Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30): Final
Chapter (2)
အခ်စ္ဆိုတာဘာလဲ?
ညီရဲရင့္အတြက္ကေတာ့ အခ်စ္ဆိုတာ ခ်စ္စရာေတြ႕ရင္ ခ်စ္ခ်င္တာက အခ်စ္ေပါ့။ သေဘာက်တာ၊ ႀကိဳက္တာ၊ ခ်စ္တာေတြကို သ႐ုပ္မခြဲခိုင္းနဲ႔။ ခ်စ္ဖို႔ေကာင္းတယ္ ဆိုတာသာ ညီရဲရင့္ရဲ႕ လက္သံုးစကား။
ခ်စ္တယ္လို႔ေတာ့ မေျပာမိဘူးထင္တာပဲ။
ရည္းစားေတြဟာ ရည္းစားေတြလိုေတာ့ အကၽြမ္းတဝင္ရွိတာေပါ့။ လင္မယားေတြမဟုတ္လို႔ လင္မယားလိုေတာ့ မရင္းႏွီးဘူး။ ကိုယ့္ဘာသာ တစ္သက္လံုးေထာင္က်ခံရမယ့္ကိစၥမ်ိဳး ညီရဲရင့္တို႔ အမိုက္မဲခံၿပီး မလုပ္ဘူး။

ရည္းစားထားတာက အိမ္ေထာင္ဘက္အႀကိဳေရြးခ်ယ္ျခင္းတစ္မ်ိဳး။ ဘာတဲ့?
*အိမ္ေထာင္မႈ၊ ဘုရားတည္၊ ေဆးမင္ရည္စုပ္ထိုး၊ တိုက္ၾကက္မ်ိဳးစပ္၊ ဤေလးရပ္ ခ်က္မပိုင္၊ ေနာင္ျပင္ရန္ ခက္သည့္အမ်ိဳး* တဲ့။
အခုေခတ္မွာ ခ်စ္လိုက္၊ ႀကိဳက္လိုက္၊ ညားလိုက္၊ ကြဲလိုက္နဲ႔ အိမ္ေထာင္ျပဳတာကို လြယ္လြယ္ေတြးၾကေပမဲ့ ညီရဲရင့္တို႔ အဲဒါမ်ိဳးေတာ့အားမေပးပါ။ ရည္းစားမ်ားရင္မ်ားမယ္၊ အိမ္ေထာင္ဆက္မမ်ားခ်င္ဘူး။
ဘုရားတည္တယ္ဆိုတာလည္း အားလံုးၿပီးမွ မတင့္တယ္ပါဘူးဆိုၿပီး ျပဳျပင္လို႔ရ႐ိုးမရွိခဲ့ပါ။
စုပ္ထိုးတာ၊ အခုကေတာ့ Tattoo ထိုးတာက Laser နဲ႔ဖ်က္လို႔ရေနပါၿပီ။
တိုက္ၾကက္မ်ိဳးစပ္ရာမွာက မ်ိဳးမစစ္လိုက္တာနဲ႔ သံုးစားမရတဲ့ၾကက္ေပါ ျဖစ္သြားႏိုင္သည္ေလ။

ဤသို႔ေသာအရာရာမ်ားကို အေၾကာင္းျပဳ၍ ညီရဲရင့္တစ္ေယာက္ ရည္းစားမ်ားသည္ဟု ေက်ာ္ၾကားေလသတည္း။

ရည္းစားမ်ားသာ တစ္ေယာက္ၿပီးတစ္ေယာက္ေျပာင္းသြားသည္။ မေျပာင္းမလဲ သူ႔အနားအျမဲရွိတတ္သည္က ေခသုတ။
အတူသြား၊ အတူလာ အတူတူေသာင္းက်န္းေနခ်ိန္မွာ သူဟာငယ္သူငယ္ခ်င္း။
ရည္းစားေတြနဲ႔ ျပႆနာတက္လို႔ အပူကပ္ေျဖရွင္းခိုင္းေနရခ်ိန္မွာ သူဟာညီအစ္ကို။
ေက်ာင္းကိစၥ၊ စာကိစၥ ကိုယ္လြတ္သမၽွကို လုိက္ၾကည့္ေပးေနခ်ိန္မွာ သူဟာအုပ္ထိန္းသူ။
စိတ္မရွည္တတ္လြန္းလို႔ နည္းနည္းေလးစေနာက္လိုက္တာနဲ႔ ေဆြ႕ေဆြ႕ခုန္ေနခ်ိန္မွာ သူဟာကေလးတစ္ေယာက္။

အခုလည္း ေဒါသထြက္ၿပီး ဘာမွမစားေတာ့ဘဲထသြားသူေနာက္ အေျပးလိုက္ရင္း

"သုတ! ခဏေစာင့္ဦးေလ။ သုတေရ၊ ကေလးေရ"

ညီရဲရင့္စကားေၾကာင့္ ေခသုတ ခ်က္ခ်င္းကိုျပန္လွည့္ၿပီး

"ေခြးေကာင္! ဘယ္မလဲကေလး?"

"အင္း၊ ကေလး ... ဘယ္မလဲ ေခြး?"

"မသာေကာင္၊ ေသဖို႔ျပင္ထား"

လက္သီးတျပင္ျပင္နဲ႔ လိုက္ဖမ္းေနတဲ့ ေခသုတရယ္၊ စပ္ျဖဲျဖဲ႐ုပ္နဲ႔ ျခံထဲပတ္ေျပးေနပါေသာ ညီရဲရင့္ရယ္၊ မနက္ပိုင္း အပင္ေရျဖန္းထားလို႔ အနည္းငယ္စိုေနပါေသာ သံမံတလင္းရယ္အေတြ႕တြင္ ...

*ဗုန္း*

"အား!"

ႏွစ္ေပါင္းမ်ားစြာကြဲကြာေနေသာ ေသြးသားရင္းခ်ာမ်ား ျပန္ဆံုေတြ႕ၾကသည့္အလား သံမံတလင္းကို အားပါးတရ ပစ္လွဲနႈတ္ဆက္လိုက္ေသာ ညီရဲရင့္ပါေလ။

ေအာင့္သြားတဲ့ခါးရယ္ မူးေနာက္သြားတဲ့ေခါင္းရယ္ သံမံတလင္းနဲ႔တိုက္ဆြဲသြားတဲ့လက္ရယ္ အေတာ္ေလးကို အီစိမ့္သြားရပါတယ္ ျပန္မထနိုင္ေတာ့ပါ တစ္ကယ္ကိုနာတာပါ မ်က္ရည္မ်ားပင္က်ခ်င္လာသည္ ထိုအခ်ိန္အနားကိုအေျပးေရာက္လာသူက သုတ ေခသုတပင္

႐ုတ္တစ္ရက္ ပစ္လဲသြားသည့္ရဲရင့္အား သုတေၾကာင္ၾကည့္ေနမိပါသည္ ေနာက္ေတာ့မွသတိဝင္လာၿပီး အနားကိုအေျပးသြားလိုက္မိသည္ ေျခပစ္လက္ပစ္လဲက်သြားသည္မို့ အေတာ္ကိုနာသြားမည္မွာအေသအခ်ာပင္

"ရဲရင့္  အဆင္ေျပရဲ့လား"

"အီးးဟီးးသုတ နာတယ္ ဟီးးတစ္ကယ္နာတယ္ ဟီးးး"

သုတရဲ့ေမးသံအဆုံး ဟီးးးကနဲငိုခ်လိုက္သည့္ရဲရင့္ရယ္ပါ သုတရင္ထဲ အေတာ္ပင္နာက်င္သြားရသည္ ရဲရင့္ငိုသံတို့ကသူ႔ရင္အား အစိမ္းလိုက္ခြဲေနသည္ႏွယ္  ရိႈက္ငိုေနရင္း ကိုယ့္ထံလက္ကမ္းေပးလာပါေသာ ရဲရင့္အား အသာေပြ႕ခ်ီကာ အိမ္ထဲဝင္လာခဲ့လိုက္သည္

႐ုတ္တစ္ရက္ေပြ႕ခ်ီခံလိုက္ရေသာရဲရင့္မွာလည္း  ငိုေနသည္ပင္ တိကနဲရပ္သြားကာ ပါးစပ္ေလးဟလ်က္ ေခသုတရင္ခြင္ထဲအလိုက္သင့္ေလးပါသြားေတာ့သည္ ေခသုတဟာ တစ္ခါတစ္ရံမွာေတာ့ ကိုယ္ရံေတာ္တစ္ေယာက္လိုပါပင္

ေအာ္သံဆူသံေတြၾကားလိုက္ရတဲ့ ရဲရင့္မိခင္မွာလည္း အိမ္ေရွ႕ေျပးထြက္လာေတာ့ ျမင္လိုက္ရသည္က သားေတာ္ေမာင္အား ေပြ႕ခ်ီလၽွက္ အိမ္ထဲဝင္လာသည့္ သုတေလး

"ဘာျဖစ္ၾကတာလဲ ေဟ ဟဲ့ ကေလးေတြ ဘာျဖစ္ၾကတာလဲ"

သုတ ရဲရင့္ကိုယ္ေလးအား ဧည့္ခန္းကခုံေလးေပၚအသာအယာေလးထိုင္ေစလိုက္သည္။

"ခဏထိုင္ေနေနာ္ ေဆးလိမ္းေပးမယ္ "

"အင္း ဟင့္ ေရတိုက္ဦး"

"ေအး ခဏေလး"

သူမအေမးကို အဖတ္မလုပ္ ရဲရင့္ကိုသာ စကားေျပာေနေသာသုတ
တစ္အီအီငိုေနေသာရဲရင့္ ဒီကေလးႏွစ္ေယာက္ ကိုယ့္ကိုရွိတယ္လို့ေတာင္ထင္ၾကရဲ့လားမသိ

"ဟဲ့ ငါေမးေနတယ္ေလ "

"ေခ်ာ္လဲတာတီေလး "

"အမေလးဟယ္ ျဖစ္ရမယ္ နင္တို့ဟာေလ ငါစိတ္ညစ္ပါတယ္"

"နာပါတယ္ဆို ေမေမကလည္း ဟီးးအီးးး"

"ေအးပါဟယ္ မငိုနဲ႔တိတ္ ေမေမေဆးလိမ္းေပးမယ္ ဘယ္နားေတြထိသြားလဲ ျပစမ္း ေမေမ့ကို"

"ေခါင္းေရာ ခါးေရာ လက္ေရာပဲ "

"အၿငိမ္မွမေနတာ သားရယ္ ေဆးလိမ္းေပးမယ္ေနာ္"

"ရတယ္ သုတလိမ္းေပးမွာ ဟိုမွာ သုတလာၿပီ သူလိမ္းေပးမွာ "

"ေအး ၿပီးေရာ ေမေမ ဟင္းအိုးခ်က္ေနရင္တန္းလန္းနဲ႔ထြက္လာတာ ေဆးလိမ္းၾကေနာ္ ၿပီးရင္ ေက်ာင္းသြားၾကဦးမွာလား"

"သြားမွာတီေလး ဒီေန႔ က်ဴတိုရီရယ္ရွိတယ္"

"ေအးေအး ဂ႐ုစိုက္ၾကစမ္းပါေအ ကေလးေတြလဲမဟုတ္ေတာ့ဘူး"

ဗ်စ္ေတာက္ဗ်စ္ေတာက္နဲ႔ေျပာရင္း အန္တီႏွင္း မီးဖိုခန္းထဲဝင္သြားေတာ့မွ သုတရဲ့ရင့္အနားမွာဝင္ထိုင္လိုက္ၿပီး

"လက္ကပြန္းသြားတာပဲ ေဆးထည့္ေပးမယ္ အရက္ျပန္စြတ္ဦးမွာေနာ္ စပ္မယ္ "

"အင္း ပါ ငါေယာက်ာ္းပါဟ"

"ေအးပါ ေယာက်ာ္းမို့ ငိုလိုက္တာျပဲေနတာပဲ"

"မင္းေနာ္ မင္း အားးးေဟ့ေကာင့္ ေသမလို့ တစ္အားလုပ္ရတာလဲ စပ္လိုက္တာ သူ႔အသားမဟုတ္တိုင္း အားးလားးစပ္တယ္ဟ"

"အနာကို အရက္ျပန္စြတ္မွေတာ့စပ္တာေပါ့ "

"ေခါင္းလဲ မူးတယ္ သုတ"

"အင္းေခါင္းက ကြဲမသြားလို့ေတာ္ေသးတယ္ ၾကပ္ထုပ္ထိုးရမယ္ ခါးကိုေတာ့ Voltexလိမ္းေပးမယ္"

"အင္း"

အားလုံးၿပီးသြားေတာ့မွ ေက်ာင္းဆီသို့ ထြက္လာၾကရေတာ့တယ္
ေက်ာင္းရဲ့ကားရပ္တဲ့ေနရာမွာ သူတို့ကားေလးကိုရပ္လိုက္ၿပီး ကားေပၚကဆင္းလာခဲ့ၾကပါတယ္ အင္း ဒီေန႔ေတာ့ အရင္ေန႔ေတြကထက္ သူတို့၂ေယာက္ကို လူေတြပိုၾကည့္ေနမွာအေသအခ်ာပင္ ဘာလို့ဆို သုတက ရဲရင့္အိတ္ကိုပါယူလြယ္ထားၿပီး ရဲရင့္ကေတာ့ သုတလက္ေမာင္းကိုခိုထားရင္း ပုခုံးေပၚေခါင္းမွီၿပီး လမ္းေလၽွာက္လာၾကျခင္းပင္
ေက်ာင္းသူ/သား ေတြရဲ့အေတြးထဲမွာေတာ့ ညီရဲရင္နဲ႔ေခသုတ ဘာေတြအထူးအဆန္းလုပ္ၾကဦးမလဲမသိဘူးဟူ၍ပင္ ၿပိဳင္တူေတြးလိုက္ၾကေလရဲ့...

"""""""""""""""""""""""""""""

အချစ်ဆိုတာဘာလဲ?
ညီရဲရင့်အတွက်ကတော့ အချစ်ဆိုတာ ချစ်စရာတွေ့ရင် ချစ်ချင်တာက အချစ်ပေါ့။ သဘောကျတာ၊ ကြိုက်တာ၊ ချစ်တာတွေကို သရုပ်မခွဲခိုင်းနဲ့။ ချစ်ဖို့ကောင်းတယ် ဆိုတာသာ ညီရဲရင့်ရဲ့ လက်သုံးစကား။
ချစ်တယ်လို့တော့ မပြောမိဘူးထင်တာပဲ။
ရည်းစားတွေဟာ ရည်းစားတွေလိုတော့ အကျွမ်းတဝင်ရှိတာပေါ့။ လင်မယားတွေမဟုတ်လို့ လင်မယားလိုတော့ မရင်းနှီးဘူး။ ကိုယ့်ဘာသာ တစ်သက်လုံးထောင်ကျခံရမယ့်ကိစ္စမျိုး ညီရဲရင့်တို့ အမိုက်မဲခံပြီး မလုပ်ဘူး။

ရည်းစားထားတာက အိမ်ထောင်ဘက်အကြိုရွေးချယ်ခြင်းတစ်မျိုး။ ဘာတဲ့?
*အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရည်စုပ်ထိုး၊ တိုက်ကြက်မျိုးစပ်၊ ဤလေးရပ် ချက်မပိုင်၊ နောင်ပြင်ရန် ခက်သည့်အမျိုး* တဲ့။
အခုခေတ်မှာ ချစ်လိုက်၊ ကြိုက်လိုက်၊ ညားလိုက်၊ ကွဲလိုက်နဲ့ အိမ်ထောင်ပြုတာကို လွယ်လွယ်တွေးကြပေမဲ့ ညီရဲရင့်တို့ အဲဒါမျိုးတော့အားမပေးပါ။ ရည်းစားများရင်များမယ်၊ အိမ်ထောင်ဆက်မများချင်ဘူး။
ဘုရားတည်တယ်ဆိုတာလည်း အားလုံးပြီးမှ မတင့်တယ်ပါဘူးဆိုပြီး ပြုပြင်လို့ရရိုးမရှိခဲ့ပါ။
စုပ်ထိုးတာ၊ အခုကတော့ Tattoo ထိုးတာက Laser နဲ့ဖျက်လို့ရနေပါပြီ။
တိုက်ကြက်မျိုးစပ်ရာမှာက မျိုးမစစ်လိုက်တာနဲ့ သုံးစားမရတဲ့ကြက်ပေါ ဖြစ်သွားနိုင်သည်လေ။

ဤသို့သောအရာရာများကို အကြောင်းပြု၍ ညီရဲရင့်တစ်ယောက် ရည်းစားများသည်ဟု ကျော်ကြားလေသတည်း။

ရည်းစားများသာ တစ်ယောက်ပြီးတစ်ယောက်ပြောင်းသွားသည်။ မပြောင်းမလဲ သူ့အနားအမြဲရှိတတ်သည်က ခေသုတ။
အတူသွား၊ အတူလာ အတူတူသောင်းကျန်းနေချိန်မှာ သူဟာငယ်သူငယ်ချင်း။
ရည်းစားတွေနဲ့ ပြဿနာတက်လို့ အပူကပ်ဖြေရှင်းခိုင်းနေရချိန်မှာ သူဟာညီအစ်ကို။
ကျောင်းကိစ္စ၊ စာကိစ္စ ကိုယ်လွတ်သမျှကို လိုက်ကြည့်ပေးနေချိန်မှာ သူဟာအုပ်ထိန်းသူ။
စိတ်မရှည်တတ်လွန်းလို့ နည်းနည်းလေးစနောက်လိုက်တာနဲ့ ဆွေ့ဆွေ့ခုန်နေချိန်မှာ သူဟာကလေးတစ်ယောက်။

အခုလည်း ဒေါသထွက်ပြီး ဘာမှမစားတော့ဘဲထသွားသူနောက် အပြေးလိုက်ရင်း

"သုတ! ခဏစောင့်ဦးလေ။ သုတရေ၊ ကလေးရေ"

ညီရဲရင့်စကားကြောင့် ခေသုတ ချက်ချင်းကိုပြန်လှည့်ပြီး

"ခွေးကောင်! ဘယ်မလဲကလေး?"

"အင်း၊ ကလေး ... ဘယ်မလဲ ခွေး?"

"မသာကောင်၊ သေဖို့ပြင်ထား"

လက်သီးတပြင်ပြင်နဲ့ လိုက်ဖမ်းနေတဲ့ ခေသုတရယ်၊ စပ်ဖြဲဖြဲရုပ်နဲ့ ခြံထဲပတ်ပြေးနေပါသော ညီရဲရင့်ရယ်၊ မနက်ပိုင်း အပင်ရေဖြန်းထားလို့ အနည်းငယ်စိုနေပါသော သံမံတလင်းရယ်အတွေ့တွင် ...

*ဗုန်း*

"အား!"

နှစ်ပေါင်းများစွာကွဲကွာနေသော သွေးသားရင်းချာများ ပြန်ဆုံတွေ့ကြသည့်အလား သံမံတလင်းကို အားပါးတရ ပစ်လှဲနှုတ်ဆက်လိုက်သော ညီရဲရင့်ပါလေ။

အောင့်သွားတဲ့ခါးရယ် မူးနောက်သွားတဲ့ခေါင်းရယ် သံမံတလင်းနဲ့တိုက်ဆွဲသွားတဲ့လက်ရယ် အတော်လေးကို အီစိမ့်သွားရပါတယ် ပြန်မထနိုင်တော့ပါ တစ်ကယ်ကိုနာတာပါ မျက်ရည်များပင်ကျချင်လာသည် ထိုအချိန်အနားကိုအပြေးရောက်လာသူက သုတ ခေသုတပင်

ရုတ်တစ်ရက် ပစ်လဲသွားသည့်ရဲရင့်အား သုတကြောင်ကြည့်နေမိပါသည် နောက်တော့မှသတိဝင်လာပြီး အနားကိုအပြေးသွားလိုက်မိသည် ခြေပစ်လက်ပစ်လဲကျသွားသည်မို့ အတော်ကိုနာသွားမည်မှာအသေအချာပင်

"ရဲရင့်  အဆင်ပြေရဲ့လား"

"အီးးဟီးးသုတ နာတယ် ဟီးးတစ်ကယ်နာတယ် ဟီးးး"

သုတရဲ့မေးသံအဆုံး ဟီးးးကနဲငိုချလိုက်သည့်ရဲရင့်ရယ်ပါ သုတရင်ထဲ အတော်ပင်နာကျင်သွားရသည် ရဲရင့်ငိုသံတို့ကသူ့ရင်အား အစိမ်းလိုက်ခွဲနေသည်နှယ်  ရှိုက်ငိုနေရင်း ကိုယ့်ထံလက်ကမ်းပေးလာပါသော ရဲရင့်အား အသာပွေ့ချီကာ အိမ်ထဲဝင်လာခဲ့လိုက်သည်

ရုတ်တစ်ရက်ပွေ့ချီခံလိုက်ရသောရဲရင့်မှာလည်း  ငိုနေသည်ပင် တိကနဲရပ်သွားကာ ပါးစပ်လေးဟလျက် ခေသုတရင်ခွင်ထဲအလိုက်သင့်လေးပါသွားတော့သည် ခေသုတဟာ တစ်ခါတစ်ရံမှာတော့ ကိုယ်ရံတော်တစ်ယောက်လိုပါပင်

အော်သံဆူသံတွေကြားလိုက်ရတဲ့ ရဲရင့်မိခင်မှာလည်း အိမ်ရှေ့ပြေးထွက်လာတော့ မြင်လိုက်ရသည်က သားတော်မောင်အား ပွေ့ချီလျှက် အိမ်ထဲဝင်လာသည့် သုတလေး

"ဘာဖြစ်ကြတာလဲ ဟေ ဟဲ့ ကလေးတွေ ဘာဖြစ်ကြတာလဲ"

သုတ ရဲရင့်ကိုယ်လေးအား ဧည့်ခန်းကခုံလေးပေါ်အသာအယာလေးထိုင်စေလိုက်သည်။

"ခဏထိုင်နေနော် ဆေးလိမ်းပေးမယ် "

"အင်း ဟင့် ရေတိုက်ဦး"

"အေး ခဏလေး"

သူမအမေးကို အဖတ်မလုပ် ရဲရင့်ကိုသာ စကားပြောနေသောသုတ
တစ်အီအီငိုနေသောရဲရင့် ဒီကလေးနှစ်ယောက် ကိုယ့်ကိုရှိတယ်လို့တောင်ထင်ကြရဲ့လားမသိ

"ဟဲ့ ငါမေးနေတယ်လေ "

"ချော်လဲတာတီလေး "

"အမလေးဟယ် ဖြစ်ရမယ် နင်တို့ဟာလေ ငါစိတ်ညစ်ပါတယ်"

"နာပါတယ်ဆို မေမေကလည်း ဟီးးအီးးး"

"အေးပါဟယ် မငိုနဲ့တိတ် မေမေဆေးလိမ်းပေးမယ် ဘယ်နားတွေထိသွားလဲ ပြစမ်း မေမေ့ကို"

"ခေါင်းရော ခါးရော လက်ရောပဲ "

"အငြိမ်မှမနေတာ သားရယ် ဆေးလိမ်းပေးမယ်နော်"

"ရတယ် သုတလိမ်းပေးမှာ ဟိုမှာ သုတလာပြီ သူလိမ်းပေးမှာ "

"အေး ပြီးရော မေမေ ဟင်းအိုးချက်နေရင်တန်းလန်းနဲ့ထွက်လာတာ ဆေးလိမ်းကြနော် ပြီးရင် ကျောင်းသွားကြဦးမှာလား"

"သွားမှာတီလေး ဒီနေ့ ကျူတိုရီရယ်ရှိတယ်"

"အေးအေး ဂရုစိုက်ကြစမ်းပါအေ ကလေးတွေလဲမဟုတ်တော့ဘူး"

ဗျစ်တောက်ဗျစ်တောက်နဲ့ပြောရင်း အန်တီနှင်း မီးဖိုခန်းထဲဝင်သွားတော့မှ သုတရဲ့ရင့်အနားမှာဝင်ထိုင်လိုက်ပြီး

"လက်ကပွန်းသွားတာပဲ ဆေးထည့်ပေးမယ် အရက်ပြန်စွတ်ဦးမှာနော် စပ်မယ် "

"အင်း ပါ ငါယောကျာ်းပါဟ"

"အေးပါ ယောကျာ်းမို့ ငိုလိုက်တာပြဲနေတာပဲ"

"မင်းနော် မင်း အားးးဟေ့ကောင့် သေမလို့ တစ်အားလုပ်ရတာလဲ စပ်လိုက်တာ သူ့အသားမဟုတ်တိုင်း အားးလားးစပ်တယ်ဟ"

"အနာကို အရက်ပြန်စွတ်မှတော့စပ်တာပေါ့ "

"ခေါင်းလဲ မူးတယ် သုတ"

"အင်းခေါင်းက ကွဲမသွားလို့တော်သေးတယ် ကြပ်ထုပ်ထိုးရမယ် ခါးကိုတော့ Voltexလိမ်းပေးမယ်"

"အင်း"

အားလုံးပြီးသွားတော့မှ ကျောင်းဆီသို့ ထွက်လာကြရတော့တယ်
ကျောင်းရဲ့ကားရပ်တဲ့နေရာမှာ သူတို့ကားလေးကိုရပ်လိုက်ပြီး ကားပေါ်ကဆင်းလာခဲ့ကြပါတယ် အင်း ဒီနေ့တော့ အရင်နေ့တွေကထက် သူတို့၂ယောက်ကို လူတွေပိုကြည့်နေမှာအသေအချာပင် ဘာလို့ဆို သုတက ရဲရင့်အိတ်ကိုပါယူလွယ်ထားပြီး ရဲရင့်ကတော့ သုတလက်မောင်းကိုခိုထားရင်း ပုခုံးပေါ်ခေါင်းမှီပြီး လမ်းလျှောက်လာကြခြင်းပင်
ကျောင်းသူ/သား တွေရဲ့အတွေးထဲမှာတော့ ညီရဲရင်နဲ့ခေသုတ ဘာတွေအထူးအဆန်းလုပ်ကြဦးမလဲမသိဘူးဟူ၍ပင် ပြိုင်တူတွေးလိုက်ကြလေရဲ့...

"""""""""""""""""""""""""""""
by Jay & Demon
© Demon ,
книга «Zippy Amor (Lively Friendship)».
Коментарі