ပါတယ်။ ကဲ! မေမေနှင်းတို့လည်း ပြန်ရအောင် သားသုရေ"

"ဟုတ်။ ငါ ခဏပြန်မယ်နော်၊ ညနေကျပြန်လာခဲ့မယ်။ ဗိုက်ဆာရင် သူတို့ကိုပြောနော်။ စားချင်တာရှိရင် သူတို့ကိုဖုန်းဆက်ခိုင်းလိုက်၊ ငါပြန်လာရင် ယူခဲ့ပေးမယ်။ ပြီးတော့ အရမ်းတွေလည်း လှုပ်လှုပ်ရှားရှားမနေနဲ့ဦး"

ခေါင်းညိတ်ပြနေသည့်ရဲရင့်က သုတလက်ကိုဆုပ်ကိုင်ကာနောက်လက်တစ်ဖက်ဖြင့် ခပ်ဖွဖွပုတ်လာသည်။ ထူးမြတ်က

"အေး၊ မင်းကို ခေါင်းညိတ်ပြရတာနဲ့တင် မူးလဲတော့မယ်။ သွားပါတော့ကွာ"

"မင်းတို့နော်၊ တခြားတွေ အာရုံရောက်မနေနဲ့ဦး။ လူမမာက လိုက်ဆွဲခေါ်နေရတယ်ဆိုရင် ငါနဲ့တွေ့မယ်"

"အာရုံက ဝေးဝေးရောက်စရာမရှိပါဘူး"

ထူးမြတ်က တိမ်ယံကိုကြည့်ကာပြောလိုက်၍ ရဲရင့်ရယ်နေသည်။ သုတကတော့ ထူးမြတ်ဘာဖြစ်နေသည်ကို စိတ်မဝင်စားနိုင်ပါ။ တိမ်ယံခမျာမှာတော့ ထူးမြတ်ရဲ့ တစ်ချက်တစ်ချက်အကြည့်နဲ့ အနှောင့်အသွားမလွတ်သည့် စကားများကြောင့် အံတကြိတ်ကြိတ်။

"ဘယ်မှမရောက်နဲ့။ ငါစိတ်ချမယ်နော်"

"သွားနားပါတော့ကွ"

အားလုံးထွက်သွားတော့ ထူးမြတ်က ရဲရင့်ခုတင်ဘေးမှခုံတွင် ဝင်ထိုင်လိုက်၍ တိမ်ယံက သိမ်းစရာရှိသည်များကို နေရာတကျသိမ်းနေလိုက်သည်။

"ရဲရင့်၊ မင်းကို အဆင်ပြေလားလို့မေးရမှာလည်း ခက်တယ်။ ဒါပေမဲ့ ငါက မင်းရဲ့စိတ်အခြေအနေ အဆင်ပြေ၊မပြေ သိချင်တာ"

ရဲရင့်က ဖြည်းညင်းစွာခေါင်းညိတ်ပြလာသည်။

"အင်း၊ မင်းအကြောင်းကြားကြားချင်း ခေသုတတို့ ငါးရံ့ပြာလူးနေတယ်တဲ့။ ငါတို့ရောက်လာတော့လည်း သူ့မှာ စိတ်နဲ့ကိုယ်နဲ့မကပ်လို့ မနည်းထိန်းရတယ်။ သူ မင်းကိုချစ်ပါတယ်။ အဲဒါကြောင့် အဆိုးဘက် သိပ်မတွေးပါနဲ့ကွာ၊ နော်"

တိမ်ယံလည်းရှိနေ၍ ထူးမြတ်က ခပ်တိုးတိုးသာပြောနေသည်။ ရဲရင့်ကလည်း ခေါင်းတညိတ်ညိတ်နှင့် နားထောင်လျက်။

တိမ်ယံကြားပါသည်။ ကိုသုက ကိုရဲရင့်ကို သိပ်ချစ်တယ်ဆိုတာကိုလည်း အရင်ကတည်းက ရိပ်မိပေမဲ့ အဲဒီနေ့ကတော့ နှလုံးသားတစ်ခုလုံးနှင့်ရင်းကာ လက်ခံလိုက်ရသလို ခေသုတအတွက် တိမ်ယံ့ရင်ခွင်ထဲ ပျိုးပြီးသားအချစ်တို့ကိုလည်း ရင်နာနာနှင့် ဆွဲထုတ်ပစ်လိုက်မိသည်။ ဆက်ပျိုးထားလို့ အခိုင်အမာဖြစ်လာလေ၊ ဖယ်ရှားရန်ပိုခက်ခဲလေဖြစ်ပြီး ပိုပြီးနာကျင်လာမည့်အရေးကို မြင်နေရပြီဖြစ်၍ အပ်နှင့်သာထွင်းထုတ်လိုက်ရသည်။ ပုဆိန်နှင့်ပေါက်ရလျှင် တိမ်ယံ ခံစားနိုင်မည်မဟုတ်။
အခုတောင် တော်တော်လေးနာကျင်ရသည် မဟုတ်ပါလား?

ချက်ချင်းကြီး မေ့ပျောက်ဖို့ဆိုတာ မလွယ်ပေမဲ့ စိတ်ထဲကအမှတ်တရတွေကို နည်းနည်းချင်းဖဲ့ထုတ်ပြီး သူ့အပေါ်ထားတဲ့အချစ်ကို ဖြည်းဖြည်းချင်းဖျောက်ဖျက်ပစ်ရမည်။ တစ်ဖက်သတ်ချစ်ရသည်က တစ်ခါတရံကြည်နူးရသလို၊ တုံ့ပြန်မှုမရှိတာသေချာသည့်အခါမှာလည်း ခါးသည်းရသည်။ ဆက်ပြီး မနာကျင်နိုင်တော့သော ကိုယ့်နှလုံးသားလေးကို ဂရုစိုက်ဖို့သာ ကြိုးစားရတော့မည်။

"ယံလေးလေ၊ ကလေးရေ ..."

"ခင်ဗျား! ဘာကို ကလေးလဲ?"

"သခင်လေးရယ်၊ ကျွန်တော်မျိုး ကောင်းကောင်းမွန်မွန်ခေါ်နေတာ လေးခွန်းရှိပါပြီခင်ဗျာ။ မကြားတဲ့အဆုံးမှ အခုလိုခေါ်လိုက်ရတာပါ ခင်ဗျ"

"အဟမ်း၊ ဘာ ... ဘာပြောမလို့လဲ? ကိုရဲရင့်က ဘာလိုလို့လဲ?"

"မလိုဘူးလေ။ အဲဒီကတုံးကောင် ဆေးသောက်ပြီး အိပ်သွားပြီ"

တိမ်ယံ့အတွေးတို့လွန်နေသည်က ဟိုတစ်ဖက်ကမ်းရောက်တော့မည်။ ညီရဲရင့်အိပ်ပျော်သွားသည်ကိုပင် မသိလိုက်ပါ။ သူတို့သူငယ်ချင်းနှစ်ယောက် တစ်ယောက်ကပြောလိုက်၊ တစ်ယောက်က ဖုန်းမှာစာရိုက်လိုက်နှင့် စကားပြောနေဆဲဟုသာ ထင်နေခဲ့သည်လေ။

"ဪ"

"ယံ၊ ဟိုတစ်ခါက ကိုယ်ပြောတာလေးကို ဘယ်လိုသဘောရလဲ?"

"ဘယ်လို ... သဘောရရမှာလဲ? ခင်ဗျားပဲ ပြောချင်ရာပြောသွားတာကို"

"ကိုယ်ပြောချင်လို့ပြောမိတာ မဟုတ်ပါဘူး။ နှလုံးသားလေးက အတင်းဝန်ခံသွားတာပါ"

ဟာ၊ ဒီလူတော့! ရောက်နေတာက ဆေးရုံ၊ လာရတဲ့အကြောင်းအရင်းက လူနာစောင့်ဖို့။ အဲဒါကို မဆီမဆိုင် ရည်းစားစကားလာပြောနေရသလား?

"ဘယ်လိုမှ သဘောမရဘူး။ ဘာမှလည်း မစဉ်းစားချင်ဘူး"

"အင်း၊ အခုမစဉ်းစားချင်လည်း နောက်တော့ စဉ်းစားပေးမယ်မဟုတ်လား?"

ဘယ်လိုလူလဲ?

"စကား ... ပြောတာ နောက်ဆုတ်ပြော။ အနား ... ကပ်မလာနဲ့"

"ဟား ဟား ... ထုံးစံအတိုင်း လက်တစ်ကမ်းအကွာပါပဲ။ ဘာလဲ၊ ကိုယ် မင်းအနားကပ်လာရင် ရင်ခုန်လို့လား?"

"ဘာလို့ ရင်ခုန်ရမှာလဲ?"

"ဟမ့်၊ ဖြည်းဖြည်းငြင်းလည်း ဒီအဖြေပါပဲ။ အရမ်းကြီး စိတ်မလှုပ်ရှားပါနဲ့"

"ဘယ်သူက စိတ်လှုပ်ရှားတယ်ပြောလဲ?"

"မင်းလေးရဲ့ မျက်လုံးလေးတွေက"

"ခင်ဗျား!!! ဟာ ... ဘယ်လိုတွေ လာကြည့်နေတာလဲ?"

"ဟောဗျာ၊ မျက်လုံးလေးထဲ စိုက်ကြည့်မိတာလေးကို ရှက်တာလား?"

"မဟုတ်တာတွေ"

"အဲဒီ နားရွက်လေးတွေ၊ ပါးလေးတွေကို အရင်ဝှက်ထားပြီးမှ ပြောပါလား? အား ... ချစ်ဖို့ကောင်းလိုက်တာ။ ကိုယ်တော့ ရင်ခုန်မြန်ပြီး သေတော့မှာပဲကွာ"

"သေလေ"

လေသံခပ်တိုးတိုးနှင့် ငြင်းခုံကြပြီးနောက် တိမ်ယံ ဆိုဖာပေါ်တွင်သွားထိုင်နေ၍ ထူးမြတ်အနားကပ်သွားသည့်အခါ

"ဘာလာလုပ်တာလဲ ဒီနားကို။ ခင်ဗျားသူငယ်ချင်းအနား နေလေ"

"အခုမှအိပ်သွားတဲ့လူမမာ အေးဆေးနားပါစေလေ"

"အဲဒါဆိုလည်း ဟိုဘက်ခုံမှာထိုင်လေ"

"ကပ်စီးနည်းလိုက်တာ"

အနားကပ်ထိုင်ရန်ကြိုးစားခြင်း ကျရှုံးသည့်နောက်တွင် ထူးမြတ်တစ်ယောက် အောင်မြင်စွာတပ်ဆုတ်၍ မျက်နှာချင်းဆိုင်ဘက်ခုံကို အပြီးသိမ်းကာ ဘေးစောင်းလှဲအိပ်လျက် တိမ်ယံကသိုဏ်းရှုတော့သည်။

'ဒီလူကြီးနဲ့တော့ ဒုက္ခပါပဲကွာ။ ဒီလိုမှန်းသိရင် နောက်နေ့မှစောင့်မယ်လို့ ပြောလိုက်ပါတယ်'

ထူးမြတ်ကြည့်နေ၍ အနေရခက်ကာ ငုတ်တုပ်ကလေး မလှုပ်မယှက်ထိုင်နေရင်း တိမ်ယံအိပ်ငိုက်နေတော့သည်။

"အဟား၊ အသည်းယားအောင်လာလုပ်နေတာကွာ"

ထူးမြတ် မချိတင်ကဲရေရွတ်ပြီး တိမ်ယံ၏ပခုံးနှင့်ခေါင်းကိုထိန်းကာ ခုံပေါ်သို့ ဖြည်းဖြည်းချင်းလှဲချစေလိုက်သည်။ လူးလွန့်လာပြီး ပြန်ငြိမ်သွားသည့်အခါမှ ခြေထောက်နှစ်ချောင်းကိုပါ အပေါ်တင်ပေးထားလိုက်ကာ ဘေးတွင်ချထားသောစောင်ပါးလေးကို အနည်းငယ်ခြုံပေးထားလိုက်သည်။

အိပ်နေစဉ်အချိန်လေးတွင်မှ ရန်တွေ့သံလေးတိတ်နေသည့် ကလေးငယ်ကို ထူးမြတ်ကြည့်မဝတော့။
လူနာကိုလှမ်းကြည့်တော့လည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်နေသည်မို့ ထူးမြတ်အကြံအစည်ကို အကောင်အထည်ဖော်လိုက်သည်။
လက်နှစ်ချောင်းကို သူ့နှုတ်ခမ်းမှာသူကပ်ပြီးမှ တိမ်ယံ့နှုတ်ခမ်းကို ထိတွေ့လိုက်သည်။

"ကိုယ်တို့နှစ်ယောက်အတွက် ပထမဆုံးအနမ်းကို မင်းသဘောတူညီချက်နဲ့ ကိုယ် တယုတယနမ်းမယ်။ အခုတော့ Indirect kiss လေးနဲ့ပဲ ကိုယ်ကျေနပ်လိုက်တယ်"

တစ်နာရီခန့်ကြာပြီးနောက် ရဲရင့်နိုးလာခဲ့သည်။

"အိပ်ရေးဝရဲ့လား?"

ရဲရင့်ခေါင်းညိတ်ပြ၍ ထူးမြတ်က ရေဘူးယူပေးလိုက်တော့ ရေသောက်နေပြီး နာရီကိုလှမ်းကြည့်တာ တွေ့လိုက်ရသည်။ သုတကို မျှော်နေသည်ထင်ရဲ့။
ထိုအချိန် ထူးမြတ်ဖုန်းက မြည်လာသည်။ ခေါ်သည်က ရဲရင့်အိမ်ဖုန်းမှ

"ဟယ်လို၊ ဟုတ်ကဲ့ အန်တီ"

"................."

"ရပါတယ်ဗျာ၊ စိတ်ချပါ။ အေးအေးဆေးဆေး အနားယူကြပါ။ အဲဒီလိုနားမှပဲ အဆင်ပြေမှာ"

"................."

"ဟုတ်၊ ကျွန်တော် သေချာပြောပြလိုက်ပါ့မယ်"

ဖုန်းချလိုက်ချိန်မှာ တိမ်ယံလည်းနိုးနေပြီး

"ဘယ်အိမ်ကဆက်တာလဲဟင်?"

"ရဲရင့်တို့အိမ်ကပါ။ ရဲရင့်၊ သုတက နည်းနည်းလေးပင်ပန်းနေလို့ ဆရာဝန်ပြပြီး အနားယူခိုင်းထားတယ်တဲ့။ အဲဒါ အခုအိပ်ပျော်နေလို့ ဒီနေ့တော့ မလွှတ်တော့ဘူးလို့ မင်းအမေဖုန်းဆက်တယ်"

ရဲရင့်ရဲ့ စိုးရိမ်နေတဲ့အကြည့်တွေကြောင့်

"မစိုးရိမ်ရပါဘူးတဲ့။ မင်းသိတဲ့အတိုင်းပဲ၊ တောက်လျှောက်ကို မင်းအနားမှာနေတာဆိုတော့ ပင်ပန်းသွားတာနေမှာ။ အိပ်ရေးဝဝအိပ်ပြီး အစားကောင်းကောင်းဝင်တာနဲ့ အဆင်ပြေသွားမှာပဲလေ"

ထိုအခါမှ ရဲရင့်ခေါင်းတဆတ်ဆတ်ညိတ်ကာ သက်ပြင်းချသွားသည်။

"မင်း ဗိုက်ဆာရင်ပြော"

ခေါင်းခါပြတာကြောင့်

"အင်း၊ မအိပ်ခင်က စားထားတာနဲ့တော့ သိပ်မဝေးသေးပါဘူး။ တစ်ခုုခုလုပ်ချင်တာရှိရင် ငါ့ကိုပြောနော်"

ရဲရင့်က ဖုန်းကိုလှမ်းယူပြီး

* အအေးတစ်ခုခုသောက်ချင်တယ် *

"အင်း၊ ရှိတယ်"

"ကိုထူးမြတ်၊ အဲဒီအရမ်းအေးတာတွေ တိုက်လို့မရဘူးထင်တယ်နော်"

"ခေသုတလေသံနဲ့။ ဒါလောက်နဲ့ဘာမှမဖြစ်ပါဘူးကွာ။ မင်းပြောသလောက်လည်း အေးမနေဘူး၊ ကိုင်ကြည့်"

"အင်း၊ အရမ်းမအေးဘူး"

ပြောပြီး ဖန်ခွက်လေးတစ်လုံးထဲ ငှဲ့ထည့်ပေးကာ ရဲရင့်ဆီလက်ကမ်းပေးလိုက်သည့် တိမ်ယံကိုကြည့်ပြီး ထူးမြတ်ပြုံးမိသည်။

'စိတ်ကောင်းလေးလည်း ရှိရဲ့သားနဲ့၊ တစ်ချက်တစ်ချက် ဘာတွေမွှေချင်မှန်းမသိတဲ့ ကလေးစုတ်လေး'

ရဲရင့်ကတော့ တိမ်ယံပေးတဲ့အအေးကို ယူသောက်နေသည်။

"ကိုရဲရင့်၊ သီချင်းအေးအေးလေးတွေ နားထောင်မလား? ယံတို့ သီချင်းနားထောင်ရင်းနဲ့ တစ်ခါတလေကျ ကောင်းတဲ့သီချင်းလေးတွေ၊ ကိုယ်ကြိုက်တဲ့သီချင်းလေးတွေနဲ့ တိုက်ဆိုင်သွားရင် သတိလက်လွတ် လိုက်ဆိုမိကြတယ်လေနော်။ အနည်းဆုံးတော့ စိတ်ပြေလက်ပျောက်ပေါ့"

ရဲရင့်ခေါင်းညိတ်ပြတော့ တိမ်ယံက

"တိုးတိုးလေးဖွင့်ပေးမယ်လေ။ နားကြပ်နဲ့ဆို အဆင်မပြေလောက်ဘူးလားလို့၊ ဒီတိုင်းနားထောင်နော်"

တိမ်ယံကိုကြည့်ကြည့်ပြီး ထူးမြတ်မှာ နေမရထိုင်မရပါ။ ဘယ်လိုကလေးမှန်းမသိ။ အခုတော့လည်း ရဲရင့်ကို ခေသုတကိုယ်စားများ ဂရုစိုက်ပေးနေသလားမသိတော့။
ရဲရင့်ခုတင်ဘေးက သီချင်းသံတိုးတိုးကြောင့် သုံးယောက်သား ငြိမ်၍နားထောင်နေမိကြသည်။

"ယံလေး၊ တကယ် လွှတ်ချနိုင်ပြီလား?"

ထူးမြတ်ဆိုလိုသည်ကို တိမ်ယံသဘောပေါက်ပါသည်။

"အင်း၊ ယံက သက်သက်မဲ့ ရှုပ်မိနေပြီထင်ပါတယ်"

"အဲဒီလိုတော့ ကိုယ့်ဘာသာအပြစ်မတင်ပါနဲ့"

"အင်း"

"ပွဲလန့်တုန်းဖျာခင်းရရင် ကိုယ့်ကိုစဉ်းစားပေးပါလို့ပဲ ပြောပါရစေ"

"အာ ... ခင်ဗျား၊ ဖောက်မလာနဲ့"

"အတည်ပြောနေတာပါ။ အလျင်မလိုပါဘူး။ ကိုယ့်ကိုတွေးကြည့်ပေးဖို့ပဲ တောင်းဆိုတာပါ"

တိမ်ယံ မသိချင်ယောင်ဆောင်ကာသာ သီချင်းဆီအာရုံပို့လိုက်မိသည်။

🎶 Nothing's gonna change my love for you
You oughta know by now how much I love you ... 🎶

"မင်းအတွက်ကိုယ့်အချစ်တွေလည်း အဲဒီလိုပဲ၊ ဘာကြောင့်မှမပြောင်းလဲဘူး။ ဘယ်လောက်ချစ်တယ်ဆိုတာ မင်းသိအောင် ကိုယ်ကြိုးစားမှာ"

သီချင်းစာသားတွေအတိုင်း လိုက်ရွတ်ပြီး သူ့အချစ်တွေကိုသိအောင် ကြိုးစားဖော်ထုတ်မယ့် ထူးမြတ်ကို တိမ်ယံလှည့်မကြည့်ဖြစ်ပေမဲ့ မသိမသာပြုံးလိုက်မိသည်။
အစအဆုံးသိနေတဲ့ ဇာတ်လမ်းတစ်ပုဒ်မှာ ကိုယ်တိုင်ကတောင် ဗီလိန်ဖြစ်ခဲ့သလားလို့ တွေးနေမိပေမဲ့ ကိုယ့်ကိုချစ်တယ်ပြောလာတော့ ကျေနပ်မိပါရဲ့။

""""""""""""""""""

by Demon
© Demon ,
книга «Zippy Amor (Lively Friendship)».
Коментарі