Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30): Final
Chapter (17)
သုတလက္ေလးကိုကိုင္ကာ ညီရဲရင့္ေမာ့ၾကည့္လာေတာ့ ေခသုတတို႔ ၿငိမ္က်သြားသည္။

"ဘာလဲ ရဲရင့္၊ မင္းက ဘာျဖစ္တာလဲ?"

"ငါ မင္းကိုခ်စ္တယ္"

႐ုတ္တရက္ေျပာခ်လိုက္ေသာစကားေၾကာင့္  ပတ္ဝန္းက်င္က ႐ုတ္တရက္တိတ္ဆိတ္သြားကာ လူတစ္ကိုယ္လုံးအပူရွိန္ေတြတက္လာၿပီး နားေတြထဲကလည္း ေလေတြတဝီဝီတိုက္ေနသလို ရင္ခုန္သံတို႔ကလည္း ဝုန္းဒိုင္းၾကဲေနၾကတာ အျပင္ဘက္ကိုေတာင္ ေပါက္ထြက္ေတာ့မယ့္အတိုင္းပင္။

"တကယ္မဟုတ္ဘူး ေခသုတ၊ စိတ္ထိန္း။ မင္းအိပ္မက္မက္ေနတာ။ ဟုတ္တယ္၊ အိမ္မက္ ... အိမ္မက္"

ရင္ထဲကေန မယုံႏိုင္ျခင္းမ်ားစြာနဲ႔ ေအာ္ဟစ္ေနေပမဲ့ ယခုခ်ိန္ထိ ေခသုတ တုတ္တုတ္မလႈပ္၊ ေက်ာက္႐ုပ္တစ္႐ုပ္လိုထိုင္ေနဆဲပင္။

မလႈပ္မယွက္နဲ႔ ေတာင့္ေတာင့္ႀကီးထိုင္ေနေသာသုတေလးေၾကာင့္ ညီရဲရင့္လန္႔သြားရသည္။ ခ်စ္တယ္ေျပာလိုက္မိခါမွ သုတေလးက ကိုယ့္ကိုမုန္းသြားမွာလည္း ေၾကာက္ရေသးသည္။ ခ်စ္ရတဲ့ေကာင္ေလးကိုလည္း သူမ်ားလက္ထဲမထည့္ႏိုင္ေပ။ ဒါေၾကာင့္ အခ်ိန္ဆြဲ၊ အေျခတည္မေနဘဲ ႐ုတ္တရက္ေျပာလိုက္မိျခင္းက သုတေလးအား ယခုေလာက္အထိလန္႔သြားေစဖို႔ မရည္႐ြယ္ခဲ့ရိုးအမွန္ပါ။
ထို႔ေနာက္ ညီရဲရင့္ သုတအနားတိုးကပ္သြားၿပီး နဖူးေလးအား ညင္ညင္သာသာ တစ္ခ်က္နမ္းလိုက္မိသည္။

*ႁပြတ္*

ထို႔ေနာက္...

*ခြပ္* ခနဲျမည္သံနဲ႔အတူ ရဲရင့္တစ္ေယာက္ အေနာက္ကိုလဲက်သြားရသည္။ ပါးေစာင္တစ္ခုလုံး ထုံက်ဥ္သြားျခင္းႏွင့္အတူ ႐ုတ္တရက္ ဘာျဖစ္သြားသည္ကိုပင္မသိလိုက္ရ။

'အထိုးခံလိုက္ရျခင္းပါ။ ေက်ာက္႐ုပ္ေကာင္ကေန ႐ုတ္တရက္အသက္ဝင္ၿပီး ထထိုးလိုက္ျခင္းပါပဲဗ်ာ။ နမ္းမိတာေလးကိုဗ်ာ၊ ပိတ္ထိုးလိုက္တာ အၾကင္နာတရားမရွိခ်က္။ ေခသုတတို႔က ဘယ္လိုမွ Ro လို႔မရတဲ့ေကာင္ဆိုတာ ေမ့သြားတယ္'

"အားး ... နာလိုက္တာကြာ။ ေခသုတရာ၊ မင္းကြာ ရက္စက္လိုက္တာ။ အားး ကြၽတ္ ကြၽတ္၊ ေပါက္သြားၿပီထင္ပါရဲ႕ကြာ"

"ဟို ... ဟို ... အဆင္ေျပရဲ႕လား? ထ ထ၊ လာ"

"ထိုးတုန္းကထိုးၿပီး အခုမွနာသလားတဲ့၊ မင္းပဲေမးတတ္တယ္။ မင္းလက္သံ မင္းအသိဆုံး။ မင္းကငါ့ကို လက္သီးနဲ႔ထိုးတာေလ၊ ပန္းနဲ႔ေပါက္တာမွမဟုတ္တာ။ အား၊ နာလိုက္တာကြာ"

"မင္း ... မင္းက ႐ုတ္တရက္ႀကီး လာ ... လာနမ္းတာကိုး၊ ငါကလန့္သြားတာေပါ့"

"ဪ၊ ေအးပါကြာ။ ငါက ငါ့ခ်စ္စကားေၾကာင့္ မင္းလန္႔သြားတယ္ထင္တာ။ ၿပီးေတာ့ မင္းက လႈပ္မွမလႈပ္ေတာ့တာ။ အဲ့ဒါနဲ႔ ငါကနမ္းလိုက္တာ။ ေျပာပါဦး၊ ငါ့ကိုမခ်စ္ဘူးလားဟင္ သုတေလး။ ငါ့ကိုမခ်စ္လို႔ လက္သီးနဲ႔ထိုးတာမဟုတ္လား?"

"အာ၊ မ ... မဟုတ္ပါဘူး။ မခ်စ္လို႔လက္သီးနဲ႔ထိုးတာ မဟုတ္ပါဘူး"

"ဒါဆို သုတေလးက ငါ့ကိုခ်စ္တယ္ေပါ့၊ ဟုတ္လား?"

"အဲ ... အဲ့ဒါလည္းမဟုတ္ဘူး"

"ဟာ! ဘာလဲကြာ သုတေလးရာ"

"ဟို၊ မင္း ... မင္းကငါ့ကို ႐ုတ္တရက္ႀကီး ခ်စ္တယ္လာေျပာေတာ့ ငါေလ အိပ္မက္လို႔ထင္ေနတာ၊ မယုံဘူး။ အဲဒါ အိပ္မက္ ... အိပ္မက္လို႔ေတြးေနတုန္း မင္းကလာနမ္း .. အဟမ္း! လာနမ္းေတာ့ ငါလန္႔ၿပီး ထိုးလိုက္မိတာ"

"အဲဒါဆို သုတေလးက ငါ့ကို ျပန္ခ်စ္ေပးမွာလားဟင္?"

ရဲရင့္ သုတလက္ေလးႏွစ္ဖက္အားဆုပ္ကိုင္ရင္း ေမးေတာ့  လူ႔ခြစာေလးက သူမဟုတ္တဲ့အတိုင္း အရွက္သည္းလြန္းေနလိုက္တာ၊ မ်က္ႏွာေလးကရဲရဲေလးျဖစ္ေနပုံက အသည္းယားစရာ၊ ေခါင္းေလးေအာက္ငုံ႔ေနပုံကလည္း အူယားစရာေလး၊ ရဲရဲေတာက္ေနတဲ့ နားအဖ်ားေလးေတြက သူဘယ္ေလာက္ရွက္ေနလဲဆိုတာရဲ႕ သက္ေသပဲ။ အသည္းယားလြန္းလို႔ ရင္ခြင္ထဲဆြဲဖက္ထားလိုက္ခ်င္ေပမဲ့ စိတ္လက္တစ္ဆစ္ေလးက ခန္႔မွန္းရအခက္သား။ ေတာ္ၾကာေန ထပ္အထိုးခံရရင္ မျဖစ္၊ အခုေတာင္ တစ္ခ်က္တည္းနဲ႔ အေတာ္အီစိမ့္ေနပါၿပီ။

ေပ်ာ္လားေမးရင္ သုတရင္ခုန္တာေပါ့၊ ေပ်ာ္တာေပါ့။ တိတ္တခိုးခ်စ္ခဲ့ရတဲ့သူက ကိုယ့္ကိုခ်စ္တယ္လို႔ ေျပာလာတာေလ၊ ေပ်ာ္လြန္းလို႔ ထေတာင္ကခ်င္တယ္။ ဒါေပမဲ့ စိုးရိမ္မိတယ္။ အရင္လူေတြလို အေပ်ာ္တြဲခံရမွာ၊ ပစ္ခ်ထားခဲ့ခံရမွာ၊ ခ်စ္တယ္ဆိုၿပီးခါမွထားခဲ့ခံရရင္ သူစိမ္းေတြလိုျဖစ္သြားမွာမ်ိဳးကို သုတမလိုခ်င္ပါ။ ညီရဲရင့္အေၾကာင္း သိေနတာေၾကာင့္ ခ်စ္ေနေပမဲ့ မယုံရဲေသးဘူး။  အခ်ိန္အတိုင္းအတာတစ္ခုထိေတာ့ ေစာင့္ၾကည့္ခ်င္ပါေသးတယ္။

"ဟို ... ဟိုေလ၊ ရဲရင့္"

"ဟင္? အင္း၊ ေျပာေလ"

"ငါ ... ငါ မင္းကိုမယုံရဲဘူးသိလား။ မင္းငါ့ကို စိတ္ကစားတာ၊ ဟိုအရင္လူေတြလို အေပ်ာ္ပဲလားလို႔ ငါစိုးရိမ္တယ္၊ ထားခဲ့ခံရမွာငါေၾကာက္တယ္။ ငါက အတၱႀကီးတယ္။ ငါ့အတြက္ ငါ့အပိုင္ကို ဘယ္သူ႔မွမေပးခ်င္ဘူး။ မင္း ... မင္းကိုလက္ခံၿပီးခါမွ ငါမနာက်င္ခ်င္ဘူး။ ၿပီးေတာ့ မင္းငါ့ကိုထားခဲ့ရင္ ငါ ... ငါမင္းကို သတ္ပစ္မိမွာ ရဲရင့္။  ငါေၾကာက္တယ္။ ငါ ... ငါဘာလုပ္ရမလဲမသိဘူး"

"သုတေလးရာ၊ ငါ့အမွားပါကြာ၊ ငါ့အျပစ္ေတြပါကြာ။ ငါသာမေပြရႈပ္ခဲ့ရင္ မင္း အခုလိုစိုးရိမ္ေနရမွာမဟုတ္ဘူး။ ငါေတာင္းပန္ပါတယ္။ ငါမင္းကို တကယ္ခ်စ္တာပါ။ ယုံပါလို႔ အတင္းမတိုက္တြန္းပါဘူး။ ေစာင့္ၾကည့္ေပးပါ၊ ငါ့ကိုေစာင့္ၾကည့္ေနေပးပါေနာ္။ မင္းအေပၚ ငါဘယ္ေလာက္ထိခ်စ္လဲ၊ ဘယ္ေလာက္ျမတ္ႏိုးလဲဆိုတာကိုေလ အေျပာနဲ႔တင္မဟုတ္ဘဲ ငါ့လုပ္ရပ္ေတြနဲ႔ လက္ေတြ႕သက္ေသျပေပးမွာမို႔ ေစာင့္ၾကည့္ေနေပးပါေနာ္။ မင္းယုံၾကည္လာေအာင္ ငါႀကိဳးစားမွာမို႔ ငါ့ကိုမျငင္းလိုက္ပါနဲ႔ သုတေလးရယ္၊ ေနာ္။ ငါ ... ငါမင္းကို သိပ္ခ်စ္တာ"

"ငါယုံခ်င္ပါတယ္။ ငါ ... ငါစဥ္းစားပါရေစဦးေနာ္၊ ငါ့ကို အခ်ိန္ခဏေတာ့ေပးမယ္မလားဟင္? ငါလည္း ႐ုတ္တရက္ဆိုေတာ့ေလ"

"ငါနားလည္ပါတယ္ကြာ ေနာ္။ စိတ္ရႈပ္စရာေတြ မေတြးနဲ႔ေတာ့ေနာ္။ ဘယ္ေလာက္ၾကာၾကာ ငါကေစာင့္ေနေပးမွာမို႔ အရမ္းမေတြးနဲ႔၊ အိပ္ေတာ့"

"အင္း၊ မင္းလည္းအိပ္ေတာ့ေလ"

"အင္း၊ Goodnight သုတေလး၊ ခ်စ္တယ္"

"အင္း၊ Goodnight"

အိပ္ရာထက္လွဲေနၾကေပမဲ့ သုတေရာ ရဲရင့္ပါ အိပ္မေပ်ာ္ၾကေသးေပ။
 
"သုတေလး"

"ဟင္"

"အိပ္မေပ်ာ္ဘူးလားဟင္?"

"အင္း၊ ငါေလ အေတြးေတြလြန္ေနၿပီ"

"ေလွ်ာက္မေတြးပါနဲ႔ကြာေနာ္"

"ရဲရင့္၊ ငါတို႔ေတြသာ တကယ္လို႔ ခ်စ္သူေတြျဖစ္သြားၾကရင္ေလ ပတ္ဝန္းက်င္ကလူေတြက ဘာေတြေျပာၾကမလဲဟင္? ၿပီးေတာ့ ေမေမတို႔၊ ေဖေဖတို႔ကေရာ လက္ခံပါ့မလား? ငါ ... ငါေၾကာက္တယ္ ရဲရင့္"

"ငါရွိတယ္။ အခုေခတ္မွာေလ LGBT ေတြကို လူအမ်ားစုကလက္ခံလာၾကပါၿပီကြာ။ ၿပီးေတာ့ ေမေမ၊ ေဖေဖတို႔ကလည္း ငါတို႔ကို နားလည္ေပးမွာပါ။  ငါတို႔ကိုလက္ခံလာေအာင္ ႀကိဳးစားရမွာေပါ့ သုတေလးရဲ႕၊ မဟုတ္ဘူးလားဟင္?"

"ဟုတ္ေတာ့ဟုတ္ေပမဲ့ ရဲရင့္ရယ္၊ ေျပာသေလာက္မလြယ္ဘူးေနာ္"

"ငါ့သုတေလးကကြာ၊ အေျဖသာျပန္မေပးေသးတာ ေရွ႕ေရးေတာင္ႀကိဳေတြးေနပါ့လားဟင္"

"ဟာ၊ ဘာမွန္းလဲမသိဘူး။ ငါကမင္းလို အရာရာကိုခပ္ေပါ့ေပါ့ေနတဲ့ေကာင္မွ မဟုတ္တာ။ ဟမ့္၊ ေတာ္ၿပီကြာ၊ အိပ္ေတာ့မယ္"

ရွက္ရမ္းရမ္းၿပီး တစ္ဖက္လွည့္အိပ္သြားတဲ့သုတေလးအား ရဲရင့္က အေနာက္ကေနဖက္လိုက္ၿပီး ပါးေလးတစ္ဖက္အားနမ္းကာ

"ငါ့ကိုယုံၿပီး ငါ့လက္ကိုတြဲလို႔ ရဲရဲသာလိုက္ခဲ့ပါ။ ဘယ္လိုအတားအဆီး၊ အခက္အခဲမဆို ငါကေျဖရွင္းေပးမွာမို႔ ငါ့လက္ကိုသာ ရဲရဲဝံ့ဝံ့ဆုပ္ကိုင္ထားပါ"

တစ္ဖက္လွည့္အိပ္ေနတဲ့ေကာင္ေလးရဲ႕ အၿပဳံးႏုႏုေလးကိုေတာ့ ေနာက္ေက်ာဘက္ကေကာင္ေလး မေတြ႕လိုက္ရေပ။
ဒီညေတာ့ အရင္ညေတြထက္ ပိုလို႔ေကာင္းတဲ့အိပ္မက္ေလးေတြ မက္ႏိုင္ၾကမယ္လို႔ထင္ပါတယ္။ အခန္းထဲက အိပ္မက္ဖမ္းသူေလးေတြကေတာ့ သူတို႔ကိုမလိုေတာ့ဘူးဆိုၿပီး ဝမ္းနည္းေနၾကေလရဲ႕။

"""'''"'''''""""""''''''''

သုတလက်လေးကိုကိုင်ကာ ညီရဲရင့်မော့ကြည့်လာတော့ ခေသုတတို့ ငြိမ်ကျသွားသည်။

"ဘာလဲ ရဲရင့်၊ မင်းက ဘာဖြစ်တာလဲ?"

"ငါ မင်းကိုချစ်တယ်"

ရုတ်တရက်ပြောချလိုက်သောစကားကြောင့်  ပတ်ဝန်းကျင်က ရုတ်တရက်တိတ်ဆိတ်သွားကာ လူတစ်ကိုယ်လုံးအပူရှိန်တွေတက်လာပြီး နားတွေထဲကလည်း လေတွေတဝီဝီတိုက်နေသလို ရင်ခုန်သံတို့ကလည်း ဝုန်းဒိုင်းကြဲနေကြတာ အပြင်ဘက်ကိုတောင် ပေါက်ထွက်တော့မယ့်အတိုင်းပင်။

"တကယ်မဟုတ်ဘူး ခေသုတ၊ စိတ်ထိန်း။ မင်းအိပ်မက်မက်နေတာ။ ဟုတ်တယ်၊ အိမ်မက် ... အိမ်မက်"

ရင်ထဲကနေ မယုံနိုင်ခြင်းများစွာနဲ့ အော်ဟစ်နေပေမဲ့ ယခုချိန်ထိ ခေသုတ တုတ်တုတ်မလှုပ်၊ ကျောက်ရုပ်တစ်ရုပ်လိုထိုင်နေဆဲပင်။

မလှုပ်မယှက်နဲ့ တောင့်တောင့်ကြီးထိုင်နေသောသုတလေးကြောင့် ညီရဲရင့်လန့်သွားရသည်။ ချစ်တယ်ပြောလိုက်မိခါမှ သုတလေးက ကိုယ့်ကိုမုန်းသွားမှာလည်း ကြောက်ရသေးသည်။ ချစ်ရတဲ့ကောင်လေးကိုလည်း သူများလက်ထဲမထည့်နိုင်ပေ။ ဒါကြောင့် အချိန်ဆွဲ၊ အခြေတည်မနေဘဲ ရုတ်တရက်ပြောလိုက်မိခြင်းက သုတလေးအား ယခုလောက်အထိလန့်သွားစေဖို့ မရည်ရွယ်ခဲ့ရိုးအမှန်ပါ။
ထို့နောက် ညီရဲရင့် သုတအနားတိုးကပ်သွားပြီး နဖူးလေးအား ညင်ညင်သာသာ တစ်ချက်နမ်းလိုက်မိသည်။

*ပြွတ်*

ထို့နောက်...

*ခွပ်* ခနဲမြည်သံနဲ့အတူ ရဲရင့်တစ်ယောက် အနောက်ကိုလဲကျသွားရသည်။ ပါးစောင်တစ်ခုလုံး ထုံကျဉ်သွားခြင်းနှင့်အတူ ရုတ်တရက် ဘာဖြစ်သွားသည်ကိုပင်မသိလိုက်ရ။

'အထိုးခံလိုက်ရခြင်းပါ။ ကျောက်ရုပ်ကောင်ကနေ ရုတ်တရက်အသက်ဝင်ပြီး ထထိုးလိုက်ခြင်းပါပဲဗျာ။ နမ်းမိတာလေးကိုဗျာ၊ ပိတ်ထိုးလိုက်တာ အကြင်နာတရားမရှိချက်။ ခေသုတတို့က ဘယ်လိုမှ Ro လို့မရတဲ့ကောင်ဆိုတာ မေ့သွားတယ်'

"အားး ... နာလိုက်တာကွာ။ ခေသုတရာ၊ မင်းကွာ ရက်စက်လိုက်တာ။ အားး ကျွတ် ကျွတ်၊ ပေါက်သွားပြီထင်ပါရဲ့ကွာ"

"ဟို ... ဟို ... အဆင်ပြေရဲ့လား? ထ ထ၊ လာ"

"ထိုးတုန်းကထိုးပြီး အခုမှနာသလားတဲ့၊ မင်းပဲမေးတတ်တယ်။ မင်းလက်သံ မင်းအသိဆုံး။ မင်းကငါ့ကို လက်သီးနဲ့ထိုးတာလေ၊ ပန်းနဲ့ပေါက်တာမှမဟုတ်တာ။ အား၊ နာလိုက်တာကွာ"

"မင်း ... မင်းက ရုတ်တရက်ကြီး လာ ... လာနမ်းတာကိုး၊ ငါကလန့်သွားတာပေါ့"

"ဪ၊ အေးပါကွာ။ ငါက ငါ့ချစ်စကားကြောင့် မင်းလန့်သွားတယ်ထင်တာ။ ပြီးတော့ မင်းက လှုပ်မှမလှုပ်တော့တာ။ အဲ့ဒါနဲ့ ငါကနမ်းလိုက်တာ။ ပြောပါဦး၊ ငါ့ကိုမချစ်ဘူးလားဟင် သုတလေး။ ငါ့ကိုမချစ်လို့ လက်သီးနဲ့ထိုးတာမဟုတ်လား?"

"အာ၊ မ ... မဟုတ်ပါဘူး။ မချစ်လို့လက်သီးနဲ့ထိုးတာ မဟုတ်ပါဘူး"

"ဒါဆို သုတလေးက ငါ့ကိုချစ်တယ်ပေါ့၊ ဟုတ်လား?"

"အဲ ... အဲ့ဒါလည်းမဟုတ်ဘူး"

"ဟာ! ဘာလဲကွာ သုတလေးရာ"

"ဟို၊ မင်း ... မင်းကငါ့ကို ရုတ်တရက်ကြီး ချစ်တယ်လာပြောတော့ ငါလေ အိပ်မက်လို့ထင်နေတာ၊ မယုံဘူး။ အဲဒါ အိပ်မက် ... အိပ်မက်လို့တွေးနေတုန်း မင်းကလာနမ်း .. အဟမ်း! လာနမ်းတော့ ငါလန့်ပြီး ထိုးလိုက်မိတာ"

"အဲဒါဆို သုတလေးက ငါ့ကို ပြန်ချစ်ပေးမှာလားဟင်?"

ရဲရင့် သုတလက်လေးနှစ်ဖက်အားဆုပ်ကိုင်ရင်း မေးတော့  လူ့ခွစာလေးက သူမဟုတ်တဲ့အတိုင်း အရှက်သည်းလွန်းနေလိုက်တာ၊ မျက်နှာလေးကရဲရဲလေးဖြစ်နေပုံက အသည်းယားစရာ၊ ခေါင်းလေးအောက်ငုံ့နေပုံကလည်း အူယားစရာလေး၊ ရဲရဲတောက်နေတဲ့ နားအဖျားလေးတွေက သူဘယ်လောက်ရှက်နေလဲဆိုတာရဲ့ သက်သေပဲ။ အသည်းယားလွန်းလို့ ရင်ခွင်ထဲဆွဲဖက်ထားလိုက်ချင်ပေမဲ့ စိတ်လက်တစ်ဆစ်လေးက ခန့်မှန်းရအခက်သား။ တော်ကြာနေ ထပ်အထိုးခံရရင် မဖြစ်၊ အခုတောင် တစ်ချက်တည်းနဲ့ အတော်အီစိမ့်နေပါပြီ။

ပျော်လားမေးရင် သုတရင်ခုန်တာပေါ့၊ ပျော်တာပေါ့။ တိတ်တခိုးချစ်ခဲ့ရတဲ့သူက ကိုယ့်ကိုချစ်တယ်လို့ ပြောလာတာလေ၊ ပျော်လွန်းလို့ ထတောင်ကချင်တယ်။ ဒါပေမဲ့ စိုးရိမ်မိတယ်။ အရင်လူတွေလို အပျော်တွဲခံရမှာ၊ ပစ်ချထားခဲ့ခံရမှာ၊ ချစ်တယ်ဆိုပြီးခါမှထားခဲ့ခံရရင် သူစိမ်းတွေလိုဖြစ်သွားမှာမျိုးကို သုတမလိုချင်ပါ။ ညီရဲရင့်အကြောင်း သိနေတာကြောင့် ချစ်နေပေမဲ့ မယုံရဲသေးဘူး။  အချိန်အတိုင်းအတာတစ်ခုထိတော့ စောင့်ကြည့်ချင်ပါသေးတယ်။

"ဟို ... ဟိုလေ၊ ရဲရင့်"

"ဟင်? အင်း၊ ပြောလေ"

"ငါ ... ငါ မင်းကိုမယုံရဲဘူးသိလား။ မင်းငါ့ကို စိတ်ကစားတာ၊ ဟိုအရင်လူတွေလို အပျော်ပဲလားလို့ ငါစိုးရိမ်တယ်၊ ထားခဲ့ခံရမှာငါကြောက်တယ်။ ငါက အတ္တကြီးတယ်။ ငါ့အတွက် ငါ့အပိုင်ကို ဘယ်သူ့မှမပေးချင်ဘူး။ မင်း ... မင်းကိုလက်ခံပြီးခါမှ ငါမနာကျင်ချင်ဘူး။ ပြီးတော့ မင်းငါ့ကိုထားခဲ့ရင် ငါ ... ငါမင်းကို သတ်ပစ်မိမှာ ရဲရင့်။  ငါကြောက်တယ်။ ငါ ... ငါဘာလုပ်ရမလဲမသိဘူး"

"သုတလေးရာ၊ ငါ့အမှားပါကွာ၊ ငါ့အပြစ်တွေပါကွာ။ ငါသာမပွေရှုပ်ခဲ့ရင် မင်း အခုလိုစိုးရိမ်နေရမှာမဟုတ်ဘူး။ ငါတောင်းပန်ပါတယ်။ ငါမင်းကို တကယ်ချစ်တာပါ။ ယုံပါလို့ အတင်းမတိုက်တွန်းပါဘူး။ စောင့်ကြည့်ပေးပါ၊ ငါ့ကိုစောင့်ကြည့်နေပေးပါနော်။ မင်းအပေါ် ငါဘယ်လောက်ထိချစ်လဲ၊ ဘယ်လောက်မြတ်နိုးလဲဆိုတာကိုလေ အပြောနဲ့တင်မဟုတ်ဘဲ ငါ့လုပ်ရပ်တွေနဲ့ လက်တွေ့သက်သေပြပေးမှာမို့ စောင့်ကြည့်နေပေးပါနော်။ မင်းယုံကြည်လာအောင် ငါကြိုးစားမှာမို့ ငါ့ကိုမငြင်းလိုက်ပါနဲ့ သုတလေးရယ်၊ နော်။ ငါ ... ငါမင်းကို သိပ်ချစ်တာ"

"ငါယုံချင်ပါတယ်။ ငါ ... ငါစဉ်းစားပါရစေဦးနော်၊ ငါ့ကို အချိန်ခဏတော့ပေးမယ်မလားဟင်? ငါလည်း ရုတ်တရက်ဆိုတော့လေ"

"ငါနားလည်ပါတယ်ကွာ နော်။ စိတ်ရှုပ်စရာတွေ မတွေးနဲ့တော့နော်။ ဘယ်လောက်ကြာကြာ ငါကစောင့်နေပေးမှာမို့ အရမ်းမတွေးနဲ့၊ အိပ်တော့"

"အင်း၊ မင်းလည်းအိပ်တော့လေ"

"အင်း၊ Goodnight သုတလေး၊ ချစ်တယ်"

"အင်း၊ Goodnight"

အိပ်ရာထက်လှဲနေကြပေမဲ့ သုတရော ရဲရင့်ပါ အိပ်မပျော်ကြသေးပေ။
 
"သုတလေး"

"ဟင်"

"အိပ်မပျော်ဘူးလားဟင်?"

"အင်း၊ ငါလေ အတွေးတွေလွန်နေပြီ"

"လျှောက်မတွေးပါနဲ့ကွာနော်"

"ရဲရင့်၊ ငါတို့တွေသာ တကယ်လို့ ချစ်သူတွေဖြစ်သွားကြရင်လေ ပတ်ဝန်းကျင်ကလူတွေက ဘာတွေပြောကြမလဲဟင်? ပြီးတော့ မေမေတို့၊ ဖေဖေတို့ကရော လက်ခံပါ့မလား? ငါ ... ငါကြောက်တယ် ရဲရင့်"

"ငါရှိတယ်။ အခုခေတ်မှာလေ LGBT တွေကို လူအများစုကလက်ခံလာကြပါပြီကွာ။ ပြီးတော့ မေမေ၊ ဖေဖေတို့ကလည်း ငါတို့ကို နားလည်ပေးမှာပါ။  ငါတို့ကိုလက်ခံလာအောင် ကြိုးစားရမှာပေါ့ သုတလေးရဲ့၊ မဟုတ်ဘူးလားဟင်?"

"ဟုတ်တော့ဟုတ်ပေမဲ့ ရဲရင့်ရယ်၊ ပြောသလောက်မလွယ်ဘူးနော်"

"ငါ့သုတလေးကကွာ၊ အဖြေသာပြန်မပေးသေးတာ ရှေ့ရေးတောင်ကြိုတွေးနေပါ့လားဟင်"

"ဟာ၊ ဘာမှန်းလဲမသိဘူး။ ငါကမင်းလို အရာရာကိုခပ်ပေါ့ပေါ့နေတဲ့ကောင်မှ မဟုတ်တာ။ ဟမ့်၊ တော်ပြီကွာ၊ အိပ်တော့မယ်"

ရှက်ရမ်းရမ်းပြီး တစ်ဖက်လှည့်အိပ်သွားတဲ့သုတလေးအား ရဲရင့်က အနောက်ကနေဖက်လိုက်ပြီး ပါးလေးတစ်ဖက်အားနမ်းကာ

"ငါ့ကိုယုံပြီး ငါ့လက်ကိုတွဲလို့ ရဲရဲသာလိုက်ခဲ့ပါ။ ဘယ်လိုအတားအဆီး၊ အခက်အခဲမဆို ငါကဖြေရှင်းပေးမှာမို့ ငါ့လက်ကိုသာ ရဲရဲဝံ့ဝံ့ဆုပ်ကိုင်ထားပါ"

တစ်ဖက်လှည့်အိပ်နေတဲ့ကောင်လေးရဲ့ အပြုံးနုနုလေးကိုတော့ နောက်ကျောဘက်ကကောင်လေး မတွေ့လိုက်ရပေ။
ဒီညတော့ အရင်ညတွေထက် ပိုလို့ကောင်းတဲ့အိပ်မက်လေးတွေ မက်နိုင်ကြမယ်လို့ထင်ပါတယ်။ အခန်းထဲက အိပ်မက်ဖမ်းသူလေးတွေကတော့ သူတို့ကိုမလိုတော့ဘူးဆိုပြီး ဝမ်းနည်းနေကြလေရဲ့။

"""'''"'''''""""""''''''''

by Jay
© Demon ,
книга «Zippy Amor (Lively Friendship)».
Коментарі