Chapter (21)
3:04 am
"ဒီအချိန်ကြီး ဘယ်သူလဲ?"
"သားပါ မေမေ"
"သား အိပ်ချင်တယ် မေမေ"
"သား အိပ်တော့မယ်နော်"
"အိပ်မှာသေချာလား ကလေး"
"ဟုတ်"
¤
¤
"သား နိုးပြီ မေမေ"
"သားတို့ ဘာဖြစ်ကြတာလဲ?"
"ဟုတ်"
"လာခဲ့မယ် မေမေ"
¤
"အင်း"
"ဘာဖြစ်ကြတာလဲ?"
"အေးပါ"
"လာ၊ အတန်းထဲပြန်ကြမယ်"
"အင်း "
"ခေသုတ"
"ဘာလဲ?"
"ဘာဖြစ်နေလို့လဲ?"
"ဟူးးး"
""""""""""
"တိမ်ယံ၊ ဟေ့ကောင်"
"ဟင်?"
"ကိုသုရော ဘယ်မှာလဲ?"
"ထားလိုက်ပါတော့ကွာ"
""""""""""""''
"ကိုသု"
"အင်း "
"သုတ"
"အွန်း"
"ဟို ..."
"ဘာလဲ၊ ဗိုက်ဆာလို့လား?"
"ရတယ်၊ ငါမဆာပါဘူး"
"ပြီးတာပဲ။ ရော့၊ ယံလေး ဒါစား။ ဒါကစားကောင်းတယ်"
"ဟုတ်၊ ကိုသုရော စား"
"အင်း"
""""""""""""""""""""""""""""
3:04 am
ညီရဲရင့်တစ်ယောက် သူတို့အိမ်ရှေ့တံခါးကို လွယ်အိတ်ပိုက်ကာမှီထိုင်ရင်း ဖုန်းကိုကြည့်မိတော့ အချိန်မနည်းတော့ပါ။ ဒီနေ့က ဦးဇင်းတွေဆွမ်းခံကြွလေ့ရှိတဲ့နေ့။ မနက်လေးနာရီခွဲရင် ဆွမ်းလောင်းဖို့အတွက် အမေတို့က သုံးနာရီခွဲလောက်ဆို ဆွမ်းထချက်လေ့ရှိကြတယ်။ ခဏစောင့်လိုက်ရင် အိမ်ထဲရောက်မှာပဲလေ၊ အိမ်ထဲမနေဖူးတာကျလို့။ ခဏနေနိုးမယ့်အမေကို ဖုန်းခေါ်မနှိုးချင်တော့တာမို့ တံခါးဝမှာထိုင်ရင်း ကောင်းကင်ကိုမော့ကြည့်မိတော့ ကြယ်လေးတွေက ဟိုနားလင်းလိုက်၊ ဒီနားလက်လိုက်။
"အဆင်ပြေပါတယ်၊ လရောင်မရှိလည်း ကြယ်ရောင်တော့ရသေးတာပဲ"
ငေးကောင်းကောင်းနဲ့ငေးနေတာ အိမ်ထဲကမီးလင်းလာမှ တံခါးခေါက်လိုက်တော့
"ဒီအချိန်ကြီး ဘယ်သူလဲ?"
"သားပါ မေမေ"
"ရဲရင့်? သားလေးဘာဖြစ်လို့လဲ?"
တံခါးကိုအလျင်အမြန်ဖွင့်ပေးပြီး စိုးရိမ်တကြီးမေးတဲ့အမေဖြစ်သူကို
"ခုနကမှ စာတွေလုပ်လို့ပြီးလို့ပါ"
"သား၊ ဘာဖြစ်လာတာလဲ? မေမေက သားလေး အဲဒီမှာပဲအိပ်မယ်ထင်တာလေ"
"သား အိပ်ချင်တယ် မေမေ"
အမေကိုဖက်ပြီး အိပ်ချင်တယ်ပြောနေတော့ မိခင်တစ်ယောက်ရဲ့အလိုလိုသိမှုက မနေနိုင်ပြန်။
"သားလေး၊ မေမေ့ကို တစ်ခုခုမပြောချင်ဘူးလား?"
"သား အိပ်တော့မယ်နော်"
"အိပ်မှာသေချာလား ကလေး"
"ဟုတ်"
"မေမေ သားအနားနေပေးရမလား?"
"ဟင့်အင်း၊ သွားအိပ်တော့မယ်"
ဘယ်လိုဖြစ်နေလဲ သားလေးရယ်။ တစ်နေ့လုံးကို အမျိုးမျိုးတွေဖြစ်နိုင်လွန်းတယ်။ မနက်ကလည်း ဟိုဘက်ကကလေးနှစ်ယောက်နဲ့ အပြင်ပါမသွားဘဲ အစားအသောက်ကိုရမယ်ရှာပြီး ငိုတယ်။ နောက်တော့လည်း ဟိုဘက်အိမ်သွားအိပ်ပြီး ရွှင်မြူးပြီးပြန်လာလို့ အဆင်ပြေပြီထင်နေတာ။ ညဘက်စာအတူလုပ်ပြီးရင် အတူအိပ်နေကျက မနက်အစောကြီး အိမ်ပြန်လာအိပ်တယ်။ အခုလည်း လွယ်အိတ်ဆွဲပြီးသာ အခန်းဘက်ထွက်သွားတာ လူကအသက်မပါသလိုနဲ့။ အရင်လို စိတ်ကောက်ကြတာမျိုးတော့ မဟုတ်နိုင်ဘူး။ သေသေချာချာလေးတော့ မေးကြည့်ရပါဦးမယ်။
¤
အိပ်မှာ၊ ငါအိပ်ပစ်လိုက်ရင် ရင်ပူသက်သာမယ်။ အိပ်မှဖြစ်မယ်။
"ပြန်လေ၊ ဘယ်သူကတားနေလို့လဲ?"
သုတရာ၊ မင်းပြောထွက်တယ်နော်။ ငါတို့တွေ ဒီအချိန်မှစာလုပ်ပြီးကြရင် ဘယ်တုန်းကများ ကိုယ့်အိမ်ကိုပြန်အိပ်ဖူးကြလို့လဲ?
ဟင့်အင်း၊ မတွေးချင်ဘူး။ ငါအိပ်ချင်တယ်၊ အိပ်မယ်။
"မင်း စာလိုက်မကူးတာတွေလေ၊ အခုမှ မပြီးနိုင်မစီးနိုင်။ နောက်တစ်ခါ မင်းဘာသာမင်း စာစုံအောင်လိုက်ဖြည့်ထား။ ငါ့ကိုအလုပ်လာမရှုပ်နဲ့"
ငါကရှုပ်နေမိတာလား? မင်းဘက်က အခုမှ အလုပ်ရှုပ်တယ်ထင်လာတာလား?
ငါ့ကို မင်းဘယ်တုန်းက အဲဒီလိုပြောဖူးလို့လဲ? မဟုတ်ဘူး၊ အခုတလောဆက်ဆံပုံမျိုး ငါဘယ်တုန်းကမှ မတွေ့ဖူးတာသေချာတယ်။ ငါထင်တာ၊ ငါသိထားတာ မင်းငါ့ကိုချစ်တယ်လို့လေ။ အခုကျမှ ငြိုငြင်လာတာက ဘာတွေဖြစ်ကုန်တာလဲ? ငါမင်းကိုချစ်တယ်ဆိုတာ သေချာသွားတဲ့အချိန်ကျမှ၊ ငါဝန်ခံလိုက်မိတော့မှ မင်းဘက်က အခုလိုတွေစိမ်းကားပစ်တာ၊ ငါဖွင့်ပြောမိတာမှားသွားလား?
ရင်ဘတ်ထဲမှာ အရမ်းကြီးတင်းကျပ်နေတယ် ခေသုတရဲ့။ အရမ်းလည်းနာတယ်။
ငါအိပ်ချင်နေပြီ သုတလေး။ မင်းအသံတွေ ကျေးဇူးပြုပြီး ငါ့နားထဲရောက်မလာပါနဲ့တော့။
ခုတင်ပေါ်မှာလှဲနေရင်း မျက်စိတွေအတင်းမှိတ်ပစ်လိုက်တဲ့ ညီရဲရင့်ရဲ့နှုတ်ခမ်းတွေ တုန်ခါနေပြီး ရင်ဘတ်က သိသိသာသာ နိမ့်ချည်မြင့်ချည်လှုပ်ရှားနေကာ မျက်ဝန်းထောင့်မှာလည်း စိုရွှဲလို့။
ဘယ်ဘက်ရင်အုံပေါ်လက်နဲ့ဖိရင်း မျက်လုံးထောင့်တွေကိုတစ်ချက်ပွတ်ကာ စောင်အောက်တိုးဝင်လို့ ခွေခွေလေးငြိမ်သက်သွားတာက အိပ်ပျော်သွားတယ်လို့ပဲ မှတ်ယူပါရစေတော့။
¤
"သားရေ၊ မထသေးတာလား? သားလေး၊ ကျောင်းနောက်ကျတော့မယ်ကွယ်"
တံခါးခေါက်သံရော၊ အမေဖြစ်သူအော်ခေါ်နေသံရောကြားလို့ ရဲရင့်နိုးလာရပြီ။ နာရီကြည့်မိတော့မှ နောက်ကျနေမှန်းသိရတယ်။
"သား နိုးပြီ မေမေ"
လှမ်းအော်ရင်း တံခါးသွားဖွင့်ပေးရပါတော့တယ်။
"နိုးနေပြီထင်လို့ မေမေက လာမကြည့်ဖြစ်ဘူး။ နေကောင်းလား သား?"
"ဟုတ်၊ ရေချိုးလိုက်ဦးမယ်"
ရေအမြန်ချိုးမှဖြစ်မှာကြောင့် ရဲရင့် ရေချိုးခန်းထဲပြေးဝင်လိုက်တော့ အမေဖြစ်သူက ပြတင်းတံခါးတွေဖွင့်ကာ အိပ်ရာတွေသိမ်းပေး၊ အဝတ်အစားတွေထုတ်ပေးပြီး ရှင်းစရာရှိတာတွေရှင်းနေလေရဲ့။
"မေမေ၊ သုတ လာမခေါ်သေးဘူးလား?"
"လာမခေါ်ဘူး။ သားကလည်း ဆင်းမလာဘူး၊ သုတလေးဆီကလည်း ဘာသံမှမကြားလို့ မေမေလာနှိုးရတာလေ"
"သူလည်း မနိုးတာလားမသိဘူး"
"သားလေး၊ အခုလေးတင် မေမေလှမ်းမြင်လိုက်တယ်။ သုတလေးတို့ကား ထွက်သွားတယ်၊ အိမ်ရှေ့တော့ရောက်မလာဘူး"
ကျောင်းနောက်ကျနေလို့ အလျင်စလိုလှုပ်ရှားနေတာတွေ အကုန်ရပ်တန့်သွားတဲ့ ညီရဲရင့်ကြောင့်
"သားတို့ ဘာဖြစ်ကြတာလဲ?"
"ဟင်? ဘာမှမဟုတ်ပါဘူး။ ဒီအတိုင်းစိတ်ကောက်နေတာ"
ပြောရင်းက အယောင်ယောင်အမှားမှားတွေလုပ်နေတဲ့ သားတော်မောင်ကိုကြည့်ရင်းသာ ရင်မောရပါတယ်။
"နောက်ကျနေပြီဆိုတော့ ပထမအချိန်အရေးမကြီးရင် အေးအေးဆေးဆေးသာလုပ်ပါတော့ သားရယ်"
"ဟုတ်"
"မေမေ မနက်စာပြင်ထားပြီး စောင့်နေမယ်နော်။ အစာတော့စားသွားပါ။ အိပ်ရေးမဝရတဲ့အထဲ အစားပျက်ရင် မကောင်းဘူး"
"လာခဲ့မယ် မေမေ"
¤
"ညီရဲရင့်၊ တစ်ချိန်လွတ်သွားပြီးမှ ရောက်လာရလား? မင်းတို့နှစ်ယောက် ဘာတွေကောက်ကြပြန်ပြီလဲ?"
ခန့်သူအမေးကြောင့် ခပ်တည်တည်ထိုင်နေတဲ့ခေသုတကို ညီရဲရင့်လှမ်းကြည့်မိတော့ သူနဲ့မဆိုင်သလို အဖက်မလုပ်။
"ညက စာတွေလွတ်ထားတာပြန်ကူးရင်း အိပ်တာနောက်ကျလို့ မနက်မထနိုင်တာပါ"
"ဪ၊ အဲဒါနဲ့ပဲ ဟိုကိုယ်တော်လေးက မစောင့်ဘူးပေါ့လေ"
"အင်း"
ရဲရင့်ဖြေရင်းနဲ့ သုတဘေးဝင်ထိုင်တော့ သုတက တစ်ချက်လေးတောင်လှည့်ကြည့်မလာ။ ထူးမြတ်က မျက်စပစ်ပြီးအခန်းအပြင်ခေါ်ထုတ်တာကြောင့်
"ငါ Toilet သွားလိုက်ဦးမယ်"
"ငါလည်းလိုက်မယ် ရဲရင့်"
ထူးမြတ်ကလည်း သူလိုက်မယ်ဆိုပြီး နှစ်ယောက်သားအပြင်ထွက်လာမိတော့
"ဘာဖြစ်ကြတာလဲ?"
"ညက စာအတူလုပ်ကြတယ်။ ဟိုကလေးလည်း အတူတူထိုင်ပြီးစာလုပ်တယ်။ ငါ သူ့ဆီကစာတွေကူးတာကို ရှုပ်တယ်တဲ့။ စာလုပ်ပြီးတော့လည်း ငါ့ကိုစကားမပြောလို့ ငါကသိပ်ရှုပ်နေတယ်ဆိုရင် ပြန်တော့မယ်ဆိုတော့ ဘယ်သူကတားလို့လဲတဲ့။ အဲဒါနဲ့ မနက်သုံးနာရီကြီး ငါအိမ်ပြန်အိပ်တာ တော်တော်နဲ့အိပ်မရဘူး"
"ဟာကွာ၊ အရင်ကအတူအိပ်နေကျကို အခုမှ အဲဒီအချိန်ပြန်ခိုင်းတယ်ပေါ့?"
"သူ အိပ်ရောအိပ်ရဲ့လားမသိဘူး။ ခုနက ဘေးတိုက်ကြည့်တာတောင် မျက်ကွင်းတွေညိုနေသလိုပဲ"
"အင်း၊ အိပ်ရေးမဝဘူးတဲ့။ မင်းမပါလို့ ငါတို့မေးတော့ မသိဘူးလေတဲ့။ ညက ဘာတွေဖြစ်ကြသေးလဲ? ဟိုကလေးနဲ့ရော အခြေအနေဘယ်လိုရှိလဲ? မနက်ကတော့ အဲဒီကလေးကို အဆောင်အထိလိုက်ပို့တယ်"
"လိုက်ပို့တယ်တဲ့လား? နေ့လယ်ကျမှ ပြောမယ်ကွာ။ နောက်တစ်ချိန်ပါလွတ်နေဦးမယ်"
"အေးပါ"
ခေသုတတို့ ဒဏ်ရာမပေါ်ဘဲလူသတ်တာမျိုး သိပ်ကျွမ်းကျင်လာတာကို မင်းသိရဲ့လား ထူးမြတ်။
"လာ၊ အတန်းထဲပြန်ကြမယ်"
"အင်း "
ဟူးး ... ဒီအတိုင်းထိုင်ကြည့်မနေနိုင်တော့ဘူး။ သုတပုံစံက ခပ်ပျော့ပျော့ပုံစံဆိုပေမဲ့ တကယ်တော့ ခေသုတဟာ သိပ်ကိုအသည်းမာတဲ့ကောင်။ ညီရဲရင့်ကသာ လူပုံကခပ်ချေချေပေမဲ့ အတွင်းစိတ်က ကလေးသာသာရယ်။
"ငါ့အတွက်၊ ငါ့သူငယ်ချင်းတွေအတွက်၊ ငါ့ကလေးငယ်အတွက် ငါဘာလုပ်ရပါ့မလဲ?"
အတန်းအပြင်ထွက်သွားတဲ့ ရဲရင့်နဲ့ထူးမြတ်ကို လိုက်ကြည့်နေသော သုတအား ခန့်သူနဲ့ဥက္ကာက ပုခုံးလှမ်းပုတ်ကာခေါ်လိုက်တော့ မျက်နှာသေကြီးနဲ့လှည့်ကြည့်လာလေသည်။
"ခေသုတ"
"ဘာလဲ?"
"မင်းတို့ ဘာဖြစ်နေကြတာလဲ?"
"ဘာဖြစ်နေလို့လဲ?"
"ကျွတ်! မဟုတ်သေးပါဘူး သုတရာ။ မင်းရုပ်ကိုလည်းပြန်ကြည့်ဦး။ မျက်ကွင်းကညိုနေတာ ပန်ဒါဖြစ်နေပြီ"
"အေးလေ၊ ခန့်သူပြောတာလည်းဟုတ်တာပဲ။ ညီရဲရင့်ကိုလည်းကြည့်ပါဦး၊ ပစ်လဲတော့မလိုပဲ"
"ငါအိပ်ရေးပျက်လို့။ ညက ယံလေးကိုစာကူကြည့်ပေးတာရယ်၊ Game ဆော့တာရယ်ပေါင်းပြီး ခုလိုဖြစ်နေတာ။ ညီရဲရင့်ဘာဖြစ်သလဲဆိုတာတော့ ငါလည်းမသိဘူး"
"သုတ၊ မင်းတို့ တစ်ယောက်အကြောင်း တစ်ယောက်အသိဆုံးပါ။ အပြတ်ပြတ်နဲ့ ကြာရင်မလွယ်ဘူးနော်"
"နားငြီးတယ်၊ မင်းတို့အပေါက်တွေ ပိတ်ထားပေးပါ့လား။ ငါခဏအိပ်မလို့။ ok?"
"ဟူးးး"
ခန့်သူနဲ့ဥက္ကာလည်း ဘာမှဆက်မပြောတော့ဘဲနေပေးလိုက်ကြပေမဲ့ ရင်ထဲမှာတော့ သူငယ်ချင်းနှစ်ယောက်အတွက် စိတ်မကောင်းဖြစ်နေကြဆဲပင်။
စာသင်ချိန်တွေသာ တစ်ချိန်ပြီးတစ်ချိန်ကုန်သွားတယ်၊ ညီရဲရင့်နဲ့ခေသုတကတော့ စားပွဲပေါ်ခေါင်းတင်လို့ အိပ်နေလိုက်ကြတာများ သူတို့အိမ်နဲ့စာသင်ခန်း မှားနေကြသလားမသိ။ တစ်ယောက်လက်တစ်ယောက်ကိုင်ထားကြတာ မဟုတ်သော်လည်း လက်ညှိုးလေးနှစ်ချောင်းက ချိတ်ထားကြလေရဲ့။ သူငယ်ချင်းတွေအားလုံးရဲ့ အတွေးထဲမှာတော့
"အခုမှ အတူအိပ်ရလို့ အိပ်ပျော်သွားကြတယ် ထင်ပါရဲ့" ဟူ၍ပင်။
ထို့ကြောင့် မနှိုးဘဲထားလိုက်ကြလေရဲ့။ ဆရာ၊ ဆရာမများကိုပင် နေမကောင်း၍အိပ်နေကြသည်ဟု ပြောပေးနေကြသည်။ အတန်းချိန်တွေသာကုန်သွားတယ်၊ သူတို့က ခုထိမနိုးကြသေးပေ။
"ထူးမြတ်၊ ဟိုနှစ်ကောင်ကို နှိုးလိုက်တော့လေ။ ကန်တင်းသွားကြမယ်"
"ထားလိုက်ပါကွာ၊ အိပ်ပါစေ"
"အေးလေ။ ထားလိုက်ပါ ခန့်သူရာ၊ နှိုးမနေပါနဲ့တော့။ အပြန်ကျမှ သူတို့အတွက် တစ်ခုခုဝယ်လာလိုက်မယ်လေ"
"အေး၊ ဥက္ကာပြောသလိုပဲလုပ်ကြတာပေါ့။ သွားမယ်"
""""""""""
အတန်းချိန်ကလည်း အခုချိန်မှကြာနေသလိုပင်။ တိမ်ယံ နာရီကိုသာထိုင်ကြည့်နေမိသည်။
အတန်းပြီးရင် ကိုသုဆီသွားရမယ်။ အခုရက်ပိုင်း ကိုသုက ယံလေးကို အရင်ကထက်ပိုအရေးပေး၊ ပိုဂရုစိုက်လာသည်။ ကိုရဲရင့်ကိုပင် မခေါ်ဘဲနေနေသည်။ ထိုအခွင့်အရေးကို ယံလေး အပြည့်အဝအသုံးချရမည်။ ကိုသုအချစ်ကို ရအောင်ယူရမည်။
"တိမ်ယံ၊ ဟေ့ကောင်"
"ဟင်?"
"ဘာငေးနေတာလဲ? ဆရာတောင်ထွက်သွားပြီ။ မင်းပဲ ခုနတုန်းကတော့ အချိန်ကုန်တာနှေးတယ်ဆို? အခုအချိန်ကုန်တော့လည်း ဆက်ထိုင်နေတယ်။ ရူးနေတာလား?"
"အတွေးလွန်နေတာဟေ့။ သွားပြီ၊ သွားပြီ။ ငါ့ကိုကို စောင့်နေတော့မယ်"
"ဟာ ... ဟာ၊ ဟေ့ကောင်! ငါတို့ကရောလို့"
"အဲ့ဒီတိမ်ယံကလေ၊ ခွေးကောင်လေး"
"လာပါကွာ၊ ကိုယ့်ဘာသာကိုယ်သွားကြမယ်"
ကန်တင်းမှာတော့ ထူးမြတ်တစ်ယောက် လူကသာထိုင်နေပေမဲ့ မျက်လုံးတွေကတော့ ကန်တင်းပတ်လည် ကွင်းဆင်းနေလေရဲ့။
'ယံလေး ခုချိန်ထိမလာသေးဘူး။ ဒီကလေး ဘာလို့ကြာနေတာပါလိမ့်'
အတွေးတို့ပင်မဆုံးသေး၊ အပြေးရောက်လာသော ကလေးငယ်အား ထူးမြတ်ငေးနေမိသည်။
ယံလေးကတော့ ခုံတစ်လုံးဆွဲယူကာထိုင်လိုက်ရင်း ထူးမြတ်ဘက်လှည့်ကာ
"ကိုသုရော ဘယ်မှာလဲ?"
"ငသုရော၊ ငရဲရော အတန်းထဲမှာ"
"ဟမ်၊ ဘာလို့လဲ? ဘာမှမစားကြဘူးလား?"
"အပြန်မှ ကိုယ်တို့ဝယ်သွားမယ်။ သူတို့အိပ်နေကြတာ မနှိုးချင်လို့ထားခဲ့တာ။ ကဲ၊ ဘာစားမှာလဲ? မှာလေ"
"ရတယ်၊ ထိုင်မစားတော့ဘူး။ ကိုသုဆီပဲသွားတော့မယ်၊ အတူသွားစားမလို့။ သွားပြီ"
"ဟာ ဟေ့၊ ကျွတ်! ဒီဟာလေးကတော့ကွာ"
"ထားလိုက်ပါတော့ကွာ"
""""""""""""''
သုတနိုးလာတော့ အတန်းထဲမှာ လူတွေမရှိတော့တာကြောင့် နေ့လယ်အတန်းနားချိန်ရောက်နေပြီဆိုတာ သိလိုက်ရသည်။ ညကအိပ်မရသဖြင့် ခုမှအိပ်ပျော်သွားတယ်ထင်ပါရဲ့။
ဟိုကောင်တွေကလည်း မနှိုးဘဲထားခဲ့ကြတယ်၊ အတော်အားကိုးရတဲ့ဟာတွေ။ ဘေးနားကိုပြန်ကြည့်တော့ ရဲရင့်တစ်ယောက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာကြောင့် သုတလည်းငြိမ်နေလိုက်သည်။ ထို့နောက် ရဲရင့်ဆံပင်လေးတွေကို အသာကိုင်ရင်း ရဲရင့်မျက်နှာလေးအား ထိုင်ကြည့်နေမိသည်။ စိတ်ထဲတွင်လည်း စကားတချို့ကိုပြောနေမိသည်။
'ဒီလောက်လေးနဲ့တောင် အရမ်းနာကျင်နေတယ်လား ရဲရင့်။ ငါ့တုန်းက နှစ်ပေါင်းများစွာ ခံစားနာကျင်ခဲ့ရတာ။ ကိုယ်ချစ်ရတဲ့သူက ကိုယ့်ရှေ့မှာ တခြားတစ်ယောက်ကို ဂရုစိုက်ယုယနေပေးတာ၊ အရမ်းချစ်ပြနေတာက ဘယ်လောက်နာကျင်ရလဲဆိုတာ မင်းသိစေရမယ်။ အခုမင်းခံစားရတာက ငါနာကျင်ရတာရဲ့ အဖျားအနားလေးပါ ညီရဲရင့်ရဲ့။ အဟက်! ဆက်ပြီးခံစားပေးပါဦး။ ငါခံစားရသလို မင်းကိုလည်း ထပ်တူခံစားစေချင်သေးတာ။ ဒါမှ ကိုယ်ချင်းစာတတ်မှာပေါ့၊ မဟုတ်ဘူးလား?'
"ကိုသု"
"ဟင်? ယံလေး ကန်တင်းမသွားဘူးလား?"
"ရောက်ပြီးပြီ။ ကိုသုအတန်းထဲမှာဆိုလို့ မုန့်တွေဝယ်ပြီးလိုက်လာတာ။ အတူစားရအောင်"
"အင်း "
အနားကစကားပြောသံတွေကြောင့် ရဲရင့်နိုးလာလေသည်။ ဘေးကိုကြည့်လိုက်တော့ သုတနဲ့ယံလေး။ မုန့်ထုပ်တွေ၊ အအေးဘူးတွေ စားပွဲပေါ်တင်လို့ စားသောက်နေကြသည်။
"သုတ"
"အွန်း"
"ဟို ..."
"ဘာလဲ၊ ဗိုက်ဆာလို့လား?"
"ဟာ ... ကိုသုကလည်း၊ ယံဝယ်လာတာနှစ်ယောက်စာတည်းကို ကိုရဲရင့်အတွက် ကိုထူးမြတ်တို့ဝယ်လာမယ်တဲ့။ လာတော့မှစားလိမ့်မယ်"
"ရတယ်၊ ငါမဆာပါဘူး"
"ပြီးတာပဲ။ ရော့၊ ယံလေး ဒါစား။ ဒါကစားကောင်းတယ်"
"ဟုတ်၊ ကိုသုရော စား"
"အင်း"
ဟူးးး ငါ့ရင်တွေနာလိုက်တာ သုတလေးရယ်။ တစ်ချက်လေးတောင် လှည့်မကြည့်ဘူးလားဟင်? ငါ့ကိုလေ၊ အခုလိုရက်စက်ရတာ ပျော်ရဲ့လား? ဒါမှမဟုတ်၊ မင်းချစ်တဲ့သူက ယံလေးလား? ငါ့ရင်တွေကွဲရရင်တောင် မင်းပျော်နေတာကိုမြင်ရရင် ကျေနပ်ပါတယ် သုတလေးရယ်။
ဗိုက်မဆာဘူးဆိုကာ ခုံပေါ်ပြန်မှောက်သွားသောရဲရင့်အား သုတ မသိသလိုသာနေလိုက်သည်။ စားနေသောအစားများက ဘာအရသာလဲဆိုတာကိုတော့ သုတမသိတော့ပေ။
'မင်းမသိလို့ပါ ရဲရင့်။ ငါလည်းနာကျင်ရတယ်ဆိုတာ မင်းမသိလို့ပါ'
""""""""""""""""""""""""""""
by Jay & Demon