Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30): Final
Chapter (16)
"အဆင္ေျပလား ရဲရင့္? Pain Killer က ေသာက္တိုင္းေကာင္းတာမဟုတ္ဘူး။ အရမ္းနာလာမွပဲ ေသာက္ေတာ့ေနာ္"

"အရမ္းမဆိုးပါဘူးကြ။ ခ်က္ခ်င္းေဆးလိမ္းလိုက္တာဆိုေတာ့ အရမ္းႀကီးလည္း နာလာမယ္မထင္ဘူး"

"အင္း၊ ငါက တိမ္ယံထရပ္လိုက္တာကို မေရွာင္လိုက္ႏိုင္ဘူးျဖစ္သြားတာ။ ဪ၊ အဲဒီကေလးေရာ?"

"ျပန္ထြက္သြားၿပီေနမွာ"

"အင္းပါ။ ေရးစရာရွိတဲ့စာေတြကို ငါပဲေရးလိုက္မယ္"

"အင္း"

¤

အား!!! ျဖစ္ေနလိုက္ၾကတာ၊ လူတစ္ေယာက္လံုးမတ္တပ္ႀကီးကို မျမင္ၾကေတာ့ဘူးလား။ ကိုသုက ညီရဲရင့္ဆိုတာနဲ႔တင္ ဘာမွမျမင္ႏိုင္ေအာင္ ျဖစ္ေနေတာ့တာ။ ရင္ထဲမြန္းက်ပ္လိုက္တာ။

တိမ္ယံတစ္ေယာက္တည္း စိတ္ေတြကေယာက္ကယက္ႏွင့္ ထိုင္မရ၊ ထမရျဖစ္ေနစဥ္ WiFi မိေနေသာဖုန္းမွ ဆက္တိုက္ဝင္ေနေသာ တေတာင္ေတာင္အသံေတြေၾကာင့္ စိတ္တိုတိုႏွင့္ ဖုန္းကိုစက္ပိတ္ပစ္လိုက္မိသည္။ စိတ္ကမၿငိမ္ဘဲ မ်က္ရည္ကပါက်လာသည္ေၾကာင့္ ခုတင္ေပၚပစ္လွဲလိုက္ေတာ့ မငိုခ်င္ပါဘူးဟု တင္းထားသည္တို႔က ထိန္းမရေတာ့ပါ။ ဘယ္ေလာက္ၾကာသြားသည္မသိ တံခါးေခါက္သံၾကားကာမွ ပတ္ဝန္းက်င္ကို သတိရမိေတာ့သည္။

"ယံေလးေရ၊ တိမ္ယံ"

အိပ္ခ်င္ေယာင္ေဆာင္ကာ ျပန္မထူးဘဲေနမည့္ တိမ္ယံ့အေတြးတို႔က ေခသုတအသံအၾကားမွာတင္ ၾကက္ေပ်ာက္၊ ငွက္ေပ်ာက္။ မ်က္ရည္ေတြသုတ္ပစ္လိုက္ရင္း

"လာၿပီ ကိုသု။ ခဏေလးေနာ္"

မွန္ေရွ႕သြားၿပီး မ်က္ရည္ေတြသုတ္ကာ ကိုယ့္မ်က္ႏွာကိုယ္ၾကည့္မိသည့္တိမ္ယံ မ်က္ေမွာင္က်ံဳ႕သြားၿပီးမွ ျပံဳးမိျပန္ပါသည္။ မ်က္စိနီေနတာကို သုတျမင္သြားေတာ့လည္း ေကာင္းတာပါပဲဆိုသည့္ အေတြးမ်ိဳးႏွင့္။ ခုတင္ေပၚကိုေတာ့ စာအုပ္အခ်ိဳ႕ႏွင့္ေဘာပင္ကို ပစ္တင္ထားလိုက္ၿပီး တံခါးသြားဖြင့္၍

"ကိုသု"

"အင္း၊ မုန္႔လာပို႔တာ။ ဘာလုပ္ေနတာလဲ?"

တိမ္ယံအခန္းတံခါးကို အဆံုးထိဖြင့္လိုက္ၿပီး

"စာလုပ္ေနတာပါ"

သုတက အခန္းထဲလွမ္းၾကည့္လိုက္ၿပီး တိမ္ယံဆီအၾကည့္ျပန္ေရာက္ကာ

"ေရာ့၊ စာၾကည့္ရင္းစားေလ။ မင္းမ်က္စိေတြနီေနတယ္၊ ေနမေကာင္းဘူးလား?"

"ဟုတ္၊ အဲဒါ ..."

"ယံေလး၊ အေခြၾကည့္မလား? Drama & Romance ပဲ ႀကိဳက္တာဆို? သုတရဲ႕စာအုပ္စင္ေပၚက ပံုးထဲမွာ ရွိတယ္။ အဲ ... မ်က္စိေတြနီေနတာပဲ။ ႐ုပ္ရွင္အၾကည့္မ်ားၿပီး လိုက္ငိုေနတာထင္တယ္"

သုတရဲ႕အေနာက္ကေန ရဲရင့္ေရာက္လာၿပီးေျပာေန၍ သုတကလွည့္ၾကည့္ၿပီး

"ဟာ၊ ဘာလို႔ အဲဒီလက္ကေန ကိုင္လာျပန္တာလဲ? ယံေလး ေရာ့၊ ယူလိုက္ဦး"

အခုထိ သုတလက္ထဲကိုင္ထားဆဲ မုန္႔ပန္းကန္ကို တိမ္ယံလက္ထဲထည့္ေပးၿပီး ရဲရင့္ဆီက ေကာ္ဖီခြက္ႏွစ္ခြက္ကို ဆြဲယူလိုက္သည္။ ရဲရင့္က

"ပူမယ္"

"ရၿပီ။ အဲဒီလက္က မသံုးနဲ႔ဦး။ ေနစမ္းပါဦး၊ စင္ေပၚကပံုးထဲမွာ Drama ေခြေတြရွိလို႔လား ရဲရင့္?"

"ရွိတယ္ေလ၊ ဟိုတေလာကမွ ငါယူလာတာေတြထဲ ပါတယ္"

ညီရဲရင့္ေျပာလာေတာ့မွ သုတက တိမ္ယံဘက္လွည့္ကာ

"ယံေလး၊ ရွိတယ္တဲ့။ ၾကည့္ခ်င္ရင္ ယူၾကည့္လို႔ရတယ္"

"ၾကည့္ၿပီးရင္ေတာ့ ငိုမေနနဲ႔ေနာ္။ မ်က္စိေတြနီေနၿပီ"

ညီရဲရင့္တို႔က အခ်ိန္ကိုက္ကိုေမႊေနေသာေၾကာင့္ တိမ္ယံစိတ္မၾကည္ေတာ့ပါ။ ခုနကအထိ ေနမေကာင္းဘူးလားေမးေနေသာ သုတကလည္း သူ႔အခန္းထဲ ဘာရွိလို႔ရွိမွန္းမသိဘဲ ရဲရင့္ေျပာမွသာ သိရသည္တဲ့ေလ။

"ဟုတ္၊ ကိုသုတို႔ စာလုပ္ေနၾကတာလား? ယံတစ္ေယာက္တည္းစာလုပ္ရင္း အိပ္ငိုက္လို႔ မ်က္စိေတြနီေနတာ။ ကိုသုတို႔ဆီလာခဲ့မယ္၊ ရတယ္မဟုတ္လား?"

"အင္း၊ ရတယ္။ ဒီလိုလုပ္၊ ကိုယ္တို႔ အေရွ႕ကဧည့္ခန္းထဲ စာလုပ္လို႔ရတာပဲ။ အခန္းထဲက က်ဥ္းေနမွာ။ ယံေလး စာအုပ္ေတြယူၿပီး လာခဲ့ေလ"

"ဟုတ္ကဲ့"

ဧည့္ခန္းထဲ စာထိုင္လုပ္ေနၾကရင္း

"ရဲရင့္၊ ငါေျပာေနတယ္ေလ မေရးနဲ႔လို႔။ ငါေရးလိုက္မယ္"

"ဟာ၊ အဲဒီစာအုပ္အထူႀကီးက ... ေနစမ္း၊ ငါယူေပးမယ္။ မင္းဖုန္းထဲ Dictionary မရွိလို႔လား? အထူႀကီးကို လွမ္းဆြဲေနတယ္။ အဲဒါကို ဘယ္လက္နဲ႔ယူပါလား"

"လက္ေထာက္မိမယ္ေလ၊ ဒီတစ္ညေလးေလာက္ေတာ့ အဲဒီလက္ကို ၿငိမ္ၿငိမ္ေလးထားပါကြာ"

"ေဟ့ေကာင္၊ ခံုကိုမဆြဲနဲ႔ေလ။ ဖယ္ေပး၊ ငါဆြဲေပးမယ္"

ကိုသုရယ္၊ ဘယ္လိုေတြစိုးရိမ္ေနတာလဲ? အဲဒီလက္က အရမ္းႀကီးလည္း မဆိုးေသးပါဘူး။ ျမင္ေန၊ ၾကားေနရတာ ရင္ဘတ္ထဲကေအာင့္တယ္။ ဘယ္တတ္ႏိုင္မလဲ၊ အခန္းထဲမွာ ႏွစ္ေယာက္တည္းျဖစ္ေနမွာထက္ေတာ့ အခုအေျခအေနက သာပါတယ္ေလ။ ကိုယ္ခ်စ္ရတဲ့သူက တျခားတစ္ေယာက္အေပၚ သည္းသည္းလႈပ္ေနတာကို ရင္နာနာနဲ႔ထိုင္ၾကည့္ေနရတာက လြဲလို႔ေပါ့။
ခင္ဗ်ားေတာ္ပါတယ္၊ ကိုညီရဲရင့္။

"ကိုသု၊ ဒီပုစၧာေလးတစ္ခ်က္ၾကည့္ေပးပါလား?"

"အင္း၊ အဲဒါက ဒီလို ..... ။ အဆင္ေျပလား၊ နားလည္လား?"

"ဒီနားကက်ေတာ့ေလ၊ ဘယ္လိုျဖစ္တာလဲ?"

ရွင္းျပေနသည္ကို နားမလည္သလိုႏွင့္ သုတအနားတိုးကပ္လိုက္ေသာ တိမ္ယံကို ရဲရင့္အျမင္မၾကည္ေတာ့ပါ။ အရမ္းမခက္ခဲသည့္စာကို လွည့္ပတ္ေမးေနသည္က သိသာလြန္းေနၿပီ။

"အဲဒါက ... အဲ၊ ရဲရင့္ေရ လာၾကည့္ေပးပါလား။ တြက္စာက မင္းပိုရတာေလ"

"အင္း၊ လာၿပီ။ ငါ့ကိုေလ ဒီစာအုပ္ေတြ ျပဳတ္ထြက္ေနတာေလး ျပန္ခ်ဳပ္ေပးပါလား"

"အိုေခ၊ အခန္းထဲက စတပ္ပလာအႀကီးသြားယူလိုက္ဦးမယ္"

"အင္း။ ယံေလး၊ ကိုယ့္ကို ဟိုဘက္ကဖတ္စာအုပ္ေလး လွမ္းလိုက္။ ေတြ႕ၿပီ၊ ဒီမွာေတြ႕လား Example 4, အဲဒါနဲ႔ ဂဏန္းေလးပဲကြာတာ။ ၾကည့္ၾကည့္လိုက္၊ မသိတဲ့ေနရာရွိရင္ ျပန္ေမးေလ"

ဘယ္လိုလဲ ေကာင္ေလး။ ငါတို႔ကို တမင္ေႏွာင့္ယွက္ခ်င္တာမဟုတ္လား? အခု ကိုယ့္အေျခအေနကိုယ္ သိသင့္တယ္ထင္တယ္ေနာ္။ မင္းသာ ကန္႔လန္႔မတိုက္ရင္ ငါလည္း ဒီလိုေတြလုပ္စရာမလိုဘူးေလ။ တြက္စာနဲ႔ပတ္သက္ရင္ သိပ္အလုပ္လုပ္တဲ့ဦးေႏွာက္က ဒီလိုေနရာမွာ အသံုးဝင္တယ္။ တြက္ခ်က္ရတာမုန္းတဲ့ သုတေလးကိုသာ မင္းရစ္လို႔ရမယ္၊ ငါ့ကိုလာမလုပ္နဲ႔။

တိမ္ယံတစ္ေယာက္ ၾကားကေနမသိမသာဝင္ေျပာလိုက္ရင္း ရဲရင့္က ဖယ္ထုတ္လိုက္ရင္းႏွင့္ပင္ ၾကားကေခသုတ မသိလိုက္ရပါဘဲ ဧည့္ခန္းသည္လည္း စစ္တလင္းျဖစ္မွန္းမသိ ျဖစ္ေနရပါေတာ့သည္။
အားလံုးသိမ္းဆည္းၿပီး အိပ္ရာဝင္မယ္ျပင္ေတာ့ သုတနဲ႔အတူအိပ္မည္ဆိုကာ ရဲရင့္ကအရင္ အခန္းထဲဝင္သြားသည္မို႔ တိမ္ယံမွာ ကိုယ့္အခန္းထဲသို႔ ေအာင္ျမင္စြာတပ္ဆုတ္ခဲ့ရျပန္သည္။

အခန္းထဲေရာက္ေတာ့မွ ခုနကပိတ္ထားမိသည့္ဖုန္းကို တိမ္ယံဖြင့္ၾကည့္မိေတာ့ စာဝင္သမၽွေတြသည္ ဝဏၰတို႔ႏွင့္ Group Chat ရယ္၊ အရင္ေက်ာင္းတုန္းက သူငယ္ခ်င္းေတြရယ္အျပင္ Message Request တစ္ေစာင္ပါရွိေန၍ ဖြင့္ၾကည့္မိေတာ့ Profile Picture မွာ အထင္းသားျမင္ေနရသည္က ကိုထူးျမတ္။ Friend Request ရွိမေနဘဲ စာပို႔လာ႐ံုသက္သက္ႏွင့္ေတာ့ တိမ္ယံအဖက္မလုပ္ခ်င္။
ေတြးေနတုန္းပင္ တိုက္တိုက္ဆိုင္ဆိုင္ စာထပ္ပို႔လာသည္က

'ခ်ာတိတ္၊ Friend Request အရင္မေရာက္လို႔ တစ္မ်ိဳးမေတြးနဲ႔ေနာ္။ ကိုယ္ Request ပိတ္ခံထားရတယ္။ မင္းအေကာင့္ကို သုတတို႔ဆီကေနေတြ႕လို႔ စာပို႔လိုက္တာ' တဲ့။

အဲဒီလူႀကီး ဘယ္ေလာက္ေတာင္ လိုက္ Add ေနလို႔ ပိတ္ခံထားရတာလဲမွမသိတာ။

တိမ္ယံအေတြးႏွင့္အတူ လက္က ထူးျမတ္အေကာင့္ထဲကို ဝင္ၾကည့္မိၿပီးသားျဖစ္ေနပါသည္။ Public Post ေတြနဲ႔ခ်ည္းျပည့္ေနၿပီး သူငယ္ခ်င္းေပါင္းစံုႏွင့္ စေနာက္ထားပံုအရ ပြင့္လင္းၿပီးခင္တတ္ပံုပင္။ ထူးျမတ္၏ Profile Picture ကို Like လုပ္လိုက္ၿပီးမၾကာပါ၊ စာထပ္ဝင္လာပါသည္။

'ရွိေနတာကို Message Request ေလးေတာင္ လက္မခံဘူး။ ေခ်လိုက္တာကြာ။ ခင္ဗ်ားေလးက PP ေတာင္ Public မလုပ္ထားဘူးေနာ္။ ကပ္ေစးနည္းေလး'

တိမ္ယံတမင္ရြဲ႕ၿပီး ဘာမွျပန္မေျဖမိပါ။

¤

"ညီရဲရင့္! ဘာကိစၥ ပတ္တီးျဖည္လိုက္ျပန္တာလဲ?"

"ၾကည့္ဦး ဒီမွာ၊ ဘာမွမျဖစ္ဘူး။ ေဆးလည္း အပူရွိန္မရွိေတာ့ဘူးေလ။ အဲဒါေၾကာင့္ျဖည္တာပါ"

"ေဆးထပ္လိမ္းေပးမယ္"

"အိပ္ရာထဲ ေဆးနံ႔ေတြစြဲေနမယ္ေလကြာ"

"မင္းလက္က ..."

"သုတ၊ စကားေတြမ်ားတယ္ကြာ။ ခဏေလာက္ေလး ပါးစပ္ပိတ္ထားေပး"

"ငါက ..."

"ငါ့ကိုစိတ္ပူတာလား? ဘာျဖစ္လို႔လဲ?"

"ငယ္ငယ္ကတည္းကေန အခုအခ်ိန္ထိ ငါတို႔သံေယာဇဥ္က နည္းလို႔လားကြာ။ စိတ္မပူရဘူးလား?"

"သုတ၊ ဒီနားလာခဲ့ကြာ"

စာအုပ္ေတြသိမ္းေနေသာသုတကို ခုတင္ေပၚထိုင္ေနတဲ့ရဲရင့္က လွမ္းေခၚေန၍ သုတတစ္ေယာက္ ခုတင္နားလာရပ္ေတာ့

"ငါေျပာတာ ေသခ်ာနားေထာင္ေနာ္။ ငါအတည္ေျပာမလို႔"

သုတလက္ေလးကိုကိုင္ကာ ညီရဲရင့္ေမာ့ၾကည့္လာေတာ့ ေခသုတတို႔ ၿငိမ္က်သြားသည္။

"ဘာလဲ ရဲရင့္၊ မင္းက ဘာျဖစ္တာလဲ?"

"ငါ မင္းကိုခ်စ္တယ္"

""""""""""""""""""""""""

"အဆင်ပြေလား ရဲရင့်? Pain Killer က သောက်တိုင်းကောင်းတာမဟုတ်ဘူး။ အရမ်းနာလာမှပဲ သောက်တော့နော်"

"အရမ်းမဆိုးပါဘူးကွ။ ချက်ချင်းဆေးလိမ်းလိုက်တာဆိုတော့ အရမ်းကြီးလည်း နာလာမယ်မထင်ဘူး"

"အင်း၊ ငါက တိမ်ယံထရပ်လိုက်တာကို မရှောင်လိုက်နိုင်ဘူးဖြစ်သွားတာ။ ဪ၊ အဲဒီကလေးရော?"

"ပြန်ထွက်သွားပြီနေမှာ"

"အင်းပါ။ ရေးစရာရှိတဲ့စာတွေကို ငါပဲရေးလိုက်မယ်"

"အင်း"

¤

အား!!! ဖြစ်နေလိုက်ကြတာ၊ လူတစ်ယောက်လုံးမတ်တပ်ကြီးကို မမြင်ကြတော့ဘူးလား။ ကိုသုက ညီရဲရင့်ဆိုတာနဲ့တင် ဘာမှမမြင်နိုင်အောင် ဖြစ်နေတော့တာ။ ရင်ထဲမွန်းကျပ်လိုက်တာ။

တိမ်ယံတစ်ယောက်တည်း စိတ်တွေကယောက်ကယက်နှင့် ထိုင်မရ၊ ထမရဖြစ်နေစဉ် WiFi မိနေသောဖုန်းမှ ဆက်တိုက်ဝင်နေသော တတောင်တောင်အသံတွေကြောင့် စိတ်တိုတိုနှင့် ဖုန်းကိုစက်ပိတ်ပစ်လိုက်မိသည်။ စိတ်ကမငြိမ်ဘဲ မျက်ရည်ကပါကျလာသည်ကြောင့် ခုတင်ပေါ်ပစ်လှဲလိုက်တော့ မငိုချင်ပါဘူးဟု တင်းထားသည်တို့က ထိန်းမရတော့ပါ။ ဘယ်လောက်ကြာသွားသည်မသိ တံခါးခေါက်သံကြားကာမှ ပတ်ဝန်းကျင်ကို သတိရမိတော့သည်။

"ယံလေးရေ၊ တိမ်ယံ"

အိပ်ချင်ယောင်ဆောင်ကာ ပြန်မထူးဘဲနေမည့် တိမ်ယံ့အတွေးတို့က ခေသုတအသံအကြားမှာတင် ကြက်ပျောက်၊ ငှက်ပျောက်။ မျက်ရည်တွေသုတ်ပစ်လိုက်ရင်း

"လာပြီ ကိုသု။ ခဏလေးနော်"

မှန်ရှေ့သွားပြီး မျက်ရည်တွေသုတ်ကာ ကိုယ့်မျက်နှာကိုယ်ကြည့်မိသည့်တိမ်ယံ မျက်မှောင်ကျုံ့သွားပြီးမှ ပြုံးမိပြန်ပါသည်။ မျက်စိနီနေတာကို သုတမြင်သွားတော့လည်း ကောင်းတာပါပဲဆိုသည့် အတွေးမျိုးနှင့်။ ခုတင်ပေါ်ကိုတော့ စာအုပ်အချို့နှင့်ဘောပင်ကို ပစ်တင်ထားလိုက်ပြီး တံခါးသွားဖွင့်၍

"ကိုသု"

"အင်း၊ မုန့်လာပို့တာ။ ဘာလုပ်နေတာလဲ?"

တိမ်ယံအခန်းတံခါးကို အဆုံးထိဖွင့်လိုက်ပြီး

"စာလုပ်နေတာပါ"

သုတက အခန်းထဲလှမ်းကြည့်လိုက်ပြီး တိမ်ယံဆီအကြည့်ပြန်ရောက်ကာ

"ရော့၊ စာကြည့်ရင်းစားလေ။ မင်းမျက်စိတွေနီနေတယ်၊ နေမကောင်းဘူးလား?"

"ဟုတ်၊ အဲဒါ ..."

"ယံလေး၊ အခွေကြည့်မလား? Drama & Romance ပဲ ကြိုက်တာဆို? သုတရဲ့စာအုပ်စင်ပေါ်က ပုံးထဲမှာ ရှိတယ်။ အဲ ... မျက်စိတွေနီနေတာပဲ။ ရုပ်ရှင်အကြည့်များပြီး လိုက်ငိုနေတာထင်တယ်"

သုတရဲ့အနောက်ကနေ ရဲရင့်ရောက်လာပြီးပြောနေ၍ သုတကလှည့်ကြည့်ပြီး

"ဟာ၊ ဘာလို့ အဲဒီလက်ကနေ ကိုင်လာပြန်တာလဲ? ယံလေး ရော့၊ ယူလိုက်ဦး"

အခုထိ သုတလက်ထဲကိုင်ထားဆဲ မုန့်ပန်းကန်ကို တိမ်ယံလက်ထဲထည့်ပေးပြီး ရဲရင့်ဆီက ကော်ဖီခွက်နှစ်ခွက်ကို ဆွဲယူလိုက်သည်။ ရဲရင့်က

"ပူမယ်"

"ရပြီ။ အဲဒီလက်က မသုံးနဲ့ဦး။ နေစမ်းပါဦး၊ စင်ပေါ်ကပုံးထဲမှာ Drama ခွေတွေရှိလို့လား ရဲရင့်?"

"ရှိတယ်လေ၊ ဟိုတလောကမှ ငါယူလာတာတွေထဲ ပါတယ်"

ညီရဲရင့်ပြောလာတော့မှ သုတက တိမ်ယံဘက်လှည့်ကာ

"ယံလေး၊ ရှိတယ်တဲ့။ ကြည့်ချင်ရင် ယူကြည့်လို့ရတယ်"

"ကြည့်ပြီးရင်တော့ ငိုမနေနဲ့နော်။ မျက်စိတွေနီနေပြီ"

ညီရဲရင့်တို့က အချိန်ကိုက်ကိုမွှေနေသောကြောင့် တိမ်ယံစိတ်မကြည်တော့ပါ။ ခုနကအထိ နေမကောင်းဘူးလားမေးနေသော သုတကလည်း သူ့အခန်းထဲ ဘာရှိလို့ရှိမှန်းမသိဘဲ ရဲရင့်ပြောမှသာ သိရသည်တဲ့လေ။

"ဟုတ်၊ ကိုသုတို့ စာလုပ်နေကြတာလား? ယံတစ်ယောက်တည်းစာလုပ်ရင်း အိပ်ငိုက်လို့ မျက်စိတွေနီနေတာ။ ကိုသုတို့ဆီလာခဲ့မယ်၊ ရတယ်မဟုတ်လား?"

"အင်း၊ ရတယ်။ ဒီလိုလုပ်၊ ကိုယ်တို့ အရှေ့ကဧည့်ခန်းထဲ စာလုပ်လို့ရတာပဲ။ အခန်းထဲက ကျဉ်းနေမှာ။ ယံလေး စာအုပ်တွေယူပြီး လာခဲ့လေ"

"ဟုတ်ကဲ့"

ဧည့်ခန်းထဲ စာထိုင်လုပ်နေကြရင်း

"ရဲရင့်၊ ငါပြောနေတယ်လေ မရေးနဲ့လို့။ ငါရေးလိုက်မယ်"

"ဟာ၊ အဲဒီစာအုပ်အထူကြီးက ... နေစမ်း၊ ငါယူပေးမယ်။ မင်းဖုန်းထဲ Dictionary မရှိလို့လား? အထူကြီးကို လှမ်းဆွဲနေတယ်။ အဲဒါကို ဘယ်လက်နဲ့ယူပါလား"

"လက်ထောက်မိမယ်လေ၊ ဒီတစ်ညလေးလောက်တော့ အဲဒီလက်ကို ငြိမ်ငြိမ်လေးထားပါကွာ"

"ဟေ့ကောင်၊ ခုံကိုမဆွဲနဲ့လေ။ ဖယ်ပေး၊ ငါဆွဲပေးမယ်"

ကိုသုရယ်၊ ဘယ်လိုတွေစိုးရိမ်နေတာလဲ? အဲဒီလက်က အရမ်းကြီးလည်း မဆိုးသေးပါဘူး။ မြင်နေ၊ ကြားနေရတာ ရင်ဘတ်ထဲကအောင့်တယ်။ ဘယ်တတ်နိုင်မလဲ၊ အခန်းထဲမှာ နှစ်ယောက်တည်းဖြစ်နေမှာထက်တော့ အခုအခြေအနေက သာပါတယ်လေ။ ကိုယ်ချစ်ရတဲ့သူက တခြားတစ်ယောက်အပေါ် သည်းသည်းလှုပ်နေတာကို ရင်နာနာနဲ့ထိုင်ကြည့်နေရတာက လွဲလို့ပေါ့။
ခင်ဗျားတော်ပါတယ်၊ ကိုညီရဲရင့်။

"ကိုသု၊ ဒီပုစ္ဆာလေးတစ်ချက်ကြည့်ပေးပါလား?"

"အင်း၊ အဲဒါက ဒီလို ..... ။ အဆင်ပြေလား၊ နားလည်လား?"

"ဒီနားကကျတော့လေ၊ ဘယ်လိုဖြစ်တာလဲ?"

ရှင်းပြနေသည်ကို နားမလည်သလိုနှင့် သုတအနားတိုးကပ်လိုက်သော တိမ်ယံကို ရဲရင့်အမြင်မကြည်တော့ပါ။ အရမ်းမခက်ခဲသည့်စာကို လှည့်ပတ်မေးနေသည်က သိသာလွန်းနေပြီ။

"အဲဒါက ... အဲ၊ ရဲရင့်ရေ လာကြည့်ပေးပါလား။ တွက်စာက မင်းပိုရတာလေ"

"အင်း၊ လာပြီ။ ငါ့ကိုလေ ဒီစာအုပ်တွေ ပြုတ်ထွက်နေတာလေး ပြန်ချုပ်ပေးပါလား"

"အိုခေ၊ အခန်းထဲက စတပ်ပလာအကြီးသွားယူလိုက်ဦးမယ်"

"အင်း။ ယံလေး၊ ကိုယ့်ကို ဟိုဘက်ကဖတ်စာအုပ်လေး လှမ်းလိုက်။ တွေ့ပြီ၊ ဒီမှာတွေ့လား Example 4, အဲဒါနဲ့ ဂဏန်းလေးပဲကွာတာ။ ကြည့်ကြည့်လိုက်၊ မသိတဲ့နေရာရှိရင် ပြန်မေးလေ"

ဘယ်လိုလဲ ကောင်လေး။ ငါတို့ကို တမင်နှောင့်ယှက်ချင်တာမဟုတ်လား? အခု ကိုယ့်အခြေအနေကိုယ် သိသင့်တယ်ထင်တယ်နော်။ မင်းသာ ကန့်လန့်မတိုက်ရင် ငါလည်း ဒီလိုတွေလုပ်စရာမလိုဘူးလေ။ တွက်စာနဲ့ပတ်သက်ရင် သိပ်အလုပ်လုပ်တဲ့ဦးနှောက်က ဒီလိုနေရာမှာ အသုံးဝင်တယ်။ တွက်ချက်ရတာမုန်းတဲ့ သုတလေးကိုသာ မင်းရစ်လို့ရမယ်၊ ငါ့ကိုလာမလုပ်နဲ့။

တိမ်ယံတစ်ယောက် ကြားကနေမသိမသာဝင်ပြောလိုက်ရင်း ရဲရင့်က ဖယ်ထုတ်လိုက်ရင်းနှင့်ပင် ကြားကခေသုတ မသိလိုက်ရပါဘဲ ဧည့်ခန်းသည်လည်း စစ်တလင်းဖြစ်မှန်းမသိ ဖြစ်နေရပါတော့သည်။
အားလုံးသိမ်းဆည်းပြီး အိပ်ရာဝင်မယ်ပြင်တော့ သုတနဲ့အတူအိပ်မည်ဆိုကာ ရဲရင့်ကအရင် အခန်းထဲဝင်သွားသည်မို့ တိမ်ယံမှာ ကိုယ့်အခန်းထဲသို့ အောင်မြင်စွာတပ်ဆုတ်ခဲ့ရပြန်သည်။

အခန်းထဲရောက်တော့မှ ခုနကပိတ်ထားမိသည့်ဖုန်းကို တိမ်ယံဖွင့်ကြည့်မိတော့ စာဝင်သမျှတွေသည် ဝဏ္ဏတို့နှင့် Group Chat ရယ်၊ အရင်ကျောင်းတုန်းက သူငယ်ချင်းတွေရယ်အပြင် Message Request တစ်စောင်ပါရှိနေ၍ ဖွင့်ကြည့်မိတော့ Profile Picture မှာ အထင်းသားမြင်နေရသည်က ကိုထူးမြတ်။ Friend Request ရှိမနေဘဲ စာပို့လာရုံသက်သက်နှင့်တော့ တိမ်ယံအဖက်မလုပ်ချင်။
တွေးနေတုန်းပင် တိုက်တိုက်ဆိုင်ဆိုင် စာထပ်ပို့လာသည်က

'ချာတိတ်၊ Friend Request အရင်မရောက်လို့ တစ်မျိုးမတွေးနဲ့နော်။ ကိုယ် Request ပိတ်ခံထားရတယ်။ မင်းအကောင့်ကို သုတတို့ဆီကနေတွေ့လို့ စာပို့လိုက်တာ' တဲ့။

အဲဒီလူကြီး ဘယ်လောက်တောင် လိုက် Add နေလို့ ပိတ်ခံထားရတာလဲမှမသိတာ။

တိမ်ယံအတွေးနှင့်အတူ လက်က ထူးမြတ်အကောင့်ထဲကို ဝင်ကြည့်မိပြီးသားဖြစ်နေပါသည်။ Public Post တွေနဲ့ချည်းပြည့်နေပြီး သူငယ်ချင်းပေါင်းစုံနှင့် စနောက်ထားပုံအရ ပွင့်လင်းပြီးခင်တတ်ပုံပင်။ ထူးမြတ်၏ Profile Picture ကို Like လုပ်လိုက်ပြီးမကြာပါ၊ စာထပ်ဝင်လာပါသည်။

'ရှိနေတာကို Message Request လေးတောင် လက်မခံဘူး။ ချေလိုက်တာကွာ။ ခင်ဗျားလေးက PP တောင် Public မလုပ်ထားဘူးနော်။ ကပ်စေးနည်းလေး'

တိမ်ယံတမင်ရွဲ့ပြီး ဘာမှပြန်မဖြေမိပါ။

¤

"ညီရဲရင့်! ဘာကိစ္စ ပတ်တီးဖြည်လိုက်ပြန်တာလဲ?"

"ကြည့်ဦး ဒီမှာ၊ ဘာမှမဖြစ်ဘူး။ ဆေးလည်း အပူရှိန်မရှိတော့ဘူးလေ။ အဲဒါကြောင့်ဖြည်တာပါ"

"ဆေးထပ်လိမ်းပေးမယ်"

"အိပ်ရာထဲ ဆေးနံ့တွေစွဲနေမယ်လေကွာ"

"မင်းလက်က ..."

"သုတ၊ စကားတွေများတယ်ကွာ။ ခဏလောက်လေး ပါးစပ်ပိတ်ထားပေး"

"ငါက ..."

"ငါ့ကိုစိတ်ပူတာလား? ဘာဖြစ်လို့လဲ?"

"ငယ်ငယ်ကတည်းကနေ အခုအချိန်ထိ ငါတို့သံယောဇဉ်က နည်းလို့လားကွာ။ စိတ်မပူရဘူးလား?"

"သုတ၊ ဒီနားလာခဲ့ကွာ"

စာအုပ်တွေသိမ်းနေသောသုတကို ခုတင်ပေါ်ထိုင်နေတဲ့ရဲရင့်က လှမ်းခေါ်နေ၍ သုတတစ်ယောက် ခုတင်နားလာရပ်တော့

"ငါပြောတာ သေချာနားထောင်နော်။ ငါအတည်ပြောမလို့"

သုတလက်လေးကိုကိုင်ကာ ညီရဲရင့်မော့ကြည့်လာတော့ ခေသုတတို့ ငြိမ်ကျသွားသည်။

"ဘာလဲ ရဲရင့်၊ မင်းက ဘာဖြစ်တာလဲ?"

"ငါ မင်းကိုချစ်တယ်"

""""""""""""""""""""""""

by Demon
© Demon ,
книга «Zippy Amor (Lively Friendship)».
Коментарі