Chapter (27)
"ဟေ့လူ၊ မေးနေတာ ဖြေလေ"
"ဝပါတယ်။ တွေးမိတာရှိလို့"
"ပြောပြ"
"အဟင်း၊ ဒီတိုင်းမရဘူး"
"မပြော နေလေ"
"အဲ ... ပြောမယ်"
"သေချင်လို့လား"
"လိုက်စရာလား ကျုပ်က"
"ခင်ဗျားနော်၊ ခင်ဗျား"
"ထူးမြတ်၊ ဟေ့ကောင်"
"မဟုတ်တာသားရယ်"
"လာတော့ ဘာဖြစ်လဲ"
"ကလေးရေ၊ ကယ်ပါဦး"
"ကြားတယ်နော်"
"အဲဒါတွေ မကြိုက်တာ"
ရဲရင့်စာမှာ
"ဟား ဟား ဟား"
သုတက စာရိုက်လိုက်သည်။
*တော်စမ်း*
"မဟုတ်ပါဘူး မေမေရယ်။ သားကို သူရန်စနေတာ"
¤
"ဟုတ်ကဲ့ ဆရာ။ ကျေးဇူးတင်ပါတယ်"
"..............."
"ဟုတ်ကဲ့ပါ ဆရာ"
"အေး အေး။ ကဲ၊ ဒါဆို ခွင့်ပြုပါဦး"
"ဟုတ်ကဲ့ပါ ဆရာ"
"မဖြစ်ဘူးလေ သားရယ်။ ဖေဖေ ပြောနေတယ်လေ"
"သား ဘာလုပ်လို့လဲ"
"..."
"...အွန်း"
ရဲရင့် ခေါင်းခါပြသည်။
"အွန်း"
"""""""""""""
လူကြီးများအာရုံပြောင်းသွားမှ အစားဖြောင့်ဖြောင့်ဆက်စားနိုင်ပါသော တိမ်ယံကြောင့် ပထမဆုံးအကြိမ်အဖြစ် အချစ်ငှက်စုံတွဲကို ထူးမြတ် ကျေးဇူးတင်မိသွားသည်။
ဆီချက်ခေါက်ဆွဲမှဆီတွေ နှုတ်ခမ်းတစ်ဝိုက်ဝေ့နေသည်ကိုက ကလေးတစ်ယောက်အလား တိမ်ယံက ချစ်စရာကောင်းနေသည်။ သူ့ရှေ့မှ ချောကလက်နွေးနွေးကို စုပ်သောက်လိုက်တိုင်း အနည်းငယ်ချိုင့်ဝင်သွားသည့် ပါးနှစ်ဖက်သည်လည်း ချစ်စဖွယ်ပင်။ ခွက်အလွတ်ရှာမတွေ့တော့၍ ကော်ဖီခွက်ထဲထည့်ပေးထားသည့် ဟင်းချိုပူပူကို မှုတ်သောက်လိုက်သည့် နှုတ်ခမ်းဖူးဖူးလေးသည်လည်း ချစ်ချင်မိသည်ထက်ပိုနေပြီ။
ယခုအချိန်တွင် ထူးမြတ်အတွက် သူ၏ကလေးနှင့်အနီးတစ်ဝိုက်တွင် ရာသီဥတုမှာ ချစ်စရာကောင်းနေပြီး ကြင်နာခြင်းများ ရွာရန်ရာနှုန်းပြည့်နှင့် ရင်ခွင်သည် မျက်စိတစ်မှိတ်လျှင် အကြိမ်ရေ (၁၅၀၀) နှုန်းနှင့် လှုပ်ခတ်နေသည်မှာ အသည်းအထန်ပင်။
နောင်တစ်သက်တာအတွက် ကြိုတင်ခန့်မှန်းချက်မှာလည်း ထိုနည်းလည်းကောင်းပင် ဖြစ်ပေမည်။
Memory card များကဲ့သို့ တစ်သက်တာအာမခံချက်ပင် ပေးလိုက်ချင်ပါသေးသည်။
"ဟေ့လူ၊ မေးနေတာ ဖြေလေ"
"ဟင်၊ ဘာမေးတာလဲ မကြားလိုက်ဘူး"
"ညက အိပ်ရေးမဝဘူးလားလို့"
တိမ်ယံမေးလေမှ သတိထားမိသည်။ ခေါက်ဆွဲဘူးလည်း လွှင့်ပစ်ပြီးနေပြီး ကော်ဖီခွက်လည်း ဆေးပြီးနေခဲ့ပြီ။ လူတစ်ယောက်လုံး ရှေ့မှထသွားသည်ကို မသိရလောက်အောင် အတွေးတို့သည် ကမ္ဘာအဝေးသို့အလည်အပတ်ထွက်၏။
"ဝပါတယ်။ တွေးမိတာရှိလို့"
"ပြောပြ"
"အဟင်း၊ ဒီတိုင်းမရဘူး"
"မပြော နေလေ"
"အဲ ... ပြောမယ်"
"ရဲရင့်က စာမေးပွဲဖြေဖို့မလွယ်ရင် သုတလည်း ဖြေမှာမဟုတ်ဘူး"
"အဲဒီတော့ ဘာဆက်ဖြစ်တာပေါ့"
"ဟမ်၊ မနောက်နဲ့။ အဲဒီတော့ သူ့ကြောင့် စာမေးပွဲမဖြေဖြစ်တဲ့ ခေသုတကို ညီရဲရင့်က တစ်ဘဝလုံးတာဝန်ယူတော့ပဲ။ ဟာဟ"
"ဟာ၊ မဟုတ်ဘူး။ စကားပြောဖို့ခက်နေတဲ့ ကိုရဲရင့်ဘဝကိုသာ ကိုသုက တာဝန်ယူလိုက်မှာ"
"ဪ၊ ဒီကလေးက Role ခွဲချင်နေတာပဲ။ ကိုယ်ကတော့ မင်းတစ်ဘဝလုံးမက သံသရာအဆက်ဆက်ကို တာဝန်ယူနိုင်တယ်နော်"
အဖေနှစ်ယောက် ဆရာဝန်နှင့်သွားတွေ့စဉ် အမေနှစ်ယောက်နှင့် သားနှစ်ယောက် တစ်ဂိုဏ်းဖြစ်နေပြီး ဒီဘက်မှ ဘာမှမတော်သေးသည့် သူစိမ်းနှစ်ယောက်မှာလည်း တစ်ပွဲတစ်လမ်းနွှဲနေကြသည်မှာ တိုးတိုးသဲ့သဲ့။
"သေချင်လို့လား"
"မင်းလေးနဲ့ဆို ကျောင်းဝင်းထဲကနေ ရေခဲတိုက်အထိ ဘယ်ရောက်ရောက်ကွာ"
"လိုက်စရာလား ကျုပ်က"
"ကလေးမသွားရင် ကိုယ်ကလည်း လှည့်တောင်မကြည့်ဘူးနော်။ သိဖို့"
"ခင်ဗျားနော်၊ ခင်ဗျား"
"ထူးမြတ်၊ ဟေ့ကောင်"
"ဟေ၊ ဘာလဲကွ (သာသနာဖျက် ခေသုတ)"
ပါးစပ်ကတစ်မျိုး၊ စိတ်ထဲကတစ်ပုံစံနှင့် ထူးမြတ်တို့အတွက် ရာသီဥတုသည် ချက်ချင်းပင်အုံ့မှိုင်းသွားသည်က မာယာအပြည့်နှင့်။
"ပြန်နားတော့လေကွာ။ ကျေးဇူးတင်ပါတယ်လို့ မပြောတော့ဘူးနော်။ စာမေးပွဲကနီးပြီ၊ ပြန်နားတော့"
"ဟုတ်ပါ့ သားလေးရယ်။ ပြန်ဖို့ရော အစီအစဉ်ဘယ်လိုလဲ၊ အန်တီတို့စီစဉ်ပေးမယ်လေ"
"ရတယ် အန်တီ။ ဥက္ကာတို့ကိုလှမ်းခေါ်လိုက်မယ်။ ရဲရင့်က ဆေးရုံဆင်းရမယ်ဆို တစ်ခါတည်းစောင့်ပေးလိုက်မယ်လေ"
"မဟုတ်တာသားရယ်"
"ဟေ့ကောင်၊ မင်း အိပ်ရေးပျက်ထားတာလေ"
"မင်းလူမမာက ညက ရေထသောက်တာရယ်၊ Toilet တစ်ခါထသွားတာရယ်ကလွဲပြီး မနိုးဘူး။ ငါလည်း အိပ်ရေးမပျက်ဘူး"
"ဒါတောင် မင်းမျောက်လုံးက ဘယ်အပင်ပေါ်ဆော့နေလို့ မျောက်ဖင်ညိုဖြစ်နေတာလဲ"
"သားရယ်၊ သူငယ်ချင်းကို မပြောရဘူးလေ"
"အန်တီ့သားက အဲဒီလိုပဲအန်တီရယ်။ စွာတာအရမ်းပဲ"
"မင်းပါးစပ်ကြီးက သရမ်းပြန်ပြီ"
"ဟိုးထား၊ ထမလာနဲ့။ ကိုယ့်နယ်မြေနဲ့ကိုယ်နေလိုက်၊ ဟင်း ... ဟင်း"
အမေနှစ်ယောက်ခမျာ ဘာမှမပြောနိုင်ရှာပဲ ရယ်သာနေရတော့သည်။ ရဲရင့်ကလည်းရယ်နေပြီး တိမ်ယံမှာတော့ ဟိုဘက်ကြည့်၊ ဒီဘက်ကြည့်နှင့် မအားရရှာပေ။
"လာတော့ ဘာဖြစ်လဲ"
"ကလေးရေ၊ ကယ်ပါဦး"
ခေသုတက ထလာလေလျှင် ထူးမြတ်က သူ့ခန္ဓာကိုယ်ကိုအားမနာစွာပင် တိမ်ယံအနောက်သို့ ကပ်လိုက်သည်။
"ခင်ဗျား ဘာလုပ် ... ဟာ ... သွားလေ၊ ဖယ်"
တိမ်ယံက ကိုယ်ကိုခါ၍ဖယ်ထုတ်သော်လည်း ထူးမြတ်ကပုန်းကောင်းဆဲ။
ခေသုတမှာတော့ ရပ်ကြည့်ရုံသာတတ်နိုင်တော့သည်။ ကိုယ်က လုပ်မည်၊ ကိုင်မည် ကြွေးကြော်ကာမှ သူကအကွက်တွေ့နေပြီ။
"ခင်ဗျားကြီး ... ဖယ်လိုက်တော့။ လူကြီးတွေနဲ့ကို သရုပ်ပျက်လိုက်တာ"
အောင်မြင်စွာဆုတ်ခွာလာသည့် ခေသုတသည်လည်း ခုတင်နားပြန်အရောက်၊ တိမ်ယံသည်လည်း ခပ်ကြိတ်ကြိတ်သတိပေးကာမှ ထူးမြတ် စူပုပ်ပုပ်နှင့်ထွက်လာပြီး
"အန်တီတို့လည်း ဘာမှမပြောဘူး၊ သရုပ်လည်းမပျက်ဘူး။ ဒီအတိုင်းနောက်ရုံလေးကို"
"မင်းတို့ကလေးတွေပဲ စိတ်ချမ်းသာတယ်ကွယ်"
"ကြားတယ်နော်"
"အဲဒါတွေ မကြိုက်တာ"
"ကျန်တာတော့ ကြိုက်တယ်ဆိုတဲ့သဘော"
တိမ်ယံ၏ ခပ်တိုးတိုးညည်းသံကို ထူးမြတ်က ခပ်သဲ့သဲ့အမေးသံနှင့် တုံ့ပြန်လာသည်။ တိမ်ယံဆက်မပြောတော့ပါ။ ထပ်ပြောလေ၊ ထပ်ဆိုးလေဖြစ်မည့် ထိုလူကြီး၏စကားလုံးတွေကို ချေပနိုင်ရအောင်လည်း တိမ်ယံသည် ရှေ့နေမဟုတ်ခဲ့သည်က ဝမ်းနည်းစရာ။
ရဲရင့်ကတော့ သုတကို ဘာစာတွေရိုက်ပြလို့ ဘာတွေရယ်နေကြပြန်သည်မသိရ။
ရဲရင့်စာမှာ
*နေပါစေကွာ။ သူ့ခမျာ တစ်ညလုံး သူ့ကလေးကိုထိုင်ငမ်းနေရလို့ မျောက်မျက်ကွင်းညို ဖြစ်နေရှာတာ*
"ဟား ဟား ဟား"
*ငါတော့ မနေ့က နေ့တစ်ဝက်မငမ်းလိုက်ရဘူး*
ခေသုတ၏ ဘာကိုလဲဆိုသည့်အဓိပ္ပါယ်နှင့် အကြည့်တစ်ချက်ကို ညီရဲရင့်က
*မင်း ငါ့လက်ကိုကိုင်ပြီး အိပ်ပျော်နေတာလေးတွေ၊ ငါ့ကို ဒေါက်တာစမ်းသပ်ရင် စိုးရိမ်တကြီးနဲ့ စောင့်ကြည့်နေတာလေးတွေ၊ ငါ့ကိုဖက်ထားတုန်းက မင်းရင်ခုန်သံ*
ရဲရင့်စာရိုက်နေသည့်တစ်လျှောက်လုံး ဘေးကလိုက်ဖတ်ကြည့်နေသည့် သုတက ဖုန်းဆွဲလုလိုက်သဖြင့် ရဲရင့်ခမျာ စာများခရီးမဆုံးလိုက်ပါပေ။
သုတက စာရိုက်လိုက်သည်။
*တော်လိုက်တော့။ ဒေါက်တာစမ်းသပ်နေတာတောင် မျက်စိက အငြိမ်မနေဘူး*
*ငြိမ်တယ်။ ငါ့မျက်စိက မင်းဆီပြေးကပ်နေတာ*
*တော်စမ်း*
*အဲဒါဆို ငါ့ကို အဖြေပေးလေ*
*မင်းပါးစပ်က သေချာအဖြေတောင်းရင် ပေး*
သွားပြီ၊ ခေသုတတို့ စကားလွန်ကုန်၍ ရပ်လိုက်သော်လည်း ရဲရင့်က ဖတ်ပြီးနေလေပြီ။
ရဲရင့် ဖုန်းကိုဆွဲလုကာ ထိုစာများပါသည့် Note တစ်စောင်လုံးကို သေချာ Save ကာ Lock ချပစ်လိုက်သည်။
ရဲရင့်၏ Locked notes များကို ဖြည်ဖတ်နေကျသုတက ပြုံးလိုက်တော့
*မပြုံးနဲ့၊ Password change ထားတာ မင်းလုံးဝမသိနိုင်တာကြီး*
Note အသစ်မှစာကိုဖတ်ပြီး သုတ Passwords တွေရိုက်ကြည့်သည်။ သုံးခါမှားပြီးနောက် ရဲရင့်ပြန်လုသွားသည်။
"ကဲ၊ ခေသုတရေ။ ရှင်လေးက စကားပြောနိုင်အောင်ကူညီမှာလား၊ ရှင်လေးပါ အသံတိတ်သွားမှာလားရှင့်"
အမေဖြစ်သူကပါ ပြောလာတော့မှ သုတအာရုံပြောင်းသွားရသည်။ သူတို့နှစ်ဦး အကျေအလည်ဆွေးနွေးနေသော စကားများသည် အမေတွေရှေ့ငြင်းခုန်စရာ မဟုတ်ခဲ့သည်မို့။
"မဟုတ်ပါဘူး မေမေရယ်။ သားကို သူရန်စနေတာ"
ပြောနေစဉ်ပင် ရဲရင့်က လက်ဆွဲကာ ဖုန်းထိုးပေးသည်။
*နှုတ်တစ်ရာ၊ စာတစ်လုံးတဲ့။ ငါ စကားသံပြန်ထွက်တဲ့နေ့ မင်းပြေးလို့မလွတ်ဘူး သုတလေး။ အခုပေးချင်ရင် မီသေးတယ်နော်။ ချစ်တယ် ♡*
အမေတွေကို ပြောနေရပါတယ်ဆို ဇွတ်အတင်းအဖြေတောင်း၊ ချစ်တယ်ပြော၊ အသည်းတွေရေးပြနေပါသော ညီရဲရင့်ကို ဆံပင်တွေသာ ဆွဲဆောင့်ပစ်ချင်ပါသော်လည်း ကတုံးဖြစ်နေသောအခါ .....
¤
မကြာခင် အခန်းထဲသို့ အဖေနှစ်ယောက်နှင့်အတူ ဆရာဝန်ကြီးပါ ပါလာသဖြင့် အားလုံးတိတ်ဆိတ်နေကြသည်။ ဆရာဝန်ကြီး ရဲရင့်အား မေးစရာရှိတာမေးပြီး စစ်ဆေးမှုများပြုလုပ်ကာ မိဘများဘက်သို့လှည့်ကြည့်ပြီး စကားပြောလာသည်။
"ဆေးရုံကဆင်းမယ်ဆိုရင်တော့ ဆင်းလို့ရပါတယ်။ လိုအပ်တာတွေအားလုံး ဆရာလုပ်ပေးလိုက်မယ်။ အင်း၊ ဆယ့်ငါးရက်ကို တစ်ခါတော့ ဆေးရုံကိုပြန်လာပြရမယ်"
"ဟုတ်ကဲ့ ဆရာ။ ကျေးဇူးတင်ပါတယ်"
"ရပါတယ်။ ဆေးရုံဆင်းလက်မှတ်လည်းရပြီဆိုတော့ ရပါပြီ ပြန်လို့။ ကဲ၊ သူငယ်ချင်းတွေကလည်း ကူညီပေးကြဦးနော်၊ သားတို့သူငယ်ချင်း စကားမြန်မြန်ပြန်ပြောနိုင်ဖို့။ သားကလည်း ဆေးသောက်ရမယ်၊ လိုအပ်တဲ့လေ့ကျင့်ခန်းတွေ လုပ်ရမယ်၊ ဟုတ်ပြီလား"
"..............."
"ဟုတ်ကဲ့ပါ ဆရာ"
"အေး အေး။ ကဲ၊ ဒါဆို ခွင့်ပြုပါဦး"
"ဟုတ်ကဲ့ပါ ဆရာ"
ဆရာဝန်ကြီး အခန်းထဲမှထွက်သွားပြီးမကြာခင်မှာ ခန့်သူတို့၊ ဥက္ကာတို့ပါ ရောက်လာကြပြီး သိမ်းစရာရှိတာသိမ်း၊ သယ်စရာရှိတာသယ်ပြီး အိမ်ပြန်ဖို့အသင့်ဖြစ်နေကြပါပြီ။ မပြီးသေးသည်က ခေသုတပင်ဖြစ်သည်။
"ရဲရင့်နဲ့သား အတူပြန်မှာ။ ကားတစ်စီးပေး ဖေဖေရဲ့"
"မဖြစ်ဘူးလေ သားရယ်။ ဖေဖေ ပြောနေတယ်လေ"
"ဟာ ဖေဖေတို့ရော၊ မေမေတို့ရော စုပြုံနေတာလေ ကားက။ ရဲရင့်လေးက မွန်းကြပ်နေမှာပေါ့ ဖေဖေရဲ့"
"သားသုလေးက သားသားရဲရင့်ကို စိတ်ပူနေတာ ဦးဖေသိပါတယ်"
"သိရင် ပြောတဲ့အတိုင်းလုပ်လေ ဦးဖေရ။ ဟူးး ပြောရတာမောတယ်"
"နင်နော် ခေသုတ၊ ကြည့်နေတာ အကောင်းမှတ်မနေနဲ့"
"သား ဘာလုပ်လို့လဲ"
ဘေးနားမှ ခန့်သူက မနေနိုင်တဲ့အဆုံးတော့
"ကဲ မောင်ရဲရင့်ရေ၊ မင်းဘယ်လိုလုပ်မလဲ၊ ဘယ်လိုပြန်ချင်သလဲ။ ငါနဲ့ဥက္ကာ နှစ်ယောက်လုံး ကားတွေယူလာတယ်"
ရဲရင့်လည်း ဖုန်းထုတ်ကာ စာရိုက်ပြီး သုတလက်ထဲထည့်ပေးလိုက်ပါတော့သည်။
*အထုပ်တွေကို ဥက္ကာကားနဲ့တင်ပြီး ခန့်သူပါလိုက်စီး၊ ခန့်သူကားကို သုတလေးနဲ့ငါ စီးမယ်။ မေမေတို့ကတစ်စီး၊ ယံလေးနဲ့ထူးမြတ်ကတစ်စီး ပြန်ကြမယ်။ Ok?*
စာကိုဖတ်ကြည့်ပြီး သုတကျေနပ်ပြုံးပြုံးကာ သဘောတူလက်ခံလိုက်သည်။
ထို့နောက် ကားကိုယ်စီနှင့် ရဲရင့်တို့အိမ်ရှိရာသို့ ပြန်လာခဲ့ကြပါတော့သည်။
ကားကို ဖြည်းဖြည်းလေးသာမောင်းရင်း သုတ ရဲရင့်အား စကားတွေပြောနေသည်။ ဘေးနားကနေစကားများများပြောပေးမှ သူလည်းလိုက်ပြောလိမ့်မည်ဟု ယူဆသောကြောင့် ခေသုတ လေပေါနေရလေသည်။
"ရဲရင့်၊ ရဲရင့်ရေ ... ညီရဲရင့်"
လှည့်ကြည့်နေမှန်းသိပေမဲ့ မထူးမချင်း သုတဆက်ခေါ်နေမိသည်။
"ကြည့်မနေနဲ့၊ ပါးစပ်က ထူး။ ကြိုးစားကြည့်လေနော်"
သုတပြောသလို ရဲရင့်အသံထွက်အောင် ကြိုးစားထူးနေမိသည်။ ခေါ်နေတဲ့သူကလည်း အဆက်မပြတ်ခေါ်နေသလို ပြန်ထူးဖို့ကြိုးစားနေသူကလည်း နဖူးစပ်ကချွေးစတွေကိုပင်မမှု၊ အသံထွက်လာရန်သာ ကြိုးစားအားထုတ်နေသည်။
နောက်ဆုံးမှာတော့ "အွန်း"ဆိုတဲ့ထူးသံလေး ထွက်လာလေတော့သည်။
ကြားလိုက်ရတဲ့အသံလေးက တိုးပေမဲ့ ပီသနေသောကြောင့် သုတ ကားကိုလမ်းဘေးထိုးရပ်ကာ ရဲရင့်ပခုံးနှစ်ဖက်အားကိုင်ရင်း မေးနေမိသည်။
"ရဲရင့်၊ ထူးလိုက်တာလား? အွန်းဆိုပြီးတော့လေ၊ ဟုတ်လား ဟင်? မင်း ငါခေါ်တာကို ပြန်ထူးတာလား"
"..."
ရဲရင့်ခေါင်းညိတ်ပြသည်။
"ပါးစပ်ကဖြေ။ ငါပြန်ခေါ်မယ်၊ ပြန်ထူးနော်။ ရဲရင့်၊ ရဲရင့်လေးရေ၊ ရဲရင့်"
"...အွန်း"
"ဟားး ထူးတယ်ကွ။ ဟဟား၊ ရဲရင့်လေးပြန်ထူးတတ်ပြီကွ။ ယေးးး"
သုတကိုကြည့်ကာ ရဲရင့်လည်းပျော်ရွှင်မိသည်။
'ငါ့ထက်တောင်မှ မင်းကပိုပျော်နေပါ့လား။ သုတလေးရယ်၊ ငါကြိုးစားပါ့မယ်။ မင်းကို အရင်ကလို စကားတွေအများကြီးပြောနိုင်ဖို့ ငါကြိုးစားပါ့မယ်'
"ချွေးတွေတောင်ထွက်နေပြီ။ ငါ့ကောင်ကြီး ပင်ပန်းသွားပြီလား။ အိပ်ချင်ရင်ခဏအိပ်လေ။ အိမ်ရောက်မှနှိုးမယ်"
ရဲရင့် ခေါင်းခါပြသည်။
"အေးပါ။ မအိပ်ချင်လည်းမအိပ်နဲ့။ ငါတို့ စကားတွေအများကြီးပြောရင်း ပြန်ကြမယ်"
"အွန်း"
ကားလေးထဲမှာ ကောင်လေးနှစ်ယောက်ရှိနေပေမဲ့ တစ်ယောက်က စကားတွေကိုမနားတမ်းပြောနေသော်လည်း ကျန်တစ်ယောက်ဆီကတော့ အွန်း ဆိုသော စကားသံလေးကိုသာ ရံဖန်ရံခါကြားရသည်။ သို့ပါသော်လည်း ထိုလူသားလေးနှစ်ဦးစလုံး၏ ရင်ထဲတွင်တော့ ပျော်ရွှင်မှုတို့ပြည့်နှက်နေလေသည်။
"""""""""""""
by Jay & Demon