Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30): Final
Chapter (23)
သုတ ဘယ္မွာလဲ?
ငါေသခ်ာေတြ႕လိုက္တာကို အခုက်မွ ျမဴေတြလိုအျဖဴေငြ႕ေတြနဲ႔ ေရွ႕ကိုဘာမွမျမင္ရေတာ့ျပန္ဘူး။ ဘယ္ေနရာကိုေရာက္သြားမွန္းမသိတာ အိပ္မက္မက္ေနလို႔လား?

¤

"ေခၚလို႔မရဘူး ေမေမႏွင္း။ သူ ... သူ႔ဖုန္းပိတ္ထားတယ္"

"ဘယ္ေတြေလၽွာက္သြားေနလို႔မ်ားလဲကြယ္"

"ခဏ ... ခဏေတာ့ ေစာင့္ၾကည့္မယ္ေလ"

လူႀကီးကိုစိတ္မပူေစခ်င္၍သာ ေစာင့္ၾကည့္မည္ေျပာလိုက္ရသည္။ တကယ္ဆို သုတကိုယ္တိုင္လည္း ေနမထိထိုင္မသာ။ ဖုန္းထပ္ေခၚၾကည့္ဖို႔ေတြးလိုက္ၿပီး ရဲရင့္နာမည္ေပၚ လက္ကေတာ္ေတာ္ႏွင့္မေရာက္။ ဒီတစ္ခါေခၚလို႔မကိုင္လၽွင္ စိတ္ပူရလြန္း၍ လူလည္းျပာက်ေတာ့မည္။ ဖုန္းေလးေတာ့ျပန္ဖြင့္ပါ ရဲရင့္။
ဖုန္းေခၚရန္ျပင္ၿပီး Screen ကိုၾကည့္ကာငိုင္ေနေသာ သုတေၾကာင့္ တိမ္ယံ စိတ္႐ႈပ္လာရသည္။ ရဲရင့္အေမက သားျဖစ္သူအတြက္စိတ္ပူ၍ ေျခမကိုင္မိ၊ လက္မကိုင္မိျဖစ္သည္က သဘာဝက်ပါသည္။ အခ်စ္ဆံုးသူငယ္ခ်င္းဆိုသည့္ ေခါင္းစဥ္ေအာက္မွ ညီရဲရင့္အေပၚ ေခသုတ၏အာ႐ံုစိုက္မႈေတြသည္ လိုအပ္သည္ထက္ပိုေနသည္။

ညီရဲရင့္ကဖြင့္ေျပာထားတာကို လက္ခံလိုက္တာလည္း မျဖစ္ႏိုင္ဘူး။ အခုက သူႏွင္ထုတ္လိုက္မိလို႔ အျပစ္မကင္းသလိုခံစားရတာေနမွာ။ အဲဒီလိုပဲျဖစ္ရမယ္ေနာ္ ကိုသု။ ယံ အခုလိုေပ်ာက္သြားရင္ေရာ စိတ္ပူေပးမွာလား?

"သား၊ ဖုန္းေခၚမလို႔မဟုတ္လား?"

"ဟုတ္၊ ဟုတ္ ေမေမႏွင္း။ ေခၚၾကည့္လိုက္ဦးမယ္"

ေဘးကသတိေပးမွသာ စိတ္ႏွင့္လူႏွင့္ကပ္သြားရသည္။ ဖုန္းေခၚလိုက္ၿပီး ရင္တထိတ္ထိတ္ေစာင့္ေနစဥ္ တီခနဲဝင္သြားေသာဖုန္းသံေၾကာင့္ လႈိက္ခနဲေပ်ာ္သြားသည္မွာ ရင္ထဲတြင္ပင္ တဒုန္းဒုန္းျဖစ္လို႔ေနသည္။

"ဟယ္လို"

ဒါ ရဲရင့္အသံလည္းမဟုတ္ဘူး။

"ဘယ္သူပါလဲ ခင္ဗ်။ ညီရဲရင့္ မရွိဘူးလားမသိဘူး"

"ဖုန္းပိုင္ရွင္ ယာဥ္တိုက္မႈျဖစ္လို႔ ***ေဆး႐ံုကို ေခၚသြားေနပါတယ္။ မိသားစုဆိုရင္ လိုက္ခဲ့ေပးပါခင္ဗ်"

"ဗ်ာ! သူ ဘယ္လိုေန ..."

စကားမဆံုးမီ တီဆိုသည့္အသံျမည္ကာ ဖုန္းက်သြားေသာေၾကာင့္ ခ်က္ခ်င္းျပန္ေခၚသည့္အခါ စက္ပိတ္ထားသည္ဟုသာ ျပန္ေျဖျပန္သည္။

"သားေလး၊ ဘာ ... ဘာတဲ့လဲ?"

"သူ ကားတိုက္ခံရလို႔တဲ့။ ***ေဆး႐ံုမွာတဲ့"

ေဘးနားမွထိုင္ခံုေက်ာမွီကိုအားျပဳကာ လဲမက်ေအာင္ထိန္းရင္း ေျပာလိုက္သည့္အသံက အက္ရွေနသည္။

"ဟင္! ေမေမတို႔ လိုက္သြားရေအာင္ေလ။ ျမန္ျမန္လိုက္သြားရေအာင္"

"လိုက္မယ္၊ လိုက္မယ္ေလ။ Taxi နဲ႔ပဲသြားရေအာင္ေနာ္။ ယံေလး၊ အိမ္ျပန္ၿပီး ေမေမတို႔ကိုသြားေျပာေပးပါ။ ကိုယ္တို႔ လိုက္သြားႏွင့္မယ္"

"ဟုတ္။ သတိထားသြားၾကပါေနာ္"

ေသေပးလိုက္ရမလားဆိုတဲ့စကားက ၿခိမ္းေျခာက္႐ံုသက္သက္ပဲမဟုတ္လား? တကယ္မလုပ္လိုက္ပါဘူးေနာ္? အခုက မေတာ္တဆျဖစ္တာေနမွာပါ။
ငါ ထြက္သြားခိုင္းတယ္ဆိုတာ ငါစိတ္႐ႈပ္ေနတုန္း ခပ္ေဝးေဝးမွာေရွာင္ေနခိုင္းတာေလ။ ငါ့ဘဝထဲက အၿပီးထြက္သြားခိုင္းတာ မဟုတ္ဘူးေလကြာ။
မသြားပါနဲ႔၊ ငါခြင့္မျပဳတာမို႔ မသြားပါနဲ႔။

¤

"အေၾကာင္းၾကားထားတဲ့ အေရးေပၚလူနာပါ"

"ဒီဘက္ကို၊ ခြဲစိတ္ခန္းက ဒီဘက္မွာ"

"လူနာအသက္မရႈေတာ့ဘူး ဆရာ"

ဘီးတပ္ခုတင္ကို အေျပးအလႊားတြန္းသည့္လူကတြြန္း၊ လိုတာေတြလုပ္ေပးေနေသာ ဆရာမေလးေတြက လုပ္ေပး၊ ဆရာဝန္က ေရြ႕ေနေသာခုတင္ေပၚတက္ကာ အသက္ျပန္႐ွဴႏိုင္ရန္ အစြမ္းကုန္ႀကိဳးစားေနေလသည္။

▪︎

ျမဴ၊ ေလညင္း၊ ခပ္မွိန္မွိန္အလင္းေရာင္၊ လြင့္ၿပီးရင္းလြင့္ေနေသာ ခႏၶာကိုယ္။
ေရာက္တတ္ရာရာလြင့္ေမ်ာေနရသည္က ေပါ့ပါးလြတ္လပ္ကာ တစ္ခါမွမခံစားခဲ့ဖူးေသာ လြတ္ေျမာက္မႈတစ္ခုဆီသို႔ ဦးတည္ေနသေယာင္။
နာက်င္မႈ၊ ဝမ္းနည္းမႈ၊ ဆို႔နင့္မႈ၊ စသည့္ မေကာင္းသည့္ခံစားခ်က္မ်ားႏွင့္ ကင္းေဝးေနေသာ တဒဂၤသည္ တပ္မက္ဖက္တြယ္ထားခ်င္စဖြယ္ နိဗၺာန္ဘံုတစ္ခုအလားပင္။

▪︎

ရဲရင့္ေရ၊ ငါလာေနၿပီ။ မင္းထြက္သြားလည္း ငါလိုက္ဖမ္းမွာေနာ္။
ငါမ်က္ရည္က်ေနတယ္ေလ၊ ငါ့ကိုေခ်ာ့ဖို႔ျဖစ္ျဖစ္ မင္းျပန္လာရမယ္။

လက္ျဖင့္ပြတ္သုတ္လိုက္ေသာ သုတမ်က္ရည္စတခ်ိဳ႕ ဟန္းမိတ္လက္ပတ္ေလးေပၚက်သြားခဲ့သည္။

▪︎

အဆံုးမဲ့ေနေသာ ပ်ံသန္းျခင္းခရီးစဥ္ေလးသည္ ရုတ္တရက္ေက်ာ့ကြင္းမိသကဲ့သို႔ ရပ္တန္႔သြားခဲ့သည္။ ရဲရင့္တစ္ေယာက္ ခပ္တင္းတင္းခ်ည္ေႏွာင္မႈကိုခံလိုက္ရကာ သတိဝင္လာခဲ့သည္။ ပတ္ဝန္းက်င္ကိုဂ႐ုျပဳမိခ်ိန္တြင္ လက္ေကာက္ဝတ္တြင္ တင္းက်ပ္သြားသည့္အလားတူ ရင္ဘတ္ထဲတြင္လည္း စူးခနဲနာက်င္သြားရသည္။

"သုတ၊ သုတလား? မင္းဘယ္မွာလဲ?"

▪︎

"လူနာ ႏွလံုးျပန္ခုန္ပါၿပီ။ ခြဲစိတ္ဖို႔ အဆင္သင့္ျဖစ္ၿပီလား?"

ခြဲခန္းနားသို႔အေရာက္မွာပင္ အသက္ျပန္႐ွဴလာေသာလူနာေၾကာင့္ ဆရာဝန္ေလး သက္ျပင္းခ်မိသည္။

"ဟုတ္ကဲ့၊ ျပင္လိုက္ပါ့မယ္။ လူနာရွင္က?"

ေဘးမွပါလာေသာ လူတစ္ေယာက္က

"သူ႔ဖုန္းကိုဖြင့္ၾကည့္ေတာ့ ဖုန္းဝင္လာတာနဲ႔ ကၽြန္ေတာ္ေျပာျပလိုက္ပါတယ္။ ၿပီးေတာ့ ဖုန္းကပိတ္သြားတယ္။ ေဆး႐ံုနာမည္ေတာ့ ေသခ်ာၾကားလိုက္ၾကမွာမို႔ လိုက္လာၾကမယ္ထင္ပါတယ္။ စိုးရိမ္ေနတဲ့ေလသံပါပဲ"

"ဟုတ္ကဲ့ပါရွင့္"

▪︎

"ဆရာမ၊ ခုနကမွ ကားတိုက္မႈနဲ႔ေရာက္လာတဲ့ လူငယ္တစ္ေယာက္ေလ၊ အဲဒါ ..."

"လူနာရွင္ေတြထင္တယ္။ အခု ခြဲခန္းဆီေခၚသြားပါတယ္။ လူနာရွင္လာရင္ လက္မွတ္ထိုးၿပီးတာနဲ႔ ခြဲစိတ္ရမွာပါ။ ကၽြန္မနဲ႔လိုက္ခဲ့ပါ"

လက္မွတ္ထိုးေပးၿပီး အေျခအေနေမးကာ ခြဲခန္းေရွ႕ထိုင္ခံုတြင္ထိုင္ခ်လိုက္ေသာ ေမေမႏွင္းကိုျမင္မွ သုတ သတိျပန္ကပ္လိုက္ရသည္။

"ေမေမႏွင္း၊ အရမ္းႀကီးမစိုးရိမ္နဲ႔ေနာ္။ ေမေမႏွင္းပါ တစ္ခုခုျဖစ္သြားလို႔ မျဖစ္ဘူးေလေနာ္"

"သား၊ သားရဲရင့္ ဘာမွမျဖစ္ႏိုင္ပါဘူးေနာ္"

"မျဖစ္ရပါဘူး။ ဘာမွမျဖစ္ဘူး၊ ျပန္ေကာင္းလာမွာပါ။ ဆရာဝန္ေတြလည္း အရမ္းဆိုးတယ္မွမေျပာတာကို"

ငါေလ ေမေမႏွင္းကိုႏွစ္သိမ့္ေပးေနတာလား၊ ငါ့ကိုယ္ငါႏွစ္သိမ့္ေနတာလားဆိုတာ မသဲကြဲဘူး။
ငါဆုပ္ကိုင္ေပးမိတဲ့ ေမေမႏွင္းလက္ေတြလည္း ေအးစက္ေနသလို ငါ့ႏွလံုးသားလည္း ေအးခဲေနၿပီ။ အေႏြးဓာတ္ေပးဖို႔ မင္းျပန္လာပါ။

¤

"အႏွင္း၊ သားေလးဘယ္လိုေနေသးလဲ? ဘာတဲ့လဲ?"

"သက္"

"ေမေမ၊ ရဲရင့္က ခြဲခန္းထဲမွာ။ ေမေမႏွင္းေဘးနား ေနေပးလိုက္ဦးေနာ္။ သား ဟိုေကာင္ေတြကို အေၾကာင္းၾကားမလို႔"

"ေအးပါ ေအးပါ"

သုတ ထူးျမတ္ဆီဖုန္းေခၚေတာ့ မကိုင္။ ခန္႔သူဆီေခၚလိုက္ကာ အက်ိဳးအေၾကာင္းေျပာျပရင္း က်န္ႏွစ္ေယာက္ကိုပါ အေၾကာင္းၾကားခိုင္းလိုက္ရသည္။ သည္လိုအျဖစ္အပ်က္ကို ထပ္ခါထပ္ခါေျပာျပႏိုင္သည္အထိ သုတအသည္းမမာပါ။

"ေမေမတစ္ေယာက္တည္းလိုက္လာတာလား?"

"သားအေဖက အစည္းအေဝးခန္းထဲမွာမို႔ သူ႔ကိုေျပာလို႔မရဘူးေလ။ အဲဒါနဲ႔ ယံေလးကိုထားခဲ့တာ။ ျပန္လာရင္ အက်ိဳးအေၾကာင္းေျပာၿပီး လိုက္ခဲ့ၾကပါလို႔ မွာခဲ့တယ္။ ၿပီးေတာ့ အိမ္ကေန ပစၥည္းေတြလိုရင္ ယူခဲ့ခိုင္းလို႔ရေအာင္ေလ။ အခုေတာ့ လိုမယ္ထင္တာေတြ ေမေမထည့္လာတယ္။ ရဲရင့္ေလးေဖေဖကိုလည္း အေၾကာင္းၾကားထားတယ္။ ေနာက္ေန႔ Flight နဲ႔ဆို ခဏေလးနဲ႔ေရာက္လာမွာပါ"

"ဟုတ္"

စိုးရိမ္ပူပန္မႈတို႔ႏွင့္အတူ ခြဲခန္းေရွ႕၌ ေစာင့္ေနရွာေသာလူတစ္စု။
နာရီေပါင္းအေတာ္ၾကာမွပြင့္လာေသာ ခြဲခန္းတံခါးႏွင့္အတူ ဆရာဝန္က ခြဲစိတ္မႈေအာင္ျမင္ေၾကာင္း၊ အေရးေပၚခန္း၌ထား၍ အေျခအေနေစာင့္ၾကည့္ရမည္ျဖစ္ေၾကာင္း ေျပာၾကားကာ  ညီရဲရင့္ခႏၶာကိုယ္ေလးအား အေရးေပၚခန္းအတြင္းသယ္ေဆာင္သြားမွ အားလံုးသက္ျပင္းခ်ႏိုင္ေတာ့သည္။

¤

ငါ့ကို ဘယ္သူဆြဲေခၚေနတာလဲ?
ဟင့္အင္း၊ ျပန္မလာခ်င္ဘူး။ ျပန္မလာရဲဘူးဆိုရင္ ပိုမွန္မယ္။ သူက ငါ့ကိုမျမင္ခ်င္ဘူးတဲ့ေလ။

"သား"

"ေမေမ၊ ေမေမလား? သားကို္ေခၚလိုက္တာလား?"

ဟုတ္တယ္၊ ေမေမရွိေသးတယ္။ အနည္းဆံုးေတာ့ ေမေမ့ရင္ခြင္ထဲဝင္ေနလို႔ရေသးတယ္။

▪︎

"သား၊ သတိရလာပါေတာ့ကြြယ္။ ေမေမ့သားေလး ျမန္ျမန္သက္သာလာပါေတာ့"

"မၾကာခင္ သတိရမွာပါ မိန္းမရယ္။ အရမ္းႀကီးလည္း စိတ္မပူပါနဲ႔။ မင္းပါ လဲသြားေတာ့မွာပဲ"

ခြဲစိတ္ခန္းထဲမွထုတ္လာၿပီးေနာက္ အေရးေပၚခန္းထဲေရာက္ေနေသာ ရဲရင့္ေဘးတြင္ အေမျဖစ္သူက လက္ေလးကိုဖြဖြကိုင္ရင္း တတြတ္တြတ္ရြတ္ေနသည္။ လူမ်ားမ်ားဝင္၍မရေသာေၾကာင့္ လက္ရွိတြင္ ရဲရင့္မိဘႏွစ္ဦးသာ အခန္းအတြင္းရွိေနသည္။

"ေဖႀကီး၊ သားေလး လက္ေလးလႈပ္သြားတယ္။ လႈပ္သြားတယ္ရွင့္"

"ဟင္! ဟုတ္လား၊ ဟုတ္လို႔လား?"

"ဟုတ္ ... ဟုတ္တယ္၊ ကြၽန္မေတြ႕လိုက္တယ္။ ဆ ... ဆရာဝန္ ... ဆရာဝန္သြားေခၚေပးပါ"

"ေအး၊ မိန္းမ။ ေအး၊ ေအး"

ဆရာဝန္ေရာက္လာကာ စမ္းသပ္ၿပီး၍

"အင္း၊ လူနာက မၾကာခင္ႏိုးလာေတာ့မွာပါ။ အခုခဏေမွးေနတဲ့ပံုပါပဲ၊ စိုးရိမ္စရာမရိွေတာ့ပါဘူး။ ဒါေပမဲ့ ေခါင္းကိုထိထားတဲ့အတြက္ သူ႔အာရံုေၾကာတခ်ိဳ႕ ထိမိထားတယ္။ အရမ္းမစိုးရိမ္ရေပမဲ့  အခ်ိန္တစ္ခုအထိ စကားေျပာရတာခက္ခဲတာမ်ိဳး၊ ဒါမွမဟုတ္ ေမ့တတ္တာမ်ိဳး ျဖစ္တတ္တယ္။ ႏိုးလာတဲ့အခ်ိန္အထိ ကြၽန္ေတာ္ရိွေနေပးပါ့မယ္"

"ဟုတ္ကဲ့ပါဆရာ၊ ေက်းဇူးတင္ပါတယ္"

¤

ေဆးရံုအျပင္ဘက္၍ သုတ၊ တိမ္ယံ၊ ထူးျမတ္၊ ဥကၠာ၊ ဝဏၰ၊ ခန္႔သူတို႔ အားလံုးထိုင္ေနၾကသည္။

အေရးေပၚခန္းထဲတြင္ထားရသည္မို႔ ရဲရင့္အား သုတမေတြ႕ရေသးေပ။ စိုးရိမ္စရာမရိွဘူးဆိုေသာ္လည္း သုတ စိတ္မေအးႏိုင္ေသးပါ။ ရင္ထဲကနာက်င္မႈတို႔သည္လည္း အတိုင္းအဆမဲ့လ်က္။ အသက္ရႉရသည္ပင္ ခက္ခဲလိုက္ေလျခင္း။

'နားလည္ပါၿပီ၊ ငါနားလည္ပါၿပီ ရဲရင့္ေလးရယ္။ ငါ ... ငါ့ရဲ႕ ဘာမဟုတ္တဲ့စကားေလးကေတာင္ မင္းကို အခုေလာက္ထိ ျဖစ္သြားေစခဲ့တယ္ဆိုတာကိုေပါ့။ ငါကေလ၊ မင္းကို အမ်ားႀကီးခ်စ္ေပးမွာမို႔ ငါ့ဆီအျမန္ျပန္လာခဲ့ေပးပါေနာ္'

တိမ္ယံလည္း စိတ္ပူမိပါသည္။ ကိုရဲရင့္အေပၚ မနာလိုခဲ့တာမွန္ေပမဲ့ ယခုလိုအျဖစ္မ်ိဳးေတာ့ မျဖစ္ေစခ်င္ပါ။ ထို႔အျပင္ အလဲလဲအၿပိဳၿပိဳျဖစ္ေနေသာ ကိုသုအားၾကည့္၍ ယံေလး ရင္နာလို႔မဆံုးျဖစ္ရသည္။ တစ္ေယာက္ကိုတစ္ေယာက္သိပ္ခ်စ္ၾကသည့္ ထိုလူသားႏွစ္ဦးအား ယေန႔မွစ၍ ယံေလးမေႏွာင့္ယွက္ေတာ့ပါ။  ထို႔ေၾကာင့္ ကိုသုထံသို႔ ကိုရဲရင့္ကို အျမန္ျပန္လာေစခ်င္မိပါသည္။

"မင္းအျပစ္မဟုတ္ပါဘူး သုတရယ္။ ၿပီးေတာ့ ျဖစ္ရမယ့္ကံပါလာလို႔ ျဖစ္တာပါ။ စိတ္ခ်။ ရဲရင့္က မင္း၊ ငါတို႔၊ ၿပီးေတာ့ သူခ်စ္ရတဲ့မိသားစုကိုထားၿပီး ဘယ္မွမသြားႏိုင္ဘူး။ သူ ေသခ်ာေပါက္ ငါတို႔ဆီျပန္လာမွာ"

"ဟုတ္တယ္ သုတ၊ ထူးျမတ္ေျပာတာမွန္တယ္။ ရဲရင့္ဘာမွမျဖစ္ပါဘူးကြာ"

"ဟင့္၊ ငါ ... ငါက ... ငါက ရဲရင့္ေလးကိုႏွင္ထုတ္လိုက္တာကြ။ အင့္၊ စိတ္ရႈပ္တယ္လို႔ပါေျပာလိုက္တာ။ ဟီးး အီးး ... ငါ့ေၾကာင့္ ... ငါ့ေၾကာင့္ ... အားးး ငါ့ေၾကာင့္ ..."

"စိတ္ထိန္းပါ ကိုသုရယ္။ ကိုသုအခုလိုျဖစ္ေနတာကို ကိုရဲရင့္သိရင္ ပိုၿပီးစိတ္မေကာင္းျဖစ္မွာ"

"ဟင့္ ... ဟင့္ ... ငါမသိေတာ့ဘူး၊ ငါမသိေတာ့ဘူး"

ထိုအခ်ိန္ ျမည္လာေသာဖုန္းသံေၾကာင့္ သုတဖုန္းကိုင္လိုက္သည္။ တစ္ဖက္က ဘာေျပာလိုက္သည္မသိ ေဆးရံုအတြင္းသို႔ အေျပးတစ္ပိုင္းဝင္သြားသည္ေၾကာင့္ အားလံုးကပါေျပးလိုက္ၾကရသည္။

ရဲရင့္သတိရလာၿပီဆိုေသာေၾကာင့္ သုတေျပးလာခဲ့မိသည္။ ရဲရင့္အခန္းေရွ႕၌ ေဖေဖႏွင့္ေမေမပါရိွေနသည္မို႔ ေဖေဖ့အနားေျပးသြားကာ

"ေဖေဖ၊ ေဖေဖ။ ရဲ ... ရဲရင့္၊ သူ ... သူသတိရလာၿပီဆို? သားေတြ႕ခ်င္တယ္"

"စိတ္ေအးေအးထားပါ၊ သားရဲရင့္ အဆင္ေျပတယ္။ အခုက ဆရာဝန္စစ္ေဆးေနတုန္းမို႔ ခဏေစာင့္ေနတာ"

အခန္းတြင္းမွာေတာ့ ...

"ညီရဲရင့္၊ ဆရာေမးတာေတြကိုေျဖေပးေနာ္။ အင္း၊ အရင္ဆံုး စကားေျပာၾကည့္။ မိဘေတြကို ေခၚၾကည့္ပါ"

"ေဖေဖ၊ ေမေမ"

ရဲရင့္ေခၚပါေသာ္လည္း အသံတို႔ကထြက္မလာ။  
'ဟင့္အင္း၊ အသံက ဘာလို႔လဲ၊ ဘာလို႔ထြက္မလာတာလဲ?'
ရဲရင့္ လက္သီးကိုတင္းတင္းဆုပ္ကာ စိတ္လႈပ္ရွားလြန္းသျဖင့္ အသက္ရႉေတြပင္ ျမန္လာေလသည္။

"စိတ္ေလၽွာ့ပါ။ ေခါင္းကိုထိထားတာေရာ၊ စိတ္ထိခိုက္ေနတာပါေပါင္းၿပီး အာရံုေၾကာကို နည္းနည္းထိသြားတာပါ။ ခဏပါပဲ။ စကားမေျပာႏိုင္ျဖစ္တာ တျဖည္းျဖည္းႀကိဳးစားယူရင္ ပံုမွန္ျပန္ျဖစ္လာမွာပါ။ အခုေတာ့ ေခါင္းညိတ္ေခါင္းခါေလးပဲလုပ္ေနာ္"

"ေခါင္းမူးသလား?"

ရဲရင့္ေခါင္းခါျပသည္။

"အသက္ရႉရတာေရာ အဆင္ေျပလား?"

ေခါင္းညိတ္ျပသည္။

ထို႔ေနာက္ ဆရာဝန္က လိုအပ္တာေတြေျပာျပကာ အခန္းတြင္းမွထြက္သြားေတာ့သည္။ ရဲရင့္အား ေဖေဖကဖက္ထားေပးသည္ေၾကာင့္ ေဖေဖ့ရင္ခြင္ထဲၿငိမ္ေနမိသည္။
သုတေလးအား ေတြ႕ခ်င္မိသည္။ မလာဘူးထင္ပါရဲ႕။

ဆရာဝန္ထြက္လာသည္ႏွင့္ သုတ ရဲရင့္အခန္းထဲသို႔ ေျပးဝင္သြားမိသည္။
ဦးေဖရင္ခြင္ထဲ၌ ပတ္တီးျဖဴျဖဴတို႔ႏွင့္ ၾကည့္မေကာင္းစြာေမွးေနေသာ ခ်စ္ရသူအား ျမင္ရခ်ိန္ သုတရင္ထဲ မခ်ိတင္ကဲျဖစ္ရသည္။ ထို႔ေၾကာင့္ ေရွ႕ဆက္မတိုးဘဲရပ္ေနမိသည္။

"သားသုေလး။ လာေလ သား၊ လာ"

"ေမေမႏွင္း၊ သား ... သားေတာင္းပန္ပါတယ္"

"မဟုတ္တာ ေမ့ကေလးရယ္။ လာ၊ လာ။ ဟိုမွာ သားေမေမ၊ ေဖေဖတို႔၊ သူငယ္ခ်င္းတို႔က ဝင္မရျဖစ္ေနတယ္။ သားက အေပါက္ဝႀကီးရပ္ေနေတာ့"

"ဟု ... ဟုတ္"

သုတ ရဲရင့္အနားေလးတိုးကပ္သြားၿပီး ရဲရင့္လက္ကေလးကို အသာအယာဆုပ္ကိုင္ရင္း

"ရဲရင့္ေလး၊ သက္သာရဲ႕လားဟင္? အိပ္ေပ်ာ္ေနတာလား?"

မ်က္လံုးေလးဖြင့္ၾကည့္လာေသာ ခ်စ္ရသူက မိမိအားၿပံဳးျပလာေလသည္။ ထို႔ေနာက္ ေခါင္းေလးကို ျဖည္းညင္းစြာၿငိမ့္ျပလာျပန္ပါရဲ႕။

"ငါ့ကိုစိတ္မဆိုးပါနဲ႔။ မဟုတ္ဘူး၊ ငါ ... ငါ့ကို မုန္းမသြားပါနဲ႔ေနာ္"

တဖန္ ေခါင္းညိတ္ျပလာကာ မ်က္ရည္ေလးေတြဝဲလာျပန္ပါသည္။

"ငါေတာင္းပန္ပါတယ္ေနာ္"

"..................."

"ငါ့ကို စကားမေျပာခ်င္လို႔လား ရဲရင့္ေလးရယ္"

ေခါင္းခါျပကာ မ်က္ရည္ေတြပါးျပင္ထက္စီးက်လာသည္မို႔ သုတ ဘာလုပ္ရမွန္းမသိျဖစ္ရသည္။

"သားသုေလး၊ သားသားက လတ္တေလာ စကားမေျပာႏိုင္ေသးတာပါ။ သားကိုစိတ္ဆိုးေနတာ မဟုတ္ပါဘူးကြာ"

"စကား ... စကားမေျပာႏိုင္ဘူး။ ဘာလဲ၊ ဘာစကားလဲဟင္? ရဲရင့္ေလးက ... ဟင့္အင္း၊ မဟုတ္ဘူးမလား"

"ေသခ်ာစနစ္တက်ကုသရင္ ျပန္ေကာင္းလာမွာပါ၊ သားသုရဲ႕။ စိတ္မေကာင္းမျဖစ္နဲ႔။ တိတ္၊ မငိုနဲ႔ေတာ့"

"သူငယ္ခ်င္း၊ စိတ္ေလ်ာ့"

"ရဲရင့္၊ ငါတို႔အားလံုး မင္းအနားမွာရိွတယ္။ ဘာမွအားမငယ္နဲ႔ေနာ္ သူငယ္ခ်င္း"

"ေမသက္တို႔လည္းရိွတယ္။ ေမ့အခြၽဲတုံးေလး အျမန္ျပန္ေကာင္းလာမွာပါ"

"ယံေလးလည္းရိွတယ္ေနာ္ အစ္ကို"

အားလံုးကိုၿပံဳးျပကာ ေခါင္းေလးတဆတ္ဆတ္ညိတ္ျပေနေသာ ေကာင္ေလးအားၾကည့္၍ သုတရင္ေတြ နာက်င္ရပါသည္။

'ငါ့အျပစ္ေတြအတြက္ ငါ့အခ်စ္ေတြနဲ႔ မင္းကိုျပန္ေပးဆပ္ပါ့မယ္၊ ခ်စ္သူ'

""'''''''""""'"""""""'"'"'

သုတ ဘယ်မှာလဲ?
ငါသေချာတွေ့လိုက်တာကို အခုကျမှ မြူတွေလိုအဖြူငွေ့တွေနဲ့ ရှေ့ကိုဘာမှမမြင်ရတော့ပြန်ဘူး။ ဘယ်နေရာကိုရောက်သွားမှန်းမသိတာ အိပ်မက်မက်နေလို့လား?

¤

"ခေါ်လို့မရဘူး မေမေနှင်း။ သူ ... သူ့ဖုန်းပိတ်ထားတယ်"

"ဘယ်တွေလျှောက်သွားနေလို့များလဲကွယ်"

"ခဏ ... ခဏတော့ စောင့်ကြည့်မယ်လေ"

လူကြီးကိုစိတ်မပူစေချင်၍သာ စောင့်ကြည့်မည်ပြောလိုက်ရသည်။ တကယ်ဆို သုတကိုယ်တိုင်လည်း နေမထိထိုင်မသာ။ ဖုန်းထပ်ခေါ်ကြည့်ဖို့တွေးလိုက်ပြီး ရဲရင့်နာမည်ပေါ် လက်ကတော်တော်နှင့်မရောက်။ ဒီတစ်ခါခေါ်လို့မကိုင်လျှင် စိတ်ပူရလွန်း၍ လူလည်းပြာကျတော့မည်။ ဖုန်းလေးတော့ပြန်ဖွင့်ပါ ရဲရင့်။
ဖုန်းခေါ်ရန်ပြင်ပြီး Screen ကိုကြည့်ကာငိုင်နေသော သုတကြောင့် တိမ်ယံ စိတ်ရှုပ်လာရသည်။ ရဲရင့်အမေက သားဖြစ်သူအတွက်စိတ်ပူ၍ ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်သည်က သဘာဝကျပါသည်။ အချစ်ဆုံးသူငယ်ချင်းဆိုသည့် ခေါင်းစဉ်အောက်မှ ညီရဲရင့်အပေါ် ခေသုတ၏အာရုံစိုက်မှုတွေသည် လိုအပ်သည်ထက်ပိုနေသည်။

ညီရဲရင့်ကဖွင့်ပြောထားတာကို လက်ခံလိုက်တာလည်း မဖြစ်နိုင်ဘူး။ အခုက သူနှင်ထုတ်လိုက်မိလို့ အပြစ်မကင်းသလိုခံစားရတာနေမှာ။ အဲဒီလိုပဲဖြစ်ရမယ်နော် ကိုသု။ ယံ အခုလိုပျောက်သွားရင်ရော စိတ်ပူပေးမှာလား?

"သား၊ ဖုန်းခေါ်မလို့မဟုတ်လား?"

"ဟုတ်၊ ဟုတ် မေမေနှင်း။ ခေါ်ကြည့်လိုက်ဦးမယ်"

ဘေးကသတိပေးမှသာ စိတ်နှင့်လူနှင့်ကပ်သွားရသည်။ ဖုန်းခေါ်လိုက်ပြီး ရင်တထိတ်ထိတ်စောင့်နေစဉ် တီခနဲဝင်သွားသောဖုန်းသံကြောင့် လှိုက်ခနဲပျော်သွားသည်မှာ ရင်ထဲတွင်ပင် တဒုန်းဒုန်းဖြစ်လို့နေသည်။

"ဟယ်လို"

ဒါ ရဲရင့်အသံလည်းမဟုတ်ဘူး။

"ဘယ်သူပါလဲ ခင်ဗျ။ ညီရဲရင့် မရှိဘူးလားမသိဘူး"

"ဖုန်းပိုင်ရှင် ယာဉ်တိုက်မှုဖြစ်လို့ ***ဆေးရုံကို ခေါ်သွားနေပါတယ်။ မိသားစုဆိုရင် လိုက်ခဲ့ပေးပါခင်ဗျ"

"ဗျာ! သူ ဘယ်လိုနေ ..."

စကားမဆုံးမီ တီဆိုသည့်အသံမြည်ကာ ဖုန်းကျသွားသောကြောင့် ချက်ချင်းပြန်ခေါ်သည့်အခါ စက်ပိတ်ထားသည်ဟုသာ ပြန်ဖြေပြန်သည်။

"သားလေး၊ ဘာ ... ဘာတဲ့လဲ?"

"သူ ကားတိုက်ခံရလို့တဲ့။ ***ဆေးရုံမှာတဲ့"

ဘေးနားမှထိုင်ခုံကျောမှီကိုအားပြုကာ လဲမကျအောင်ထိန်းရင်း ပြောလိုက်သည့်အသံက အက်ရှနေသည်။

"ဟင်! မေမေတို့ လိုက်သွားရအောင်လေ။ မြန်မြန်လိုက်သွားရအောင်"

"လိုက်မယ်၊ လိုက်မယ်လေ။ Taxi နဲ့ပဲသွားရအောင်နော်။ ယံလေး၊ အိမ်ပြန်ပြီး မေမေတို့ကိုသွားပြောပေးပါ။ ကိုယ်တို့ လိုက်သွားနှင့်မယ်"

"ဟုတ်။ သတိထားသွားကြပါနော်"

သေပေးလိုက်ရမလားဆိုတဲ့စကားက ခြိမ်းခြောက်ရုံသက်သက်ပဲမဟုတ်လား? တကယ်မလုပ်လိုက်ပါဘူးနော်? အခုက မတော်တဆဖြစ်တာနေမှာပါ။
ငါ ထွက်သွားခိုင်းတယ်ဆိုတာ ငါစိတ်ရှုပ်နေတုန်း ခပ်ဝေးဝေးမှာရှောင်နေခိုင်းတာလေ။ ငါ့ဘဝထဲက အပြီးထွက်သွားခိုင်းတာ မဟုတ်ဘူးလေကွာ။
မသွားပါနဲ့၊ ငါခွင့်မပြုတာမို့ မသွားပါနဲ့။

¤

"အကြောင်းကြားထားတဲ့ အရေးပေါ်လူနာပါ"

"ဒီဘက်ကို၊ ခွဲစိတ်ခန်းက ဒီဘက်မှာ"

"လူနာအသက်မရှုတော့ဘူး ဆရာ"

ဘီးတပ်ခုတင်ကို အပြေးအလွှားတွန်းသည့်လူကတွန်း၊ လိုတာတွေလုပ်ပေးနေသော ဆရာမလေးတွေက လုပ်ပေး၊ ဆရာဝန်က ရွေ့နေသောခုတင်ပေါ်တက်ကာ အသက်ပြန်ရှူနိုင်ရန် အစွမ်းကုန်ကြိုးစားနေလေသည်။

▪︎

မြူ၊ လေညင်း၊ ခပ်မှိန်မှိန်အလင်းရောင်၊ လွင့်ပြီးရင်းလွင့်နေသော ခန္ဓာကိုယ်။
ရောက်တတ်ရာရာလွင့်မျောနေရသည်က ပေါ့ပါးလွတ်လပ်ကာ တစ်ခါမှမခံစားခဲ့ဖူးသော လွတ်မြောက်မှုတစ်ခုဆီသို့ ဦးတည်နေသယောင်။
နာကျင်မှု၊ ဝမ်းနည်းမှု၊ ဆို့နင့်မှု၊ စသည့် မကောင်းသည့်ခံစားချက်များနှင့် ကင်းဝေးနေသော တဒင်္ဂသည် တပ်မက်ဖက်တွယ်ထားချင်စဖွယ် နိဗ္ဗာန်ဘုံတစ်ခုအလားပင်။

▪︎

ရဲရင့်ရေ၊ ငါလာနေပြီ။ မင်းထွက်သွားလည်း ငါလိုက်ဖမ်းမှာနော်။
ငါမျက်ရည်ကျနေတယ်လေ၊ ငါ့ကိုချော့ဖို့ဖြစ်ဖြစ် မင်းပြန်လာရမယ်။

လက်ဖြင့်ပွတ်သုတ်လိုက်သော သုတမျက်ရည်စတချို့ ဟန်းမိတ်လက်ပတ်လေးပေါ်ကျသွားခဲ့သည်။

▪︎

အဆုံးမဲ့နေသော ပျံသန်းခြင်းခရီးစဉ်လေးသည် ရုတ်တရက်ကျော့ကွင်းမိသကဲ့သို့ ရပ်တန့်သွားခဲ့သည်။ ရဲရင့်တစ်ယောက် ခပ်တင်းတင်းချည်နှောင်မှုကိုခံလိုက်ရကာ သတိဝင်လာခဲ့သည်။ ပတ်ဝန်းကျင်ကိုဂရုပြုမိချိန်တွင် လက်ကောက်ဝတ်တွင် တင်းကျပ်သွားသည့်အလားတူ ရင်ဘတ်ထဲတွင်လည်း စူးခနဲနာကျင်သွားရသည်။

"သုတ၊ သုတလား? မင်းဘယ်မှာလဲ?"

▪︎

"လူနာ နှလုံးပြန်ခုန်ပါပြီ။ ခွဲစိတ်ဖို့ အဆင်သင့်ဖြစ်ပြီလား?"

ခွဲခန်းနားသို့အရောက်မှာပင် အသက်ပြန်ရှူလာသောလူနာကြောင့် ဆရာဝန်လေး သက်ပြင်းချမိသည်။

"ဟုတ်ကဲ့၊ ပြင်လိုက်ပါ့မယ်။ လူနာရှင်က?"

ဘေးမှပါလာသော လူတစ်ယောက်က

"သူ့ဖုန်းကိုဖွင့်ကြည့်တော့ ဖုန်းဝင်လာတာနဲ့ ကျွန်တော်ပြောပြလိုက်ပါတယ်။ ပြီးတော့ ဖုန်းကပိတ်သွားတယ်။ ဆေးရုံနာမည်တော့ သေချာကြားလိုက်ကြမှာမို့ လိုက်လာကြမယ်ထင်ပါတယ်။ စိုးရိမ်နေတဲ့လေသံပါပဲ"

"ဟုတ်ကဲ့ပါရှင့်"

▪︎

"ဆရာမ၊ ခုနကမှ ကားတိုက်မှုနဲ့ရောက်လာတဲ့ လူငယ်တစ်ယောက်လေ၊ အဲဒါ ..."

"လူနာရှင်တွေထင်တယ်။ အခု ခွဲခန်းဆီခေါ်သွားပါတယ်။ လူနာရှင်လာရင် လက်မှတ်ထိုးပြီးတာနဲ့ ခွဲစိတ်ရမှာပါ။ ကျွန်မနဲ့လိုက်ခဲ့ပါ"

လက်မှတ်ထိုးပေးပြီး အခြေအနေမေးကာ ခွဲခန်းရှေ့ထိုင်ခုံတွင်ထိုင်ချလိုက်သော မေမေနှင်းကိုမြင်မှ သုတ သတိပြန်ကပ်လိုက်ရသည်။

"မေမေနှင်း၊ အရမ်းကြီးမစိုးရိမ်နဲ့နော်။ မေမေနှင်းပါ တစ်ခုခုဖြစ်သွားလို့ မဖြစ်ဘူးလေနော်"

"သား၊ သားရဲရင့် ဘာမှမဖြစ်နိုင်ပါဘူးနော်"

"မဖြစ်ရပါဘူး။ ဘာမှမဖြစ်ဘူး၊ ပြန်ကောင်းလာမှာပါ။ ဆရာဝန်တွေလည်း အရမ်းဆိုးတယ်မှမပြောတာကို"

ငါလေ မေမေနှင်းကိုနှစ်သိမ့်ပေးနေတာလား၊ ငါ့ကိုယ်ငါနှစ်သိမ့်နေတာလားဆိုတာ မသဲကွဲဘူး။
ငါဆုပ်ကိုင်ပေးမိတဲ့ မေမေနှင်းလက်တွေလည်း အေးစက်နေသလို ငါ့နှလုံးသားလည်း အေးခဲနေပြီ။ အနွေးဓာတ်ပေးဖို့ မင်းပြန်လာပါ။

¤

"အနှင်း၊ သားလေးဘယ်လိုနေသေးလဲ? ဘာတဲ့လဲ?"

"သက်"

"မေမေ၊ ရဲရင့်က ခွဲခန်းထဲမှာ။ မေမေနှင်းဘေးနား နေပေးလိုက်ဦးနော်။ သား ဟိုကောင်တွေကို အကြောင်းကြားမလို့"

"အေးပါ အေးပါ"

သုတ ထူးမြတ်ဆီဖုန်းခေါ်တော့ မကိုင်။ ခန့်သူဆီခေါ်လိုက်ကာ အကျိုးအကြောင်းပြောပြရင်း ကျန်နှစ်ယောက်ကိုပါ အကြောင်းကြားခိုင်းလိုက်ရသည်။ သည်လိုအဖြစ်အပျက်ကို ထပ်ခါထပ်ခါပြောပြနိုင်သည်အထိ သုတအသည်းမမာပါ။

"မေမေတစ်ယောက်တည်းလိုက်လာတာလား?"

"သားအဖေက အစည်းအဝေးခန်းထဲမှာမို့ သူ့ကိုပြောလို့မရဘူးလေ။ အဲဒါနဲ့ ယံလေးကိုထားခဲ့တာ။ ပြန်လာရင် အကျိုးအကြောင်းပြောပြီး လိုက်ခဲ့ကြပါလို့ မှာခဲ့တယ်။ ပြီးတော့ အိမ်ကနေ ပစ္စည်းတွေလိုရင် ယူခဲ့ခိုင်းလို့ရအောင်လေ။ အခုတော့ လိုမယ်ထင်တာတွေ မေမေထည့်လာတယ်။ ရဲရင့်လေးဖေဖေကိုလည်း အကြောင်းကြားထားတယ်။ နောက်နေ့ Flight နဲ့ဆို ခဏလေးနဲ့ရောက်လာမှာပါ"

"ဟုတ်"

စိုးရိမ်ပူပန်မှုတို့နှင့်အတူ ခွဲခန်းရှေ့၌ စောင့်နေရှာသောလူတစ်စု။
နာရီပေါင်းအတော်ကြာမှပွင့်လာသော ခွဲခန်းတံခါးနှင့်အတူ ဆရာဝန်က ခွဲစိတ်မှုအောင်မြင်ကြောင်း၊ အရေးပေါ်ခန်း၌ထား၍ အခြေအနေစောင့်ကြည့်ရမည်ဖြစ်ကြောင်း ပြောကြားကာ  ညီရဲရင့်ခန္ဓာကိုယ်လေးအား အရေးပေါ်ခန်းအတွင်းသယ်ဆောင်သွားမှ အားလုံးသက်ပြင်းချနိုင်တော့သည်။

¤

ငါ့ကို ဘယ်သူဆွဲခေါ်နေတာလဲ?
ဟင့်အင်း၊ ပြန်မလာချင်ဘူး။ ပြန်မလာရဲဘူးဆိုရင် ပိုမှန်မယ်။ သူက ငါ့ကိုမမြင်ချင်ဘူးတဲ့လေ။

"သား"

"မေမေ၊ မေမေလား? သားကိုခေါ်လိုက်တာလား?"

ဟုတ်တယ်၊ မေမေရှိသေးတယ်။ အနည်းဆုံးတော့ မေမေ့ရင်ခွင်ထဲဝင်နေလို့ရသေးတယ်။

▪︎

"သား၊ သတိရလာပါတော့ကွယ်။ မေမေ့သားလေး မြန်မြန်သက်သာလာပါတော့"

"မကြာခင် သတိရမှာပါ မိန်းမရယ်။ အရမ်းကြီးလည်း စိတ်မပူပါနဲ့။ မင်းပါ လဲသွားတော့မှာပဲ"

ခွဲစိတ်ခန်းထဲမှထုတ်လာပြီးနောက် အရေးပေါ်ခန်းထဲရောက်နေသော ရဲရင့်ဘေးတွင် အမေဖြစ်သူက လက်လေးကိုဖွဖွကိုင်ရင်း တတွတ်တွတ်ရွတ်နေသည်။ လူများများဝင်၍မရသောကြောင့် လက်ရှိတွင် ရဲရင့်မိဘနှစ်ဦးသာ အခန်းအတွင်းရှိနေသည်။

"ဖေကြီး၊ သားလေး လက်လေးလှုပ်သွားတယ်။ လှုပ်သွားတယ်ရှင့်"

"ဟင်! ဟုတ်လား၊ ဟုတ်လို့လား?"

"ဟုတ် ... ဟုတ်တယ်၊ ကျွန်မတွေ့လိုက်တယ်။ ဆ ... ဆရာဝန် ... ဆရာဝန်သွားခေါ်ပေးပါ"

"အေး၊ မိန်းမ။ အေး၊ အေး"

ဆရာဝန်ရောက်လာကာ စမ်းသပ်ပြီး၍

"အင်း၊ လူနာက မကြာခင်နိုးလာတော့မှာပါ။ အခုခဏမှေးနေတဲ့ပုံပါပဲ၊ စိုးရိမ်စရာမရှိတော့ပါဘူး။ ဒါပေမဲ့ ခေါင်းကိုထိထားတဲ့အတွက် သူ့အာရုံကြောတချို့ ထိမိထားတယ်။ အရမ်းမစိုးရိမ်ရပေမဲ့  အချိန်တစ်ခုအထိ စကားပြောရတာခက်ခဲတာမျိုး၊ ဒါမှမဟုတ် မေ့တတ်တာမျိုး ဖြစ်တတ်တယ်။ နိုးလာတဲ့အချိန်အထိ ကျွန်တော်ရှိနေပေးပါ့မယ်"

"ဟုတ်ကဲ့ပါဆရာ၊ ကျေးဇူးတင်ပါတယ်"

¤

ဆေးရုံအပြင်ဘက်၍ သုတ၊ တိမ်ယံ၊ ထူးမြတ်၊ ဥက္ကာ၊ ဝဏ္ဏ၊ ခန့်သူတို့ အားလုံးထိုင်နေကြသည်။

အရေးပေါ်ခန်းထဲတွင်ထားရသည်မို့ ရဲရင့်အား သုတမတွေ့ရသေးပေ။ စိုးရိမ်စရာမရှိဘူးဆိုသော်လည်း သုတ စိတ်မအေးနိုင်သေးပါ။ ရင်ထဲကနာကျင်မှုတို့သည်လည်း အတိုင်းအဆမဲ့လျက်။ အသက်ရှူရသည်ပင် ခက်ခဲလိုက်လေခြင်း။

'နားလည်ပါပြီ၊ ငါနားလည်ပါပြီ ရဲရင့်လေးရယ်။ ငါ ... ငါ့ရဲ့ ဘာမဟုတ်တဲ့စကားလေးကတောင် မင်းကို အခုလောက်ထိ ဖြစ်သွားစေခဲ့တယ်ဆိုတာကိုပေါ့။ ငါကလေ၊ မင်းကို အများကြီးချစ်ပေးမှာမို့ ငါ့ဆီအမြန်ပြန်လာခဲ့ပေးပါနော်'

တိမ်ယံလည်း စိတ်ပူမိပါသည်။ ကိုရဲရင့်အပေါ် မနာလိုခဲ့တာမှန်ပေမဲ့ ယခုလိုအဖြစ်မျိုးတော့ မဖြစ်စေချင်ပါ။ ထို့အပြင် အလဲလဲအပြိုပြိုဖြစ်နေသော ကိုသုအားကြည့်၍ ယံလေး ရင်နာလို့မဆုံးဖြစ်ရသည်။ တစ်ယောက်ကိုတစ်ယောက်သိပ်ချစ်ကြသည့် ထိုလူသားနှစ်ဦးအား ယနေ့မှစ၍ ယံလေးမနှောင့်ယှက်တော့ပါ။  ထို့ကြောင့် ကိုသုထံသို့ ကိုရဲရင့်ကို အမြန်ပြန်လာစေချင်မိပါသည်။

"မင်းအပြစ်မဟုတ်ပါဘူး သုတရယ်။ ပြီးတော့ ဖြစ်ရမယ့်ကံပါလာလို့ ဖြစ်တာပါ။ စိတ်ချ။ ရဲရင့်က မင်း၊ ငါတို့၊ ပြီးတော့ သူချစ်ရတဲ့မိသားစုကိုထားပြီး ဘယ်မှမသွားနိုင်ဘူး။ သူ သေချာပေါက် ငါတို့ဆီပြန်လာမှာ"

"ဟုတ်တယ် သုတ၊ ထူးမြတ်ပြောတာမှန်တယ်။ ရဲရင့်ဘာမှမဖြစ်ပါဘူးကွာ"

"ဟင့်၊ ငါ ... ငါက ... ငါက ရဲရင့်လေးကိုနှင်ထုတ်လိုက်တာကွ။ အင့်၊ စိတ်ရှုပ်တယ်လို့ပါပြောလိုက်တာ။ ဟီးး အီးး ... ငါ့ကြောင့် ... ငါ့ကြောင့် ... အားးး ငါ့ကြောင့် ..."

"စိတ်ထိန်းပါ ကိုသုရယ်။ ကိုသုအခုလိုဖြစ်နေတာကို ကိုရဲရင့်သိရင် ပိုပြီးစိတ်မကောင်းဖြစ်မှာ"

"ဟင့် ... ဟင့် ... ငါမသိတော့ဘူး၊ ငါမသိတော့ဘူး"

ထိုအချိန် မြည်လာသောဖုန်းသံကြောင့် သုတဖုန်းကိုင်လိုက်သည်။ တစ်ဖက်က ဘာပြောလိုက်သည်မသိ ဆေးရုံအတွင်းသို့ အပြေးတစ်ပိုင်းဝင်သွားသည်ကြောင့် အားလုံးကပါပြေးလိုက်ကြရသည်။

ရဲရင့်သတိရလာပြီဆိုသောကြောင့် သုတပြေးလာခဲ့မိသည်။ ရဲရင့်အခန်းရှေ့၌ ဖေဖေနှင့်မေမေပါရှိနေသည်မို့ ဖေဖေ့အနားပြေးသွားကာ

"ဖေဖေ၊ ဖေဖေ။ ရဲ ... ရဲရင့်၊ သူ ... သူသတိရလာပြီဆို? သားတွေ့ချင်တယ်"

"စိတ်အေးအေးထားပါ၊ သားရဲရင့် အဆင်ပြေတယ်။ အခုက ဆရာဝန်စစ်ဆေးနေတုန်းမို့ ခဏစောင့်နေတာ"

အခန်းတွင်းမှာတော့ ...

"ညီရဲရင့်၊ ဆရာမေးတာတွေကိုဖြေပေးနော်။ အင်း၊ အရင်ဆုံး စကားပြောကြည့်။ မိဘတွေကို ခေါ်ကြည့်ပါ"

"ဖေဖေ၊ မေမေ"

ရဲရင့်ခေါ်ပါသော်လည်း အသံတို့ကထွက်မလာ။  
'ဟင့်အင်း၊ အသံက ဘာလို့လဲ၊ ဘာလို့ထွက်မလာတာလဲ?'
ရဲရင့် လက်သီးကိုတင်းတင်းဆုပ်ကာ စိတ်လှုပ်ရှားလွန်းသဖြင့် အသက်ရှူတွေပင် မြန်လာလေသည်။

"စိတ်လျှော့ပါ။ ခေါင်းကိုထိထားတာရော၊ စိတ်ထိခိုက်နေတာပါပေါင်းပြီး အာရုံကြောကို နည်းနည်းထိသွားတာပါ။ ခဏပါပဲ။ စကားမပြောနိုင်ဖြစ်တာ တဖြည်းဖြည်းကြိုးစားယူရင် ပုံမှန်ပြန်ဖြစ်လာမှာပါ။ အခုတော့ ခေါင်းညိတ်ခေါင်းခါလေးပဲလုပ်နော်"

"ခေါင်းမူးသလား?"

ရဲရင့်ခေါင်းခါပြသည်။

"အသက်ရှူရတာရော အဆင်ပြေလား?"

ခေါင်းညိတ်ပြသည်။

ထို့နောက် ဆရာဝန်က လိုအပ်တာတွေပြောပြကာ အခန်းတွင်းမှထွက်သွားတော့သည်။ ရဲရင့်အား ဖေဖေကဖက်ထားပေးသည်ကြောင့် ဖေဖေ့ရင်ခွင်ထဲငြိမ်နေမိသည်။
သုတလေးအား တွေ့ချင်မိသည်။ မလာဘူးထင်ပါရဲ့။

ဆရာဝန်ထွက်လာသည်နှင့် သုတ ရဲရင့်အခန်းထဲသို့ ပြေးဝင်သွားမိသည်။
ဦးဖေရင်ခွင်ထဲ၌ ပတ်တီးဖြူဖြူတို့နှင့် ကြည့်မကောင်းစွာမှေးနေသော ချစ်ရသူအား မြင်ရချိန် သုတရင်ထဲ မချိတင်ကဲဖြစ်ရသည်။ ထို့ကြောင့် ရှေ့ဆက်မတိုးဘဲရပ်နေမိသည်။

"သားသုလေး။ လာလေ သား၊ လာ"

"မေမေနှင်း၊ သား ... သားတောင်းပန်ပါတယ်"

"မဟုတ်တာ မေ့ကလေးရယ်။ လာ၊ လာ။ ဟိုမှာ သားမေမေ၊ ဖေဖေတို့၊ သူငယ်ချင်းတို့က ဝင်မရဖြစ်နေတယ်။ သားက အပေါက်ဝကြီးရပ်နေတော့"

"ဟု ... ဟုတ်"

သုတ ရဲရင့်အနားလေးတိုးကပ်သွားပြီး ရဲရင့်လက်ကလေးကို အသာအယာဆုပ်ကိုင်ရင်း

"ရဲရင့်လေး၊ သက်သာရဲ့လားဟင်? အိပ်ပျော်နေတာလား?"

မျက်လုံးလေးဖွင့်ကြည့်လာသော ချစ်ရသူက မိမိအားပြုံးပြလာလေသည်။ ထို့နောက် ခေါင်းလေးကို ဖြည်းညင်းစွာငြိမ့်ပြလာပြန်ပါရဲ့။

"ငါ့ကိုစိတ်မဆိုးပါနဲ့။ မဟုတ်ဘူး၊ ငါ ... ငါ့ကို မုန်းမသွားပါနဲ့နော်"

တဖန် ခေါင်းညိတ်ပြလာကာ မျက်ရည်လေးတွေဝဲလာပြန်ပါသည်။

"ငါတောင်းပန်ပါတယ်နော်"

"..................."

"ငါ့ကို စကားမပြောချင်လို့လား ရဲရင့်လေးရယ်"

ခေါင်းခါပြကာ မျက်ရည်တွေပါးပြင်ထက်စီးကျလာသည်မို့ သုတ ဘာလုပ်ရမှန်းမသိဖြစ်ရသည်။

"သားသုလေး၊ သားသားက လတ်တလော စကားမပြောနိုင်သေးတာပါ။ သားကိုစိတ်ဆိုးနေတာ မဟုတ်ပါဘူးကွာ"

"စကား ... စကားမပြောနိုင်ဘူး။ ဘာလဲ၊ ဘာစကားလဲဟင်? ရဲရင့်လေးက ... ဟင့်အင်း၊ မဟုတ်ဘူးမလား"

"သေချာစနစ်တကျကုသရင် ပြန်ကောင်းလာမှာပါ၊ သားသုရဲ့။ စိတ်မကောင်းမဖြစ်နဲ့။ တိတ်၊ မငိုနဲ့တော့"

"သူငယ်ချင်း၊ စိတ်လျော့"

"ရဲရင့်၊ ငါတို့အားလုံး မင်းအနားမှာရှိတယ်။ ဘာမှအားမငယ်နဲ့နော် သူငယ်ချင်း"

"မေသက်တို့လည်းရှိတယ်။ မေ့အချွဲတုံးလေး အမြန်ပြန်ကောင်းလာမှာပါ"

"ယံလေးလည်းရှိတယ်နော် အစ်ကို"

အားလုံးကိုပြုံးပြကာ ခေါင်းလေးတဆတ်ဆတ်ညိတ်ပြနေသော ကောင်လေးအားကြည့်၍ သုတရင်တွေ နာကျင်ရပါသည်။

'ငါ့အပြစ်တွေအတွက် ငါ့အချစ်တွေနဲ့ မင်းကိုပြန်ပေးဆပ်ပါ့မယ်၊ ချစ်သူ'

""'''''''""""'"""""""'"'"'

by Jay & Demon
© Demon ,
книга «Zippy Amor (Lively Friendship)».
Коментарі